Chapter 21
Viewers 4k

🏝️ Chapter 21

ရှန်းလေ့ ပင်လယ်ပြင်ကို ခရီးထွက်သွားပြီ (၂)



နင်ထန် မဝံ့မရဲ လက်ကို မြှောက်လိုက်သည်။

"အမ် ကျွန်မ တစ်ခုခုပြောလို့ရမလား…"


ရှန်းလေ့က နင်ထန်ကို စိုက်ကြည့်လိုက်သည်။

"မရသေးဘူး…ဒီကလေးသုံးယောက်ကို အရင်ဖြေရှင်းမယ်၊ ပြီးရင် မင်းနဲ့ရှင်းမယ်…"


နင်ထန် ပခုံးတွန့်ကာ ကလေးသုံးယောက်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။


" အခုပြဿနာက အဖေ့ကို မပြောတာပဲ… ပင်လယ်စာဖမ်းမယ်လို့ အစက ပြောပါလား… ပြန်လာတော့ မင်းတို့ကို ရှာမတွေ့တော့ တစ်ကျွန်းလုံးပြေးပြီးရှာတယ်… တော်သေးလို့ နိုင်ငံရေးအရာရှိကျောက်နဲ့ တွေ့တာလေ… သူက အစ်မလောနဲ့ မင်းတို့ ပင်လယ်စာဖမ်းဖို့ သွားတာဆိုတော့မှ ငါ ပြန်လာပြီး မင်းတို့ကိုစောင့်နေတာ…"


နိုင်ငံရေးအရာရှိကျောက်… 


ထိုသူက ရှန်းလေ့ ပြောထားသော အစ်မလော၏ ခင်ပွန်းသည် နိုင်ငံရေးသမားဖြစ်မှန်း သတိရသွားသည်။ သူက အစ်မလော၏ခင်ပွန်း ဖြစ်နိုင်သည်။


ရှန်းလေ့က သူတို့အား တစ်ကျွန်းလုံးကိုပတ်၍ ရှာသည်ဟုကြားသော် သူမ အပြစ်ရှိသလို ခံစားခဲ့ရသည်။

"ကျွန်မ မှားသွားပါတယ်~" 


ရှန်းလေ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။

"သွားချင်ရင် ကိုယ့်ကို ပြောသွားပါ… ကိုယ်က တားပါ့မလား…"


ကလေးသုံးယောက်က သူ့ကို လှမ်းကြည့်သည်။ ရှန်းလေ့ က ကလေးများအား ကမ်းခြေအနီးသို့ လူကြီးမပါဘဲ မသွားစေရန် အမှန်ပင်သတိပေးခဲ့သည်။ နင်ထန်နှင့် အစ်မလော ပါသွားသည်ဆိုမှ သူ စိတ်အနည်းငယ်အေးကာ အိမ်တွင်နေရန် ရွေးချယ်လိုက်သည်။


"ကျွန်မတို့ အတူတူ ထမင်းစားရင်း စကားပြောတာ မကောင်းဘူးလား…"


ကလေးသုံးယောက်က ခေါင်းညိတ်သည်။

"ဟုတ်တယ် အဖေ…"


ရှန်းလေ့ ချက်ပြုတ်ထားသော အစားအစာများသည် အလွန် အရသာရှိပြီး သူတို့လည်း ဆာလောင်နေကြပေပြီ။ စားပွဲနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ အစားအသောက်ကို အနံ့ခံကြည့်ရင်း သွားရည်များပင် ယိုနေရလေသည်။ 


ရှန်းလေ့က သူတို့ကို ကြည့်လိုက်ပြီး စားပွဲပေါ် လက်ညိုးနှင့် လက်ခလယ်ဖြင့် တတောက်တောက်ခေါက်ကာ တွေးနေသည်။ နင်ထန်က အခွင့်အရေးကို ဆုပ်ကိုင်ထားကာ သူ့ကို မြှောက်ပင့် ပြောလိုက်သည်။

" ကျွန်မတို့က အဆာခံနိုင်ပါတယ်… ဗိုလ်ကြီးရှန်း ဆာနေမှာစိုးတာပါ၊ ရှင့်လို ဗိုလ်ကြီးက အဆာ‌တော့မခံသင့်ဘူးလေ…"


တဝါက ခေါင်းညိတ်ပြသည်။

"ဟို့မားပြောတာ မှန်တယ်… သားတို့ဆာတာက အရေးမကြီးဘူး… ဒါပေမယ့် အဖေတော့ မစားဘဲ မနေပါနဲ့..."


