ဝမ်ကျစ်ချူးက တံတွေးမြိုချရင်းနဲ့ "ငါတော့ဗီလိန်တာဝန်ကိုပြီးအောင်လုပ်နိုင်မယ်မထင်ဘူး"
သူဒီတာဝန်ကို မပြီးခင် သူဟာသေအောင်အရိုက်ခံရမှာ။
တစ်ဖက်လူကသူ့ကိုသတ်ပုတ်နေစရာတောင်မလိုဘူး။
သူက တိုက်ခိုက်တဲ့နေရာမှာ လူသစ်တန်းလေးဖြစ်တာမို့လို့ လည်ပင်းညှစ်တာနဲ့တင် သူသေသွားမှာ။
[စနစ် : ကောင်လေး၊ တချို့အရာတွေကိုမြင်ရရုံနဲ့ လွှမ်းမိုးမခံနဲ့။ မင်းကိုယ်ကိုယုံကြည်မှုရှိရမယ်လေ။ ငါ့ကိုယုံစမ်းပါ။ မင်းလုပ် နိုင်ပါတယ်]
ဝမ်ကျစ်ချူး : "နတ်သားလေးရေ"
[စနစ် : ဘာဖြစ်လို့လဲ]
ဝမ်ကျစ်ချူး : "ငါလိုချင်တာ ယုံကြည်မှုလေ"
[စနစ် : ဟမ်]
ဝမ်ကျစ်ချူး : "မျက်ကန်းယုံကြည်မှုမဟုတ်ဘူးနော်"
[...]
ခဏကြာပြီးတဲ့နောက်မှာတော့ ဝမ်ကျစ်ချူးကလွယ်အိတ်လွယ်ပြီးတော့ ကျောင်းထဲဝင်သွားခဲ့သည်။ ပြီးတော့ သူ့မှတ်ဉာဏ်အရ အထက်တန်းကျောင်းရဲ့ ဒုတိယနှစ်ကျောင်းသားတွေ စာသင်တဲ့အဆောက်အအုံကို သွားနေတာပဲဖြစ်သည်။ အကြောင်းကြောင်းကြောင့် နည်းနည်းတော့ စိတ်လှုပ်ရှားနေခဲ့ပေမယ့် သက်ပြင်းရှုထုတ်ရင်း လျှောက်သွားလိုက်တယ်။
သူ သုံးလွှာကိုတက်လာပြီးတော့ တွေ့တွေ့ချင်းအတန်းက သူတက်ရမည့် အတန်းနံပါတ် ၂၁ ဖြစ်နေသည်။
ဝမ်ကျစ်ချူးက စိတ်လှုပ်ရှားစွာနဲ့ပဲ သူ့အင်္ကျီလက်တွေကို ကုတ်လိုက်မိပြီး မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်က သူ့အတွက်တော့ အရာရာအသစ်လိုပါပဲ ဖြစ်နေသည်။
သူအတတ်နိုင်ဆုံးကြိုးစားပြီးတော့ သူရှိနေတာကိုမသိစေဖို့ အခန်းထဲကို ဖြည်းဖြည်းညင်ညင်သာ လမ်းလျှောက်ဝင်လာလိုက်သော်လည်း ဆူညံနေတဲ့အတန်းက ခဏတော့တိတ်ဆိတ်သွားပေမယ့် ချက်ချင်းပဲ ပြန်လည်ဆူညံသွားတယ်။
ဝမ်ကျစ်ချူး တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီးတော့ ခဏအကြာမှာပဲ တစ်ယောက်နဲ့တစ်ယောက်ပြောနေကြတဲ့ စကားတွေကို ကြားလိုက်ရလေသည်။
"သူကဘာလို့ဒီရောက်နေရတာလဲ"
"သူစာသင်တာရပ်လိုက်ပြီထင်တာ၊ ဘာလို့လာနေသေးလဲ။ စိတ်ရှုပ်ဖို့ကောင်းတာပဲ"
"ငါတို့အတန်းကသူမရှိပဲအဆင်ပြေနေတာပဲ။ သူရောက်လာရင်တော့ စိတ်ပျက်စရာတွေလုပ်ဦးမယ်"
''ဒီသောကြာနေ့စာမေးပွဲရှိတာကို ဒီကောင်ပြန်လာပြီး ငါတို့အတန်းအဆင့်ကို ထပ်ပြီး အောက်ရောက်အောင်လုပ်ဖို့ ပြန်လာတာနဲ့တူတယ်''
ဝမ်ကျစ်ချူးရဲ့ခန္ဓာကိုယ်က ထိန်းချုပ်လို့မရပဲ တုံ့ဆိုင်းသွားတော့သည်။ ပြီးတော့ မြန်မြန်ပဲ သူ့ခုံကိုရှာတွေ့ပြီး ထိုင်ချလိုက်တော့သည်။
'ငါထိုင်ချလိုက်တာနဲ့ ငါ့အရှေ့မှာရှိတဲ့ အတန်းဖော်က ခုံကိုအရှေ့ကိုရွှေ့သွားတယ်။ ခုံကိုကြမ်းပြင်နဲ့ပွတ်တိုက်ပြီးရွှေ့သွားပုံက ငါ့မှာ တုပ်ကွေးရောဂါရှိနေပြီး ငါနဲ့အဆက်အဆံမလုပ်ချင်တဲ့ပုံနဲ့'
[စနစ် : ကောင်လေး, အခြေအနေကတော့ အကောင်းဘက်မှာ သိပ်မရှိနေဘူးနော့်]
ဝမ်ကျစ်ချူး : "တကယ်တော့ ငါ့ကိုလူတွေမုန်းကြမယ်ဆိုတာကို ငါကြိုတွေးမိထားပါတယ်။ ဒါပေမယ့် ..."
