အပိုင်း ၄
Viewers 558

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၄; ရှင်ဝမ်းနည်းနေတာပါ 

"ကျွန်မတို့ဒါကိုယူပြီး အဖွားကိုပြသင့်တယ်" ကားအထဲမှာ မုရှောင်ယက လက်ထပ်စာချုပ်နှစ်ခုကို ယူလာပြီး ပိုင်ချွမ်းဆီပေးခဲ့သည်။

ပိုင်ချွမ်းက လက်ထပ်စာချုပ်ကို သစ်သားလို တောင့်တင်းစွာဆုပ်ကိုင်ထားပြီး အချိန်ခဏအကြာမှသာ သူ့ခေါင်းကိုလေးလေးပင်ပင် ညိမ့်ပြလာသည်။ 

စက္ကန့်သုံးဆယ်။ အများဆုံး စက္ကန့်သုံးဆယ်ပဲ အချိန်ယူပြီး သူ့ညီလေးက ဒီမိန်းကလေးကို ပြန်တုန့်ပြန်သည်။ 

ခရီးတစ်လျှောက်လုံးတွင် သူကလူနှစ်ဦးရဲ့ အပြန်အလှန်တုံ့ပြန်မှုကိုသာ ဂရုစိုက်ခဲ့သည်။ ပိုင်ကျန့်ရဲ့ နှလုံးသားထဲမှာ ရုတ်တရက် ၀မ်းနည်းလာသည်။ 'သူတို့က တူညီတဲ့ မိဘတွေက မွေးဖွားလာပြီး ရင်းနှီးတဲ့ ညီအစ်ကိုလို အတူတကွကြီးပြင်းလာခဲ့သည်။ အပြင်လူတစ်ယောက်နဲ့တောင် နှိုင်းယှဉ်နိုင်ခြင်းမရှိသေးဘူးလား။ နောက်ပြီး သူက မုရှောင်ယလို့ခေါ်တဲ့ ဒီမိန်းကလေးလို့ ဘာလိုအဲ့လောက်ရင်းနှီးနေရတာလဲ။ ပုံမှန်ဆို သူတောင်မှ သူ့ညီလေးကို ထိချင်သည့်အခါတိုင်း သူ့ညီလေးကသူ့ကိုမသိစိတ်က အမြဲရှောင်ဖယ်နေခဲ့တာ။'

“ ဘယ်ဘက်ကိုကွေ့ ” ဒီအချိန်မှာ ပိုင်ချွမ်းက ရုတ်တရက် စကားပြောလာသည်။

"ဟမ်။" ပိုင်ကျန့်က သူ့ညီလေး အသံကို အနည်းငယ်သတိထားမိခဲ့သည်။

“ ဘယ်ဘက်ကိုကွေ့ ” ပိုင်ကျန့်က သူ့စကားတွေကိုနောက်တစ်ကြိမ်ထပ်ပြောလာသည်။

"ပိုင်ချွမ်းပြောတာက ကျွန်မတို့ အဲဒီလမ်းဆုံမှာတုန်းက ဘယ်ဘက်ကိုကွေ့ရမယ်လို့ " မုရှောင်ယက ရှင်းပြလာသည်။

ပိုင်ကျန့် အနည်းငယ် အံ့သြသွားပြီးနောက်မှာ သူလမ်းမှားတစ်ခုကို ရောက်နေပြီဆိုတာကို သိသွားခဲ့သည်။ ဒါကြောင့် သူဘာမှမဖြစ်သလို ဟန်ဆောင်ကာ လမ်းဆုံဘက်ကိုပြန်ကွေ့လိုက်ရင်း မုရှောင်ယနဲ့ သူ့ညီ ပြောဆိုနေတာကို ဆက်နားထောင်နေခဲ့သည်။ 

"ပိုင်ချွမ်း ကျွန်မတို့ အရင်သွားခဲ့တဲ့လမ်းကို မှတ်မိတာလား။"

“ မှတ်မိတယ် ”

"ရှင်အဲဒါကိုဘယ်တုန်းက မှတ်ထားတာလဲ။"

"လမ်းခုလတ်မှာ"

'အရမ်း ကောင်းတယ်၊ အဖြေတိုင်းက အများဆုံး ၁၀ စက္ကန့်ပဲ ကြာသည်။'

