Chapter 20
Viewers 802

🧜 အခန်း ၂၀

မင်းသားလေးကို ငါးကူဖမ်းမယ်



ယီနျို : "သူ သတိလစ်သွားတာလား..."


ယွဲ့ကျန့်၏ နှုတ်ခမ်းက တွန့်ချိုးသွားကာ တွေးလိုက်မိသည် :

သူက မင်းလေးကို စကားမပြောချင်ရုံပဲ...


ယွဲ့ကျန့်က အနားတွင် ရှိနေသော အရာရှိရဲအား တိုက်ရိုက် အမိန့်ပေးလိုက်သည်။

"သွား… သူ့ကို ဆေးကုဖို့ ခေါ်သွားလိုက်… ပြီးရင် သူ့ကိုပြန်ခေါ်လာပြီး ငါနဲ့အရှင့်သားကိုလာတွေ့လိုက်..."


မြေပြင်တစ်ပြင်လုံးနှင့် ရှဲ့ချင်းရန်၏ အဝတ်အစားပေါ်ရှိ သွေးကွက်များအားလုံးကို မြင်လိုက်ရပြီးနောက် ယီနျိုက စိုးရိမ်သွားကာ မေးလိုက်သည်။

“သူ မသေလောက်ပါဘူးနော်…”


[တကယ်လို့ သူသာ သေသွားခဲ့ရင် ငါ ကယ်လိုက်တာက အလကားဖြစ်သွားမှာပေါ့...]


"မသေပါဘူး..."

ယွဲ့ကျန့်၏ စိတ်အခြေအနေက ထူးဆန်းစွာ ပြန်ကောင်းလာသည်။


*


ရှဲ့ချင်းရန် ကုသမှုခံယူပြီး အခန်းအတွင်းသို့ ပို့ဆောင်ခံလိုက်ရသည့်အချိန်တွင် ယီနျိုနှင့် ယွဲ့ကျန့်က သူ၏ အချက်အလက်များကို စစ်ဆေးနေဆဲဖြစ်သည်။


ယီနျိုက ယွဲ့ကျန့်ကို အချက်အလက်ထဲရှိ ဟာကွက်ကို ညွှန်ပြကာ ပြောလိုက်သည်။

"ကြည့်ကြည့်... သူက ထောင်ချောက်ဆင်ခံလိုက်ရတာပဲဖြစ်မယ်..."


ယွဲ့ကျန့်က 'အင်း'ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။ အချက်အလက်များကို လှန်လျောကြည့်နေချိန်တွင် ယွဲ့ကျန့်က တစ်ခါတစ်ရံ မျက်လုံးထောင့်မှတစ်ဆင့် ရှဲ့ချင်းရန်ကို ကြည့်နေခဲ့သည်။


ယီနျိုက သူတွေ့ချင်နေခဲ့သည့်လူက ဝင်လာသည်ကို သတိမထားမိသေးပေ။ စာရွက်စာတမ်းများကို တစ်ခဏမျှ ဖတ်ရှုပြီးနောက် အံ့အားသင့်သွားသည်။

"ရှဲ့ချင်းရန်ကို ထောင်ချောက်ဆင်ခဲ့တဲ့ မျိုးရိုးမြင့်က တကယ်တော့ ကျုံးမိသားစုက ဖြစ်နေတယ်... ခင်ဗျားပြောကြည့် ဒါက တိုက်ဆိုင်တာများလား…"


"ဒါက တိုက်ဆိုင်တာပါ..." 

ယွဲ့ကျန့်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။


သူ့မျက်လုံးထောင့်မှတစ်ဆင့် ရှဲ့ချင်းရန်က သရော်ပြုံး ပြုံးနေသည်အား မြင်လိုက်ရသည်။


ယွဲ့ကျန့်က မင်းသားလေး၏မြင်နိုင်စွမ်းကို လေးစားမိသည်။ မင်းသားလေး၏ ထင်ယောင် ထင်မှားလက္ခဏာ ပျောက်သွားသည်နှင့် ရှဲ့ချင်းရန်ဆိုသည့် အကျဉ်းသားနာမည်က မရိုးရှင်းသည်ကို မြင်နိုင်သည်။


"ရှဲ့ချင်းရန်အမေ အလုပ်လုပ်တဲ့နေရာက ဂလက်ဆီ၃က ကျုံးမိသားစုရဲ့စက်ရုံ ဖြစ်လောက်တယ်...ဒါကြောင့် အဲ့လူက Z စီးရီးမက်ခါအတွက် ထောက်ပံ့ပေးတာ ဖြစ်နိုင်တယ်..."

