အပိုင်း ၁; ပြန်လည်မွေးဖွားခြင်း
မုရှောင်ယ သေဆုံးတော့မှာဖြစ်သည်။
အတိအကျပြောရမယ်ဆို လွန်ခဲ့တဲ့ ဆယ်ရက်က သူမသေဖို့နီးလာပြီလို့ ရှင်းရှင်းလင်းလင်းခံစားခဲ့ရသည်။
လွန်ခဲ့သော ၁၀ ရက်က
သူမဆွေမျိုးသားချင်း အိမ်ကိုသွားလည်တာ လေဆိပ်မှထွက်လာလာခြင်းဘဲ လမ်းဘေး၌ မူးမေ့လဲသွားပြီး
ထိတ်လန့်မှုများစွာ ဖြစ်စေခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ လေဆိပ်၏ ကယ်ဆယ်ရေးအစီအမံများသည်မှန်ကန်ခဲ့ပြီး
သူမကိုဆေးရုံသို့အမြန်ပို့ခဲ့သည်။
သူမနိုးလာတဲ့အခါ
သူမရဲ့မိသားစုက အဆက်အသွယ်ရပြီးနေပြီ။ သူမအနေနဲ့ မည်သည့်မေးခွန်းကိုမှ မေးရန်မလိုအပ်ခဲ့ပေ။
သူမဟာသူမရဲ့မိဘတွေရဲ့ နီရဲပြီး ရောင်ရမ်းနေတဲ့ မျက်လုံးတွေကို တွေ့လိုက်ချိန်ထဲက သူမတစ်ခုခုဖြစ်နေတယ်ဆိုတာသိသလို
ကြောက်လဲကြောက်နေခဲ့သည်။ ဒီလိုမှမဟုတ်ရင် အမြဲတမ်းတည်ငြိမ်နေတဲ့ သူမရဲ့မိဘတွေက စိတ်ပိုင်းဆိုင်ရာ
ခံစားချက်တွေ ရှိမှာမဟုတ်ဘူး။ မုရှောင်ယက မေးချင်ပေမဲ့ သူမပါးစပ်ကိုဖွင့်ဖို့အင်အားမရှိပေ။
ထို့နောက် သူမသည်တစ်ဖန်
သတိလစ်မေ့မျောသွားပြီး ဒီလိုနဲ့သူမက နိုးလာလိုက် မေ့သွားလိုက်ခဏခဏဖြစ်နေခဲ့သည်။ အဲ့ဒီလိုနဲ့
သူမခန္ဓာကိုယ်က တဖြည်းဖြည်း အားနည်းလာပြီး...သူမအိပ်ယာဘေးက ဆေးဘက်ဆိုင်ရာကိရိယာတွေက
ပိုများလာသည်။
ဆေးရုံမှာ တစ်ပတ်နေပြီးချိန်
သူမက ICU ထဲကိုနှစ်ကြိမ်ရောက်ခဲ့ပြီးပြီ။ အဲ့ဒီချိန်မတိုင်ခင်အထိ သူမမှာဘာဖြစ်နေလဲဆိုတာကို
သူတို့မသိခဲ့ကြပေ။
"မစ္စမု မင်းမှာရှားပါးတဲ့
မျိုးရိုးဗီဇရောဂါရှိတယ်" ဆရာ၀န်က သနားကြင်နာစွာပြောလာခဲ့သည်။
“ ဒီမျိုးရိုးဗီဇရောဂါက
တစ်ကယ်ကို ဖြစ်ခဲပြီး ဖြစ်နိုင်ခြေနည်းပါးတယ်။ အဲ့ဒီရောဂါက မပေါ်လာခင်မှာ လုံးဝကျန်းမာနေခဲ့ပြီး
စတင်ဖြစ်ပွားတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်က လျင်မြန်စွာယိုယွင်းလာလိမ့်မယ် ”
"ဒါဆို ...