အားနူကလည်း ပြုံးပြုံးရွှင်ရွှင်နှင့်ပြောသည်။

"သမီးတို့ အမှားလုပ်မိလို့ အပြစ်ပေးခံရတာက ဖြစ်သင့်ပေမယ့် အဖေ ဗိုက်တော့ အဆာမခံသင့်ပါဘူး…"


ရှန်းလေ့က လှောင်ပြောင်ပြီး ပြန်မေးသည်။

 "မင်းတို့ ပြောတာမှန်တယ် ငါအရင်စားရမလား… မင်းတို့က မစားဘဲ ကြည့်နေကြလေ…"


နင်ထန်က မျက်မှောင်ကြုတ်လိုက်သည်။

" အာ… ဗိုလ်ကြီးရှန်းမှာ နှလုံးသားတော့ ရှိမယ်ထင်ပါတယ်…"


ရှန်းလေ့ မျက်နှာက စောစောကလို မအေးစက်တော့၍ တဝါက ရဲတင်းစွာပင် တောင်းပန်သည့် မျက်နှာပေးဖြင့် ပြောလိုက်သည်။

"အဖေ၊ သားမြည်းကြည့်လို့ရမလား…"


ရှန်းလေ့က သူ့တင်ပါးလေးကို ပုတ်လိုက်သည်။

"ရတယ်၊ တူကိုင်ပြီးစားတော့…"


 "ဟေးးးးး"  


နင်ထန်နှင့် ကလေးသုံးယောက်လုံး ရွှင်လန်းလာပြီး စားပွဲဘေး၌ မြန်မြန် ဝိုင်းဖွဲ့ကြသည်။


ပင်လယ်စာကောက်ခြင်းက အတော်ပင်ပန်း၍ သူတို့လေးယောက် ဗိုက်ဆာနေသည်က ကြာပြီဖြစ်သည်။ ရှန်းလေ့က သူတို့ စားသောက်သည်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။

 "အဲ့လောက်တောင် ဗိုက်ဆာနေကြတာလား…"


"အရမ်းဆာနေတာ… ဒါနဲ့ ကျွန်မတို့ ကမ်းခြေကို သွားတော့လေ....အစ်မရှင်းလန်နဲ့တွေ့တယ်… သူက နောက်ကျမှ ရောက်လာတာ ပင်လယ်စာတွေ သိပ်မမိတော့ ကျွန်မတို့ ရတဲ့ ပင်လယ်မျှော့၊ ပင်လယ်ခရုနဲ့ ဂုံးတွေ ပေးလိုက်တယ်…"


ရှန်းလေ့က ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

" ကောင်းတာပေါ့…"


တစ်ယူနစ်တည်းတာဝန်ကျ၍ ရှန်းလေ့က ဗိုလ်ကြီးချီ၏ မိသားစုအကြောင်း ကြားမိသည်။ နင်ထန် နှင့်ကလေးများပေးသော ပင်လယ်စာက သူတို့မိသားစုအတွက် အကူအညီမျာစွာဖြစ်ပေလိမ့်မည်။


တဝါက ရှန်းလေ့၏အမူအရာကိုကြည့်ကာ မေးလိုက်သည်။

"အဖေ၊ သားတို့ နောက်တစ်ခါ ကမ်းခြေသွားလို့ရမလား…"


နင်ထန်ကလည်း ဝင်ပြောသည်။

" ဗိုလ်ကြီးရှန်း စိတ်မပူပါနဲ့… ကျွန်မတို့ ဂရုစိုက်နေပါ့မယ်၊ရှင့်ကို ဘာမှဒုက္ခမပေးပါဘူး…" 


အားနူနှင့် စန်းဝါက ရှန်းလေ့ကို အသနားခံသော မျက်လုံးများနှင့် လှမ်းကြည့်ကာ တောင်းပန်လိုက်သည်။

 "အဖေ၊ သားတို့ ကမ်းခြေသွားရတာ အရမ်းပျော်တယ်…"


ရှန်းလေ့က ယခုဆိုချိန်၌ ဒေါသပြေပျောက်ကာ နူးညံ့လာသော်လည်း သူတို့ကို သင်ခန်းစာပေးရန် တွေးထားသည်။

"မင်းတို့ ဘယ်လိုနေထိုင်တယ်ဆိုတာကြည့်ပြီး နောက်တော့ ပြောမယ်လေ…"