ယီနျိုက ရပ်တန့်လိုက်ပြီး အားအင်အပြည့်ဖြင့် ထပ်ပြောလာသည်။

"ကျွန်တော့်အထင် ရှဲ့ချင်းရန်က ကျုံးမိသားစုရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်လောက်တယ်...မဟုတ်ရင် သူတို့က သူ့ကို သေလုနီးပါးအထိ တွန်းပို့မှာ မဟုတ်ဘူးလေ..."


သူက ဘာကိုမှ သတိမမှုမိပေ။ တစ်ခဏကြာပြီးနောက် ယီနျိုက ထပ်ပြီး အံ့အားသင့်မိ၏။

"မဟုတ်သေးဘူး...နေပါဦး ဒါက စစ်အကျဉ်းထောင် မဟုတ်ဘူးလား...ရှဲ့ချင်းရန်က စစ်တပ်ထဲက မဟုတ်ဘူးဆိုရင် သူက ဘာလို့ ဒီမှာ ပိတ်ခံထားရတာလဲ..."


ရှဲ့ချင်းရန်က ခေါင်းငုံ့လိုက်ကာ သူ၏ရှုပ်‌ထွေးနေသည့် အမူအရာကို ဖုံးကွယ်လိုက်သည်။


ယွဲ့ကျန့်က ယင်းအကြောင်းကိုကြားရာ သူ့ရင်ထဲမှ ငြီးငြူလိုက်မိသည်။


ဤကိစ္စအတွက် ကျုံးမင်တွင် ၈၀%တာဝန်ရှိမှန်း သိနိုင်၏။


ယွဲ့ကျန့်က ရှေ့တန်းက စစ်ပွဲများကိုသာ ဂရုစိုက်ရာ ထောက်ပံ့ပို့ဆောင်ရေးနှင့် နည်းပညာဌာနများက ဗိုလ်ချုပ်လင်းမှ အလုံးစုံ စီမံခဲ့သည်ဖြစ်၏။ သို့သော်လည်း သူ မမျှော်လင့်မိသည်က ၎င်းကိစ္စမျိုး ဖြစ်ခွင့်ပြုခဲ့သည်ကိုဖြစ်သည်။


ယင်းကိုတွေးမိရာ ယွဲ့ကျန့်က စာရွက်စာတန်းများကို ဆွဲယူလိုက်ပြီး ရှဲ့ချင်းရန်ကိုကြည့်ကာ ပြောလိုက်သည်။

"ရှဲ့ချင်းရန်မလား...ငါ စာရွက်စာတမ်းတွေ စစ်ဆေးခဲ့ပြီးပြီ...မင်းက မှားယွင်းစွပ်စွဲခံခဲ့ရတာ...ဒါကြောင့် မင်းကို လွှတ်ပေးလိုက်ဖို့က တရားရုံးကို သွားဖို့လိုတယ်...မင်းစစ်တပ်တရားရုံးကို မသွားချင်ရင်..."


ရှဲ့ချင်းရန်ဝင်လာသည်ကို ယီနျိုတွေ့သည်နှင့် ခေါင်းမော့လိုက်၏။ မမျှော်လင့်စွာ တစ်ဖက်လူနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။


အေးစက်ပြီး မထူးခြားနားမျက်လုံးနှင့် ဆုံလိုက်ရာ ယီနျိုစာအုပ်ထဲရှိ ဤလူအကြောင်းဖော်ပြချက်နှင့် ကိုက်ညီသည်ဟု ခံစားလိုက်ရသည်။


အေးစက်စက်နှင့်ထူးမခြားနားသည့် ခံ့ညားလွန်းသည့် အသွင်အပြင်...


ရှဲ့ချင်းရန်က ဆင်းရဲတဲ့မိသားစုမှာ မွေးလာပြီး ထောင်ကျခဲ့ဖူးပေမဲ့ သူ့ဆီက စင်ကြယ်ပြီး မျိုးရိုးမြင့်တဲ့ပုံစံတွေက တစ်ကိုယ်လုံးမှာ ပေါ်လွင်နေခဲ့တယ်...


