Part 73
လျန့်ကျန်း သည် အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်သို့ လှဲချလိုက်သည်။ကျန်း မိသားစုကို ဒေါသဖြစ်ရလွန်း၍ သေမတတ် ခံစားရလေသည်။
ထို့အပြင် ကျန်းဟွမ်က သူ့ကို အပြင်လူကဲ့သို့ ဆက်ဆံလေသည်။လျန့်ကျန်း က ထိုအကြောင်းကို ပိုတွေးလေ၊ ဒေါသထွက်လေ ဖြစ်ရသည်။
ကုမ္ပဏီ၏ စီမံခန့်ခွဲမှုကို မြှင့်တင်ရန် ကျန်းဟွမ် ကို အကြံပြုချက်များစွာ သူပေးချင်မိသည်။
ထို့နောက် လျန့်ကျန်း က ဆက်မတွေးတော့ဘဲ ဖုန်းကို ဖွင့်လိုက်ပြီး ကောလိပ် ကျောင်းနေဖက်များ၏ "အဖွဲ့စကားပြောခန်း" တွင် သူငယ်ချင်းတစ်စုနှင့် အချိန်ဖြုန်းကာ ပြောနေလိုက်သည်။
သူငယ်ချင်းတစ်ယောက်က သူသည်အလုပ်လုပ်နေသော်လည်း မလောက်ငှ၍ မိဘများထံ မုန့်ဖိုး တောင်းရကြောင်း အရွှန်းဖောက် ပြောဆိုနေသည်။
လျန့်ကျန်း သည် 'မုန့်ဖိုး' ဟူသော စကားလုံးကို မြင်သောအခါ စိတ်နာမိလေ၏။
လျန့်ကျန်းက အဖွဲ့ရှိ သူငယ်ချင်းများကို မေးလိုက်သည်။
(ငါ့ညီမရဲ့ လစဉ်မုန့်ဖိုး ဘယ်လောက်လဲ သိလား....”)
လျန့်ကျန်းသည် ကျောင်းတက်စဉ်က ကြွားဝါတတ်သဖြင့် လူတိုင်းက သူ့ကို 'ဆရာကြီး လျန့် ' ဟု နောက်ပြောင် ခေါ်ဆိုကြသည်။
သူငယ်ချင်းများက လျန့်ကျန်းအမေးကို တစ်ယောက်တစ်ပေါက် ဖြေကြလေသည်။
(မင်း ညီမရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ....)
(မူလတန်းကျောင်းသူ...တတိယတန်းလား စတုတ္ထတန်း လားမသိဘူး....")
(ယွမ်တစ်ထောင်လောက် နေမှာပေါ့...)
*ဒါကတော့ များသွားပြီ...ကောလိပ်မှာ တောင် လစဉ်နေထိုင်စရိတ်က ယွမ်နှစ်ထောင်ပဲရှိတယ်...”)
(ဆရာကြီး လျန့် ရဲ့ မိသားစုနဲ့ယှဉ်လို့ ရမလားကွ...)
(ဆရာကြီး လျန့် ...ဆရာကြီး လျန့် ...ဒီဆင်းရဲသား အုပ်စုကို ဆရာကြီးရဲ့ အသိပညာတွေ ဖြန့်ဝေပေးပါဦး ခင်ဗျ...)
လူတိုင်းက အယှဉ်ခံရမည်ကို သိပ်ကြောက်ကြသည်။ လျန့်ကျန်း သည် သူ့ကိုယ်သူ ကျန်း မိသားစုနှင့် နှိုင်းယှဥ်ကြည့်သောအခါ စိတ်နာသွားရသော်လည်း သူငယ်ချင်းများနှင့် နှိုင်းယှဥ် လိုက်လျှင် သူက အံ့သြစရာကောင်း နေပြန်သည်။
လျန့်ကျန်း က လူတိုင်းဝင်ပြောကြရန် တမင်စောင့်နေပြီးမှ စာပြန်လိုက်သည်။
(ယွမ်တစ်သောင်း...အဲ့ဒါတောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံကို ဖြုန်းမှာ ကြောက်လို့ ယွမ် ၁၀၀၀၀ ပဲ ပေးတာ....")
သူငယ်ချင်း တစ်ယောက်က ဝင်ပြောပြန်သည်။
(ကေမြို့က ကျန်းမိသားစုက သမီးလေးလား....)
(ဆရာကြီး လျန့်...မင်းရဲ့ဝမ်းကွဲညီမ အတွက် ခင်ပွန်းတစ်ယောက်လိုသေးလား...)
(သွားစမ်းပါ....ငါ့ညီမက မူလတန်းကျောင်းသူလေးပဲ ရှိသေးတာ...အဲ့ဒါက ငါ့ညီမငယ်လေး... သူမရဲ့ မုန့်ဖိုးကို အစ်မဖြစ်သူက ပေးတာ...ငါ့ဝမ်းကွဲ ညီမ အကြီးဆုံးက မုန့်ဖိုးဘယ်လောက် ရမှန်းတောင် မသိဘူး...)
(မင်းရဲ့ဝမ်းကွဲညီမ အကြီးဆုံးက အသက်ဘယ်လောက်ရှိပြီလဲ...)
(သူမက အထက်တန်းကျောင်း စတက်မလို့ပဲ ရှိသေးတာ...ကျောင်းစာမှာလဲ ညံ့လိုက်တာ လွန်ပါရော.... သူမက ကေမြို့ မှာရှိတဲ့ အကောင်းဆုံး အထက်တန်းကျောင်းမှာ တက်ဖို့ အဒေါ်က ကျောင်းထားပေးမှာ...)