သက်သာပျောက်ကင်းနိုင်လား။ " မုရှောင်ယ မေးပြီးနောက်မှာ တစ်ဖက်မှ မာမားမုက မထိန်းနိုင်ဘဲငိုနေတော့သည်။
ယခုချိန်တွင် ဆရာဝန်၏ အဖြေမပါဘဲ မုရှောင်ယ ခန့်မှန်းနိုင်သည်။
"တောင်းပန်ပါတယ်၊
ဒီရောဂါအတွက်က ကုသနိုင်တဲ့ဆေးမရှိသေးပါဘူး" ဆရာဝန်က ရှင်းလင်းစွာပြောလာခဲ့သည်။
"နားလည်ပါပြီ...."
မုရှောင်ယက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ သူမ လွန်ခဲ့သောအပတ်က မေ့မြောနေခဲ့ပြီး သတိရလာတယ်လို့ကို
မရှိခဲ့ဘူး။ သူမက ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တာကြောင့် သူမခန္ဓာကိုယ်က ပြောင်းလဲမှုများကို
ရှင်းရှင်းလင်းလင်း နားလည်ထားပြီး သူမကစိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"ကျွန်မအချိန်ဘယ်လောက်ကျန်သေးလဲ။ "
“ မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေ
စပြီးပျက်စီးနေပြီ။ ဒီအမြန်နှုန်းအရ အကောင်းဘက်ကကြည့်ရင် ငါးရက်လောက်ဘဲဖြစ်နိုင်တယ်
.....” ထိုငါးရက်အတွင်းဆရာဝန်များသည် ကျော်ကြားလှတဲ့ အဖိုးတန်ဆေးဝါးမျိုးစုံကိုသုံးခဲ့သည်။
မုရှောင်ယက တစ်ရက်ပို၍ အသက်ရှင်နိုင်ရင်တောင်မှ သုံးစွဲပေးခဲ့ကြသည်။
သူမသေဖို့ ရည်ရွယ်ထားခံရသောကြောင့်
မုရှောင်ယသည် သူမမိဘများအား သူမအတွက်ငွေကို မဖြုန်းတီးစေချင်သော်လည်း ဤအရာသည် သူမမိဘများက
သူမအတွက် နောက်ဆုံး လုပ်နိုင်သော အရာဖြစ်ကြောင်း သူမသိသည်။ အကယ်၍ သူတို့ရပ်လိုက်လျှင်
သူမ မရှိတော့သောအခါ သူတို့ပိုဝမ်းနည်းလိမ့်မည်။
နောက်ငါးရက်အကြာတွင်
သူမမိဘများကို နှစ်သိမ့်သည့်အပြင် မုရှောင်ယက ဧည့်သည်များကိုလည်း လက်ခံခဲ့သည်။ သူမ
မသိသော ဆွေမျိုးများနှင့် သူမမိသားစုနှင့် ရင်းနှီးသောသွေးသားရင်းချာများက သူမရှိရာဆေးရုံသို့လာလည်သည်။
သူမအပေါ်သနားခြင်းနှင့်စာနာခြင်းတွေက အတူတူပင်ဖြစ်သည်။
စတုတ္ထနေ့မရောက်ခင်အထိ
သူမအရမ်းကို တက်ကြွနေခဲ့သည်။ နောက်ဆုံး လက်ကျန် စွမ်းအားတွေကဘဲ ထိုးထွက်လာတယ်လို့ ပြောရမလား
အဲ့ဒါက သူမအားမကောင်းသော အရာများ တွေးမိစေခဲ့သည်။ သူမဘ၀တစ်လျှောက်ကို သူမမျက်စိရှေ့တွင်
