🌹🌹🌹chapter-10🌹🌹🌹
Viewers 151

rose"ဘယ်လို!!!သမီးကကိုအိမ်ထောင်ချပေးမလို့....ဟုတ်လား....daddy။"

ဦးညိုလင်း"ဟုတ်တယ်.....daddyလဲအဲ့ကောင်လေးကိုမြင်ဖူးတယ်....အလုပ်လုပ်တာလည်းတော်ပြီးထက်မြက်တယ်....သမီးနှင့်လည်းသင့်တော်တယ်။"

rose"daddyကလည်းသမီးမှအိမ်​ထောင်မပြုချင်​သေးတာ....သမီးကငယ်ငယ်​လေးပဲရှိ​သေးတယ်....လွတ်လွတ်လပ်လပ်​နေချင်​သေးတယ်။"

ဦးညိုလင်း"သမီးကငယ်​သေးတယ်ဆို​ပေမဲ့သမီးဖြစ်ချင်တာမှန်သမျှကိုdaddyဖြည့်စည်း​ပေးခဲ့တာပဲ....အခု​daddyဆန္ဒ​လေးတခုတောင်သမီးမဖြည့်စည်း​ပေးနိုင်ဘူးလား။"

rose"daddyဖြစ်ချင်တာအားလုံးလုပ်​ပေးပါ့မယ်....ဒါ​ပေမဲ့ဒီတခု​တော့သမီးမလုပ်ပေးနိုင်ဘူး...daddy...အဲ့ဒီ့အတွက်လည်းသမီးdaddyကို​တောင်းပန်ပါတယ်။"

daddy"rosella...သမီးကကောင်း​ကောင်းမွန်မွန်​ပြော​လို့မရဘူးပဲ...​သမီးကဒီလို​ပြောမှ​တော့daddyလည်းရှင်းရှင်းပဲ​ပြောရမှာ​ပေါ့....သမီးကdaddyစီစဥ်တာလက်မခံရင်daddyကသမီးရဲ့အ​ဖေမဟုတ်​တော့ဘူးဆိုတာမှတ်ထားလိုက်။"

rose"daddy....."

daddyက​ပြောပြီးသွားတာနှင့်companyကိုထွက်သွား​တော့တယ်။daddyက​တော့စွတ်ပဲ....စိတ်​တွေအရမ်းညစ်လိုက်တာ....အိမ်​ထောင်ပြုဖို့ဆိုတာroseတခါမှမ​တွေးဖူးဘူး။

ပြင်ဦးလွင်ကအလုပ်​တွေအ​ခြေကျသွား​တော့ကျွန်​တော်ရန်ကုန်ပြန်​လာလိုက်တယ်.....companyကလည်းအကြာကြီးပစ်ထားလို့မရဘူး​လေ။

​ဒေါ်ခင်မြ"​မြေး​လေး​ရေ....​မြေး​လေး...ဘွားဆီလာပါအုန်းကွယ်။"

ruby"လာပြီ...ဘွား​။"

နှစ်ချုပ်စာရင်း​တွေစစ်​နေတုန်းဘွားဘွား​ခေါ်သံ​ကြောင့်ဧည့်ခန်းထဲသွားလိုက်တယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


ruby"ဘွား​​...မြေးကို​ခေါ်တာဘာခိုင်းမလို့လဲ....​မြေးဘာလုပ်​ပေးရမလဲ....ဘွား။"

​ဒေါ်ခင်မြ"​ဘာမှခိုင်းစရာမရှိပါဘူး....မြေး​လေး​ရေ...​မြေးကိုအဘွား​ပြောစရာရှိလို့။"

ruby"​ဘာများလဲဘွားရဲ့။"

