Chapter 108
Viewers 9k

👻Chapter 108



ခေါင်းလောင်းသံ၁၂ချက်မှာ ကောင်းကင်ကြီးကိုမြည်ဟီးသွားစေတော့မတက်ပင်။


ထိုခေါင်းလောင်းသံမှာ အစီအရင်ထံမှ ဖိနှိပ်ခံထားရကာ အောက်မှသေမျိုးများကသတိမထားမိပါချေ။ 


ထိုခေါင်းလောင်းသံ၁၂ချက်အပြီးတွင် ချန်းအန်ခေါင်းလောင်းမျှော်စင်ထံသို့စုဝေးနေကြသော သရဲတစ်ရာမှာ တဖြည်းဖြည်းမှိန်ဖျော့ပျောက်ကွယ်သွားခဲ့လေသည်။ သို့သော် ၄င်းမှာအစသာရှိပေသေးသည်။ အစပိုင်းတွင် ယဲ့ကျင်းကျီမှာ သရဲတစ်ရာပွဲတော်ကိုတွေ့ရစဥ် ယဲ့ကျင်းကျီမှာ ထူးထွေပြီးစိတ်ပူမနေခဲ့သေးချေ။ အဆုံးမှာတော့ ထိုသရဲများမှာပျောက်ကွယ်သွားသည်မဟုတ်ပါလား ။


သို့သော် ခေါင်းလောင်းမျှော်စင်အလယ်မှ ထွက်ပေါ်လာသော ရွှေရောင်လက်သည်း၅ခုနဂါးကို ထိတ်လန့်ဖွယ်တွေ့ရှိလိုက်ရလေသည်။


ကြီးမားသော ရွှေရောင်နဂါးကြီးမှာ ခရမ်းရောင်အရှိန်အ၀ါကိုသယ်ဆောင်လျက် ခေါင်းလောင်းမျှော်စင်မှ ချန်းအန်ရှေးဟောင်းမြို့တော်နံရံသို့၀င်တိုက်လိုက်လေသည်။ လမ်းတစ်လျှောက်တွင် ဆန်းကြယ်သော ရွှေရောင်အလင်းများဖြန်းပက်ဖြာကျကျန်ရစ်လေသည်။ အဆုံးတွင် ၄င်းမှာ ချန်းအန်၏ရှေးဟောင်းမြို့တော်နံရံအတွင်းတိုး၀င်ပျောက်ကွယ်သွားခဲ့လေသည်။


ယဲ့ကျင်းကျီ၏အကြည့်များက အတော်ကြာသည်အထိ စူးရှတောက်ပစွာစိုက်ကြည့်နေခဲ့လေသည်။ သူကလှည့်ကြည့်လျက်မေးလိုက်လေသည်။


"အဲဒါကဘာလဲ"


စန်းရှို့ကျန်းကျွင်းမှာ မည်သို့သိပါမည်နည်း။ ဆရာတော်ပုရှင်းမှာလည်း ခါးသက်စွာပြုံးလျက်ဆိုလာခဲ့သည်။ 


"တာအိုရောင်းရင်းလေးယဲ့ရေ..တို့တွေလည်း သိနေမှတော့ ဒီနားမှာဒီတိုင်းရပ်နေပါ့မလားနော်..သရဲတစ်သောင်းမပြောနဲ့ သရဲတစ်သိန်းဆိုရင်တောင် တို့တွေအားလုံးပေါင်းရင်ရှင်းပစ်နိုင်တယ်...ဒါပေမယ့်နဂါးကသူတို့ကိုကာကွယ်ပေးထားတာ..အနားကိုကပ်သွားရင် နဂါးရဲ့အရှိန်အ၀ါကငါတို့ကိုတိုက်ခိုက်လာတယ်..သူကခေါင်းလောင်းမြည်သံပြီးတဲ့အထိစောင့်ပြီးမှ ပျံထွက်သွားတာပဲ"


