ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
အပိုင်း ၃; လက်ထပ်ထိမ်းမြားခြင်း
ပိုင်ချွမ်းရဲ့ "အလိုက်တသိ" အတွေးအခေါ်ကို ဖြုန်းတီးခြင်းမှ ရှောင်ရှားနိုင်ဖို့အတွက် မုရှောင်ယက ပိုင်ချွမ်းရဲ့လက်ကို ဆုပ်ကိုင်ကာ သူ့ကိုဘဲဦးဆောင်ခွင့်ပြုလိုက်သည်။
ခဏအကြာတွင် ဓာတ်လှေကားက အပေါ်ဆုံးထပ်သို့ရောက်သွားသည်။ သူတို့ထွက်ဖို့ ပြင်နေတုန်းမှာဘဲ တစ်စုံတစ်ယောက်က အလျင်စလိုပြေးဝင်လာခဲ့သည်။ ရုတ်တရက် ပိုင်ချွမ်းက ကြောင်အသွားပြီး အလန့်တကြား နောက်ဆုတ်လိုက်သည်။
ပိုင်ချွမ်းက အော်တစ်ဇင်ရောဂါရှိသူဖြစ်သည်။ သူက တခြားသူတွေနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့ရတာကို မကြိုက်ဘူး။ ဒါကြောင့် သူကငယ်စဉ်ကတည်းက နေရာကျဥ်းကျဥ်းလေးတွေ ဒါမှမဟုတ် လူစည်ကားတဲ့နေရာတွေကို ကြောက်သည်။ အခုဓာတ်လှေကားကနေ ဆင်းပြီး တစ်ယောက် ယောက်ဝင်လာတိုင်း သူစိတ်တွေကတင်းကျပ်လာလိမ့်မည်။ ဒါကြောင့် သူက အလျင်စလို ဝင်လာ တဲ့သူကို လျင်မြန်စွာဘဲ ရှောင်တိမ်းခဲ့သည်။ မုရှောင်ယကလည်း သတိထားမိပြီး လူနှစ်ဦးကြား၌ မတ်တပ်ရပ်ရန် ရှေ့သို့တစ်လှမ်းတိုးလာသည်။ ထို့နောက် ပိုင်ချွမ်း အားနှစ်သိမ့်လိုက်သည်။“ ကောင်းပြီ၊ ကျွန်မတို့ထွက်ရအောင်”
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်တော် ... " ဒီအချိန်မှာ အလျင်စလိုဝင်လာတဲ့သူကလည်း ဓာတ်လှေကားထဲမှာ အခြားသူတွေရှိနေတာကို တွေ့သွားခဲ့သည်။ သူက သူ့မဆင်မခြင်ပြုမူမှုကို နားလည်ပြီးတောင်းပန်ခဲ့သည်။ သူ မော့ကြည့်ပြီး ဓာတ်လှေကားမှာ ဘယ်သူလဲ ဆိုတာတွေ့လိုက်တဲ့အခါမှာတော့ သူ့ရဲ့တောင်းပန်စကားက အံ့သြနေတဲ့ အသံ ဖြစ်သွားသည်။"ဒုတိယသခင်လေး ပြန်လာပြီလား.."
ထိုလူကစိတ်လှုပ်ရှားသွားပြီး ပိုင်ချွမ်းရဲ့ လက်မောင်းကိုဆွဲလိုက်သည်။ ပိုင်ချွမ်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး လက်ကိုရှောင်လိုက်သည်။ မုရှောင်ယက သူမလက်ကို လျင်မြန်စွာမြှောက်လိုက်ပြီး ထိုလူ၏လှုပ်ရှားမှုအားပိတ်ဆို့လိုက်သည်။ "တောင်းပန်ပါတယ်၊ သူကအခြားသူတွေ သူ့ကိုထိတာကို မကြိုက်လို့ပါ"
"အာ ဟုတ်တယ် ဆောရီး ဆောရီး ကျွန်တော်မေ့တော့မလို့.... " ထိုလူက ပိုင်ချွမ်းကို သိတယ်ဆိုတာ သိသာထင်ရှားသည်။ ဒါကြောင့် ပိုင်ချွမ်းရဲ့ ထူးခြားမှုကိုလည်း သူသိသည်။ သူက ဘာမှဆက် မလုပ်တော့ဘဲ လူနှစ်ယောက်ထွက်သွားဖို့ ဓာတ်လှေကားကအရင်ထွက်လိုက်သည်။
“ ဒုတိယသခင်လေး အခုမှဘဲ ပြန်လာတော့တယ် ။ ဥက္ကဋ္ဌရော သခင်မပါ စိတ်ပူနေကြတာ အထွေထွေမန်နေဂျာ(MD)လဲ လိုက်ရှာနေတာကြာပြီ ”
မုရှောင်ယက အနည်းငယ်အေးခဲသွားသည်။ ထိုလူပြောတဲ့အတိုင်းဆို ပိုင်ချွမ်းက သူမကို တစ်ယောက်တည်း လာရှာခဲ့တာလား။ ပိုင်ချွမ်း မိသားစုက မသိဘူးလား။