[စနစ် : ဘာလဲ]
ဝမ်ကျစ်ချူး : "ဒီလောက်မုန်းမယ်လို့တော့ ငါမထင်ထားတာအမှန်ပဲ"
'မူရင်းပိုင်ရှင်ရေ၊ မင်းဘာတွေများလုပ်ထားတာလဲကွာ။ ဒီအခြေအနေနဲ့ဆို ခွေးတွေတောင် ငါ့ကိုမြင်ရင်ခေါင်းခါသွားကြမှာ'
ဝမ်ကျစ်ချူးဟာ အစပိုင်းတော့တုံ့ဆိုင်းနေခဲ့ပြီးတော့ အကယ်လို့များ တစ်ယောက်ယောက်က သူ့ကိုစကားလာပြောရင်တောင်မှ သူပြန် ပြောရဲခဲ့မှာမဟုတ်ဘူး။ ဒါပေမယ့် သူ တစ်ပတ်လောက်ကျောင်းမလာခဲ့တာမို့ သူပြန်ရလိုက်တာကတော့ အပေါင်းအသင်းတွေရဲ့ ခြောက်ကပ်ကပ် ဆက်ဆံရေးတွေသာမက စားပွဲပေါ်က စာမေးပွဲစာရွက်အပုံကြီးပဲ ဖြစ်သည်။
သူ့ရဲ့စားပွဲခုံပေါ်ရှိ စာရွက်တောင်အသေးစားလေးကို ကြည့်ရင်း တံတွေးမြိုချလိုက်မိတယ်။ သူစာကောင်းကောင်း မလေ့လာခဲ့ပေမယ့် သူ့အဆင့်က သာမာန်အဆင့် အထက်တွင်တော့ ရှိနိုင်လောက်ပါသည်။
အနည်းဆုံး တစ်ဆယ့်တစ်ရွက် ဒါမှမဟုတ် တစ်ဆယ့်နှစ်ရွက်လောက်ရှိသည့် စာမေးပွဲစာရွက်တွေကို စုစည်းလိုက်သည်။ ကိုယ် ပိုင်စာကြည့်ချိန်တစ်မနက်ခင်းနဲ့ဆို တစ်ရွက်ပြီးဖို့တောင် မလွယ်ပါချေ။ စားပွဲရဲ့အောက်က အပေါက်ထဲကိုသူကြည့်မိလိုက်တော့ ပုံနှိပ်စာအုပ်အပြည့်တွေ့လိုက်ရသည်။ သူ့လွယ်အိတ်နဲ့ သူ့ခေါင်းထဲ ဘာမှမရှိတာ မထူးဆန်းတော့ပါဘူး။
ဝမ်ကျစ်ချူးဟာ သင်္ချာစာအုပ်ကို ဂရုတစိုက်နဲ့ထုတ် ကြည့်လိုက်တော့ စာအုပ်ကအသစ်အတိုင်းကြီးဖြစ်နေသည်။ ခဏလောက် သင်ခန်းစာများကို လေ့လာကြည့်ရှု့ပြီးနောက် သူ့အရင်ဘဝက သင်ခဲ့တဲ့သင်ခန်းစာတွေနဲ့ ဘာမှမကွဲပြားတာကိုတွေ့လိုက်ရသည်။
သေချာတာကတော့ သေပြီးတာတောင် ကောင်းတာတွေကသာပြောင်းလဲသွားပြီး မကောင်းတာတွေက ကျန်နေတုန်းပဲဖြစ်သည်။ စက်ဝိုင်းရဲ့လေးပိုင်းစိတ်ကိုရှာတဲ့ သင်္ကေတတွေတောင် တူနေသေးသည်။
သူစာမေးပွဲစာရွက်ပေါ်မှာစရေးဖို့လုပ်နေတုန်းမှာပဲ၊ သူ့မှာဖောင်တိန်မရှိတာ သိလိုက်ရတယ်။
"နတ်သားလေးရေ"
{စနစ် : ငါဒီမှာရှိတယ်]