ယဲ့ကျင်းကျီမှာ နဂါးပျောက်ကွယ်သွားရာနေရာဆီငုံ့ကြည့်လိုက်လေသည်။ ထို့နောက်သူသည်ဖုန်းကိုရုတ်ချည်းထုတ်ယူလိုက်သည်။


ဆရာတော်ပုရှင်းတန့်သွားမိသည်။ 


"တာအိုရောင်းရင်းလေးယဲ့ ဘာလုပ်နေတာလဲနော်"


ယဲ့ကျင်းကျီ"wechat ပို့နေတာပါ" 


ဆရာတော်ပုရှင်း "...."


မင်းwechatပို့နေမှန်းတော့သိတာပေါ့လို့..ဒါပေမယ့်တို့တွေအရေးကြီးကိစ္စကိုဆွေးနွေးနေတာလေ အဖြေတောင်မထုတ်နိုင်သေးခင် မင်းကwechatကိုဖွင့်တော့ဘယ်လိုလုပ်သင့်တော်မှာလဲလို့..


ရှီကျားမှာ အမြန်လမ်းပေါ်ရောက်ရှိနေခဲ့ချေပြီ။ သူကရေကိုတစ်လုပ်မော့သောက်လိုက်ပြီး ဖုန်းကိုခတ္တစစ်ကြည့်လိုက်သည်။


【 ယဲ့ကျင်းကျီ: ချန်းအန်ကအရမ်းအန္တရာယ်များနေတယ် မလာခဲ့နဲ့နော် 】


ရှီကျား"????"


ဆရာယဲ့မှာ ကျေနပ်မှုအပြည့်နှင့်ဖုန်းကိုသိမ်းလိုက်လေသည်။


အင်း ဒီလိုအန္တရာယ်များတဲ့နေရာမျိုးကို ဇနီးလေးမလာဖို့အရေးကြီးဆုံးပဲ...


အရေးပေါ်အခြေအနေကြောင့် ထိုညတွင် ရှီကျားမှာ နန်ရိနှင့်အတူ ထျန်းကျိကျောင်းသို့လိုက်သွားရလေသည်။


ရှီကျားမှာ ထျန်းကျိကျောင်းကိုစကြားဖူးသည်နှင့် ခိုနေရာမှာ မြို့တော်တွင်တည်ရှိလိမ့်မည်ဟု အလိုလိုတွေးမိလေသည်။ ၄င်းမှာ နားလည်ချင်စရာတော့ရှိသည်။ ရှေးခေတ်ကတည်းကပင် ဖုန်းရွှေဆရာသခင်တို့မှာ မင်းဆရာဘွဲ့ကိုပေးကာ ဧကရာဇ်တို့ထံအမှုထမ်းရပြီး နန်းမြို့ဖုန်းရွှေဆရာသခင်များဖြစ်လာကြသည်။ ထျန်းကျိကျောင်းမှ ဆရာသခင်တစ်ဦးတစ်ယောက်သော်မျှ သရဲဖမ်းသည့်နေရာတွင်မတော်ပါချေ။ သူတို့ကရှေ့ရေးကိုဟောပြောနိုင်ကြကာ နိုင်ငံ့တာ၀န်ကိုထမ်းကြလေသည်။ ထို့ကြောင့်အရေးပါသောရာထူးပုဂ္ဂိုလ်တို့နှင့် နီးနီးကပ်ကပ်နေရန်လိုအပ်သဖြင့် ထျန်းကျိကျောင်းသည် မြို့တော်တွင်တည်ရှိနေသည်မှာ ဖြစ်သင့်သောအရာပင်ဖြစ်သည်။


 á€žá€­á€Żá€ˇá€žá€ąá€Źá€şCစီရင်စုမှထွက်လာပြီးနောက်တွင် ၂ဦးသားမှာ နန်ရိ၏ဦးဆောင်မှုအောက် တောင်အရပ်သို့ထွက်လာရလေသည်။ 