"ဥက္ကဌ ဒုတိယသခင်လေး ပြန်လာပါပြီ" သူတို့ဓာတ်လှေကားကနေ ထွက်လိုက်တာနဲ့အဲဒီလူက သတင်းပို့ဖို့ပြေးသွားသည်။
"ရှင် ရှင့်မိသားစုကို မပြောလာဘူးလား။ " မုရှောင်ယက ပိုင်ချွမ်းကို မေးလိုက်သည်။
ပိုင်ချွမ်းက မုရှောင်ယကိုကြည့်ပြီး ဘာမှမပြောလာဘူး။
'မေ့လိုက်တော့ သူနားလည်မယ်မထင်ဘူး 'မုရှောင်ယက သက်ပြင်းချလိုက်ပြီး "အဖွားကိုသွားတွေ့ရအောင်" လို့သာပြောခဲ့သည်။
သူတို့နှစ်ဦးက လျှောက်လမ်းက လျှောက်နေစဥ်မှာ လှပတဲ့ အမျိုးသမီးတစ်ဦးက လူနာခန်း တစ်ခန်းထဲက အမြန်ထွက်လာသည်။ မုရှောင်ယက ဒီအမျိုးသမီးက ပိုင်ချွမ်းအမေဆိုတာ မှတ်မိသည်။ တရုတ်နှစ်သစ်ကူးနေ့တိုင်း ဖွားဖွားပိုင်ရဲ့အိမ်မှာ သူမကို မကြာခဏတွေ့ဖူးသည်။
"ရှောင်ချွမ်း၊ ရှောင်ချွမ်း၊ ဘယ်ကိုရှောက်သွားနေတာလဲ။ " ပိုင်ချွမ်းက ရုတ်တရက် ပျောက်သွားတာကြောင့် မားမားပိုင်က စိတ်ပူနေခဲ့တာဖြစ်သည်။ သူမက သူ့ကိုရှာဖွေဖို့ လူအများကြီးလွှတ်ခဲ့ပေမယ့် သူတို့က မည်သည့်သတင်းမျှမရဘဲ ပြန်လာခဲ့ကြသည်။ ဒီအချိန်မှာ သူမသားပြန်လာတာကို တွေ့လိုက်ရလို့ အရမ်းဝမ်းသာသွားပြီး သူမကိုဖက်ပြီး သူမလက်ထဲမှာ တင်းကျပ်စွာဆုပ်ကိုင်ထားချင်ခဲ့သည်။ ဒါပေမယ့် သူမက သူမသားရဲ့အခြေအနေကိုလည်းသိသည်။ သူကရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကိုမကြိုက်ဘူး၊ ဒါကြောင့် သူမစိတ်ကိုသာ ထိန်းထားရသည်။
ဒါပေမယ့် သူမစိတ်ခံစားမှုကို ထိန်းချုပ်နိုင်ချိန်မှာ မိသားစုနဲ့တောင်ထိတွေ့ရတာမကြိုက်တဲ့ သူမရဲ့သားလေးက မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုဆုပ်ကိုင်ထားတာကို မြင်လိုက်ရသည်။
'ဒါက…ဘာဖြစ်သွားတာလဲ။'
“ အန်တီ ” မုရှောင်ယက ရှေ့နားနည်းနည်းတိုးကာ ခေါ်လိုက်သည်။
"မုရှောင်ယ။ " မာမားပိုင်က မုရှောင်ယကို မှတ်မိသွားခဲ့သည်။ သူတို့က အဆက်အသွယ် သိပ်မရှိပေမဲ့ သူမယောက္ခမအိမ်မှာ ပိုင်ချွမ်းကို သွားထားချိန်ထဲက သူမယောက္ခမက ဘေးအိမ်က မုရှောင်ယအကြောင်းကို အမြဲထည့်ပြောနေကြဖြစ်သည်။ တရုတ်နှစ်သစ်ကူးကာလတွေမှာ မုရှောင်ယက ဖွားဖွားပိုင်ရဲ့အိမ်ကို အလည်အပတ်လာတက်လို့ သူမတို့နဲ့လည်း အကြိမ်များစွာတွေ့ခဲ့ဖူးသည်။
"ပိုင်ချွမ်းဆီက ဖွားဖွားပိုင် နေမကောင်းဘူးလို့ သမီးကြားလို့"မုရှောင်ယက ပြောလိုက်သည်။
"သမီးအဖွားကိုတွေ့ဖို့ လာတာလား လာ..လာ..လာဒီကို "
မုရှောင်ယက ပိုင်ချွမ်း လက်ကိုဆွဲထားရင်း နောက်ကလိုက်သွားခဲ့သည်။ အခန်းတံခါးဝမှာ သူမက ပိုင်ချွမ်းရဲ့အဖေ ပိုင်ကောယွိနဲ့ တွေ့လိုက်ရသည်။“ ဦးလေးပိုင်”
ပိုင်ကောယွိက ပင်ပန်းနေပုံနဲ့ ခေါင်းအသာငြိမ့်ပြလာသည်။ သူကသူ့သားငယ်ကိုကြည့်ပြီး စကားပြောဖို့ပြင်နေခဲ့သည်။ တစ်ချိန်ထဲမှာဘဲ အခန်းထဲက အားနည်းနေတဲ့အသံက ထွက်လာသည်။
"ရှောင်ချွမ်း ပြန်လာပြီလား။ "