မြင်ယောင်လာစေသည်။
သူမပဉ္စမနေ့အထိ မရှင်သန်နိုင်ဘူးလား။
အားနည်းနေတဲ့ မုရှောင်ယက
နောက်ဆုံးတွင် လှုပ်ရှားရန် ခွန်အားရှိလာခဲ့ပြီး၊ သူမကိုယ်ကိုမတ်ပြီး သူမကုတင်ပေါ်မှာ
ထိုင်လိုက်သည်။ တစ်ချိန်တည်းမှာဘဲ သူမဆဲလ်ဖုန်းကို ယူဖို့ကုတင်ဘေးက အံဆွဲကိုအားသွန်ခွန်စိုက်ဖွင့်လိုက်သည်။
ဆဲလ်ဖုန်း ဘက်ထရီက အားကုန်သွားတာ ကြာလှပြီဖြစ်သည်။ မုရှောင်ယက သူနာပြုဆရာမလေးကို ခေါ်ဖို့ကုတင်ဘေးက
ခလုတ်ကိုနှိပ်လိုက်သည်။ "မင်္ဂလာပါ၊ ရှင်ကျွန်မကို ဖုန်းအားသွင်းကြိုးလေး ငှားနိုင်မလား။"
"ကျွန်မရှင့်ကို
power bank ငှားပေးမယ်" ကုတင်ဘေးက ပလပ်ပေါက်တွေက ဆေးကုတဲ့ စက်ပစ္စည်းတွေကြောင့်
ပြည့်နေပြီး မုရှောင်ယက ဆဲလ်ဖုန်းကိုအားသွင်းဖို့ နေရာမရှိပေ။ ထို့ပြင် ဆရာဝန်သည် ဤအခန်းထဲက
လူနာက အချိန်မရွေး သေနိုင်သည်ဟု ရှင်းပြထားပြီးဖြစ်တာကြောင့် သူနာပြုဆရာမငယ်လေးက သူမ၏ကိုယ်ပိုင်
power bank ကိုငှားပေးခဲ့ပြီး သူမအသက်နဲ့တူလောက်တဲ့ မိန်းကလေးကို သူမ အတက်နိုင်ဆုံး
ဖြည့်ဆည်းပေးပုံရသည်။
သူမဖုန်းကို
power bank နှင့်ချိတ်ဆက်ပြီးနောက်မှာ ဖုန်းကခဏအတွင်း အလိုအလျောက်ပွင့်လာသည်။ ထို့နောက်
အချက်ပေးသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ဖုန်းခေါ်ဆိုမှုများ၊
WeChat မက်ဆေ့ခ်ျများနှင့် သူမ၏ဆဲလ်ဖုန်းကို ဗုံးကြဲခဲ့သည့် အီးမေးလ်များရှိနေခဲ့သည်။
မုရှောင်ယက ဖြည်းဖြည်းချင်းစစ်ဆေးလိုက်ပြီးနောက်မှာ
တစ်ဝက်လောက်က သူမအလုပ်မှ ဖြစ်ကြောင်းနှင့် အခြားတစ်ဝက်မှာ သူမ၏အချစ်ဆုံးသူငယ်ချင်းနှစ်ဦး
ထံမှဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ သူမသည် အလုပ်မှညွှန်ကြားချက်များကို မဖတ်ဘဲ သူမသူငယ်ချင်းနှစ်ယောက်ပေးပို့သော
မက်ဆေ့ခ်ျကိုဖွင့်လိုက်သည်။
ဖန်းဟော်; ရှောင်ယ
နင်ဘာလုပ်နေတာလဲ။ နင် ဂူအောင်းပြီး စာရေးမလို့လား။ ဘယ်လိုတောင် ပျောက်ချက်သားကောင်းနေတာလဲ။
ပြီးတော့ ငါ့ဖုန်းတွေကို ဘာလို့မကိုင်ရတာလဲ။
လျန်းနျိုနျို ;
