ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
အပိုင်း
၂; လက်ထပ်ခွင့်တောင်းခြင်း
မုရှောင်ယက သူမ မသေဆုံးခင်ကမြင်ကွင်းကို
ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
သူမဆဲလ်ဖုန်းက အဆက်မပြတ်မြည်နေပြီး
ဆေးမှတ်တမ်းများက နေရာအနှံ့ပြန့်ကျဲနေကာ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများကလည်း အလျင်အမြန်
ဝင်လာပြီးသူမ၏မိဘများကလည်း ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြသည်။ သူမမျက်လုံးဖွင့်လိုက်တာနဲ့
သူမအခန်းထဲဘယ်လိုလုပ် ပြန်ရောက်နေတာလဲ။
နို့နှစ်ရောင် လိုက်ကာနဲ့
ငန်းမွှေးရောင်နံရံ၊ ပန်းရောင်ဆိုဖာ၊ အနက်ရောင်နှင့်အဖြူရောင် ပုံစံများပါသောကြမ်းပြင်များ
ဒီအလှဆင်ပစ္စည်းအားလုံးက သူမနိုင်ငံခြားမသွားခင်က ဖြစ်ခဲ့သည်။ သူမနိုင်ငံခြားသွားပြီးနောက်
သူမမိဘများက အလှဆင်ထားတာကို ချက်ချင်းပြောင်းလဲခဲ့သည်။ သူမအခန်းသည် ယခင်ပုံစံအတိုင်း
ထပ်မတွေ့ရတော့ဘဲ ကြမ်းပြင်အောက်တွင် အပူထည့်ထားသော သစ်သားများနှင့်အစားထိုးထားသည်။
မုရှောင်ယက သူမ၏စောင်ကို
ရုတ်တရက် လှပ်လိုက်ပြီး မှန်တင်ခုံရှေ့ကို ပြေးသွားခဲ့သည်။
မှန်ထဲက မုရှောင်ယက
သူမနိုးလာချိန်မလို့ ဆံပင်အနည်းငယ်ရှုပ်ပွနေပြီး ကလေးကာတွန်း ညအိပ်ဝတ်အင်္ကျီကိုထားတုန်းသည်။
ဒါက မဟုတ်သေးဘူး။
မုရှောင်ယက ပြည်ပတွင်
နှစ်နှစ်ပညာသင်ကြားပြီးနောက် ပြည်တွင်းကုမ္ပဏီတစ်ခုတွင် အလုပ်ရခဲ့သည်။ သူမပုံကို ပိုမိုရင့်ကျက်စေဖို့အတွက်
သူမဆံပင်ကို ယခုထက်ပိုရှည်သော ဆံပင်ပုံစံနှင့်ပြောင်းခဲ့သည်။
ဤပုံစံက ယခုသူမမဟုတ်ပေ။
လွန်ခဲ့သောနှစ်အနည်းငယ်က သူမဖြစ်ခဲ့သည်။
“ ကလင် ကလင်…”
ပျင်းစရာကောင်းတဲ့
ဖုန်းမြည်သံတစ်ခုထွက်ပေါ်လာပြီး မုရှောင်ယ စောင်ကိုလှန်လိုက်ချိန် သူမဆဲလ်ဖုန်းကို
တွေ့ရှိသွားပြီးနောက် သူမနှင့်မရင်းနှီးသည့်ခေတ်နောက်ကျနေသော ဆဲလ်ဖုန်းကိုကောက်ယူလိုက်သည်။
"မုရှောင်ယ
နင်အိပ်နေတုန်းလား။ ဒီနေ့ငါတို့ ဘွဲ့ယူဓာတ်ပုံရိုက်မှာကို နင်မေ့သွားပြီလား။
"
ဖုန်းတစ်ဖက်မှ ဖန်းဟော်အသံက
ထွက်လာသည်။
"ဖနဟော်။
" မုရှောင်ယ အနည်းငယ်အံ့သြသွားသည်။ "ဘွဲ့ယူဓာတ်ပုံလား။"
