🌹🌹🌹chapter-9🌹🌹🌹
Viewers 156

     ဟွန်....ချာတိတ်ကကောင်လေး၂ယောက်ကိုဖက်သွားပါလား.....ချာတိတ်ကလည်းယောင်္ကျားလေးတွေနှင့်အဲ့လိုနီးနီးကပ်ကပ်မနေသင့်ပါဘူးကွာ။အိမ်ပေါ်ကနေချာတိတ်တို့ကိုကြည့်ပြီးတော့သက်ပြင်းရှည်ကြီးချလိုက်မိတယ်.....ကျွန်တော့်ရင်တခုလုံးအမျိုးအမည်မသိတဲ့ခံစားချက်ကြောင့်ပူလောင်သွားတယ်။

rose"တီလေး....roseသူငယ်ချင်းတွေနှင့်အပြင်မှာညစာသွားစားချင်လို့။"

တီလေး"မသွားရပါဘူး....သမီးသူငယ်ချင်းတွေလာမယ်ဆိုလို့တီလေးတောင်ဟင်းတွေချက်ပြီးသွားပြီ....အိမ်မှာပဲစားလိုက်တော့လေ။"

rose"တီလေးကလည်းroseဒီရောက်နေတာ၁လလောက်ရှိနေပြီ....ဘယ်မှလဲသွားရသေးတာမဟုတ်ဘူး.....သူငယ်ချင်းတွေရှိတုန်းညစာစားရင်းလျှောက်လည်ချင်တာပေါ့။"

တီလေး"သမီးရယ်....မသွားပါနှင့်လား....ညနေစောင်းနေပြီ....မနက်ဖြန်မှသွားပါလား။"

rose"တီလေးကလည်း....လုပ်ပါနော်....သမီးမမှောင်ပြန်လာခဲ့မယ်လို့ကတိပေးတယ်.....နော်..နော်...နော်...တီလေး။"

တီလေးငယ်"မမရယ်....သူတို့သူငယ်ချင်းတွေဆုံတုန်းလေးသွားပါစေ.....လူငယ်တွေပဲဒီလောက်တော့ရှိမှာပေါ့.....မမရဲ့။"

တီလေး"အေးပါ....အဲ့တာဆိုလည်းမြန်မြန်သွားပြီးမြန်မြန်ပြန်လာခဲ့ကြနော်။"

rose"ဟေး...ပျော်လိုက်တာ....သူငယ်ချင်းတို့ရေ...let's go!!!"

တီလေးတို့ရဲ့ခွင့်ပြုချက်ရတာနှင့်roseသူငယ်ချင်းတွေနှင့်မြို့ထဲထွက်လာလိုက်ပြီးclubတခုမှာသွားကဲလိုက်ကြတယ်။အရမ်းကြာအောင်မနေဘူးလို့တွေးထားပေမဲ့အပျော်လွန်ပြီးအရှိန်လွန်သွားပြီးအိမ်ပြန်ချိန်နောက်ကျသွားပါတော့တယ်။


   🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


rose"ဟာကွာ...အိမ်ပြန်နောက်ကျနေပါတယ်ဆို....ကားကလည်းလာပျက်နေသေးတယ်....စိတ်ညစ်လိုက်တာဟာ။"

ချမ်းမြေ့"ဘာမှစိတ်မပူနှင့်babe....ငါတို့ကြည့်စီစဥ်ပေးမယ်။သားကြီး....အနီးအနားမှာအဌားကားပဲဖြစ်ဖြစ်....၀ပ်ရှော့ဆိုင်ပဲဖြစ်ဖြစ်သွားရှာကြည့်လိုက်အုန်း။"

မြတ်သူ"အေး....သားကြီး....ငါသွားရှာလိုက်အုန်းမယ်....babeကိုသေချာစောင့်ရှောက်ထားလိုက်အုန်းနော်။"

ချမ်းမြေ့"အေးပါကွာ။"

