စုန့်ပင်း နှလုံးတစ်ခုလုံး အပြင်ခုန်ထွက်မတတ် ရင်တုန်ပန်းတုန်ဖြစ်သွားပြီး ပြောစရာစကားလည်း ပျောက်ရှသွားသည်။
“မင်း….မင်း”
စုန့်ပင်း
တင်မကဘဲ ထိုခေါ်သံကြောင့် အတန်းထဲမှ တစ်ခြားကျောင်းသားများပါ
အထိတ်တလန့်ဖြစ်ခဲ့ကြ၏။ ဘုရားကယ်သည်က ဖုန်းများစက်ပိတ်ထားခဲ့ကြခြင်းပင်။
မဟုတ်လျှင် ဝမ်ကျစ်ချူး၏ စီရီခေါ်သံကြောင့် တစ်ခန်းလုံးဖုန်းသံများထမြည်တော့မည့်အဖြစ်။
သင်္ချာဆရာ မျက်နှာမဲကြီးဖြင့် ရှေ့သို့လျှောက်လာသည်။ “ထုတ်လိုက်”
ဆရာ့အမိန့်စကားကြောင့်
စုန့်ပင်း ခေါင်းမမာနိုင်တော့ဘဲ စားပွဲခုံထဲမှထုတ်ပေးလိုက်ရ၏။
အံတကြိတ်ကြိတ်ဖြင့် ဝမ်ကျစ်ချူးကို ခိုးခိုးကြည့်ရသည်ကလည်း အမော။
“ ဒီစာသင်နှစ် တစ်ဝက်ကုန်မှ မင်းမိဘတွေခေါပြီး ငါ့ဆီက လာထုတ်ခိုင်းလိုက်မယ်ကြားလား”
“ဟုတ်ကဲ့ဆရာ”
“ပြီးတော့ ဝမ်ကျစ်ချူးကို တောင်းပန်လိုက်”
စုန့်ပင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တောင်းပန်လိုက်ရသည်။ “တောင်းပန်ပါတယ်”
အတန်းဆက်မစခင်
သင်္ချာဆရာ၏ ဩဝါဒခြွေမှုတစ်ချို့ကို ခံယူလိုက်ကြရပြီး ဝမ်ကျစ်ချူးလည်း
သူ့ခုံသူ ပြန်ထိုင်ကာ ခေါင်းတငုံ့ငုံ့ဖြင့် သင်ပုန်းမှ ဖော်မြူလာများကို
ရေးနေ၏။
[စနစ်: ဟဲလို]
“??”
[စနစ်: ဟိုင်း]
“နောက်အတန်းက အင်္ဂလိပ် စာအချိန်ပဲ
[စနစ်: ဟိုင်း]
ဝမ်ကျစ်ချူး မျက်တောင်တခတ်ခတ်ဖြင့် နားမလည်စွာပင် နတ်သူငယ်လေးကိုခေါ်လိုက်သည်။ “နတ်သူငယ်လေး”
[စနစ်: ဟိုင်း ! နတ်သူငယ်လေးပါ!]
“ဟိုင်း နတ်သူငယ်လေး”
[စနစ်: ဘာဖြစ်လို့လဲ]
“ဘာလို့ စကားတွေကိုထူးထူးဆန်းဆန်းတွေပြောနေတာလဲ”
[စနစ်: ဘယ်မှာထူးဆန်းနေလို့လဲ]
“ဘာလို့တဟိုင်းဟိုင်းနဲ့ဖြစ်နေတာလဲ။ အရင်ကဘယ်မှာအဲ့လိုပြောဖူးလို့လဲ”
[စနစ်: ဒါဆိုအရင်က ဘယ်လိုပြောလို့လဲ]
“အရင်က ဟိုင်းဆိုတာမပါဘဲပြောတာလေ”
[စနစ်: သင်ပြောချင်တာ ဒီစကားကရိုင်းတယ်ပေါ့လေ]
“မဟုတ်ပါဘူး”
[စနစ်: ဒါဆို ဘာလို့ လာပြောနေတာလဲ”]
“တကယ်ပဲကွာ! ! !”