ပိုင်ချွမ်းက သူ့အဖွားရဲ့အသံကို ကြားလိုက်ရတာကြောင့် သူ့ခံစားချက်တွေက ပြန် အသက်ဝင်လာခဲ့သည်။ သူက မုရှောင်ယလက်ကို ဆွဲသွားပြီး တံခါးနားမှာ ပြောစရာရှိတဲ့ သူ့အဖေအိုကြီးကို လျစ်လျူရှုထားခဲ့လိုက်သည်။
“ …” 'ကောင်းပြီ၊ အဖေအိုကြီးက အခုတော့ ဒီလိုလျစ်လျူရှုခြင်းကိုခံရပြီပေါ့။'
ပိုင်ချွမ်းက မုရှောင်ယကို ဆေးရုံကုတင်နား ခေါ်သွားပြီးသူ့အဖွားကိုခေါ်လိုက်သည်။ သူခေါ်ပြီးတဲ့နောက်မှာ သူက တိတ်ဆိတ်စွာသာ ရပ်နေခဲ့သည်။
"ဖွားဖွားပိုင်"မုရှောင်ယကလည်း ခေါ်လိုက်သည်။
ဖွားဖွားပိုင်ရဲ့ အသံကအားနည်းနေပေမယ့် သူမမျက်နှာက အရင်တိုင်းဘဲဖြစ်သည်။ သူမ သူမမြေးကို အရင်ကြည့်လိုက်ပြီး သူမမြေးဆုပ်ကိုင်ထားတဲ့ မုရှောင်ယလက်ကို လိုက်ကြည့်ရင်း သူမမျက်နှာပေါ်ရောက်သွားခဲ့သည်။ “ ရှောင်ယ အဖွားဆီလာလည်တာလား။ ”
"ဖွားဖွား သက်သာရဲ့လား။ " မုရှောင်ယက စိုးရိမ်တကြီး မေးလိုက်သည်။
"အဖွားကမသက်သာတော့ဘူး၊ အိုနေပြီလေ ဒါကသဘာဝဘဲ" ဖွားဖွားပိုင်က အပြုံကြီးကြီးနဲ့ ပြောလာသည်။ သူမက ဒီနှစ်မှာအသက် ၈၉ နှစ်ရှိပြီ သူမဒီအသက်အရွယ်ထိ နေထိုင်ရတာကိုဘဲ အရမ်းကျေနပ်သည်။
“ အဖွား…” ဒါဟာမွေးဖွားဖို့ နဲ့ သေဆုံးခြင်း သဘာဝနိယာမ တရားမှန်း သူမ သိပေမဲ့ မုရှောင်ယက ဒီလိုကြင်နာပြီး ချစ်စရာကောင်းတဲ့ အဖွားကမရှိတော့မှာကို သိတာကြောင့် သူမရဲ့ နှလုံးသားထဲမှာ ခါးသီးမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။
"သမီး ရှောင်ချွမ်းကိုတွေ့လို့ သူ့ကိုပြန်ခေါ်လာပေးတာလား။ " အဖွားအိုက သူမကျန်းမာရေးအကြောင်းကို မပြောချင်ခဲ့ပေ။
“ မဟုတ်ပါဘူး” မုရှောင်ယက သူမခေါင်းကိုခါလိုက်သည်။ "ပိုင်ချွမ်းက သမီးကိုလာရှာခဲ့တာ"
"ရှောင်ချွမ်းက သမီးကိုတွေ့ဖို့သွားတာလား။ " ဖွားဖွားပိုင်က ပိုင်ချွမ်းကိုအံ့သြစွာကြည့်လိုက်သည်။ "ရှောင်ချွမ်း သား ရှောင်ယကို ရှာဖို့ထွက်သွားတာလား။ "
"အမ်း ကျွန်တော်တို့ လက်ထပ်တော့မယ် " ပိုင်ချွမ်းက ပျော်ရွှင်စွာနဲ့ အဲဒါကိုကြေညာဖို့ စိတ်ထက်သန်ခဲ့သည်။
ပိုင်ကောယွိနဲ့ သူ့ဇနီး လီရုံတို့က ဤသတင်းကို ကြားချိန်မှာ အံ့သြတုန်လှုပ်သွားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် မသိစိတ်ကကြည့်လိုက်မိပြီး နှစ်ယောက်စလုံးရဲ့မျက်နှာမှာ မယုံနိုင်စရာဖြစ်နေတဲ့ အမူအရာကိုတွေ့လိုက်သည်။
ဖွားဖွားပိုင် တစ်ယောက်သာ ခေတ္တအံ့သြသွားပြီး မုရှောင်ယကို အတည်ပြုသလိုကြည့်ပြီး မေးလာခဲ့သည်။ "ရှောင်ယ ရှောင်ချွမ်း ပြောတာအမှန်လား။ "
တစ်ချိန်တည်းမှာဘဲ မုရှောင်ယက အနည်းငယ်ရှက်သွားသည်။ ' ပိုင်ချွမ်း လက်ထပ်ခွင့်တောင်းတာကို သူမသဘောတူခဲ့သော်လည်း လူကြီးတွေမေးတဲ့အချိန်မှာတော့ သူမအဆင်မပြေသေးပေ။ နောက်ဆုံးတော့ သူတို့မှာအရင်တုန်းက ဘာဆက်ဆံရေးမှမရှိဘူး အဲ့ဒါကို ချက်ချင်း လက်ထပ်တော့မယ်ဆိုပြီး လူကြီးတွေကို သွားတွေ့နေသလိုပဲ။ နောက်ပြီး ပိုင်ချွမ်းက လူမှုဆက်ဆံရေး မရှိတဲ့ လူတစ်ယောက်ဖြစ်ခဲ့သည်။ သူမက သူတို့သားကိုပြန်ပေးဆွဲထားသူတစ်ဦးနဲ့ တူနေတယ်လို့ ခံစားနေရတယ်။'
