Chapter 106
Viewers 9k

👻Chapter 106




ကုမန်သုန်မှာ ၄င်း၏ခေါင်းပေါ်အဆောင်လက်ဖွဲ့တစ်ခုကပ်လျက်သား ငြိမ်သက်နေခဲ့သည်။ မျက်သားဖြူ ဖြူမပါရှိသော ပကတိမည်းနေသောမျက်လုံးက ရှီကျားနှင့်ယဲ့ကျင်းကျီကို ကြည့်နေခဲ့လေသည်။ ၄င်း၏ပါးစပ်ကိုဖွင့်လိုက်လျှင် ချွဲပြစ်ပြစ်သွေးပုပ်များက တံတွေးများနှင့်ရောလျက်စီးကျလာခဲ့သည်။ ၄င်းမှာထွက်ပြေးချင်သော်လည်း အဆောင်ဖြင့် ထိန်းချုပ်ခံထားရလေရာ ထိုအတိုင်းရှိနေရုံသာတတ်နိုင်လေသည်။


ယဲ့ကျင်းကျီလက်ကိုလှန်လျက် ၀ူရှန်းချင်းလီကိုထုတ်ယူလိုက်သည်။ သူ၏လက်ချောင်းတစ်ချက်လှုပ်ရှားလိုက်သည်နှင့် ကြေးအံစာတုံးလေးမှာ ကုမန်သုန်၏ခေါင်းပေါ် အဆက်မပြတ်လည်နေခဲ့လေသည်။


ရှီကျားမှာ စုန့်စုန့်ကိုချီလျက် ဘေးမှကြည့်နေခဲ့သည်။ ဤသည်မှာ သာမာန်လင်းရှောင်း၏အဆုံးအဖြတ်ကိုတောင်းခံခြင်းဖြစ်သည်။ ဤသည်မှာ ပြည်ပမှရောက်ရှိလာသော သရဲဖြစ်လေရာ ယဲ့ကျင်းကျီမှာလည်း မည်သို့ကိုင်တွယ်ရမှန်းနားမလည်၍ လင်းရှောင်၏အဆုံးအဖြတ်ကိုတောင်းခံခြင်းဖြစ်သည်။


"အထက်ဘုံမှလင်းရှောင် တပည့်ကအဆုံးအဖြတ်ကိုတောင်းခံပါတယ်" 


"ကုမန်သုန်လို့ခေါ်တဲ့ ၉လသားသန္ဓေအသေတစ်ခုရှိပါတယ်..သွေးကိုကျွေးပြီး ယင်နဲ့မကောင်းဆိုး၀ါးအစွမ်းနဲ့မွေးဖွားလာပါတယ်..ယနေ့မှာလည်း တစ်စုံတစ်ယောက်ကိုထိခိုက်စေခဲ့ပါတယ်..ဘယ်လိုအပြစ်ချမှတ်ရမလဲ အလင်းပြတော်မူပါ"


ယဲ့ကျင်းကျီမှာ ရွှေရောင်အက္ခရာများကို နှုတ်ခမ်းမှအံထုတ်လာခဲ့သည်။ သေးငယ်သောရွှေရောင်အက္ခရာလေးများမှာ ဆရာယဲ့၏နှုတ်ခမ်းဖျားမှထွက်ကျလာပြီး ကုမန်သုန်၏ကိုယ်ပေါ်ပျံသန်းသွားခဲ့လေသည်။ ထိုရွှေရောင်စာလုံးလေးများ စုစည်းကာ အက္ခရာကြီးတစ်လုံးဖြစ်ပေါ်လာစေသည်။ ၄င်းကကုမန်သုန်ကိုဖိနှိပ်ကာ သွေးများအန်ထွက်လျက် နာနာကျင်ကျင်အော်မြည်လာစေသည်။