ကလေးများအတွက် ကမ်းခြေသွားရခြင်းကို စွဲလမ်းမှု ဖြစ်လာနိုင်သည်။ နင်ထန်နှင့် ကလေးသုံးယောက်မှာ ပင်လယ်ကမ်းစပ်မှ ပြန်လာပြီးကတည်းက အတော်ပင် စိတ်လှုပ်ရှားနေသည်။ သူတို့ လာကောက်မည်ကို စောင့်နေသော ပင်လယ်စာက အများကြီးပင်။ သို့သော် နင်ထန် နှင့် ကလေးသုံးယောက်မှာ ရှန်းလေ့ စိတ်ဆိုးမည်ကိုကြောက်၍ မပြောဝံ့ချေ။


ကံကောင်းထောက်မစွာပင် မကြာမီအချိန်အတွင်း ရှန်းလေ့က ပင်လယ်ပြင်သို့ ရွက်လွှင့်သွားခဲ့သည်။ မထွက်ခွာမီ ရှန်းလေ့က ကလေးသုံးယောက်ကို သူ့ဘေးသို့ခေါ်ကာ မှာကြားသည်။ 

"အဖေ မနက်ဖြန် ပင်လယ်ကိုထွက်ရမယ်… ခရီးစဉ်က တစ်လလောက်ကြာမယ်… သားတို့ အိမ်မှာနေပြီး အနေအထိုင်ဆင်ခြင်နော်…"


သူက နင်ထန်ကိုကြည့်ကာ တစ်ခုခုပြောချင်သလို ပြုမူပြီးနောက် ခဏမျှ စဉ်းစားရင်း သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါ… မင်းတို့ကို အစ်မလောဆီမှာ အပ်ထားတာက ပိုကောင်းတယ်…"


နင်ထန်က စိတ်ဆိုးသွားဟန်ဖြင့် သူ့အင်္ကျီလက်ကို လှန်လိုက်သည်။

 â€œá€Ąá€™á€šá€ş ကျွန်မကို မထီမဲ့မြင်မလုပ်နဲ့…” 


ရှန်းလေ့ မျက်ခုံးပင့်ကာ ကြည့်လိုက်မှ နင်ထန် ရုတ်တရက် အတိတ်က အမှားကိုသတိရသွားကာ အပြစ်ရှိသလို ခံစားမိသွားသည်။


ရှန်းလေ့က ပင်လယ်ပြင်သို့ ထွက်သွားသဖြင့် မိသားစုထဲ၌ လူတစ်ယောက် လစ်ဟာနေသည်။ သာမာန်ဆိုလျှင်ဖြင့် နေသားမကျတတ်ပေ။ သို့သော် ရှန်းလေ့က မူလကတည်းက အလုပ်များသည်။ ပင်လယ်ပြင်သို့ထွက်ရန် ပြင်ဆင်နေတာကြောင့် စောစောအလုပ်သွားပြီး နောက်ကျမှပြန်လာတတ်သည်။ ညဘက်ဆိုလျှင်လည်း ဌာနဆိုင်ရာ သင်တန်းတက်ရန် လုပ်ရ၏။


တစ်ခါတရံ နင်ထန် နှင့် ကလေးသုံးယောက်သာ ညစာစားရသည်။ ထို့ကြောင့် သူ မရှိသည်မှာ ထူးခြားလှသည်မဟုတ်ပေ။ အစပိုင်းတွင် ကလေးသုံးယောက်က ခဏတာ ဝမ်းနည်းသွားကြသည်။ ထို့နောက် သူတို့က မိမိတို့လုပ်စရာရှိသည်များကိုသာ ပြန်လုပ်ရင်း မူလအတိုင်းဖြစ်သွားကြသည်။


ရှန်းလေ့ ထွက်သွားပြီးနောက် တဝါက ဦးဆောင်၍ နင်ထန် ကို ပင်လယ်စာဖမ်းရန် တဂျီဂျီ ပူဆာကြသည်။ နောက်ဆုံးအကြိမ် ငါးဖမ်းပြီးနောက် ကလေးသုံးယောက်က နင်ထန် သည် ယုံကြည်စိတ်ချရပြီး တာဝန်ယူတတ်သော သူဖြစ်ကြောင်း သဘောပေါက်သွား၏။ 


နင်ထန်အပေါ် သူတို့၏ သဘောထားက တဖြည်းဖြည်း ပျော့ပျောင်းလာပြီး အနည်းဆုံး ယခင်ကလို သူမကို အေးစက်စွာ မဆက်ဆံတော့ပေ။


တဝါက ပုံးသေးသေးလေးနှင့်ဂေါ်ပြားသေးသေးလေးအား သယ်လာပြီး စိတ်အားထက်သန်စွာပြောသည်။

"အဖေ သွားပြီ… သားတို့ ငါးဖမ်း သွားကြရအောင်…"


နင်ထန် : "နင် မကြောက်ဘူးလား၊ နင့်အဖေပြန်လာရင် ဆူလိမ့်မယ်…" 