ယွဲ့ကျန့် :"..."


ယွဲ့ကျန့် ထပ်ပြီးနားမထောင်နိုင်တော့ပေ။ သူ့အသံက ရုတ်ချည်းရပ်သွားပြီး မင်းသားလေးကို ထူးဆန်းစွာ ကြည့်လိုက်မိသည်။


သူ အလေးအနက်တွေးနေမိ၏။

မင်းသားလေးရဲ့ဦးနှောက်က ပျက်နေတာ မဟုတ်ရင် မျက်လုံး ကန်းနေတာဖြစ်နိုင်တယ်... ရှဲ့ချင်းရန်ရဲ့မျက်နှာက အခုချိန်မှာ စိမ်းပုပ်ပြီး ခရမ်းရောင်သန်းနေတယ်လေ...သူက ဝက်ခေါင်းဖြစ်တဲ့အထိ ရိုက်ခံထားရတာလို့...သူ့ရဲ့ဘယ်အပိုင်းကိုများ ခံ့ညားတယ်လို့ မြင်နေရတာလဲ...


ယွဲ့ကျန့် ရွဲ့စောင်းပြီး မပြောနိုင်တော့ပေ။ သက်သေခံ အထောက်အထားများကို သူကြည့်ပြီးရာ သူ့မျက်လုံးများကလည်း မကန်းချေ။ ရှဲ့ချင်းရန်က ယခုအချိန်၌ အမှန်ကို ရုပ်ဆိုးနေသည်။ မင်းသားလေးက မျက်စိကုသမှုဆရာဝန်နှင့် တွေ့သင့်သည်။


"ဟေး...ခင်ဗျား ဘာလို့ ဆက်မပြောတော့တာလဲ..."

ယီနျိုက နောက်ဆုံးတွင် ယွဲ့ကျန့်၏ထူးဆန်း သည့်အကြည့်ကို သတိထားမိသွားသည်။


ယွဲ့ကျန့်ရဲ့ တစ်ခုခုပြောချင်စိတ်က ဘယ်ရောက် သွားဝာာတုန်း...


သူ ချက်ချင်းဆိုသလို သူ၏လက်ရှိအပြုအမှုကို သတိထားမိလိုက်သည်။

မင်းသားလေး ငါးဖမ်းဖို့ကို ကူလိုက်သင့်လား...


ယွဲ့ကျန့်က ရိုးရှင်းစွာဖြင့် စာရွက်စာတမ်းများကို ယီနျိုဆီပေးလိုက်ပြီး စိတ်ဓာတ်ကျကာ ပြောလိုက်သည်။

"အရှင့်သား ကိုယ့်ဘာ့သာပြောနေတာက ပိုကောင်းလိမ့်မယ်..."


ယီနျို : "..."

ယွဲ့ကျန့်ရဲ့အပြုအမှုက အတော်လေးထူးခြားနေတယ်... သွေးဆုံးကိုင်ချိန် ရောက်နေလို့ များလား...


ယီနျို စာရွက်စာတမ်း‌များကိုယူပြီး ကြည့်လိုက်ကာ ရှဲ့ချင်းရန်ကို မော့ကြည့်ကာ ပြုံးပြလိုက်၏။ သူ၏အသံပင် အလွန်ရင်းနှီးနေသည်ဟု တွေးလိုက်ပြီး ပြောလိုက်သည်။

"မင်းအမှုကို မြို့တော်တရားရုံးမှာ အယူခံထပ်ဝင်ရင်တောင် ကြယ်ပြာမှာ ကျုံးမိသားစုက အတော်လေး အင်အားကြီးတာကို မင်းသိမှာပါ..."


"ဒါပေမဲ့ မင်းသားတစ်ပါးအနေနဲ့ မင်း လွတ်ငြိမ်းခွင့်ရဖို့ကိုပဲ ငါအာမခံတယ်...အဆုံးမှာတော့ သူတို့မင်းကို အမှုဆင်ခဲ့တာက မုဒိမ်းမှုလို ယုတ်မာတာမျိုး မဟုတ်ဘူးလေ..."