"နင်မေ့သွားပြီဆိုတာ
ငါသိတယ်။ ငါတို့အတန်းက ၁၁ နာရီမှာ ဓါတ်ပုံရိုက်မှာလေ အခုနင် taxi ကိုချက်ချင်းခေါ်သင့်တယ်”
သူမစကားပြောပြီးသွားတဲ့အခါမှာ ဖန်းဟော်က ဖုန်းကို ခွက်ကနဲချသွားသည်။
'ဘွဲ့ယူဓာတ်ပုံလား။
' မုရှောင်ယက မယုံကြည်နိုင်လောက်အောင်ဖြစ်နေခဲ့သည်။ 'ဒီနေ့က ဘွဲ့ယူဓာတ်ပုံရိုက်ဖို့နေ့ပဲ။
၂၀၁၉ ဇွန်လလား။ ' မုရှောင်ယက ပြက္ခဒိန်ကိုကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။ အသေအချာကိုပဲ
ခုတင်ဘေးပြက္ခဒိန်က ဒီနေ့ဇွန်လ ၁၂ ရက် ဖြစ်ကြောင်းပြသနေသည်။ သူမကိုယ်တိုင်လက်ရေးဖြင့်
ဘွဲ့ယူဓာတ်ပုံရိုက်မယ့်နေ့လို့တောင် အမှတ်အသားလုပ်ထားသေးသည်။
သူမအိပ်မက်မက်နေတာမဟုတ်ဘူးဆိုရင်
သူမအတန်းဖော်ဟောင်းတွေကို ကြည့်ပြီးနောက်တစ်ကြိမ် အခြားဘွဲ့ရဓာတ်ပုံတစ်ပုံရိုက်ရမှာလား။
တစ်ကယ်တော့ ကျောင်းကိုသွားကြည့်လိုက်ရုံပဲ
ဖြစ်သည်။ သူမမှတ်မိသည့် အတိုင်းဖြစ်ပျက်ခဲ့လျှင်၊ သူမအိပ်မက်မမက်ဘူးလို့ဆိုလိုသည်။
သူမတကယ် အတိတ်ကိုပြန်ရောက်လာတာလား။
မုရှောင်ယက စိတ်လှုပ်ရှားစွာဖြင့်
တံခါးဆီကိုပြေးသွားခဲ့ပြီး သူမညဝတ်အင်္ကျီ လဲဖို့ပင်မစဉ်းစားခဲ့ပေ။ ဖိနပ်အပါးတစ်စုံကိုသာ
၀တ်ထားပြီး သူမဆဲလ်ဖုန်းကိုကိုင်ကာ ဆံပင်ဆုတ်ဖွားနဲ့ ပြေးသွားခဲ့သည်။ မထင်မှတ်ပဲ သူမထွက်သွားသည်နှင့်
ပိုင်ချွမ်းနဲ့ တန်းတိုးခဲ့သည်။
"ပိုင်ချွမ်း။"
မုရှောင်ယက အံ့သြစွာအော်လိုက်မိသည်။ သူမ ပိုင်ချွမ်း ရှေ့မှာရပ်လိုက်သည်။ အခုချိန်
သူ့မျက်နှာမှာ အမာရွတ်တစ်ခုမှမရှိသေးဘူး။ ဆေးရုံမှာသူမတွေ့ခဲ့တာနဲ့လုံးဝကို ကွာနေခဲ့သည်။
“ ငါ…” အမှန်တော့ ပိုင်ချွမ်းက တံခါးနားမှာ အကြာကြီးရပ်နေခဲ့တာ။
သူသည် စိတ်ထဲမှာ သူ့ဘာသာ အငြင်းပွားမှုများတွင်ရပ်နေပြီး ၀င်ဖို့ ဒါမှမဟုတ်ထွက်သွားဖို့ကို
အလွန်ကြောက်သည်။ သူက မုရှောင်ယ ထွက်လာဖို့ကို မျှော်လင့်နေခဲ့တာ။ ဒါပေမယ့် အခုလူကအပြင်ထွက်လာပြီ
သူကဘာပြောရမှန်းမသိဘူး။ သူကစိတ်မသက်သာစွာခေါင်းညိမ့်လိုက်ပြီး သူ့ခြေချောင်းတွေကို
ကြည့်နေသည်။
"ငါ ဘာလုပ်ပေးရမလဲ။
" မုရှောင်ယ အသံက အလွန်ပေါ့ပါးနေသည်။ ဒါကလည်း သူမ ပိုင်ချွမ်းနဲ့ စကားပြောခြင်းမှ
