ကစ်တို့သွားရသည့်အိမ်ကသိပ်မ၀ေးပါ...ဟိုဖက်တလမ်းကျော်တင်...အိမ်ချင်းသိပ်မ၀ေးတာကြောင့်ချက်ချင်းရောက်သွားတော့တယ်....
မေမေတို့သူငယ်ချင်းအိမ်ရောက်ရောက်ချင်းကစ်ဆီးသွားချင်လာတယ်....
ဟာ...ပြဿနာပဲ...ရုတ်တရတ်ကြီးဆီးသွားချင်ရတယ်လို့.....
"မေမေ...သမီးဆီးသွားချင်တယ်...."
မေမေ့ကိုကပ်ပြောလိုက်တယ်....
"အေး...အေး...အမေပြောပေးမယ်...."
မေမေကအိမ်ရှင်အန်တီကြီးကိုပြောပေးတယ်....ကစ်ခွင့်ပြုချက်ရတာနှင့်toiletဆီအမြန်ပြေးလာလိုက်တယ်....
လောလောနှင့်ပြေးလာတာနှင့်ကောင်လေးတယောက်ကို၀င်တိုက်မိတယ်....သူ့အရပ်ကြီးကအရှည်ကြီးမို့ကစ်နဖူးနှင့်သူ့ရင်ဖတ်၀င်တိုက်မိသွားတယ်.....
"sorryနော်....ကစ်မတွေ့လိုက်မိလို့...."
ထိုလူ့ကိုကကစ်မော့မကြည့်အားပဲကစ်toiletထဲ၀င်ကာကိစ္စကိုအမြန်ဖြေရှင်းလိုက်တယ်....
ခွန်းတယောက်toiletထဲပြေး၀င်သွားသည့်ကောင်မလေးကိုကြည့်ကာမထိန်းနိုင်တော့ပဲအသံထွက်သည့်အထိရယ်လိုက်မိတယ်...
ဘယ်လိုကောင်မလေးလဲကွာ....လူကိုတောင်သေချာမော့မကြည့်သွားဘူး....လူကဗရုတ်ကျပေမဲ့ချစ်စရာတော့ကောင်းသားပဲ....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
"သူဇာနှင့်ရဲမြင့်...ဒါငါ့သားလေ....ခွန်းပီတာ...."
မားမားကျွန်တော်သူ့သူငယ်ချင်းမိသားစုနှင့်မိတ်ဆတ်ပေးတယ်....
"ခိုင်...နင့်သားကအချောလေးပဲ...အရပ်ကြီးကလည်းအရှည်ကြီးပဲနော်...."
"အေးဟေ...ငါနှင့်အကိုလည်းအရပ်ကပုံမှန်ပါပဲ....သူတယောက်တည်းအရပ်ကြီးကထူးထူးခြားခြားရှည်ထွက်နေတာ...."
မားမားကျွန်တော့်ပုခုံးကိုပုတ်ကာပြောတယ်....
ကစ်toiletထဲကထွက်လာတော့အန်တီခိုင်နားမှာကောင်လေးတယောက်ထိုင်နေတယ်....ဒါသူ့သားပဲဖြစ်ရမယ်လို့ကစ်တွေးလိုက်မိတယ်....
"ကစ်လေး...ဒါအမားရဲ့သားခွန်းပီတာတဲ့...မှတ်ထားနော်...သမီး...."
ခွန်းပီတာဆိုတဲ့နာမည်ကြားလိုက်တာနှင့်ကစ်ခေါင်းကိုဆတ်ခနဲမော့ကြည့်လိုက်မိတယ်.....
ကစ်ရှေ့မှာထိုင်နေသူကားကစ်ရဲ့idolကြီးခွန်းပီတာ....ကစ်မယုံကြည်စွာမျက်လုံးတွေကိုပွတ်သပ်ကာထပ်ကြည့်လိုက်တယ်....
သို့ပေမဲ့ကစ်ရှေ့မှာထိုင်နေသူကားခွန်းပီတာမှခွန်းပီတာအစစ်.....
