ခွန်းပီတာ...နာမည်ကြီးဘောလုံးကစားဖြစ်သလိုအားလုံးလေးစားအားကျရသည့်captainကြီး....ငယ်ငယ်ရွယ်ရွယ်နှင့်ဆုဖလားနွေ၊ဆုတံဆိပ်တွေများစွာသိမ်းပိုက်ထားနိုင်ခဲ့သည်....
အရပ်၆ပေ၇လက်မရှိသည့်အရပ်ကသူ၏ဆွဲဆောင်မူရှိသည့်အရာများထဲကတခုပင်....အသားဖြူဖြူ၊နက်မှောင်နေသည့်မျက်ခုံးတစုံ၊၀င်းဖန်ဖန်မျက်၀န်းတစုံကိုလည်းပိုင်ဆိုင်ထားသည့်သူ....
ရုတ်တရတ်ကြည့်လိုက်ရင်ကိုရီးယားမင်းသားနှင့်တောင်အထင်မှားစေတယ်....ဘောလုံးသမားလုပ်ဖို့နှမြောစရာရုပ်ရည်ကိုပိုင်ဆိုင်ထားသည့်ခွန်း.....
premier league ဆုဖလားကြီးကိုသိမ်းပိုက်နိုင်တဲ့အတွက်ကျွန်တော်တို့အသင်းအတော်ကိုပျော်ရွှင်နေကြတယ်....barတခုမှာပျော်ပွဲရွှင်ပွဲကျင်းပတယ်....
"congratulation....captain....ခြေစွမ်းတွေအရမ်းထက်တယ်နော်...."
"ကျေးဇူးပါ...ဒါတွေအားလုံးကနည်းပြကြီးရဲ့သင်ကြားမူကြောင့်ပါ...."
"အေးကွာ...မင်းကငါနည်းပြပေးတဲ့လူတွေထဲမှာအတော်ဆုံးသူပဲ....မင်းရဲ့ဆရာဖြစ်ရတာဂုဏ်ယူမိတယ်ကွာ...."
"ကျေးဇူးပါ....ဆရာ...ဆရာ့ကိုတခွက်လောက်ဂုဏ်ပြုပါရစေ...."
နည်းပြကြီးကိုအရက်တခွက်ထည့်ကာဂုဏ်ပြုလိုက်တယ်....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
"ရာသီပွဲတွေလည်းပြီးသွားပြီဆိုတော့အားလပ်ရက်တွေမှာဘာလုပ်ဖို့အစီအစဥ်ရှိလဲ...."
"အသင်းဖော်တွေနှင့်ဥရောပဖက်သွားဖို့planဆွဲထားတယ်...."
"ကောင်းတာပေါ့ကွာ...."
အသင်းသားတွေနှင့်တညလုံးကဲပြီးhotelခန်းဆီမူမူးနှင့်မနည်းပြန်လာရတယ်....
အိပ်မလို့ပဲရှိသေးဖုန်း၀င်လာတာကြောင့်ဒေါသတို့ကထွက်ပေါ်လာခဲ့တယ်....
"ဘယ်သူလဲကွာ...သူများအိပ်ချိန်ကိုလာနှောင့်ယှက်နေတယ်...သေချင်လို့လား...."
"ခွန်ပီတာ..."
အသံကိုကြားလိုက်ရတော့အိပ်ချင်နေသည့်မျက်လုံးပင်ပြူးသွားရသည်....
"မားမား..."
"အော်...ကို့အမေအသံတော့မှတ်မိသေးသားပဲ....."
"ဟီး...မားကလည်း...."
"အခုဘယ်ရောက်နေတာလဲ...."
"new zealand(နယူးဇီလန်)ရောက်နေတာ....မား..."
"အော်...ဘောလုံးရာသီပြီးသွားပြီမလား...."
"ဟုတ်...မား..."
"ပိတ်ရက်ရတုန်းအိမ်ပြန်လာအုန်းလေ...."
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
"သားပြန်လာဖြစ်မယ်မထင်ဘူးအမေ....နောက်နှစ်မှပဲပြန်လာဖြစ်မယ်ထင်တယ်....သားတို့အဖွဲ့ဥရောပသွားဖို့စီစဥ်ထားလို့....."