သူမပြုလုပ်ခဲ့သော အလေ့အကျင့်တစ်ခုဖြစ်သည်။ ပိုင်ချွမ်း အသက်ခုနစ်နှစ်မှာ သူ့မိဘတွေက
သူ့ကိုအဖွားနဲ့အတူနေဖို့ပို့ခဲ့သည်။ ဖွားဖွားပိုင်ရဲ့ အိမ်က မုမိသားစု အိမ်နှင့်နီးတာကြောင့်
မုရှောင်ယက ပိုင်ချွမ်းကိုမကြာခဏတွေ့ခဲ့ရသည်။
ထို့အပြင် ထိုနေရာတွင်
ကလေးများက အများအပြားမရှိပေ။ သူမငယ်စဉ်အခါက မုရှောင်ယက ပိုင်ချွမ်းနှင့်ကစားရန်သွားလေ့ရှိသည်။
ဒါပေမယ့် ပိုင်ချွမ်းကသူမကိုသိပ်ဂရုမစိုက်ခဲ့ဘူး။ သူက သူ့ကိုယ်ပိုင်ကမ္ဘာတွင် အမြဲနှစ်မြုပ်နေခဲ့ပြီး
အဲ့ဒါက မုရှောင်ယကို စိတ်ဆိုးဒေါသထွက်စေသည်။ နောက် ဖွားဖွားပိုင်က ပိုင်ချွမ်းရဲ့အခြေအနေကို
သေချာရှင်းပြမှ မုရှောင်ယ နားလည်လာခဲ့သည်။
ထို့အတွက်ကြောင့်
မုရှောင်ယ ပိုင်ချွမ်းနှင့် စကားပြောနေသမျှ ကာလပတ်လုံး သူမလေသံသည် ဖွားဖွားပိုင်လို
နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုင်ချွမ်းက နောက်ဆုံးတွင်
သူမကိုအာရုံစိုက်ရန်ဆန္ဒရှိလာခဲ့သည်။
ပိုင်ချွမ်း; “ ငါ့အဖွားသေတော့မယ်။
သူမကငါ့ကိုလက်ထပ်စေချင်တယ်။ ငါ ... ငါမင်းကိုလက်ထပ်ချင်တယ် "
မုရှောင်ယ မျက်လုံးများက
အံ့သြမှုကြောင့်ပြူးကျယ်သွားသည်။ ဒီနေ့လား။
'ဟုတ်တယ်၊ ဒီနေ့ဘဲ...'
' ဒီနေ့က ပိုင်ချွမ်း
သူမကို လက်ထပ်ခွင့်တောင်းတဲ့နေ့ဘဲ '
"ငါ ... ငါမင်းကိုလက်ထပ်ချင်တယ်"
ပိုင်ချွမ်းက နောက်ထပ် တစ်ခါပြောလာသည်။
သူသည်စကားပြောဖို့
အလွန်ဝန်လေးလေ့ရှိသော်လည်း ဖွားဖွားပိုင်က သူ့ကိုငယ်စဉ်ကတည်းက သင်ပေးထားသည်။ သူလိုချင်တာကို
အခြားသူအားသိစေလိုလျှင် သူပြောမှရမည်ဆိုပြီး သင်ထားခဲ့သည်။
'ဒါဆို သူမတစ်ကယ်
အတိတ်ကိုပြန်ရောက်လာတာပေါ့။သူမက လွန်ခဲ့တဲ့လေးနှစ်ကို ပြန်ရောက်သွားပြီး ပိုင်ချွမ်းရဲ့
လက်ထပ်ခွင့်တောင်းတာကို ထပ်ကြုံခဲ့ရတာလား။'
' ဒီတစ်ခါ သူမလက်ခံသင့်လား။'
မုရှောင်ယ သူမရှေ့တွင်ရပ်နေသော
ပိုင်ချွမ်းကိုကြည့်လိုက်သည်။ ပိုင်ချွမ်းက သူမနှင့် အသက်တူလုနီးပါးဖြစ်သော်လည်း သူသည်မကြာခဏ
သူ့ကိုယ်ပိုင်ကမ္ဘာတွင်သာ ရှိနေသောကြောင့် သူသည်သန့်ရှင်းသောလူငယ်၏ အငွေ့အသက်ကို ရရှိနေသေးသည်။