သုံးယောက်လုံးဆေးရုံကို အမြန်ပြန်လာခဲ့သည်။ ဖွားဖွားပိုင်က အိပ်ပျော်နေဆဲဖြစ်တာကြောင့် အခန်းထဲက လူတိုင်းက ဖွားဖွားပိုင် ပြန်နိုးလာမှာကို စောင့်နေခဲ့သည်။ ညနေ ၅ နာရီခန့်တွင် ဖွားဖွားပိုင်က နိုးလာပြီး မုရှောင်ယက ပိုင်ချွမ်းလက်ကိုဆွဲပြီး ဖွားဖွားပိုင်နားကိုသွားကာ လက်ထပ်စာချုပ်ကို ပြဖို့ သွားခဲ့သည်။ 

"အဖွား၊ ကြည့်ပါဦး"

ဖွားဖွားပိုင်က အားမာန်အပြည့်နှင့် ချက်ချင်း ထိုင်လိုက်သည်။ ပြီးတာနဲ့ တောက်ပတဲ့ အနီရောင်လက်ထပ်စာချုပ်များကို သူမရဲ့ တုန်ရီနေတဲ့ လက်နှင့်ယူလိုက်သည်။

သူမက အထဲက စုံတွဲဓာတ်ပုံ၊ တရားဝင်တံဆိပ်၊ သူတို့၏တံဆိပ်များနှင့် လက်မှတ်ရရက်စွဲတို့ကို ဖြည်းဖြည်းချင်း ဂရုတစိုက်ကြည့်ခဲ့သည်။

သူမကြည့်ပြီးသွားချိန်မှာ ပိုင်ချွမ်းနဲ့ မုရှောင်ယ လက်များကိုဆွဲပြီး သူမဆန္ဒများနှင့် နှလုံးထဲက စကားများစွာကို ပြောခဲ့သည်။ ဒီစကားလေးတွေပြောပြီးတဲ့နောက်မှာတော့ သူမကသူတို့ငယ်စဉ်က ဘယ်လိုစတွေ့ခဲ့လဲဆိုတာကိုစပြီး ပြောပြခဲ့သည်။ ဖွားဖွားပိုင်က သူမခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှုကို သတိမထားမိသလို ကောင်းကင်မှာ အရောင်တဖြည်းဖြည်း မှေးမှိန်သွားသည်အထိနောက်ဆုံးတွင် သူမကပြန်မနိုးဘဲ ဖြည်းဖြည်းချင်းအေးအေးချမ်းချမ်း အိပ်ပျော်သွားသည်။

ဖွားဖွားပိုင်က အေးချမ်းစွာ ဆုံးပါးသွားပြီး သူမနှုတ်ခမ်းထောင့်စွန်းများက နူးညံ့သော အပြုံးဖြင့်ကွေးညွတ်နေခဲ့သည်။

သူတို့ကဒီကိစ္စကို စောစောစီးစီးရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ ဒါကြောင့် ပိုင် မိသားစု ဝင်တွေရဲ့စိတ်အခြေအနေက တည်ငြိမ်နေတုန်းဘဲ။ အို ၊ နာ ၊ သေ ဆိုတာက သဘာဝကျတဲ့ ဘဝလမ်းစဉ်တစ်ခုပဲ ဖြစ်သည်။ သူတို့အနေနဲ့လည်း သက်တမ်းစေ့ နေထိုင်သူတစ်ဦးကို ပို့လိုက်တယ်လို့ ယူဆလို့ရသည်။ စျာပန ကိစ္စများကိုလျင်မြန်စွာစီမံနိုင်ခဲ့ပြီး ရက်အနည်းငယ်ကြာပြီးနောက်မှာ ဖိုးဖိုးပိုင်ရဲ့ ခေါင်းတလားအနား၌အနားယူဖို့ ချထားပြီးဖြစ်သည်။

ဝမ်းနည်းကြေကွဲမှု အချိန်အခါရောက်လာချိန်မှာ ဧည့်သည်များစွာရှိသော်လည်း ဒီနေ့ဂူသွင်းချိန်မှာ ပိုင် မိသားစု၀င်များသာရပ်နေသည်။

သင်္ချိုင်းကနေ ဆွေမျိုးတွေအားလုံး ထွက်သွားပြီးတဲ့နောက်မှာ မာမားပိုင် လီရုံကအုတ်ဂူရှေ့မှာ တစ်ယောက်တည်းရပ်နေတဲ့ သူမသားလေးကို ကြည့်ပြီး မုရှောင်ယကို သူမအနား တိတ်တဆိတ်ခေါ်လိုက်သည်။

