အပိုင်း ၁၀
Viewers 929

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁၀; ချစ်စရာကောင်းတယ် 

"ရှောင်ယက ကျွန်မတို့မိသားစုရဲ့ ရှောင်ချွမ်းအတွက် အရမ်းအရေးကြီးပါတယ် ဒါပေမယ့် ဒါက ရှောင်ယ ရှောင်ချွမ်းကို လက်ထပ်ရတဲ့အကြောင်းပြချက် မဖြစ်သင့်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ပါမောက္ခဖန်ကို လာဖို့ တောင်းဆိုခဲ့တာပါ။ စာနာမှုအတွက် အဲ့ဒါကိုအသုံးပြုချင်ခဲ့တာမဟုတ်ပါဘူး။ ဒီကလေးနှစ်ယောက်ကြားမှာ ထူးခြားတဲ့ရင်းနှီးမှုရှိတာကို ရှင်တို့ကို သက်သေပြချင်တာပါ "

" တစ်ကယ်လို့ ရှင်တို့ဒီလက်ထပ်ပွဲကို သဘောမတူရင်တောင် ကျွန်မတို့ အပြည့်အဝနားလည်ပါတယ်။ ဒါပေမယ့် ရှင်တို့ ရှောင်ချွမ်းကို အခွင့်အရေးတစ်ခုလောက် ပေးမယ်ဆို ကျွန်မတို့ ပိုင်မိသားစုက အရမ်းကျေးဇူးတင်မှာပါ။ကျွန်မနဲ့ပိုင်ချွမ်းအဖေက ရှောင်ယကိုသမီးရင်းလေးလိုချစ်ပြီး ရှောင်ချွမ်းလိုမျိုး ကာကွယ်စောင့်ရှောက်ပါ့မယ်။ "

"တစ်နေ့မှာ ရှောင်ယ ငြီးငွေ့သွားပြီး ပိုင်မိသားစုနဲ့မနေချင်တော့ဘူးဆိုရင် သူမဘယ်အချိန်မဆို ထွက်ခွာနိုင်လိမ့်မယ်လို့ ကျွန်မတို့အာမခံနိုင်ပါတယ်။ "

ပိုင်ချွမ်း မိဘများနှင့်ပါမောက္ခဖန်တို့သည် အချိန်အတန်ကြာမှ ထွက်ခွာခဲ့ကြသော်လည်း မုရော့ကျုံးနဲ့ သူ့ဇနီး ရှန်ချင်းယီတို့က စိတ်များက ငြိမ်သက်မှုမရှိခဲ့ပါပေ။ ပိုင်ချွမ်းရဲ့အမေက သူမမထွက်ခွာခင် ပြောဆိုခဲ့သောစကားများမှာ သူတို့စိတ်များထဲ ပဲ့တင်ထပ်နေသည်။

 

သူတို့နှစ်ဦးစလုံးက မိဘများဖြစ်ကြပြီး ပိုင်ချွမ်းရဲ့မိဘများ ပိုင်ချွမ်းအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို နားလည်သည်။ ပိုင်ချွမ်းကြီးပြင်းလာသည်ကိုလည်း သူတို့စောင့်ကြည့်ခဲ့ရတာဖြစ်ပြီး သူတို့ကလေးလိုပဲ ဖြစ်သည်။ ပိုင်ချွမ်းက အော်တစ်ဇင်လူနာဖြစ်သော်လည်း ပိုင်ချွမ်းရဲ့ကုသမှုဗီဒီယိုများတွင် သူတို့၏ သမီးကို စောင့်ရှောက်တာမျိုးရှိပြီး သူကကမ္ဘာကြီးကိုနှုတ်ဆက်ပြီး ထွက်လာဖို့သတ္တိရှိခဲ့သည်။

သိသာထင်ရှားတာက ပိုင်ချွမ်းရဲ့ မိသားစုက သူတို့လိုပဲ ဒီလက်ထပ်ထိမ်းမြားမှုက ကြာရှည်လိမ့်မယ်လို့ မထင်ခဲ့ကြဘူး။ ရှောင်ယကို အချိန်မရွေးထွက်ခွာခွင့်ပြုဖို့အဆင်သင့်ဖြစ်ခဲ့သည်။ သူနဲ့သူ့ဇနီးက ရှောင်ယကို ဒီလက်ထပ်မှုမှာ ထိခိုက်မှာကိုကြောက်နေခဲ့ကြတာဖြစ်သည်။ ပိုင်ချွမ်းရဲ့ မိဘများက ပိုင်ချွမ်းကို အနာတရဖြစ်စေမည်ကိုမကြောက်ခဲ့ပေ။