      မြတ်သူကတော့ကားဌားဖို့ထွက်သွားတော့ချမ်းမြေ့ကကားအင်ဂျင်ခန်းကိုဖွင့်ကာကြိုးစားပြီးပြင်ကြည့်နေတယ်။ဒီနေ့ကျွန်တော်ရှယ်ယာရှင်တဦးနှင့်အလုပ်ကိစ္စပြောပြီးပြန်တဲ့လမ်းမှာချာတိတ်မလေးကိုမထင်မှတ်ပဲတွေ့လိုက်ရတယ်.....ချာတိတ်နားမှာလည်းည​နေတုန်းက​တွေ့ခဲ့တဲ့​ကောင်း​လေးနှစ်​ယောက်ပါလား.....အဲ့ဒါထားပါ...ချာတိတ်ဒုက္ခ​ရောက်​နေတယ်ထင်တယ်....ဆင်းကြည့်မှပါ။မြတ်သူကပြန်လာ​တော့ကားဌားလို့မရ​ကြောင်းနှင့်ကား၀ပ်​ရှော့ဆိုင်မ​တွေ့ခဲ့ဘူးဆိုတဲ့သတင်းဆိုးပဲကြားလိုက်ရတယ်။တကယ့်ကိုကံဆိုးတာပဲ....ဟူး...စိတ်ညစ်လိုက်တာ။roseတို့သူငယ်ချင်းတ​တွေအကြံကုန်ပြီးစိတ်ညစ်​နေကြတုန်းကားဟွန်းသံကြားလို့ကြည့်လိုက်​တော့​စေတန်ဖြစ်​နေတာ​ကြောင့်roseပိုပြီးစိတ်ညစ်သွားတယ်။

rose"ဘာလဲ....ဘာကိစ္စလဲ....ဘာကိစ္စမှမရှိရင်ဒိုး​လိုက်တော့....ဒီမှာညစ်​နေတာ​နော်။"

ruby"ချာတိတ်ကလည်းစိတ်ချည်းပဲ....အခုဘာဖြစ်​နေကြတာလဲ....ကျွန်တော်ဘာကူညီ​ပေးရမလဲ။"

rose"ရှင်နှင့်မဆိုင်ပါဘူး....ရှင့်လမ်းရှင်သွားပါ။"

roseစေတန်ကိုကြည့်မရတာနှင့်ရန်တွေ့လိုက်တယ်။စေတန်ကroseတို့ကိုကားကြုံခေါ်ပေမဲ့roseတို့၃ယောက်ကတော့ခေါင်းမာပြီးသူ့ကားနှင့်ကားကြုံမလိုက်ဖို့တင်းခံနေလိုက်တယ်.....ဒါပေမဲ့ညကမှောင်သထက်မှောင်လာတာကြောင့်စေတန်ရဲ့ကားနှင့်မလိုက်ချင်လိုက်ချင်နှင့်အိမ်ပြန်လာခဲ့လိုက်ရတယ်။


   🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


      အိမ်ရောက်တာနှင့်တီလေးနှင့်တီလေးငယ်တို့ရဲ့ဆူတာကို၃ယောက်သားကောင်းကောင်းခံလိုက်ရတော့တယ်.....ကို့အပြစ်နှင့်ကိုဆိုတော့လည်းဘယ်တတ်နိုင်ပါ့မလဲ....ငြိမ်ခံနေရုံပဲရှိတော့တာပေါ့။အဲ့ဒီကတည်းကညဖက်အပြင်ထွက်ခွင့်ပါမစ်ပိတ်သွားတော့တယ်....ဒါပေမဲ့roseပဲဘယ်ရမလဲ....ညဖက်ထွက်မရတော့နေ့ဖက်ထွက်တာပေါ့😉😉😉။

တပတ်ကြာပြီးနောက်.......

ဟွန်....ချစ်daddyဆီကပါလား....ကြည့်ရတာတော့roseကိုသတိရလို့ရန်ကုန်ပြန်လာခိုင်းမလို့ထင်တယ်။

rose"hello!!!daddy....သမီးကိုသတိရလို့ဖုန်းဆက်တာလား။"

ဦးညိုလင်း"ကဲ...မိrosella....အပိုတွေပြောမနေနှင့်....နင့်သူငယ်ချင်းတွေနင့်ဆီရောက်နေတယ်ဆို။"

rose"ဟုတ်တယ်လေ.....daddy....တပတ်တောင်ရှိနေပြီ။"

ဦးညိုလင်း"သမီးသူငယ်ချင်းတွေပြန်လာရင်ရန်ကုန်တခါတည်းပြန်လိုက်ခဲ့လိုက်တော့။"

rose"တကယ်လား...daddy....။"

