💘💘💘chapter-12💘💘💘
Viewers 429

   ပန်းလေးတယောက်coffeeဆိုင်တခုလူတယောက်ကိုစောင့်နေတယ်....သူမစောင့်နေသူကားအခြားသူမဟုတ်...တော်၀င်သျှားဆိုသည့်သူ....


    အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့မဏိနာကျင်ခံစားနေရာတာကိုပန်းလေးဒီထက်ပိုပြီးလက်ပိုက်မကြည့်နေနိုင်တော့ပါ....ဒီကိစ္စကိုသူမကြား၀င်မှဖြစ်တော့မယ်လို့ဆုံးဖြတ်ကာတော်၀င်သျှားနှင့်စကားပြောရန်ချိန်းထားခြင်းဖြစ်တယ်....


ထိုအချိန်coffee shopထဲ၀င်လာသူကားတော်၀င်သျှား....


"ပန်းလေး...နင်ဘာလို့ငါ့ကိုဒီကိုချိန်းထားတာလဲ???"


ပန်းလေးတော်၀င်ရဲ့မျက်နှာကိုကြည့်လိုက်တော့သူ့မျက်နှာမှာ၀မ်းနည်းခြင်း၊နာကျင်ခြင်းတွေကသာနေရာယူထားကြတယ်....


"တော်၀င်....နင့်မျက်နှာလည်းမကောင်းပါလား???မဟုတ်မှလွဲရောမဏိကနင့်ကိုငြင်းလိုက်လို့မလား???"


"ဟုတ်တယ်....မကငါ့ကိုပြန်မချစ်နိုင်ဘူးတဲ့....မကငါ့အချစ်ကိုမယုံဘူးထင်ပါတယ်...."


"မဟုတ်ဘူး....တော်၀င်...နင်ဒီကိစ္စကိုသေသေချာချာမသိသေးဘူး...."


"ဘယ်လို???"


"ဟုတ်တယ်...တော်၀င်...မဏိကနင့်ကိုချစ်နေတယ်..."


"မကငါ့ချစ်နေတယ်...ဟုတ်လား???ဒါဆိုမကငါ့ကိုဘာလို့ငြင်းတာလဲ???"


"သူ့မိဘတွေကြောင့်ပေါ့...ငါနင့်ကိုရှင််းပြမယ်....တော်၀င်...နင်သေချာနားထောင်...."


ပန်းလေးကကျွန်တော့်ကိုအဖြစ်အပျက်တွေအားလုံးကိုသေချာရှင်းပြတယ်....


"ဒါဆိုမကငါ့ကိုချစ်နေရဲ့သားနှင့်သူ့မိဘတွေကြာင့်ငြင်းလိုက်တာပေါ့...."


"ဟုတ်တယ်....တော်၀င်...တဖက်လူတွေကကျေးဇူးတရားဆိုတဲ့ခေါင်းစဥ်နှင့်ချုပ်ထားတော့မဏိမိဘတွေရော၊မဏိပါမလှုပ်နိုင်တော့ဘူးလေ...."


"တောက်...."


ကျွန်တော်ဒေါသထွက်ထွက်နှင့်တောက်သာခေါက်လိုက်မိတယ်....


    💚💚💚💚💚💚💚💚💚💚💚💚💚💚💚


"တော်၀င်...နင်မဏိကိုအချစ်တွေများများသာပေးလိုက်ပါ....မဏိကအခုချိန်မှာသတ္တိမရှိဘူးဖြစ်နေတယ်....နင့်အချစ်တွေကသာမဏိကိုသတ္တိတွေပေးနိုင်မှာ...."


"ပန်းလေး...ငါမကိုအရမ်းသနားတယ်ဟာ...."


မနာကျင်ခံစားရတာတွေကိုတွေးလိုက်မိတိုင်းကျွန်တော်ရင်နာမိတယ်....


"ငါရောပဲ....တော်၀င်...အဲ့တာကြောင့်ငါနင့်ကိုဒီကိစ္စတွေလာပြောပြတာပေါ့....နင်နှင့်မဏိကတယောက်ကိုတယောက်သိပ်ချစ်ကြတယ်ဆိုတာငါသိတယ်....နင်မဏိကိုမထားသွားပါနှင့်ဟာ...သူအရမ်းနာကျင်နေရမှာ..."


"ငါမကိုဘယ်တော့မှထားသွားမှာမဟုတ်ဘူး....ပန်းလေး...အခုလည်းမထားသွားသလိုနောက်လည်းထားသွားမဟုတ်ဘူး....အခုလိုပြောပြပေးတာနင့်ကိုအရမ်းကျေးဇူးတင်တယ်....ပန်းလေး...ငါနှင့်မရဲ့အချစ်လမ်းခရီးမှာဆူးတွေအများကြီးရှိနေမယ်ဆိုရင်တောင်ငါရဲရဲကြီးဖြတ်လျှောက်သွားပြီးမဆီကိုရောက်အောင်သွားမှာ...."


အခုတော့ကျွန်တော်သိသွားပြီ...မ...အရာအားလုံးကိုသိသွားပြီ....မဆီကိုကျွန်တော်ရောက်အောင်လာခဲ့မှာမို့မစောင့်နေပေးပါ....


