အပိုင်း ၆၇-၆၈
Viewers 27k

Part 67


နောက်ဆုံးတွင် လျန့်ယင်းယင်း က လျန့်ကျန်း၏ အိမ်ငှားခကို ပေးရန် သဘောတူလိုက်ပြီး  လျန့်ကျန်းကလည်း အိမ်မှထွက်သွားရန် သဘောတူလိုက်သည်။


ထို့နောက် လျန့်ကျန်း က ရားထူးတိုးပေးရန် နှင် လစားတိုးပေးရန် ပြောသောအခါ လျန့်ယင်းယင်း စိတ်တိုသွားသည်။


“နင် အလုပ်လုပ်တာ ဘယ်နှစ်ရက်ရှိပြီလဲ...သုံးရက်​‌တောင် မပြည့်သေးဘူး... ဘာကို ရာထူးတိုးရမှာလဲ..."


လျန့်ကျန်း က သူမကို ပြန်လည် မချေပနိုင်သဖြင့် ဒေါသတကြီး အပေါ်ထပ်သို့ တက်သွားလေ၏။အခန်းထဲသို့ရောက်သောအခါ သူ့ သူငယ်ချင်းကို ဖုန်းဆက်လိုက်သည်။


“လူတွေကို နှိမ့်ချတာကွ... ငါက သူ့မိဘတွေရဲ့တူပါ... သူမသာ မရှိရင် ငါ့အန်တီတို့ မိသားစုလေးယောက် ဘယ်လောက် လိုက်ဖက်ညီ လိုက်မလဲ...”


သူ့သူငယ်ချင်းက ဖုန်းထဲမှ ပြောလိုက်သည်။


“သူမက အလယ်တန်းကျောင်းသူ တစ်ယောက်ပဲ..... မင်းသူ့ကို မထိန်းနိုင်ဘူးလား...မင်းဒီလောက် ပျော့ညံ့ရလား...."


 " ငါ အလယ်တန်း ကျောင်းသူတစ်ယောက်နဲ့ ရန်ဖက်မဖြစ်ချင်ဘူးကွာ ...ဒါပေမဲ့ သူမကို ငါအနိုင်ယူမှာပါ....”


"ဒါဆို မင်းသူမကို ဘယ်လိုနှိပ်ကွပ်မှာလဲ...လုပ်လိုက်တော့လေ..သက်‌သေ ပြလိုက်‌‌တော့...” 


"လွယ်လွယ်လေးပါကွာ..." 


ကျန်းယန်ရှန့်သည် အခန်းထဲပြန်ရောက်သောအခါ ဆဲလ်ဖုန်းကို ဖွင့်လိုက်ရာ သူမ၏ အတန်းဖော်များက ပျော်ပွဲစားထွက်ရန် ခေါ်သည့် မက်ဆေ့ခ်ျကို တွေ့လိုက်ရ၏။


သို့သော် သူမက ငြင်းလိုက်သည်။ 


အလယ်တန်းမှ သူငယ်ချင်းများကို ကျန်းယန်ရှန့် သည်  မေ့လုနီးပါးဖြစ်နေပြီး ထိုသူငယ်ချင်းများနှင့်လည်း အပြင်မထွက်ချင်ပေ။ 


မည်သို့ပင်ဆိုစေ သူမသည် အသက် ၂၁ နှစ်ရှိသည့် အရွယ်ရောက်ပြီးသူဖြစ်၍ အလယ်တန်း ကျောင်းသားအုပ်စု နှင့်  မပေါင်းသင်းတတ်ပေ။


ဗုဒ္ဓဟူးနေ့နံနက်တွင် ကျန်းရှို့ချန် သည် ကျန်းဟယ်လင်း မခေါ်ရဘဲ သူ့ဘာသာသူ အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာလေ၏။ထို့နောက် သူက ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ကျန်းယန်ရှန့်ကို ကြည့်၍ စိတ်လှုပ်ရှားနေလေ၏။


ကျန်းဟွမ်က မေးလိုက်သည်။


 "သားက ဘာဖြစ်လို့လဲ..." 