ပိုင်ချွမ်းရဲ့ အမေက ရှောင်ယကို ဤလက်ထပ်ထိမ်းမြားမှု၌ အခွင့်အာဏာ အပြည့်အ၀ပေးခဲ့သည်။ ပိုင်ချွမ်းရဲ့ စိတ်အတိုင်းသာဆို ရှောင်ယအပေါ်ထားရှိတဲ့ သူ့ ချစ်ခြင်းမေတ္တာကြောင့် သူဘက်က ဘယ်တုန်းကမှ ဤအိမ်ထောင်ကိုဖျက်သိမ်းလိမ့်မည်မဟုတ်သော်လည်း ရှောင်ယက မည်သည့် အချိန်တွင်မဆိုထွက်ခွာနိုင်သည်။ ဒါက ပိုင်ချွမ်းက ရှောင်ယကို ထိခိုက်နစ်နာစေတဲ့ အချက်အလက် နဲ့ညီမျှသည်။ ဘယ်လောက် ကြီးကျယ်တဲ့ ယုံကြည်မှုနဲ့ ဘယ်လို ရိုးသားမှုကြီးလဲ။ မုရော့ကျုံး နှလုံးသားထဲ ပိုပြီး လေးလံလာသည်။

“ အားးးးး မားတို့ အိမ်မှာရှိတာလား။” မုရှောင်ယက ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ 

သူမအိမ်ပြန်လာချိန် မှောင်နေသည့်အိမ်ကိုတွေ့လိုက်ရသည်။ သူမမိဘများက ကျောင်းသွားပြီး ညနေခင်းတွင်ကျောင်းသားတွေကို လေ့လာမှုကို ကြည့်ရှု့ဖို့သွားတယ်လို့ထင်ခဲ့တာ။ မီးတွေဖွင့်လိုက်မှ သူတို့နှစ်ယောက်က ဆိုဖာပေါ်မှာထိုင်နေတာကို တွေလိုက်ရပြီး သူကို ချွေးအေးတွေထွက်လုနီးပါး ကြောက်လန့်သွားစေသည်။ 

"ဘာလို့ မားတို့ မီးမဖွင့်တာလဲ သမီးကြောက်လို့သေတော့မယ် "မုရှောင်ယက သူမရဲ့ သေးငယ်သောနှလုံးကို ဖုံးအုပ်လိုက်ပြီး ဆိုဖာပေါ်တွင်အားနည်းစွာပြိုကျသွားသည်။

မုရော့ကျုံးက သူ့သမီးက ဖိနပ်များကို ဧည့်ခန်းတစ်ဖက်ခြမ်းပစ်ထုတ်လိုက်တာကိုကြည့်ပြီး သူ့စိတ်တွေက ပိုပြီး ရှုပ်ထွေးသွားသည်။ အိမ်မှာ အမြဲဗိုလ်ကျနေတဲ့ ဒီမိန်းကလေးက သန်းပေါင်း များစွာသောလူတွေထဲကမှ ပိုင်ချွမ်းရဲ့ ကမ္ဘာထဲကိုမှ ဘာလို့ဝင်ချင်ရတာလဲ။ ပိုင်ချွမ်းကကော ဒီလို မိန်းကလေးမှာ ဘယ်လိုဆွဲဆောင်ခံလိုက်ရလို့ သူ့ကမ္ဘာကြီးထဲက ထွက်လာဖို့ ဆန္ဒရှိခဲ့တာလဲ။