ရှီကျားအံ့အားသင့်သွားခဲ့သည်။


"ထျန်းကျိကျောင်းက မြို့တော်မှာမဟုတ်ဘူးလား"


နန်ရိ " တာအိုရောင်းရင်းရှီက ဘာလို့အဲသလိုထင်တာလဲ"


ရှီကျားလည်း အကျိုးအကြောင်းဆီလျော်စွာ ရှင်းပြလိုက်လေသည်။


နန်ရိကဆိုသည်။


"တာအိုရောင်းရင်းရှီရဲ့အတွေးက ကျိုးကြောင်းညီညွတ်သား...ထျန်းကျိကျောင်းက နှစ်ပေါင်း၆၀၀ကျော်လောက်မြို့တော်မှာရှိခဲ့ပြီးတော့ မင်းအဆက်ဆက်နဲ့လည်းဆက်ဆံရေးကောင်းတွေရှိကြတယ်..ဒါပေမယ့်လွန်ခဲ့တဲ့နှစ်၅၀လောက်က ထျန်းကျိကျောင်းက အမိန့်အရတောင်ဘက်ကိုရွေ့ခဲ့ရတယ်. စီနီယာကျူးကျောက်က ထျန်းကျိကျောင်းရဲ့ တပည့်၈၀ရာခိုင်နှုန်းလောက်ကိုခေါ်ပြီး Yစီရင်စုကိုပြောင်းလာတယ်လေ..သူတို့၈နှစ်လောက်အချိန်ပေးပြီး Pမြို့မှာ ဖုန်းရွှေနဂါးမင်းအစီအရင်ကိုချခဲ့ရတယ်..အဲဒီချိန်ကစပြီး Pမြို့က နဂါးအစစ်ရဲ့ကာကွယ်ပေးတာကိုခံခဲ့ရတာပဲ.. Pမြို့ကိုဗဟိုထားပြီး တခြားနယ်နိမိတ်တွေလည်းပါတာပေါ့..အဲဒီအချိန်ကစပြီး ထျန်းကျိကျောင်းကပြန်မသွားတော့ဘူး"


"စီနီယာကျူးကျောက်ဆိုတာ...ကျူးကျောက်ကျန်းရန်များလား"


နန်ရိခေါင်းညိတ်လိုက်သည်။


"ကျူးကျောက်ကျန်းရန်ကိုပြောတာပေါ့..လွန်ခဲ့တဲ့နှစ်၅၀က ကျူးကျောက်ကျန်းရန်ရဲ့ ပါရမီနဲ့စွမ်းရည်ကထိပ်ဆုံးမှာပဲ..သူကသွက်လက်ချက်ချာပြီး ဥာဏ်လည်းရှိတယ်...အဲဒီအချိန်တုန်းကသူဟာထိပ်တန်းလူငယ်မျိုးဆက်တွေထဲကတစ်ယောက်ပေါ့"


ရှီကျား၏ အတွေးထဲတွင် ဓါးတစ်ချောင်းနှင့် သူတို့အိမ်တံခါးကို အ၀ိုင်းပေါက်လေးလှီးခဲ့ပြီး နောက်ပိုင်းတွင် ၄င်းအတွက် ၁သန်းတိတိအလျော်ပေးခဲ့ရသော မုတ်ဆိတ်ဖြူများနှင့်လူအိုကြီးတစ်ယောက်၏မျက်နှာကိုမြင်ယောင်လာမိသည်။


အဲဒါကို ပါရမီရင့်သန်ပြီး ဥာဏ်ထက်တဲ့စွမ်းရည်ပိုင်ရှင်လို့ခေါ်တာလား...