ရှောင်ယ နင်ဘယ်တော့ပြန်လာမှာလဲ။ နင်ပြန်လာတဲ့အခါ ငါ့ဆီလာပြီးကစားဖို့သတိရ။ ခုတော့တောင်တစ်ခုလုံး
အနီရောင်ချယ်ရီသီးတွေ အပြည့်ဖြစ်နေပြီ နင့်ကိုလာစားဖို့ဖိတ်တယ်နော်။
'ဟုတ်တယ်၊ သူမ အမြဲ
နျိုနျိုကိုလာတွေ့မယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် သူမအရင်ကသွားဖို့ အချိန်မရှိဘူး၊
အခုတော့ သူမမလုပ်နိုင်တော့မှာကို ကြောက်မိတယ်။' ခနဲ့တဲ့အပြုံးနဲ့ မုရှောင်ယက သူမ၏အချစ်ဆုံးနှစ်ယောက်ကို
နှုတ်ဆက်တော့မယ့်အချိန်မှာဘဲ
“ ဘန်း”
ရုတ်တရက် လူနာခန်းတံခါးက
ခပ်ကြမ်းကြမ်း တွန်းဖွင့်လာပြီး လူတစ်ယောက်ကဝင်လာခဲ့သည်။ သူ့နောက်တွင် စိုးရိမ်တကြီးဖျောင်းဖျသော
သူနာပြုဆရာမတစ်ဦးက လိုက်ပါလာသည်။
“ဆရာ ရှင်ဘာလုပ်တာလဲ။
ဒါကဆေးရုံပါ ရှင်ဒီလို ရမ်းကားပြီးဝင်လာလို့မရဘူး။ ”
ကျူးကျော်လာသူသည်
သူနာပြုဆရာမအားလျစ်လျူရှုထားပြီး၊ သူလက်ထဲမှာလဲ စာရွက်စာတမ်းများကို ကိုင်ထားခဲ့ကာ
ဆေးရုံကုတင်ပေါ်က မုရှောင်ယကိုငေးကြည့်နေသည်။ သူနာပြုဆရာမက သူ့ကိုဆွဲခေါ်သွားပေမယ့်
သူကရှင်းပြတာ၊ ထွက်သွားတာမလုပ်ဘူး။
မုရှောင်ယက သူမအခန်းထဲ
ရုတ်တရက် ပေါ်လာသောလူအားငေးကြည့်နေမိသည်။ ထိုလူသည် ဦးထုပ်နဲ့ Mask ကိုဝတ်ဆင်ထားပြီး
သူ့မျက်နှာကိုတင်းကျပ်စွာဖုံးအုပ်ထားကာ မျက်လုံးတစ်စုံကို သာပြထားသည်။ ဒါက လူကောင်းတစ်ယောက်လို
မဟုတ်ဘူး။ သို့သော် မုရှောင်ယက သူ့မျက်လုံးများကိုရင်းနှီးနေပြီး တစ်နေရာမှာမြင်ဖူးပုံရသည်။
သူနာပြုဆရာမရဲ့ လှုပ်ရှားမှုတွေက
ပိုပိုပြီးကြမ်တမ်းလာသလို အဲဒီလူက စိတ်ရှုပ်ပြီး အမြန်ရှောင်တိမ်းလိုက်သည်။ ဒါပေမယ့်
သူနာပြုမလေးက အဲဒီလူရဲ့ဦးထုပ်ကိုဆွဲချွတ်လိုက်နိုင်ပြီး နားရွက်ကအမာရွတ်တစ်ခုကို ထုတ်ပြမိသွားသည်။
အမာရွတ်သည် သူ့နားအနောက်ဘက်မှ mask အောက်ကနေဆက်ပြီး သူ့ လည်ပင်းအထိဖြစ်သည်။ အရေနှင့်အသားတို့သည်
ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသည်။ သူနာပြုဆရာမသည်လည်း လန့်ဖျပ်သွားပြီး မသိစိတ်မှ
ဆွဲထုတ်ခြင်းကို ရပ်လိုက်သည်။
"ပိုင်ချွမ်း။"
မုရှောင်ယက ထိုလူကိုအသိအမှတ်ပြုလိုက်သည်။