"အမေ သမီးတို့ညစာအတွက် ဘာစားရမှာလဲ။ သမီး နေ့လည်ခင်းတစ်လျှောက်လုံးပြေးနေရတာ သမီးအခုအရမ်းဆာနေပြီ " ဒီမွန်းလွဲပိုင်းမှာ သူမနဲ့ဖန်ဟော်တို့က နေရာတစ်ဒါဇင်ကျော်ကို ကြည့်ပြီးပေမယ့် သင့်တော်သော နေရာကိုမတွေ့ကြပေ။ နောက်ဆုံးတော့ သူမတို့ အရမ်းပင်ပန်းနေပြီး ဆာလောင်မွတ်သိပ်မှု မရှိခဲ့ပေမယ့် သူမအိမ်ပြန်ရောက်တဲ့အခါမှာ သူမအစာစားချင်စိတ်ရှိလာသည်။

"မား ခေါက်ဆွဲနည်းနည်းချက်ပေးမယ် " ရှန်ချင်းယီက အကူအညီမဲ့စွာ ထရပ်လိုက်သည်။

"မား ကျေးဇူးတင်ပါတယ်။ ကြက်ဥနှစ်လုံးနဲ့နော် "

ရှန်ချင်းယီက မီးဖိုချောင်ထဲသွားပြီး အစောပိုင်းကဝယ်ခဲ့သော ဟင်းသီးဟင်းရွက်များကို ခွဲ၍ ရေခဲသေတ္တာထဲထည့်လိုက်သည်။ ထို့နောက် သူမခေါက်ဆွဲသုံးယောက်စာချက်ပြုတ်လိုက်သည်။

ခေါက်ဆွဲစားပြီးသွားချိန်မှာ မုရှောင်ယက ခွန်အားအချို့ကိုပြန်လည်ရရှိသွားခဲ့သည်။ သူမက ပန်းကန်တွေဆေးပြီး မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်လိုက်သည်။ မုရှောင်ယ လက်သုတ်ပြီး မထွက်သွားခင်လေးမှာ သူမအဖေရဲ့အသံကိုကြားလိုက်ရသည်။ “ ခဏစောင့်ဦး ပိုင်ချွမ်း မိဘတွေနဲ့တရားဝင်တွေ့ဖို့ ရက်ချိန်ယူလိုက် ”

“?!” မုရှောင်ယ သူမအသိစိတ်ကိုပြန်မရခင် အချိန်အတော်ကြာ အံ့အားသင့်နေခဲ့သည်။ “ပါး ပိုင်ချွမ်းနဲ့ သမီးလက်ထပ်တာကို သဘောတူလိုက်ပြီလား။”

"ဟမ့် " မုရော့ကျုံးက ဟမ့်ကနဲလုပ်ကာ စာကြည့်ခန်းထဲဝင်သွားပြီး မုရှောင်ယကိုလည်းမကြည့်သလို ဘာစကားမှလည်းမပြောခဲ့ပေ။ 

"မား " မုရှောင်ယက သူမ အမေကို ကြည့်လိုက်ရသည်။

"သွားလေ ရက်ချိန်းသွားယူချေ " ရှန်ချင်းယီက ပြုံလိုက်သည်။ နေ့လည်ပိုင်း ပိုင်ချွမ်းမိဘတွေ ပြန်သွားထဲက သူမရဲ့ယောက်ျားက သဘောတူလိမ့်မယ်ဆိုတာ သူမသိသည်။

“ မား ကျေးဇူးပါ ” မုရှောင်ယက သူမမိခင်ကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ သူမ အရင်ဘဝရော ဒီဘဝရော ပရော်ဖက်ရှင်နယ်ကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားကိုသွားဖို့ ဆုံးဖြတ်ချက်ချသည်ဖြစ်စေ သူမမိဘများကအမြဲထောက်ခံခဲ့ကြသည်။

-

အခန်းထဲပြန်ရောက်တဲ့အချိန်မှာ မုရှောင်ယက ပိုင် မိသားစုကို ဖုန်းဆက်ပြီး သူမမိဘတွေ သဘောတူလိုက်ကြောင်း ပြောလိုခဲ့သည်။ ဒါပေမယ့် သူမဖုန်းဖွင် နံပါတ်ရှာပြီးချိန်မှာ မုရှောင်ယ လက်ချောင်းတွေက ပိုင်ချွမ်းအမေရဲ့ ဖုန်းနံပါတ်မှာ ရပ်သွားပြီး ပိုင်ချွမ်းနံပါတ်ကိုသာ နှိပ်လိုက်သည်။ 