နတ်သူငယ်လေးက ဆယ်မိနစ်လောက်ကြာမှ အတန်ကြာ ပျင်းရိပျင်းတွဲဟန်ဖြင့် စကားထပ်ပြောလာသည်။
“မင်း ရှင်းပြသင့်တယ်လို့ မထင်ဘူးလား”
“ဘာကိုရှင်းပြရမှာလဲ”
[စနစ်: အဲ့သူတောင်းစားလေးစီရီဆိုတာ ဘယ်သူလဲ]
“ဘာလို့အဲ့လိုကြီးပြောချ လိုက်တာလဲ”
[စနစ်: သူ့ကို ကာကွယ်ပေးနေတယ်ပေါ့လေ]
[မဟုတ်ပါဘူး]
[စနစ်: ဟိုင်း! နတ်သူငယ်လေးပါ!]
“ဒါက အသိဉာဏ်အတုထည့်ထားတဲ့စက်ပါကွာ။ မင်းဂရုစိုက်နေတာလား”
[စနစ် : မစိုက်ပါဘူး]
မိနစ်အတော်ကြာ ပြန်တိတ်ဆိတ်သွားပြန်သည်။
[စနစ်: ဘာလို့အင်္ဂလိပ်နာမည်ကြီးဖြစ်နေတာလဲ]
ဝမ်ကျစ်ချူး စိတ်ကျေနပ်အောင် စက်ပစ္စည်းအကြောင်း သေချာရှင်းပြလိုက်ရသည်။
[စနစ်:အဲ့လိုလား? ငါလည်း အင်္ဂလိပ်နာမည်လိုချင်တယ်]
ဝမ်ကျစ်ချူးထိုစကားကြောင့် ညံ့ဖျင်းလှစွာသော သူ့အင်္ဂလိပ်စာစွမ်းရည်ကို ထုတ်သုံးလိုက်ရသည်။ “စကိုင်းကတ်[SkyCat]”
[T/N
: ကျစ်ချူးက သူ့စနစ်ကို တရုတ်မှာ နာမည်ကြီး Bluetooth speaker [ 天猫精灵
TMall elf ] ဆိုပြီး ပေးထားတာပါရှင့်။ ရှေ့ကနှစ်လုံးမှာ ပထမတစ်လုံးက
ကောင်းကင် ဆိုတဲ့ 天[ထရန်း] နဲ့ ကြောင်ဆိုတဲ့ 猫[မောင်း] ပါ။ ဒါကြောင့်
စနစ်က အင်္ဂလိပ်နာမည်လိုချင်တော့ SkyCat ဆိုပြီး တိုက်ရိုက်
နာမည်ပေးချလိုက်တာပါ။ ]
နတ်သူငယ်လေးက ထိုနာမည်ကိုကျေနပ်စွာပြုံးပြုံးလေးဖြင့် လက်ခံလိုက်လေပြီး စိတ်အားတက်ကြွစွာဖြင့် သူ့အားတာဝန်ပေးလာလေသည်။
[စနစ်:ဗီလိန်တာဝန်စပါပြီ။
ဇာတ်ဆောင်လိုချင်တာကို ခိုးယူနိုင်လျှင်
ဗီလိန်တန်ဖိုးဆယ့်လေးရာခိုင်နှုန်းတိုးပြီး ဆုလာဒ်ကယွမ်တစ်ရာဖြစ်ပါတယ်။
တာဝန်ကျရှုံးပါကလည်း ယွမ်တစ်ရာနှုတ်ယူပါမည်]
ဝမ်ကျစ်ချူး
တဖြည်းဖြည်းနှင့် အူကြောင်ကြား ဗီလိန်တာဝန်များကို မကြာခဏ ယူနေရပြီး
ရရှိမည့်ငွေကို ကြားသည်နှင့်ပင် တာဝန်ကို
ငြင်းစရာအကွက်မရှိဖြစ်ဖြစ်သွားသည်။
ငွေက အချစ်ဦးပေကိုး!
