🏆🏆🏆chapter-6🏆🏆🏆
Viewers 39

    gameဆော့မလို့ဆိုဖာပေါ်လှဲချလိုက်တုန်းမာကျောတဲ့အထိအတွေ့ကိုခံစားလိုက်ရတာကြောင့်လှည့်ကြည့်လိုက်တော့ဖုန်းလုံး....


ဖုန်းပါလား....ဘယ်သူဖုန်းပါလိမ့်...ဒါငါတို့အိမ်ကဖုန်းလည်းမဟုတ်ပါဘူး....


    ဖုန်းကိုဖွင့်ကြည့်လိုက်တော့ဘောလုံးကန်နေသည့်ကျွန်တော့်ပုံကိုwallpaperတင်ထားသည်....lock screen ကိုဖွင့်လိုက်တော့ချစ်ခွန်းကစ်ဆိုတဲ့ကောင်မလေးပုံhome screenမှာတင်ထားတာကိုတွေ့လိုက်ရတယ်....


ကျွန်တော်သိလိုက်ပါပြီ....ဒီဖုန်းပိုင်ရှင်ဘယ်သူလဲဆိုတာ....


galleryထဲ၀င်ကြည့်လိုက်တော့ကျွန်တော့်ပုံတွေချည်းပဲ....ကျွန်တော်အရံသမားကစားကပုံတွေကနေအခုဖလားရခဲ့တဲ့ဓာတ်ပုံတွေထိအားလုံးရှိတယ်....


   လတ်စသတ်တော့ကစ်ကငါ့ရဲ့fanလေးပါလား....မိန်းကလေးတွေကဘောလုံးပွဲစိတ်မ၀င်စားဘူးထင်ထားတာ....အခုတော့ကျွန်တော်ထင်တာမှားသွားပါလား....


"မားမားရေ...မားမှာအန်တီသူဇာတို့အိမ်ဖုန်းရှိတယ်မလား...."


"ရှိတယ်လေ...သား...."


"သားကိုဖုန်းနံပတ်ပေးပါလား...."


"အေး...အေး..."


မားပေးသည့်ဖုန်းနံပတ်ကိုဆက်လိုက်တယ်....


"သမီးရေ...ဖုန်းလာတယ်...ဖုန်းကိုင်လိုက်အုန်း...."


"ဟုတ်...."


ဖုန်းကျန်ခဲ့လို့စိတ်ညစ်နေတုန်းမာတာမိခင်ကဖုန်းကိုင်ခိုင်းနေတာကြောင့်စိတ်မပါလက်မပါနှင့်ဖုန်းကိုင်လိုက်တယ်.....


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


"hello!!!အမိန့်ရှိပါ...ချစ်ခွန်းကစ်စကားပြောနေပါတယ်...."


ကြားလိုက်ရသည်ကားအသံချိုချိုအေးအေး....ထိုအသံလေးကနှလုံးသားထဲထိစွဲငြိသွားတယ်.....


"hello...ကိုပါ....ခွန်းပီတာ...."


"ရှင်!!!အ...အကိုခွန်း..."


အကို့အသံကြားလိုက်ရတော့ကစ်စိတ်လှုပ်ရှားသွားရတယ်....


"ကစ်ရဲ့ဖုန်းအိမ်မှာကျန်ခဲ့တယ်...."


"ဟုတ်တယ်...ကစ်မေ့ကျန်ခဲ့တာ...."


"ကိုအခုလာပေးရမလား..."


"ရပါတယ်...အကို...မနက်ဖြန်မှပဲကစ်လာယူလိုက်ပါ့မယ်...."


"အွန်း...အဲ့တာဆိုဒါပဲနော်ကို့fan girlလေး...."


"ရှင်..."


သူပြောချင်တာပြောပြီးဖုန်းချသွားသည့်ကိုခွန်း...


    ဒါဆိုကိုခွန်းကကစ်ကသူ့fanသိသွားပြီပေါ့....ဟိ....ဒါပေမဲ့လည်းဘာမှမဖြစ်ပါဘူးကွာ...ကိုခွန်းသိသွားတော့လည်းကောင်းပါတယ်....


ဘာပဲဖြစ်ဖြစ်ကိုခွန်းနှင့်ငါကတနေ့ကျရင်လက်ထပ်ရမဲ့သူတွေပဲလေ....


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


    ဖေဖေနှင့်မေမေရေ...ကျေးဇူးပါ...အခုလိုidolကြီးနှင့်နီးစပ်အောင်လုပ်ပေးလို့.....


💬ဇွန်၊ထွန်း...


ကစ်ဇွန်နှင့်ထွန်းကိုgroup chatကနေစာပို့လိုက်တယ်....