“ အန်တီ” ပုံမှန်အားဖြင့် လက်မှတ်ထိုးပြီးသွားပြီဖြစ်တာကြောင့် သူမက "အမေ " လို့ပြောင်းခေါ်သင့်သည်။ ဒါပေမယ့် မုရှောင်ယက လိုက်လျောညီထွေ မပြုလုပ်နိုင်သေးသလို ကံကောင်းစွာနဲ့ လီရုံကလည်း ဂရုမစိုက်နေဘူး။

"ရှောင်ယ အန်တီက ကျေးဇူးတင်ပါတယ်။ ပိုင်ချွမ်း အဖွားရဲ့ဆန္ဒကို အကောင်အထည် ဖော်ပေးတဲ့အတွက်။ သူမကိုငြိမ်းချမ်းတဲ့နှလုံးသားနဲ့ ထွက်သွားခွင့်ပြုလိုက်တာကိုပေါ့ " လီရုံက သူမကိုကျေးဇူးတင်စကားပြောပြီး ဘေးနားမှာရှိနေတဲ့ ပါပါးပိုင်က ကျေးဇူးတင်းစိတ်အပြည့်ဖြင့် ခေါင်းညိတ်ပြလာသည်။

"ဒါက သမီးလုပ်သင့်တဲ့အရာပါ " ဖွားဖွားပိုင်က သူမကို ငယ်ငယ်ထဲက ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး ယခုသူမ ပိုင်ချွမ်းနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ထားချိန်မှာလဲ သူမကိုကြင်နာဆဲဖြစ်သည်။ အဲ့ဒါကြောင့် သူမဤအရာကိုလုပ်ခြင်းက သူမလုပ်သင့်သောအရာသာဖြစ်သည်။

"အခုအဖွားက ဆုံးသွားပြီ၊ အနာဂတ်မှာ သမီးဘာလုပ်ဖို့စီစဉ်ထားလဲ။ "

"အာ " မုရှောင်ယ နဲနဲကြောင်သွားခဲ့သည်။ 

“ အဲဒီနေ့ကအဖွားက ရှောင်ချွမ်းကို အခန်းထဲမှာ စကားတစ်ခွန်းပြောခဲ့တယ်၊ သူမက သူ အိမ်ထောင်ပြုတာကို မမြင်ရသေးဘူးလို့ ပြောခဲ့တယ်။ အဲဒီနောက်မှာ ရှောင်ချွမ်းက ပျောက်သွားပြီး သမီးကိုခေါ်ပြီးမှပြန်လာတယ်လေ " ဒီစကားကိုပြောပြီးနောက်မှာ လီရုံက ခေါင်းကိုမော့ပြီး အုတ်ဂူရှေ့မှာရပ်နေတဲ့ သူမသားငယ်လေးကိုစူးစိုက်ကြည့်လိုက်သည်။ "ရှောင်ချွမ်းကို သူ့အဖွားက ကလေးဘ၀ကတည်းက ပြုစုပျိုးထောင်ခဲ့တာမို့ သူ့ခံစားချက်က အထူးသဖြင့် လူကြီးတွေ အပေါ်ကောင်းတယ်။ ဒါပေမယ့် ရှောင်ချွမ်းရဲ့အခြေအနေတွေကထူးခြားတယ်၊ သူ့မှာလက်တွဲဖော် ရှိလာလိမ့်မယ်လို့ ငါတို့မျှော်လင့်တယ်၊ ဒါပေမယ့် ငါတို့ကသူ့အဖွားလုပ်ခဲ့တဲ့အတိုင်း သူ့ကို အဲ့အကြောင်း အခိုင်အမာပြောမှာမဟုတ်ဘူး "

"အန်တီ ဘာကိုဆိုလိုတာလဲ ..." မုရှောင်ယ အနည်းငယ်သာ နားလည်လိုက်သည်။

"အန်တီတို့ သမီးကိုမေးချင်တာက ဒီလိုလက်ထပ်လိုက်တာက သမီးက အဖွားရဲ့ သေခါနီးဆန္ဒကို အကောင်အထည်ဖော်ဖို့ ကူညီချင်လို့လား။ ဒါမှမဟုတ် ရှောင်ချွမ်းနဲ့ တကယ်လက်ထပ်ချင်လို့လား။"

လီရုံက ဝေ့ပတ်မနေတော့ဘူး။ သူမအစောကြီးထဲက မုရှောင်ယနဲ့ ဒီကိစ္စကိုကြိုပြောချင်ခဲ့တာ ဒါပေမယ့် လွန်ခဲ့သောရက် အနည်းငယ်က သူမတက်ရောက်ရသည့် ကိစ္စများလွန်းပြီး သူမကိုအခုမှသာ တွေ့နိုင်ခဲ့တာ ဖြစ်သည်။