သူသည် အဖြူရောင်တီရှပ်၊ ရိုးရိုးချည်သားဘောင်းဘီ၊ အဖြူရောင်ဖိနပ်နှင့် သူ၏နူးညံ့သောမျက်နှာအသွင်အပြင်က
ကြွေရုပ် နှင့်တူသည်။ သူကခြံရှေ့တွင် ရပ်နေပြီးသူ့တစ်ကိုယ်လုံးကတောက်ပနေသည်။ မုရှောင်ယက
သူသာပညာရှင်ရောဂါမရှိရင်တော့ ပိုင်ချွမ်းက မိန်းကလေးထောင်ပေါင်းများစွာရဲ့ နှလုံးသားကို
ဖမ်းစားနိုင်တဲ့ ကောင်လေးဖြစ်နေမှာ သေချာပေါက်ဖြစ်သည်။
ဒီလောက်ချောတဲ့မျက်နှာက
နောက်ပိုင်းမှာမီးလောင်ခံလိုက်ရတာက သနားစရာကောင်းသည်။
မုရှောင်ယက သူmask
တပ်ထားလို့ သေချာမမြင်ရပေမယ့် လူနာခန်းထဲက သူ့မျက်နှာကို သူမရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
လူတစ်ယောက်ကို ဒီလောက်လောင်ကျွမ်းစေတဲ့ မီးကဘယ်လောက်တောင် ကြီးတာလဲ။
"ရှောင်ယ အဖွားပိုင်ရဲ့အိမ်က
ပိုင်ချွမ်းကိုမှတ်မိသေးလား။ " နွေဦးပွဲတော်အပြီး တစ်နှစ်တွင် သူမအိမ်ပြန်လာချိန်
သူမ မာမားက ပိုင်ချွမ်းအကြောင်းကိုရုတ်တရက်ပြောလာခဲ့သည်။
"ပိုင်ချွမ်း
သူဘာဖြစ်လို့လဲ။ "
“ မာမားကြားတာတော့
သူမီးလောင်သွားတယ်တဲ့ သူ့မိန်းမက မီးရှို့တာလို့လဲကြားတယ်”
“ မျက်စိစုံမှိတ်မပြောနဲ့၊
အိမ်မှာမီးလောင်ခဲ့တာ ပိုင်ချွမ်း အိမ်မှာရှိတယ်ဆိုတာကို သူ့မိန်းမမသိခဲ့ဘူး ”
သူမပါပါးက မျက်မှောင်ကြုတ်ပြီးပြောခဲ့သည်။
“ ယောက်ျားအိမ်မှာရှိမရှိကို
မိန်းမကဘယ်လိုလုပ် မသိရမှာလဲ။ ” မာမားမုက ဆက်ပြောလာသည်။
“ အပြင်က လူတွေပြောတာတော့
ဒီအမျိုးသမီးက ပိုင်မိသားစုရဲ့ ပိုင်ဆိုင်မှုအတွက် လောဘကြီး ခဲ့တယ်လို့ပြောတယ်။ သူမက
အော်တစ်ဇင်ရောဂါဖြစ်နေတဲ့ ပိုင်ချွမ်းကို လက်ထပ်ဖို့တောင် မတွန့်ဆုတ်ခဲ့ဘူး။ ရလဒ်အနေနဲ့
သူမက ပိုင်ချွမ်းရဲ့ အော်တစ်ဇင်ရောဂါကို သည်းမခံနိုင်တော့ဘဲ အမွေရအောင် ပိုင်ချွမ်းကို
မီးရှို့ခဲ့တာတဲ့ ”
“ သက်သေမရှိဘဲနဲ့
ဒီလောက်မိုက်မဲတဲ့စကားတွေ မပြောနဲ့ ” ပါပါးမုက သူ့မိန်းမကိုမကောင်းတဲ့အတင်းအဖျင်းတွေ
မဖြန့်စေချင်ဘူး။ ဒါပေမယ့် သူက သူ့ သမီးကိုပြောလိုက်သည်။ “ သမီးက ပိုင်ချွမ်းနဲ့ကောင်းတဲ့ဆက်ဆံရေး
ရှိခဲ့ဖူးတယ်။ သမီးအချိန်ရရင် သူ့ကိုသွားတွေ့လိုက်ဦး။ "
နောက်ပိုင်းမှာတော့