ဝမ်ကျစ်ချူး : "မင်းမှာဖောင်တိန်ရှိလား"
[စနစ် : ရှိတယ်၊ ၁၅၀ ကျသင့်ပါမယ်]
ဝမ်ကျစ်ချူး : "ဘာလို့ဖောင်တိန်ကအဲ့လောက်ဈေးကြီးနေရတာလဲ"
[စနစ် : လျှပ်စစ်ဖောင်တိန်လေ၊ ဒါပေမယ့် မင်းအခုအချိန်တာဝန်လုပ်ရင် မင်းကိုငါလျှော့ဈေးပေးနိုင်မှာပါ]
ဝမ်ကျစ်ချူး : "...မေ့လိုက်ပါတော့ကွာ"
မနက်ခင်းကိုယ်ပိုင်စာကြည့်ချိန်မတိုင်ခင် နှစ်မိနစ်လောက်သာကျန်တော့သည်။ ကျောင်းစူပါမားကတ်ကိုသွားဝယ်ဖို့တော့ နောက် ကျသွားပြီပဲ ဖြစ်သည်။
ထို့သို့ဖောင်တိန်ပြသနာဖြစ်နေချိန်တွင် အရှေ့မှာရှိတဲ့အတန်းဖော်က ခဲဖျက်ပြုတ်ကျသွားပြီး သူ့ခြေထောက်ဆီကို လိမ့်လာသည်။
ဝမ်ကျစ်ချူးဟာ ငုံ့ကြည့်လိုက်ပြီး ကောက်လိုက်တယ်။ လေချွန်ပြီးတော့ ပြောလိုက်တယ် "ကျောင်းသား...မင်းခဲဖျက်ပြုတ်ကျ သွားတယ်"
မထင်မှတ်ထားစွာနဲ့ အရှေ့ခုံကရုတ်တရက်လှည့်လာပြီးတော့ သူ့လက်ထဲကခဲဖျက်ကို ဖြတ်ကနဲဆွဲယူသွားပြီးတော့ မျက်မှောင်ကြုတ်လိုက်ရင်း စိတ်မရှည်စွာနဲ့ပြောလိုက်တယ် "ဒါကို မင်းပြောတာနော်"
ဝမ်ကျစ်ချူးက လက်ကိုပြန်ရုပ်လိုက်ရင်း ဖောင်တိန်ငှားမလို့ပြောမယ့်စကားလုံးတွေကို ပြန်မြိုသိပ်လိုက်ရသည်။
သူ့ရဲ့ခုံနေရာ ပြတင်းပေါက်နားမှာရှိတဲ့နောက်ဆုံးခုံဖြစ်လို့ နေရာကလဲကျယ်သည်။ ခုံဘေးနားကအဖော်လဲမရှိသလို သူ့ကိုလဲ ဘယ်သူ့မှစကားမပြောကြချေ။
ဝမ်ကျစ်ချူးသည်လည်း ဘာမှမတတ်နိုင်တော့ပဲ၊ မနက်ခင်းစောစော ကိုယ်ပိုင်စာကြည့်ချိန်မှာပဲ သူ့မျက်လုံးကိုသာ သုံးပြီး တချို့ဗဟုသုတ အချက်အလက်လေးတွေကို လေ့လာရင်းသာ ဖြတ်သန်းလိုက်ရသည်။ ကိုယ်ပိုင်စာကြည့်ချိန်ကုန်ဆုံးပြီးနောက် အတန်းပိုင်ဆရာ ရောက်ရှိလာပြီး အတန်းတွင်း အစည်းအဝေးလေးအတွက် အချိန်ပေးလိုက်ရပြန်သဖြင့် ဖောင်တိန်ဝယ်ရန် အချိန်မရတော့ပေ။
အတန်းပိုင်ဆရာကသူ့ကိုကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့မျက်နှာပေါ်ကအပြုံးတွေက ချက်ချင်းပျောက်ကွယ်သွားသည်။
