Chapter 107
Viewers 9k

👻Chapter 107




point တစ်pointကိုလက်ခံရပြီးနောက် ကုမန်သုန်အား ဟူတျဲထံလက်လွှဲလိုက်လေတော့သည်။


 á€›á€žá€Žá€€á€ťá€Źá€¸á€”သင်အ ယဲ့ကျင်းကျီလည်း ထွက်သွားရန်ပြင်လိုက်ကြလေသည်။ သူတို့ကခြေတစ်လှမ်းမျှသာလှမ်းရသေးစဥ် ဟူတျဲကဆိုလာသည်။


"ဟုတ်သား ပြောစရာရှိသေးတာကို မေ့နေတာ..နန်ရိဒီကိုအပြေးလာနေပြီ..၁၁နာရံလောက်ဆိုရောက်မယ်ထင်တယ်"


ရှီကျားမှာ ဟူတျဲကို အံအားသင့်စွာကြည့်လိုက်ပြီး ယဲ့ကျင်းကျီကိုကြည့်လိုက်မိလေသည်။ 


ယဲ့ကျင်းကျီကမေးလိုက်သည်။ 


"တာအိုရောင်းရင်းနန်ရိကဒီကိုဘာလို့လာနေတာလဲ"

ဟူတျဲကရယ်လိုက်သည်။ 


"ငါကဘယ်လိုသိမှာတဲ့တုန်း..အင်း..ကြားရတာတော့ မင်းကို .. ထျန်းကျိကျောင်းကိုခေါ်သွားမလို့ဆိုလား.. "


ဟူတျဲမှာ ရှီကျားကိုလက်ညှိုးထိုးကာဆိုလာခဲ့သည်။


ရှီကျား" ကျွန်တော့်ကိုလား?"


ဟူတျဲမှာ စကားကိုမလိုအပ်ရှုပ်ထွေးစေကာ အပြုံးစစနှင့် လျှို့၀ှက်ဆန်းကြယ်ယောင်ဆောင်နေခဲ့သည်။


ရှီကျားမှာ အကြံရခက်နေခဲ့သည်။ 


ရှီကျားမှာ ဖေးယွီထံမှ နန်ရိအမည်ကိုကြားဖူးပြီးဖြစ်သည်။


စစ်ဝေ့ရှင်းခန်းမ၏အကြီးဆုံးတပည့် ရွှမ်းရွှယ်လောက၏ နံပါတ်၁ ပုဂ္ဂိုလ်ဖြစ်သော စန်းရှို့ကျန်းကျွင်း၏ တန်ဖိုးအထားရဆုံးတပည့်ဖြစ်သူနန်ရိ။ သူသည်မော့သို့အဆင့်ဇယားတွင် အဆင့်၂ဖြစ်သော်လည်း သူနှင့်ယဲ့ကျင်းကျီကြားမှ ကွာခြားချက်မှာ ကြီးမားလေသည်။ ၄င်းမှာ နန်ရိကအားနည်းသည်ဟုဆိုလိုခြင်းမဟုတ်ပဲ ဆရာယဲ့ကသာ OP (over power) ဖြစ်လွန်းနေခြင်းဖြစ်သည်။ လူငယ်မျိုးဆက်များအကြားတွင် နန်ရိ၏သန်မာမှုမှာ ထိပ်တန်းဖြစ်လေသည်။ ထို့အပြင်သူက ဟူတျဲကိုလည်းနှစ်ပေါင်းများစွာဖိနှိပ်ထားနိုင်ခဲ့ကာ ဟူတျဲကလည်း ပြန်ကျော်မတက်နိုင်ခဲ့ချေ။


စစ်ဝေ့ရှင်းခန်းမရဲ့ အားထားရဆုံးတပည့်ကြီးက Cစီရင်စုကိုအပြေးလာပြီး သူ့ကိုလာရှာတဲ့အပြင် ထျန်းကျိကျောင်းကိုပါခေါ်သွားဦးမယ်ဆိုတော့...


