အပိုင်း ၁၃၉
Viewers 34k

Chapter 139
Extra_(6)



"မင်းတို့ကြားမိလား…အသစ်ပြောင်းလာတဲ့ ကျောင်းသားက ကျီရွှမ် အစ်ကိုတဲ့…"

"ဟုတ်လို့လား…"

"သူတို့က မျိုးရိုးနာမည်မှ မတူကြတာ…"

"ပြောကြတာတော့ သူတို့က ‌သွေးမတော်စပ်ကြဘူးတဲ့…သူတို့ မိသားစုဆက်ဆံရေးက ရှုပ်ထွေးတယ်…"

မွန်းတည့်ချိန်တွင် စာသင်ခန်းထဲမှ တီးတိုးအတင်းအဖျင်းပြောသံများ ကြားနေရလေသည်။ ထိုအမှန်တစ်၀က် အမှားတစ်၀က် စကားများက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

"ဘာပဲပြောပြော သူနဲ့ ဝေးဝေးနေကြ…"

ထိုအချိန်တွင် စာသင်ခန်းတံခါးက ပွင့်လာလေသည်။

စာသင်ခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။

အရပ်ရှည်သော‌ကောင်လေးတစ်ယောက်က တံခါး၀တွင် ရပ်နေလေသည်။ သူက သေချာလျှော်ဖွပ်ထားသော ကျောင်း၀တ်စုံကိုလျော့ရဲရဲ ၀တ်ဆင်ထားကာ ဖြူဖျော့သွယ်လျသော လက်ကောက်၀တ်နှင့်ခြေချင်း၀တ်များကို ပြသနေလေသည်။ သူက ရွယ်တူများထက်အရပ် အနည်းငယ် ပိုရှည်ပြီး လျစ်လျူရှုမရသော တည်ရှိမှုဖြစ်လေသည်။

သူ့၏ အညိုဖျော့ဖျော့ဆံပင်များက နေရောင်အောက်တွင် ပျားရည်ရောင် တောက်ပနေလေသည်။ ထို့အပြင် သူ့၏ လှပသော ပယင်းရောင် မျက်လုံးများဖြင့် စာသင်ခန်းထဲကို ကြည့်နေလေသည်။

ကျောင်းသားများ အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။

ကောင်လေးက အကြည့်ကို ပြန်ရုတ်လိုက်ပြီး ပြတင်းပေါက်ဘေးခုံ၌ ၀င်ထိုင်လိုက်သည်။

စာသင်ခန်းက တစ်ဖန်သက်၀င်လှုပ်ရှားလာသော်လည်း ယခင်ကဲ့သို့ မတက်ကြွတော့ချေ။  

ကောင်လေးက အရာအားလုံးကို ဘာမှ မထူးဆန်းသကဲ့သို့ ကြည့်နေလေသည်။

ကျီရွှမ်ရဲ့သွေးသားမတော်စပ်တဲ့အစ်ကို ယဲ့ကျား…

သူ ကျောင်းပြောင်းလာသည့် ပထမနေ့မှာပင် သူက အားလုံး၏ အာရုံစိုက်မှု ဖြစ်လာလေသည်။

သူ့မိသားစုက အမှန်ပင် ရှုပ်ထွေးလေသည်။ မျိုးဆက်ဟောင်းများက ရောယှက်နေသောကြောင့် ဖြစ်၏။ သို့သော် သူက ယင်းကို စိတ်မ၀င်စားပေ။ သူက မိသားစု၀င်များနှင့်ပေါင်းသင်းဆက်ဆံရေး များစွာ မရှိချေ။ သူ့၏ ညီကိုပင် အကြိမ်အနည်းငယ်သာ မြင်ဖူးလေသည်။

သူ့၏ပုံစံကိုပင် မေ့လုနီးပါးဖြစ်နေပြီဖြစ်သည်။

သူ ယခင်အလယ်တန်းကျောင်းတွင် လုပ်ခဲ့သော ကိစ္စများကြောင့် မဟုတ်လျှင် သူ့ညီနှင့်တွေ့ရန် အကြောင်းပင် မရှိပေ။  

သူက တစ်ဖက်လူကိုလည်း ဂရုမစိုက်ပေ။

သွားစရာရှိတာ ပြန်စရာရှိတာပြန်….