အင်ပါယာထဲမှာ မင်းသားနှင့်မင်းသမီးများက မပြင်းထန်သည့် အကျဉ်းသားများကို ခဏမျှ လွတ်ငြိမ်းခွင့်ကို အာမခံနိုင်သည်။ သို့သော် ၎င်းအခွင့်အရေးကို တစ်သက်မှ တစ်ခါသာ အသုံးပြုနိုင်သည်။ ဧကရာဇ်ဖြစ်ချိန်မှသာ ကွဲပြားသွားမည်ဖြစ်သည်။


ယွဲ့ကျန့်က မင်းသားလေး၏တစ်သက်တာ အခွင့်အရေးကို သုံးနိုင်ချေကိုမြင်လျှင် အနည်းငယ်မျှ မသင့်တော်ဟု ခံစားလိုက်ရ၏။


"အရှင့်သား သေချာပြန်စဉ်းစားပါဦး..."

ယွဲ့ကျန့်က မျက်မှောင်ကြုတ်ကာ အကြံပြုလိုက်သည်။


ကျုံးမိသားစုကို အမြစ်ဖြုတ်နိုင်ရန် သက်သက်ဆိုလျှင်ပင် ဤသို့လုပ်စရာမလိုပေ။ သူ မကူညီနိုင်သည်လည်း မဟုတ်ချေ။

မင်းသားလေးသာ ငါ့ကို ကောင်းတာတစ်ခုခု ပြောရင် ငါ သေချာပေါက်...


နေဦး ငါ ဘာတွေတွေးနေမိတာလဲ... ငါက မင်းသားလေး ကျုံးမိသားစုကို စစ်ဆေးတဲ့နေရာမှာ လက်ထောက်လုပ်ပေးရုံပဲလေ… ဒါက ငါ့တာဝန်မဟုတ်ဘူးလေ...မင်းသားလေးရဲ့အခြေအနေကို ဘယ်လိုလုပ်စဥ်းစားမိတာလဲ...


“ကျွန်တော် သေချာ တွေးကြည့်ပြီးပြီ…”

ယီနျိုက ယွဲ့ကျန့်အား စိတ်မပါလက်မပါဖြင့် ပြောလိုက်သည်။


သူ၏အမြင်တွင်၊ သူ့အတွက် အသုံးမဝင်သော လွတ်ငြိမ်းခွင့်အား အနာဂတ် ဥပဒေပြုကောင်စီဝန်ကြီးကို သူ့ဘက်ဆွဲခေါ်သည့် နေရာတွင် အသုံးပြုလိုက်ခြင်းက အပေးအယူကောင်းပင်။


ယွဲ့ကျန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ မည်သည့်စကားမှ မဆိုသော်လည်း ရှဲ့ချင်းရန်၏ တုံ့ပြန်ပုံကို လှည့်ကြည့်လိုက်သည်။


ဤစကားများကို ကြားနေရသော်လည်း ရှဲ့ချင်းရန်၏ မျက်လုံးများတွင် မည်သို့သော အရိပ်အယောင်မှ မမြင်နိုင်ပေ။ သူက ရေသေကန်ကဲ့သို့ တိတ်ဆိတ်နေဆဲပင်။


“အခြေအနေတွေက ဘယ်လိုလဲ…”

ခဏကြာပြီးနောက် ရှဲ့ချင်းရန်က မေးလိုက်သည်။


အချိန်အတော်ကြာ စကားမပြောခဲ့ခြင်းကြောင့် သူ့အသံက အနည်းငယ် အက်ရှနေသည်။


ယီနျိုက ကိစ္စများ အဆင်ပြေချောမွေ့နေမည်ဟု မထင်ထားသဖြင့် ကြောင်အလျက်ရှိသည်။


ယွဲ့ကျန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဤလူက ထိန်းချုပ်ရလွယ်သည့်သူ မဟုတ်မှန်း ခံစားမိလိုက်သည်။ မင်းသားလေးက လူတိုင်းအား သိမ်းသွင်းချင်နေ၏။


ယီနျိုက အလျင်အမြန်ပင် အသိဝင်လာပြီး ပြုံးကာ ပြောလိုက်သည်။

“ငါ တကယ်ကို မင်းရဲ့ အကူအညီ လိုလို့ပါ… အခုချိန်မှာ ငါက ကျုံးမိသားစုကို စစ်ဆေးနေရတာလေ…”