ရှီကျားမှာ ထိုကုမန်သုန်ကိုကြည့်ကာ သူခံစားခဲ့ရသည့် ချွဲကျိကျိခံစားချက်ကြီးကိုသတိရသွားခဲ့သည်။ သူသည်စုန့်စုန့်ကိုချီလျက် လင်းရှောင်မှ ထိုကုမန်သုန်အတွက် အပြစ်ဒဏ်ချမှတ်ပေးသည်ကို စောင့်နေခဲ့လေသည်။ သို့သော် ၅မိနစ်မျှကြာသည်အထိကောင်းကင်ပေါ်မှ မည်သည့်လှုပ်ရှားမှမရှိခဲ့ချေ။ အပြင်ဘက်ရှိလေများမှာ တည်ငြိမ်ကာ သစ်ပင်များမှာ ငြိမ်သက်နေခဲ့သည်။ မိုးကြိုးကိုမဆိုထားနှင့် တိမ်မည်းတိမ်လိပ်တစ်ခုမျှပင် ရှိမနေခဲ့ချေ။


ရှီကျား"...."


ယဲ့ကျင်းကျီ"....."


ယဲ့ကျင်းကျီ၏ အကြည့်တို့အေးစက်လာခဲ့လေသည်။ သူကလက်ကိုမြှောက်လျက် လေထဲတွင် ရွှေရောင်အက္ခရာတစ်လုံးကိုချက်ချင်းဆွဲလိုက်သည်။ ထို့နောက်လက်ဖ၀ါးတစ်ချက်ဖြင့် ထိုရွှေရောင်အက္ခရာမှာ ကုမန်သုန်၏ကိုယ်ကိုရိုက်ချလိုက်ပြန်သည်။ သနားစရာသရဲလေးမှာ တဖန်သွေးတစ်ပွက်အန်ထွက်သွားရပြန်၏။


"အထက်ဘုံမှလင်းရှောင် တပည့်ကအဆုံးအဖြတ်ကိုတောင်းခံပါတယ်"


ယဲ့ကျင်းကျီ၏လေသံမှ တည်ငြိမ်လျက် ထပ်မံရေရွတ်လိုက်လေသည်။ အခန်းမှာပကတိတိတ်ဆိတ်နေဆဲပင်။ 


ရှီကျား" ဆရာယဲ့..လင်းရှောင်ကလေ..ခင်များကို မကြားချင်ယောင်ဆောင်နေတာလား"


ယဲ့ကျင်းကျီ"...."


ယခင်ဟူတျဲတစ်ယောက် လင်းရှောင်ကိုပင့်ဖိတ်စဥ်အခါကလည်း လင်းရှောင်ထံမှတစ်ခါ မသိချင်ယောင်ဆောင်ခံရဖူးလေသည်။ ဆရာယဲ့မှ လင်းရှောင်၏အဆုံးအဖြတ်ကိုတောင်းခံစဥ်အခါတိုင်း လင်းရှောင်မှာ အမြဲမျက်နှာသာပေးကာ အဖြေပြန်ပေးတတ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ယဲ့ကျင်းကျီမှာ လင်းရှောင်ကို ၂ကြိမ်တိတိပင့်ဖိတ်ခဲ့သည့်တိုင် ပါပါးရှောင်မှာ ပြန်လည်မတုန့်ပြန်ခဲ့ပါချေ။


ရှီကျားမှာ နားမလည်နိုင်ခဲ့။


ဇနီးလေး၏ရှေ့တွင် ဆရာယဲ့၏မျက်နှာမှာ နီမြန်းလာရတော့သည်။ သူသည်ချက်ချင်းလက်ချောင်းကိုဓါးဖြင့် အသာလှီးကာ သွေးတစ်စက်ကိုချလိုက်သည်။ ထိုသွေးစက်မှာ စွမ်းအင်များပြည့်၀လျက် ကုမန်သုန်ကို ပိတ်ထားလိုက်သည်။


"အထက်ဘုံမှလင်းရှောင် တပည့်ကအဆုံးအဖြတ်ကိုတောင်းခံပါတယ်"