မနက်တုန်းက WeChat ကနေတောင် ပိုင်ချွမ်းက အချိန်မီတုန့်ပြန်ခဲ့သည်။ သူ ဖုန်းပြန်ဖြေသော အခါတွင်လည်း အလားတူဖြစ်သင့်သည်။

မုရှောင်ယ အတွေးလွန်နေတုန်း တစ်ဖက်က ဖုန်းကိုင်လာသည်။ 

"ရှောင်ယ " ပိုင်ချွမ်းရဲ့အသံကပျော့ပျောင်းပြီးနက်ရှိုင်းသည်။ သူနဲ့မျက်နှာချင်းဆိုင် စကားပြောတာ နဲ့ကွဲပြားသည်။ ဒီအချိန်မှာ ပိုင်ချွမ်းရဲ့အသံက သူမနားထဲမှာတိုးတိုးလေး ထပ်နေခဲ့သည်။

"ပိုင်ချွမ်း ကျွန်မရှင့်ကိုပြောစရာရှိတယ်။ ရှင် ရှင့်မားကိုပြောပြဖို့လိုတယ် " မုရှောင်ယ ပြောလိုက်သည်။

"ရှောင်ချွမ်း "

“ အမ် ” မုရှောင်ယ အေးခဲသွားသည်။

"မနေ့က ... မင်း ကိုယ့်ကို ရှောင်ချွမ်းလို့ခေါ်တယ် " ပိုင်ချွမ်းရဲ့ အသံထဲမှာ မထင်ရှားတဲ့ ခေါင်းမာမှု ကပါဝင်နေသည်။ 

“ …” မုရှောင်ယ သူမနဖူးကိုပွတ်ပြီး မတုံ့ပြန်နိုင်ခဲ့ေပ။ ဤကောင်လေးက စနစ်တကျကြီး မဟုတ်ပါဘူး။ ဘာလို့ သူမ သူ့ကိုခေါ်တဲ့ နာမည်ကြမှ ဒီလိုဖြစ်ရတာလဲ။ သူမနှလုံးသားထဲတွင် အကူအညီမဲ့နေသော်လည်း မုရှောင်ယက ပိုင်ချွမ်းရဲ့ ဆန္ဒအတိုင်း ခေါ်လိုက်သည်။ "ရှောင်ချွမ်း "

“ အမ် ” ပိုင်ချွမ်းက လေးနက်စွာတုံ့ပြန်ခဲ့ပြီး နောက်မှမေးလာခဲ့သည်။ “ မင်းဘာကို ပြောပေးစေချင် တာလဲ။ ”

"ကျွန်မမိဘတွေက ကျွန်မတို့ရဲ့လက်ထပ်ပွဲကို သဘောတူလိုက်ပြီ ဦးလေးနဲ့ အဒေါ်နဲ့တို့ကို တရားဝင် တွေ့ဖို့ ရက်ရွေးခိုင်လိုက်တယ်။" မုရှောင်ယ ပြောလိုက်သည်။

"အိုကေ " စကားပြောပြီးနောက်မှာ ပိုင်ချွမ်းက ဖုန်းကိုချလိုက်သည်။

သူက ဝမ်းသာတာရော အံ့သြတာပါ မရှိသလို မယဉ်ကျေးသလိုတောင် ပြောဆိုခဲ့သည်။ မုရှောင်ယ အနည်းငယ် စိတ်မသက်မသာဖြစ်သွားသော်လည်း ဒုတိယအတွေးတွင် ပိုင်ချွမ်းရဲ့ ပင်ကိုစရိုက်အရ ဒါကိုကကောင်းစွာ တုန့်ပြန်ခြင်းဖြစ်သည်။ သူ့ကိုသာမန်လူတွေလို ယဉ်ကျေးစွာပြန်ပြောဖို့ သူမဘယ်လိုလုပ် မျှော်လင့်နိုင်ရတာလဲ။

မုရှောင်ယက စိတ်သက်သာရာရခဲ့သော်လည်း ပိုင်ချွမ်းမှာ အလွန်အံ့သြသင့်နေခဲ့ပြီး သူ့ဆဲလ်ဖုန်းကို ကိုင်ပြီး ၁၀ မိနစ်ကျော်ကျော်လောက် အခန်းတွင်းမှာသတင်းကို အစာချေနေရသည်။ ထို့နောက်သူက စကားတစ်ခွန်းမျှမပြောဘဲ လှည့်ကာအောက်ထပ် ဆင်းသွားခဲ့သည်။