နန်ရိမှာ ကျူးကျောက်ကျန်းရန်တစ်ယောက် တုံးတုံးအအအလွဲများလုပ်ဖူးခဲ့ကြောင်းကိုမသိပါချေ။ သူကကျူးကျောက်ကျန်းရန်အား လေးလေးစားစားအမွှမ်းတင်နေခဲ့သည်။ ဘေးမှရှီကျားမှာ ဘ၀ကြီးတစ်ခုလုံးနှင့် ဤခရီးအကြောင်းကို သံသယ၀င်လာမိတော့သည်။ သူတို့၂ဦးသားမှာ Pမြို့သို့ရောက်ရှိလာခဲ့ကြလေသည်။ ရှီကျုးမှာကားကိုအရှိန်လျှော့လိုက်ပြီး မြို့ပြင်ဘက်မောင်းရန်ပြင်လိုက်စဥ် နန်ရိကပြောလာသည်ကိုကြားလိုက်ရသည်။


"ထျန်းကျိကျောင်းကမြို့လယ်ခေါင်မှာရှိတာ"


ရှီကျားတန့်သွားမိကာ ကားကိုအမြန်ပြန်လှည့်လိုက်ရလေသည်။


ကားကလေးမှာ Pမြို့၏လူအစည်ကားဆုံးလမ်းကြောတစ်လျှောက်မောင်းနှင်သွားခဲ့သည်။ ရှီကျားမှာလမ်းတစ်လျှောက် သူတို့လမ်းမှားလာမလာ ၃ကြိမ်တိတိမေးခဲ့သော်လည်း နန်ရိကမူ ထျန်းကျိကျောင်းမှာ ရှေ့တွင်ရှိကြောင်း ယုံကြည်မှုရှိရှိဖြေနေခဲ့သည်။ မကြာလိုက်ခင်မှာပင် ရှီကျားသည် နန်ရိ၏လမ်းညွှန်မှုအောက်မှာပင် မိုးမျှော်တိုက်အဆောက်အဦးတစ်ခု၏ မြေအောက်ကားပါကင်တွင် ကားကိုထိုးလိုက်ရလေသည်။ သူကကားကိုပါကင်ထိုးပြီးနောက် မေးလိုက်မိသည်။


"ဆရာနန်..ခင်များကျွန်တော့်ကို ထျန်းကျိကျောင်းဆီ မှော်အစွမ်းနဲ့ခေါ်သွားမှာများလား"


နန်ရိမှာ ဓါတ်လှေကားခလုတ်ကိုနှိပ်ကာဆိုလာခဲ့သည်။


"တာအိုရောင်းရင်းရှီ..ထျန်းကျိကျောင်းကိုရောက်နေပြီးပါပြီ"


ရှီကျားခေါင်းကိုညိတ်လိုက်မိသည်။ 


"ဒီတော့ထျန်းကျိကျောင်းက တကယ်တော့ ဒီလိုလူစည်ကားတဲ့မြို့လယ်ခေါင်မှာ ပုန်းကွယ်နေတာပေါ့..ဘယ်မှာများလဲ"


နန်ရိကဆိုသည်။


"ဒီမှာပဲလေ "


ရှီကျား "ဘယ်မှာ?"


နန်ရိ" ဒီမှာပါ" 


ရှီကျား" ..ဆောရီးနော် ဆရာနန်..ကျွန်တော်သေချာနားမလည်လိုက်တာဖြစ်မယ်..ထျန်းကျိကျောင်းကဘယ်မှာလို့ပြောလိုက်တာ?"


"တင်းတောင်...."


ဓါတ်လှေကားမှာ ရပ်တန့်သွားလျက် တံခါးကဖြည်းညှင်းစွာပွင့်လာခဲ့သည်။ ရှီကျား၏မျက်လုံးတို့ရုတ်ချည်းပြူးကျယ်သွားလျက် ဓါတ်လှေကားနံရံတွင်ရေးထွင်းထားသော စာလုံးများကို မယုံနိုင်စွာဖတ်လိုက်မိလေသည်။


『Tianji Group မှကြိုဆိုပါတယ် !』


ရှီကျား "......" 