ဤတစ်ကြိမ်တွင် ကောင်းကင်ပေါ်မှ ခပ်တိုးတိုးမိုးခြိမ်းသံသဲ့သဲ့ကိုအမှန်တကယ်ကြားလိုက်ရလေသည်။ ရှီကျားအံ့အားသင့်သွားလျက် ပါးပါးလင်းရှောင်မှ အပြစ်ဒဏ်ချမှတ်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော်မိုးကြိုးသံမှာခဏလေးသာမြည်ပြီး ပြန်လည်ပျောက်ကွယ်သွားမည်ဟုမထင်ထားခဲ့ချေ။ ၄င်းမှာ ကုမန်သုန်အား မည်သည့်အပြစ်မှချမပေးလာခဲ့ချေ။


ရှီကျားရှုပ်ထွေးသွားခဲ့သည်။ ယဲ့ကျင်းကျီမှာ လက်ကိုမြှောက်လျက် ၀ူရှန်းရှင်းလီကိုဖယ်ရှားလိုက်သည်။ သူကရှီကျားကိုလေးနက်စွာကြည့်လျက်ဆိုလိုက်သည်။


"လင်းရှောင်ပြောတာက..တိုင်းတပါးကသရဲကိုစိတ်မ၀င်စားဘူးတဲဲ့"


ရှီကျားမှာ သူကနောက်နေသည်ဟုသာထင်ခဲ့ကာ ရယ်မောလာသည်။ 


"ဟုတ်သားပဲ လင်းရှောင်က ဟွာရှားကပဲကို..ကုမန်သုန်ကကျထိုင်းကလေ"


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်လေသည်။


ရှီကျားနောက်တစ်ကြိမ်ရယ်လိုက်ပြီးမှာ သူ၏အပြုံးကတဖြည်းဖြည်းတောင့်တင်းသွားခဲ့သည်။


"ဆရာယဲ့ နောက်နေတာမဟုတ်ဘူးလား"


ယဲ့ကျင်းကျီမှာ ရှီကျား၏အမေးကိုကြားသော် တုံ့ပြန်လာခဲ့သည်။


"တကယ်ပါ" 


ရှီကျား"....လင်းရှောင်က နိုင်ငံခြားတင်သွင်းလာတဲ့က သရဲတွေကို ဂရုမစိုက်ဘူးလို့ပြောတာပေါ့"


ယဲ့ကျင်းကျီတွေးလိုက်သည်။ 


နိုင်ငံခြားကရောက်လာတဲ့သရဲတွေကလည်း ပြည်ပသရဲတွေပဲပေါ့...


"အင်း..ပြည်ပသရဲတွေကို ဂရုမစိုက်ဘူး"


ရှီကျား"...."


ပါးပါးလင်းရှောင်ကတော့ ပါးပါးလင်းရှောင်ပါပဲ...


တကယ်တမ်းတွင် ပါပါးလင်းရှောင်မှာလည်း ရင်ထဲမှ ခါးသက်နေခဲ့လေသည်။ 


ပါပါးမှာနေ့စဥ်နှင့်အမျှ အမှုပေါင်းများစွာကိုဖြေရှင်းရသည်။ ဟွာရှား၏စုစုပေါင်းလူဦးရေမှာ ၁ဘီလျံမကချေ။ တောင်တန်းများ မြစ်ချောင်းများကိုပါထည့်တွက်လျှင် စတုရန်းကီလိုမီတာ ၉.၆သန်းကျော်ကျယ်၀န်းသော နယ်နိမိတ်တစ်ခုဖြစ်သည်။ အရာအားလုံးကိုပါပါးလင်းရှောင်ကကိုင်တွယ်ရသည်။ ပါပါးတွင် နေ့တိုင်းအားလပ်ချိန်အဘယ်ရှိလိမ့်မည်နည်း။ နေ့တိုင်းဟိုသူကတစ်မျိုး သည်သူကတစ်ဖုံအဆုံးအဖြတ်ကိုတောင်းခံနေကြသည်။ ကိုယ့်အိမ်ထဲက သရဲများကိုဖြေရှင်းပေးရခြင်းကိုသည်းခံနိုင်သေးသည်။ သူများတကာအိမ်မှ သရဲများကိုလည်းဖြေရှင်းပေးနေရဦးမည်လား။ ပါပါးမှလုံး၀စိတ်မ၀င်စားပါချေ။