"ဒု.....ဒုတိယ " ပိုင်ချွမ်းကို ပထမဆုံးတွေ့သူက အပေါ်ထပ်ကို အသီးလာပို့တဲ့ ဦးလေးလျုဖြစ်သည်။ ဧည့်ခန်းတွင် တစ်ခုခုဆွေးနွေးနေသော ပိုင် မိသားစုဝင်သုံးဦးသည် ချက်ချင်း သူ့ကို လှည့်ကြည့်လိုက်ကြသည်။

ပိုင်ချွမ်းက ဦးလေးလျူကို လျစ်လျူရှုပြီး လှေကားထစ်များကို ဆင်းသွားတာမှာသာ အာရုံ စူးစိုက်ခဲ့သည်။ သူကဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ အချိန်ကို တိုင်းတာပါက ပိုင်ချွမ်း သုံးစွဲသည့်အချိန်တိုင်းက အတူတူဖြစ်ကြောင်းသူတို့တွေ့ရှိလိမ့်မည်။

သူတို့ကသူ့ကိုမနှောင့်ယှက်ရဲဘဲ အောက်ရောက်သည်အထိ အသက်အောင့်ထားမိကြသည်။ သူက အောက်ဆုံးလှေကားထစ်ကို ရောက်ချိန်မှာ ရုတ်တရက်ခေါင်းမော့ပြီး ဧည့်ခန်းဘက်ကို ကြည့်လိုက်သည်။ 

ပါပါးပိုင်၊ မာမားပိုင်နဲ့ ပိုင်ကျန့်တို့သုံးဦးလုံး ချက်ချင်းဘဲ ကျောများတောင့်တင်းသွားကြသည်။ ပိုင်ကျန့်လက်ထဲမှာ ရေနွေးကြမ်းခွက်ရှိနေပြီး သူကသောက်လဲသောက်ချင်တယ် အောက်လည်း မချရဲဘူးဖြစ်နေသည်။ အဲ့ဒီအသံက ပိုင်ချွမ်းကို လှုံ့ဆော်သလိုဖြစ်သွားမှာကြောက်တာကြောင့် အဲ့အတိုင်းဘဲ ဆက်ကိုင်ထားခဲ့သည်။ 

'သူ သူတို့ဆီလာခဲ့တာလား။ '

'ဟုတ်တယ်။'

ပိုင်ချွမ်း သူတို့သုံးဦးစလုံးရှေ့ ရပ်လာသည်အထိ သူတို့စကားရွေးနေတုန်းဖြစ်သည်။ 

"ရှောင်ချွမ်း။" ပိုင်ချွမ်းက ရုတ်တရက် သူတို့ကို လာရှာတာမို့ လီရုံရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံကတုန်လှုပ်နေခဲ့သည်။ သူမက ဂရုတစိုက်မေးလိုက်သည်။ " သား မားတို့ကို လာရှာတာလား။"

ပိုင်ချွမ်း မျက်လုံးမှိတ်လိုက်ပြီး လက်ထဲမှာကိုင်ထားတဲ့ ဆဲလ်ဖုန်းကိုကြည့်လိုက်သည်။ ပြီးတော့မှ သူ့ဦးနှောက်နဲ့ ဆက်သွယ်မှုပြုလုပ်နေပုံရသည်။ “ ရှောင်ယက သူမမိဘတွေက သဘောတူပြီမလို့ အမေတို့ကို တရားဝင်တွေ့ဖို့ ရက်ချိန်းယူဖို့ပြောတယ် ”

" အိုး ရှောင်ယမိဘတွေက သဘောတူပြီလား။ ဘာ သူတို့သဘောတူလိုက်ပြီလား။" လီရုံက အလွန်စိတ်လှုပ်ရှားလွန်းတာကြောင့် သူမအသံကိုတောင် ဂရုမစိုက်တော့ဘူး။

"တိတ်တိတ်နေ မင်းအသံကို ရှောင်ချွမ်းလန့်သွားမယ် " ပါးပါးပိုင်နဲ့ ပိုင်ကျန့်တို့ရဲ့ မျက်လုံးတွေက သူမဆီရောက်သွားခဲ့သည်။ 