အမှန်က တကယ်လို့ ဝမ်ကျစ်ချူးသာ နောက်တစ်ပတ်မှလာခဲ့ရင် အတန်းပိုင်ဆရာက ဒါတွေကိုလုပ်ရမည်မဟုတ်ပေ။ အဆုံးမှာ တော့ သူတို့အတန်း၏အဆင့်သတ်မှတ်ချက်မှာ နောက်ဆုံးမှာရှိနေခဲ့တာကြာပြီဖြစ်သည်။ ဝမ်ကျစ်ချူးသာမရှိခဲ့ရင် သူတို့အတန်း၏အဆင့်သည် ဒုတိယနေရာ သို့မဟုတ် တတိယနေရာကို ရယူကောင်းရယူနိုင်လိမ့်မည်ပင်။ ယခုဝမ်ကျစ်ချူးပြန်လာတော့ အတန်း၏ အောက်ဆုံးနေရာမှာပဲ ဆက်ရှိနေဦးမည်ပင်။
အလျင်စလိုလုပ်လိုက်ရတဲ့ မနက်ခင်းအစည်းအဝေးပြီးတဲ့နောက်မှာ သင်္ချာဘာသာအချိန်ဖြစ်သည်။ သင်္ချာသင်ရမယ့် ဆရာက အသက် ၄၀ အရွယ်လောက်ရှိတဲ့ မစ္စတာလီ ဖြစ်သည်။ ကြမ်းတမ်းတဲ့ရုပ်ရည်အသွင်အပြင်နဲ့ ရှည်လျားတဲ့အရပ်ကြောင့် သူ့ကိုနာမည် ပြောင်အဖြစ် 'ကင်းကောင်' ဟုခေါ်ကြသည်။
သူက အတန်းထဲမှာ စည်းကမ်းတင်းကြပ်သည်ကြောင့် များသောအားဖြင့် သူ့အတန်းချိန်တွင် ကျောင်းသားများက ပြဿနာမရှာရဲကြချေ။
ဆရာလီက အတန်းထဲလျှောက်လာပြီး ဝမ်ကျစ်ချူးရဲ့အမူအရာ အပြောင်းအလဲမရှိတာကိုတွေ့လိုက်ရတော့ အတန်း ကိုပုံမှန်အတိုင်း စတင်လိုက်ပြီး သင်ကြားသည့်သင်ခန်းစာက ဂျီဩမေတြီ သင်ခန်းစာအကြောင်းပဲ ဖြစ်သည်။
ငါးမိနစ်လောက်ကြာပြီးတဲ့နောက်မှာ မစ္စတာလီကပြောတယ် "ကဲ ကျောင်းသားတို့၊ မျဉ်းပြိုင်လိုင်းတွေကို ဖောင်တိန်နဲ့ လိုက် ရေတွက်စမ်း"
ကျောင်းသားတွေက ခေါင်းတွေငုံ့ရင်းစာလုပ်နေချိန် ဆရာလီက အောက်ဆင်းလာပြီး လိုက်ကြည့်နေသည်။ ဝမ်ကျစ်ချူးရဲ့နေရာ ကိုရောက်တဲ့အခါ သူကုန်းကြည့်ပြီးတော့ ရပ်လိုက်တယ် "ဝမ်ကျစ်ချူး၊ မင်းဘာလို့မရေတာလဲ"
ဝမ်ကျစ်ချူးကကြောက်ကြောက်နဲ့ "ဖောင်တိန်မရှိလို့ပါ ဆရာ"
ဆရာလီ : ...
ဘေးကကျောင်းသားတွေ : ...
ခဏလောက်တော့ စာသင်ခန်းတစ်ခုလုံးက လုံးဝတိတ်ဆိတ်သွားတယ်။
စကားလုံးတွေထွက်လာပြီးတော့ ဝမ်ကျစ်ချူးက ချက်ချင်း သူတော့သေပြီလို့ခံစားလိုက်ရတယ်။
ဟူး...
