"ညကပွဲကြီးကလုပ်ဇာတ်ကြီးပါကွာ...."
"ဟုတ်ပါ့...ဒိုင်လူကြီးတွေနှင့်globalအသင်းပေါင်းပြီးနယူးဟာဆယ်အသင်းကိုညှပ်ချနေတာ...."
တဖက်၀ိုင်းကပြောနေသည့်စကားများကကစ်ရဲ့ဒေါသတွေကိုနှိုးဆွနေတယ်.....
"ရုပ်ကလေးတွေကြည့်ကောင်းတာနှင့်နာမည်ကြီးနေတာ...အလကားဘာအရည်အချင်းမှရှိတာမဟုတ်ဘူး...."
"အေးလေ...မိန်းကလေးတွေကရုပ်လေးတွေနည်းနည်းချောတာနှင့်အားပေးနေတာ...."
"ငါကြည့်လို့မရဆုံးကခွန်းပီတာဆိုတဲ့ကောင်ပဲ....အလကားဘ၀င်လေဟပ်နေတဲ့ကောင်...."
"တောက်!!!"
ကစ်ဒေါသတွေထိန်းလို့မရတော့ဘူး....ခွန်းကိုမကောင်းကြောင်းပြောနေတာကစ်အကြောင်းကိုပြောနေသလိုခံစားရတယ်....
ခွန်းပီတာကိုထိရင်ချစ်ခွန်းကစ်နှင့်ညှိပြီပဲ....
ဘုန်း!!!ခွမ်း!!!
ကစ်စားပွဲကိုမှောက်လိုက်တာကြောင့်စားပွဲပေါ်ကဖန်ခွက်တွေ၊ပန်းကန်တွေအကုန်ကျကွဲသွားတယ်.....
"ဒီမှာ...ဒီမှာ...မင်းဘယ်လိုလုပ်လိုက်တာလဲ...."
"ဆောက်မြင်ကပ်လို့မှောက်ချလိုက်တာလေ...မမြင်ဘူးလား....မျက်လုံးကန်းနေတာလား....."
"စကားပြောတာရင့်လှချည်လား...မင်းနှင့်ငါဘာအကန့်မှလည်းမရှိပဲနှင့်....."
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
"ရှိတာပေါ့...သိပ်ရှိတယ်...ငါတို့၃ယောက်ကနင်တို့မှိုချိုးမျှစ်ချိုးပြောနေတဲ့globalအသင်းရဲ့fanတွေပဲ...."
"အော်....အဲ့လိုလား...ငါတို့ပြောတာဘာအမှားပါလို့လဲ...."
"ပါတာပေါ့....ငါတို့globalအသင်းကလူတွေကြရှိပြီးသား....အရည်အချင်းရှိလားမရှိလားသိချင်ရင်သူတို့ရထားတဲ့ဆုတွေကိုကြည့်ပြီးမှပြော...ငတိတွေရဲ့...."
"ဘာကွ...တောက်!!!မင်းတို့နော်...နာတော့မယ်...မိန်းကလေးမို့လျှော့ပေးထားတာရောင့်တက်မလာနှင့်...."
"ဟေ့ရောင်....မင်းစကားပြောတာကြည့်ပြော....တခါတည်းငရဲပြည်ကိုအရှင်လတ်လတ်ရောက်သွားမယ်...."
"မင်းတို့ကိုကြောက်ရအောင်မင်းတိုကဘာကောင်တွေမို့လဲ...."
"သိချင်ရင်စမ်းကြည့်လိုက်လေ...."
ဇွန်ကဦးစွာတဖက်လူရဲ့မျက်နှာကိုဆွဲထိုးလိုက်တယ်....ဒါကြောင့်ရန်ပွဲကဖြစ်သွားတော့တယ်....
ဟိုဖက်ကယောကျ်ားလေး၄ယောက်၊ကစ်တို့ဖက်ကမိန်းကလေးတွေချည်းပဲဆိုပေမဲ့ကစ်တို့ကတိုက်ကွမ်နိုသင်တန်း၊လက်ဝှေ့သင်တန်းတွေအစုံတက်ထားတဲ့သူတွေမို့ဘယ်မူ့မလဲ....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
ဘေးနားကပန်းကန်နှင့်ကစ်တဖက်လူခေါင်းကိုရိုက်ခွဲပလိုက်တယ်....ကစ်တို့သောင်းကျန်းတာတဆိုင်လုံးလည်းရစရာမရှိတော့ပါ....စားသုံးသူတွေလည်းလန့်ပြီးဆိုင်ထဲကပြေးထွက်သွားကြတယ်.....