 

"အမှန်တော့ သမီးကိုယ်တိုင်လည်း သေချာမသိဘူး " မုရှောင်ယရဲ့ အဖြေက ပါပါးပိုင်နဲ့ မာမားပိုင်ကို အံ့အားသင့်စေခဲ့ပြီး အနည်းငယ်ဝေးတဲ့ နေရာတွင်ရပ်နေတဲ့ ပိုင်ကျန့်ကလည်း လှမ်းကြည့်လာခဲ့သည်။ 

ပြန်လည်မွေးဖွားခွင့်ရလာတဲ့ မုရှောင်ယက သူမဘေးဒုက္ခမှလွတ်မြောက်ပြီးနောက်မှာ ပျော်ရွှင်တာ ကိုခံစားခဲ့ရသော်လည်း အချိန်ကိုနောက်ပြန်လှည့်လိုက်ခြင်းက သူမ ဦးနှောက်ကို အနည်းငယ် ရှုပ်ထွေးစေခဲ့သည်။ သူမဒီမှာ ရက်အတော်ကြာ ဖြတ်သန်းပြီးနောက်မှာ သူမတစ်ဖန်မွေးဖွားလာတာကို လုံး၀ယုံကြည်သွားပေမယ့် သူမကကြည်လင်တဲ့ အိပ်မက်တစ်ခုလိုခံစားနေရတုန်းပဲ။

ဘာလို့ မုရှောင်ယက ပိုင်ချွမ်း လက်ထပ်ခွင့်တောင်းတာကို လက်ခံရလဲဆိုတာ မေးလာခဲ့ရင်တော့ ပိုင်ချွမ်း သူမအတွက် ကြိုးစားစုဆောင်းပေးခဲ့တဲ့ စာရွက်စာတမ်း အပုံလိုက်ကြောင့်လို့ပဲဖြေရမှာပဲ ဖြစ်သည်။

ဒါကြောင့် သူမတံခါးကနေ ထွက်လာပြီး ပိုင်ချွမ်းရဲ့ လက်ထပ်ခွင့်တောင်းတာကို နောက်တစ်ကြိမ် ကြားလိုက်တဲ့အခါမှာ သူမကစိတ်မြန်လက်မြန်နဲ့ ချက်ချင်း သဘောတူခဲ့သည်။

လက်ထပ်စာချုပ် သွားယူတာတောင်မှ မုရှောင်ယက အဲဒါကို သိပ်ဂရုမစိုက်ခဲ့ဘူး။ သူမက လေးနှစ်သာ အသက်ရှင်ခွင့်ရတဲ့အတွက် ဒီလက်ထပ်စာချုပ်တစ်ခုထဲကို သူမဘယ်လိုစဉ်းစားနိုင်မှာလဲ။

"အန်ကယ်၊ အန်တီ ဒီဆုံးဖြတ်ချက်က စိတ်မြန်လက်မြန်လုပ်ခဲ့ပေမယ့် စိတ်ချပါ သမီး ပိုင်ချွမ်းကို ကောင်းကောင်းဂရုစိုက်ပါ့မယ်" မုရှောင်ယရဲ့ စိတ်က ပြတ်သားသည်၊ သူမတစ်ခုခုကို စိတ်ထဲထားပြီးတာနဲ့ သူမအဆုံးအထိ ဆက်လုပ်လိမ့်မည်။

"သမီးပြောချင်တာက သမီးက ရှောင်ချွမ်းနဲ့ သမီးရဲ့ အိမ်ထောင်ရေးကိုဆက်ထိန်းဖို့ ရည်ရွယ်ထားတုန်းလား။"

“ ဟုတ်... ” မုရှောင်ယက ပြုံးလျက်ခေါင်းညိတ်လိုက်သည်။

လီရုံက သူမခင်ပွန်းနဲ့ မျက်နှာချင်းဆိုင်လိုက်မိပြီး အလွန်အံ့သြနေခဲ့ကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချပြီး ပြောလာခဲ့သည်။ "အရမ်းကောင်းတယ် အန်တီတို့ သမီးမိဘတွေနဲ့ချိန်းသင့်တယ်၊ နှစ်ဦးနှစ်ဖက် ဆုံရမယ်"