ကျန်းရှို့ချန် သည် ကျန်းယန်ရှန့် ကို တစ်ချက် ကြည့်လိုက်သော်လည်း ကျန်းယန်ရှန့်က သူ့ကို တစ်ချက်မျှ မကြည့်ပေ။


ကျန်းရှို့ချန် သည် သူမကို စကားမပြောရဲဘဲ စိုက်ကြည့်နေသည်။ 


ကျန်းဟွမ် က ကိစ္စတစ်ခုခု ဆိုသည်ကိုသဘောပေါက်သွားသည်။


မနေ့ညက သူသည် သမီးကြီးကို မှားပြောမိ၍ သူမစိတ်ဆိုးသွားသည်။ယခု သူမက စိတ်ပြေပုံမရပေ။


ကျန်းဟွမ် သည်  ကျန်းဟယ်လင်း ကို  ပြောလိုက်သည်။ 


"ဟယ်ဟယ်...သမီးမောင်လေးက ဘာဖြစ်နေတာလဲ..." 


"ဒီနေ့...အစ်မက သမီးတို့နှစ်ယောက်လုံးကို VR  ဂိမ်းစင်တာကို လိုက်ပို့မယ်လို့ ကတိပေးထားတယ်..." 


 


“ပြီးရင် ကိတ်မုန့်လည်းစားမှာ...” 


ကျန်းရှို့ချန် က စိတ်လှုပ်ရှားလာပြီး စားပွဲကို ရိုက်ကာ အော်ဟစ်လိုက်သည်။ ကျန်းဟွမ်သည် ကျန်းယန်ရှန့် နှင့် ကလေးများမှာ ရင်းနှီးလာသည့်အတွက် ဝမ်းသာရုံသာမက အနည်းငယ် စိုးရိမ်သွားသည်။သူက ကျန်းယန်ရှန့် ကို လှမ်းကြည့်လိုက်သည်။ 


ကျန်းယန်ရှန့် က ကျန်းဟွမ် အတွေးကို သိနေသည့်နှယ် ကျန်းဟွမ်ကို ပြန်ကြည့်လိုက်သည်။


 "သူ့ကို မပျောက်စေရပါဘူး...အန်တီဝမ်နဲ့ ရှောင်ကျိုးတို့လည်း လိုက်မှာ...”


ကျန်းဟွမ် ငြိမ်သက်သွားပြီး ခြောက်ကပ်သော အပြုံးဖြင့် ပြောလေသည်။


"ဒါဆို အဖေ စိတ်ချပါတယ်..." 


ကျန်းဟွမ်က ကျန်းယန်ရှန့်သည် အသက် ၁၅ နှစ်သာရှိသေး၍ ကလေးသုံးယောက် အတူသွားကြမည်ကို စိတ်မချနိုင်ခြင်း ဖြစ်သည်။


လျန့်ယင်းယင်း သည် ခါတိုင်းနေ့လည်ကဲ့သို့ မနက်စာစားရန် အောက်ထပ်သို့ မဆင်းလာဘဲ ေန့လည်စာစားချိန် ရောက်မှ သာ ဆင်းလာခဲ့သည်။ထမင်းစားနေစဉ်  ကျန်ူဟယ်လင်း နှင့် ကျန်းရှို့ချန် တို့နှစ်ယောက်မှာ VR ဂိမ်းစင်တာသို့ သွားမည့် အကြောင်း ပြောဆိုနေသည်ကို  လျန့်ယင်းယင်း ကြားလိုက်ရသည်။


 "သားတို့ကို ဘယ်သူလိုက်ပို့မှာလဲ...." 


"အစ်မအကြီးဆုံးက သားတို့ကို လိူက်ပို့မှာ..." 


လျန့်ယင်းယင်း က ကျန်းယန်ရှန့်ကို မကြည့်ဘဲ ထမင်းစားနေရင်း ပြောလေသည်။ 


"သူမကလည်း ကလေးပဲရှိသေးတာ....သားပျောက်သွားရင်  အမေ ဘယ်လို‌နေရမလဲ..." 


ကျန်းဟယ်လင်း က ကမန်းကတန်းပြောသည်။ 


"သမီးလည်း ရှို့ရှို့ကို စောင့်‌ရှောက်မှာပါ..." 


 


“နင်တို့အကုန်လုံး ကလေးတွေပဲ ရှိသေးတာ...တော်ပြီ..တစ်ယောက်မှ မသွားရဘူး... " 


သူမက 'သွားခွင့်မပြုဘူး' ဟု ပြောခြင်းမှာ တကယ်တမ်းတွင်  'ကျန်းယန်ရှန့် နှင့် သွားခွင့်မပြုဘူး ဟု ဆိုလိုခြင်းဖြစ်သည်။


ကျန်းယန်ရှန့် က အေးစက်သော မျက်နှာထားနှင့် တည်ငြိမ်စွာပြောသည်။


“ကောင်းပြီ...ဒါဆို ရှင်ခေါ်သွားလိုက်...” 


