🌹🌹🌹chapter-8🌹🌹🌹
Viewers 152

​rose​နတ်ဆိုး​ပေးတဲ့အ​အေး​သောက်ပြီး​တော့လေ့ကျင့်ခန်းဆက်လုပ်လိုက်တယ်။​​လေ့ကျင့်ခန်းလုပ်ပြီးတော့ချွေးထွက်တွေအရမ်းထွက်လာနှင့်ခဏနားပြီးတော့roseရေချိုးလိုက်တယ်။roseရေချိုးခန်းထဲကထွက်လာတော့ဖုန်းringtoneသံကြားလို့အိပ်ယာဖုန်းကိုယူပြီးကြည့်လိုက်တယ်။.....ဘယ်သူများလဲလို့.......ချစ်သူငယ်ချင်းကြီးချမ်းမြေ့ပါလား.....ဘာများအကြောင်းထူးရှိလို့လဲမသိဘူး။

rose"hello!!!ချစ်လေးပြော။"

ချမ်းမြေ့"babe...ငါတို့နင့်ဆီလာလည်မလို့....ဒီတပတ်ငါရောမြတ်သူရောအားတယ်လေ။"

rose"တကယ်လား....နောက်နေတာတော့မဟုတ်ပါဘူးနော်။"

မြတ်သူ"မဟုတ်ပါဘူး......babeရာ။ငါတို့တကယ်လာခဲ့မှာ။မနက်ဖြန်ကျရင်ခရီးထွက်ဖို့အားလုံးတောင်အဆင်သင့်ဖြစ်နေပြီ။"

rose"ဟယ်....တကယ်ကြီးပေါ့....ပျော်လိုက်တာဟယ်။နင်တို့လာရင်ကားယူခဲ့နော်....ငါ့မှာကားမပါလာတော့ဘယ်မှမသွားရဘူး။တီလေးတို့ကလည်းကားပေးသုံးတာမဟုတ်ဘူး......ချစ်လေးတို့လာမှပဲအပြင်လေးဘာလေးသွားရမှာ။"

ချမ်းမြေ့"အေးပါကွာ....babeအတွက်ယူခဲ့ရမှာပေါ့။ကိုယ်တွေရောက်ရင်babeသွားချင်တဲ့နေရာမှန်သမျှလိုက်ပို့ပေးမယ်....စိတ်သာချ။"

rose"အင်းပါ....လိုက်မပို့ပေးလို့ကတော့စိတ်ကောက်ပစ်မှာနော်.......ချစ်လေးနှင့်သဲလေး။"

မြတ်သူ"စိတ်ချပါ.....babeဖြစ်ချင်တာလုပ်ပေးမှာပေါ့။"

rose"ယုံပါတယ်ရှင်....ယုံပါတယ်။"

ချမ်းမြေ့"အဲ့ဒါဆိုဒါပဲလေ.....babe။ဖုန်းချလိုက်တော့မယ်နော်။"

rose"ချလိုက်တော့လေ.....ချစ်လေး။"

ချစ်လေးနှင့်သဲလေးတို့လာမယ်ဆိုတော့roseအရမ်းပဲပျော်တာပဲ......သူတို့လာမှပဲroseအိမ်ကနေထွက်လို့ရမှာ။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


roseပျင်းတာနှင့်တီလေးငယ်ဆီိလိုက်သွားလိုက်တယ်။စက်ဘီးစီးရင်းလတ်ဆတ်တဲ့လေညှင်းတွေတ၀ကြီးခံလိုက်တယ်။အွန်း....ကောင်းလိုက်တာ....လေညှင်းတွေကအေးမြနေတာပဲကွာ.....သဘာဝပတ်၀န်းကျင်ကြီးကတော့တကယ့်ကိုလှပနေရောပဲ။roseတီလေးငယ်တို့ခြံရောက်တော့သစ်ပင်တွေ၊ပန်းပင်တွေလိုက်ကြည့်ရင်းနှင့်စိတ်အပန်းဖြေလိုက်တယ်။roseကြိုက်တဲ့ပန်းပင်တွေတွေ့ရင်လိုင်းပေါ်တင်ဖို့ဓာတ်ပုံလေးတွေရိုက်ထားလိုက်တယ်။ဒီနေ့တီလေးငယ်ကအိမ်ပြန်နည်းနည်းနောက်ကျမှာမို့roseတယောက်တည်းအိမ်ပြန်လာလိုက်တယ်။ကျွန်တော်အလုပ်ကိစ္စပြီးလို့အိမ်ပြန်လာတော့လမ်းမှာချာတိတ်ကိုတွေ့လိုက်တယ်။ဟွန်....ချာတိတ်ပါလား....ဘေးနားမှာလည်းယောင်္ကျား၃ယောက်ပါလား.....လက်ထဲမှာလည်းအရက်ပုလင်းတွေနှင့်ပါလား.....အမူးသမားတွေထင်တယ်.....ချာတိတ်တော့ဒုက္ခရောက်နေပြီထင်တယ်.....ကားရပ်ပြီးတချက်သွားကြည့်လိုက်အုန်းမယ်။ 