မုရှောင်ယက ပိုင်ချွမ်းကို တွေ့ဖို့ ပိုင်မိသားစုဆီသွားခဲ့သည်။ ဒါပေမယ့် ပိုင်ချွမ်းရဲ့ပါပါးကလွဲပြီး
သူမဘယ်သူကိုမှမတွေ့ခဲ့ရဘူး။ ပိုင်ချွမ်းကို ဆေးကုသဖို့ ပြည်ပကို လွှတ်ခဲ့တယ်လို့ သူမအားပြောခဲ့သည်။
နောက်ပိုင်းတွင် မုရှောင်ယက နိုင်ငံရပ်ခြားတွင် ပညာ သင်ကြားရန်သွားခဲ့ပြီး အလုပ်လုပ်ခဲ့သည်။
အဲ့ဒီအချိန်ကစပြီး သူမ မသေဆုံးခင်အထိ ပိုင်ချွမ်းကို သူမထပ်မတွေ့ရတော့ဘူး။
"ငါမင်းကိုလက်ထပ်ချင်တယ်"
သူမရှေ့က ပိုင်ချွမ်းက သူဖြစ်ချင်တဲ့အရာကို ထပ်ပြောလာသည်။
"ရှင် ကျွန်မကိုဘာလို့လက်ထပ်ချင်တာလဲ။"
မုရှောင်ယက ထူးဆန်းစွာမေးလိုက်သည်။ ပိုင်ချွမ်း၏ အခြေအနေသည် အလွန်ထူးခြားသည်။ သူက အော်တစ်ဇင်တစ်ယောက်
ဖွားဖွားပိုင်က သူ့ကို သေသေချာချာသင်ပေးခဲ့ပေမဲ့ ပိုင်ချွမ်းရဲ့လုပ်ဆောင်ချက်က အခြား
စိတ်ကျန်းမာရေး ဝေဒနာရှင် တွေထက် နည်းနည်းပိုကောင်းရုံဘဲရှိသည်။ သူဆန္ဒရှိသရွေ့ လူတွေနဲ့
ချောချောမွေ့မွေ့ ပြောဆို ဆက်ဆံနိုင်သည်။ သို့သော် ပင်ကိုယ်စရိုက်ချို့ယွင်းချက်နှင့်
မှတ်ဥာဏ်ချွတ်ယွင်းမှုရှိနေသော ပိုင်ချွမ်းက သူမဆိုလိုတာကို သူနားလည်မှာလား။
“ အဖွားပြောတာက လူတိုင်းမှာ
ဘဝလက်တွဲဖော်ရှိလိမ့်မယ်၊ ဘဝလက်တွဲဖော်… နောက်ပြီး မင်းတစ်ယောက်ယောက်ကို ကြိုက် ကြိုက်တဲ့သူ” ပိုင်ချွမ်းကအလေးအနက်ပြောလာခဲ့သည်။
ဒါပေမယ့် သူ့စကားက ရှည်လွန်းသည်။ သူကထပ်ပြောလာခဲ့သည် “ အဖွားရဲ့အိပ်မက်က ငါလက်တွဲဖော်တစ်ယောက်ရှာပြီးလက်ထပ်ဖို့တဲ့
အဖွားက သေတော့မယ်။
“ငါမင်းကိုလက်ထပ်ချင်တယ်
"
အဖွားပိုင် ဆုံးတော့မှာ
နောက်ပြီး သူမရဲ့နောက်ဆုံးဆန္ဒက သူ့ကိုလက်တွဲဖော်နဲ့ လက်ထပ်စေချင်တာကြောင့်....နောက်ထပ်က
သူ သူမကိုကြိုက်တာကြောင့် ဒါကြောင့် သူမကိုလက်ထပ်ခွင့်လာတောင်းတာလား။
ပိုင်ချွမ်းရဲ့စကားက
အဆက်အစပ်သိပ်မရှိပေမယ့် မုရှောင်ယ နားလည်ခဲ့သည်။ သူမက ပိုင်ချွမ်းရဲ့ စိတ်အားထက်သန်တဲ့
မျက်လုံးများကိုကြည့်ပြီး ရုတ်တရက်သဘောတူချင်လာသည်။
အကယ်၍ ဆေးရုံရှိမြင်ကွင်းသည်
အိပ်မက်မဟုတ်ခဲ့ပဲ သူမလွန်ခဲ့သော လေးနှစ်ကိုသာ တကယ်ရောက်လာခဲ့တယ်ဆိုလျှင်၊ နောက်လေးနှစ်အကြာတွင်