သူ့နာမည်ကိုကြားလိုက်တဲ့အခါ
အဲဒီလူရဲ့မျက်လုံးတွေကတောက်ပလာပြီး စကားတစ်လုံးမှမပြောဘဲ မုရှောင်ယကိုသာ ငေးကြည့်နေသည်။
"သူနာပြုအစ်မ
ဒါကငါ့သူငယ်ချင်းပါ" မုရှောင်ယက ထိုလူကို အသိအမှတ်ပြုပြီး သူနာပြုအား ရှင်းပြခဲ့သည်။
"မင်းသူငယ်ချင်း။
သူဘာလို့မပြောခဲ့တာလဲ။ "
သူနာပြုဆရာမက အနည်းငယ်ဒေါသထွက်သွားသည်။
သူမအကြာကြီး မေးခဲ့ပေမယ့် ထိုသူကစကားတစ်ခွန်းမှမပြောခဲ့ဘူး။ သူမက ထိုသူကို စကားမပြောတက်ဘူး
တောင်ထင်နေတာ။
"တောင်းပန်ပါတယ်
" မုရှောင်ယက အမြန်တောင်းပန်လိုက်သည်။ သူမ ပိုင်ချွမ်း ပုံမှန်မဟုတ်တာကို သိပေမယ့်
အခြားသူတွေကမသိခဲ့ဘူး။ ပိုင်ချွမ်းသည် သူမ၏အိမ်နီးချင်းဖြစ်ပြီး ပညာရှင်ရောဂါကို ခံစားနေရသော
ကလေးတစ်ယောက်ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက အဖွားနှင့် အတူနေခဲ့သည်။ လွန်ခဲ့သောလေးနှစ်က
ဖွားဖွားပိုင် သေဆုံးပြီး သူမအဆောင်ကို ထွက်လာချိန်ထဲက သူမ ပိုင်ချွမ်းနဲ့ မတွေ့ရတော့ဘူး။
"ပိုင်ချွမ်း
ဘာလို့ ဒီကိုရောက်နေတာလဲ။ " မုရှောင်ယက ဖြည်းဖြည်းနှင့် တိုးတိုးလေးပြောလိုက်သည်။
"ငါ ငါမင်းရဲ့ဆေးမှတ်တမ်းအားလုံးကို
လေ့လာခဲ့တယ်၊ ဒါပေမယ့် ငါ့မှာမင်းကိုကယ်တင်ဖို့ နည်းလမ်းမရှိဘူး။ " ပိုင်ချွမ်း၏
အမာရွတ်များနှင့် မျက်နှာသည် စိုးရိမ်စိတ်များနှင့်ပြည့်နေသည်။
သူမဆေးမှတ်တမ်းကို ကိုင်ထားတဲ့ သူ့လက်တွေက တုန်ခါနေခဲ့ပြီး
သူစကားပြောနေစဉ်မှာ ထစ်ထစ်အအနဲ့ တစ်ကြောင်းလုံးအပြည့်ပြောဖို့ ခဲယှဥ်းနေခဲ့သည်။
မုရှောင်ယက အနည်းငယ်အံ့သြသွားသည်။
"ရှင်ကဆရာဝန်လား။ "
"ငါမဟုတ်ဘူး
" ပိုင်ချွမ်းက ဒေါသတကြီးခေါင်းယမ်းလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် ပြင်းပြင်းထန်ထန်
နောင်တရခဲ့သည်။ သူဘာကြောင့်အစပိုင်းမှာ ဆေးပညာကိုမလေ့လာခဲ့တာလဲ။ အဘွားက သူ့ကိုဥာဏ်ကြီးရှင်တစ်ဦးလို့
အမြဲပြောသည်။ သူသာဆေးပညာကို လေ့လာခဲ့ရင် မုရှောင်ယကို ကုသနိုင်တဲ့နည်းလမ်းရှိနိုင်လိမ့်မည်။
မုရှောင်ယ ရောဂါက
မျိုးရိုးလိုက်သောရောဂါဖြစ်ပြီး၊ မျိုးရိုးဗီဇမပြောင်းလဲလိုက်မှသာလျှင် ၎င်းကိုကုသဖို့