' မိဘလား။' မုရှောင်ယရဲ့ အပြုံးမျက်နှာက ချက်ချင်းပျက်သွားသည်။ သေစမ်း။ သူမက ဒီအတောအတွင်းမှာ အရမ်းရှုတ်ရှုပ်ခတ်နေခဲ့တာကြောင့် သူမမိဘတွေကိုမပြောဘဲ အိမ်ထောင်စု စာအုပ်ကို ခိုးပြီး ပိုင်ချွမ်းနဲ့ လက်ထပ်ခဲ့တာ ဖြစ်သည်။

"ဘာမှားနေလို့လဲ။" လီရုံက မုရှောင်ယ အမူအရာမမှန်တာကိုမြင်သဖြင့် သူမစိတ်ပူစွာမေးလိုက်သည်။

"ဒါ ဘာမှတော့မဟုတ်ပါဘူး" မုရှောင်ယ အနေခတ်စွာပြောလာခဲ့သည်။ "တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဖို့ နောက်ထပ် နှစ်ရက်စောင့်ရလိမ့်မယ်၊ သမီးလက်ထပ်တာကို သမီးမိဘတွေကို မပြောရသေးဘူး"

"သမီးဒီအကြောင်းကို သမီးမိသားစုနဲ့မပြောရသေးဘူးလား။ " ပါပါးပိုင်က ပြောပြီး ခဏအကြာမှာ သူ့မိန်းမကိုပြောလာခဲ့သည်။ "ရုံရုံရေ လက်ဆောင်အချို့ပြင်ဆင်ထား ကိုယ်တို့သွားလည်သင့်တယ်" 

“ ကောင်းပြီ ” လီရုံက ချက်ချင်းခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"မလိုပါဘူး မလိုပါဘူး" မုရှောင်ယက အနည်းငယ်တုန်လှုပ်သွားသည်။ သူမမိဘတွေက ဒီကိစ္စကိုမသိသေးဘူး။ ပိုင်ချွမ်းရဲ့မိဘတွေကသာ သူတို့ကိိုဒီလို တိုက်ရိုက်သွားရောက်တွေ့ရင် သူမမိဘတွေ လန့်သေသွားလိမ့်မည်။ " အန်ကယ်၊ အန်တီ သမီးအရင် သမီးမိဘတွေကို ပြောလိုက်ဦးမယ် နောက်မှ သမီးတို့ တွေ့ဖို့အချိန်စီစဉ်လို့ရမလား။ "

“ တစ်ကယ်ဆို အန်ကယ်တို့ဘက်က အရင်ကမ်းလှမ်းပြီး တောင်းဆိုသင့်တာ ” ပိုင်ကောယွိက ပြောလာသည်။ သူ့အမေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ မဟုတ်ရင် မုရှောင်ယက သူ့သားနဲ့လက်ထပ်ပြီးမှ သူမမိဘတွေကို ပြောရမှာမဟုတ်ဘူး။ 

"တကယ်မလိုပါဘူး ဒီလိုဆို ဘယ်လိုလဲ ... သမီး ပိုင်ချွမ်းကိုခေါ်သွားပြီး ပြောလိုက်ပါ့မယ်။ တစ်ကယ်ဆို လက်ထပ်တာက သမီးတို့ရဲ့ကိုယ်ပိုင်ကိစ္စဘဲ "

ပိုင်ကောယွိက ပုံမှန်အားဖြင့် လူနှစ်ဦးလက်ထပ်ပြီးသောအခါ ပိုင်ချွမ်းက ယောက္ခမဖြစ်တဲ့ မုမိသားစုကိုသွားခြင်းက သင့်တော်သောအရာဖြစ်သော်လည်း သူ့သားတွင် အထူး အခြေအနေများရှိခဲ့သည်။ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ ဆိုးရွားနေဆဲဖြစ်သည်။ ပိုင်ကောယွိက ပိုတွေးလေလေ သူဂနာမငြိမ်ဖြစ်လာလေလေပဲ။

"ရှောင်ယနဲ့ ရှောင်ချွမ်းကိုပဲ သွားခိုင်းလိုက်ပါ " လီရုံက သူမယောက်ျားကို စည်းရုံးလိုက်သည်။ "အနာဂတ်မှာအတူနေမှာက သူတို့နှစ်ယောက်ပဲလေ သူတို့ကို ကျွန်မတို့ယုံကြည်သင့်တယ်"

“ ဒါပေမယ့်…”