သူမနေမကောင်းဖြစ်ပြီး သေသွားလိမ့်မည်။ တစ်ကယ်လို့ မင်းက အသက်မရှည်ဘူးလို့သိတဲ့ သူတစ်ယောက်ကိုမေးလိုက်ရင်
သူတို့အိမ်ထောင်ပြုပြီး ကလေးယူဦးမယ်ထင်လား။ အခြားသူများကို မသိသော်လည်း မုရှောင်ယကတော့
မလုပ်ချင်ဘူး သူမသည် သူမအချိန်များကို သူမမိဘများနှင့်သာ ကုန်ဆုံးစေလိမ့်မည်။
ဒါပေမယ့် ပိုင်ချွမ်းကတော့
မတူဘူး။ ပိုင်ချွမ်းက သူမသေဆုံးမှုကို စိတ်မ၀င်စားဘူး။ သူကမကြာခင် သူမသေရတော့မယ်ဆိုတာသိပေမဲ့
ဆေးရုံမှာ သူမကိုလက်ထပ်ချင်တယ်လို့ ပြောခဲ့တဲ့ သူကတစ်ဦးတည်းပဲဲ။
မုရှောင်ယ၏ မျက်လုံးများသည်
ရုတ်တရက်လင်းသွားပြီး ပြန့်ကျဲနေသောဆေးမှတ်တမ်းများ၊ ဆေးမှတ်တမ်းများပေါ်က များပြားလှတဲ့
မှတ်စုများနှင့် ပိုင်ချွမ်းက သူ့ကိုခေါ်ထုတ်သွားသော သူ့အစ်ကိုကို ရုန်းကန်နေတာကို
ပြန်မြင်လာခဲ့သည်။
ပိုင်ချွမ်းက သူမကိုတကယ်
ကြိုက်တာဟုတ်တယ်မဟုတ်လား။ မုရှောင်ယ တွေးမိလိုက်သည်။ သူမကနောက်ထပ်လေးနှစ်ပဲနေဖို့ ရည်ရွယ်ထားရင်
ပိုင်ချွမ်းကိုဘာလို့ မလက်ထပ်ရမှာလဲ။ သူမရဲ့အရင်ဘဝက ပြန့်ကျဲနေတဲ့ဆေးမှတ်တမ်းတွေအတွက်
ကျေးဇူးတင်တဲ့အနေနဲ့ သူ့အရင်ဘဝက အဖြစ်ဆိုးကိုရှောင်ရှားနိုင်အောင် ကူညီရမှာပေါ့။
“ ကောင်းပြီ ” မုရှောင်ယက
စိတ်မြန်လက်မြန်သဘောတူလိုက်သည်။
ပိုင်ချွမ်းရဲ့ မျက်လုံးတွေက
ပြူးကျယ်သွားပြီး သူ့မျက်လုံးတွေထဲမှာ ရောင်စုံတဲ့ကောင်းကင်မှာ ကြယ်ပေါင်း ၁၀၀၀၀ ခန့်ရှိနေခဲ့သလိုပင်
။
ထိုအရာသည် သူမဘ၀နှစ်ခုလုံးထဲမှာ
မုရှောင်ယ မြင်ဖူးသမျှရဲ့ အလှဆုံးရှုခင်းဖြစ်သည်။
ပိုင်ချွမ်းက တကယ်ကြည့်ကောင်းသည်။
မုရှောင်ယ သက်ပြင်းချလိုက်မိသည်။ ဤမျက်နှာအတွက်ပင် သူမသည် သူနှင့်လက်ထပ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ်
သူမဒီမျက်နှာလေးကို မီးကဖျက်ဆီပစ်မှာကို လက်မခံနိုင်ဘူး။
"သွားရအောင်။"
ပိုင်ချွမ်းက စိတ်လှုပ်ရှားသွားပြီး မုရှောင်ယ လက်ကိုဆုပ်ကိုင်လိုက်သည်။ သူလက်အားက
အလွန်ပြင်းထန်သည်။ ရုတ်တရက် ဆွဲခေါ်ခံလိုက်ရတာမို့ မုရှောင်ယက ယိုင်သွားပြီး သူမဖိနပ်တစ်ဖက်တောင်
လွင့်ထွက်သွားသည်။ သူအဲ့လိုဆွဲလိုက်ချိန်မှ မုရှောင်ယက သူမ ညဝတ်အင်္ကျီ မလဲရသေးတာသတိရသွားခဲ့သည်။
“ ဘယ်သွားမလို့လဲ။
”
"ဆေးရုံ...