လင်းရှောင်မှာ ဤကုမန်သုန်အားကိုင်တွယ်ချင်စိတ်မရှိမှန်း ရှီကျားမထင်ထားမိချေ။ သူတို့၂ဦးသားဆွေးနွေးပြီးနောက် ဤကုမန်သုန်အားရွှမ်းရွှယ်လောက၏ သဘာ၀လွန်အမှုအခင်းဌာနကိုသာလက်လွှဲပေးရန်ဆုံးဖြတ်ခဲ့ကြလေသည်။ ရှီကျားကမေးလိုက်သည်။


"သူတို့ကျွန်တော်တို့ကို pointလေးနည်းနည်းပေးရမယ်မလား"


ယဲ့ကျင်းကျီတန့်သွားမိလေသည်။


"Pointလား"


ရှီကျားခေါင်းညိတ်လိုက်သည်။


"အင်း..ဆရာယဲ့ဒါက နိုင်ငံခြားသရဲလေ..သူ့ကိုmodouမှာမှတ်တမ်းတင်လို့မရဘူးဆို..ဒီတော့ သူကိုသီးခြားမှတ်တမ်းတက်ရမှာမလား..ဟွာရှားgreen cardမရှိလို့ဆိုပြီး သရဲတွေကိုခွဲခြားတာတော့မဟုတ်ပါဘူးနော်..သရဲတွေဆိုတာ ညီတူညီမျှပဲလေ..ကျွန်တော်တို့ဒီသရဲကိုခက်ခက်ခဲခဲဖမ်းထားရတာ..ဘယ်လိုပဲဖြစ်ဖြစ် point၁ pointကလည်းတန်ဖိုးရှိတာပဲ...ခွဲခြားမဆက်ဆံသင့်ဘူး"


ယဲ့ကျင်းကျီမှာ နားမလည်သော်လည်း ဇနီးလေးပြောသမျှအမြဲမှန်လေသည်။ 


"အိုကေ..ကိုယ်တို့ သဘာ၀လွန်အမှုအခင်းဌာနဆီကနေတောင်းကြတာပေါ့"


ကိစ္စမှာ ထိုသို့ဆုံးဖြတ်ချက်ချခံလိုက်ရလေသည်။


နောက်တစ်နေ့တွင် ရှီကျားမှာ သူ့အခန်းများအားလုံးရိုက်ကူးပြီးစီးသွားခဲ့သည်။ ညနေခင်းတွင် ဖန်းမော့ထင်မှာလည်း ဆေးရုံမှဆင်းလာပြီး ရိုက်ကွင်းသို့ရောက်လာခဲ့လေသည်။ ဒါရိုက်တာမှာ အံ့အားသင့်လျက် သူ့ကိုအမြန်နားရန်ပြောလေသည်။ သို့သော်ဖန်းမော့ထင်ကမူ သူ၏ဒဏ်ရာမှာ ပျောက်ကင်းသွားပြီဖြစ်ကြောင်းဆိုလာခဲ့သည်။


ရုပ်ရှင်ဧကရာဇ်၏ချောမွေ့နေသော ပုခုံးကိုကြည့်ပြီးမှ ဒါရိုက်တာလည်း ဖန်းမော့ထင်မှာ ဒဏ်ယာအသေးစားလေးသာရသွားခြင်းဟု လက်ခံလိုက်လေသည်။


ရှီကျားသိမ်းဆည်းနေစဥ် ဖန်းမော့ထင်နှင့် သူ၏မန်နေဂျာမှ သူ့အားပန်းများပေးခဲ့သည်။ ထို့နောက်ရှီကျားရိုက်ကူးရေးပြီးသွားခြင်းကိုဂုဏ်ပြုခဲ့လေသည်။ ၄င်းကိုကြည့်ပြီး ရှီကျား၏နောက်ခံမှာ မရိုးရှင်းဟုတွေးမိကာ ကျန်အဖွဲ့သားများမှာလည်း သူ့အားအလျင်အမြန်လာရောက်နှုတ်ဆက်ခဲ့ကြလေသည်။ အစ်ကိုကျားမှာ ရိုက်ကူးရေးတွင်ရှိနေခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီဖြစ်သော်လည်း လူအများကြီးထံမှ ပထမဆုံးအကြိမ် ဂရုစိုက်ခြင်းခံရခြင်းဖြစ်သည်။ သူကလူတိုင်းကိုကျေးဇူးတင်လိုက်ပြီး ရှေ့မှ ရုပ်ရှင်ဧကရာဇ်ကိုကြည့်လိုက်သည်။