နန်ရိ၏အမူအယာမှာလေးနက်နေခဲ့သည်။


"တာအိုရောင်းရင်းရှီတက်ကြစို့..ထျန်းကျိကျောင်းကိုရောက်ပြီလေ"


ရှီကျား “@$%@#$@!#$!!!”


အပေါ်သို့တက်သည့်ခလုတ်ကိုနှိပ်ပြီးနောက် နန်ရိမှာ ၅၂ထပ်မြောက်ကိုရွေးချယ်လိုက်လေသည်။ ရှီကျားမှာ ဓါတ်လှေကားထဲတွင် ထူးဆန်းသောအမူအရာနှင့်ရပ်နေခဲ့ပြီးမှ ထိုဓါတ်လှေကားမှာ အလွန်အမိုက်စား ရှူခင်းviewကြီးရှိနေသည်ကိုပါ သိလိုက်ရလေသည်။ ၄င်းမှာPမြို့၏လူအစည်ကားဆုံးမြို့လယ်ခေါင်ဖြစ်ကာ ဘေးပါတ်ပါတ်လည်တွင်၀န်းရံနေသော မိုးမျှော်တိုက်အဆောက်အဦးကြီးများနှင့် အလွန်ခမ်းနားသောမြင်ကွင်းမျိုးဖြစ်လေသည်။ ရှော့ပင်းမောများ မိုးမျှော်အဆောက်အဦးကြီးများမှာနေရောင်အောက်တွင် RMB(ပိုက်ဆံ)ရောင်တလက်လက်တောက်ပနေခဲ့သည်။


အစ်ကိိုကျားမှာ ထိုတောက်ပမှုများကြောင့် မျက်စိပင်ကန်းတော့မတက်ပင်။ 


ထိုစဥ်အစ်ကိုကျားမှာ ရုပ်ရှင်ဧကရာဇ်ဖုန်းဆိုခဲ့သော စကားကို ရုတ်ချည်းပြန်လည်ကြားယောင်လာမိလေသည်။


『ရှေ့ဖြစ်အမှန်တကယ်ဟောနိုင်တဲ့ ဆရာသခင်တစ်ယောက်ကိုသာရှာမယ်ဆို စကားတစ်လုံးစီအတွက် ယွမ်၅သိန်းပေးရတာလေ 』


တစ်လုံးကိုယွမ်၅သိန်း..


ယွမ်၅သိန်း...


ဒါကြီးကသိပ္ပံနည်းလမ်ယကျမနေဘူးလို့!


ထျန်းကျိကျောင်းမှ သာမာန်တပည့်တစ်ဦးအား ရှေ့ဖြစ်ဟောခိုင်းမည်ဆိုလျှင် တစ်သိန်းမျှတော့ကျသင့်သည်။ ၄င်းမှာစျေးပေါသည်ဟုပင်ဆိုနိုင်လိမ့်မည်။ 


အနာဂါတ်တစ်ခါဟောတာ စကားလုံးဘယ်နှလုံးရှိမလဲဆိုတာ ဘယ်သူကသိမှာလဲ


စကားတစ်လုံးထဲဆိုရသော် 'အရာအားလုံးအဆင်ပြေမှာပါ'ဟုဆိုလိမ့်မည်။ သို့သော်ထိုဆရာသခင်က သင့်အား ' အခုတလောမင်းရဲ့ကျန်းမာရေးလည်းကောင်းတယ်..အလုပ်အကိုင်လည်းကောင်းမယ်..အချစ်ရေးလည်းမဆိုးဘူး..မင်းအမေကလည်းကျန်းမာမယ်..မင်းအမေရဲ့စီးပွားရေးလည်းအဆင်ပြေတယ်ကွာ.'..