​ဒေါ်ခင်မြ"​မြေး​လေးကအရွယ်​လည်းရောက်ပြီ....အလုပ်အကိုင်လည်းအတည်အကျဖြစ်​နေပြီဆို​တော့ဘွားနှင့်မင်းအ​မေက​မြေး​လေးကိုအိမ်​ထောင်ပြု​စေချင်​နေပြီ။"

ruby"ကျွန်​တော်လည်းjenny​လေးနှင့်အိမ်​ထောင်ပြုဖို့အစီအစဥ်ရှိပါတယ်...ဘွားရဲ့....သူလည်းမကြာခင်​ကျောင်းပြီး​တော့မှာ....သူ​ကျောင်းပြီးတာနှင့်ကျွန်​တော်တို့နှစ်​ယောက်လက်ထပ်ဖို့ကိစ္စစီစဥ်လိုက်ပါမယ်။"

​ဒေါ်​ကေသီ​မေ"တိတ်စမ်း....သား...အ​မေမင်းနှင့်jennyကိုလုံး၀သ​ဘောမတူဘူး။"

ruby"ဗျာ....ဘာဖြစ်လို့လဲ​...မေ​မေရဲ့...​မေကြီးပဲအစတုန်းကသ​ဘောတူတယ်ဆို....အခုကျ​တော့....။"

​ဒေါ်​ကေသီ​မေ"ဟုတ်တယ်...အ​မေသားတို့ကိုသဘောတူခဲ့တယ်ဆိုတာသူတို့အ​ကြောင်းမသိခင်က....အခု​တော့လုံး၀သ​ဘောမတူဘူး။"

ruby"jenny​လေးတို့မိသားစုကဘာမှအပြစ်​ပြောစရာမှမရှိတာ....ပြီး​တော့ဘာ​တွေများချို့ယွင်းချက်ရှိလို့လဲ။"

​ဒေါ်​ကေသီ"ဒီမှာသား....မင်းသူတို့အ​ကြောင်းကိုအကုန်မသိ​သေးပါဘူး....အ​မေတို့မင်းကိုသ​ဘောတူထားတဲ့မိန်းက​လေးရှိတယ်....မင်းသူနှင့်၂ပတ်တွင်းလက်ထပ်ရမယ်....အ​မေ့စကားနားမ​ထောင်ရင်အမေ့ကိုအမေလို့မသတ်မှတ်နှင့်တော့။"

မေမေကပြောပြီးတာနှင့်ဧည့်ခန်းကနေထွက်သွားတယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


ruby"ဘွားဘွား.....မေမေ့ကိုကူပြောပေးပါအုန်း။"

ဒေါ်ခင်မြ"ဘွားရဲ့သဘောကလည်းမင်းမေမေရဲ့သဘောထားနှင့်အတူတူပဲ....မြေးလေးဘွားဘွားနှင့်မင်းမေမေလက်နှင့်ရေးတာကိုခြေနှင့်မဖျက်ဖို့ဘွားမျှော်လင့်ပါတယ်။"

ဘွားဘွားလည်းကျွန်တော့်ကိုပြောစရာရှိတာပြောပြီးတာနှင့်ဘုရားရှိခိုးဖို့ဘုရားခန်းထဲ၀င်သွားတယ်။

ဘယ်လိုလုပ်ရမလဲ....jennyလေးနှင့်ကိုချစ်နေရဲ့သားနှင့်တကယ်ပဲဝေးရတော့မှာလား....ကိုမင်းနှင့်မဝေးအောင်အတတ်နိုင်ဆုံးကြိုးစားမှာပါ။ဒီနေ့အရမ်းပဲစိတ်ညစ်တာပဲ....roseနှင့်လက်ထပ်ရမဲ့သူမိသားစုကအိမ်လာမှာလေ....roseတော်စိတ်ညစ်လွန်းလို့သေတောင်သေချင်တယ်.....အရမ်းစိတ်ညစ်တာပဲ။