ဖန်းမော့ထင်မှာ ပြုံးလျက်ဆိုလာသည်။ 


"Wechatအပ်ရအောင်လေ..အနာဂါတ်မှာလည်း ဆက်သွယ်လို့ရတာပေါ့" 


ရှီကျားအနည်းငယ်တွန့်ဆုတ်နေခဲ့သော်လည်း မငြင်းဆန်လိုက်ချေ။


ဤကဲ့သို့လူမျိုးမှာ အဆက်အဆံလုံး၀မရှိခြင်းသို့မဟုတ် မိတ်ဆွေများဖြစ်လာခြင်းကသာအဆင်ပြေလေသည်။


စုန့်စုန့်ကိုချီလျက် ဘေးတွင်ရပ်နေသော ဆရာယဲ့ "...."


သူကမကျေနပ်လွန်း၍ စကားပင်ပြောချင်စိတ်မရှိတော့ချေ။


ရွှမ်းရွှယ်လောက၏ သဘာ၀လွန်အမှုအခင်းဌာနမှာ ရှီကျားမျှော်လင့်ထားသည်ထက် ပိုမြန်နေခဲ့သည်။ ရှီကျားသိမ်းဆည်း၍မပြီးသေးခင်မှာပင် အပြင်၌သူ့ကိုတွေ့ချင်နေသူတစ်ယောက်ရှိကြောင်း သိလိုက်ရလေသည်။ ထိုလူကသူ့အားအဓိပ္ပါယ်ရှိရှိနှင့်ဆိုလာခဲ့သည်။


"လုံး၀ A အဆင့်အလှလေးကွာ..ရှီကျား မင်းတို့ကဘယ်လိုရင်းနှီးနေတာလဲ..အရမ်းလှလိုက်တာမှ အနုပညာလောကထဲက မင်းသမီးတွေထက်ကိုလှတာ"


ရှီကျားစိတ်ထဲမှ အတွေးတစ်ခုပေါ်လာမိလေသည်။ သူအပြင်ထွက်ပြီးကြည့်လိုက်သော် ထင်ထားသလိုပင်ဖြစ်နေခဲ့သည်။ 


ဟူတျဲမှာလက်ပိုက်လျက် နှုတ်ခမ်းနီနီလေးကိုကော့ညွတ်ကာဆိုလာခဲ့သည်။ 


"လတ်တလောတိုက်တိုက်ဆိုင်ဆိုင် Cစီရင်စုထဲရောက်နေတာလေ..ငါ့ဆီသာလွှဲလိုက်တော့"


ရှီကျားလည်း ဖန်းမော့ထင်အား ဟူတျဲနှင့်မိတ်ဆက်ပေးလိုက်လေသည်။


ရုပ်ရှင်ဧကရာဇ်မှာ ရုပ်ရှင်ဧကရာဇ်ဖန်းဟုခေါ်ထိုက်ပေသည်။ သူတို့စတွေ့ချိန်တွင် သူသည်ဟူတျဲကို အံ့အားသင့်လျက်ကြည့်နေခဲ့လေသည်။ အထက်အောက် အစုန်အဆန်ကြည့်လိုက်ပြီးနောက် သူကတည်ငြိမ်စွာပင်ဆိုလာခဲ့သည်။


"ဒီကဆရာ့ကို ဘယ်လိုခေါ်ရမလဲမသိဘူး"


သူကတမင်တကာ လိင်အမျိုးအစားကိုထည့်မပြောခဲ့ချေ။


ဟူတျဲကပျင်းရိစွာဆိုခဲ့သည်။


"ဟူမျိုးရိုး..ဟုတ်ပြီ..ကိစ္စကဘယ်လိုလဲ..ငါ့ကိုပြောပြ"