မုရှောင်ယရဲ့ တိတ်ဆိတ်မှုက ပိုင်ချွမ်းကိုပဟေဋ္ဌိဖြစ်စေသည်။ 'မုရှောင်ယက သူ့အဖွားရဲ့ စကားကိုဘာလို့ မဖြေတာလဲ။ သူမနောင်တရနေလို့လား။ 'ပိုင်ချွမ်းက နှလုံးသားထဲကနေ စိုးရိမ်စိတ်များက ပျံ့နှံ့လာတာကြောင့် နဖူးမှချွေးတွေ ထွက်လာပြီး မုရှောင်ယရဲ့ လက်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိသည်။
ပိုင် မိသားစုက ထိုအရာကိုမြင်သွားကြချိန်မှာ ရုတ်တရက် သူတို့အားလုံး စိတ်လှုပ်ရှားပြီး နိုးကြားသွားသည်။ အပြင်လူများက မသိသော်လည်း ဤအရာက ပိုင်ချွမ်းရဲ့ ရောဂါစဖောက်ခြင်းရဲ့ ရှေ့ပြေးဖြစ်ကြောင်းသိကြသည်။ ပိုင်ချွမ်းက ပုံမှန်ချိန်မှာ တိတ်ဆိတ်တဲ့ ကလေးတစ်ယောက် ဖြစ်ပေမယ့် သူ့ရောဂါဖောက်လာတဲ့ချိန်မှာ သူကစိတ်ကြွပြီး ဂနာမငြိမ်ဖြစ်လာကာ သူ့ပတ်၀န်းကျင် ကအရာတွေကို အဆက်မပြတ် ရိုက်ခွဲပစ်သည်။ ပြင်းထန်တဲ့ အခြေအနေတွေမှာ သူကသူ့ခေါင်းကို နံရံနဲ့တောင် တိုက်လေ့ရှိသည်။
"အဲဒါအမှန်ပါ " ခဏတာ စိတ်အနှောင့်အယှက်ဖြစ်ပြီးနောက် သူမခံစားချက်တွေကို သေချာ ပြင်လိုက်ပြီး မုရှောင်ယက ပြန်ဖြေလိုက်သည်။ "သမီးနဲ့ ပိုင်ချွမ်း .. တို့လက်ထပ်တော့မလို့ပါ"
ပိုင်ချွမ်းရဲ့ ခံစားချက်များက ရုတ်တရက် ပြေလျော့သွားပြီး သူမျက်မှောင်ကြုတ်နေတာတောင် ပြေကျသွားသည်။
“ဟူးးးး ~~” တစ်ချိန်တည်းမှာဘဲ ပိုင်မိသားစုရဲ့ မိဘတွေကလည်း စိတ်သက်သာသွားသည်။ အခုဘဲ သူတို့ကတစ်စုံတစ်ယောက်ကို ချုပ်နှောင်ပြီး ဆရာဝန်ခေါ်ဖို့အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
"တကယ်။" ဖွားဖွားပိုင်က အံ့သြသွားပြီး မုရှောင်ယလက်ကို ဆုပ်ကိုင်ဖို့ သူမလက်ကို ဆန့်ထုတ်လာသည်။ သူမ သတိထားမိလိုက်ချိန်မှာ ၎င်းကိုကိုင်ဖို့လက်လှမ်းလိုက်သည်။
"ရှောင်ယ အဖွားက သမီးလိမ္မာတဲ့ကလေးဆိုတာသိတယ် ဒါပေမယ့် ... သမီး ရှောင်ချွမ်းကို တကယ်လက်ထပ်ဖို့ဆန္ဒရှိရဲ့လား။ သမီးသေချာစဉ်းစားပြီးပြီလား။ အဖွားတို့ ရှောင်ချွမ်းရဲ့ အခြေအနေက တစ်ခြားသူတွေနဲ့မတူဘူးဆိုတာ သမီးလဲသိတာဘဲ "
စိတ်လှုပ်ရှားပြီးနောက်မှာ ဖွားဖွားပိုင်က တဖြည်းဖြည်းငြိမ်သက်သွားသည်။ သူမမိသားစုက ရှောင်ချွမ်းက အော်တစ်ဇင်ရောဂါသာမဖြစ်ခဲ့ရင် မုရှောင်ယနဲ့ လိုက်ဖက်ညီနေခဲ့မှာ။ ဒါပေမယ့် သူမမိသားစုရဲ့ ရှောင်ချွမ်းက သာမာန်ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး။ သူမ ရှောင်ချွမ်းကို အနှစ် ၂၀ ကျော်ဂရုစိုက်ခဲ့သည်။ ဒါကြောင့် အော်တစ်ဇင်ဖြစ်နေတဲ့ သူတစ်ယောက်နဲ့နေမယ်ဆို ဘယ်လောက် ထိစိတ်ရှည်ရမလဲ ဆိုတာသိသည်။ ရှောင်ချွမ်းရဲ့ အခြေအနေက အခြား autistic လူနာများထက် များစွာသာလွန်ပေမယ့်လည်း....