ရှဲ့ချင်းရန်က ကမ္ဘာပေါ်တွင် အခမဲ့ သုံးဆောင်ရသည့် နေ့လည်စာဟူ၍ မရှိကြောင်း သိနေခဲ့ပြီးသားပေ။ ရှိခဲ့လျှင်ပင် သူ့အား ပေးအပ်ကြမည် မဟုတ်ပေ။


ဘုရားသခင်က သူ့အား အမြဲတမ်း အကြင်နာကင်းစွာ ဆက်ဆံခဲ့သည်။ ရံဖန်ရံခါ သနားစိတ် ဝင်လာလျှင်ပင် သေချာပေါက် ရှဲ့ချင်းရန်အား တန်ကြေးကြီးကြီး ပြန်ပေးဆပ်စေသည်။


ထို့ကြောင့် မင်းသားလေးက စိတ်ယိမ်းယိုင်ဖွယ် စကားများကို ပြောနေသော်လည်း သူ့စိတ်က မတည်မငြိမ် မဖြစ်ခဲ့ပေ။ သူက လှောင်ပြောင်၍ တွေးလိုက်၏။

ဒီမျိုးရိုးမြင့်လူနှစ်ယောက်က ဘယ်လို လှည့်ကွက်တွေ ကစားချင်နေလို့လဲ…


သို့သော်လည်း သူ မထင်မှတ်ထားသည်က မင်းသားလေး တောင်းဆိုလာသည့် အခြေအနေမှာ - မင်းသားလေး ကျုံးမိသားစုကို ကိုင်တွယ်ရာ၌ ကူညီပေးဖို့ရန်သာ ဖြစ်နေသည်။


“ကျုံးမိသားစုက ကိုင်တွယ်ဖို့ မလွယ်ကူဘူး…”

မင်းသားလေးက ရှဲ့ချင်းရန် မည်သည်ကို တွေးနေသည်အား မြင်နိုင်ပြီး အလေးအနက် ပြောကြားလိုက်သည်။


ရှဲ့ချင်းရန်က ကျုံးမိသားစုသည် ကိုင်တွယ်ရမလွယ်ကူမှန်း သေချာပေါက် သိထားသည်။ သို့သော်လည်း သူသာ အမှန်တကယ် လွတ်မြောက်နိုင်လျှင် မင်းသားလေး မပြောလျှင်ပင် ကျုံးမိသားစုအား ဆွဲချရန် သူအကောင်းဆုံး ကြိုးစားမှာ ဖြစ်သည်။ သူ့အတွက် ယီနျို ကမ်းလှမ်းသည့် အခြေအနေက အဓိပ္ပါယ်မရှိပေ။


သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

“အဲဒါပဲလား…”


“အဲဒါပါပဲ…”

ယီနျိုက ပြုံးလိုက်သော်လည်း ဤမျှသာဟု မထင်ပေ။


[ဒါပေါ့ ဒီလောက်ပဲ မဟုတ်ဘူးလေ… မင်းသာ ဥပဒေပြုကောင်စီဝန်ကြီး ဖြစ်လာတဲ့အချိန်ကျရင် ငါက ယွဲ့ကျန့်ကို ရင်ဆိုင်ဖို့ မင်းနဲ့ ဟူယိချန်းကို အားကိုးရမှာလေ…]


သူ ထိုသို့ တွေးပြီးပြီးချင်းမှာပင် ခေါင်းခေါက်ခံလိုက်ရလေသည်။


ယီနျိုက ကြောင်အသွားပြီး ခေါင်းကို လက်လေးဖြင့် အုပ်ကိုင်ကာ တရားခံအား ကြည့်လိုက်သည်။


ယွဲ့ကျန့်က ရုပ်တည်ကြီးဖြင့် ပြောလိုက်၏။

“အရှင့်သား ခေါင်းပေါ်မှာ ခြင်တစ်ကောင် တွေ့လို့ပါ…”


ယီနျို : “… … …”


[ယွဲ့ကျန့်က ပိုပိုပြီး ရဲတင်းလာတာပဲ… ငါက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့သူနဲ့ တူလို့လား… ငါက ဒီအလိမ်အညာကို ယုံမယ် ထင်နေလား…]