တစ်ခုခုကပုံမှန်မဟုတ်ဘူးလို့ ဘာလို့ခံစားနေရပါလိမ့်...


ထိုည၁၁နာရီပင်မထိုးလိုက်ပဲ ၁၀နာရီကျော်ကျော်လေး၌ ရှီကျားမှာ ဟိုတယ်ခန်းထဲတွင် အ၀တ်အစားများထုတ်ပိုးနေစဥ် တံခါးဘဲလ်သံကိုကြားလိုက်ရလေသည်။ သူကဟိုတယ်serviceဟုသာထင်လိုက်ကာ တံခါးကိုဖွင့်လိုက်ပြီး ကြည့်ပင်မကြည့်ပဲ ဂျက်ကတ်ကိုဆွဲရင်းဆိုခဲ့သည်။


"စားပွဲပေါ်တင်ခဲ့ပေးလို့ရတယ် ကျေးဇူး"


သို့သော်အကြာကြီးစောင့်နေသည့်တိုင် တုန့်ပြန်သံမကြားခဲ့ရချေ။ 


တံခါးအပြင်ဘက်မှ ကြည်လင်ပြတ်သားသော အမျိုးသားအသံတစ်ခုကိုကြားလိုက်ရသည်။


"တာအိုရောင်းရင်းယဲ့ မတွေ့တာကြာပြီနော်"


ယဲ့ကျင်းကျီမှာ စုန့်စုန့်ကိုပွေ့လျက်သား ခေါင်းအသာညိတ်ပြလိုက်သည်။


"မတွေ့တာကြာပြီ တာအိုရောင်းရင်းနန်ရိ"


ရှီကျားချက်ချင်းလှည့်ကြည့်လိုက်မိကာ တံခါး၀တွင်ရပ်နေသောဆရာသခင်ကိုမြင်လိုက်ရလေသည်။


နန်ရိမှာ အလွန်ရိုးရှင်းစွာ၀တ်စားထားပြီး ဟူတျဲကဲ့သို့ဒွိဟဖြစ်စရာလည်းကောင်းမနေသလို ဖေးယွီကဲ့သို့လည်း အထူးတလည်ဖက်ရှင်ကျမနေချေ။ သူကတံခါးအပြင်ဘက်တွင် တည်ငြိမ်စွာရပ်လျက် ယဲ့ကျင်းကျီအား ယဥ်ကျေးစွာနှုတ်ဆက်လိုက်သည်။ ယဲ့ကျင်းကျီမှ ကြောင်တစ်ကောင်ပွေ့ထားသည်ကို မြင်လိုက်ရသော်လည်း အံ့အားသင့်ဟန်မပြခဲ့ချေ။ ထိုအစား တံခါးဘေးတွင်ရပ်နေသော ရှီကျားကိုကြည့်လိုက်လေသည်။ သူကခေါင်းအသာညိတ်ပြလျက်ဆိုလာသည်။


"တာအိုရောင်းရင်းရှီ"


ရှီကျားမှာ တစ်စုံတစ်ယောက်ထံမှာ "တာအိုရောင်းရင်းရှီ"ဟု ပထမဆုံးအခေါ်ခံရခြင်းဖြစ်လေရာ မျက်နှာပူသွားမိလေသည်။


"ဟယ်လို"


ထိုအခါမှသာ နန်ရိမှာ အခန်းထဲသို့လှမ်း၀င်လာခဲ့လေသည်။


ရှီကျားမှာ ဤမျှ စံနှုန်းပြည့်ပြည့်၀၀ဆရာသခင်ဆန်သော ဆရာသခင်တစ်ဦးကိုမတွေ့ခဲ့ဖူးချေ။


နန်ရိမှာ သာမာန်လူတစ်ဦးပုံစံသာဖြစ်ကာ ဆံပင်ရှည်ကြီးများထားထားသော ဟူတျဲကဲ့သို့မဟုတ်ချေ။ သူကအခန်းထဲသို့၀င်လာပြီးနောက် ထိုင်လို့ရမရ ယဥ်ကျေးစွာမေးခဲ့သည်။ ခွင့်ပြုချက်ရမှသာထိုင်ချကာ လာရသည့်အကြောင်းအရင်းကိုရှင်းပြခဲ့သည်။