သူမစိတ်ထဲမှာ မုရှောင်ယကို သူမမြေးချွေးမ ဖြစ်စေချင်ပေမယ့်လည်း လမ်းမကောင်းပါက အစထဲက မလုပ်တာပိုကောင်းသည်။ အဲ့ဒါက နှစ်ယောက်စလုံးတွက်ကောင်းလိမ့်မည်။
"ဖွားဖွား သမီးဒီကိစ္စကို ရှင်းရှင်းလင်းလင်းတွေးခဲ့ပြီးပါပြီ " ဖွားဖွားပိုင်ရဲ့ စကားတွေထဲကနေ မုရှောင်ယက စိုးရိမ်မှုများကိုကြားပြီး သူမကိုနှစ်သိမ့်ဖို့ပြုံးလိုက်သည်။
"ကောင်းတယ်၊အရမ်းကောင်းတယ် " ဖွားဖွားပိုင်က ပျော်ရွှင်စွာပြုံးနေခဲ့သည်။ "ရှောင်ချွမ်းမှာ ဇနီးရှိတော့မယ်။ နောက်ဆုံးတော့ ငါ့မျက်လုံးတွေကို မှိတ်ပစ်လိုက်နိုင်ပြီ"
"မား ဘာတွေလျှောက်ပြောနေတာလဲ။ " ပိုင်ကောယွိက သူ့အမေ နောက်ဆုံး စကားပြောသလိုပြောတာကို မကြားချင်ပေ။ တစ်ဖက်မှ ဖွားဖွားပိုင်က စိတ်အေးချမ်းတဲ့ စကားများပြောလိုက်ချိန်မှာတော့ ပိုင်ချွမ်းရဲ့ မျက်လုံးတွေထဲမှာ စိတ်သက်သာမှုနှင့် ရွှင်လန်းမှုတစ်ခုရှိလာခဲ့သည်။
"ရှောင်ရုံ ငါ့လက်ကောက်ကိုယူလာခဲ့ "
ပိုင်ချွမ်း အမေ လီရုံက သူမယောက္ခမစကားကို နားထောင်ပြီး ကုတင်ဘေးကိုသွားခဲ့သည်။ သူမကအံဆွဲထဲက မဟော်ဂနီဗူးလေးကို ထုတ်ပြီး ဖွားဖွားပိုင်ကိုပေးလိုက်သည်။
ဖွားဖွားပိုင်က မုရှောင်ယ ဘက်လှည့်ပြီး သေတ္တာကိုပေးကာ ပြောလာသည်။ "အဲဒါကိုဖွင့်ကြည့်လိုက်"
မုရှောင်ယက အေးခဲသွားပြီး သူမညွှန်ကြားချက်အတိုင်း မဟော်ဂနီရောင် သေတ္တာလေးကို ဖွင့်လိုက်တော့ အထဲမှာ မြစိမ်းရောင် လက်ကောင်လေးကို တွေ့လိုက်ရသည်။ မုရှောင်ယက ဒီလက်ကောက်ကို မြင်ဖူးသည်။ ဒါက ဖွားဖွားပိုင် အမြဲ ၀တ်ထားခဲ့တဲ့လက်ကောက် ဖြစ်သည်။
"ကြည့်လို့ကောင်းလား။ "ဖွားဖွားပိုင်က မေးလာသည်။
"ကြည့်ကောင်းတယ် ဖွားဖွား၊ ဒါက အဖွားရဲ့လက်ကောက်ဆိုတာ သမီးမှတ်မိတယ် "
“ ဟုတ်တယ်၊ ဒီလက်ကောက်က ဖွားအမေက ဖွားကိုလက်ထပ်တုန်းက ပေးခဲ့တဲ့ခန်းဝင်ပစ္စည်းပဲ။ အဲ့ဒါက အဖွားတို့မိသားစုရဲ့ မိသားစုအမွေအနှစ်လေ အမေက သမီးဖြစ်သူကို လက်ဆင့်ကမ်းရတာ။ အစတုန်းက အဖွားရဲ့သမီးကို လက်ဆင့်ကမ်းချင်ခဲ့တာ ဒါပေမယ့် အဖွားကသားတစ်ယောက်ပဲ မွေးခဲ့တာမို့အခွင့်အလမ်းမရှိခဲ့ဘူး။ ရှောင်ယ အခုအဖွားက သမီးကိုပေးချင်တယ် "
ဖွားဖွားပိုင်ရဲ့ စကားဆုံးတာနဲ့ဘေးက ပိုင်စုံတွဲက ထပ်အံ့သြရပြန်သည်။ ပိုင်မိသားစုအတွက် ဤလက်ကောက်၏ အရေးပါမှုသည် ၎င်း၏တန်ဖိုးထက်အဆပေါင်းများစွာပိုကြီးသည်။ ဖွားဖွားပိုင်က ဒီလက်ကောက်ကို အပြင်လူကိုပေးလိမ့်မယ်လို့ ဘယ်သူကမှမထင်ခဲ့ဘူး။
“ ဒါ…ဒါမကောင်းဘူးထင်တယ် ” မုရှောင်ယက ချက်ချင်းငြင်းလိုက်သည်။