ဒီပျင်းစရာကောင်းတဲ့ အတင်းအဖျင်းတွေက အချိန်တန်ရင် ပျောက်သွားမှာပဲ…

ယဲ့ကျားက ဖတ်စာအုပ်ကို ဖွင့်လိုက်သည်။

…….

ကျောင်းထဲတွင်…

ကျောင်း၀တ်စုံမ၀တ်ထားသော ကောင်လေးတစ်ယောက်က နံရံကို မှီကာ ရပ်နေပြီး ဖြူဖျော့သော လက်ချောင်းများကြားတွင်စီးကရက်ကို ညှပ်ထားလေသည်။

လူအနည်းငယ်က ကောင်လေး၏ဘေးတွင် ၀န်းရံနေပြီး ရယ်မောကာ ရွှေ့ပြောင်းကျောင်းသားအကြောင်း ပြောနေကြလေသည်။

"ကောင်မလေးတွေက ကျောင်းသားသစ်ကို သဘောကျပုံပဲ…သူ့အကြောင်းကို ပြောနေကြတယ်…''

"သေစမ်း…ကောင်မလေးတွေက အများကြီးမရှိပါဘူးဆို…အခုတော့ ငါတို့အတွက် အခွင့်အရေးတောင် ရှိပါ့မလား…"

"အစ်ကိုရွှမ် သူ့ကို သွားမတွေ့ဘူးလား…"

"အစ်ကိုရွှမ်က သူ့ကို သွားတွေ့စရာလား…သူကသာ အစ်ကိုရွှမ်ကို လာကန်တော့ရမှာ…"

အဓိကဇာတ်ဆောင်က အစအဆုံး စကားမပြောချေ။သူက သူ့ရှေ့မှ ကျောင်းသားကို ကန်လိုက်လေသည်။

တစ်ဖက်လူက ကောင်လေးကို ထိတ်လန့်စွာ ကြည့်နေလေသည်။

"စကားကို သေချာကြည့်ပြော…"

ကောင်လေးအုပ်စုက တိတ်ဆိတ်သွားလေသည်။

သူတို့ တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

ဒါက ဘယ်လိုအခြေအနေလဲ…

……….

တစ်ပတ်ကြာပြီးနောက် ကောလဟလများက ငြိမ်ကျသွားလေသည်။

နောက်ဆုံးတွင် ယဲ့ကျားက ‌သူ့ညီကို မြင်လိုက်ရသည်။

တစ်ဖက်လူက ရန်ဖြစ်နေလေသည်။

လမ်းကြားတစ်ခုတွင် အခြားကျောင်း၀တ်စုံ ၀တ်ထားသော ကျောင်းသားခုနစ်ယောက်ရှစ်ယောက်နှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။  

ယဲ့ကျား တစ်ဖက်လူကို ချက်ချင်း မမှတ်မိခဲ့သော်လည်း တစ်ဖက်လူ၏ မျက်လုံးများကြောင့် မှတ်မိသွားခြင်းဖြစ်သည်။  

ကျီရွှမ်၏ မျက်လုံးများက အနက်ရောင်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ထူးဆန်းစွာ နီလာလေသည်။  

နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျီရွှမ်ကများစွာ ပြောင်းလဲသွားခဲ့သည်။ မျက်ခုံးများကနက်မှောင်လာပြီး မျက်နှာသွင်ပြင်က ပိုမို ရင့်ကျက်လာလေသည်

ယဲ့ကျား၏ မေ့ပျောက်နေသော မှတ်ဉာဏ်များက ပြန်လည်ထွက်ပေါ်လာလေသည်။

"ဟေး… ဘယ်သူလဲ…"