"တာအိုရောင်းရင်းယဲ့..တာအိုရောင်းရင်းရှီ..အမှန်အတိုင်းပြောရရင် ချန်းအန်မှာအခုတလောရုတ်ရုတ်သဲသဲဖြစ်နေပါတယ်"


ယဲ့ကျင်းကျီကမေးလိုက်သည်။


"ဘယ်လိုကြောင့်လဲ"


နန်ရိကဆိုသည်။ 


"သင်္ချိုင်းဂူနဲ့ပတ်သက်မယ်ထင်တယ်..ဒါပေမယ့်ငါ့ဆရာကလွန်ခဲ့တဲ့ ရက်တွေလောက်ကပဲ ချီရှန်းတောက်ရန်နဲ့အတူ အစီအရင်တစ်ရာကိုချခဲ့တာ..နေ့တိုင်းအပြင်မှာ စောင့်ကြပ်နေတဲ့ဆရာသခင်တွေလည်းရှိတော့ အထဲကနေ ၀ိညာဥ်တစ်စတောင်လွတ်ထွက်လာတာကိုမတွေ့လိုက်ရပါဘူး..သင်္ချိုင်းဂူနဲ့မဆိုင်ဘူးလို့ပြောရင်ပိုမှန်မယ်ထင်တယ်"


ရှီကျားကဆိုသည်။ 


"သင်္ချိုင်းဂူမှာသာ ပြဿနာတစ်ခုခုရှိနေရင် ကျိရင်ကကျွန်တော့်ကိုပြောမှာပေါ့...ကျွန်တော်ကျိရင်နဲ့တောင် အရင်ရက်လောက်ကမှ စကားပြောဖြစ်သေးတယ်..သူကphysicsတွက်ရင်းအလုပ်များ..အဟွတ်...သူကအခုတလောအလုပ်များနေတာ..ဒါပေမယ့်သင်္ချိုင်းဂူထဲမှာ အကုန်ပုံမှန်ပဲလို့ပြောတယ်...ချန်းအန်ကအရမ်းကျယ်တာ ပြဿနာအရင်းအမြစ်က သင်္ချိုင်းဂူချည်းပဲတော့မဖြစ်နိုင်ပါဘူး"


ရှီကျားမှာ အလွန်မပျော်မရွှင်ဖြစ်နေခဲ့လေသည်။


ယခုရက်များအတွင်းကျိရင်မှာ သင်္ချိုင်းဂူအတွင်း လိမ်လိမ်မာမာစာလုပ်နေကာ သူကဂေါက်ကောင်းကျောင်းသားများထက်ပင်ကြိုးစားသေးသည်။ 


ပြီးတော့ အဲဒီဆရာသခင်တွေကလည်း အပြင်ကနေဆူညံဆူညံနဲ့အပြင်ကနေ နှောင့်ယှက်နေသေးတာကို ပြဿနာတစ်ခုခုဆိုတာနဲ့ဘာလို့ ဒီသင်္ချိုင်းဂူကိုပဲ လက်ညှိုးထိုးချင်နေရတာလဲ...ကျိရင်ကအပြစ်ကင်းပါတယ်နော်...


"အင်း ဖြစ်နိုင်ပါတယ်" 


နန်ရိတန့်သွားပြီးမှ ဆက်ပြောလာခဲ့သည်။  


"ငါတို့အားလုံးအထင်ကတော့ မကောင်းဆိုး၀ါးတစ်ကောင်က ချန်းအန်မှာ ပြဿနာရှာနေတယ်လို့ပေါ့..ဒါပေမယ့် ၁၀ရက်လောက်ဆက်တိုက်ရှာနေတာတောင် ဘာမကောင်းဆိုး၀ါးအရိပ်အယောင်ကိုမှမတွေ့ခဲ့ရဘူးလေ..ထျန်းကျိကျောင်းကစီနီယာတွေအကုန်ပေါင်းပြီး ရှေ့ဖြစ်ဟောဖို့ကြိုးစားနေကြတာ..အဆုံးကျ ရလဒ်က သင်္ချိုင်းဂူကိုပဲ ညွှန်ပြနေလို့လေ"


ရှီကျား"......"