အေးသန္တာ"မမ....ဧည့်သည်တွေရောက်လာကြပြီ....daddyကအောက်ဆင်းခဲ့ပါတဲ့။"

rose"ရောက်လာပြီလား....အေး...အေး...သွားကြမယ်လေ။"

roseငယ်လေးနှင့်အောက်ထပ်ဆင်းလာလိုက်တယ်။ဟမ်....စေတန်ပါလား....မဟုတ်မှလွဲရောငါလက်ထပ်ရမဲ့သူကသူမဟုတ်လောက်ပါဘူးနော်....သူမဖြစ်ပါစေနှင့်...မဖြစ်ပါစေနှင့်။roseလက်ထပ်ရမဲ့သူကစေတန်မဟုတ်ဖို့ဆုတောင်းနေပေမဲ့roseကသူနှင့်လက်ထပ်ရမှာတဲ့.....စိတ်ပျက်ဖို့ကောင်းလိုက်တာ....တကယ်ပဲ....ဘယ်လိုရေစက်ဆိုးလဲကိုမသိဘူး။

ruby"ချာတိတ်....မင်းနှင့်စကားပြောစရာရှိတယ်....တနေရာသွားရအောင်။"

စေတန်ကပြောပြောဆိုဆိုroseရဲ့လက်ကိုဆွဲပြီးကော်ဖီဆိုင်ဆီခေါ်သွားတယ်။

ruby"ချာတိတ်....ဘာသောက်မလဲ။"

rose"ဘာမှမသောက်ချင်ဘူး....လူကညစ်နေတာဘာမှစားချင်သောက်ချင်စိတ်ရှိတာမဟုတ်ဘူး။"

ruby"ညီလေး....ကော်ဖီခါးခါးလေးတခွက်ပဲပေးကွာ။"


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


rose"ဘာကိစ္စလဲ....ပြောစရာရှိတာမြန်မြန်ပြော....အားနေတာမဟုတ်ဘူး။"

ruby"မင်းငါ့မှာချစ်သူရှိတာသိတယ်မလား....ချာတိတ်။"

rose"မသိဘူး....သိရအောင်ရှင့်အကြောင်းလိုက်စုံစမ်းနေတာမဟုတ်ဘူး။"

ruby"မင်းနှင့်hot potဆိုင်မှာတခါဆုံဖူးတယ်လေ....ကဲထားပါ....ငါမင်းကိုလက်မထပ်နိုင်ဘူး...ငါ့ချစ်သူနှင့်ပဲလက်တွဲသွားချင်တယ်....မင်းဒီလက်ထပ်ပွဲကိုငြင်းပေးပါ။"

rose"ကျွန်မကလည်းရှင့်ကိုသိပ်လက်ထပ်ချင်နေတယ်လို့ထင်နေတာလား.....ကျွန်မစိတ်နှင့်ကျွန်မဆိုရင်ရှင့်လိုလူမျိုးနှင့်တသက်လုံးမပတ်သတ်ဘူး....ကျွန်မအဖေကိုမလွန်ဆန်နိုင်လို့သာမတွေ့ချင်တဲ့သူ၊မပတ်သက်ချင်တဲ့သူနှင့်တွေ့နေရတာ။"

ruby"ဘာ!!!မင်းစကားပြောတာကြည့်ပြောနော်။"

rose"စိတ်ထဲရှိတဲ့အတိုင်းပြောတာဘာဖြစ်လဲ....။"

ruby"ဘာ!!!မင်း.....။"

ချာတိတ်စကားကြောင့်ကျွန်တော်ဒေါသထွက်သွားခဲ့ပေမဲ့စိတ်ပြန်လျှော့လိုက်တယ်။

ruby"တော်ပြီ....လိုရင်းပဲဆက်ပြောကြမယ်....မင်းနှင့်ငါနှင့်ကလူကြီးတွေရဲ့သဘောထားကိုမလွန်ဆန်ဘူးဆိုတော့....မင်းနှင့်ငါနှင့်ကြားမှာကတိတခုထားရအောင်။"

rose"ဘာကတိလဲ။"

ruby"ငါ့ချစ်သူနိုင်ငံခြားကနေပြန်လာရင်မင်းနှင့်ငါကွာရှင်းကြရအောင်....ဒါတော့သဘောတူတယ်မလား။"