အားနူကလည်း ငါးမျှားချင်သည်။

 â€œá€˜á€Źá€œá€­á€Żá€ˇá€€á€źá€ąá€Źá€€á€şá€›á€™á€žá€Źá€œá€˛â€Ś အဖေက ပင်လယ်ကိုသွားပြီ…သမီးတို့ တိတ်တိတ်လေး ငါးမျှားသွားကြမယ်လေ…သူ သိပါ့မလား…" 


စန်းဝါက ခေါင်းညိတ်ပြသည်။

"အဖေ ပြန်လာရင် သားတို့ အကြိမ်ရေအများကြီး ငါးဖမ်းပြီးနေလောက်ပြီ…" 


နင်ထန်က ရယ်လိုက်သည်။

" ငါတို့ ငါးမျှားတာနဲ့ နင့်အဖေ အကုန်သိနေမယ်ဆိုတာ ငါ အာမခံတယ်…" 


တဝါ : "တကယ်လား…"


"အင်း… နင့်အဖေက ပင်လယ်ကိုထွက်သွားပေမယ့် သူ့သူလျှိုက ကျွန်းပေါ်မှာ ရှိနေသေးတယ်…"


အားနူ ခေါင်းငုံ့ပြီး မေးသည်။

"သူလျှိုက ဘယ်သူလဲ…အန်တီလောလား…"


"ပြီးခဲ့တဲ့ တစ်ခေါက်၊ အစ်မလော,က ငါတို့ကို ပင်လယ်စာဖမ်းဖို့ခေါ်သွားတယ်လေ… ငါတို့ ပြန်လာတော့ သူ့ယောက်ျား နိုင်ငံရေးအရာရှိကျောက်က ဆူလောက်တယ်… ဗိုလ်ကြီးရှန်းကလည်း သူ့ကို သတိပေးထားမှာပဲ… သူ ခရီး မထွက်ခင်မှာ သေချာပေါက် ပြောထားမှာ… ဒါကြောင့် ငါတို့ ပင်လယ်စာသွားဖမ်းတာကို သူ သဘောတူမှာမဟုတ်ဘူး…" 


"သွားချင်ရင်တောင် ဗိုလ်ကြီးရှန်းပြန်လာမှ သွားဖို့ပြောမှာ"


တဝါ အံကြိတ်လိုက်သည်။

"မဟုတ်ဘူး သား မစောင့်နိုင်ဘူး… ပင်လယ်စာအရင်သွားဖမ်းရအောင် ပြီးတော့မှ အဖေနဲ့ ရှင်းကြမယ်…"


အားနူက မျက်လုံးပြူးပြီး ပြောသည်။

" အဖေက တစ်လလောက်ကြာမယ်လို့ ပြောတယ်…"


သူမက လက်ညှိုးလေးထောင်လိုက်သည်။

" တစ်လဆိုတာ အရမ်းရှည်တယ်… အဲဒီအချိန်မှာ အဖေ ပြန်လာတလည်း သမီးတို့ကို အပြစ်ပေးဖို့ မေ့သွားနိုင်တယ်…"


နင်ထန်က ရယ်မောလိုက်သည်။

"နင့်အဖေက ပင်လယ်ထဲကို သွားတာပါ… နိုင်ငံခြားမှာ မဟုတ်ဘူး… တကယ်လို့ နင်တို့ကို သူ အပြစ်ပေးချင်ရင် တကယ်မှတ်ထားမှာ… သူ ပြန်လာရင် တန်းပြီး အပြစ်ပေးမယ်ထင်တယ်…"


တဝါနှင့် အားနူလည်း သဘောပေါက်သွားပြီး ခေါင်းငိုက်စိုက်ဖြစ်သွားသည်။ မတတ်နိုင်တော့ပေ။ ပင်လယ်စာ ဖမ်းရန် နည်းနည်းကြာအောင် စောင့်ရပေမည်။ သူတို့ကို စောင့်နေမည်ဖြစ်သော အကောင်ကြီးကြီး ပင်လယ်စာများကို မြင်ယောင်ကာ အားတင်းကြိုးစားရပေဦးမည်။ 


ဇူလိုင်လကုန်တွင် ရာသီဥတုအခြေအနေမှာ တဖြည်းဖြည်း ပူလာသည်။ တဝါက အေးမြသော ဖျာပေါ်တွင် ထိုင်နေကာ ပန်ကာလေခံရင်း မေးသည်။ 

"ဟို့မား သားတို့ ဒီနေ့ နေ့လည်စာဘာလုပ်စားမလဲ…"