တကယ်ကြီး သင်္ချိုင်းဂူလား...


ရှီကျားမှာ ကျိရင်အပေါ်ပိုပိုသာသာတွေးပေးတတ်လေရာ ပြန်မေးလိုက်မိသည်။


"အတွက်မှားတာများလား"


နန်ရိ" စီနီယာကျိုးဖုန်းက တွက်ရင်းနဲ့သွေး ၃လီတာလောက်ကိုအန်ခဲ့တာပါ"


ရှီကျား"....."


ယဲ့ကျင်းကျီကဆိုလိုက်သည်။


"တာအိုရောင်းရင်းနန်ရိ..စီနီယာကစန်းရှို့ကမင်းကိုဒီကိုဘာအတွက်လွှတ်လိုက်တာလဲ" 


ရုတ်ချည်းအဓိကအချက်ကိုပြန်လည်ရောက်ရှိသွားခဲ့လေသည်။


ရှီကျားလည်း နန်ရိကိုလှည့်ကြည့်လိုက်သည်။ ထိုလေးနက်သောအသွင်အပြင်နှင့် ဆရာယခင်လေးမှာလည်း သူ့ကိုပြန်ကြည့်နေခဲ့သည်။ သူကတစ်ကြောင်းချင်းစီဆိုလာခဲ့သည်။


"တာအိုရောင်းရင်းရှီ ထျန်းကျိကျောင်းကိုလိုက်ခဲ့ပေးလို့ရမလား..ပြီးတော့ထျန်းကျိကျောင်းကစီနီယာတွေနဲ့အတူ သင်္ချိုင်းဂူထဲမှာ အမှန်တကယ်ဘာဖြစ်နေတာလဲဆိုတာ တွက်ကြည့်လို့ရတာပေါ့"


ဤသည်မှာ အစ်ကိုကျားတစ်ယောက် သူ့တွင်ရှေ့ဖြစ်ဟောနိုင်သောစွမ်းရည်ရှိမှန်း ပထမဆုံးအကြိမ် သိရခြင်းပင်။


ရှီကျားမှာ ထျန်းကျိကျောင်း၏ ရှေ့ဖြစ်ဟောစွမ်းရည်ကို သိပေသည်။ အလွန်အားကိုးမရသော ကျူးကျောက်ကျန်းရန်ပင်လျှင် လွန်ခဲ့သော၃လက ကျိရင်သင်္ချိုင်းဂူထဲမှာလွတ်ထွက်လာခြင်းကို တွက်ချက်နိုင်ခဲ့သည်။ ယခုနန်ရိမှ သူ့အားထျန်းကျိကျောင်းသို့သွားရန်ကိုယ်တိုင်လာခေါ်လေရာ ရှီကျားသည်အတိုင်းမငြင်းလိုက်နိုင်ချေ။ ထိုမတော်တဆမှုမှာ သင်္ချိုင်းဂူနှင့်ပတ်သက်နေပြီး ရှီကျားမှာ ကျိရင်၏သူငယ်ချင်းကောင်းဖြစ်လေရာ အမှားအမှန်ကိုသိရှိရန်လိုအပ်လေသည်။ ထို့အပြင်သည် ရွှမ်းရွှယ်လောကထဲတွင် ကျိရင်နှင့်ဆက်သွယ်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ သင်္ချိုင်းဂူထဲမှ အရေးကိစ္စများကိုသိလိုသော် ကျိရင်ကိုမေးခြင်းကအလွယ်ကူဆုံးနည်းလမ်းပင်။


ယဲ့ကျင်းကျီမှာ မူလတွင် ရှီကျားနှင့်အတူ ထျန်းကျိကျောင်းသို့လိုက်လာချင်ခဲ့သော်လည်း နန်ရိကဆိုခဲ့သည်။ 