roseအိမ်ပြန်လာတုန်းအမူးသမား၃ယောက်ကroseကိုလာပြီးနှောက်ယှက်ကြတယ်။rosellaဆိုတဲ့ငါ့ကိုများဒင်းတို့ကမကြောက်မရွံ့လာပြီးသွေးတိုးလာစမ်းနေကြတာပဲ......တွေ့မယ်.....ငါအကြောင်းကောင်းကောင်းသိမယ်......နဂါးမှန်းသိအောင်အမောပ်ထောင်ပြရသေးတာပေါ့။roseဒေါသအရမ်းထွက်ပြီးအမူးသမားတွေရဲ့မျက်နှာတွေကိုခြေတောက်နှင့်ပိတ်ကန်လိုက်တယ်။အမူးသမားတွေကလည်းဒေသထွက်ပြီးဘေးနားကအုတ်နီခဲတွေကောက်ပြီးroseကိုပြန်ပြီးရန်မူကြတယ်။roseပဲ....ခေသူမှမဟုတ်တာ......အုတ်နီခဲကိုင်ထားတဲ့လက်တွေကိုဆွဲလိမ်ချိုးလိုက်ပြီးနောက်ကျောတွေ၊ရင်ဖက်တွေကိုစောင့်ကန်လိုက်တယ်။စက္ကန့်ပိုင်းအတွင်းအမူးသမားတွေမြေပြင်ပေါ်မှာသွေးအလိမ်းလိမ်းနှင့်လဲကျကုန်တယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


rose"တောက်....ငါ့ကိုများလာပြီးစော်ကားချင်သေးတယ်။ငါလုပ်လိုက်သေတော့မှာပဲ။ငါ့လက်ထဲမှာကိုင်ထားတာဘာလဲတွေ့တယ်မလား။"

roseကိုင်ထားတဲ့အုတ်နီခဲကိုအမူးသမားတွေကိုပြလိုက်တယ်။

အမူးသမား"မလုပ်ပါနှင့်ဗျာ....မလုပ်ပါနှင့်။တောင်းပန်ပါတယ်။"

rose"အေး.....နောက်တခါငါ့ကိုနှောက်ယှက်ရင်နင့်တို့အသက်ကိုငါအာမမခံနိုင်ဘူး။"

ကျွန်တော်ယောင်္ကျား၃ယောက်ကိုသူမတယောက်တည်းအနိုင်ပိုင်းသွားတဲ့ချာတိတ်ကြောင့်အံ့သြလွန်းလို့ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ချာတိတ်ရယ်....မင်းကိုအဲ့လောက်ထိအတိုက်အခိုက်ကျွမ်းလိမ့်မယ်လို့ကိုမထင်တာ.......ချာတိတ်ကတကယ့်ကိုရဲရင့်တဲ့မိန်းကလေး......လေးစားလောက်တဲ့ကောင်မလေးပဲ။ကျွန်တော်ချာတိတ်ကိုကြည့်ရင်းပြုံးလိုက်မိတယ်။

တီလေးငယ်"သမီး.....ဒါဘယ်လိုဖြစ်တာလဲ။"

rose"သမီးကကိုယ့်ဘာသာအိမ်ကိုအေးဆေးပြန်လာတာ.....ဒီအမူးသမားတွေပါ့.....မူမူးရူးရူးနှင့်သမီးကိုလာပြီးနှောင့်ယှက်ကြတာ....အဲ့တာနှင့်သမီးသူတို့ကိုlessonအကြီးကြီးပေးထားတာ။"