"hello...ရဲစခန်းကလားရှင့်...ဒီမှာရန်ဖြစ်နေကြလို့...."
ဆိုင်ရှင်အန်တီကြီးကရဲစခန်းကိုဖုန်းဆက်ကာတိုင်လိုက်တာကြောင့်မကြာခင်မှာပင်ရဲတွေရောက်လာကာကစ်တို့ကိုဖမ်းခေါ်သွားတယ်....
"hello!!!မချစ်ခွန်းကစ်တို့အိမ်ကပါလား...."
"ဟုတ်ပါတယ်ရှင့်...ကျွန်မကသူ့အမေဒေါ်သူဇာပါ...."
"မချစ်ခွန်းကစ်နှင့်သူငယ်ချင်း၂ယောက်ရန်ဖြစ်ပြီးရဲစခန်းထဲရောက်နေပါတယ်..."
"ရှင်!!!"
ဒေါ်သူဇာတယောက်သွေးများပင်စောင့်တက်သွားရတယ်....ခင်ပွန်းဖြစ်သူကိုအမြန်ခေါ်ကာရဲစခန်းသို့အမြန်လိုက်လာရတယ်....
ဖေဖေနှင့်မေမေကကစ်တို့သူငယ်ချင်း၃ယောက်ကိုအာမခံနှင့်အမြန်လာထုတ်ပေးတယ်....ဖေဖေတို့ရဲ့မျက်နှာကတော့တည်တင်းနေလျှက်....အိမ်ပြန်လမ်းတလျှောက်လုံးတိတ်ဆိတ်ပြီးခြောကပ်နေတယ်....မသိရင်မုန်တိုင်းမတိုက်ခင်ငြိမ်သက်နေသည့်ပတ်၀န်းကျင်ကြီးလို့.....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
"မိကစ်..."
"ရှင်...ဖေဖေ...."
ကစ်မျက်နှာချိုလေးသွေးကာပြန်ထူးလိုက်တယ်.....
"နင့်လုပ်ပုံကောင်းသေးရဲ့လား...ချစ်ခွန်းကစ်...ငါတောင်တခါမှမရောက်ဖူးတဲ့ရဲစခန်းကိုသမီးဖြစ်တဲ့နင်ကရောက်ရတယ်လို့ကွာ....ရာဇ၀င်ရိုင်းလိုက်တာ...."
"ဖေကြီး...တော်ပြောထားတဲ့ကိစ္စစီစဥ်လိုက်တော့...တော့သမီးကိုဒီတိုင်းထားလို့မဖြစ်တော့ဘူး...."
"အေး...ဟုတ်တယ်...ချစ်ခွန်းကစ်နင့်ကိုအိမ်ထောင်ချပေးမှဖြစ်တော့မယ်...."
"ဟာ...ဖေဖေ....အဲ့လိုမလုပ်နှင့်လေ....ကစ်ဖက်ကိုပြန်ကြည့်ပါအုန်း...."
ကစ်မေမေ့ကိုအားကိုးတကြီးကြည့်လိုက်မိတယ်....
"ငါ့ကိုမကြည့်နှင့်ကစ်....ညည်းအဖေသူငယ်ချင်းကသူ့ရဲ့သားနှင့်လက်ထပ်ဖို့ကမ်းလှမ်းထားတယ်....ငါကတော့ငါ့သမီးလေးငယ်ပါသေးတယ်...လွတ်လွတ်လပ်လပ်နေပါစေဆိုပြီးငါညည်းအဖေကိုငြင်းခိုင်းခဲ့တယ်....အခုတော့မရတော့ဘူး....စီစဥ်မှရတော့မယ်...အဲ့တာမှညည်းမဆိုးရဲတော့မှာ....."
"မေမေ..."
"တော်...တိတ်...သွား...အပေါ်တပ်တော့...."
ဖေဖေကငေါက်လိုက်တာကြောင့်ကစ်ဆူပုပ်ပုပ်နှင့်အပေါ်ထပ်မှာရှိတဲ့အခန်းဆီတက်လာခဲ့လိုက်တယ်.....
ဘယ်နှခုနှစ်ရောက်နေပြီလဲ....အခုခေတ်မှာလည်းလူကြီးမိဘတွေစီစဥ်ပေးတဲ့လက်ထပ်ပွဲကလည်းရှိသေးသကိုး....
ကစ်စိတ်ညစ်ညစ်နှင့်ခေါင်းအိုးကိုတဘုန်းဘုန်းနှင့်ထိုးချလိုက်တယ်.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-4 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