ရှဲ့ချင်းရန်က သူတို့အား ထူးဆန်းစွာ ကြည့်နေခဲ့သည်။


သူ၏ အရှေ့မှ ဤလူနှစ်ယောက်အား သူ သိသည်။ တစ်ဦးက ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးက မင်းသားတစ်ပါးပင်၊ သူတို့နှစ်ဦးလုံး၏ အဆင့်အတန်းများမှာ မြင့်မားကြသည်။ ဗိုလ်ချုပ်တွင်မူ စစ်မှန်သည့်အာဏာရှိပြီး မင်းသားလေးက အခွံလွတ် ဂုဏ်ပုဒ်သာသာပင်။


သို့သော်လည်း စောင့်ကြည့်ပြီးနောက် မင်းသားလေးကသာ သူ့အား ဤနေရာမှ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်မည့်သူ ဖြစ်ကြောင်း ရှဲ့ချင်းရန် သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စတွင် ဗိုလ်ချုပ်ယွဲ့က မင်းသားလေး၏ စကားအား နာခံသည့်ပုံပင်။


ပုံမှန်အားဖြင့် ယွဲ့ကျန့်က ရှဲ့ချင်းရန်၏ အကြည့်အား သတိထားမိသော်လည်း မတားဆီးခဲ့ပေ။ ထိုသူအား ဤနေရာမှ လွတ်မြောက်စေနိုင်သည့်သူမှာ မင်းသားလေးပင် ဖြစ်ကြောင်း နားလည်နေစေချင်သည်။


ထို့အပြင် မင်းသားလေးက သူ၏ အကာအကွယ်အောက်တွင် ရှိနေခြင်းဖြစ်ပြီး ရှဲ့ချင်းရန်အနေနှင့် မဟုတ်မမှန်သော အတွေးများ မတွေးလျှင် ပိုကောင်းလိမ့်မည်။


၎င်းအား ဖော်ပြပြီးနောက် ယွဲ့ကျန့်က ယီနျို၏ အလုပ်အား လက်လွှဲယူလိုက်ကာ ငါးဖမ်းရန် ကူညီတော့သည်။


“အရှင့်သား အခုပြောသွားတာတွေကို သေချာ စဉ်းစားကြည့်လိုက်… မင်း လက်ခံရင် ဒီညပဲ ဒီနေရာကနေ ထွက်သွားခွင့်ရမယ်…”

ယွဲ့ကျန့်က ရှဲ့ချင်းရန်အား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။


[အဲ့လောက် မြန်တာလား…]


ယီနျိုက ယွဲ့ကျန့်အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် မသေချာမရေရာသလို ခံစားနေရသည်-

[ဒါပေမဲ့ ငါ လွတ်ငြိမ်းခွင့်ပေးကြောင်း လက်မှတ်ထိုးပေးလိုက်ရင်တောင်မှ စစ်ဆေးဖို့ အနည်းဆုံး နှစ်ရက်လောက် ကြာမှာလေ…]


ယွဲ့ကျန့်က မင်းသားလေးအား နှစ်သိမ့်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရှဲ့ချင်းရန်ကို ပြောလိုက်သည်။

“ဒါပေမဲ့ မင်း လွတ်သွားပြီဆိုရင်တော့ အရှင့်သားကို ကူညီနေရင်း အရှင့်သားအပေါ်မှာ သစ္စာရှိဖို့လည်း အာမခံပေးရမယ်… ပြီးတော့ မင်း အရှင့်သားကို အသုံးချပြီး ထိခိုက်အောင် လုပ်ခွင့်မရှိဘူး… မဟုတ်လို့ကတော့…”


သူကနောက်ထပ် ဆက်မပြောသော်လည်း အဓိပ္ပါယ်က သိသာနေပြီ ဖြစ်သည်။


ယီနျိုက သူ့ကို တိတ်တိတ်လေး ခိုးကြည့်ကာ တွေးလိုက်သည်-


[ယွဲ့ကျန့်က သူ အလေးအနက် ထားလိုက်ရင် တကယ့်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိတာပဲ… သူ့ပုံစံက မှောင်မည်းနေတဲ့ အခန်းလေးထဲက ယုတ်မာတဲ့ပုံစံလိုမျိုး ကြမ်းတမ်းတော့မဲ့အတိုင်းပဲ… ဒါပေမဲ့ သူ အခုလို ရှဲ့ချင်းရန်အပေါ် ခက်ထန်နေရင် ရှဲ့ချင်းရန်က အနာဂတ်မှာ သူနဲ့ မပူးပေါင်းလောက်တော့ဘူးမလား…]