"ကြည့်…သူနဲ့ ကျောင်း၀တ်စုံတူတူပဲ…"

"မင်းတို့ အချင်းချင်း သိကြတာလား…"

ထိုအခါ ကျီရွှမ်က သူ့ကို ကြည့်လာ‌လေသည်။

"မသိဘူး…"

"မသိဘူးလား…ဟေ့…မင်းထွက်သွား…ရပ်ကြည့်နေသေးရင် မျက်လုံးကို ဖောက်ထုတ်လိုက်မယ်…ဘာမှတ်နေလဲ…"

ထိုအချိန် ကျီရွှမ်က တစ်ဖက်လူကို လက်သီးဖြင့် ထိုးလိုက်လေသည်။

တစ်ဖက်လူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး မျက်နှာကို အုပ်လိုက်သည်။

လမ်းကြားထဲတွင် ရန်ပွဲက ထပ်မံဖြစ်ပေါ်လာလေသည်။

ယဲ့ကျားက လမ်းထိပ်တွင် ရပ်နေလေသည်။

ဘာပဲဖြစ်ဖြစ် သူ့ကိစ္စမဟုတ်ဘူး…

ကားကို မမှီတော့သောကြောင့် ရပ်နေခြင်းဖြစ်သည်။

သူ ကျီရွှမ်ကို ကြည့်လိုက်သည်။  

ကျီရွှမ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော်လည်း လူအင်အားမမျှချေ။

ယဲ့ကျားက သက်ပြင်းချလိုက်ပြီး ကျောပိုးအိတ်ကို လမ်းထိပ်တွင် ချထားလိုက်လေသည်။

သံတုတ်ကိုင်ထားသည့် ကျောင်းသားတစ်‌ယောက်က ကျီရွှမ်၏ ခေါင်းကို ရိုက်လိုက်သည်။

ကျီရွှမ်က တစ်ဖက်လူ၏ လက်ကို ဆွဲလိမ်လိုက်ပြီး ကော်လံကို ဆွဲဆုပ်ကာ မျက်နှာကို ထိုးလိုက်လေသည်။

နာရီ၀က်ခန့် ကြာပြီးနောက်…

ကျောင်းသားများက တစ်ယောက်ကို တစ်ယောက်ကူညီကာ ထွက်သွားကြလေသည်။

ယဲ့ကျားလည်း ရန်ပွဲတွင် ပါ၀င်ခဲ့သော်လည်း ဒဏ်ရာ မရခဲ့ပေ။

သူက နာကျင်နေသော လက်ကောက်၀တ်ကို လှုပ်ရှားလိုက်ကာ ဆံပင်ကို သပ်လိုက်သည်။

ကျီရွှမ်က သူ့ဘေးတွင် မည်သည့်အချိန်က မတ်တပ်ရပ်နေမှန်း မသိလိုက်ချေ။

ဘေးချင်းယှဉ်ရပ်လိုက်မှ ကျီရွှမ်က သူ့ထက်ငယ်သော်လည်း သူ့ထက် အရပ်ပိုရှည်ကြောင်း သိလိုက်ရလေသည်။

သူက အနည်းငယ် သက်တော့င်သက်သာ မရှိသောကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

ကျီရွှမ်၏ အကြည့်က ယဲ့ကျား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။

"မင်းက တိုက်ခိုက်တာ ‌တော်သားပဲ…"

"အဲ့‌တော့…"

ကျီရွှမ် ဘာမှ ပြန်မပြောပေ။

ယဲ့ကျား ကျောင်းသားအုပ်စု ထွက်သွားသည့်ဘက်ကို ကြည့်ကာ မေးလိုက်သည်။

"သူတို့က မင်းကို ဘာလုပ်နေတာလဲ…"

"ပိုက်ဆံ လုနေတာ…"