သို့သော် ယခုတစ်ရာတွင် တန်ဖိုးက အတော်များနေသဖြင့် အနည်းငယ်အံအားသင့်သွားရသည်။
ယခင်ထက်စာလျှင် တစ်ဝက်မျှ တန်ဖိုးတက်သွားသည် မဟုတ်ပါလား။
[စနစ်: တန်ဖိုးက တက်သင့်ပါတယ်]
[စနစ်: ဒီတစ်ခေါက်က အရင်ခေါက်တွေထက် ထိချက် ပိုပြင်းနိုင်ပါတယ်]
ထိုမှတ်ချက်ကြောင့် ခေါင်းကို ရေခဲရေနှင့်အလောင်းခံလိုက်ရပြီး အချစ်ဦးအတွက် ခုန်နေသောရင်ဘတ်မှာ ရှောခ့်အတော်ရ သွားလေတော့သည်။
အင်္ဂလိပ်စာ
အတန်းပြီးချိန် အခုသင်ခန်းစာအတွက် ခက်ခဲသည့်စာများကို မှတ်စုထုတ်ထားသည်။
သူ့အတွက်အတော်အရေးကြီးသော ဘာသာရပ်ဖြစ်နေပြီး ဘာသာရပ်အားလုံးထဲ အမှတ်ကို
အပြတ်အသတ်ဆွဲချသွားသည့် ဘာသာရပ်လည်း ဖြစ်နေသဖြင့် အတော် အာရုံစိုက်ထားရမည်
ဖြစ်သည်။
ယခင်လက ရမှတ်များထဲ သိပ္ပံကအမှတ်မဆိုးလှ။ သင်္ချာနှင့်
တရုတ်စာတွင်လည်း ရမှတ် တစ်ရာ့တစ်ဆယ်ကျော် သေးသည်။ အင်္ဂလိပ်တစ်ခုတည်းသာ
သု့ရမှတ်များကိုဆွဲချသွားပြီး ငါးဆယ့်ငါးမှတ်ပင် မပြည့်ချေ။
ဝမ်ကျစ်ချူး
အသေအကြေလေ့လာနေချိန် အင်္ဂလိပ်စာအတန်း၏ကိုယ်စားလှယ် ရောက်လာ၏။
အင်္ဂလိပ်စာအတန်း၏ ကိုယ်စားလှယ်မိန်းကလေးမှာ တိတ်တဆိတ်ဖြင့် မဝံမရဲဖြစ်နေ၏။
ဝမ်ကျစ်ချူး ဘေးသို့လျှောက်လာသည့်တိုင် သူ့ကိုမည်သို့
စကားစရမှန်းမသိဖြစ်နေသည်။ ထိုသို့ဖြစ်ရခြင်းမှာ
စိတ်ဝင်စားနေသောကြောင့်မဟုတ်ပဲ အတော်မနှစ်မြို့နေသောကြောင့်ဖြစ်သည်။
ဗီဒိုထဲမှာ
မျက်နှာသုတ်ပဝါကို ထုတ်စဉ်ဖြစ်ခဲ့သည့် ကို့ရိုးကားယားနိုင်သည့်အဖြစ်ကို
ဝိုင်းလှောင်ခဲ့သည့် ထိုခပ်ဆိုးဆိုးကျောင်းသားကို သူမ ရန်မဖြစ်ရဲသည့်တိုင်
အတော်ပင် မကျေမချမ်းဖြစ်နေဆဲပင်။
ဝမ်ကျစ်ချူး သူ့ဘေး တစ်ယောက်ယောက်
လာရပ်နေသည်ကို ခံစားမိသဖြင့် မော့ကြည့်လိုက်ချိန် မဝံ့မရဲ
အိုးတိုးအန်းတန်းဖြစ်နေသည့် အင်္ဂလိပ်စာအတန်းကိုယ်စားလှယ်အား
တွေ့လိုက်ရသည်။
“ဘာများဖြစ်လို့လဲမသိဘူး”
သူ့ဖက်က စကားစလိုက်သဖြင့် မိန်းကလေးဖက်က စကားဆက်ရန်လွယ်ကူသွားရသည်။ “အင်္ဂလိပ်စာဆရာ ခေါ်နေတယ်။ ရုံးခန်းကိုလာခဲ့ပါတဲ့”
“ဘာဖြစ်လို့ခေါ်တာလဲ”