"တာအိုရောင်းရင်းယဲ့ ချန်းအန်ကအခုအတော်ရှုပ်ထွေးနေတာပါ..မင်းချန်းအန်ကိုသွားပြီး ငါ့ဆရာနဲ့ဆရာတော်ပုရှင်းနဲ့အတူ အခြေအနေကိုတည်ငြိမ်အောင်အရင်ထိန်းကြည့်သင့်တယ်"


ယဲ့ကျင်းကျီမှာ ကျိန်းသေပေါက် ရှီကျားအား ထျန်းကျိကျောင်းသို့တစ်ယောက်တည်းမလွှတ်လိုခဲ့ချေ။


"ဘယ်လိုအခြေအနေမျိုးလဲ"


နန်ရိ၏အမူအရာမှာလေးနက်နေပြီး ၃လုံးသာဆိုလာခဲ့သည်။


"သရဲ တစ်ရာ ပွဲတော်" 


သို့နှင့် လူ၃ယောက်မှာ ၂ဖွဲ့ခွဲလိုက်ရတော့သည်။ ရှီကျားမှာ နန်ရိနောက်မှ ထျန်းကျိကျောင်းသို့လိုက်သွားပြီး ယဲ့ကျင်းကျီမှာမူ ချန်းအန်သို့ဦးတည်လိုက်ရလေသည်။


ရှီကျားမှာ ဂျပန်ပြည်က သရဲတစ်ရာပွဲတော်အကြောင်းကြားဖူးသော်လည်း ဟွာရှားမှာလည်း ထိုသို့ရှိကြောင်းမသိခဲ့ချေ။ သူ၏သံသယကိုခံစားမိသည့်အလား လမ်းတွင်နန်ရိကရှင်းပြလာခဲ့သည်။


"ရှန်နဲ့ ကျိုးမင်းဆက်တွေကနေစပြီး ဟွာရှားမှာ သရဲတစ်ရာပွဲတော်ရှိလာခဲ့တာ...နောက်မှဂျပန်ပြည်ကိုပျံ့သွားပြီး ဂျပန်ရိုးရာ Hyammi Yakou.ဖြစ်လာတာ...ရှေးခေတ်တုန်းက ၇လ လပြည့်လလယ် သရဲပွဲတော်ထဲမှာ သရဲ၁၀၀ဟာ ငရဲဂိတ်တံခါးကနေလွတ်လာပြီးတော့ ပရလောကမှာ စည်းစိမ်ခံစားဖို့ထွက်လာကြတယ်....အရင်တုန်းကလူတွေကတော့ သရဲတစ်ရာပွဲတော်ကအရမ်းခမ်းနားတယ်လို့ဆိုကြတယ်....အခုတော့ သရဲတစ်ရာပွဲတော်ဆိုတာဆက်မရှိတော့ဘူး.. ဘာလို့လဲဆိုတော့ ပွဲတော်ကိုစဖို့သရဲ၁၀၀ကိုအမိန့်ပေးနိုင်လောက်တဲ့အထိ စွမ်းအားကြီးတဲ့သရဲမျိုးမရှိတော့လို့ နောက်တစ်ချက်ကတော့ လူတွေက သဘာ၀လွန်ကိစ္စတွေကိုမယုံကြတော့ဘူး..သူတို့အတွက်လည်းအမွှေးတိုင်မီးရှို့ပေးတာအရမ်းနည်းသွားပြီ..သရဲပွဲတော်ကိုစဖို့ဆိုတာ သရဲတွေကိုဦးဆောင်နိုင်ဖို့စွမ်းအားကြီးသရဲတွေလိုအပ်ပြီးတော့ လူ့လောကရဲ့ သိပ်သည်းတဲ့ ယန်စွမ်းအင်ကိုခုခံနိုင်ဖို့လည်းလိုသေးတယ်"


စုန့်စုန့်မှာ ကားနောက်ခန်းတွင် အိပ်ပျော်နေချေပြီ။ ရှီကျားမှာ ကားကိုမောင်းနှင်ရင်းမေးနေခဲ့သည်။ 


