ဆွဲထား...ဆွဲထား...goal....ရေး....
ည၁နာရီကြီးဘောလုံးပွဲထကြည့်ကာအသံကျယ်ကျယ်နှင့်အော်လိုက်သည့်သမီးဖြစ်သူချစ်ခွန်းကစ်ရဲ့အသံကြောင့်အိပ်ပျော်နေသည့်ဦးရဲမြင့်နှင့်ဒေါ်သူဇာအိပ်နေရာကနေလန့်နိုးလာရတယ်....
"ဖေကြီးရေ...တော့်သမီးဘောလုံးပွဲထကြည့်နေပြန်ပြီထင်တယ်...."
"ဟုတ်မှာပေါ့ကွာ...မင်းသမီးကိုနည်းနည်းပါးပါးသွားပြောလိုက်အုန်း...မနက်ကျရင်ကျုပ်ကအလုပ်သွားရအုန်းမှာ..."
"အင်းပါ..."
ဒေါ်သူဇာတယောက်သမီးဖြစ်သူရှိရာဧည့်ခန်းထဲသို့ထွက်လာလိုက်တယ်....
"မိကစ်!!!"
မေမေရဲ့အော်သံကြောင့်ကစ်ခန္ဓာကိုယ်လေးတုန်တက်သွားရတယ်....
"မေမေကကစ်နှင့်ဘောလုံးပွဲကြည့်မလို့လား....လာလေ...အတူတူကြည့်ရအောင်...."
"ငါကဘာလို့ကြည့်ရမှာလဲ....ညည်းလိုဘောလုံးရူး ရူးနေတာမှမဟုတ်တာ....တနေ့တနေ့ဒီဘောပွဲပဲ...."
မေမေပြောလည်းပြောချင်စရာပါ....ကစ်ကသူများမိန်းမကလေးတွေလိုအဆိုတောတွေ၊ရုပ်ရှင်မင်းသားတွေကိုcrazyဖြစ်တာမဟုတ်ပဲဘောလုံးသမားတွေကိုcrazyဖြစ်သူ....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
ကစ်သာမိန်းကလေးမဟုတ်ပဲယောကျ်ားလေးဖြစ်ခဲ့မယ်ဆိုရင်အိမ်မက်ကွင်းတွေဆီခြေချမိမှာအမှန်....
"ဘောလုံးပွဲကြည့်မယ်ဆိုရင်တိုးတိုးသက်သာကြည့်....ဘယ့်နှယ်ညကြီးအချိန်မတော်၇အိမ်ကြား၈အိမ်ကြားဘောလုံးပွဲအော်ကြည့်နေရတယ်လို့....."
"မေမေကလည်းဘောလုံးပွဲကြည့်တယ်ဆိုတာအဲ့လိုအားပေးပြီးကြည့်မှပိုအရသာရှိတာကို...."
စကားပင်မဆုံးသေးမာတာမိခင်ကကစ်ရဲ့ခေါင်းကိုဒေါက်ခနဲမြည်အောင်ခေါက်ချလိုက်တယ်.....
"အာ့...မေမေ...နာတယ်လို့...."
"ဘောလုံးပွဲကိုအသံတိုးပြီးကြည့်ရင်ကြည့်....မကြည့်ရင်တီဗီပိတ်တော့..."
"ဟုတ်...."
ကစ်အရေးကြီးတဲ့ပွဲကိုမကြည့်ရတော့မှာကြောက်လို့တီဗီအသံကိုလျှော့လိုက်တယ်....
ဒီနေ့ကဖလားလုပွဲမို့ကစ်မရရအောင်ကြည့်ရမည်....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
ကစ်အားပေးတဲ့အသင်းကglobal(ကလိုဘယ်လ်)အသင်းပင်.....ဆုဖလားတွေအများကြီးသိမ်းပိုက်ထားတဲ့တက်သစ်စအသင်းပေါ့.....
တတ်သစ်စအသင်းဆိုပေမဲ့လည်းခြေစွမ်းတွေကတော့ရှယ်တွေချည်းပဲ....ဒီနှစ်လည်းpremier league(ပရီမီးယားလိစ့်)ဆုဖလားကြီးကိုglobalအသင်းပင်ထပ်မံသိမ်းပိုက်အုန်းမယ်လို့ကစ်ယုံကြည်တယ်....
ပထမပိုင်းပြီးသွားတယ်....3 goal 2 goal နှင့်ကလိုဘယ်လ်သင်းကနယူးဟာဆယ်အသင်းကိုအသာစီးရထားတယ်....
(အသင်းနာမည်တွေလွဲရေးထားပါတယ်နော်...စာရေးသူ၏စိတ်ကူးသက်သက်မျှသာဖြစ်သည်...)
ကစ်ဒုတိယပိုင်းကိုကြော်ငြာတွေကြည့်ရင်းစောင့်နေမိတယ်....အားလူးကြော်ထုတ်ဖောက်ကာစားလိုက််တယ်....