“အဲ့တာတော့မသိဘူး”
“အော် ..လာပြောပေးလို့ကျေးဇူးပါ”
ပြောရင်း အင်္ဂလိပ်စာအဖွဲ့ဆီ ထထွက်လာလိုက်သည်။
သူသည်
ဆရာဆရာမများကို ကြောက်သည့် ကျောင်းသားတစ်ဦး ဖြစ်သည်နှင့်အညီ ဆရာက တစ်ခုခု
မေးတိုင်းပြောတိုင်း စိတ်မသက်မသာဖြစ်ပြီး အတော်ဖိအားများသည့် ခံစားချက်ကို
အမြဲခံစား ရလေ့ရှိတတ်သူဖြစ်သည်။
အင်္ဂလိပ်စာ အဖွဲ့အခန်းသို့သွားပြီး တံခါးကို အတန်ကြာ ခေါက်နေသည့်တိုင် အထဲမှ စကားသံများက သူ့တံခါးခေါက်သံကို လွှမ်းနေ၏။
ဝမ်ကျစ်ချူးတံခါးကို
ဖြည်းငြင်းစွာ ဖွင့်လိုက်ပြီး ဝင်သွားလိုက်ချိန် သူအင်္ဂလိပ်စာဆရာမကို
အရင်မတွေ့ပဲ ချင်ကျားရှုကို အရင်လှမ်းမြင်လိုက်ရသည်။
ချင်ကျားရှု စားပွဲခုံတစ်ခုရှေ့ရပ်နေပြီး အင်္ဂလိပ်ဆရာတစ်ဖွဲ့က လက်ထဲ စာအုပ်တစ်အုပ်စီကိုင်ထားကြပြီး ချီူကျူးထောပဌာပြုနေကြလေသည်။
“ပထမဆုအတွက်တော့ သေချာပြီးသား။ ကျစ်ရှု၊ မင်းအဆင့်က အမြဲတန်းထူးချွန်နေတော့ မင်းလျှောက်နိုင်တာဝမ်းသာပါတယ်”
ကျားရှုမျက်နှာထက်တွင်လည်း အပြုံးနှင့်ပင်။ “ကျန်တဲ့ကိစ္စတွေအတွက် ဆရာ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ”
“ဘယ်ကလာဒုက္ခဖြစ်ရမှာလဲ။ ကူညီပေးနိုင်ပါတယ်”
“ကိစ္စမရှိတော့ဘူးဆိုရင် ကျွန်တော့်ကိုသွားခွင့်ပြုပါဦး ဆရာ”
“ကောင်းပြီ သွားတော့”
ချင်ကျားရှု
တည်ငြိမ်စွာဖြင့် နောက်လှည့်လိုက်သော်လည်း ရူးကြောင်မူးကြောင်ဖြင့်
တံခါးနားရပ်နေပါသော ဝမ်ကျစ်ချူးကြောင့် အပြုံးများ အေးစက်သွားလေတော့သည်။
ဝမ်ကျစ်ချူးမှာလည်း တစ်ခဏ ယောင်နန ဖြစ်နေပြီးမှ တံခါးရှေ့က ခပ်မြန်မြန် လမ်းဖယ်ပေးလိုက်သည်။
[စနစ်: ကောင်လေး၊ မင်းပြေးပုံကလည်း ကိုးရို့ကားယားကြီး]
ထိုမှတ်ချက်ကို ဝမ်ကျစ်ချူး ဘာမှမတုံ့ပြန်နိုင်ချေ။
ထိုအချိန် အခန်းဆယ့်တစ်မှ အင်္ဂလိပ်စာဆရာက သူ့အားသတိပြုမိသွားပြီး လာခဲ့ဖို့ လှမ်းခေါ်သဖြင့် ဝမ်ကျစ်ချူး ခပ်မြန်မြန်သွားလိုက်သည်။
ဆရာက ထိုင်ခုံပေါ်ထိုင်နေရင်း သူ့ကိုမေးသည်။ “ဘာကြောင့် မင်းကို ခေါ်တာလဲသိလား”
ဝမ်ကျစ်ချူး