"ဆရာနန်ရိအခုချန်းအန်က သရဲ၁၀၀ပွဲတော်အခြေအနေကဘယ်လိုလဲ"


နန်ရိကဆိုသည်။


"လွန်ခဲ့တဲ့၁၀ရက်ကတည်းက ည၁၁နာရီထိုးတာနဲ့ အရှေ့အနောက်တောင်မြောက်လမ်းကြီးလေးခွအဆုံးကနေ သရဲ၁၀၀ပေါ်လာတယ်.. ၁နာရီထိုးတဲ့အချိန်မှာ သူတို့တွေအတူချီတက်လာပြီး ခေါင်းလောင်းမျှော်စင်ပေါ်က ကြေးခေါင်းလောင်းကြီးကို ထိုးဖို့ကြိုးစားကြတယ်.. ၁၂ချက်တိတိမြည်ပြီးရင် သရဲ၁၀၀ကလည်းမြေကြီးထဲကိုပြန်ပျောက်သွားတယ်"


ရှီကျား"...." 


ဒါကြီးကအရမ်းစွမ်းလွန်းမနေဘူးလား...


ဤသည်မှာ ရှီကျားမှ နန်ရိကိုပထမဆုံးတွေ့ဖူးခြင်းဖြစ်သော်လည်း ဆရာနန်မှာ အလွန်ပြောရဆိုရလွယ်ကူလေသည်။ တဖက်လူမှာ ဟာသမဆိုတတ်ပဲ အလာပသလာပလည်းမပြောတတ်သော်လည်း သူမေးသမျှကို စိတ်ရှည်လက်ရှည်နှင့်ဖြေပေးလေသည်။ သူကဆရာယဲ့နှင့်တူသည်ဟုထင်မိသော်လည်း ရှီကျားမှ ဂရုတစိုက်စူးစမ်းကြည့်လိုက်မိလျှင် နန်ရိမှာ တဖက်လူအား သတိနှင့်တလေးတစားဆက်ဆံတတ်ကာ နှလုံးသားအောက်ခြေမှ အရင်းခံတတ်သော ယဲ့ကျင်းကျီနှင့်ကွာခြားလေသည်။


Cစီရင်စုမှ ထျန်းကျိကျောင်းကိုရောက်ရှိရန် ၁၀နာရီကျော်ကြာမြင့်လေသည်။ 


ရှီကျားမှာ နန်ရိနှင့်အခြားစကားစမြည်ပြောစရာ မကျန်ရှိတော့လေရာ ၂ဦးလုံးတိတ်ဆိတ်သွားခဲ့စဥ် ယဲ့ကျင်းကျီမှာ ချန်းအန်သို့ပျံသန်းရောက်ရှိလာခဲ့လေသည်။


ရှေးဟောင်းမြို့တော်ကြီးမှာ ဟွာရှားမြေပေါ်တသီးတသန့်တည်ရှိနေခဲ့သည်။ ယဲ့ကျင်းကျီအကြည့်ကိုရွေ့လျားလိုက်သည်နှင့် ခေါင်းလောင်းမျှော်စင်ထံသွားနေကြသော ဆရာသခင်များကိုမြင်လိုက်လေသည်။ သူလည်းထိုနေရာသို့တိုက်ရိုက်ပျံသန်းသွားခဲ့သည်။ သူ့ကိုမြင်လျှင် ဆရာတော်ပုရှင်းမှာ ခါးသက်သက်အမူအယာဖြင့် အဆောတလျင်ဆိုလာခဲ့သည်။


"တာအိုရောင်းရင်းလေးယဲ့ နောက်ဆုံးတော့ရောက်လာပြီနော်...အမြန်..အမြန် ဒီဘုန်းဘုန်းကိုကူပါဦး...ဒီအစီအရင်ကြီးက မှော်စွမ်းအင်အရမ်းသုံးလွန်းနေတယ်...ဒီဘုန်းဘုန်းဆက်ပြီး တောင့်မခံနိုင်တော့ဘူး"


