စာမေးပွဲဖြေပြီးတဲ့နေ့မှာသျှားကမဏိကိုပြောတယ်....မကိုသိပ်ချစ်တယ်တဲ့....သူ့အချစ်ကိုလက်ခံပေးဖို့မဏိကိုဖွင့်ပြောခဲ့တယ်....မဏိသူ့ဖွင့်ပြောတာကိုလက်မခံရဲခဲ့ဘူး....ငြင်းလိုက်မိတယ်.....
သူ့ရဲ့ညှိုးငယ်သွားတဲ့မျက်နှာလေးကိုမဏိအခုထိမေ့မရခဲ့ဘူး....မဏိကိုခွင့်မလွှတ်ပါနှင့်....သျှားရယ်....မဏိရှင့်ကိုသိပ်ချစ်ပေမဲ့ရှင့်အချစ်ကိုလက်မခံရဲဘူး....သျှား....
ကျောင်းပိတ်ရက်ဖြစ်တာကြောင့်မဏိသျှားကိုတွေ့ခွင့်မရှိခဲ့.....သျှားနှင့်မတွေ့ရတဲ့နေ့ရက်တွေမှာသျှားကိုပဲသတိရမိနေတယ်....ချစ်ရသူကမဏိကိုဖွင့်ပြောခဲ့သည်ကိုမဏိရင်နာနာနှင့်ငြင်းခဲ့ရတယ်....ပြန်တွေးမိတိုင်းအသည်းနာမိတယ်....
မဏိပြတင်းပေါက်အပြင်ဖက်ကပန်းပင်လေးတွေကိုငေးကြည့်နေမိပြီးအတွေးနယ်ချဲ့နေမိတယ်....
"သမီး...မဏိ..."
အန်တီငယ်ကမဏိပုခုံးကိုကိုင်ပြီးခေါ်တော့မှမဏိအတွေးတွေရပ်တန့်သွားတော့တယ်....
"သမီး...ဘာတွေတွေးနေတာလဲ???အန်တီငယ်တံခါးခေါက်တာတောင်မကြားဘူး...."
"ဘာမှမဟုတ်ပါဘူး....အန်တီငယ်...."
မျက်၀န်းထက်မှာ၀ဲတက်နေတဲ့မျက်ရည်စတွေကိုအန်တီငယ်မသိအောင်အသားလေးသုတ်လိုက်ရင်းပြန်ဖြေလိုက်တယ်....
"သမီးမေမေ....ဖုန်းဆက်တယ်....ဖုန်းပြောလိုက်အုန်း...."
"ဟုတ်ကဲ့...."
အန်တီငယ်လက်ထဲကဖုန်းကိုယူလိုက်ပြီးဖုန်းကိုင်လိုက်တယ်.....
"ဟဲလို....မေမေ...."
"အေး...သမီးလေး....ကျောင်းပိတ်သွားပြီဆို..."
"ဟုတ်ကဲ့...."
"အဲ့တာဆိုသမီးမေမေတို့ရှိတဲ့တရုတ်နိုင်ငံကိုလာလည်ပါလား???မေမေသမီးကိုသတိရနေတာ...."
"မလာတော့ပါဘူး....မေမေရယ်....နောက်မှပဲလာတော့မယ်...."
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"အေးပါ...သမီးလေးသဘော....ဒါပေမဲ့ကျောင်းပြီးရင်တော့မေမေလာခေါ်မှာနော်....အဲ့ကျရင်တော့တခါတည်းလိုက်ခဲ့ရမယ်....ငြင်းဖို့မကြိုးစားနှင့်...."
"ဟုတ်ကဲ့ပါ....ဒါနှင့်မေမေ...သမီးတခုလောက်မေးချင်တယ်...."
"မေးလေ....သမီး...."
"မေမေတို့ကသမီးကျောင်းပြီးတာနှင့်တကယ်လက်ထပ်ပေးမှာလား???"
"ဟုတ်တယ်လေ....သမီးရဲ့...သားရှောင်ချွမ်းကသမီးကျောင်းပြီးတာကိုစောင့်နေတာ...."
"မေမေကသမီးကိုရှောင်ချွမ်းနှင့်ဘာလို့လက်ထပ်ပေးချင်ရတာလဲ???"