၂ယောက်သားအသေးစိတ်ကိုစတင်ပြောဆိုလိုက်ကြလေသည်။


ဟူတျဲမှာလည်း ဤသို့နိုင်ငံခြားသရဲ ကုမန်သုန်ကိုတစ်ခါမှမတွေ့ဖူးခဲ့ချေ။ ယဲ့ကျင်းကျီမှာ ကုမန်သုန်ကိုထည့်ပိတ်ထားသော ရွှေရောင်ပုလင်းလေးကိုထုတ်ယူလိုက်လေသည်။ ဟူတျဲမှာ လက်လှမ်း၍ ယူရန်ပြင်လိုက်စဥ် ယဲ့ကျင်းကျီက နောက်ဆုတ်ကာအသာရှောင်လိုက်လေသည်။


ဟူတျဲ" ? "


ယဲ့ကျင်းကျီက ခံစားချက်မဲ့စွာဆိုခဲ့သည်။


"Pointပေး"


ဟူတျဲ၏မျက်လုံးတို့ပြူးကျယ်သွားခဲ့သည်။


"ဟ?!"


ယဲ့ကျင်းကျီကဆိုသည်။ 


"ကုမန်သုန်ကို modouနဲ့မှတ်တမ်းတင်မရဘူး..ဒါပေမယ့်သူလည်းသရဲပဲလေ..pointတစ်pointရရမယ်"


ဟူတျဲပေါက်ကွဲတော့သည်။ 


"မင်းလတိုင်း pointပေါင်းထောင်ကျော်ရနေကျပဲမဟုတ်ဘူးလား အခုမှ point ၁pointကိုလာကပ်သပ်နေတယ်ပေါ့ ငါ့ဖင်ကြီးကိုပဲ"


ယဲ့ကျင်းကျီ၏အမူအယာမှာ ပြောင်းလဲမသွားခဲ့ချေ။ သူ၏ပုံစံမှာ 'pointမပေးရင် ပုလင်းလည်းမပေးဘူး' ဟုအပြည့်အ၀ဖော်ညွှန်းနေခဲ့သည်။ ဘေးမှရပ်ကြည့်နေသောရှီကျားမှာ အလွန်ထိရှသွားမိလေသည်။


ဆရာယဲ့ကလူကောင်းပဲ အားကိုးရချက်..


သူတို့ပိုင်ဆိုင်သင့်သော pointကိုရကိုရသင့်သည်။ အစ်ကိုကျားမှာ ထိုတစ်pointပင်ဖြစ်စေလိုအပ်ခေသည်။ သူ့တွင် ၁၆pointအကြွေးတင်နေဆဲမဟုတ်ပါလား။


တကယ်တမ်းတွင် ရှီကျားမသိပဲ ယဲ့ကျင်းကျီသာသိသော အရာတစ်ခုရှိလေသည်။


သဘာ၀လွန်အမှုအခင်းဌာနမှာ သေမျိုးလောကမှ သဘာ၀လွန်စွမ်းအားများပါ၀င်ပါတ်သတ်နေသော အမှုအခင်းများကိုကိုင်တွယ်ရန်အလို့ငှာ ဂိုဏ်းကြီး၄ဂိုဏ်းပေါင်းစပ်ဖွဲ့စည်းထားခဲ့သော ဌာနတစ်ခုဖြစ်သည်။ သို့သော် ရွှမ်းရွှယ်လောကမှဆရာသခင်တိုင်းမှာ ဆရာယဲ့ကဲ့သို့ အလွန်စေတနာမေတ္တာများနှင့်ပြည့်၀နေကြသူများမဟုတ်ချေ။ ၄င်းတို့မှာ လူရည်လည်များဖြစ်သည်။ ဂိုဏ်းကြီး၄ဂိုဏ်းမှတပည့်များပင်ဖြစ်စေ ကိုယ်ကျိုးမရှိပဲ သဒ္ဓါစိတ်ယိုဖိတ်ကာ လှိုက်လှိုက်လှဲလှဲကူညီကြမည်မဟုတ်ချေ။ ထို့ကြောင့် အမှုတစ်ခုကိုဖြေရှင်းပေးတိုင်း သဘာ၀လွန်အမှုအခင်းဌာနမှ ထိုဆရာသခင်ငယ်များကို pointပေးရသည်။