ထိုသို့သာဆက်ပြောမည်ဆိုပါက သင်၏အန်တီ၃၀မ်းကွဲအကြောင်းမှ ၈၀မ်းကွဲအဘွားဖြစ်သူအထိဆက်ပြောလျှင်လည်းရသေးသည်။


၄င်းမှာစကားလုံးမည်မျှဖြစ်လိမ့်မည်နည်း။


ရှီကျားမှာ ထျန်းကျိကျောင်းသည် အဘယ်ကြောင့် ခရိုင်တွင်ဤမျှတန်ဖိုးကြီးမားသော မိုးမျှော်တိုက်ကြီးကိုဆောက်လုပ်နိုင်ကြောင်း နားလည်သွားခဲ့လေသည်။


ထိုစဥ်ကကျူးကျောက်ကျန်းရန် ၁သန်းပေးခဲ့သည်မှာ ရူးနေ၍မဟုတ်ပဲ မိမိကသာရူးနေခဲ့ခြင်းဖြစ်ကြောင်းလည်း မခံစားမိပဲမနေနိုင်ခဲ့ချေ။ ထို ၁သန်းဟုသောပမာဏမှာ ကျူးကျောက်ကျန်းရန်အတွက် 'အားလုံးအဆင်ပြေသွားမှာပါ'ဟူသည့်တစ်ခွန်းစာသာရှိလေသည်။ ထိုတစ်ခွန်းထဲနှင့်ပင် သူကထိုဆရာသခင်အား 'ကျေးဇူးပါပဲဆရာ'ဟုဆိုကာ ငွေတစ်သန်းကို ပျော်ပျော်ကြီးထိုးပေးလိုက်လိမ့်မည်။


၄င်းကိုတွေးမိသော် ရှီကျားမှာမနေနိုင်တော့ပဲ သူ၏ဖုန်းကိုထုတ်လျက်ဆရာယဲ့ကို စာပို့လိုက်မိတော့သည်။


ထိုစဥ်ယဲ့ကျင်းကျီမှာ ခေါင်းလောင်းမျှော်စင်ပေါ်တွင် အခြားဆရာသခင်များနှင့်အတူ ဂျူလိုင်လ၏ခြစ်ခြစ်တောက်ပူလောင်သော နေရောင်အောက် အကြိတ်အနယ်ဆွေးနွေးခန်း၀င်နေရခြင်းပင်။ အဓိကခေါင်းစဥ်က ချန်းအန်ခေါင်းလောင်းမျှော်စင်၏ သရဲတစ်ရာပွဲတော်ကို မည်သို့ကိုင်တွယ်ရမည့်အကြောင်းဖြစ်လေသည်။


ဆရာယဲ့မှာ ထိုနေရာတွင် အငယ်ဆုံးဆရာသခင်ဖြစ်ကာ သူက၀င်မပြောပဲဘေးမှသာတိတ်တဆိတ်နားထောင်နေခဲ့လေသည်။ ယခုဇနီးလေးထံမှ wechat noti၀င်လာခဲ့လေရာ ဖုန်းကိုချက်ချင်းထုတ်ယူလျက် ချက်ချင်းအချောင်ခိုလိုက်လေသည်။



【 ရှီကျား: ဆရာယဲ့ ကျွန်တော့်မှ ရှေ့ဖြစ်ဟောတဲ့ပညာရပ်ကိုသင်ဖို့ ပါရမီပါတယ်လို့ထင်လား..ထျန်းကျိကျောင်းရဲ့အဆင့်မျိုးအထိလေ..ကျွန်တော့်စံနှုန်းကသိပ်မမြင့်ပါဘူး စကားတစ်လုံးကို ၁သိန်းလောက်ဆိုရင်ရပါပြီ …】