💬ပြောလေ...ကစ်...ငါရှိတယ်....


ထွန်းကစာပြန်လာတယ်....


💬ဇွန်ရော...


💬ဇွန်ကလိုင်းပေါ်မရှိသေးဘူး....


💬ဟုတ်လား...ငါကသတင်းထူးပြောမလို့ဟာကို....


ထိုအချိန်မှာဇွန်အကောင့်ကမီးစိမ်းသွားတယ်....


💬သတင်းထူးဆိုပါလား....ဘာတွေများထူးနေလို့လဲ...ကစ်ရဲ့...


💬ဟုတ်တယ်....ပြောလေကွာ...ဇွန်လည်းရောက်နေပြီ......


💬လူစုံပြီဆိုတော့ပြောပြရမှာပေါ့....ငါမကြာခင်စေ့စပ်ရတော့မယ်....


💬ဟင်!!!


💬ဟာ!!!really


💬ဟုတ်တယ်...ငါ့မိဘတွေကစီစဥ်ပေးတာ....


💬မင်းသူနှင့်တွေ့ပြီးသွားပြီလား....


💬ဘယ်ကကောင်လဲ....တော်ရုံတန်ရုံဆိုရင်ငါတို့ငယ်လေးနှင့်သဘောမတူဘူးနော်....


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


ဇွန်နှင့်ထွန်းဆီကမေးခွန်းကိုယ်စီတွေထုတ်ပါတော့တယ်....


💬ငါစေ့စပ်ရမဲ့သူကခွန်းပီတာ....


💬ခွန်းပီတာ...ဒီနာမည်ကြားဖူးသလိုပဲ...


💬အေး.....ရင်းရင်းနှီးနှီးကိုကြားဖူးနေတာ....


💬youတို့ကလည်းကို့idolကိုမေ့နေကြတာလား....


💬ဟင်...ဒါဆို...ငါတို့ရဲ့captainကြီးခွန်းပီတာ....


💬captainကြီးခွန်းပီတာ....


💬ဟုတ်ပါ့ရှင်...ဟုတ်ပါ့...ငါသူနှင့်တောင်တွေ့ပြီးသွားပြီ...အပြင်မှာပိုချောတယ်သိလား....


💬တို့ရဲ့ကစ်ကတော့ကံကောင်းတာပဲ...


💬ဟုတ်ပါ့ကွာ....


💬ခွန်းပီတာနှင့်ဆိုသဘောတာတူတယ်...


💬me too


💬youတို့ရောဘယ်တော့သတင်းကောင်းကြားရမှလဲ....ကောင်လေးချောချောတွေနှင့်တွေ့ပြီလား....


ကစ်တမင်စလိုက်တယ်....


   ⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️⚽️


💬ကစ်နော်...အဲ့လိုမစနှင့်....


💬ငါတို့ကယောကျ်ားယူမှာမဟုတ်ဘူး...မိန်းမပဲယူမှာ...မှတ်ထားလိုက်အုန်း...


💬right....ငါတို့စော်တွေကိုပဲလက်ထပ်မှာ....


💬ကစ်သိတာပေါ့...စတာပါနော်...ငယ်ဆုံးလေးမို့စိတ်မဆိုးကြေးနော်


💬အလျှောက်ကောင်းလို့အထောင်းသက်သာသွားတယ်မှတ်....


💬အငယ်ဆုံးလေးမို့လျှော့ပေးရမှာပေါ့....


💬ဟီး...အဲ့တာကြောင့်မို့ချစ်နေရတာ....


ကစ်အသဲemojiလေးပေးလိုက်တယ်....နာရီ၀က်​လောက်ကြာ​အောင်​ဘော်ဒါ​တွေနှင့်စကား​ပြောပြီး​တော့စကား၀ိုင်းကိုအဆုံးသတ်လိုက်တယ်.....


   ဖုန်းမရှိတာမို့gameလည်းမ​ဆော့ရပဲအိပ်ယာသာ​စော​စော၀င်ခဲ့လိုက်ရတယ်.....


"​မေ​မေ​ရေ...ကစ်သွား​တော့မယ်​နော်..."


"​အေး..​အေး...သား​လေးခွန်းကိုထမင်းစား​ခေါ်ခဲ့အုန်း​နော်...."


"​ဟုတ်...​မေ​မေ..."


နီးနီး​လေးမို့ကစ်စက်ဘီး​လေးထုတ်ကာကိုခွန်းတို့အိမ်ထွက်လာခဲ့လိုက်တယ်......


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-7 coming soon🫧🫧🫧🫧🫧


              🍰🍰authoress-yoon mieno🍰🍰