သူမက  ပြောပြီးသည်နှင့် ပန်းကန်များကို တွန်းချလိုက်ရာ ပန်းကန်ကွဲများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေတော့၏။


ထို့နောက် ခြေသံပြင်းပြင်းနင်းကာ အပေါ်ထပ်သို့ တက်သွားတော့သည်။


“သားကို လိုက်ပို့ပါ... VR ဂိမ်းစင်တာကို သွားမယ်..." 


“အမေ့မှာ အချိန်မရှိဘူး....ချိန်းထားတာရှိတယ်...” 


ကျန်းဟယ်လင်းက ပန်းကန်ကွဲများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသဖြင့် ကျန်းဟယ်လင်းက သတိပေးလိုက်သည်။


“အမေ မလှုပ်နဲ့...ငြိမ်ငြိမ်လေးနေ... ရှို့ရှို့ ပန်းကန်ကွဲရှမယ်နော်...”


ကျန်းရှို့ချန်က အော်ငို‌နေပြီး လျန့်ယင်းယင်းက ကျန်းယန်ရှန့် ကို ကျိန်ဆဲနေသည်။


အိမ်အကူ အဒေါ်များက ထမင်းစားခန်းထဲသို့ ပြေးဝင်လာကြသည်။


“သတိထား...သတိထားပါ..." 


တစ်အိမ်လုံး ပွက်လောရိုက်လျက်...


ကျန်းဟယ်လင်းက အပေါ်ထပ်သို့ တက်သွားပြီး ကျန်းယန်ရှန့် ၏ အခန်းတံခါးကို ခေါက်လိုက်သည်။ 


“အစ်မ...အစ်မ..." 


ကျန်းယန်ရှန့် က တံခါးကို ဖွင့်ပေးလိုက်ရာ ကျန်းဟယ်လင်းသည်  မျက်ရည်များစိုရွှဲနေသော ကျန်းရှို့ချန် ကို ကျန်းယန်ရှန့် ရှေ့သို့ တွန်းပို့လိုက်သည်။


“အစ်မ..သားတို့ကို ဂိမ်းဆိုင် လိုက်မပို့ဘူးလား...”  


ပြောပြီးသည်နှင့် ကျန်းရှို့ချန် က "ဝါး" ခနဲ အော်လိုက်ပြီး နေရာမှာတင် လူးလှိမ့်ငိုနေလေသည်။


"မတ်တပ်ရပ်လိုက်..." 


ကျန်းရှို့ချန် က ချက်ချင်းကုန်းထလိုက်ပြီး ကျန်းယန်ရှန့် ကို စိုက်ကြည့်နေသည်။


Xxxxxx


Part 68


ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို မေးလိုက်သည်။


"ဘာဖြစ်တာလဲ..."


“အမေက ညီမတို့ကို ဂိမ်းဆိုင် လိုက်မပို့ဘူးလို့ ပြောတယ်...သူမက ဖဲရိုက်ဖို့  ချိန်းထားလို့ အပြင်သွားချင်နေတာ... ရှို့ရှို့က သူမ ခြေထောက်ကို ဖက်ပြီး ငို‌နေလို့  ရှို့ရှို့ကို ရိုက်လိုက်တယ်လေ...” 


ကျန်းရှို့ချန် က ထမင်းစားပွဲတွင် အော်ငိုလိုက်သောကြောင့် ကျန်းဟယ်လင်းက ကြားဝင် ဖျန်ဖြေသဖြင့် လျန့်ယင်းယင်းက သူမကိုပါ ဆူလိုက်လေသည်။ နာရီပိုင်းအတွင်း ပရမ်းပတာ ဖြစ်သွားကြသည်။


နောက်ဆုံးတွင် လျန့်ယင်းယင်း သည် အဝတ်အစားများ လဲကာ ထွက်သွားသဖြင့် ကျန်းရှို့ချန်မှာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ ငိုကြွေးနေရခြင်း ဖြစ်သည်။


 ကျန်းဟယ်လင်း က သူ့နားရွက်ကိုဆွဲလိုက်ပြီး


 “အစ်မကို သွား‌ခေါ်ရအောင်…”


ကျန်းရှို့ချန် သည် အငိုရပ်လိုက်ပြီး ကျန်းဟယ်လင်း သည် အပေါ်ထပ်သို့  နှပ်ချေးများဖြင့် လိုက်သွားသည်။


 "ညီမတို့ တကယ်မသွားဘူးလား..." 