ယဲ့ကျင်းကျီမှာ အလျင်အမြန်ပင် ခေါင်းလောင်းမျှော်စင်ပေါ်မှ အစီအရင်အတွင်း ဆရာတော်ပုရှင်း၏နေရာကို၀င်ယူလိုက်လေသည်။ 


ညအချိန်မှာ ၁၁နာရီမှာ ၁နာရီအတွင်းတဖြည်းဖြည်းရောက်ရှိလာခဲ့လေသည်။ ညလယ်သို့ရောက်ရှိနေမှန်း သိသာသော်လည်းချန်းအန်မြို့လယ်ခေါင်တွင် လူအုပ်ကြီးမှာ သွားလာနေဆဲဖြစ်လေသည်။ ကမ္ဘာ့နေရာအနှံ့မှရောက်ရှိလာကြသော ခရီးသွားဧည့်သည်များမှာ စားလိုက်သောက်လိုက်နှင့် ခေါင်းလောင်းမျှော်စင်အနီးတွင်ပျော်ရွှင်နေခဲ့ကြသည်။ သို့သော်ထိုအခိုက်အတန့်တွင် သူတို့၏ခေါင်းပေါ်၌ ရွှမ်းရွှယ်လောကမှ ဆရာသခင်တစ်သိုက်မှာ သနားစဖွယ်အသွင်အပြင်များနှင့်ရပ်နေရမှန်း မသိခဲ့ကြချေ။


ယဲ့ကျင်းကျီမှာ ယခုမှရောက်လာခြင်းဖြစ်လေရာ အခြေအနေကိုမသိခဲ့ချေ။ သူကအစီအရင်အတွင်း၌သာ ရပ်နေပြီး ထိုကြီးမားသော အစီအရင်ကြီးကိုထိန်းသိမ်းရန်ကြိုးစားနေခဲ့လေသည်။ သို့သော်ဇစ်ရှီအချိန်သို့ရောက်ရှိလာသည်နှင့် သူ၏မျက်လုံးများမှာ ရုတ်ချည်းမှေးကျဥ်းသွားလျက် ချန်းအန်၏မြောက်ပိုင်းလမ်းကြီးကို ဖြတ်ခနဲကြည့်လိုက်လေသည်။ ထို့နောက်ကျန်လမ်းမကြီး၃ခု၏အဆုံးမှ ယင်စွမ်းအင်များပေါ်ထွက်လာသည်ကို ကြည့်နေခဲ့လေသည်။


ယင်စွမ်းအင်များမှာ တဖြည်းဖြည်းထွက်ပေါ်လာပြီး ပိုပိုသိပ်သည်းလာကြသည်။


စန်းရှို့ကျန်းကျွင်းမှာ လက်ဟန်တစ်ခုပြုလုပ်၍ ကျယ်လောင်စွာရွတ်လိုက်သည်။


"တောင်အရပ်ရဲ့ကောင်းကင်ဘုံသခင်...မီးခေါင်းလောင်းကိုမြည်ဟီးစေ...တောင်ကြီး၅တောင်ကိုဖုံးလွှမ်းသော ကောင်းကင်ဟာ သမုဒ္ဓရာကိုကျော်ဖြတ်၍ စကြာ၀ဠာကိုတုန်လှုပ်စေတယ်.. စကြာ၀ဠာကိုဖြတ်၍ ကောင်းကင်ဘုံဆရာသခင်များကို အမိန့်ပေးတော်မူတယ်..ဤခေါ်သံကိုကြားလျှင် မနှောင့်နှေးပဲ အရောက်လာကြလော့..မကောင်းဆိုး၀ါးနှင့် မိစ္ဆာများကိုပယ်လျက် ဖမ်းဆီးကာ မီးတောက်မြို့တော်ကိုပို့ဆောင်ကြလော့ အမိန့်ကိုနာခံစေ"