လမ်းပျောက်နေသည့် ဘဲငန်းလို ယောင်နနဖြစ်နေသည်။ သူလတ်တလော အင်္ဂလိပ်စာ
အတန်းစည်းမျဉ်းများကို မချိုးဖောက်ထားသဖြင့် ဘာကြောင့်ခေါ်မှန်း
မသိရိုးမှန်စွာ ခေါင်းခါပြလိုက်သည်။
အင်္ဂလိပ်ဆရာ ရီပို့ကဒ်တစ်ခုကို စားပွဲပေါ်ဖတ်ခနဲချလိုက်သည်။ “ကိုယ့်ဟာကိုယ်ကြည့်လိုက်”
“ဆရာ”
“ဘာလဲ”
“ဒီရီပို့ကဒ်ကို အရင်သုံးရက်ကတည်းက ကြည့်ပြီးသားပါခင်ဗျ”
အင်္ဂလိပ်စာဆရာ စိတ်ကိုအတော်ဆွဲဆန့်ရင်း အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ “နောက်တစ်ခေါက် ထပ်ဖတ်လိုက်”
ဝမ်ကျစ်ချူး ဆရာ့စကားကို တသွေမသိမ်း နားထောင်သည့်အနေဖြင့် ထပ်ကြည့်လိုက်သည်။
“မင်းဘာမြင်လဲ”
“ကျောင်းသား…တစ်ယောက်ရဲ့..နာမည်မှားနေပါတာ မြင်ပါတယ်”
အင်္ဂလိပ်စာဆရာ သူ၏လက်ညိုးထုတ်သုံးပြီး အခန်းဆယ့်တစ်၏ နာမည်တစ်ခုကို ညွှန်ပြလိုက်၏။ ဝမ်ကျစ်ချူး၏အမည်နာမတွင်ဖြစ်သည်။
“မင်းရဲ့အင်္ဂလိပ်စာအမှတ်ကို ပြန်ကြည့်”
အခုတလော ဝမ်ကျစ်ချူး စာကို အသားကုန်လုပ်နေသည်ဟု သတင်းကြားထားသော်လည်း ယခင်လ၏ ငါးဆယ့်ငါးမှတ်တွင် အတော်လက်လန်နေချေပြီ။
တစ်ခြားဘာသာများတွင် အမှတ်မဆိုးပေပဲ အင်္ဂလိပ်စာတစ်ခုထဲ ကွက်ဆိုးနေသည်က ဒေါင်းဖင်ပြောင် နေသလိုပင်။
“ဝမ်ကျစ်ချူး၊ မင်းဆရာ့အပေါ် မကျေနပ်တာရှိနေလို့လား”
“မဟုတ်…မဟုတ်ရပါဘူးခင်ဗျ”
“ဒါဆို မင်းရဲ့အင်္ဂလိပ်စာအမှတ်က ဘယ်လိုဖြစ်ရတာတုန်း”
ဝမ်ကျစ်ချူး လက်ကိုခပ်တင်းတင်းပိုက်လျက် ကြောက်ကြောက်လန့်လန့်ဖြစ်နေရှာသည်။
“ဘေးခန်းက ဇီဝဆရာမင်းကို အင်္ဂလိပ်စာသင်ပေးခဲ့တာမလား။ မင်းအမှတ်က ဘယ်လိုဖြစ်တာတုန်း”
ဇီဝဆရာမှာ အလိုလိုနေရင်း ပစ်မှတ်ဖြစ်သွားရလေသည်။
ဝမ်ကျစ်ချူး
ဂန္ဓာဝင်တွင်မည့်အဖြေကို ပေးဖို့ ပါးစပ်ဖွင့်မည်အလုပ် အင်္ဂလိပ်စာဆရာက
အရင်ကြိုပိတ်လိုက်သည်။ “ငါသင်ပေးတာလို့ လာမပြောနဲ့”
“ကိုယ့်ဟာကိုယ် လေ့လာတာပါ”
အနှောင့်အသွား လွတ်အောင်ဖြေနိုင်သည့် ဒီတစ်ခါတော့ ဝမ်ကျစ်ချူး နည်းနည်းတော်သွားဟန်ပင်။
အင်္ဂလိပ်စာဆရာမှာတော့ သွေးတိုးတက်နေပြီဖြစ်သည်။