"သူတို့ကို အရင်ကြိုးစားခိုင်းလိုက်ပါ။ အဲဒါကမကောင်းသေးရင် ကျွန်မတို့နောက်မှသွားလို့ရတာပဲ "

"ဒါဆိုကောင်းပြီ။ " ပါပါးပိုင်က ခဏစဉ်းစားလိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်သည်။

လီရုံက ခင်ပွန်းသည်ရဲ့ လက်မောင်းကိုနှစ်သိမ့်တဲ့ပုံစံနဲ့ ပုတ်လိုက်ပြီး ခေါင်းကိုလှည့်လိုက်ကာ မုရှောင်ယနဲ့ စကားပြောနေတုန်း ပိုင်ချွမ်းဘက်ကို လှည့်ကြည့်လိုက်သည်။ "ရှောင်ချွမ်း ဒီမှာခဏနေဦးမယ်နဲ့တူတယ် အန်တီတို့ သမီးဆီဘဲ အပ်ခဲ့တော့မယ်။ "

သူမစိတ်မချနိုင်သေးဘူးဆိုပေမယ့် မုရှောင်ယကို လက်ခံဖို့ သူမစိတ်ထဲဆုံးဖြတ်ထားပြီးသားမို့ ရှောင်ချွမ်းကို သူမလက်ထဲထည့်ဖို့က ကြိုးစားပြီးပေးစရာမလိုဘူး။

“ အမ်း ” မုရှောင်ယ သဘောတူလိုက်သည်။

"သွားကြရအောင်" ပါပါးပိုင်က သူ့သားအကြီးဆုံးကိုခေါ်ပြီး သူ့မိန်းမကိုဆွဲခေါ်ကာ နောက်ပြန်လှည့်သွားပြီးသင်္ချိုင်းအပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့သည်။

ပိုင်ကျန့်က ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာ သူကမိဘတွေနဲ့အတူ ထွက်ခွာသွားဖို့ ရွေးချယ်ခဲ့သည်။ ဒါပေမယ့် သူမုရှောင်ယ အနားကို လမ်းလျှောက်သွားတဲ့အခါမှာ "ငါတို့မင်းအတွက် ကားတစ်စီးထားခဲ့မယ်" လို့တိုတိုတုတ်တုတ်ပြောခဲ့သည်။

"အင်း ကျေးဇူးပဲ " မုရှောင်ယက ကျေးဇူးတင်စကားလေးတစ်ခုပြောပြီး ပိုင်ချွမ်းဆီ ဖြည်းဖြည်းချင်းလျှောက်သွားခဲ့သည်။

ပိုင်ကျန့်က အသိစိတ်မဲ့စွာနဲ့ ခေါင်းကိုလှည့်ပြီး သူ့မိဘခွင့်ပြုချက်ရပြီးသား သူ့ခယ်မလောင်းလေးက သူ့ညီလေးအနားကိုလျှောက်သွားပြီး သဘာဝကျကျဘဲ သူ့ညီပုခုံးကို ပုတ်လိုက်တာကို ကြည့်နေခဲ့သည်။ 

ဒါပေမယ့် သူ့ညီလေးက သူမရဲ့ထိတွေ့မှုကို နည်းနည်းလေးတောင် မရှောင်ခဲ့ဘူး။ ပိုင်ကျန့် မျက်နှာပေါ်မှာ ရှုပ်ထွေးသောအမူအရာရှိနေခဲ့သည်။ မုရှောင်ယလို့ ခေါ်တဲ့ကောင်မလေးကို သူ့ညီလေးက သဘောကျပုံဘဲ၊ ဒါပေမယ့် ဒီကောင်မလေးက သူ့ညီလေးကို အမြဲ သဘောကျ နိုင်ပါ့မလား။ ဒါမှမဟုတ် လက်မထပ်ခင်တော့ ပိုင်ချွမ်းကို သည်းခံတဲ့စကားတွေပြောတဲ့ သူ့ဇနီးဟောင်းလိုလား.....