ဟုတျဲမှ ကုမန်သုန်အမှုကိုဖြေရှင်းရန်အတွက်ရောက်လာခြင်းဖြစ်သော်လည်း အလကားတော့မဟုတ်ချေ။ သဘာ၀လွန်အမှုအခင်းဌာနမှ သူ့ကို point၅ pointပေးခဲ့သည်။ ထိုအထဲတွင် ၂pointမှာသူ၏ကိုယ်ပိုင်လုပ်အားခဖြစ်သည်။ ကျန်၃pointမှာ အမှု၏ခက်ခဲမှုအပေါ်မူတည်၍ သူနှင့်အတူ အမှုအခင်းကိုဖြေရှင်းရန်အခြားဆရာသခင်များကိုငှားယမ်းရန်အတွက်ပင်။ အကယ်၍ သူကအခြားဆရာသခင်၏အကူအညီကိုမလိုခဲ့ပါက ထို ၃pointကိုပေးစရာမလိုချေ။


ယခုရှီကျားနှင့် ယဲ့ကျင်းကျီမှာ ကုမန်သုန်ကိုဖမ်းဆီးထားပေးပြီးဖြစ်ရာ မည်သို့ပင်ဆိုစေ လုပ်အားခအနည်းငယ်တော့ရသင့်လေသည်။ 


ဆရာယဲ့မှာ ဘွင်းဘွင်းရှင်းရှင်းပင်။ သရဲတစ်ကောင်ကို ၁pointဖြစ်သည်။ စည်းမျဥ်းမှာစည်းမျဥ်းပင်။ သူတို့ဘက်မှ point ၁pointမျှကိုသာတောင်းခံနေခြင်းဖြစ်သည်။ အကယ်၍အစ်ကိုကျားသာထိုအကြောင်းကိုသိခဲ့ပါ သူသည် ဟူတျဲထံမှာ point၂pointအတင်းညှစ်ထုတ်မိခဲ့လိမ့်မည်။ သူတို့၂ဦးအတွက် အညီအမျှဖြစ်လျှင် အကောင်းဆုံးဖြစ်သည်။


အတိတ်တွင် ယဲ့ကျင်းကျီမှာ သဘာ၀လွန်ဌာန၏အမှုအခင်းကိစ္စများအတွက် ကူညီပေးခဲ့ဖူးကာ pointတစ်ခါမျှမတောင်းခဲ့ဖူးချေ။ ဟူတျဲမှာ စိတ်ပျက်လက်ပျက်ရေရွတ်လျက် မပေးချင်ပေးချင်နှင့် point ၁pointကိုထုတ်ပေးလာခဲ့သည်။ ထိုpointမှာသူ့အပိုင်မဟုတ်ပဲ ခတ္တမျှအပ်ထားခံရခြင်းသာဖြစ်ကြောင်း သိသော်လည်း သူကားအလွန်ကပ်စေးနှဲလေသည်။


၁pointကိုခွဲရန်မလွယ်ချေ။ ယဲ့ကျင်းကျီမှာ pointကိုယူလျက် ရှီကျားအကောင့်ထဲသို့ တိုက်ရိုက်လွှဲလိုက်လေသည်။ ရှီကျားမှာ သူ့အားရှော့ခ်ရစွာကြည့်လာလျှင် ဆရာယဲ့ကလေးနက်စွာ ဆိုလာခဲ့သည်။


"မင်းဟာ" 


ကိုယ့်pointတွေလည်း မင်းအပိုင်ပဲ ..


အစ်ကိုကျားမှာ မျက်ရည်တောင်လည်လုနီးပါးပင်။


ချန်းအန်ကိုအမြန်သွားလည်ပြီး ဆရာယဲ့ကို အရသာရှိတာတွေလိုက်ကျွေးရမယ်..


👻