"အဖွားက ဒီလက်ကောက်ကို ရှောင်ချွမ်းရဲ့ဇနီးအတွက် ထားခဲ့ချင်ပေမယ့် အဖွားကိုယ်တိုင် သူ့ကိုလက်ဆောင်ပေးဖို့ အခွင့်အရေးရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ "
“ ဒါပေမယ့်…”မုရှောင်ယက ဒါကိုရွှေ့ဆိုင်းချင်ခဲ့သည်။ ဘိုးဘွားများ လက်ဆင့်ကမ်းပေးတဲ့ ဤအရာက ကျောက်စိမ်းကောင်း ဖြစ်ပြီး တန်ဖိုးမြင့်ရပေမည်။ သူမဘယ်လို လက်ခံရဲမှာလဲ။ ဒါပေမယ့်လည်း သူမဘာမှထပ်မပြောနိုင်ခင်မှာ ပိုင်ချွမ်းက သေတ္တာအတွင်းမှ ကျောက်စိမ်းလက်ကောက်ကို ရုတ်တရက် ယူလိုက်ပြီး မုရှောင်ယရဲ့ အနည်းငယ် စိတ်ရှုပ်နေတဲ့ မျက်လုံးတွေကိုကြည့်ပြီး အတင်း ဝတ်ပေး လာသည်။
"ပိုင်ချွမ်း။" မုရှောင်ယက ပိုင်ချွမ်းကို အံ့သြစွာကြည့်လိုက်မိသည်။
"ဝတ်လိုက်" တိုတောင်းသောစကားလုံးတွေက မယုံကြည်နိုင်စရာကောင်းသည်။
သူ့လက်ထောက်ဆီက ခေါ်ဆိုမှုကိုရလို့ အမြန်ပြေးလာတဲ့ ပိုင်ကျန့်က ထိုမြင်ကွင်းကိုမြင်လိုက်ရသည်။ ထူးဆန်းတဲ့ မိန်းကလေးက အဖွားဆေးရုံကုတင်ရှေ့တွင် ထိုင်နေပြီး ဘယ်သူ့ကိုမှာ သူ့ကမ္ဘာထဲ ဝင်ခွင်မပေးတဲ့ သူ့ညီလေးက ထိုမိန်းကလေးလက်ကိုဆွဲပြီး ကျောက်စိမ်းလက်ကောက်ကို အတင်း ဝတ်ပေးနေခဲ့သည်။ ပြီးတော့ သူ့အဖွားကလည်း စိတ်သက်သာရာရသွားသလို ခေါင်းညိတ်လိုက်သည်။
"အဲဒါလှတယ်" ဖွားဖွားပိုင်က ကျောက်စိမ်းလက်ကောက်ကို ၀တ်ထားတဲ့ မုရှောင်ယရဲ့ လက်ကို ယူပြီး ထပ်ခါထပ်ခါကြည့်ပြီးနောက်မှာ "ဘယ်တော့လက်ထပ်ဖို့စိတ်ကူးထားလဲ။" လို့မျှော်လင့်ချက် ဖြင့်ထပ်မေးလာသည်။
သူမမြေးက လက်ထပ်တော့မှာမလို့ ဖွားဖွားပိုင်က သူမမြေး မင်္ဂလာဆောင်ကို တက်ရောက်နိုင်ဖို့ အတွက် နည်းနည်းကြာကြာနေချင်ခဲ့သည်။
မုရှောင်ယက ဖွားဖွားပိုင်ရဲ့တောက်ပလာတဲ့ စိတ်ဝိညာဉ်ကို ကြည့်ပြီးစိုးရိမ်ခဲ့သည်။ ဖွားဖွားပိုင် ဘယ်အချိန် ကွယ်လွန်သွားလဲကို သူမမှတ်မိတော့ပေမယ့် မကြာခင်မှာ ဖြစ်လာမယ်ဆိုတာတော့ သူမသိသည်။ သူမအရင်ဘ၀မှာ ဖွားဖွားပိုင်ကို တွေ့ဖို့နောက်နေ့ နေ့လည်မှာဆေးရုံကိုသွားခဲ့တယ်၊ ဒါပေမယ့်သူမ မရှိတော့ဘူး။
“ သမီးညနေအိမ်ပြန်မယ် မိဘတွေကိုပြောပြီး မနက်ဖြန် လက်ထပ်မှတ်ပုံတင်လိုက်မယ် သမီးတို့အဲဒါကိုရတာနဲ့ ဖွားကိုပြမယ်” မုရှောင်ယက ပြန်ဖြေလိုက်သည်။
“ ကောင်းပြီ... ” ဖွားဖွားပိုင်က သုံးကြိမ်ဆက်တိုက်ပြောပြီးနောက် သူမအသံကရုတ်တရက် အားနည်းသွားသည်။ လူတိုင်းကတစ်ခုခုမှားနေပြီဆိုတာကို သတိပြုမိပြီး ဖွားဖွားပိုင် သူမမျက်လုံးတွေကို ပိတ်လိုက်တာကိုတွေ့ရအောင် သူတို့မျက်လုံးတွေကို အမြန်မြှင့်လိုက်သည်။
