🏆🏆🏆chapter-4🏆🏆🏆
Viewers 43

    မာတာမိခင်ရဲ့အလို​တော်အတိုင်းမြန်မာနိုင်ငံသို့အမြန်ဆုံးနည်းနှင့်ပန်းကန်လုံးစီးကာအ​ပြေးပြန်လာခဲ့ရတယ်.....အသက်ဘယ်​လောက်ကြီးလာပါ​စေမားမားအမိန့်ကို​တော့အခုထိလွန်ဆန်နိုင်စွမ်းမရှိ​သေး​ပေ....


မြန်မာနိုင်ငံကြီးက​တော့အ​တော်ပင်​ပြောင်းလဲသွားခဲ့တယ်....အရာအားလုံး​ပြောင်းလဲသွားခဲ့​ပေမဲ့လတ်ဆတ်တဲ့​လေထုအ​ငွေ့အသက်က​တော့မ​ပြောင်းလဲသွားခဲ့ဘူး.....


"မားမား....I'm back...."


မားမားကို​တွေ့တာနှင့်​ပြေးဖက်ကာ​ချွဲလိုက်တယ်.....


"​ခွေး​ကောင်​လေး...အခုမှအမားကိုလာချွဲ​နေတယ်....အမားကိုလာမ​တွေ့တာဖြင့်၅နှစ်​တောင်ရှိ​နေပြီ...."


"မားကလည်းသားတကယ်မအားလို့ပါဗျာ....အားလပ်ရက်ရရင်လည်းနားရတာမဟုတ်တာ...​ခြေစွမ်းမကျ​အောင်​လေ့ကျင့်​နေရတာ...."


"​ပြောလိုက်ရင်​တော့ဆင်​ခြေချည်းပဲ...အဲ့လို​ခြေရှည်​နေမှန်းသိရင်မင်းကို​ဘောလုံးသမားလုပ်ဖို့ခွင့်ပြုခဲ့မှာမဟုတ်ဘူး...."


"မားကလည်းဗျာ...ဒါနှင့်ပါးပါး​ရော...မ​တွေ့ပါလား...."


"Companyသွားတယ်​လေ...၅နာရီ​လောက်မှပြန်လာလိမ့်မယ်...."


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


"​အော်...ဟုတ်လား...."


"သား....မင်းနိုင်ငံရပ်ခြားမှာချစ်သူရ​နေပြီလား...."


"​ပေါက်ကရ...သားမှာဘယ်ကချစ်သူရှိမှာလဲ....​နေ့တိုင်းကွင်းထဲမှာပဲအချိန်ကုန်​နေတာ...."


"သတိလည်းထားအုန်း​နော်...ကြာရင်​ဘောလုံးနှင့်လည်းညား​နေအုန်းမယ်...."


"မား​နော်..."


"မားက​နောက်တာပါ...ကို့သားကို​တော့​ဘောလုံးနှင့်ဘယ်အညားခံပါ့မလဲ...သားအတွက်​ကောင်မ​လေးတ​ယောက်ရှာထားတယ်...."


"မားတို့က​တော့လုပ်ပြီ..."


မျက်နှာမဲ့ရှုပ်သွားသည့်ခွန်း....


"အမယ်...မားရှာ​ပေးတာမကြိုက်ရင်မင်းအစွမ်းအစနှင့်မင်းရှာ​လေ...."


"မားနှင့်​တော့ခက်ပြီ...."


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


"မင်းကိုလက်ထပ်​ပေးဖို့စီစဥ်​ပေးတာကမင်းကoverseasမှာပဲအချိန်ကုန်တာများ​တော့နိုင်ငံခြားသူမ​တော်တ​ရော်​တွေနှင့်​တွေ့သွားမှာဆိုးလို့....မားက​တော့မြန်မာမိန်းက​လေးကိုပဲ​ချွေးမ​တော်နိုင်မယ်..."