rose"တူတယ်.....တူတယ်....ဒီနေ့ရှင်ပြောသမျှစကားထဲမှာဒီစကားကိုအကြိုက်ဆုံးပဲ.....ရှင့်ချစ်သူကဘယ်ချိန်ပြန်လာမှာလဲ။" 

ruby"နောက်၂နှစ်လောက်ပေါ့။"

rose"ဘာ!!!၂နှစ်....ဟုတ်လား...ဆိုလိုတာကနောက်၂နှစ်မှရှင်နှင့်ကွာရှင်းရမှာပေါ့။။"

ruby"အင်း....အဲ့သဘောပေါ့။"

rose"ဘာလို့လဲ....၂နှစ်ကြီးများတောင်....ကျွန်မအဲ့လောက်ထိမစောင့်နိုင်ဘူး....၁နှစ်ပဲ....၁နှစ်ပြီးနှင့်ချက်ချင်းကွာရှင်းမယ်။"

ချာတိတ်ရဲ့စကားကြောင့်ကျွန်တော်သောက်နေတဲ့ကော်ဖီတောင်သီးသွားတယ်။

ruby"ဘယ်လို....၁နှစ်နှင့်ကွာရှင်းမယ်...ဟုတ်လား....မမြန်မလွန်ဘူးလား။"

rose"မမြန်ပါဘူး.....ဖြစ်နိုင်ရင်လက်ထပ်တဲ့နေ့မှာတင်တန်းကွာရှင်းချင်တာ.....ရှင့်မျက်နှာကိုလေ၁ရက်မပြောနှင့်၁စက္ကန့်တောင်ကြည့်ချင်တာမဟုတ်ဘူး။"

ruby"ငါကလည်းမင်းမျက်နှာကြည့်ချင်လွန်းလို့.....အံ့သြပါ့။"

rose"ရှင်နှင့်ကျွန်မနှင့်ကလက်ထပ်ပြီးရင်တအိမ်ထဲနေရမှာဆိုတော့ရှင်မဖြစ်မနေလိုက်နာရမဲ့အချက်တွေပြောမယ်.....၁အချက်-လက်ထပ်ပြီးရင်ရှင်နှင့်ကျွန်မအခန်းခွဲအိပ်မယ်၊ခွင့်ပြုမရှိပဲကျွန်မအခန်းထဲလုံး၀မ၀င်လာပါနှင့်။၂အချက်-ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာရှင်လုံး၀လုံး၀ ၀င်ပါခွင့်မရှိသလိုကျွန်မဘယ်သူတွေနှင့်ဘာလုပ်လုပ်ရှင့်မှာပြောပိုင်ခွင့်မရှိဘူး။၃အချက်-ရှင်ကျွန်မရဲ့ခန္ဓာကိုယ်ကိုလုံး၀မထိပါနှင့်....ကုန်ကုန်ပြောရမယ်ဆိုရင်ကျွန်မရဲ့ဆံပင်တချောင်းတောင်မထိပါနှင့်။"

ruby"အင်းပါ....ငါလိုက်နာမယ်....မင်းဖက်ကလည်းjennyလေးနှင့်ငါနှင့်ကြားမှာဘာမှ၀င်စွတ်ခွင့်မရှိဘူး။"

rose"သိပ်ရတာပေါ့....ရှင်တို့ဘာသာဘာဖြစ်ဖြစ်ကျွန်မနှင့်မဆိုင်ဘူး....အရေးကြီးတာကျွန်မကိုလာမရှုပ်ဖို့ပဲ။နောက်ဆုံးအနေနှင့်သတိထပ်ပေးလိုက်မယ်နော်....ကျွန်မပြောတာတွေကိုခေါင်းထဲစွဲနေအောင်မှတ်ထားပါ.....အဲ့ဒီ့၃ချက်ကိုဖောက်ဖျက်လို့ကတော့ကျွန်မအဆိုးမဆိုနှင့်။"

ruby"သဘောတူတယ်။"


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-11 coming soon🫧🫧🫧🫧🫧


🍰🍰Author-yoon mieno🍰🍰