ကျန်းဟယ်လင်း အလွန် စိတ်မကောင်း ဖြစ်သွားသည်။


 ကျန်းယန်ရှန့် က 


“သူ့ကို မျက်နှာသစ်ပြီး အဝတ်သစ်လဲဖို့ ခေါ်သွားလိုက်... ရွံဖို့ကောင်းတယ်..." 


နှပ်ချေး သို့မဟုတ် တစ်စုံတစ်ခုသည် သူ့ အဝတ်များပေါ်တွင် ပေနေသည်။ 


ကျန်းဟယ်လင်း သည် ရွှင်လန်းစွာ အော်ဟစ်လိုက်သည်။ထို့နောက် ကျန်းရှို့ချန် ကို ဆွဲထူလိုက်သည် ။ 


 ကျန်းဟယ်လင်း က ကျန်းရှို့ချန် ကို တိုက်တွန်းလိုက်သည်။


“မြန်မြန် မျက်နှာသစ်ပြီး အဝတ်အစားလဲလိုက်...အစ်မက ငါတို့ကို လိုက်ပို့မယ်လို့ ပြောတယ်...” 


ကျန်းရှို့ချန် လည်း ရွှင်မြူးသွား တော့သည်။ 


သူက အပေါ်ထပ်ကို ပြေးလိုက်ပြီး 


“အန်တီဝမ်..အန်တီဝမ်..သားကိုအဝတ်အစား လဲပေး...”


ကျန်းဟယ်လင်း က နောက်ပြန်လှည့်လာပြီး 


"အစ်မ...ဒီနေ့ ဘာဝတ်ကြမလဲ..." ကျန်းယန်ရှန့် စဉ်းစားပြီး


 "ပန်းရောင်နဲ့ အပြာရောင်..."


 “ကောင်းပြီ...” ကျန်းဟယ်လင်း က ထွက်ပြေးသွားတယ်။


 ကျန်းယန်ရှန့် လည်း အဝတ်အစားတွေ လဲလိုက်သည်။ ကလေးနှစ်ယောက်သည် ကျောင်းသွားတဲ့အခါ ပြင်ဆင်တာထက် ဆယ်ဆလောက် မြန်မြန်ပြင် လိုက်ကြသည်။ 


ကျန်းဟယ်လင်း နှင့် ကျန်းယန်ရှန့် တို့သည် ညီအစ်မ ဆင်တူ အဝတ်အစားများ ၀တ်ဆင်ထားပြီး နှစ်ယောက်လုံး အလွန် လှပနေသည်။ ကျန်းရှို့ချန် ကိုလည်း အန်တီဝမ် က သန့်ရှင်းရေး လုပ်ပေးသည်။ 


ကျန်းယန်ရှန့် ၊ အန်တီဝမ်နှင့် ကလေးနှစ်ယောက်တို့သည် ပျော်ရွှင်စွာ အတူတူ ထွက်လာခဲ့ကြသည်။ ရှောင်ကျိုး က အပြင်မှာ စောင့်နေပြီ ဖြစ်သည်။


 ထိုနေ့ မွန်းလွဲပိုင်းတွင် ကျန်းယန်ရှန့် သည် သူမ၏ ကတိကို ဖြည့်ဆည်းပေးပြီး ကလေး နှစ်ယောက်ကို VR ဂိမ်းစင်တာသို့ ခေါ်ဆောင်ကာ နေ့လယ် လက်ဖက်ရည်သောက်ကြသည်။ အန်တီ ဝမ် နှင့် ရှောင်ကျိုး တို့ကို ကလေးများအား ကြည့်ရှုစောင့်ရှောက်ရန် ကျန်းဟွမ်က မနက်က မှာခဲ့သည်။


 ကျန်းရှို့ချန် က ပလာဇာမှာ လှည့်ပတ်ပြေးလွှားရင်း ပျော်ရွှင်နေလေ၏။သူတို့သည်  အိမ်မှာ VR ဂိမ်းကစားတဲ့အခန်းဆောက်ချင်သည် ဟု ကျန်းယန်ရှန့်ကို ‌တောင်းဆိုနေကြ၏။