ယဲ့ကျင်းကျီမှာ သူ၏ဖုန်းကိုကြည့်ကာ ၃ကြိမ်တိတိအပြန်အလှန်ဖတ်လိုက်ပြီးမှ သူမှားဖတ်မိခြင်းမဟုတ်သည်ကို အတည်ပြုလိုက်နိုင်လေသည်။ အနည်းငယ်တွေးကြည့်ပြီးနောက် သူ၏မိသားစုဇနီးလေးစိတ်ထိခိုက်မသွားရစေရန် စကားလုံးကိုရွေးလိုက်လေသည်။


【 ရွှမ်းရွှယ်လောကကဆရာသခင်တွေအားလုံးရှေ့ဖြစ်ဟောနိုင်ကြပါတယ်..ဒါပေမယ့်ထျန်းကျိကျောင်းကို၀င်ဖို့ဆိုရင် မင်း၃နှစ်အရွယ်ကတည်းကဆရာရှိဖို့လိုတယ်..ထျန်းကျိကျောင်းရဲ့တပည့်တွေက ဦးခေါင်းခွံပွင့်နေဖို့လိုတယ်.. အသက်၃နှစ်ပြီးရင် ဦးခေါင်းခွံကအလိုလိုစေ့သွားတာလေ.. ဒါပေမယ့်အဲဒီ၃နှစ်မတိုင်ခင် မွေးရာပါ ပါရမီနဲ့ဦးခေါင်းခွံပွင့်နေတဲ့သူကမှ ကောင်းကင်နဲ့မြေကြီးကိုဆက်နွယ်နိုင်တာ..အဲလိုဆိုအနာဂတ်မှာ လက်ချောင်းချိုးပြီးတောင်ရှေ့ဖြစ်ဟောနိုင်လိမ့်မယ် 】


ရှီကျား"...."


ရှီကျားမှာ ရှေ့ဖြစ်ဟောကပိုက်ဆံရှာရန်အတွေးကိုလုံး၀လက်လျှော့လိုက်ရလေတော့သည်။


ယဲ့ကျင်းကျီမှာ အကြာကြီးစောင့်နေသော်လည်းရှီကျားထံမှပြန်စာမရခဲ့ချေ။ ဆရာတော်ပုရှင်းမှာ ဘေးမှနေ၍သူ့အား အထိတ်တလန့်အမူအယာဖြင့်စိုက်ကြည့်နေသည်ကို မသိပဲ စာနောက်တစ်စောင်ထပ်ပို့လိုက်လေသည်။


【 ဘာဖြစ်လို့လဲဟင် 】


【 ရှီကျား: ဆရာယဲ့ ကျွန်တော်လေ အခုတော့ကျူးကျောက်ကျန်းရန်ပေးခဲ့တဲ့ ၁သန်းကအရမ်းနည်းတယ်လို့ခံစားနေရတယ် … 】


【 ယဲ့ကျင်းကျီ: ??? 】


【 ရှီကျား: ထျန်းကျိကျောင်းကဆရာသခင်တွေက ငွေတကယ်ရှာနိုင်ကြတာပဲ အာ ……】


ယဲ့ကျင်းကျီမှာ ထိုစာကိုအကြာကြီးဖတ်နေသည့်တိုင် ရှီကျားဆိုလိုသည်ကိုနားမလည်နိုင်ခဲ့ချေ။ သူကဆရာတော်ပုရှင်းကိုလှည့်ကြည့်လိုက်လေသည်။


"စီနီယာပုရှင်း ထျန်းကျိကျောင်းက တာအိုရောင်းရင်းတွေက တကယ်ပဲ ပိုက်ဆံအများကြီးရှာနိုင်တာလား"


ဆရာတော်ပုရှင်းမှာ 'တာအိုရောင်းရင်းလေးယဲ့ကတော့ လမ်းလွဲသွားရှာပြီ'ဟူသော အတွေးများမှမလွတ်မြောက်နိုင်သေးချေ။ သူကထိုအမေးကိုကြားသော်ချက်ချင်းပြန်လည်အသိ၀င်လာလျက် ပြန်မေးလိုက်မိလေသည်။