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
ကျွန်တော့်ကိုငေးကြည့်နေသည့်ကောင်မလေး....ယောကျ်ားလေးဆန်သည့်သူမလေးကကျွန်တော့်မျက်လုံးထဲမှာတော့ချစ်ဖို့ကောင်းသား.....
ချစ်ခွန်းကစ်တဲ့လား...မင်းနာမည်လေးကကို့နှလုံးသားထဲမှာအမာရွတ်စွဲသလိုစွဲထင်နေပြီ.....
"ကလေးတွေကိစ္စကိုဘယ်လိုစီစဥ်ချင်လဲ....သူဇာ..."
"ခိုင်တို့သဘောပါ...."
"ခိုင့်သဘောကတော့ကလေးတွေကိုအရင်စေ့စပ်ပေးထားချင်တယ်....သူတို့ချင်းရင်းနှီးသွားတော့မှလက်ထပ်ပေးကြတာပေါ့...."
အန်တီခိုင်ရဲ့စကားကြောင့်ကစ်သောက်နေသည့်ကော်ဖီတောင်သီးသွားပြီးချောင်းတောင်ဆိုးသွားရတယ်....
ပါးလေးတွေနီမြန်းတဲ့အထိသီးသွားတဲ့သူမလေးတကယ်ပင်ချစ်စရာ....သူမပါးလေးတွေကိုဖိဆွဲပလိုက်ချင်တယ်.....
"စေ့စပ်ပွဲကတော့ကျွန်တော်overseasကိုမပြန်ခင်အမြန်လုပ်တာကောင်းမယ်...ဘောလုံးရာသီရောက်ရင်ကျွန်တော်ကအားတော့မှာမဟုတ်ဘူး...."
⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️
အကိုခွန်းရဲ့စကားကြောင့်ကစ်အံ့သြသွားရတယ်....ဒါဆိုအကိုခွန်းကကစ်ကိုမငြင်းဘူးဆိုတဲ့သဘောပေါ့....
"သားပြောတာဟုတ်တာပဲ...တို့တွေစေ့စပ်ပွဲကိုအမြန်လုပ်လိုက်ရင်ကောင်းမယ်ထင်တယ်နော်....သူဇာ...."
"ကောင်းတာပေါ့....ခိုင်ရယ်...."
လူကြီးတွေရဲ့သဘောတူညီမူနှင့်အတူကစ်တို့စေ့စပ်ပွဲကိုနောက်တပတ်tuesdayမှာလုပ်ဖို့စီစဥ်လိုက်တယ်....
ကစ်ရဲ့ရင်ထဲမှာတော့လေဟုန်စီးနေရသည့်အလား....စိတ်လှုပ်ရှားမူ၊ပျော်ရွှင်မူတွေကနှင့်ရင်ထဲမှာပြည့်လျှံနေတယ်....
ကစ်ရဲ့idolကြီးကကစ်ရဲ့ခင်ပွန်းလောင်းဖြစ်လာမှာတဲ့လား!!!!
ထိုသတင်းကိုဇွန်တို့ကိုလှမ်းပြောရတယ်....ကစ်ပိုက်ဆံအိတ်ထဲကနေဖုန်းရှာလိုက်တယ်...သို့ပေမဲ့မတွေ့...
ဟာ!!!ဖုန်းကဘယ်ရောက်သွားတာလဲ....ပြဿနာပဲ....ကစ်ပိုက်ဆံအိတ်ကိုမှောက်ချကာသေချာထပ်ရှာလိုက်တယ်....
ကစ်သေချာပြန်စဥ်းစားကြည့်လိုက်တော့ဖုန်းကအကိုခွန်းတို့အိမ်မှာကျန်ခဲ့တာသတိရသွားတယ်....
ကျစ်...ဒုက္ခပဲ....ငါ့ဖုန်းကိုသာအကိုသာတွေ့သွားရင်....မိကစ်...မိကစ်....နင်တော်တော်အသုံးမကျတာပဲ....
ကစ်ကိုယ့်ကိုကိုယ်သာအပြစ်တင်နေမိတယ်.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-6 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