[ဒါ ကောင်းတဲ့ကိစ္စပဲ… လူယုတ်မာနှစ်ယောက်က အချင်းချင်း ဆန့်ကျင်နေကြတယ်… ပြီးတော့ နောက်တစ်ယောက်ကိုသာ ထပ်ထည့်…]


ယွဲ့ကျန့်က အမူအရာမဲ့စွာဖြင့် လက်မြှောက်လိုက်သည်။


ယီနျိုကလည်း အလျင်အမြန်ပင် ခေါင်းကို အုပ်ထားကာ အလိုအလျောက် သူ့အား ကြည့်နေခဲ့သည်။


[ထူးဆန်းတယ်… ငါ စိတ်ထဲမှာ သူ့မကောင်းကြောင်း ပြောတိုင်း ဘာလို့ သူက ငါ့ကို အမြဲတမ်း ခေါင်းခေါက်နေရတာလဲ… ဒီလူမှာ စိတ်ဖတ်နိုင်တဲ့ အစွမ်းများ ရှိနေတာလား…]


မည်သူမှ မသိလိုက်သည်မှာ ယခုတစ်ကြိမ်တွင် ယွဲ့ကျန့်က သူ့လက်ကောက်ဝတ်အား လှည့်နေရင်း မင်းသားလေးအား ကြည့်ပြီး ပြောလိုက်သည်။

“ကိုယ့်လက်တွေ ကိုက်ခဲနေလို့ပါ…”


ယီနျို : “…”


[ယွဲ့ကျန့်ရဲ့ လက်တွေမှာ အတော်လေး ဒဏ်ရာများနေတာပဲ… ငါ့အထင်တော့ နှစ်ဖက်လုံး ဖြတ်ပစ်တာ ပိုကောင်းမယ် ထင်တယ်… ဒါဆိုရင် အနာဂတ်မှာ သူ ငါ့အမြီးကိုလည်း မဆွဲနိုင်တော့ဘူးလေ…]


[မဟုတ်သေးပါဘူး… ဘာလို့ ငါ့မှာ အလိုအလျောက် တုံ့ပြန်မှုတွေ ရှိနေရတာလဲ…]


ယွဲ့ကျန့်က မင်းသားလေး၏ အမြီးရှိသည့်နေရာကို အမှန်တကယ် ကြည့်ချင်လှ၏။ အကယ်၍ အမြီးတစ်ခုသာ အမှန်တကယ် ရှိသည်ဆိုလျှင်။


မင်းသားလေးတွင် လှပသည့် ငါးအမြီး၊ သို့မဟုတ် သေးငယ်သော အမြီးဖွာဖွာလေး ရှိနေသည်အား ပုံဖော်ကြည့်လိုက်သည့်အခါ… ယွဲ့ကျန့်က ရုတ်ချည်းပင်… သူ့လက်များ အလွန်ယားယံလာကြောင်းနှင့် အမြီးများကို ထိချင်မိကြောင်း ခံစားလိုက်ရသည်။


သို့သော်လည်း ယခုအချိန်တွင် ထိုအကြောင်းများကို တွေးရန် အချိန်ကောင်း မဟုတ်ခဲ့ပေ။ ယွဲ့ကျန့်က အသာအယာ ချောင်းဟန့်ကာ အလျင်အမြန် အလေးအနက် ပြုမူလိုက်သည်။ သူက ရှဲ့ချင်းရန်ကို ကြည့်ကာ မေးလိုက်၏။

“ဆိုတော့ မင်းရဲ့ ရွေးချယ်မှုက …”


ရှဲ့ချင်းရန်က ယခုအချိန်အထိ တိတ်ဆိတ်နေဆဲပင်။ သူ့မျက်လုံးများက ယွဲ့ကျန့်နှင့် ယီနျိုအကြား ကူးလူးနေပြီးနောက် အဆုံးတွင် ယီနျိုထံ၌ ရပ်တန့်သွားသည်။


ယီနျိုက သူ့အား ရင်းနှီးကျွမ်းဝင်သည့် အပြုံးလေး တစ်ခု ပေးအပ်၏။


ရှဲ့ချင်းရန်က ချက်ချင်း အကြည့်လွှဲကာ သူ့စိတ်ထဲတွင် တိတ်တဆိတ် မှတ်ချက်ပေးလိုက်သည်။