"နောက်မှ အွန်လိုင်းမှာ ရှာကြည့် ပေးမယ်..." ကျန်းယန်ရှန့် က ပြောသည်။


ငယ်ရွယ်သူ နှစ်ယောက်သည် အားအင်အပြည့်နှင့် တောက်ပသော မျက်လုံးများဖြင့် သူမကို ကြည့်နေကြသည်။  ကျန်းယန်ရှန့် သည်  ရောင်စုံနှုတ်ခမ်းနီ ဘူးများကို ဝယ်သွားပြီး လက်ဆောင် ပေးရန် နောက်ထပ် ဗူးနှစ်ဗူး ထပ်ဝယ်လိုက်သည်။


အန်တီဝမ် အတွက် တစ်ဘူး၊ ရှောင်ကျိုး အတွက် တစ်ဘူး ပေးလိုက်သည်။ 


အန်တီဝမ် က စိတ်လှုပ်ရှားစွာပြောသည်။


“ဒါတွေ အန်တီ့အတွက် မလိုဘူးဆိုတော့  အန်တီ့သမီးကို ပေးလိုက်မယ်...” 


ရှောင်ကျိုး ကလည်း ပြုံး၍ ပြောလေသည်။


"ကျွန်တော့် ရည်းစားရဲ့မွေးနေ့က မကြာခင် ရောက်တော့မှာမို့ လက်ဆောင်အတွက် စိတ်ပူစရာ မလိုတော့ဘူးလေ...ဟား..ဟား..ဟား"


အဖွဲ့ထဲမှ လူတိုင်း ကျေနပ်ပျော်ရွှင်နေကြသည်။ထို့နောက် လျှောက်လည်ကြပြီး အိမ်သို့ပြန်လာခဲ့ကြသည်။


ကျန်းဟွမ် သည် ထိုနေ့က ညစာစားပွဲ ရှိသော်လည်း ဖျက်သိမ်းခဲ့ပြီး ညနေစာစားရန် အိမ်ပြန်လာခဲ့သည်။ထမင်းစားပွဲတွင် သမီးအငယ်ဆုံးနှင့် သားငယ်လေး၏ ပြုံးနေသည့် မျက်နှာကိုမြင်တော့ ကျန်းဟွမ် ကလည်း ပျော်ရွှင်သွားပြီး ပြောလိုက်သည်။


“ဘယ်လိုလဲ ဒီနေ့ ပျော်ခဲ့ရဲ့လား..”


ကျန်းရှို့ချန် က ကမန်းကတန်း ပြောလိုက်သည်။ 


"အရမ်းပျော်စရာကောင်တာပဲ...” 


ကျန်းဟယ်လင်း က ကျန်းဟွမ်ကို တိုင်တန်းလိုက်သည်။


 "ရှို့ရှို့ အရိုက်ခံရတယ်..." 


ကျန်းဟွမ် : "ဟင်"


"သားကို အမေရိုက်တာ...အမေက အစ်မအကြီးဆုံးနဲ့ အပြင်ထွက်ခွင့် မပေးဘူး...အစ်မအကြီးဆုံးက သူမအစား သားတို့ကို လိုက်ပို့ခိုင်းပေမယ့် အမေက အပြင်သွားစရာ ရှိတယ်လို့ ပြောတယ်...သားက အမေ့ကို အပြင်မထွက်အောင် ခြေထောက်ကို ဆွဲထားလို့ သားကိုရိုက်တယ်...နာလိုက်တာ....


ကျန်းဟယ်လင်း ကလည်း စိတ်မကောင်းဖြစ်နေသည်။


"ရှို့ရှို့ကို ရိုက်နေလို့ သမီးက တားတာ သမီးကိုပါ ရိုက်တယ်...,"


ကျန်းဟွမ်သည် ညစာစားပွဲအား ဖျက်သိမ်းလိုက်သည်ကို လျန့်ယင်းယင်း မသိသေး၍ သူမ အခုထိ ပြန်မလာသေးပေ။


အကြီးဆုံးသမီးက တစ်ခွန်းမှ ဝင်မပြော သော်လည်း ကျန်းဟွမ်သည် ဖြစ်‌ကြောင်းကုန်စင်ကို သဘောပေါက်ပြီး ဖြစ်သည်။


အရင်က မိသားစုထဲတွင် မတည်မငြိမ်ဖြစ်ရခြင်းမှာ အကြီးဆုံးသမီး‌ကြောင့်ဖြစ်သည်။


ယခု....


ဘာလို့ ငါ့မိန်းမက ပြဿနာရှာရတာလဲ....


Xxxxxx