ဖြစ်နိုင်လိမ့်မည်။ ဒါပေမယ့် ပိုင်ချွမ်းကသာ သူမဖျားနာပြီးနောက် သူမကိုကုသဖို့ လက်မလျှော့သေးတဲ့သူတစ်ဦးတည်းသာဖြစ်သည်။
မုရှောင်ယ;
"နင်ငါ့ကိုဘာလို့ ကုသပေးချင်ရတာလဲ။" အဲ့ဒါကို သူမ မတွေးဘဲမနေနိုင်ခဲ့ဘူး။
သူမကသူ့ကိုယ်သူမေးလိုက်သည်။ ပိုင်ချွမ်းနဲ့သူမကြား ဆက်ဆံရေးက အထူးအထွေမရှိဘူးထင်သည်။
ပိုင်ချွမ်း:
"ငါမင်းကိုလက်ထပ်ချင်တယ်"
ဤရိုးရှင်းသောစကားငါးခွန်းသည်
မုရှောင်ယရဲ့ မေ့လုနီးပါး မှတ်ဥာဏ်တစ်ခုကို ချက်ချင်း မှတ်မိသွားစေသည်။ သူမ ပိုင်ချွမ်းကို
နောက်ဆုံးအကြိမ်တွေ့လိုက်ချိန်က သူ သူမကို လက်ထပ်ခွင့်တောင်းခဲ့သလိုဘဲ။
ပိုင်ချွမ်း:
"ငါ့အဖွားသေတော့မယ်၊ သူမကငါ့ကိုလက်ထပ်စေချင်တယ်၊ ငါ ... ငါမင်းကိုလက်ထပ်ချင်တယ်"
ထိုနေ့က သူမအိမ်မှထွက်လာသောအခါ
ပိုင်ချွမ်းက ချက်ချင်းရောက်လာပြီး ဤကဲ့သို့ပြောခဲ့သည်။ ထိုအချိန်တွင် သူမမည်သို့ဖြေသည်ကို
မမှတ်မိသော်လည်း သူမ ငြင်းဆန်ခဲ့သည်ကိုတော့ မှတ်မိသည်။ ကံကောင်းထောက်မစွာနဲ့ သူမ ငြင်းဆန်ခဲ့လိုပေါ့
မငြင်းခဲ့ဘူးဆို ပိုင်ချွမ်းက မုဆိုးဖိုဖြစ်သွားလိမ့်မည်။
"နင်သာငါ့ကိုလက်ထပ်ရင်
ရှင်မုဆိုးဖိုဖြစ်သွားလိမ့်မယ်" သူမကရယ်ပြီး စလိုက်သည်။
"ငါမင်းကိုလက်ထပ်ချင်တယ်"
ပိုင်ချွမ်းက သူ့ရောဂါကြောင့် စကားကိုလိမ့်ပတ်လည်အောင် မပြောတက်ဘဲ သူလိုချင်တာကိုသာ
အဓိကပြောသည်။ သူက ၎င်းကိုသာထပ်ခါထပ်ခါ ပြောခဲ့သည်။
ပိုင်ချွမ်း၏ဆုံးဖြတ်ချက်သည်
မုရှောင်ယကိုအံ့အားသင့်စေသည်။ သေခြင်းရဲ့အဓိပ္ပါယ်ကို သူ မသိခဲ့ဘူးလား၊ သူ သူမကိုတကယ်ကြိုက်ခဲ့တာလား။
သူမသည် ပိုင်ချွမ်း၏ရိုးရှင်းသော
မျက်လုံးများနှင့်ရင်ဆိုင်ရပြီးနောက်မှာ မုရှောင်ယက သူမအပြုံးကိုပိုကြည့်ကောင်းအောင်
ကြိုးစားခဲ့သည်။ ယခုသူမတော်တော် ဆိုးပုံရသည် ကိုသူမသိသည်။ သို့သော်သူမပြုံးချင်ခဲ့ပြီး
လွန်ခဲ့သောလေးနှစ်က သူမ၏အိမ်ရှေ့တွင် လက်ထပ်ခွင့်တောင်းဖူးတဲ့ ပိုင်ချွမ်းကို ကျေးဇူးတင်သည်။
"ကျေးဇူးတင်ပါတယ်"
'သူမဒီအချိန်သူ့ကိုကတိမပေးနိုင်သေးပေမဲ့လို့ပေါ့။'