"မရဘူး....အိမ်ပြန်လာရမယ်....ကို့သားမျက်နှာကိုမတွေ့ရတာအရမ်းကြာနေပြီ....ဖြူသလားမည်းသလားတောင်မသိတော့ဘူး....တပတ်အတွင်းအိမ်ပြန်မလာရင်တသက်လုံးအိမ်အရိပ်တောင်နင်းဖို့မစဥ်းစားနှင့်..."
"မား...အဲ့လိုတော့မဟုတ်နှင့်လေ...ဟဲလို...ဟဲလို..."
ပြောချင်တာပြောပြီးဖုန်းချသွားသည့်မာတာမိခင်...
ကျစ်...ဥပရောပနှင့်၀ေးပြီထင်ပါ့...ဘယ်တတ်နိုင်ပါ့မလဲ...မားကပြန်လာခိုင်းမှတော့ပြန်ရမှာပေါ့....
ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သည့်အကျင့်ရှိသည့်မိခင်ဖြစ်၏အကြောင်းကိုသိနေတာကြောင့်အိမ်ပြန်ဖို့ပဲဆုံးဖြတ်လိုက်ရတော့တယ်....
ပွဲတွေဆက်နေတာကြောင့်အိပ်ရေးပျက်တာများနေသည့်အတွက်ခေါင်းအုန်းနှင့်ထိလိုက်တာနှင့်တုန်းခနဲအိပ်ပျော်သွားတော့သည်....
"ကစ်ရေ...ကစ်လေး...."
ကစ်နာမည်ကိုခေါ်ကာအိမ်ထဲ၀င်လာသည့်သူကကစ်သူငယ်ချင်းဇွန်နှင့်မေထွန်းလင်း....သူတို့ကtom boyလေးတွေလေ....ဘောလုံးပွဲကြည့်ဖြစ်တာလည်းသူတို့ကြောင့်ပဲ....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
"ဟေး...ကစ်ဒီမှာ...."
"နင့်fatherကြီးနှင့်motherကြီးရော...."
"မေမေကစိန်ဆိုင်သွားတယ်...ဖေဖေကcompanyသွားတယ်...."
"ဟုတ်လား...."
"ညကပွဲကတော်တော်ကောင်းတယ်နော်...."
ဇွန်ကပြောတယ်....
"ဟုတ်ပါ့ကွာ...ပွဲကြီးပွဲကောင်းပဲ....globalအဖွဲ့ဖလားကိုင်သွားတာအားရစရာ...."
ထွန်းကလည်းထောက်ခံတယ်....
"အေးဟယ်....ငါအရမ်းသဘောကျတာပဲ...အပြင်မှာမုန့်သွားစားရအောင်...."
"အေး...သွားကြမယ်...ငါကျွေးမယ်....ဘာစားမှာလဲ...."
"ငါမာလာရှမ်းကောစားချင်နေတာ....ဇွန်ရဲ့...."
"မင်းရောဘာစားချင်လဲ...ထွန်း...."
"ကစ်စားချင်တာပဲလိုက်ကျွေးလိုက်ပါ...ငါကဘာဖြစ်ဖြစ်အဆင်ပြေတယ်...."
"ok...ပြီးရော..."
ကစ်ရဲ့သူငယ်ချင်းတွေကအဲ့အတိုင်းပဲ...ကစ်ကိုဆိုအမြဲအလိုလိုက်အနစ်နာခံကြတယ်....အဲ့တာကြောင့်လည်းဇွန်တို့ထွန်းတို့နှင့်ပဲပေါင်းဖြစ်တာ.....ကစ်ကအဖွဲ့ထဲမှာအငယ်ဆုံး၊အဆိုးဆုံးပေါ့.....
ဇွန်ကကစ်တို့ကိုမာလာရှမ်းကောာလိုက်ကျွေးလိုက်တယ်....စားချင်နေတဲ့အချိန်စားလိုက်လို့လားမသိဘူးအရသာအရမ်းရှိတာပဲ....စပ်စပ်ထုံထုံလေး....အရသာကိုစွဲသွားတာပဲ.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-3 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