“မင်းနောက်ပိုင်း အင်္ဂလိပ်စာအတန်းတွေကို သေချာအာရုံစိုက်”
“ဟုတ်..ဟုတ်ကဲ့ခင်ဗျ”
“မင်းသေချာကြိုးစားရင် တိုးတက်လာမှာပါ”
“ဒါဆိုမင်းပြောကြည့်၊ နောက်လာမဲ့ နောက်ဆုံးစာမေးပွဲကျရင် မင်းဘယ်လောက် တိုးတက်လာနိုင်လဲ”
ဝမ်ကျစ်ချူး အတော်ကြာ ကျောက်ရုပ်ဖြစ်နေပြီးမှ လက်တစ်ဖက် ဆန့်ပြလိုက်သည်။ အင်္ဂလိပ်စာဆရာ နည်းနည်း ကျေနပ်သွားဟန်ပင်။
“သွားလို့ရပြီ”
ဝမ်ကျစ်ချူး ထိုစကားကြားသည်နှင့် အင်္ဂလိပ်စာအခန်းထဲမှ ခြေနှစ်လှမ်းသုံးလှမ်းနှင့်ပင် အပြင်ရောက်အောင်ထွက်သွားလိုက်လေသည်။
[စနစ်: နောက်ထပ် အမှတ်ငါးဆယ်လား? ကိုယ့်ဟာကိုယ် ဘယ်လိုအနှောင့်အသွားလွတ်အောင်လုပ်ရမလဲ ဘာလို့မသိတာလဲ”]
“နေပါဦး..နေပါဦး”
[စနစ်: ဘာလဲ]
“ဆရာက ဘယ်နှမှတ်လဲလို့မှ မမေးတာကို အောင်သွားရင် ငါးဆယ်လို့ကတိပေးတယ်ပေါ့”
[စနစ်: မအောင်ခဲ့ရင်ရော]
“မအောင်မှတော့ လက်ငါးချောင်းက ငါးမှတ်ပေါ့”
ငါးဆယ်ဖိုး မတိုးတက်လည်း ငါးမှတ်ဖိုးတော့ က်ြုးစားနိုင်ပါသေးသည်။
နေ့လယ်ပိုင်း
အတန်းပြီးချိန် ဗိုက်သွားဖြည့်လိုက်ပြီး ညစာပေါက်စီများဝယ်လိုက်၏။
ထို့နောက် ရေဆာသလို ခံစားရသဖြင့် ကျောင်းဈေးဝယ်စင်တာသို့သွားရန်
စီစဉ်လိုက်သည်။
ညနေ ငါးနာရီခွဲနေပြီဖြစ်သော်လည်း နွေရာသီဖြစ်သဖြင့်
အလင်းရောင် အတော်တောက်ပ နေဆဲဖြစ်သည်။ ဆိုင်ထဲ ရေဘူးထားရာ
အတန်းဖက်သို့သွားပြီး ဈေးအပေါဆုံးအား လိုက်ရှာနေစဉ် အံ့ဩစရာတစ်ခုကို
ရှာတွေ့ခဲ့ရသည်။
ရေသန့်ဘူးသေး ငါးရာမီလီလီတာကို နှစ်ယွမ်ကျမည်ဖြစ်ပြီး ဘူးကြီးတစ်ထောင့်သုံးရာမီလီလီတာအား ခြောက်ယွမ်ဟုရေးထားသည်။
“ဒီလောက်ဈေးကြီးတာ သူများတွေရောဝယ်လို့လား”
[စနစ်: ဒါကပိုက်ဆံရှိမရှိနဲ့ဆိုင်တဲ့မေးခွန်းမဟုတ်ပဲ ဘယ်လောက်တုံးမတုံးနဲ့ဆိုင်တဲ့မေးခွန်းဖြစ်သွားပြီ]
ဝမ်ကျစ်ချူး
ရေဘူးအသေးကိုယူရန် စဉ်းစားနေချိန် ဘေးတစ်ဖက်စင်ပေါ်မှ တစ်ခုခုကျသွားသလို
လျှပ်တစ်ပြက် မြင်လိုက်ရသဖြင့် ဘာမှစဉ်းစားမနေပဲလှမ်းဖမ်းလိုက်သည်။
ထို့နောက်
ဘေးသို့လှည့်လိုက်ချိန် နေ့လယ်က အင်္ဂလိပ်စာအခန်းထဲတွေ့ခဲ့သည့်