နင်ထန်က ထောင့်တစ်နေရာတွင် အေးမြသော ဖျာတစ်ချပ်ကို ခင်းပြီး အိပ်နေသည်။

"ပင်လယ်စာပေါ့… ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ဂုံးကောင်...ကြိုက်တာရွေးလို့ရတယ်…"


အားနူက လူကြီးလေးတစ်ယောက်လို သက်ပြင်းချလိုက်သည်။

"ဒါတွေ ထပ်စားရမှာလား…"


"စားဖို့ရှိတာ ကောင်းတာပေါ့… ဒီရာသီ ပုစွန်တွေက အဝါရောင်သန်းနေတော့ အရမ်းချိုတာ…"


"ဒါဆို ပုစွန်န်စားရအောင်…"

စန်းဝါက ပြောသည်။ 


နင်ထန်က ခေါင်းညိတ်ပြပြီး မေးလိုက်သည်။

"ဘာလဲ ပုစွန်တွေအပြင် တခြားစားချင်တာရှိလို့လား…"


 "ဒါဆို ဂုံးကောင် နည်းနည်း ပေါင်းစားရအောင်…"


နင်ထန်က ဈေးသွားကာ ပုစွန်နှင့် ဂုံးကောင်များ ဝယ်သည်။ အကောင်က မကြီးလှ၍ သူမ တစ်ခုချင်းစီ နည်းနည်းဝယ်သည်။ သူမ ပြန်လာသော် အစ်မလော၏ခြံနားကို ဖြတ်သွားရသည်။ အစ်မလောက သူမ၏အပင်များကို မြေသြဇာကျွေးနေရင်း နင်ထန်ကိုလှမ်းမေးသည်။

 "ရှောင်နင် ဘယ်ကပြန်လာတာလဲ…"


နင်ထန် လက်ထဲက အိတ်ကို ခါယမ်းလိုက်သည်။

" အခုမှ ဈေးဝယ် ပြန်လာတာ…"


 "နေဦး..." 

ပြောပြီးနောက် သူမက သခွားသီးနှင့် ခရမ်းချဉ်သီးများအား သူမ၏ ဥယျာဉ်ထဲက ကိုယ်တိုင်ခူးကာ ခြင်းတောင်းထဲသို့ထည့်ပြီး နင်ထန် ရပ်နေသော ဝင်းတံတိုင်းနားအထိ လာသည်။၊


"ကလေးတွေစားဖို့ ပြန်ယူသွားပါ… နွေရာသီမှာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေစားရတယ်… ခရမ်းချဉ်သီးနဲ့ သခွားသီးက စားချင်စိတ်လည်းတိုးစေတယ်… သကြားလေးထည့်ပြီးစားရင် အရမ်းကောင်းတာ…" 


နင်ထန်က သခွားသီး နှင့် ခရမ်းချဉ်သီးများကို ကြည့်လိုက်သည်။ ထို့နောက် အစ်မလောကို ကျေးဇူးတင်စိတ်ဖြစ်မိသွားသည်။

 "ကျေးဇူးပါ အစ်မ…"


အစ်မလော က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည်။

 "အမလေး ရပါတယ်၊ မလိုပါဘူး…"


အိမ်ပြန်ရောက်သော် နင်ထန်က အပူရှောင်ရန်အတွက် အေးမြသည့် ဖျာပေါ်၌ အိပ်နေသော ကလေးသုံးယောက်ကိုမြင်လိုက်ရသည်။ သူမက တဝါ၏ တင်ပါးကို ဖွဖွရိုက်၍ သခွားသီးတစ်လုံး ပေးလိုက်သည်။

"သွား ရေဆေးပြီး ကလေးတွေကို ပေးလိုက်…"


 "အိုး သခွားသီးပါလား၊ ဘယ်ကရလာတာလဲ…"

တဝါက နူးညံ့သောအစိမ်းရောင်သခွားသီးကို ကြည့်လိုက်သည်။


" အစ်မလောဆီက… သူက ခရမ်းချဉ်သီးလည်း ပေးလိုက်သေးတယ်…" 


နင်ထန်က သူတို့ကို သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များထည့်ထားသာ တောင်းကိုပြလိုက်၏။

"နောက်တော့မှ ခရမ်းချဉ်သီးကို ရေဆေးပြီး သကြားနည်းနည်းဖြူးပြီး စားလို့ရအောင်လုပ်လိုက်မယ်…"


"ကောင်းပြီ ဟုတ်ပြီ…"  