ဦးညိုလင်း"နင့်daddyကအားယားနေလို့စနေတယ်ထင်လို့လား....rosella။"

rose"မထင်ပါဘူး...daddyရဲ့...အဲ့တာဆိုroseသူငယ်ချင်းတွေပြန်လာတာနှင့်ပြန်လိုက်ခဲ့မယ်နော်....။"

ဦးညိုလင်း"အေး...အေး...ဒီမှာသမီးအန်တီမေကဖုန်းပြောချင်လို့တဲ့ဖုန်းပြောလိုက်အုန်း.....။"

daddyနှင့်ဖုန်းပြောပြီးတော့အန်တီမေနှင့်ညီမလေးသန္တာတို့နှင့်ဖုန်းအကြာကြီးပြောလိုက်သေးတယ်။ရန်ကုန်ပြန်ရတော့မှာဆိုတော့roseအရမ်းပျော်တာပဲ.....နောက်ဆုံးတော့မျှော်နေရတဲ့ရက်ကလေးရောက်လာပြီပေါ့။


   🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


      ဒီနေ့roseသူငယ်ချင်းတွေနှင့်ရန်ကုန်ရွှေမြို့တော်ကြီးကိုအတူတူပြန်လာလိုက်တယ်။ရန်ကုန်ပြန်ရောက်တော့အိမ်ကိုတန်းမပြန်ပဲclubတခုမှာ၀င်ကဲခဲ့လိုက်သေးတယ်။roseအိမ်ပြန်ရောက်တော့daddyတို့နှင့်ညစာအတူတူစားပြီးမှအနားယူလိုက်တော့တယ်။ခရီးပန်းတဲ့အရှိန်ရော၊clubမှာကဲထားတဲ့အရှိန်ရောကြောင့်roseခေါင်းနှင့်ခေါင်းအုန်းထိတာနှင့်အိပ်ပျော်သွားတော့တယ်။

rose"morning!!!!"

ဒေါ်သက်ထား"morning!!!သမီးကြိုက်တဲ့အုန်းနို့ခေါက်ဆွဲအန်တီမေချက်ထားတယ်....အန်တီမေထည့်ပေးမယ်နော်။"

rose"ဟုတ်ကဲ့....အန်တီမေ....ကျေးဇူးပဲနော်။ဒါနှင့်အငယ်မကိုမတွေ့မပါလား....ဘယ်သွားလဲ။"

ဒေါ်သက်ထား"သမီးညီမကdutyရှိလို့ဆေးရုံသွားပြီလေ။"

rose"ဟုတ်လား...အစောကြီးပဲနော်။"

ဒေါ်သက်ထား"ဟုတ်တယ်....မနက်စာတောင်မစားသွားဘူး။"

ဦးညိုလင်း"အငယ်လေးကအဲ့အတိုင်းပဲ....အလုပ်ကြိုးစားပြီးလိမ္မာတယ်....အငယ်လေးအတွက်daddyကစိတ်ချတယ်.....daddyမှာသမီးအတွက်ပဲစိတ်မချဖြစ်နေရတာ။"

ဒေါ်သက်ထား"သမီးကြီးကလည်းလိမ္မာပါတယ်...ကိုညိုရဲ့....ကလေးကမဟုတ်တာဘာလုပ်နေလို့လဲ။"

rose"ဟုတ်သားပဲ...သမီးကဘာတွေလုပ်နေလို့လဲ။"

ဦးညိုလင်း"ဘာမှမလုပ်ဘူးဟုတ်လား....daddyစိတ်မပူပဲစိတ်ချရအောင်သမီးဘာတွေလုပ်ပေးလို့လဲ...ကိုယ့်ကိုကိုယ်အသိဆုံးဖြစ်မှာပေါ့။"

rose"daddyကလည်း....."

ဦးညိုလင်း"ကဲပါ...အဲ့တာတွေထားပါတော့.....daddyသမီးကိုအရေးကြီးကိစ္စပြောစရာရှိတယ်...သမီး။"

rose"ပြောလေ.....daddy...ဘာများလဲ။"

ဦးညိုလင်း"......."

daddyရဲ့စကား​ကြောင့်roseအုန်းနို့ခေါက်ဆွဲစား​နေတာ​တောင်သီးသွားတယ်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-10 coming soon🫧🫧🫧🫧🫧


                      🍰🍰author-yoon mieno🍰🍰