ချင်ကျားရှု သူ့ဆီလျှောက်လာနေသည်ကို တွေ့လိုက်ရသဖြင့်
ခန္ဓာကိုယ်တစ်ခုလုံးတောင့်ခဲသွားသည်။
ထို့နောက် ဝမ်ကျစ်ချူး ရုတ်ချည်း နောက်သို့ကျောခိုင်းရင်း ပြန်လှည့်လိုက်သည်။
တစ်ဖက်သူက ယခုလေးတင် အားကစားလုပ်ပြီးလာဟန်ပင်။ နံပါတ်ပါသည့် အနက်ရောင်ဂျာစီကို ဝတ်ထားသည်။
ချင်ကျားရှုဘေးက ပါလာသည့်အဖော်က ပြောလာသည်။ “မင်းသောက်နေကျ ဖျော်ရည်ကမရှိတော့ဘူးကွ”
ချက်ကျားရှု
ပြန်မပြောနိုင်ခင်ပင် တစ်ဖက်သူကဆက်ပြော၏။ “မင်းသောက်ဖို့
ယူယူလာပေးနေကြတော့ ဒီမှာ စတော့ပြတ်ကုန်ပြီပေါ့။ နောက်ခါ ပွဲမစခင်
ကြိုဝယ်ထားမှရမယ်”
ချင်ကျားရှု တစ်ဖက်သူစကားကို မကြားချင်ယောင်ဆောင်ပြီးပြောလိုက်သည်။ “ရေပဲဝယ်သောက်လိုက်လို့ရတယ်”
ပြောရင်း
ရေသန့်ဘူးထားသည့်စင်ဖက်လျှောက်လာရင်း မျက်လုံးအဝိုင်းသားနှင့်
ကြည့်နေကြသော ဝမ်ကျစ်ချူးနှင့် နတ်သူငယ်လေး တို့ရှိရာဘက်က
ရေသန့်ဘူးကြီးတစ်ဘူးအား လှမ်းယူလိုက်သည်။
ထိုခဏ ဝမ်ကျစ်ချူး ထိုသူ့လက်ထဲမှ ရေသန့်ဘူးကို ခြေတစ်လှမ်းတိုးရင်း လှမ်းလုလိုက်သည်။
[စနစ်: တာဝန်ပြီးမြောက်ပါပြီ။ ဗီလိန်တန်ဖိုး ဆယ့်လေးရာခိုင်နှုန်းတက်လာပါပြီ။ ဆုက ယွမ်တစ်ရာပါ]
တစ်ဖက်သူ၏
မထူးခြားနားသည့် အကြည့်များကို ကြည့်ရင်း ဝမ်ကျစ်ချူးမည်သို့
ရှင်းပြရမည်ကို မသိလေတော့။ သူသာ ဘာကြောင့်လုပ်ရပါသည်ကို
တိုက်ရိုက်ရှင်းပြလိုက်လျှင်လည်း တဖက်လူက သူ၏သင်္ချာညံ့ဖျင်းမှု အပေါ်
လှောင်ရယ် နေသည် ဟု ထင်သွားလောက်ပေမည်။
တစ်ဖက်သူ၏ အသက်ရှူသံက
သူ့နှာခေါင်းထဲသို့တိုးဝင်လာပြီး ထင်းရှူးနှင့် နှင်းရနံ့တို့က
သူ့နှာခေါင်းထဲ အနှောင့်အယှက်မပေးပဲ သင်းသင်းလေးတိုးဝင်လာလေသည်။ သူ့အရပ်ကို
လွှမ်းနေသည့်တစ်ဖက်သူ၏ တည်ရှိမှုက သူ့အားအထက်စီးမှဖိနှိပ်ထားသလိုပင်။
ဝမ်ကျစ်ချူး အတန်ကြာတိတ်ဆိတ်နေပြီးမှ စကားများ ပလုံးပထွေးထွက်သွား၏။ “…မင်းရေသန့်ဘူးကြီးမဝယ်နဲ့”
ချင်ကျားရှု ဘာမှပြန်မပြောပဲ လက်ပိုက်လိုက်ရင်း သူ့ကိုစိုက်ကြည့်နေသည်။
ဝမ်ကျစ်ချူး : “ရော…ရေထပ်ရောထားလို့”