အားနူက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ တဝါက ခြံဝင်းဆီသို့ ပြေးသွားကာ သခွားသီးကို ဆေးကြောသည်။ ပြီးလျှင် ကလေးများအား ဝေပေးလိုက်သည်။ ချိုစိမ့်အေးမြသော အသီးရည်များက သူတို့စိတ်ကို အမှန်လန်းဆန်းစေ၏။ 


နင်ထန်က ပုစွန်ကို ပေါင်းပြီး ချက်လိုက်သည်။ ထို့နောက်ခရမ်းချဉ်သီးကို လှီးဖြတ်၍ ပန်းကန်တစ်ခုထဲတွင်ထည့်ကာ သကြားအချို့ဖြူးလိုက်သည်။ ကလေးသုံးယောက်က သူမ ပြင်ဆင်နေသည်ကိုကြည့်ကာ စားချင်နေကြ၏။ နင်ထန် မီးဖိုချောင်ထဲက ပြန်ထွက်လာသည်နှင့် သူတို့က ပြောလာသည်။

" ဟို့မား သားတို့ ခရမ်းချဉ်သီးစားချင်တယ်…"


နင်ထန် : "မင်းတို့ သခွားသီး စားပြီးပြီမလား၊ နေ့လည်စာစားပြီးမှ ခရမ်းချဉ်သီးစားကြ…"


ကလေးများက မကန့်ကွက်ကြချေ။ စားပွဲပေါ်ချလာပေးသော ပုစွန်နှင့် ဂုံးကောင်များကို အတင်း ကမန်းကတန်း ပါးစပ်ထဲ ထည့်လိုက်ကြသည်။ အဖြူရောင်သကြားဖြူးထားသော ခရမ်းချဉ်သီးကို သူတို့အလွန်စားချင်နေကြပေပြီ။


နေ့လည်စာ ပြီးသောအခါ၊ ကလေးသုံးယောက်က စိတ်အားထက်သန်သော မျက်လုံးများဖြင့် နင်ထန်ကိုကြည့်လိုက်ကြသည်။ သူမ ခရမ်းချဉ်သီး ချလာပေးမည်ကို သူတို့ စောင့်နေကြသည်ပင်။


နင်ထန်လည်း ဗီရိုထဲမှ ခရမ်းချဉ်သီးများကို ထုတ်ယူလိုက်သည်။ ကလေးသုံးယောက်က အတင်းလုယူကာ စားလိုက်ကြ၏။ သူတို့စားနေသည်ကိုကြည့်ရင် နင်ထန်လည်း တစ်စိတ်စားကြည့်မိသည်။


အနည်းငယ်ချဉ်သော ခရမ်းချဉ်သီးက ချိုမြိန်သောသကြားဖြူးထား၍ အချဉ် နှင့် အချိုအရသာ နှစ်ခုလုံး ခံစားနေရ၏။ ဤပူပြင်းသောနွေရာသီတွင် အလွန်ကောင်းသော သရေစာပင်။ တဝါက ခရမ်းချဉ်သီးကို အရသာခံကာ ပျော်ရွှင်စွာ စားသည်။


" မနက်ဖြန်လည်း ခရမ်းချဉ်သီးစားချင်တယ်…"


အားနူက သူမ လက်ကို မြှောက်လိုက်သည်။

"သမီးလည်း နောက်နေ့ကျ သခွားသီးစားချင်ေသးတယ်…"


"သခွားသီးကိုလည်း သကြားထည့်စားရင် အရသာရှိလောက်မယ်…"

 á€…á€”á€şá€¸á€á€Ťá€€ ပြောသည်။


နင်ထန်က ရယ်လိုက်သည်။

" နင်တို့ သုံးယောက်လုံး အစားအသောက်အတွက်ဆို ဘာမဆိုလုပ်ကြမယ့်ကလေးတွေပဲ… ကောင်းပြီ စျေးမှာ သွားဝယ်ပေးမယ်…"


 "ဟေးးး"  


ကလေးသုံးယောက်က ရွှင်မြူးစွာ အော်လိုက်ကြသည်။ နင်ထန် နံရံထက်က နာရီကို ကြည့်လိုက်ကာ၊ ပြတင်းပေါက်ဘေးက ကုလားထိုင်တွင် အနားယူအိပ်စက်လိုက်သည်။သူမ နိုးလာ၍ မျက်လုံးဖွင့်ကြည့်လိုက်သော် နေ့လည်သုံးနာရီခွဲနေပြီဖြစ်သည်။


နင်ထန် အခန်းထဲကို လှည့်ကြည့်လိုက်သောအခါ ကလေးသုံးယောက်မရှိတော့၍ သူမ ထိတ်ခနဲပင် လန့်သွားရသည်။


အကောင်ငယ်လေးသုံးကောင် ထွက်သွားပြန်ပြီ…


ငါ မသိအောင် ပင်လယ်စာတွေ သွားကောက်ကြတာလား... 