အဖွားဆီ"
"ကျွန်မ အင်္ကျီအရင်လဲဖို့လိုတယ်
"
ပိုင်ချွမ်းက မုရှောင်ယကို
အံ့သြစွာကြည့်လိုက်သည်။ သူမဘာကြောင့် သူမအဝတ်အစားတွေ လဲရမှာလဲဆိုတာကို သူနားမလည်ဘူး။
“ကျွန်မက ညဝတ်အင်္ကျီကြီးဝတ်ထားတာလေ။
ဒီအတိုင်း အပြင်ထွက်တာက မသင့်တော်ဘူး ”
မုရှောင်ယက စိတ်ရှည်လက်ရှည်ရှင်းပြပြီးနောက်မှာ
ပိုင်ချွမ်းရဲ့ လက်ကိုဆွဲလိုက်ပြီး အိမ်ထဲကိုဆွဲခေါ်ခဲ့သည်။ သူမပိုင်ချွမ်းကို ဧည့်ခန်းမှာထားခဲ့ပြီး
သူမအဝတ်အစားလဲဖို့အိပ်ခန်းကို ပြန်သွားခဲ့သည်။ ပြီးသွားတဲ့နောက်မှာ သူတို့က ကားဖြင့်ဆေးရုံကို
သွားခဲ့ကြသည်။
ကားက ဆေးရုံကိုရောက်တဲ့အခါ
ဖန်းဟော်က သူမကိုဖုန်းထပ်ခေါ်လာပြီး မုရှောင်ယ ကိုင်လိုက်ချိန်မှာဘဲ အခြားတစ်ဖက်က ချက်ချင်းဆိုသလို
အော်လာခဲ့သည်။ "မုရှောင်ယ နင်ဘယ်မှာသေနေတာလဲ။ ငါလွန်ခဲ့တဲ့ တစ်နာရီလောက်တည်းက
နင့်ကိုဖုန်းဆက်ခဲ့ပေမယ့် နင်ကရောက်မလာသေးဘူး၊ တစ်တန်းလုံးက နင်ကိုစောင့်နေရတယ်
"
"ငါတစ်ကယ်ကို
တောင်းပန်ပါတယ်" မုရှောင်ယက အဲဒါကို တကယ်မေ့သွားခဲ့တာ၊ ဒါပေမယ့် ပိုအရေးကြီးတာကဘာလဲ
ဖွားဖွားပိုင်လား။ ဘွဲ့ယူဓာတ်ပုံလား။ သူမက ဆေးရုံတံခါးဝကို ရောက်နေပြီ၊ ကျောင်းကိုအပြေးသွားပြီး
ဘွဲ့ယူဓာတ်ပုံရိုက်ဖို့မဖြစ်နိုင်ဘူး။
"ဖန်းဟော် နင်ငါ့အတွက်
အားလုံးကိုတောင်းပန်ပေးထား ငါဒီနေ့မလာနိုင်တော့ဘူး နင်တို့ဘဲ ဓာတ်ပုံရိုက်လိုက်တော့
" သူမနောင်တအချို့ရှိပေမဲ့ သူမမှာအခြားရွေးချယ်စရာမရှိပေ။
"ဘာလဲ။ နင်ငါ့ကို
အကြောင်းပြချက်ပေးဖို့ ကောင်းကောင်း စဥ်းစားထားသင့်တယ်။ ဘွဲ့ယူဓာတ်ပုံရိုက်တာထက် ဘာကပိုအရေးကြီးတာလဲ။
" ဖန်းဟော် ဒေါသထွက်နေတာက သိသာသည်။
"ငါလက်ထပ်တော့မယ်။"
မုရှောင်ယက ဗုံးတစ်လုံးကိုပစ်ချလိုက်သည်။
မုရှောင်ယရဲ့ စကားကစက်ရုပ်လို
ပိုင်ချွမ်းကို ကလစ်တစ်ချက်နှိပ်လိုက်ပြီး အသက်သွင်းပေးတဲ့ ခလုတ်တစ်ခုလိုဖြစ်သည်။ ပိုင်ချွမ်းမျက်နှာမှာ
အမူအရာမဲ့နေပေမယ့် သူ့ရဲ့မယိမ်းယိုင်တဲ့ မျက်လုံးတွေက နေရောင်ခြည်မှာတောက်ပနေတဲ့ အလင်းရောင်တွေလို