     APRILလရောက်နေပြီဖြစ်တာကြောင့်ကျွန်တော်တို့အိမ်မှာရှိနေတဲ့ပိတောက်ပင်ကြီးမှာပိတောက်ပန်းလေးတွေကတောက်ပစွာပွင့်လန်းနေခဲ့တယ်.....ပိတောက်ပန်းလေးတွေကိုမြင်တော့မကိုသတိရမိတယ်....


မကပြောတယ်...ပိတောက်ပန်းလေးတွေကပန်းတွေထဲမှာသစ္စာအရှိဆုံးပဲတဲ့...တနှစ်မှာတခါပဲပွင့်တဲ့ပန်းလေးမို့မကပိတောက်ပန်းလေးတွေကိုအမြတ်နိုးနှင့်တန်ဖိုးအထားဆုံးပဲတဲ့....


    💚💚💚💚💚💚💚💚💚💚💚💚💚💚💚


မကိုပိတောက်ပန်းလေးတွေပေးချင်စိတ်ပေါ်လာတာကြောင့်ကျွန်တော်ကိုယ်တိုင်သစ်ပင်ပေါ်တက်ပြီးချစ်ရတဲ့မအတွက်ပန်းလေးတွေခူးလိုက်တယ်....


"ဟဲ့...သားအပင်ပေါ်ဘာတက်လုပ်နေတာလဲ???အပင်ပေါ်ကပြုတ်ကျအုန်းမယ်....ဆင်းခဲ့တော့...."


မေမေကအပင်အောက်ကနေစိတ်ပူစွာပြောနေခဲ့တယ်....


"ဟုတ်...မေမေ..."


ကျွန်တော်လည်းမေမေစိတ်ပူနေမှာစိုးလို့အပင်ပေါ်ကအမြန်ဆင်းလိုက်တယ်....


"ဆိုစမ်းပါအုန်း...ဘာကိစ္စအပင်ပေါ်တက်ပြီးပွေလီတာလဲ???"


"သားပိတောက်ပန်းတွေခူးပြီးသူငယ်ချင်းတွေကိုလက်ဆောင်ပေးမလို့ပါ...."


"အဲ့တာများသားရယ်...အိမ်ကအလုပ်သမားတွေခိုင်းရောပေါ့....အခုတော့ရှိစေတော့...နောက်ဆိုအပင်ပေါ်မတက်ရဘူးနော်...."


"ဟုတ်ကဲ့ပါ...သားအပြင်သွားလိုက်အုန်းမယ်နော်...."


စကားပင်မဆုံးသေးကားမောင်းထွက်သွားသည့်သားဖြစ်ကြောင့်ဒေါ်မြလေးနားမလည်မနိုင်စွာဖြစ်နေတော့တယ်....သားဖြစ်သူအရင်နှင့်မတူပဲပြောင်းလဲလာသည်ကိုဒေါ်မြလေးသတိထားမိနေတာကြာပါပြီ....


   ကျွန်တော်မအိမ်သို့တန်းမောင်းသွားလိုက်တယ်....ပိတောက်ပန်းလေးကိုင်ကာမကိုတွေ့လိုတွေ့ညားခြံရှေ့မှာဟိုကြည့်ဒီကြည့်နေမိတယ်....


မဏိဧည့်ခန်းထဲမှာt.vကြည့်နေရင်းအိမ်ရှေ့မှာပိတောက်ပန်းတွေတပွေ့တပိုက်နှင့်ရပ်နေသည့်သျှားကိုတွေ့လိုက်ရလို့အလွန်အံ့သြသွားတယ်....တော်သေးတာပေါ့...အန်တီလေးတို့ကအလုပ်ကိစ္စနှင့်companyသွားနေတဲ့အချိန်မို့လို့ပေါ့....


"သျှား...ဘယ်လိုရောက်လာတာလဲ???"


မကချောကလက်ရောင်ဂါ၀န်လေးနှင့်သိပ်ကိုလှနေတယ်...ချစ်စရာကောင်းလိုက်တာမရယ်....


"မအတွက်ပိတောက်ပန်းတွေလာပို့ပေးတာ...."


သျှားကမဏိကိုပိတောက်ပန်းလေးတွေပေးတယ်...ပိတောက်ပန်းလေးတွေကလှသွေးကြွယ်နေပြီးမွှေးရနံ့တို့သင်းပျံ့နေတာ....သျှားပေးတဲ့ပိတောက်ပန်းလေးကိုတမြတ်တနိုးနမ်းရှိုက်လိုက်မိတယ်....


"ကျေးဇူးပဲနော်....သျှား..."


"မမွေးနေ့မှာကျွန်တော်ပထမဆုံးလက်ဆောင်လာပေးမယ်...."


"သျှား..."


"မ...မကိုကျွန်တော်ဘယ်တော့မှလက်လျှော့မှမဟုတ်ဘူး.....မကိုအရမ်းချစ်တယ်...."


ကျွန်တော်လက်လေးနှစ်ဖက်ကိုကွေးလိုက်ပြီးအသည်းပုံစံလေးမကိုလုပ်ပြလိုက်တယ်....


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-13 coming soon🫧🫧🫧🫧🫧


               🍰🍰authoress-yoon mieno🍰🍰