“ ငါ…”
"ရှောင်ချွမ်း။"
ဤအချိန်၌အနောက်တိုင်းပုံစံအထက်တန်းလွှာ ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် အပြေးအလွှားဝင်လာသည်နှင့်
တစ်ပြိုင်နက် ပိုင်ချွမ်းကို စိတ်လှုပ်ရှားစွာနဲ့ သူ့ဘက်လှည့်လိုက်ပြီးအပေါ်မှအောက်သို့ကြည့်လိုက်သည်။
"အဆင်ပြေလား။ မင်းဘာလို့ တစ်ယောက်တည်းထွက်ပြေးသွားရတာလဲ။"
ပိုင်ချွမ်းသည် ထိုလူအားလျစ်လျူရှုပြီး
မုရှောင်ယနှင့်စကားဆက်ပြောရန် သူ၏လက်မောင်းမှ လွတ်မြောက်ရန်ကြိုးစားခဲ့သည်။
"မစ္စမု ငါ့ညီကမင်းကို
စိတ်အနှောင့်အယှက် ပေးမိတာအတွက်တောင်းပန်ပါတယ်" သူက ပိုင်ချွမ်း နေမကောင်းတာမရှိဘူးဆိုတာကို
သေချာအောင်လုပ်ပြီးမှ အဲဒီလူက မုရှောင်ယ အတွက် အချိန်ရှိခဲ့သည်။
"အဆင်ပြေပါတယ်
" ဒါက ပိုင်ချွမ်းရဲ့အကိုကြီးဖြစ်နိုင်သည်။ သူက ပိုင်ချွမ်း မီးမလောင်ခင်က နဲ့တူတာမဆန်းပေ။
“ ဒါဆိုမင်းကောင်းကောင်းအနားယူပါ၊
ကျွန်တော်တို့ပြန်နှင့်မယ် မင်းလည်း…”
ထိုလူကခဏရပ်လိုက်သည်။
"ကောင်းကောင်းအနားယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
သူပြောပြီးသွားတာနဲ့
ထိုလူက ကြမ်းပြင်ပေါ်ကျနေတဲ့ ဦးထုပ်ကို သူ့ညီခေါင်းပေါ် ဆောင်းပေးလိုက်ပြီး ပိုင်ချွမ်း
ရုန်းကန်တာကို ဂရုမစိုက်ဘဲ ဆွဲခေါ်သွားတော့သည်။ ဒါပေမယ့် ပိုင်ချွမ်းရဲ့ ပြင်းထန်လှတဲ့
ရုန်းကန်မှုကြောင့် သူ့လက်ထဲက စာရွက်စာတမ်းတွေက ပြုတ်ကျသွားပြီး နေရာအနှံ့ကိုပျံ့ကျဲသွားခဲ့သည်။
ပိုင်ချွမ်း ထွက်ခွာသွားပြီးနောက်မှာ
သူနာပြုအစ်မက ၀င်လာခဲ့ပြီး စာကြောင်းနှစ်ကြောင်းကိုသာ ရေရွတ်နေခဲ့ကာ မြေပေါ်ကပြန့်ကျဲနေသော
စာရွက်ကိုကောက်ယူလိုက်သည်။ မုရှောင်ယက စာရွက်ကိုတောင်းပြီး နှစ်ကြိမ်လောက် စစ်ကြည့်လိုက်သည်နှင့်
၎င်းတွင်သူမ၏ကိုယ်ပိုင် ဆေးမှတ်တမ်း အချက်အလက်အချို့နဲ့ ပြည့်နှက်နေသည်ကို တွေ့ရှိခဲ့သည်။
အခြားအချက် အလက်များသည် မှတ်စုများ ဖြင့်ပြည့်သိပ်နေပြီး ၎င်းတို့အနက် ရာပေါင်းများစွာကို
အထူလွှာ၌ ရှိသည်ဟုခန့်မှန်းသည်။
မုရှောင်ယက အပြုံးမပျက်ပြုံးလိုက်ပြီး