ဒီတစ်ခါတော့ အခန်းထဲက လူတွေအားလုံး ထိတ်လန့်သွားကြသည်။ သူတို့အားလုံး ကုတင်ဘေးမှာ သူတို့ရဲ့အာရုံစူးစိုက်မှုနဲ့ ဖွားဖွားပိုင်ကို အဆက်မပြတ်ခေါ်နေခဲ့သည်။ ပိုင်ချွမ်းတစ်ယောက်ဘဲ မုရှောင်ယ ဘေးမှာတိတ်ဆိတ်စွာရပ်နေပြီး ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ သူ့အဖွားကို တည်ငြိမ်စွာကြည့်နေခဲ့သည်။
ခဏအကြာမှာ ဆရာဝန်ရောက်လာခဲ့သည်။ အကျဉ်းချုပ်စစ်ဆေးပြီးနောက်မှာ ဆရာဝန်က“ အဖွားက အိပ်ပျော်သွားတာပါ” ဟုဆိုခဲ့သည်။
လူအုပ်က စိတ်သက်သာသွားသည်။
“ ဒါပေမယ့်၊ အဖွားရဲ့ခန္ဓာကိုယ်က ဆီကုန်သွားပြီးအလင်းက မှေးမှိန်သွားတာသလိုပဲ၊ အဲဒါက အချိန်ပါပဲ၊ သူမနိုးလာတဲ့အခါ ပြောစရာရှိသေးရင် မြန်မြန်ပြောဖို့လိုပါတယ် " ဆရာဝန်ကအကြံပေးပြီး အခန်းထဲမှထွက်သွားသည်။
အခန်းအတွင်းရှိ လူတွေရဲ့ စိတ်အခြေအနေတွေက ရုတ်တရက် အောက်ဆုံကိုပြန်ရောက်သွားခဲ့သည်။ ပိုင် မိသားစုမှ လူတိုင်းက ဖွားဖွားပိုင် အချိန်မရွေးထွက်သွားနိုင်တာမို့ ဝမ်းနည်းမှု၌ နှစ်မြုပ်သွားခဲ့တာကြောင့် ပိုင်ချွမ်းနဲ့ မုရှောင်ယရဲ့ အိမ်ထောင်ရေးကိုလျစ်လျူရှုခဲ့ကြသည်။
မုရှောင်ယက ဆေးရုံကုတင်၌ အေးအေးဆေးဆေးအိပ်ပျော်နေတဲ့ အဖွားအိုကို ကြည့်လိုက်ပြီး အံကြိတ်ကာ ပိုင်ချွမ်းဘက်ကို လှည့်ပြောခဲ့သည်။ "ပိုင်ချွမ်း လက်ထပ်မှတ်ပုံသွားတင်ရအောင်"
“ အိုကေ ” ပိုင်ချွမ်းက မဆိုင်းမတွ သဘောတူခဲ့သည်။
"ကျွန်မအိမ်ပြန်ပြီး အိမ်ထောင်စုစာရင်းယူလိုက်ဦးမယ်။ ရှင့်အိမ်ထောင်စုစာရင်းကော။ "
ပိုင်ချွမ်းက မျက်တောင်ခတ်လိုက်ပြီး အံ့သြနေတဲ့ သူ့မိဘတွေကို လျစ်လျူရှုပြီး သူ့အစ်ကိုကို ပြောလိုက်သည်။ "ကျွန်တော် အိမ်ထောင်စုစာရင်း လိုချင်တယ်"
ပိုင်ကျန့် ; “ …”
' သူ့ကိုတစ်ယောက်ယောက်လောက် ဘာဖြစ်သွားလဲ ပြောပြနိုင်မလား။'
နောက်ဆုံးတော့ အိမ်ထောင်စုစာရင်းကို ပိုင်ချွမ်းကို ပေးလိုက်သည်။ ပိုင်ကျန့်က အိမ်ထောင်စု စာရင်းယူဖို့ အိမ်ပြန်သွားပြီး သူတို့ကို ပြည်သူ့ရေးရာဗျူရိုကို ကိုယ်တိုင် ကားမောင်းပို့ပေးခဲ့သည်။ အဲ့ဒီနောက်မှာ သူက မုရှောင်ယနဲ့သူ့ညီတို့ ဝင်သွားပြီး လက်ထပ်မှတ်ပုံတင်ကာ ပြန်ထွက်လာချိန်ထိ စောင့်ပေးခဲ့သည်။
ဒီအတောအတွင်းက သူ့ညီရဲ့ တုံ့ပြန်မှုကြောင့် အံ့သြခဲ့ရသည်။ သူ့ညီပိုင်ချွမ်းက အသက် ၁ နှစ် အရွယ်တွင် Autism ရောဂါခံစားခဲ့ရသည်။ သူသုံးနှစ်အရွယ်တွင် ထူးခြားလွန်းတဲ့ မှတ်ဉာဏ်နှင့် တွက်ချက်မှုစွမ်းရည်များရှိတာကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက ပညာရှင်ရောဂါခံစားနေရတဲ့ အော်တစ်ဇင်ရောဂါခံစားရသူ ၁၀ ရာခိုင်နှုန်းထဲက တစ်ဦးဖြစ်ခဲ့သည်။ ဤရှာဖွေတွေ့ရှိမှုမှစ၍ သူ့မိဘတွေက နောက်ဆုံးမှာ သားငယ်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို တွေ့ခဲ့ပြီး သူ့ကိုပြုစုပျိုးထောင်ဖို့ အပတ်တကုတ် ကြိုးစားခဲ့သည်။ သူ့ညီလေးက အလွန်လျင်မြန်စွာ သင်ယူနိုင်ခဲ့သော်လည်း အခြားသူများနှင့်ဆက်သွယ်လိုစိတ်မရှိဘဲ သူ့ကိုယ်ပိုင်ကမ္ဘာတွင်သာ အမြဲရှိခဲ့သည်။