"ရွှမ်းရွှယ်လောကကဘယ်သူများ မင်းထက်ပိုပြီး ပိုက်ဆံရှာနိုင်သေးလို့လဲ"


ယဲ့ကျင်းကျီရှုပ်ထွေးစွာခေါင်းခါလိုက်မိလေသည်။


ပေါင်းစပ်အဖွဲ့အစည်းဖြစ်သော 'ghosts know'ကိုဘေးဖယ်ထားလိုက်လျှင် ရွှမ်းရွှယ်လောကမှ ပိုက်ဆံအရှာနိုင်ဆုံးဂိုဏ်းများမှာ ထျန်းကုန်းပွဲကြည့်စင်နှင့် ရှန်းနုန်တောင်ကြားတို့ဖြစ်သည်။ ထျန်းကုန်းပွဲကြည့်စင်မှာ ရွှမ်းရွှယ်လောက၏ second-hand စျေးကွက် နှင့်မှော်ရတနာ၈၀ရာခိုင်နှုန်းကို လက်၀ါးကြီးအုပ်ထားသည်။ ငွေလွှဲငွေသွင်း စျေး၀ယ်အများစုကို ထျန်းကုန်းပွဲကြည့်စင်ကိုတဆင့်ခံကြရသည်။ ကျန်သောရှန်းနုန်တောင်ကြားမှာတော့ ရှန်းရွှယ်လောက၏ မှော်ဆေးစျေးကွက်ကိုလက်၀ါးကြီးအုပ်ထားခြင်းဖြစ်လေသည်။


ထိုဂိုဏ်းကြီး၂ဂိုဏ်းမှာကြာမြင့်သောအချိန်များကပင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထျန်းကုန်းပွဲကြည့်စင်နှင့် ရှန်းနုန်တောင်ကြားတွင် မည်သည်ကပိုက်ဆံပိုရှိသည်ကိုမသိသော်လည်း ရွှမ်းရွှယ်လောကတွင် အချမ်းသာဆုံးပုဂ္ဂိုလ်မှာတော့ ယဲ့ကျင်းကျီဖြစ်လေသည်။


ယဲ့ကျင်းကျီ၏ သရဲဖမ်းနိုင်စွမ်း မှော်ရတနာများရောင်းချနိုင်စွမ်းကိုမဆိုထားနှင့် ဖော့ယန်သရဲစျေးကို တစ်နှစ်၂ခါဖွင့်လှစ်နိုင်သည်ကပင် ရွှမ်းရွှယ်လောကတစ်ခုလုံးကို မျက်ဖြူဆိုက်သည်အထိမနာလိုဖြစ်စေရန်လုံလောက်နေခဲ့ချေပြီ။ လွန်ခဲ့သော နှစ်ပေါင်း၂၀၀ကတည်းက ထျန်းကုန်းပွဲကြည့်စင်နှင့် ရှန်းနူန်တောင်ကြားတို့၌ရေပန်းအစားဆုံး ကောလဟာလမှာ '၀ူရှန်းတောင်ကိုထုတ်ပယ်နိုင်ရင် ဆုငွေpoint သန်းတစ်ရာ'ဟုသော ဆုကြေးပင်ဖြစ်လေ၏။


၄င်းမှာကျိန်းသေပေါက်အာချောင်ခြင်းသာဖြစ်သည်။ ၀ူရှန်းတောင်၏မျိုးဆက်တိုင်းမှာ ရွှမ်းရွှယ်လောကတစ်ခုလုံးကိုချည်တုပ်ကာ ရိုက်နှက်နိုင်ကာ ဂိုဏ်းကြီးများတစ်ဂိုဏ်းစီတိုင်း အစိမ်းရောင်သန်းအောင် မနာလိုဖြစ်စေသည်အထိပင်။



👻