လီရုံလဲ သူမဘာသာလန့်သွားသည်။ သူမပါးစပ်ကိုအုပ်လိုက်ပြီး ပိုင်ချွမ်းကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။ အလွယ်တကူချဉ်းကပ်နိုင်ပြီး ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိတဲ့ ပိုင်ချွမ်း ကြောက်လန့်သွားမှာကို သူမကြောက်ခဲ့သည်။

"ရက်ချိန်စီစဥ်ပေး။ " ပိုင်ချွမ်းက မကြောက်ခဲ့ပါဘူး။ သူက မကြောက်ရုံသာမက သူ့တောင်းဆိုချက်ကို ရှင်းရှင်းလင်းလင်းနဲ့ ထပ်ပြောခဲ့သည်။

"ဘာကြီး။"

“ တွေ့ဖို့ ရက်ချိန်း ” ပိုင်ချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။

"အို့ အိုး ဟုတ်သား အမေနားလည်ပြီ " လီရုံက ခပ်မြန်မြန်သဘောတူလိုက်သည်။

ပိုင်ချွမ်းက သက်သောင့်သက်သာရှိသွားပုံရသည်။ နောက်တော့ မထွက်သွားသေးဘဲ လီရုံကိုဆက်ကြည့်နေသည်။ 

“ …” လီရုံက စိတ်ရှုပ်ထွေးသွားခဲ့ပြီး သူမခင်ပွန်းနဲ့သားကြီးကို သံသယနဲ့ကြည့်မိလိုက်သည်။ 

"ရက်ချိန်းယူရမှာ " ပိုင်ကျန့်က သတိပေးခဲ့သည်။

'မား သဘောတူပြီးပြီ မဟုတ်ဘူးလား။' လီရုံက အစပိုင်း၌ အံ့အားသင့်ခဲ့သော်လည်း ကံကောင်း ထောက်မစွာနဲ့ သူမ၏မြင့်မားသော EQ က ချက်ချင်းတုံ့ပြန်ခဲ့ပြီး ချက်ချင်း သဘောပေါက်သွားခဲ့သည် -“ တွေ့ဖို့ရက်ချိန်း ဟုတ်တယ် တွေ့ဖို့ရက်ချိန်းလုပ်ရမယ် အခုချက်ချင်း ရက်ချိန်းလုပ်ရမယ်။ ”

လီရုံက သူမရဲ့ဆဲလ်ဖုန်းကို ဆွဲထုတ်လိုက်ပြီး ရက်ကိုစစ်ဆေးစဉ် သူမရဲ့ခင်ပွန်းနဲ့ သားကို ပြောလိုက်သည်။

“ ရှင်တို့ ဘယ်နေ့အားကြလဲ။” 

"ကိုယ် ကိုယ့်လက်ထောက်ကိုမေးလိုက်မယ်" ပိုင်ကောယွိက လက်ထောက်ကို ချက်ချင်းခေါ်ခဲ့သည်။ 

"သား အတွင်းရေးမှူးကို မေးလိုက်မယ်" ပိုင်ကျန့်က အတွင်းရေးမှူးကိုခေါ်လိုက်သည်။

“ စနေနေ့အားကြလား? ” လို့ လီရုံမေးလာသည်။

“ ဟင့်အင်း ကိုယ်စနေနေ့ကို လီတုန်းလုပ်ငန်းစုနဲ့ တွေ့ဖို့ချိန်းထားတယ် ” ပိုင်ကောယွိက ပြောလာသည်။

"တနင်္ဂနွေကော။ "

"တနင်္ဂနွေနေ့မှာ သားစီးပွားရေးလုပ်ငန်းကိစ္စနဲ့ ပေကျင်းကို သွားရမှာ "

“အဲဲဒါတွေ ရွေ့လိုက်။”လီရုံက မျက်မှောင်ကြုတ်လိုက်သည်။ သူမသားလက်ထပ်တာထက် စီးပွားရေးကိစ္စတွေက ပိုအရေးကြီးနေတာလား။