စာသင်ခန်းထဲကကျောင်းသားတွေက တိုးတိုးလေးမရယ်ပဲမနေနိုင်ခဲ့ဘူး၊ ပြီးတော့ ချက်ချင်းပဲတိတ်သွားကြတယ်။
ဝမ်ကျစ်ချူးက ရှက်သွားပြီး ချက်ချင်းပဲတောင်းပန်ဖို့ကြိုးစားလိုက်သည်။ ခဏအကြာမှာပဲ ဖောင်တိန်တစ်ချောင်းဟာ ခုံပေါ်ကို ရောက်နေသည်။
ဆရာလီဟာ ထွက်မသွားခင်မှာ သူ့ကိုဒေါသနဲ့စိုက်ကြည့်သွားတယ်။
ဝမ်ကျစ်ချူးဟာ စိတ်ပြန်လျှော့လိုက်ပြီး စားပွဲပေါ်က ဖောင်တိန်ကိုကြည့်လိုက်ရင်း သူ့ရဲ့မျက်လုံးတွေဟာ ကျေးဇူးတင်တဲ့ အရိပ်အရောင်တွေနဲ့ပြည့်နှက်နေခဲ့သည်။
အတန်းပြီးတဲ့နောက်မှာ ဝမ်ကျစ်ချူးဟာ စူပါမားကတ်ကိုပြေးပြီး စာရေးကိရိယာတစ်ချို့ကိုဝယ်လိုက်လေသည်။ ဒါပေမယ့် သုံးဖို့ ငွေကြေးက အကန့်အသတ်နဲ့မို့ ဈေးပေါတဲ့ပစ္စည်းတွေကိုသာဝယ်နိုင်လိုက်သည်။
[စနစ် : ဗီလိန်တာဝန်; အဓိကဇာတ်လိုက်ကို ရန်စပါ။ တာဝန်ပြီးရင် ယွမ်တစ်ဆယ်ကို ဆုအဖြစ်ရယူပါ။ ဗီလိန်တန်ဖိုးကို ၁ ရာခိုင်နှုန်း မြှင့်ပါ။ ရှုံးနိမ့်ခဲ့ရင်တော့ ယွမ်နှစ်ဆယ်နှုတ်ယူပါမယ်]
ဝမ်ကျစ်ချူးကဒါကိုကြားတော့ အံ့ဩသွားတယ် "ပထမဆုံးတာဝန်က ရှုံးလဲပိုက်ဆံမနှုတ်ဘူးလို့ မင်းမပြောခဲ့ဘူးလား"
[စနစ် : မင်းဘာလို့ငါ့ပြောတာတွေ အကုန်မှတ်ထားပြီး လိုက်တွက်ချက်နေတာလဲ?]
ဝမ်ကျစ်ချူးကရှက်ပြုံး ပြုံးတယ် "လုပ်ပေးနိုင်မလား"
[စနစ် : မရဘူး]
ဝမ်ကျစ်ချူးမျက်နှာက ချက်ချင်းပျက်သွားတယ်၊ ဖြစ်လာသင့်တာတွေကတော့ ဆက်ဖြစ်နေဦးမှာပဲ ရှောင်လွှဲဖို့မလွယ်ဘူး။
မူရင်းပိုင်ရှင်၊ သူလဲ ဒီဗီလိန်တာဝန်ကိုသာ မလုပ်ရင်သေခဲ့မှာမဟုတ်ဘူး။ ပြီးတော့ မလုပ်ချင်လို့ မလုပ်ပဲနေလို့လဲ မရဖြစ်နေသည်။ သူသည် ဇတ်လိုက်ထံသို့ သွားကာ စိတ်ဆိုးဒေါသထွက်အောင် လုံးဝရန်မစလိုပေ။ အဲ့လိုလုပ်ခြင်းက သူ့အတွက် သေလမ်းရှာခြင်းသာဖြစ်သည်။
ချင်ကျားရှု့ရဲ့ သန်မာတဲ့လက်မောင်းတွေကိုပြန်မြင်ယောင်လိုက်ချိန်တွင် သူ့ရဲ့စိတ်ဟာ ခဏတာလောက် တုန်လှုပ်သွားသည်။
[စနစ် : ကောင်လေး]
ဝမ်ကျစ်ချူး : "ဘာဖြစ်လို့လဲ"
[စနစ် : ပစ်မှတ် ပေါ်လာပြီ]
ဒါကိုကြားပြီးတဲ့နောက်မှာ ဝမ်ကျစ်ချူးရဲ့ ဆံပင်တွေပွဖောင်းနေတဲ့ခေါင်းလေးဟာ ထုံကျဉ်သွားတော့သည်။ အဲ့ဒီနောက် ပတ်ပတ်လည်ကို သူခိုးတစ်ယောက် လိုမျိုး လိုက်ကြည့်လိုက်တဲ့အခါမှာတော့ မျှော်လင့်ထားတဲ့အတိုင်း သိပ်မကြာမီခင်မှာ ချင်ကျားရှု့က စတိုးဆိုင်ထဲကို လှမ်းဝင်လာသည်။
လူငယ်လေးဟာ အရပ်ရှည်ပြီး ချောမောလှတယ်။ လူတွေဝိုင်းဝိုင်းလည်နေတဲ့ကြားထဲကနေ လမ်းလျှောက်လာနေပြီးတော့ လူအများကြားမှာ ထင်းထွက်နေလေသည်။
[စနစ် : မင်းရဲ့အခွင့်အရေးကတော့လာနေပြီ]
"ဘာအခွင့်အရေးလဲ"
လမ်းနဲ့ ခေါင်းနဲ့တိုက်မိမယ့်အခွင့်အရေးလား?