"ဟုတ်ပါပြီ...မားသ​ဘော...ဒါ​ပေမဲ့​နော်သားလက်​တော့မထပ်နိုင်​သေးဘူး...​အချိန်ယူလေ့လာအုန်းမှာ..."


"အင်းပါ...အ​မေလည်းချက်ချင်းကြီးမစီစဥ်​သေးပါဘူး....​စေ့စပ်ရုံပဲ​စေ့စပ်​ပေးထားမှာ...."


"ဟုတ်....မားမား...သားဗိုက်ဆာ​​​နေပြီ...ဘာချက်ထားလဲ...."


"မင်းကနိုင်ငံခြားမှာ​နေလာတဲ့သူပဲကိုယ့်ဘာသာသွားချက်စား​ပေါ့...မီးဖိုခန်းထဲမှာပစ္စည်းပစ္စယ​တွေအစုံရှိတယ်...."


"မားကလည်းသားကမားလက်ရာ​လေးကိုလွမ်း​နေတာကို...."


မားရဲ့ရင်ခွင်ထဲ၀င်ကာချွဲလိုက်တယ်....


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


"သားကြိုက်တဲ့ပုစွန်ထုတ်နှင့်၀က်နံရိုးစွပ်ပြုတ်ချက်ထားတယ်...."


"​ဟေး...ဒါမှတို့မားမားကွ...."


​မားမားပါးလေးကိုရွှတ်ခနဲနမ်းလိုက်တယ်....​မားမားက​တော့ဘာမှပြန်မ​ပြောပဲခွန်းကို​ပြုံးပြီးကြည့်​နေတယ်....


"ကစ်...ထမင်းစားရ​အောင်...."


​အောက်ထပ်က​နေ​မေ​မေလှမ်း​ခေါ်​နေတာ​ကြောင့်ကစ်​လေးလံထိုင်းမှိုင်းစွာ​အောက်ထပ်သို့ဆင်းလာခဲ့တယ်....


"​ဖေကြီး...မိုးတို့ဖုန်းဆက်တယ်...."


"​ဟေ...ဟုတ်လား...ဘာတဲ့လဲ...."


ထမင်းစားရင်းနှင့်​ဖေ​ဖေနှင့်​မေ​​မေကစကား​ပြော​နေကြတယ်....ကစ်က​တော့တိတ်ဆိတ်စွာထမင်းစား​နေခဲ့တယ်....


"သူတို့သား​လေးပြန်​ရောက်လာပြီတဲ့....အဲ့တာက​လေး​တွေကိုမိတ်ဆတ်​ပေးရင်းလာမဲ့sundayကျရင်​​နေ့လည်စာအတူတူစားရ​အောင်ဖိတ်ထားတယ်...."


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


​မေ​မေ့စကား​ကြောင့်ကစ်​ရေ​သောက်​နေတာသီး​တောင်သီးသွားရတယ်....


"ဟဲ့...က​လေး...​ရေ​သောက်တာဘယ်လို​သောက်နေတာလဲ...သီး​တောင်သီးတယ်...​ဖြေး​ဖြေး​သောက်တာမဟုတ်ဘူး...."


​မေ​မေကစိုးရိမ်စွာလှမ်းသတိ​ပေးတယ်....


"Sorry...​မေ​မေ..."


"သမီး...အ​မေ​ပြောတာကြားတယ်​နော်....လာမဲ့sundayကျရင်လုပ်စရာရှိတာ​တွေအကုန်ဖြတ်ထားပါ..."


"ဟုတ်...."


ကစ်ဖေ​ဖေ့စကားကိုမလွန်ဆန်နိုင်တာ​ကြောင့်ဟုတ်လို့သာပြန်​ဖြေလိုက်တယ်....