ထိုအချိန်မှာကစားပွဲဒုတိယအပိုင်းပြစတယ်....ကွင်းထဲကိုအားမာန်ပြည့်နှင့်၀င်လာသည့်ကစားသမားတွေကလေးစားအားကျဖွယ်ပါ...
7ဆိုသည့်နံပတ်နှင့်ကစားသမားကကစ်မျက်လုံးထဲသို့၀င်ရောက်လာတယ်.....သူ့နာမည်ကkhun peter(ခွန်းပီတာ)...ကစ်ရဲ့idolကြီးပေါ့....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
ခွန်းကglobalအသင်းရဲ့captainကြီး....၃ရာသီတိုင်အောင်ဂိုးသွင်းအများဆုံးဆုကိုသိမ်းပိုက်ထားနိုင်သည့်သူကြီးပေါ့...ကစ်သိပ်သဘောကျရသည့်သူကြီး....
သူ့ကိုအားပေးနေရသည့်အကြောင်းတခုမှာခွန်းကကစ်တို့ရဲ့မြန်မာလူမျိုးဖြစ်နေတာကြောင့်ပါ....
တဖက်အသင်းကကစားသမားကဘောလုံးကိုglobalအသင်းရဲ့ဂိုးနားဆီဆွဲလာတာကြောင့်ကစ်စိတ်အရမ်းလှုပ်ရှားမိတယ်....
"Oh!!!no..no..."
ကစ်ယောင်ပြီးအသက်ထွက်ပြီးမှပါးစပ်ကိုလက်နှင့်အသာပိတ်လိုက်ရတယ်...တော်ကြာမာတာမိခင်ကတီဗီလာပိတ်သွားမှခက်မယ်....
တဖက်အသင်းကချေပဂိုးသွင်းခါနီးမှာအောက်စီဂျင်အိုးကြီးခွန်းကလေအလျင်နှင့်အတူပြေးလာကာဘောလုံးကိုဖြတ်ထုတ်လိုက်ကာဂိုးပေါက်ကိုကာကွယ်လိုက်တယ်....
"ဟူး...တော်သေးတာပေါ့...ဒါမှတို့ရဲ့ခွန်း..."
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
ခွန်းကဘောလုံးကိုတဖက်ဂိုးဆီဆွဲလာတယ်....တဖက်အသင်းကလူတွေကိုလျင်မြန်စွာကျော်ဖြတ်လိုက်ပြီးဂိုးပေါက်ဆီအားမာန်အပြည့်နှင့်လှမ်းကန်လိုက်တာ....
"Wow....goal!!!"
အသံတိုးတိုးလေးအော်ကာတယောက်တည်းအောင်ပွဲခံလိုက်မိတယ်.....
အခုဆိုရလဒ်က4 goal 2goal ဖြစ်သွားတယ်....
"ကွာ!!!"
ပွဲပြီးခန်းနီးမှနယူးဟာဆယ်ကချေပဂိုးသွင်းသွားတာကြောင့်ခံစားရခက်လိုက်တာ....ပွဲချိန်ကမကြာခင်ပြီးဆုံးတော့မယ်...4goal 3goalမို့ကစ်ရဲ့globalအသင်းနိုင်ခြေရှိသေးတယ်....
ထိုအချိန်မှာglobalအသင်းကpolido(ပိုလီဒို)ကချက်ချင်းပင်ချေပဂိုးသွင်းကာပြန်လည်ချေပလိုက်သည်....ဂိုးလည်း၀င်ပြီးဒိုင်လူကြီး၏ဝီဆီမှုတ်သံကလည်းစူးကနဲကွင်းတခုလုံးကိုဖုံးလွှမ်းသွားတော့၏....
"ရေး...globalအသင်းဖလားရပြီကွ...."
ကစ်အရမ်း၀မ်းသာမိတယ်....အခုဆိုကလိုဘယ်လ်အသင်းကpremier league ဆုကြီးကိုသိမ်းပိုက်နိုင်ခဲ့ပြန်ပြီ....
ကွင်းအလယ်မှာတလက်လက်တောက်ပနေသည့်ဖလားကြီးကို၀င့်ကာအောင်ပွဲခံနေကြသည့်globalအသင်း....ကစ်လည်းကွင်းအလယ်မှာအဲ့လိုဂုဏ်ယူ၀င့်ကြားစွာတခါလောက်အောင်ပွဲခံချင်မိတာအမှန်.....
အိမ်မက်ကွင်းဆီဘယ်တော့များမှခြေချရပါ့မလဲ....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
ဘောလုံးပွဲနှင့်သိပ်မရင်းနှီးတာကြောင့်အမှားပါရင်ခွင့်လွှတ်ပေးပါနော်....ကြားဖူးနား၀ရှိသလောက်ပဲရေးထားတာမို့ပါ......
Chapter-2 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