စဉ်းတောင်မစဉ်းစားပဲ ဝမ်ကျစ်ချူးဟာ ကျသင့်ငွေမြန်မြန်ရှင်းပြီးတော့ စူပါမားကတ်ထဲကနေ ပြေးထွက်လာခဲ့တယ်။
[စနစ် : ကောင်လေး၊ မင်းက ငါမင်းကိုအထင်သေးအောင်သိပ်လုပ်တာပဲ!]
ဝမ်ကျစ်ချူးဟာကြောက်လန့်နေတယ် "မင်းအခုသူ့ဘေးနားမှာလူတွေအများကြီးပဲဆိုတာတွေ့တယ်မလား"
[စနစ် : လူအရေအတွက်များတာနဲ့ဘာဆိုင်လို့လဲ]
ဝမ်ကျစ်ချူး : "ချင်ကျားရှု့တောင် ဘာမှလုပ်စရာမလိုဘူး၊ သူ့ဘေးကလူတွေကသာ ငါ့ကို တစ်ယောက်တစ်ချက်စီ ထိုးမယ်ဆိုရင်တောင် ဒီလှပတဲ့ကမ္ဘာကြီးထဲကနေ ငါထွက်သွားရနိုင်လောက်တယ်"
[...]
ဝမ်ကျစ်ချူးက စာသင်ခန်းထဲကို စာရေးကိရိယာတွေနဲ့အတူပြန်ရောက်လာခဲ့သည်။ ကြည့်ရတာတော့ တာဝန်ကိုပြီးအောင်လုပ်ဖို့ ဆိုရင်နောက်ထပ်အခွင့်အရေးကို ရှာမှရမည်။
——
"ချီးပဲ၊ ငါအမြင်မှားနေတာလား။ စိတ်ရှုပ်စရာကောင်ကို ငါအခုမြင်လိုက်ရတာလား။" ကျီဖုန်းချန်ကအံ့ဩ စွာနဲ့ပြောလိုက်သည်။
ဘေးနားမှာရှိတဲ့ ကျောင်းသားကောင်လေးတစ်ယောက်ကလဲဝင်ပြောလာသည်။ "ဒီကောင်ပေါ်မလာတာကြာလှရှိပြီ။ မင်းက သူ့ကို မှားမြင်မိတာပဲ ဖြစ်ချင်နေတာမဟုတ်လား"
ခဏအကြာမှာ ကျီဖုန်းချန်တကိုယ်လုံးကျက်သီးမွှေးညှင်းထသွားတာကိုခံစားလိုက်ရတယ် "ချီးပဲ၊ ရွံစရာမကောင်းဘူးလား"
"လောင်ချင်ရေ မင်းမြင်ပြီးပြီလား"
ချင်ကျားရှု့က အားကစားအချိုရည်ကိုသောက်ပြီးသူ့ကိုကြည့်လိုက်တယ် "တစ်လုပ်လောက်သောက်ဦးမလား"
ကျီဖုန်းချန် : ...