သူ၏ရွတ်ဖတ်မှုဆုံးသည်နှင့် ယဲ့ကျင်းကျီ၏အောက်မှမျက်စိကျိန်းဖွယ်အနီရောင်အလင်းတစ်ခုထွက်ပေါ်လာခဲ့လေသည်။ ယဲ့ကျင်းကျီ၏မှော်အစွမ်းများမှ အစီအရင်ထံမှ ဆက်တိုက်စုပ်ယူခံနေရလေသည်။ စန်းရှိို့ကျန်းကျွင်း၏အမူအယာမှာလည်း တဖြည်းဖြည်းဆိုး၀ါးလာခဲ့သည်။ သူတို့၏မှော်စွမ်းအင်များစုပ်ယူခံနေရပြီးနောက် အနီရောင်မီးတောက်များကဲ့သို့အလင်းရောင်၄သွယ်မှာ ခေါင်းလောင်းမျှော်စင်ကိုဗဟိုပြု၍ လမ်းကြီး၄သွယ်ထံပျံ့နှံ့သွားခဲ့လေသည်။


လမ်းမကြီးပေါ်မှ ခရီးသွားဧည့်သည်တစ်ဦးကရုတ်တရက်ဆိုလာခဲ့သည်။


"ငါရုတ်တရက်ကြီးဘာလို့ပင်ပန်းမနေတော့တာလဲမသိဘူး"


"ငါရောပဲ ခုနလေးကတောင် တနေကုန်လျှောက်ပါတ်ထားလို့ သေတော့မလိုခံစားနေရတာ အခုကျနောက်တစ်နေ့လုံးထွက်လည်ပစ်လို့ရတယ်လို့တောင်ခံစားနေရတယ်" 


အနီရောင်အလင်းမှာ ခေါင်းလောင်းမျှော်စင်၏အလယ်ကို ဗဟိုပြုလျက်ပျံ့နှံ့နေဆဲဖြစ်သည်။ ထိုအစီအရင်အသက်၀င်လာသည်နှင့် လမ်းကြီးလေးသွယ်အဆုံးမှ ယင်စွမ်းအင်များကလည်းပို၍သိပ်သည်းလာခဲ့သည်။ ထိုသရဲများအထဲတွင် နှစ်၅၀၀ကျင့်ကြံခြင်းအစွမ်းနှင့် ၀ိဥာဥ်ရိုင်း၂ကေူင်လည်းပါ၀င်လေသည်။


ဒါကဘယ်လိုလုပ်ပြီး သရဲတစ်ရာပွဲတော်ဖြစ်မှာလဲ...


ကြပ်ကြပ်သိပ်သိပ်စုရုံးနေကြသော လေလွင့်၀ိညာဥ်များနှင့် ၀ိညာဥ်ရိုင်းများမှာ ၁၀၀၀၀ခန့်ပင်ရှိလေသည်။ သူတို့ကအဖွဲ့၄ဖွဲ့အဖြစ်ခွဲထားခဲ့သည်။ ဦးတည်ရာ၄ခုမှချီတက်လာပြီး ခေါင်းလောင်းမျှော်စင်ထံဆန်းကြယ်စွာဦးတည်၍လာနေကြသည်။


ထိုသရဲများမှာ သေမျိုးလူသားများ၏ကိုယ်ကိုဖောက်ထွင်း၍လျှောက်လာကြသော်လည်း အနီရောင်အလင်းထံမှ ကာကွယ်ခံထားရသော လူသားများကမူ ၄င်းကိုသတိမထားမိခဲဲ့ကြချေ။


အဆုံးတွင်ထိုသရဲများမှာ ခေါင်းလောင်းမျှော်စင်အောက်ခြေတွင်စုရုံးလာကြလေသည်။ နှစ်၅၀၀ကျင့်ကြံခြင်းစွမ်းအားနှင့်သရဲ၂ကောင်မှာ အဆောက်အဦးရှေ့တွင်ရပ်လျက် နှစ်၆၀၀သက်တမ်းရှိခေါင်းလောင်းကြီးကို ထိုးချလိုက်လေသည်။ 


၀မ်....



👻