ကျီရွှမ်က လိုရင်းတိုရှင်း ပြန်ဖြေလိုက်သည်။

ကျီရွှမ်ရဲ့ ပိုက်ဆံကို လုရဲကြတယ်ပေါ့…

ယဲ့ကျားက သံသယ၀င်နေသော်လည်း ထပ်မမေးတော့ပေ။

ကျီရွှမ်:"မင်း ဒဏ်ရာရထားလား…"

ယဲ့ကျားက ခေါင်းခါလိုက်ပြီး ကျီရွှမ်ကို ကြည့်လိုက်သည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ််တွင် ဒဏ်ရာတော်တော်များပြီး လက်‌မောင်းနှင့် လက်ကောက်၀တ်တွင်မည်သည့်အချိန်က ရသွားမှန်းမသိသော ဓားဒဏ်ရာများ ရှိနေလေသည်။

ယဲ့ကျား: "မင်း ဆေးရုံသွားမလား…"

ကျီရွှမ်က သူ့ဒဏ်ရာများကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မလိုဘူး…"

"အင်း…"

ယဲ့ကျားက လမ်းထိပ်တွင် ချထားသော ကျောပိုးအိတ်ကို လွယ်လိုက်သည်။

"ဒါဆို အိမ်စောစောပြန်…"

သို့သော် တစ်ဖက်လူက သူ့ကျောပိုးအိတ်ကို ဆွဲထားလေသည်။

ယဲ့ကျားက နောက်လှည့်ကြည့်လိုက်သည်။

ထိုအခါ သူ့ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲထားသည့် ကျီရွှမ်က ပြောလာလေသည်။

"ငါ့ကို ခေါ်သွား…"

ယဲ့ကျား :"ဘာလို့လဲ…"

အိမ်မရှိလို့လား…

ဒီသခင်လေးရဲ့ အိမ်တွေက သူ့အငှားအိမ်ထက်တောင် ပိုကောင်းဦးမယ်…

ကျီရွှမ်က သူ့ဒဏ်ရာများကို ညွှန်ပြလိုက်သည်။

"ငါ ဒါတွေကို မကုတတ်ဘူး…"

ယဲ့ကျား:"အဲ့ဒါဆို အိမ်ပြန်တာက ပိုကောင်းတယ်လေ…"

ကျီရွှမ်:"သူတို့က ငါ့ကို ဂရုမစိုက်ဘူး…"

ယဲ့ကျား:"ဒါဆို မင်း ဟိုတယ်မှာ သွားနေလေ…"

ကျီရွှမ်:"ပိုက်ဆံလု ခံလိုက်ရတယ်…"

ယဲ့ကျား :"ငါ ချေးပေးလို့ရတယ်…"

ထိုအချိန်တွင် လမ်းမီးရောင်က တစ်ဖက်လူ၏ပခုံးပေါ်ကျလာပြီး တစ်ဖက်လူက မဟူရာမျက်လုံးများဖြင့် သူ့ကို နက်ရှိုင်းစွာ ကြည့်နေလေသည်။

"ကောကော…"

ယဲ့ကျားက သက်ပြင်းချလိုက်ပြီး တစ်ဖက်လူ၏ လက်ထဲမှ ကျောပိုးအိတ်ကို ဆွဲလိုက်သည်။

"လိုက်ခဲ့…" 

……..

အငှားအိမ်က အလွန်ကျဉ်းမြောင်းပြီး အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းသာ ရှိလေသည်။ သို့သော် အလွန်သန့်ရှင်းနေ၏။

ယဲ့ကျားက ဗီဒိုထဲမှ အပိုအိမ်စီးဖိနပ်တစ်ရံကို ထုတ်ပေးလိုက်သည်။ 

ကျီရွှမ်က ဖိနပ်ကို လဲဝတ်လိုက်ကာ အိမ်ထဲ ၀င်လာလေသည်။

ယဲ့ကျားက မီးဖို‌ချောင်ထဲမှ ဆေးသေတ္တာ ယူလာလိုက်သည်။

ထို့‌‌နောက် ကျီရွှမ်ကို ထိုင်ခုံပေါ် ထိုင်ခိုင်းလိုက်လေသည်။

"ထိုင်.." 