ခွေးအိုကြီး
ကောင်းပြီ၊ သူတစ်ယောက်ထဲ အဲဒါကိုတွေ့တာ။
ကျီဖုန်းချန် : "ငါသူလာနေတာ ငါတွေ့တယ်။ မင်းကိုနှောင့်ယှက်ဖို့သူ့ကိုစောင့်နေတာ"
ချင်ကျားရှု့ကဝတ်ကျေတန်းကျေပဲနားထောင်နေပြီး ကျီဖုန်းချန်ပြောသမျှ ဘယ်ဘက်နားကဝင်ပြီး ညာဘက်နားကနေ ထွက်သွားလေသည်။ သူလုံးဝကို ဂရုမစိုက်ခဲ့တာပဲဖြစ်သည်။
ဝမ်ကျစ်ချူး တာဝန်ကို စလုပ်ဖို့ဆုံးဖြတ်ပြီးပြီဆိုပေမယ့် သူတို့နှစ်ယောက်ဟာအတန်းတွေမတူကြဘူး။ ပြီးတော့ ဝမ်ကျစ်ချူးလည်းပဲ တစ်မနက်လုံး အတန်းတက်လိုက် မှတ်စုတွေထုတ်လိုက်ကလွဲလို့ ဘာမှကိုလုပ်ဖို့အချိန်မရှိဘူး။
'နေ့လည်းခင်းရပ်နားချိန်မတိုင်ခင်အထိ ငါဘာအခွင့်အရေးမှရှာမတွေ့ခဲ့ဘူး'
"ဟိတ် ချင်ကျားရှု့ကွင်းထဲမှာ ကစားနေတယ်၊ သွားပြီးကြည့်ချင်လား"
မိန်းကလေးအတန်းဖော်တွေနဲ့ ဝမ်ကျစ်ချူးဟာ အတူတူထရပ်လိုက်ကြသည်။
မိန်းကလေးအတန်းဖော်များ : "ကြိုးစားထား"
ဝမ်ကျစ်ချူး စိတ်ထဲမှစကားများ : "ကြိုးစားထား"
မကြာမီမှာပဲ ဝမ်ကျစ်ချူးဟာ ဘတ်စကတ်ဘောကွင်းထဲက လူအုပ်ကြားထဲ ရောက်ရှိနေပြီး ကွင်းထဲတွင်လည်း ပြိုင်ပွဲကို လာရောက်အားပေးကြသူတွေ တော်တော်များများရှိနေသည်။ ဆယ်ကျော်သက်လေး ချင်ကျားရှု့ဟာ ကွင်းထဲမှာ ချွေးပြန်အောင်ကစားနေကြပေမယ့် တခြားဆယ်ကျော်သက်လေးတွေကြားထဲမှာတော့ ချင်ကျားရှု့ဟာ လူတွေရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံးပဲဖြစ်သည်။
ဒီညီအစ်ကိုက သူတစ်ပါးတွေ သူ့ကိုမကြည့်ပဲမနေနိုင်စေတဲ့ ပုံစံမျိုးကိုပိုင်ဆိုင်ထားတာပဲ။
ကွင်းထဲမှ ချင်ကျားရှု့ဟာ နွေရာသီကျောင်းဝတ်စုံကိုဝတ်ထားပြီး သူ့ပုံစံက ဖွံ့ဖြိုးဆဲတချို့ကောင်လေးတွေလို မပိန်နေဘူး။ သူ့ပုခုံးနဲ့ရင်အုပ်ကျယ်တွေရှိပြီး သူ့နောက်ကျောကလဲ ရှည်လျားကျယ်ပြန့်တယ်။ သူဘောလုံးဆွဲသွားတိုင်းမှာ သူ့လက်မောင်း တွေက သွေးကြောလေးတွေပေါ်နေတော့သည်။
ပူပြင်းတဲ့နွေရာသီကြောင့် ချင်ကျားရှု့က သူ့လက်နဲ့နဖူးပေါ်က ဆံပင်တွေကိုသပ်သပ်တင်နေရပြီး အမှတ်ရအောင်ဂိုးသွင်းပြီးတိုင်းမှာ နေရာအနှံ့ကို လှည့်ပြီး အောင်ပွဲခံလေ့ရှိသည်။
"အရံခုံတန်းကိုသွားကြရအောင်။ ချင်ကျားရှု့သောက်ရေဗူးက အဲ့နားမှာ။ သူ ခဏအနားယူပြီးရင် ရေနဲနဲတော့ သောက်ကိုသောက်ဦးမှာပဲ"
မုံ့ယန်ကနဲနဲရှက်နေကာ : "အဆင်ပြေပါ့မလား"
"ဘာလို့မပြေရမှာလဲ၊ လာသွားကြစို့"
ဝမ်ကျစ်ချူးဟာ အဲ့ဒါကိုနားထောင်နေပြီး အရံခုံတန်းဘက်ကို တိတ်တိတ်လေးလျှောက်သွားလိုက်တယ်။