"အားလုံးရွေ့လိုက်။ "လို့ မဒမ်က ပြောလာချိန်မှာ သားအဖနှစ်ယောက်က ပြန်မပြောရဲဘဲ တစ်ချိန်တည်းတွင် သူတို့နားလည်သဘောပေါက်ပြီး ဖုန်း၏ အခြားတစ်ဖက်က လက်ထောက် / အတွင်းရေးမှူးကိုတစ်ပြိုင်တည်း အမိန့်ပေးခဲ့သည်။ 

“ အဲ့တော့ စနေလား၊ တနင်္ဂနွေလား။” လီရုံက ထပ်မေးလာသည်။

"တစ်ရက်ရက်ပေါ့"

"ဒါဆို စနေနေ့၊ ခိုင်ယွဲ့ ဟိုတယ်၊ ကျွန်မသီးသန့်ခန်း ဘွတ်ကင်တင်လိုက်မယ် " နောက်တော့ လီရုံက ခိုင်ယွဲ့ဟော်တယ်ရဲ့ မန်နေဂျာ ဖုန်းနံပါတ်ရှာလိုက်ပြီး စနေနေ့အတွက် ကြိုတင် ဘွတ်ကင် လုပ်လိုက်သည်။ 

"ဟုတ်တယ် ဒီစနေနေ့၊ ခိုင်ယွဲ့ဟော်တယ်၊ ညနေ ၇ နာရီ၊ မန်ယွဲ့ (လပြည့် )အခန်း " လီရုံက အတည်ပြုပြီးတာနဲ့ ပိုင်ချွမ်းကို အချိန်နဲ့ နေရာကို ပြောပြဖို့မစောင့်နိုင်တော့ပါ။

သတင်းအချက်အလက် အပြည့်အစုံကို လက်ခံရရှိခဲ့ပြီးနောက်မှာ ပိုင်ချွမ်းက ကျေနပ်အားရစွာဖြင့် ထိုနေရာကလှည့်ထွက်သွားခဲ့သည်။

ပိုင်မိသားစုဝင် သုံးယောက်စလုံးက လည်ပင်းတွေတောင့်ထားပြီး ပိုင်ချွမ်း အိပ်ခန်းထဲ ပြန်လမ်းလျှောက်သွားသည်ကိုကြည့်ပြီး တစ်ဦးကိုတစ်ဦးမယုံနိုင်လောက်တဲ့ မျက်နှာတွေနဲ့ ကြည့်မိကြသည်။

"အခု ရှောင်ချွမ်းက ငါတို့ကိုစကားစပြောဖို့ခဲ့တာလား။ " လီရုံက အစောက ဖြစ်ပျက်ခဲ့တာကို မယုံနိုင်သေးပေ။

" အမ်း စကားလည်း နည်းနည်းပြောခဲ့တယ် ” ပိုင်ကောယွိမှာလည်း ထပ်တူပင်စိတ်လှုပ်ရှားမိသည်။

"တုန့်ပြန်မှုတိုင်းက ငါးစက္ကန့်ပဲ ကြာတယ် " ပိုင်ကျန့် ရဲ့မျက်နှာမှာရွှင်လန်းမှုရှိခဲ့သည်။ အဲ့ဒါက မုရှောင်ယ ကုသမှုရဲ့ အကျိုးသက်ရောက်မှုအဖြစ်မှတ်ယူနိုင်သည်။

...

အိပ်ခန်းထဲပြန်ရောက်ပြီးနောက်မှာ ပိုင်ချွမ်းက လသာဆောင်က ထိုင်ခုံမှာထိုင်ပြီး သူ့ဆဲလ်ဖုန်းကို ဖွင့်လိုက်သည်။ ပြီးတော့ သူကသူရလာတဲ့ သတင်းကိုသေချာစီပြီး ချက်တင်အကွက်ထဲကို ထည့်လိုက်သည်။ ၃-၄ ကြိမ်ဖတ်ပြီးတဲ့နောက်မှ ပို့လိုက်သည်။ 

သူကပုဒ်ဖြတ်ပုဒ်ရပ်မှန်ကန်ကြောင်းအတည်ပြုပြီး ပို့ပြီးနောက်မှာ သူကဆဲလ်ဖုန်းကို တိတ်တိတ်လေး ငေးကြည့်လိုက်ပြီး ပြန်ပို့လာတာကို စောင့်နေသည်။