တီလေးငယ်"အမလေး....အမလေး....တော်သေးတာပေါ့....ငါ့တူမလေးဘာမှမဖြစ်လို့။တကယ့်ကိုတော့သေးတာပေါ့။မင်းတို့တော်တော်အောက်တန်းကျတဲ့လူတွေပဲ။မင်းတို့ကိုတခါမှမမြင်ဘူးပါဘူး......ဒီရွာကတော့မဖြစ်နိုင်ဘူး......မင်းတို့ကအခြားရွာကမလား။။"

အမူးသမား"ဟုတ်ပါတယ်.....အရီး....ကျွန်တော်တို့ကဟိုဖက်ရွာကပါ။ကျွန်တော်တို့လုပ်ရပ်အတွက်တောင်းပန်ပါတယ်....အရီး။"

rose"အခုမှလာပြီးမတောင်းပန်နှင့်.....တောင်းပန်တိုင်းခွင့်လွှတ်တဲ့အထဲမှာငါမပါဘူး။ငါရဲစခန်းကိုဖုန်းဆက်ပြီးအမူဖွင့်ထားတယ်......နင်တို့လုပ်ရပ်အတွက်ပြန်ပေးဆပ်လိုက်........လာ....တီလေးငယ်.....အိမ်ပြန်ကြမယ်။"

roseတီလေးငယ်နှင့်အိမ်ပြန်လာလိုက်တယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


ကျွန်တော်ချာတိတ်နှင့်ဒေါ်လေးငယ်ထွက်သွားတာတော့မှအိမ်ပြန်လာလိုက်တယ်။ဒီနေ့roseရဲ့သူငယ်ချင်းလာဆိုတော့သူတို့အလာကိုroseမျှော်နေရတာပေါ့။နေ့လည်၃နာရီလောက်ရောက်တော့roseမျှော်နေတဲ့သူတွေရောက်လာတယ်။

rose"ချစ်လေး....သဲလေးတို့.....နင်တို့ကလည်းနောက်ကျလိုက်တာ......စောင့်ရလွန်းလို့မျှော်ရတဲ့သူကလည်ပင်းတွေတောင်ရှည်နေပြီ။"

roseသူငယ်ချင်းတွေကိုနှုတ်ခမ်းလေးစူပြီးပြောလိုက်တယ်။

မြတ်သူ"babeကလည်း....ရန်ကုန်နှင့်မေမြို့ကမိုင်ပေါင်းများစွာကွာတယ်လေ.....နည်းနည်းတော့စောင့်ရမှာပေါ့....။"

rose"မသိဘူးကွာ....သူများကိုအကြာကြီးစောင့်ခိုင်းတဲ့အတွက်ဘာလုပ်ပေးမှာလဲ။"

ချမ်းမြေ့"babeရယ်.....ရွှေစိတ်တော်မညှိးပါနှင့်။babeအတွက်လက်ဆောင်ပါတယ်.....ဒီမှာကြည့်။"

rose"wow!!!ဒါbabeလိုချင်တဲ့ဖုန်းလေးပဲ။ပေါ်ကတည်းကလိုချင်နေတာ........ဖုန်းသစ်လဲထားတမကြာသေးလို့မ၀ယ်ရသေးတာ။ကျေးဇူးပဲနော်....ချစ်လေးနှင့်သဲလေး။"

roseလိုချင်တဲ့ဖုန်းလေးပေးတဲ့သူငယ်ချင်းတွေကိုချစ်လို့ပါးလေးဆွဲလိုက်တယ်။roseရဲ့သူငယ်ချင်းတွေကအဲ့လိုပဲ.....roseကိုအရမ်းအလိုလိုက်ကြတာ.....roseကသူငယ်ချင်းတွေထဲမှာအငယ်ဆုံးမို့လည်းပါတာပေါ့......ချစ်လေးနှင့်သဲလေးတို့လိုသူငယ်ချင်းတွေရထားတာroseအရမ်းကံကောင်းတယ်.....။

rose"လာ....အချစ်လေးတို့အိမ်ထဲ၀င်ကြလေ။အိမ်ထဲရောက်မှအေးဆေးနားကြ။"

roseချစ်လေးနှင့်သဲလေးကိုဖက်ပြီးအိမ်ထဲခေါ်လာလိုက်တယ်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter -9coming soon🫧🫧🫧🫧🫧


🍰🍰Author-yoon mieno🍰🍰