"အွန်း...သမီးလဲအရွယ်ရောက်နေပြီဆိုတော့မေမေအရင်ကမပြောဖြစ်ခဲ့တာတွေပြောပြရမှာပေါ့....မေမေတို့တရုတ်နိုင်ငံမှာစီးပွားရှာဖို့သမီးငယ်ငယ်လေးကတည်းထွက်လာတာသမီးသိပါတယ်...."
"ဟုတ်...သမီးသိပါတယ်...."
"အေး...မေမေတို့companyထောင်မဲ့ပိုက်ဆံတော်တော်များများလူလိမ်ခံလိုက်ရတယ်....သမီးရယ်....မေမေတို့သူများနိုင်ငံမှာဒုက္ခအရမ်းရောက်ခဲ့ရတာ...."
"ရှင်....သမီးလည်းအဲ့အကြောင်းတွေမသိရပါလား???"
"သမီးကငယ်သေးတော့မေမေတို့မပြောပြခဲ့တာ....ရှောင်ချွမ်းရဲ့မိဘတွေကမေမေတို့ကိုစေတနာထားပြီးငွေအင်အားရော၊လူအင်အားရောကူညီခဲ့တယ်....ငါ့သမီးလေးဒီလိုနေနေရတာရှောင်ချွမ်းရဲ့မိဘတွေကျေးဇူးကြောင့်ပဲ....သမီးရဲ့...."
"ဟုတ်...."
"သားရှောင်ချွမ်းကသမီးရဲ့ဓာတ်ပုံလေးကိုမြင်ကတည်းကသမီးကိုသဘောကျနေတာ....အဲ့တာကြောင့်သမီးနှင့်သားကိုလက်ထပ်ပေးဖို့လူကြီးချင်းသဘောတူထားတာ....သမီးရဲ့...."
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
မဏိပြောရမဲ့စကားများပင်စွံအသွားခဲ့တယ်....ဘာပြောရလဲကိုမသိတော့ဘူး.....မဏိတို့တင်နေတဲ့ကျေးဇူးတရားတွေကြောင်းငြင်းဆန်ခွင့်တောင်မရှိတော့ဘူးလား???
ကျေးဇူးတရားဆိုတဲ့ခေါင်းစဥ်အောက်မှာမဏိရဲ့နှလုံးသားကမြေစာပင်ဖြစ်ရတော့မှာလား....မေမေရယ်....
"သမီးလေး....စိတ်မပူပါနှင့်....သားချွမ်းကလူချောပါ...ပြီးတော့တရုတ်နိုင်ငံရဲ့top 10စာရင်း၀င်လုပ်ငန်းရှင်ကြီး....မေမေကတော့ချွမ်းကိုသမက်တော်ရမှာ၀မ်းသာနေတာ....."
မေမေကတော့ပျော်ရွှင်စွာပြောနေပေမဲ့မဏိကတော့နှလုံးသားထဲကတဆစ်ဆစ်နာကျင်နေတယ်....
"ဟုတ်....မေမေ...သမီးဖုန်းချလိုက်တော့မယ်နော်...နားချင်နေပြီ...."
"အေး...သမီးလေး...."
စိတ်ညစ်တယ်....အရမ်းစိတ်ညစ်တယ်....မိဘနှင့်ချစ်ရသူကြားမှာမဏိတော့ရူးတော့မယ်....
ဦးနှောက်ကတော့မေမေတို့သဘောတူတဲ့သူနှင့်လက်ထပ်လိုက်လို့ပြောနေပေမဲ့နှလုံးသားကတော့ဘာမှမတွေးပဲသျှားဆီကိုသာသွားဖို့ပြောနေခဲ့တယ်....
မဏိစိတ်ညစ်ညစ်နှင့်တဖက်လမ်းမှာရှိတဲ့ပန်းလေးတို့အိမ်ကိုထွက်လာခဲ့လိုက်တယ်....မဏိရဲ့ခံစားချက်တွေကိုပန်းလေးကိုဖွင့်ဟနေမိတယ်....မဏိရင်ဖွင့်စရာဆိုလို့ပန်းလေးတယောက်သာရှိခဲ့တယ်.....
ပန်းလေးကတော့နှလုံးသားနောက်ကိုသာလိုက်ဖို့ပြောခဲ့တယ်....မဏိလည်းလိုက်ချင်ပါတယ်....ဒါပေမဲ့မဏိနှလုံးသားရဲ့စကားတွေနားထောင်ဖို့သတ္တိမရှိခဲ့ဘူး.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-12 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