သူ့ညီ အသက်ခုနစ်နှစ်မတိုင်မီအထိ သူတို့မိသားစုက သူ့ညီလေးရဲ့ ရံဖန်ရံခါတုံ့ပြန်မှုကို ရရှိဖို့ သူတို့သည်းခံခြင်းနဲ့ မရေမတွက်နိုင်အောင် အကြိမ်ကြိမ်ကုန်ဆုံးခဲ့သော်လည်း ဆက်သွယ်ရေးမှာ ခက်ခဲနေသေးသည်။ နောက်ဆုံးအငြိမ်းစားယူထားတဲ့ အဖွားက သူ့ညီလေးကိုအိမ်ဟောင်းကို ပြန်ခေါ်သွားဖို့ဆုံးဖြတ်လိုက်သည်။
ဆရာဝန် ပြောတာက ' သူ့ညီက ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာသိတယ်၊ ဆိုလိုတာက သူကအပြင်လောကကိုသိတယ်၊ ပြင်းထန်တဲ့ အော်တစ်ဇင် (Autism) မရှိဘူးလို့ဆိုလိုတယ်။ သူကောင်းကောင်းပြန်ကောင်းရင် လူမှုဆက်ဆံရေးစွမ်းရည်ကို ပြန်ရဖို့အလားအလာရှိတယ်။'
သူတို့ ပိုင် မိသားစုမှာ ဥာဏ်ကြီးရှင်မလိုဘူး။ သူတို့နှင့်ဆက်သွယ်နိုင်တဲ့ သူတစ်ဦးကို လိုအပ်တာ ဖြစ်သည်။ ဒါကြောင့် ပိုင်မိဘတွေက သူ့ညီလေးကို အဝေးကိုခေါ်သွားဖို့ အဖွားရဲ့ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။ ဆယ်နှစ်ကျော်ထိ သူ့ညီလေးက အဖွားနဲ့ အချိန်ပြည့်နေထိုင်ခဲ့ပြီး၊ သူ့ညီလေးရဲ့ ပြန်လည်နာလန်ထူခြင်းကလည်း ကျေနပ်စရာဖြစ်ခဲ့သည်။ အရင်က အသက် ၁၂ နှစ်မှာ ပိုင် မိသားစုကလူတွေကို သူလက်ခံခဲ့ပြီး သူတို့ရဲ့မေးခွန်းတွေကို တုံ့ပြန်ဖို့ဆန္ဒရှိခဲ့သည်။
ဒါပေမယ့် ဤတုန့်ပြန်မှုတွေက ချက်ချင်းတော့မဟုတ်ဘူး။ မေးခွန်းတစ်ခုမေးပြီးနောက်မှာ သူညီဖြေဖို့ မိနစ်အတော်ကြာ ဒါမှမဟုတ် နာရီဝက်လောက်တောင် ကြာလိမ့်မည်။
မကြာသေးမီနှစ်များအတွင်း သူအဖွားမှလွဲ၍ သူ့ဆက်ဆံရေးက ပိုမိုကောင်းမွန်ခဲ့သော်လည်း ပိုင်ကျန့်က သူ့ညီလေး ဘယ်သူ့ကိုမှ ချက်ချင်းတုန့်ပြန်တာမျိုးတစ်ခါမျှမတွေ့ဖူးပေ။
မုရှောင်ယ ပေါ်မလာခင်ထိ ဖြစ်သည်။
.........
စာရေးသူမှတ်ချက်
နာမည်ကျော်သိပ္ပံ: Scholar Syndrome (Savant-Syndrome)က သိမြင်မှုဆိုင်ရာချို့ယွင်းမှုရှိသူများကိုဆိုလိုသည်၊ အချို့သောအနုပညာ သို့မဟုတ် ပညာရပ်ကဲ့သို့အချို့သော ရှုထောင့်များရှိသော်လည်း သာမာန်လူများ၏ စွမ်းရည်ထက်ကျော်လွန်သည်။ အော်တစ်ဇင်ရောဂါခံစားနေရသူများ၏ ၁၀% သာ scholar syndrome ရှိ၍ အချို့အထူး စမ်းသပ်မှုများတွင် သာမန်လူများထက်သာလွန်လေ့ရှိသည်၊ ၎င်းကို idiot geniuses ဟုလည်းလူသိများသည်။