သူမ ဖိနပ်ကို အမြန်စီးလိုက်ပြီး သူတို့ကို အပြင်ထွက်ရှာရန် ပြင်ဆင်သည်။ သို့သော် သူမ တံခါးဆီကို လျှောက်သွားလိုက်လျှင် တဝါက တံခါးအား တွန်းဖွင့်လိုက်သည်။

" ဟို့မား နိုးပြီလား…"


သူ့နောက်တွင် အားနူနှင့် စန်းဝါအပြင် နင်ရွှယ်ပါ လိုက်လာသည်။ နင်ရွှယ်က ပြုံးပြပြီးပြောသည်။

"ကလေးတွေ ခြံထဲမှာကစားနေလို့ ငါ ခေါ်ပြီးမုန့်ကျွေးလိုက်တာ… အိမ်မှာလည်း မုန့်လုပ်စားကြတယ်လေ…"


သူမ ကလေးများလက်ကို ကြည့်လိုက်ရာ အသီးသီး ကိတ်မုန့်တစ်ပိုင်းစီ ကိုင်ထားသည်ကို တွေ့ရ၏။


တဝါက သူမကို ကိတ်မုန့်အားမြှောက်ပြလိုက်သည်။

"အန်တီက သားတို့ကို ကျွေးတာလေ… အထဲမှာ အုန်းသီးတွေတောင်ပါသေးတယ်… အရမ်းစားကောင်းတယ်…"


နင်ရွှယ်က တဝါ ခေါင်းကိုထိလိုက်သည်။

"သားလေး အန်တီ့မှာ အများကြီး ရှိသေးတယ်…နောက် စားချင်ရင် ပေးမယ်နော်…"


ပြောပြီးနောက် သူမက နင်ထန်ကို ပါးနပ်စွာ ကြည့်လိုက်သည်။

နင့်လင်ပါသားက ငါ့ကို အန်တီလို့ ခေါ်တာကို နင် မနာလိုဖြစ်နေတယ်မလား...  


နင်ထန်က ဘာမှပင်ဂရုမထားဘဲ ပြောလိုက်သည်။

"အစ်မ ကျေးဇူးပြုပြီး နောက်ထပ်လုပ်ပေးပါဦး… ညီမ အခုမှ နိုးလာလို့ အရမ်းဗိုက်ဆာနေတာ…ညီမလည်း စားချင်တယ်…"


ကလေး သုံးယောက်က အပြင်ထွက်ကာ ပင်လယ်စာမဖမ်းတော့၍ နင်ထန် စိတ်အေးလက်အေးနှင့် ဗိုက်ဆာ‌နေသည့်အကြောင်းကိုသာ ငြီးတွားတော့သည်။


နင်ရွှယ်၏မျက်လုံးများ ပြူးကျယ်သွားသည်။ 

နင်ထန်က ငါ ပေးထားတဲ့ ကလေး သုံးယောက်လက်ထဲက ရိပါပေါင်မုန့်ကို ပစ်ချပြီး ဒေါသထွက်ရမယ် မလား... အခု သူက ဘာလို့ ကလေးတစ်ယောက်လို အတင်းပူဆာသလိုကြည့်နေတာလဲ... 


နင်ရွှယ် နားမလည်နိုင်တော့ပေ။

 "ကောင်းပြီ ငါ နောက်တော့ ယူလာပေးမယ်…"


နင်ထန်က သူမ၏လက်ကိုင်ပုဝါကို ဝှေ့ယမ်းလိုက်သည်။

"အစ်မ မြန်မြန်လုပ်နော်… ညီမကလေးတွေနဲ့ စောင့်နေမယ်,"


နင်ရွှယ် ထွက်သွားသည်ကို ကြည့်နေရင်း နင်ထန် နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်သည်။

ဒါက အမျိုးသမီးဇာတ်ဆောင်ရဲ့ သရုပ်ဆောင်စွမ်းရည်လား… ချာတူးလန်နေတာပဲ…


နင်ရွှယ်၏ အတွေးများကို သူမ၏ မျက်နှာအနှံ့ ရေးထားသည်။ သူမ(နင်ထန်)၏အတိတ်ဘဝက မကောင်းသော လုပ်ဖော်ကိုင်ဖက်များကဲ့သို့ပင် အပြုံးနောက်၌ ဓားများ ဝှက်ထားသည်ပင်။