မင်းသားလေးက တုံးအ… ဖြူစင်ပြီး ကြင်နာတတ်တယ်… သူက တုံးတုံးအအနဲ့ လောကကြီးအကြောင်း စိတ်မဝင်စားဘူးပဲ…


ဒါပေမဲ့လည်း တုံးအပြီး စိတ်ဝင်စားမှု မရှိတဲ့လူမျိုးက သူ့ကောင်းကျိုးနဲ့သူ ရှိတယ်… ယွဲ့ကျန့်ကို ကူညီပေးရမဲ့ အခြေအနေမျိုးဆိုရင်တော့ ငါ သေချာပေါက် သတိထားနေရမှာပဲ… ဒါပေမဲ့ မင်းသားလေးကိုသာ ဆိုရင်တော့…


အချိန်တစ်ခုအထိ တိတ်ဆိတ်နေပြီးနောက် ရှဲ့ချင်းရန်က သူတို့နှစ်ဦးအား စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် ကတိပေးပါတယ်…”


သူ့စကားများကို ကြားပြီးနောက် ယီနျိုက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချကာ ပျော်ရွှင်စွာနှင့် ပြောလိုက်သည်။

“ဒါဆို ငါ အခုပဲ လွတ်ငြိမ်းခွင့်အတွက် လက်မှတ်ထိုးပေးလိုက်မယ်…”


ယွဲ့ကျန့်က ရုတ်တရက် မင်းသားလေးကို တားကာ ပြောလိုက်သည်။

“မလိုပါဘူး… အရင်ဆုံး အရှင့်သားက ဆေးကုသဖို့အတွက် အာမခံနဲ့ ထုတ်ပေးဖို့ လျှောက်လွှာ တင်ထားလိုက်ပါ… ကျုံးမိသားစုကိစ္စ ကိုင်တွယ်ပြီးရင် သူ့ကိစ္စက ပြဿနာ မဟုတ်တော့ဘူး…”


ပြည်သူလူထုက တော်ဝင်မိသားစု၏ လွတ်ငြိမ်းခွင့် ပေးအပ်နိုင်မှုအပေါ် အမြဲတမ်း ဝေဖန်ခဲ့ကြသည်။ အကယ်၍ မင်းသားလေးက ၎င်းအား အသုံးပြုလိုက်မည် ဆိုပါက၊ အထူးသဖြင့် ယခုလို အထိအခိုက် မခံနိုင်သည့် အချိန်အခါမျိုးတွင်မူ၊ ကျုံးမိသားစုက သေချာပေါက်ပင် ဤသည်ကို အခွင့်ကောင်းယူကာ လူထုအမြင်ဖြင့် မင်းသားလေးအား တိုက်ခိုက်လာလိမ့်မည်။


ယွဲ့ကျန့်က မင်းသားလေး အတိုက်အခိုက် ခံရမည်အား မမြင်ချင်ပေ၊ အထူးသဖြင့် ရှဲ့ချင်းရန်ကဲ့သို့ သူစိမ်းတစ်ယောက်အတွက်ပင်။ သို့သော်လည်း သူ၏ မသိစိတ်ထဲတွင် သူ့ကိုယ်သူနှင့် မင်းသားလေးအား တစ်ဖက်တည်း ထားထားကြောင်း သတိထားမိပုံ မရချေ။


ယီနျိုက အံ့အားသင့်သွားကာ ပြောလိုက်သည်။

“ဒါပေမဲ့… အဲဒီလို လျှောက်ထားဖို့ဆိုရင် ရောဂါကြီးကြီးမားမား ရှိဖို့ လိုအပ်တယ် မဟုတ်ဘူးလား…”


ယွဲ့ကျန့်က ရှဲ့ချင်းရန်အား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“အခုလေးတင်ပဲလေ… သူ အရိုက်ခံထားရတယ် မဟုတ်ဘူးလား…”


ရှဲ့ချင်းရန် : “…”


ဗိုလ်ချုပ်ယွဲ့က သူ့အပေါ် ရန်လိုနေကြောင်း ခံစားလိုက်ရသည်။


ယီနျိုက ရှဲ့ချင်းရန်နှင့် ယွဲ့ကျန့်အား ကြည့်ကာ တစ်ခုခုကို ပြောလိုက်ချင်ပါသော်လည်း တုံ့ဆိုင်းနေမိ၏။



🧜🧜🧜