ကျီရွှမ်က နာခံစွာ ထိုင်လိုက်ပြီး အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။

ဒဏ်ရာက သိပ်မနက်သည့်အတွက် သွေးများစွာ ထွက်မနေပေ။

ယဲ့ကျားက ဒဏ်ရာကို ပိုးသတ်ပြီး ပတ်တီးစည်းပေးလိုက်သည်။

သူ့၏နည်းစနစ်က ကောင်းမွန်သော်လည်း လှုပ်ရှားမှုက ကြမ်းတမ်းလေသည်

ကျီရွှမ်:"အ…"

ယဲ့ကျား:"နာလား…"

ကျီရွှမ်:"အင်း…"

ယဲ့ကျား :"နာရင် ရန်မဖြစ်နဲ့လေ…"  

မကြာမီ ပတ်တီးစည်းပြီးသွားလေသည်။

ယဲ့ကျားက မတ်တပ်ရပ်လိုက်ပြီး ရေခဲသေတ္တာကို သွားဖွင့်လိုက်သည်။

"မင်း ဗိုက်‌ဆာနေလား…နေ့လည်က အကျန်တွေ‌တော့ ရှိသေးတယ်…"

ကျီရွှမ်:"မင်း လုပ်ပေးမှာလား…"

ယဲ့ကျား ထိတ်လန့်သွားသည်။ တစ်ဖက်လူက အကျန်များထက် ထိုကိစ္စကို ပိုစိုးရိမ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"အင်း…"

မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ညီအစ်ကိုနှစ်ယောက်က ထမင်းတူတူ ထိုင်စားနေကြလေသည်။

ထိုခံစားချက်က ထူးဆန်းနေလေသည်။

သို့သော် မည်သို့ ထူးဆန်းမှန်း မပြောနိုင်ပေ။

ညဉ့်ပိုနက်လာလေသည်။

ယဲ့ကျားက ဆိုဖာပေါ်တွင် အိပ်ရာခင်းပေးလိုက်သည်။

"မင်း ဒီမှာ အိပ်လို့ ရတယ်မလား…"

ကျီရွှမ်:"ရပါတယ်…"

ယဲ့ကျားတွင် ဧည့်သည်ကို ဧည့်ခင်းသည့် အတွေ့အကြုံများစွာ မရှိချေ။

"အ၀တ်အစား လဲမလား…"

ကျီရွှမ်:"ရလား…"

ယဲ့ကျားက ဗီဒိုထဲမှ ရှပ်အင်္ကျီတစ်ထည်နှင့် ဘောင်းဘီရှည်ကို ထုတ်ပေးလိုက်သည်။

"နည်းနည်းတော့ သေးမလား မသိဘူး…"

ကျီရွှမ်က တစ်ဖက်လူစိတ်ပြောင်းသွားမည်ကို စိုးရိမ်သောကြောင့် အမြန်လှမ်းယူလိုက်သည်။

"အဆင်ပြေပါတယ်…"  

ယဲ့ကျား ခေါင်းငြိမ့်လိုက်ပြီး အိပ်ခန်းထဲ၀င်ကာ တံခါးပိတ်လိုက်သည်။ 

သို့သော် တံခါးမပိတ်မီ ကျီရွှမ်က လှမ်းခေါ်လိုက်လေသည်။

"ကောကော…"

ယဲ့ကျားက သူ့ကို ကြည့်လိုက်သည်။

"ကောင်းသောညပါ…"

ယဲ့ကျား:"အင်း…"