ဒါပေမယ့် မုရှောင်ယက အလုပ်များနေပုံရပြီး ချက်ချင်းပြန်မဖြေလာခဲ့ပေ။ ကံကောင်းထောက်မစွာနဲ့ ပိုင်ချွမ်းက အလျင်မလိုခဲ့ပေ။ သူ့ဆဲလ်ဖုန်းကိုကိုင်ပြီး စိတ်ရှည်စွာစောင့်ဆိုင်းခဲ့သည်။

နောက်ဆုံး မိနစ် ၂၀ ခန့်အကြာတွင် ဖုန်းထဲစာဝင်လာတော့ ပိုင်ချွမ်းရဲ့ မျက်ဝန်းတွေက တောက်ပသွားသည်။ 

မုရှောင်ယ; ရက်ချိန်းယူတာက အဲ့လောက်မြန်လား။

ပိုင်ချွမ်း; အမ်

မုရှောင်ယ; အိုကေ၊ နောက်မှ ကျွန်မ မိဘတွေကိုပြောပြလိုက်မယ်။

ပိုင်ချွမ်း: အမ်း

မုရှောင်ယ: စနေနေ့မှ တွေ့မယ်

ပိုင်ချွမ်း : အမ်

မုရှောင်ယ : အမ် အပြင်တခြားစကားလုံးတွေကို သုံးလို့ရလား။

ပိုင်ချွမ်းက ဒီမက်ဆေ့ခ်ျကို ၁၀ စက္ကန့်လောက်ကြည့်ပြီး Baidu အဘိဓာန်ကို ရုတ်တရက် ဖွင့်ပြီး ပြန်ပို့လာတယ်; အိုကေ၊ ကောင်းပြီ ၊ အဆင်ပြေတယ်၊ နားလည်ပါတယ်၊ နောက်မှ တွေ့မယ်၊ကိုယ်တို့အချင်းချင်း မတွေ့ရရင်တောင် အလျော့မပေးပဲ စောင့်နေမယ်၊ အိုကေ၊ see you ...

အစတုန်းက မုရှောင်ယက ပိုင်ချွမ်းကို စလိုက်တာဖြစ်သည်။ ဒါပေမယ့် ရှည်လျားတဲ့ 'အမ်' ဆိုသော အခြားစကားလုံးများကို လေ့လာပြီးနောက် သူမရည်တာ မျက်ရည်များကျလာကာ သူမ၏ ရှုပ်ထွေးသောစိတ်ခံစားမှုကို ဖော်ပြဖို့ တာရှည်မျဉ်းကြိုးတစ်ချောင်းကိုသာ ပို့ခဲ့သည်။

ပိုင်ချွမ်း: ကိုယ်နားမလည်ဘူး။

စာမပါဘဲ ပိုင်ချွမ်းက မုရှောင်ယ ပို့လိုက်တဲ့ မက်ဆေ့ခ်ျကိုရဲ့အဓိပ္ပာယ်ကိုနားမလည်နိုင်ဘူး။

မုရှောင်ယ ယ: ချစ်စရာကောင်းလို့ ချီးကျုးတာ 

ပိုင်ချွမ်းရဲ့ မျက်လုံးတွေက တောက်ပသွားသည် : ကျေးဇူးတင်ပါတယ်။

"Puzi ~~" မုရှောင်ယ ဆံပင်တွေက စိုနေသေးပေမယ့် အိပ်ခန်းထဲမှာ ပိုင်ချွမ်း ပြန်ပို့လိုက်တာကိုကြည့်ပြီး ရယ်ရလွန်းလို့ အိပ်ရာပေါ်ကျသွားသည်။

ပိုင်ချွမ်း အလွန်ချစ်စရာကောင်းတာကို သူမဘာကြောင့်သတိမပြုမိခဲ့တာလဲ ?

ဤအတွေးပေါ်ပေါက်လာသည်နှင့်တပြိုင်နက် မုရှောင်ယက တက္ကသိုလ်တက်ပြီးကတည်းက ပိုင်ချွမ်းကို အာရုံစိုက်မှုနည်းပါးခဲ့ပြီး သူမဘဝနှစ်ခုလုံးပေါင်းထည့်လျှင် ရှစ်နှစ်နီးပါးကြာသည်ကို တွေ့ရှိလိုက်ရသောအခါအံ့အားသင့်သွားသည်။