   ကစ်​ကြောင့်​ဆေးရုံး​ပေါ်​ရောက်​နေတဲ့ဟိုလူ၄​ယောက်ကို​​နောက်တ​ခေါက်သွားပြီးထပ်ထိုးချင်မိ​တော့တယ်....သူတို့​ကြောင့်ကစ်ကျင်းထဲကျပ်ထဲ​ရောက်ရတာ.....


Sunday.....


"သမီး...သမီး​ရေ...ကစ်​လေး..."


ညလုံး​ပေါက်ဂိမ်း​ဆော့​ထားတာ​ကြောင့်ကစ်အိပ်ယာကမနိုး​သေး​ပေ....​မေ​မေအသံ​ကြောင့်ကစ်အိပ်ယာကနိုးလာခဲ့တယ်....


"​မေ​မေ...ဘာလဲဗျာ...ကစ်အိပ်လို့​တောင်မ၀​သေးဘူး...."


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


ကစ်အိပ်ချင်မူးတူးနှင့်မျက်လုံး​တောင်မပွင့်နိုင်ပဲ​မေးခွန်းထုတ်လိုက်တယ်....


"အဲ့တာကဘယ်လိုဖြစ်​နေတာလဲ....အိပ်မှုန်စုတ်ဖွားနှင့်....gameခိုး​ဆော့ပြန်ပြီလား...."


"​မေ​မေကလည်းကစ်အ​ကြောင်းသိရဲ့သားနှင့်...ဝါး!!!"


ကစ်အိပ်ချင်​နေတာ​ကြောင့်သမ်းလိုက်မိတယ်....


"သမ်းမ​နေနှင့်သွား...အခု​ရေသွားချိုးအ၀တ်အစားလဲခဲ့...."


"ဟင်...ဘာလို့လဲ...​မေ​​မေရဲ့...."


"ဒီ​ကောင်မ​လေးက​တော့​လေ...ငါလုပ်ရင်နာ​တော့မှာ...."


​မေ​မေကကစ်​ခေါင်းကို​ဒေါင်ခနဲမြည်​အောင်​ခေါက်လိုက်တယ်....


"အာ..​မေ​​မေနာတယ်လို့...."


"ဒီ​နေ့ထမင်းစားသွားပါမယ်လို့အတန်တန်မှာထားတဲ့ဟာကို​​မေ့​နေရ​​သေးတယ်...."


"ဟင်!!!ဒီ​နေ့ကsundayလား...​မေ​မေ..."


"ဟုတ်တယ်​လေ..."


"ကစ်ကsaturdayထင်လို့....sorry​နော်...​​မေမေ..."


"မြန်မြန်သွားပြင်ဆင်​တော့...​နောက်ကျ​နေရင်နင့်အ​ဖေဆူလိမ့်မယ်...."


"Yes sir...."


ကစ်​မေ​မေရွှတ်​နောက်​နောက်​ပြောကာ​ရေချိုးခန်းထဲသို့အ​ပြေး၀င်ကာ​ရေမိုးချိုးသွားတိုက်လိုက်တယ်....ဗီဒိုထဲကမီးခိုး​ရောင်အင်္ကျီနှင့်​​ဘောင်းဘီ၀မ်းဆက်ကိုထုတ်ကာ၀တ်လိုက်တယ်....

မိတ်ကပ်အထူကြီး​တွေမလိမ်း​ပဲရိုးရိုးmilk creamကိုသာမျက်နှာမှာလိမ်းလိုက်ပြီးဆံပင်ကိုကလစ်ဖြင့်​ကပိုကရိုခေါက်တင်လိုက်တယ်....


   ​  သူများ​တွေလိုမိန်းက​လေးမဆန်ပဲယောကျ်ား​လေးဆန်စွာရိုးရိုးရှင်းရှင်းနှင့်​ပေါ့ပါးstyle​လေး​သာ၀တ်ဆင်တတ်သည့်ကစ်ရယ်ပါ....


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋     


Chapter-5 coming soon🫧🫧🫧🫧🫧


          🍰🍰Authoress-yoon mieno🍰🍰