စိတ်လှုပ်ရှားသွားသည်။ သူမလက်ထဲမှ ပစ္စည်းများကို သူမ၏ပေါင်ပေါ်သို့တင်လိုက်ပြီး သူမဆဲလ်ဖုန်းကို
ကောက်ကိုင်လိုက်ပြီး ဖန်းဟော်၊ လျန်းနျိုနျိုတို့နဲ့အတူ Group ထဲဝင်လိုက်ကာ သူတို့ကိုနှုတ်ဆက်ဖို့
အဆင်သင့်ဖြစ်နေခဲ့သည်။
မုရှောင်ယအနေနဲ့
မူလတုန်းက ဗွီဒီယိုခေါ်ဆိုမှုပြုလုပ်ရန် ဆန္ဒရှိခဲ့သော်လည်း သူမတွေးတောမှု ပြီးဆုံးသောအခါ
သူမ၏စွမ်းအင်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူမမှာအချိန်သိပ်မကျန်တော့ဘူးဆိုတာ မုရှောင်ယ
သိသည်။
သူမဟာဗွီဒီယိုအစီအစဉ်ကိုလက်လျှော့လိုက်ပြီး
group chat ထဲမှာအသံဖိုင်တစ်ခုပို့လိုက်သည်။
"ဖန်းဟော်၊
နျိုနျိုငါသွားပြီ။ အရမ်းဝမ်းနည်းမနေပါနဲ့။ နင်တို့မှာအချိန်ရှိရင် ငါ့မိဘတွေကို ငါ့အစားသွားကြည့်ပေးဦးနော်
"
သူမလက်ညှိုးကိုလွှတ်လိုက်ပြီး
အသံမက်ဆေ့ဂျ်ပို့လိုက်သည်။ ဖုန်းက မုရှောင်ယ လက်ထဲကနေ သူမပေါင်ပေါ်တင်ထားတဲ့ စာရွက်စာတမ်းတွေနဲ့အတူ
ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
ဆဲလ်ဖုန်းကမြည်လာသည်။
တစ်စုံတစ်ယောက်က ခေါ်နေသော်လည်း မုရှောင်ယက ဖြေဖို့အင်အားမရှိပေ။ ရုတ်တရတ် အင်အားတစ်ခုက
သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ခွန်အားကို ဆွဲယူသွားသည်။ ထို့နောက်သူမ၏အမြင်အာရုံသည်
တဖြည်းဖြည်းမှုန်ဝါးဝါးဖြစ်လာသည်။
သူမသေဆုံးချိန်တွင်
သူမ၏မိဘများ အော်ဟစ်သံကိုကြားရသည်။ သူမ မာမားက သူမလက်ကိုဆုပ်ကိုင်ထားပြီး သူမနာမည်ကိုထပ်ခါထပ်ခါခေါ်နေခဲ့သည်
။
' မာမား ပါပါး တောင်းပန်ပါတယ်။'
'သမီးအရင်ပြန်သွားနိုင်ရင်
ဘွဲ့ရပြီးတဲ့အချိန်မှာ သမီးနိုင်ငံခြားကို သေချာပေါက်မသွားတော့ဘဲ နောက်ထပ်နှစ်အနည်းငယ်လောက်
မာမားတို့နဲ့ အဖော်ပြုပေးခဲ့မှာ '
မုရှောင်ယ၏ နောက်ဆုံးအသိစိတ်သည်
ပြိုးပြိုးပြက်ပြက် အဖြူရောင်အလင်းတန်းထဲတွင် ပျောက်ကွယ်သွားပြီး သူမသတိပြန်ရလာချိန်မှာ
လွန်ခဲ့သောလေးနှစ်က နွေရာသီတစ်ခုဆီ ပြန်ရောက်သွားခဲ့သည်။
အဲ့ဒီနေ့ကတော့ သူမကို
ပိုင်ချွမ်း လက်ထပ်ခွင့်တောင်းတဲ့နေ့.....