ရုတ်တရက် ပြည့်လျှံသွားခဲ့သည်။
"ဘာ... သေစမ်း။"
ဤစကားများအပြင် ဖန်းဟော်က ဤအချိန်၌ သူမခံစားချက်ကို ဖော်ပြဖို့ မည်သည့်နာမဝိသေသနကို
သုံးရမှန်းမသိခဲ့ပေ။
"ငါမနက်ဖြန်
ရှီထျန်း (မင်္ဂလာဆောင်သကြားလုံး) ကိုနင့်အတွက်ယူခဲ့မယ်" ပြီးတဲ့နောက်မှာ ဖန်းဟော်ရဲ့
တုံ့ပြန်မှုကို မစောင့်တော့ဘဲ မုရှောင်ယက ဖုန်းချလိုက်ပြီး ပိုင်ချွမ်းလက်ကိုဆွဲကာ
ဆေးရုံ အဆောက်အဦးဆီ လျှောက်သွားလိုက်သည်။
ပိုင်ချွမ်းက သူမနောက်က
တိတ်တဆိတ်လိုက်သွားပြီး မုရှောင်ယ နောက်ကျောကိုကြည့်လိုက်သည်။
"အဖွားက ဘယ်အထပ်မှာလဲ။
" သူတို့ဓာတ်လှေကားထဲရောက်ချိန် မုရှောင်ယက ပိုင်ချွမ်းကို မေးလိုက်သည်။
ပိုင်ချွမ်းကအပေါ်ဆုံးထပ်ရှိ
ခလုတ်ကို တိတ်ဆိတ်စွာ နှိပ်လိုက်သည်။
ဓာတ်လှေကားကစတင်ပြီး
ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ ပိုင်ချွမ်းက မုရှောင်ယလွှတ်လိုက်တဲ့ သူ့လက်ဖဝါးကို
ကြည့်လိုက်သည်။ သူ့လက်ဖဝါးပေါ်က အနီရောင်က လိုက်လျောညီထွေမဖြစ်ဘဲ သူ့လက်ကိုအကြိမ်အနည်းငယ်ဆုပ်ထားခဲ့သည်။
ဓာတ်လှေကားတစ်ဝက်
ရောက်ချိန်မှာ မုရှောင်ယက ရုတ်တရက် သတိရသွားခဲ့သည်။ "ငါလက်ဗလာနဲ့ ဘယ်လိုလုပ်လာမိတာလဲ။
" သူမအလည်လာချိန်က လက်ဆောင်တစ်ခု ၀ယ်ဖို့မေ့သွားခဲ့သည်။ မုရှောင်ယ ဝမ်းနည်းစွာမျက်မှောင်ကြုတ်လိုက်သည်။
ဒီအချိန်မှာ ပိုင်ချွမ်းက
သူ့လက်ကို မုရှောင်ယရဲ့လက်ဖဝါးပေါ်မှာ တိတ်တဆိတ်ချထားလိုက်ပြီး ဆုပ်ကိုင်ကာ သူက“ လက်ဗလာမဟုတ်တော့ဘူး”
လို့ပြောလာခဲ့သည်။
မုရှောင်ယက သူမရဲ့
"မအားတော့တဲ့" ညာဘက်လက်ကို ရုတ်တရက်ကြည့်လိုက်ပြီး သူမစိတ်ထဲတွင်ထူးဆန်းသော
အတွေးတစ်ခုဝင်လာသည်; ပိုင်ချွမ်းက သူမလက်ကိုကိုင်လိုက်တာနဲ့ ပြည့်စုံသွားပြီလို့ ခံစားရတာလား။
ယခုအချိန်တွင် ပိုင်ချွမ်းက
အမြဲပြောင်းလဲနေသောဓာတ်လှေကားပေါ်ရှိ အထပ်နံပါတ်များအား ငေးကြည့်နေပြီး သူ့စိတ်က နောက်ဆုံးတွင်ပို
ပိုပြီးတည်ငြိမ်လာသည်။