ထို့နောက် တံခါးကို ပိတ်လိုက်သည်။

အမှောင်ထဲ၌…

ကျီရွှမ်က ဆိုဖာပေါ်တွင် လှဲနေပြီး ခြေထောက်များက အပြင်ထွက်နေလေသည်။

သူက တံခါးဆီ လှမ်းကြည့်လိုက်သည်။

သူ တစ်ဖက်လူကို မမြင်ရသ်ောလည်း တစ်ဖက်လူ၏ တည်ရှိမှုကို ခံစားနေရလေသည်။

ကျီရွှမ်က ခေါင်းငုံ့ကာ အ၀တ်အစားများကို နမ်းလိုက်သည်။ 

အ၀တ်အစားထံမှ လန်းဆန်းစေသော အနံ့‌ဖျော့ဖျော့ရနေလေသည်။

ကောကောက အရင်အတိုင်း နူးညံ့နေတုန်းပဲ…

………..

ရက်အနည်းငယ်ကြာပြီးနောက် …

ယဲ့ကျားက ထုံးစံအတိုင်း နေရာတွင် ထိုင်ကာ စာအုပ်ဖတ်နေလေသည်။

ထိုစဉ် အခန်းက ရုတ်တရက် တိတ်ဆိတ်သွားသောကြောင့် ယဲ့ကျား၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

ဘာဖြစ်တာလဲ…

ဆရာမ ဝင်လာတာလား…  

ယဲ့ကျားက ခေါင်းမော့ကြည့်လိုက်သောအခါ တံခါး၀တွင် ကောင်လေးတစ်ယောက်က အမူအရာ ကင်းမဲ့စွာ ရပ်နေလေသည်။  

ကျီရွှမ်က ယဲ့ကျား၏ စားပွဲထံ လျှောက်သွားလိုက်သည်။

စာသင်ခန်းက ပိုမို တိတ်ဆိတ်သွားလေသည်။

ဘာ…ဘာဖြစ်လို့လဲ…

ဒီနတ်ဆိုးကြီးက ဘာလို့ ရောက်လာတာလဲ…

ထိုအချိန်တွင် အတန်းခေါင်းဆောင်က ညီအစ်ကို နှစ်ယောက် မတည့်ကြဟူသော ကောလဟလကို သတိရသွားပြီး ဆရာမကို ပြေးခေါ်ရန် အသင့်ပြင်ထားလိုက်သည်။

……

ကျီရွှမ်က ယဲ့ကျား၏ စားပွဲရှေ့တွင် ရပ်လိုက်ပြီး ယဲ့ကျား၏ စားပွဲပေါ် စက္ကူအိတ်နှစ်အိတ် တင်ပေးလိုက်သည်။

ယဲ့ကျားက စက္ကူအိတ်ကို တုံ့ဆိုင်းစွာ ဖွင့်ကြည့်လိုက်သောအခါ တစ်အိတ်တွင် သူ ငှားထားသော အ၀တ်အစားများရှိပြီး ကျန်တစ်အိတ်တွင် ဈေးကြီးပုံပေါ်သော မနက်စာ ရှိနေလေသည်။

ယဲ့ကျားက အံ့အားသင့်သွားသည်။

ကျီရွှမ်က ယဲ့ကျား၏ ရှေ့ထိုင်ခုံတွင် သဘာ၀ကျစွာ ၀င်ထိုင်လိုက်လေသည်။

"လက်ဆောင်ပြန်ပေးတာ…မင်း မနက်စာ စားပြီးပြီလား…"

   "……"

စာသင်ခန်းက အပ်ကျသံပင် ကြားကျလုမတတ် တိတ်ဆိတ်သွားလေသည်။

ဆရာမကို ပြေးခေါ်ရန် အသင့်ဖြစ်နေသော အတန်းခေါင်းဆောင်က ကြောင်အနေပြီး အခြားကျောင်းသားများသည်လည်း ကြောင်အနေကြလေသည်။

သူတို့ အိမ်မက်မက်နေတာများလား…

ဒါ…ဒါက ဘယ်လိုအခြေအနေကြီးလဲ…