အဲ့ဒီနေရာကိုရောက်တဲ့အခါ မုံ့ယန်ကိုရှေ့ကိုဆွဲပို့လိုက်တဲ့မိန်းကလေးက သူ့ကိုတွေ့သွားရော သူမက မျက်လုံးပြူးသွားပြီး "နင်...နင် ဒီနေရာမှာဘာလုပ်နေတာလဲ"
ဝမ်ကျစ်ချူးကပြန်ပြောလိုက်တယ် : "ကြည့်...ဘတ်စကတ်ဘောပွဲကြည့်နေတာ"
မိန်းကလေးအတန်းဖော်က မုံ့ယန်ကိုပြန်ဆွဲလိုက်တယ် "နှာဘူး၊ နင်မုံ့ယန်နောက်လိုက်နေတာ ငါတို့မသိဘူးများ ထင်နေလား"
ဝမ်ကျစ်ချူးဟာ ဒီနာမည်ကိုကြားဖူးနေသလိုပဲ။ ဒါပေမယ့် ခဏလောက်တော့ ဘယ်သူလဲဆိုတာမမှတ်မိဘူး။
[စနစ် : မမ ရှောင်ဟွာလေ]
ဝမ်ကျစ်ချူးက ပြာသလဲလဲရှင်းပြတယ် "မဟုတ်...မဟုတ်ပါဘူး...ငါ...လာ...လာကြည့်တာ"
သူစိတ်စောစွာဖြင့်ပြောလိုက်မိသွားသည်။ "ငါချင်ကျားရှု့ကိုလာကြည့်တာ"
အသံက ကျယ်သွားပြီးတော့ လူအတော်များများရဲ့အကြည့်တွေက သူ့ဆီကို ရောက်လာကြသည်။
ဝမ်ကျစ်ချူးစကားပြောပြီးပြီးချင်းပဲ ချင်ကျားရှု့က သုံးမှတ်တန်ပစ်ချက်ကိုပစ်နိုင်လိုက်သည်။
မိန်းကလေးက နင့်စကားကိုဘယ်သူကယုံမှာလဲလို့ပြောချင်ပေမယ့်၊ ချင်ကျားရှု့ ရေသောက်ဖို့ လာနေတာကိုမြင်လိုက်တဲ့အခါ သူမကဝမ်ကျစ်ချူးကို သူမနောက်ကို ဆွဲခေါ်ထားလိုက်သည်။
ချင်ကျားရှု့ရောက်ရောက်လာချင်းပဲ လူအုပ်ကြီးကဝိုင်းအုံ့လာကြတော့သည်။
"ပွဲပြီးခါနီးအဆုံးသတ်က ဂိုးကအရမ်းမိုက်တာပဲ"
"စီနီယာ၊ အစ်ကိုဘတ်စကတ်ဘောကစားနေတာ အရမ်းချောတာပဲ"
"ကျောင်းသားချင်၊ မင်းအားရင် ငါ့ကိုဘတ်စကတ်ဘောကစားနည်းသင်ပေးလို့ရမလား"
မုံ့ယန်ကလဲရှက်ရှက်နဲ့ပြောလိုက်တယ် "ကျားရှု့၊ သုံးမှတ်တန်ပစ်ချက်ကအရမ်းမိုက်တာပဲ"
ချင်ကျားရှု့က လူတွေကိုဖြတ်ကျော်လာပြီးတွေ သူတို့တွေ ဘာတွေပြောနေလဲဆိုတာ ဂရုမစိုက်ပဲ လူတွေကို ယဉ်ယဉ်ကျေးကျေးလေးပြုံးပြပြီး ကျေးဇူးတင်ရင်းနဲ့ ရေသောက်ဖို့အရန်ခုံဘက်ကို လျှောက်လာကာ သူမျက်လုံးပင့်အကြည့်မှာပဲ ဝမ်ကျစ်ချူးနဲ့မျက်လုံးချင်းဆုံမိလိုက်သည်။
ဝမ်ကျစ်ချူး ခဏတော့ တုံ့ဆိုင်းသွားတယ်။
'သူ့ကိုဆက်ကြည့်နေရမလား'
'သူတစ်ခုခုများပြောချင်နေတာလား'
အဲ့ဒီနောက်မှာ သူရေရွတ်မိသွားတယ် "အဲ့ဒါ"
ချင်ကျားရှု့ရဲ့ ရေဗူးကိုကိုင်ထားတဲ့လက် က ခဏရပ်တန့်သွားသည်။
[စနစ် : ဒင်၊ တာဝန်အောင်မြင်ပြီးတဲ့နောက်မှာတော့ ဗီလိန်တန်ဖိုး ၁ ရာခိုင်နှုန်း တက်သွားပါပြီ။ ဆုလာဘ်အနေနဲ့ကတော့ အာအမ်ဘီ (တရုတ်နိုင်ငံရှိလူထုငွေကြေးတစ်မျိုး) ၁၀ ကျပ်]
ဝမ်ကျစ်ချူး : !!!