 

ပိုင်ကျန့် မျက်နှာကမည်းမှောင်သွားပြီး သူ့ကိုယ်သူဤအမှတ်တရများတွင် လူးလွန့်မနေစေဖို့ အပြင်းအထန်ကြိုးစားလိုက်သည်။ အသက်ပြင်းပြင်းရှိုက်ပြီးနောက်မှာ ပိုင်ကျန့်က သူ့ကိုယ်သူ ထွက်သွားဖို့ ဖိအားပေးခဲ့ရသည်။ သူကကားပေါ်ထိုင်သည်အထိ ရှေ့တည့်တည့်ကို အမြန်လျှောက်သွားပြီး သူ့မျက်ခုံးတွေက တစ်လမ်းလုံးမျက်မှောင်ကြုတ်နေဆဲပဲ။

"ဘာဖြစ်သွားတာလဲ။" လီရုံက သူ့သားအကြီးဆုံး တစ်ခုခုအဆင်မပြေဘူးဆိုတာကို သိခဲ့သည်။

"အမေ မုရှောင်ယက ညီလေးနဲ့ ဘယ်လောက်ထိ အတူရှိနေနိုင်မယ်ထင်လဲ။" ပိုင်ကျန့်က သူ့နှလုံးသားရဲ့ အတွင်းအနက်မှာ မုရှောင်ယက ပိုင်ချွမ်းနဲ့ အမြဲအတူရှိနေမယ်လို့ သူမယုံနိုင်ခဲ့ဘူး။

"ဘယ်လောက်ပဲကြာကြာ ရှောင်ချွမ်း အနားမှာ အမေ တို့ကအမြဲရှိနေမှာပါ " လီရုံက ပြောလာသည်။

“ ဒါပေမယ့်…”

“ ပိုင်ကျန့် ရှောင်ချွမ်းမှာ အော်တစ်ဇင် ရှိနေပေမယ့် သူ့မှာကိုယ်ပိုင်ထင်မြင်ချက်နဲ့ သူ့ကိုယ်ပိုင် တွေးခေါ်မှုရှိနေသေးတယ် သူ့ဘဝမှာ ကိုယ်ပိုင်အတွေ့အကြုံရှိသင့်တယ်။ ပါမောက္ခဖန်က ပိုင်ချွမ်းသာ သူ့ဖာသာသူလုပ်လာနိုင်ရင် သူပြန်ကောင်းလာမှာကို ညွှန်ပြတယ်လို့ပြောခဲ့တယ် မဟုတ်လား " ပိုင်ကောယွိက ပြောလာသည်။ "အဖေတို့က သူ့ကိုထောက်ခံသင့်တယ်"

သူတို့အားလုံး ပိုင်ချွမ်း ထိခိုက်ဒဏ်ရာရမှာကြောက်ပေမယ့် ဒီအကြောင်းကြောင့် သူ့ဘ၀ကို ကန့်သတ်လိုက်လို့မရဘူး။

"ဒါအမှန်ပဲ" လီရုံက သူမခင်ပွန်း စကားကြောင့်ခေါင်းညိတ်လိုက်သည်။

"အဖေတို့ သူမကိုဘယ်လိုလုပ် လွယ်လွယ်ကူကူခွင့်ပြုနိုင်တာလဲ။ " ပိုင်ကျန့်က သူ့ညီမှာ အော်တစ်ဇင် ရှိတယ်ဆိုပေမယ့် သူတို့မျက်လုံးထဲမှာတော့ လူတိုင်းကသူ့အဖိုးထိုက်တန်တဲ့ညီလေးနဲ့ မထိုက်တန်ဘူး။

"တကယ်လို့ သူမကတခြားသူဆိုရင် ငါတို့ဒါကိုမြန်မြန်ဆန်ဆန် လက်ခံမှာမဟုတ်ဘူး၊ ဒါပေမယ့် မုရှောင်ယက မတူဘူး၊ သူမက မင်းအဖွားသဘောတူထားတဲ့ သူတစ်ယောက်ဘဲ။ ဒီလောကမှာ ရှောင်ချွမ်းကို မင်းအဖွားလောက်ချစ်တဲ့သူ တစ်ယောက်မှမရှိဘူး " လီရုံကပြောခဲ့သည်။

ပိုင်ကျန့် အသံတိတ်သွားသည်။

သင်္ချိုင်းအတွင်း၌ မုရှောင်ယနဲ့ ပိုင်ချွမ်းတို့နှစ်ဦးသာကျန်ခဲ့သည်။ ဖွားဖွားပိုင် ကွယ်လွန်သွားတဲ့ အချိန်ကစပြီး ဈာပနအခမ်းအနားတွေမပြီးမချင်း ပိုင်ချွမ်းကစကားတစ်ခွန်းမှမပြောဘဲ ရုတ်တရက် ဒီအချိန်မှာစကားပြောဖို့ ဆုံးဖြတ်လာသည်။

"အဖွားက ပြန်မလာတော့ဘူး" ပိုင်ချွမ်းကသေခြင်းတရားအကြောင်း သူ့နားလည်မှုကိုပြသခဲ့သည်။