နင်ရွှယ် မုန့်ကို အမြန်ယူလာခဲ့သည်။ ဤတစ်ခါတွင် သူမ သကြာကြာမနေဘဲ ပြန်လာခဲ့သည်။


နင်ထန်က နင်ရွှယ် ယူလာပေးသောမုန့်ကို ယူစားသည်။


ဤအဖြူ‌ရောင်ရိပါပေါင်မုန့်များက ပင်ပေါင်ဘောလုံးအရွယ်အစားဖြစ်သည်။ ကောက်ညှင်းမှုန့်ကို သုံးထားကာ၊အတွင်းက အုန်းသီးခြစ်များနှင့် မြေပဲလည်းပါသည်။ နောက်ဆုံးမှ ပေါက်စီလိုမျိုး ပြန်ထုပ်ထားသည်။ 


ပထမဦးစွာ ကောက်ညှင်းအသားက နူးညံ့သည်။ ထို့နောက် အရသာရှိပြီး ကြွပ်ရွသော မြေပဲနှင့် ချိုမြိန်သော အုန်းသီးဆံများကြောင့် အရသာကို စုံနေအောင်ခံစားရ၏။ 


နင်ထန်က တစ်လုံးတည်းနှင့်မဝဘဲ တစ်ခုပြီးတစ်ခု ကိုက်စားမိသည်။ တဝါ၏ နှုတ်ကပင် ထုတ်ပြောရသည်။

" ဟို့မား… သားတို့အတွက် ချန်ထားပါဦး…"


နင်ထန်က လက်ကို ဝှေ့ယမ်းပြသည်။ 

"ငါသိပါတယ်…"


သူမ နောက်ထပ် နှစ်လုံးစားပြီးနောက် ငြူစူနေသော တဝါတို့သုံးယောက်ကိုကြည့်လိုက်သည်။

" နင်တို့ သုံးယောက်လည်း နောက်ဆို ချစ်စရာကောင်းတာကို အကြောင်းပြပြီး မုန့်ညာစားနေမှာမလား…" 


နင်ရွှယ်က ဘာ့လို့ ဒီလောက်တောင် အချက်အပြုတ်ကောင်းရတာလဲ…


နင်ရွှယ်လည်း ဟင်းချက်တတ်သည်။ ရှန်းလေ့ လည်း ချက်တတ်သည်။ သူမသာ ပင်လယ်စာဟင်းပေါင်းကိုပင် အတော်ကြိုးစားချက်နေရသည်ပင်။


အိုး...ခဏနေဦး၊ သခွားသီးသုပ်နဲ့ ခရမ်းချဉ်သီးကို သကြားဖြူးတာ လုပ်တတ်သေးတာပဲ…

နင်ထန် သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ 


တဝါက သူ့ရင်ဘတ်ကို ပုတ်ပြလိုက်သည်။

 "စိတ်မပူပါနဲ့… သားတို့ကို အပ်ထားလိုက်…"


ရက်အတော်ကြာ ဆက်တိုက်ပင် တဝါ၊အားနူ နှင့် စန်းဝါ တို့က အားလပ်ချိန်တိုင်း နင်ရွှယ်ထံ ပြေးကြသည်။ မိသားစုနှစ်စုက လမ်းတစ်ဖက်စီ၌ နေထိုင်ကြသဖြင့် တစ်အိမ်နှင့်တစ်အိမ် နီးသည်။


နင်ရွှယ်က ကလေးသုံးယောက်ကို သူမဘက်ပါအောင် ခေါ်နိုင်သည်ဆိုသည့်အနေဖြင့် တဝါ၊ အားနူ၊ စန်းဝါ တို့ကို စားစရာများ ကျွေးမွေးသည်။ ပြန်လျှင်လည်း လက်ဆောင်ထည့်ပေးလိုက်၏။ ထို့ကြောင့် နင်ထန်လည်း စားနေရပေသည်။


သို့သော် နင်ရွှယ်က အခြေအနေကို သဘောပေါက်သည်။ တဝါ၊အားနူနှင့် စန်းဝါတို့ လာလိုက်လျှင် လေပြင်းတိုက်သလိုမျိုး သူမ အိမ်က ရှိသမျှကို ယူသွားကြ၏။


ကလေးသုံးယောက်က ဘယ်လောက်စားနိုင်မှာလဲ… ဒါ ဘယ်သူ‌ရော စားနေသလဲဆိုတာ သိသာတယ်… နင်ထန်လည်း စား‌နေတာ... 


သို့နှင့် နောက်တစ်ကြိမ် တဝါတို့ လာသောအခါ သူမက အိမ်တံခါးကိုဖွင့်မပေးဘဲ ထားလိုက်တော့သည်။




🏝️🏝️🏝️