"ကျွန်မတို့ပြန်လာနိုင်သေးတယ်၊ သူမကို လာတွေ့လို့ရပါတယ်" မုရှောင်ယက သူ့ကိုနှစ်သိမ့်လိုက်သည်။

"တစ်ယောက်ယောက်သေရင် သူတို့မှာဘာမှမကျန်တော့ဘူး" ကြေငြာသည့်လေသံဖြင့် ပြော သော်လည်း သူ့မာကျောသောစကားများက သူ့ကိုမည်သို့ပြန်ပြောရမည်ကိုမသိခဲ့ပေ။

"ရှင်ဝမ်းနည်းနေတာလား။ "မုရှောင်ယ မေးလိုက်သည်။

' မှန်ပါတယ်၊ သူမကသူ့ကို ဒီလိုမေးခဲ့တာ၊ သူ့ခံစားချက်၊ သူ့လေသံနဲ့ သူ့စကားတွေကို နားလည်ဖို့တကယ်ကိုခက်ခဲခဲ့တာကြောင့်ပါ။ မုရှောင်ယက ပိုင်ချွမ်း ယခုအချိန်တွင် နာကျင်၀မ်းနည်းနေတယ်ဆိုတာကို သေချာမပြောနိုင်ဘူး။ '

“ ဒီမှာ…ဒီမှာတစ်ခုခုထူးဆန်းနေတယ်။” ပိုင်ချွမ်းကသူ့လက်ကို သူ့ရင်ဘတ်ပေါ်ဖိထားပြီး ဒီခက်ခဲတဲ့ ခံစားချက်ကို ဘယ်လိုပြောရမလဲဆိုတာကို နားမလည်နိုင်သေးဘူး။ လူတိုင်း၏သက်တမ်းက အကန့် အသတ်ရှိသည်ကို သူသိသည်။ သူ့အဖွားက ဤလောကမှထွက်ခွာသွားသည် ဟူသောအချက်ကို ရှင်းရှင်းလင်းလင်း လက်ခံနိုင်သည်။ သို့သော် အဖွားကိုမမြင်ရတော့ဘူးလို့ သိလိုက်သောအခါ သူ့နှလုံးသားထဲက ထူးခြားမှုကိုသူနားမလည်နိုင်ဘူး။

"ရှင်ဝမ်းနည်းနေတာပါ" မုရှောင်ယက သူ့ကိုပြောလိုက်သည်။

"ဝမ်းနည်းနေတာ ငါဘာလုပ်ရမလဲ။" ပိုင်ချွမ်းရဲ့ မျက်နှာက ရှုပ်ထွေးမှု၊ အကူအညီမဲ့မှု တို့ဖြင့်ပြည့်နေသည်။

"ရှင်ပွေ့ဖက်မှုလိုတယ်" မုရှောင်ယက ပိုမိုနီးကပ်လာပြီး ပိုင်ချွမ်းကို နွေးထွေးတင်းကျပ်တဲ့ ပွေ့ဖက်မှုကိုပေးခဲ့သည်။

ပိုင်ချွမ်းအတွက် ပွေ့ဖက်ခြင်းကထူးဆန်းသည်။ သူက အခြားခြေလက်များနှင့် ထိတွေ့ဖို့ အလွန်ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ သူလက်ခံသောလူများမှ လွဲ၍ အခြားသူ၏ထိတွေ့မှုက သူ့ကို စိတ်လှုပ်ရှားစေသည်။ ထို့ကြောင့် ပွေ့ဖက်ခြင်းက သူ့အတွက်မဖြစ်နိုင်သောအရာဖြစ်သည်။ ဒါပေမယ့် မုရှောင်ယကို သူနှစ်သက်သည်။ သူမ သူ့ကို ပွေ့ဖက်လိုက်တဲ့အခါမှာ ခံစားရတဲ့ နှစ်သိမ့်မှုနှင့် နွေးထွေးမှုကို နှစ်သက်သည်။

ဒီခံစားချက်ဖြစ်တဲ့ နွေးထွေးမှုကို သူဘယ်လိုမှ ဖော်ပြလို့မရဘူး။

..........

စာရေးသူမှတ်ချက်

ပိုင်ကျန့် : ငါ့ညီလေးက မိန်းမယူတယ်ဆိုတာ သိသာနေတာကို ဘာလို့ ငါက ငါ့ညီမကို လက်ထပ်ပေးလိုက်သလိုမျိုး ခံစားနေရတာလဲ။