လျန့်ကျန်း က ကျန်းဟွမ်၏ ငွေသည် သူ့အဒေါ်၏ငွေဟု ယူဆထားခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ကျန်းဟွမ်၏ စည်းစိမ်များသည် သူ့ပိုင်ဆိုင်သည် ဟု ယူဆထားလေသည်။
သူငယ်ချင်းထံမှ မက်ဆေ့ခ်ျကြောင့် လျန့်ကျန်း၏တွေးတို့ ပြတ်တောက်သွားရသည်။
(ဒါဆို မင်းလစာ တစ်လဘယ်လောက်ရလဲ..." )
ထိုမေးခွန်းသည် လျန့်ကျန်း ၏ ဒဏ်ရာကို ဓားနှင့် ခွဲ၍ ဆားဖြူးလိုက်သလို စပ်ဖျင်းဖျင်း ခံစားသွားရသည်။
(မပြောနဲ့....သူတို့က အရမ်းချမ်းသာပေမယ့် ကပ်စေးနှဲကြတယ်... တစ်လကို ၆၀၀၀ ပဲ ပေး.…)
တကယ်တမ်းတွင် ဝန်ထမ်းတစ်ယောက်၏ လစာသည် ယွမ် ၆၀၀၀ ဖြစ် သော်လည်း လျန့်ကျန်းသည်အလုပ်သင် ဝန်ထမ်းသာ ဖြစ်၍ ယွမ် ၃၀၀၀ သာ ရရှိလေသည်။
လျန့်ကျန်းသည် စာရိုက်နေသည်မှာ တစ်ဝက် ရောက်နေချိန်တွင် သူ အသိစိတ် ပြန်ဝင်လာသည်။
သူငယ်ချင်းများက သူသည် ဇိမ်ခံအိမ်ကြီးတွင်နေထိုင်ပြီး ဖရာရီ တစ်စီး အပိုင်ရထားသည်ဟု ထင်နေကြသည်။ အကယ်၍ သူတို့သာ အမှန်အတိုင်း သိသွားပါက သူငယ်ချင်းများကြားတွင် ခေါင်းဖော်နိုင်မည် မဟုတ်ပေ။
ထို့နောက် လျန့်ကျန်းက ရိုက်ထားသည့် စကားလုံးများကို ဖျက်ပစ်လိုက်သည်။
(ဒီကုမ္ပဏီက ငါ့မိသားစုကုမ္ပဏီပဲ...စီမံခန့်ခွဲဖို့ ငါက ဝင်ကူညီပေးလိုက်တာ.... ကူညီတာကို ပိုက်ဆံအများကြီးတောင်းလို့ မသင့်တော်ဘူးလေ…)
မူလက တစ်လလျှင် ယွမ် ၂၀၀၀၀ ဟု ရေးချင်သော်လည်း မူလတန်းကျောင်းသူလေး၏ မုန့်ဖိုးသည် တစ်လလျှင် ယွမ် ၁၀၀၀၀ ဖြစ်၍ ယွမ် ၂၀၀၀၀ သည် မသင့်လျော်ပေ။
နောက်ဆုံးတွင်၊ သူသည် သာမန်ရုံးဝန်ထမ်း တစ်ယောက်၏ လစာထက် လေးငါးဆ ပိုများနေရမည်ဟု တွေးမိသွားသည်။
ခြောက်ဆ ၊ ခုနစ်ဆ ဖြစ်သင့်တယ်..
(တစ်လကို ၇၀၀၀၀ ပဲရတယ်...)
အဖွဲ့ထဲရှိ သူငယ်ချင်းများမှာ ပေါက်ကွဲသွားကြပြီး သူ့အဒေါ်သည် နောက်ထပ် တူများ၊ သားများ နှင့် ခွေးများ လိုနေသေးသလားဟု စနောက်ကာ ပြောဆိုကြတော့သည်။
ထို့အပြင် သူတို့အတွက် အလုပ်ရရန် ကူပြောပေးဖို့ သီးသန့် မက်ဆေ့ခ်ျများ ဝင်လာကြတော့သည်။
ထို့နောက် လျန့်ကျန်း၏ ရာထူးကို မေးကြလေသည်။
(ဒါရိုက်တာ ရာထူးကို ငါ အရင်ရမှာ... နောက်မှဆက်ပြောမယ်ကွာ....)
အုပ်စုထဲတွင် ချီးမွမ်းသံ၊ မနာလို၍ ဆဲဆိုသံနှင့် မြှောက်ပင့်သံများ ပလူပျံနေတော့သည်။ လျန့်ကျန်း ၏ ထွက်သက်၊ ဝင်သက်သည် ယခုမှ ပုံမှန်ဖြစ်သွားလေတော့သည်။
ယခု လျန့်ကျန်းသည် ဇိမ်ခံအိမ်ကြီးတွင် ယာယီသာ နေထိုင်ခွင့်ရပြီး လစာမှာလည်း ယွမ်(၆၀၀၀)သာရလေသည်။ထို့အပြင် သူမောင်းရသော BMWကားမှာလည်း တစ်အိမ်လုံးတွင် အစုတ်အပြတ်ဆုံး ကားဖြစ်သည်။ ကျန်းဟွမ်၏ သားသမီးများ အပြင်ထွက်သည့်အခါ ယွမ် ငါးသန်း၊ ခြောက်သန်းခန့် တန်သည့် ဇိမ်ခံကား နှင့် ဒရိုင်ဘာကိုပါ ခေါ်သွားကြသည်။တိုတိုပြောရလျှင် သူသည် ကျန်းဟွမ်၏ သားဖြစ်ရမည့်အစား လျန့်ယင်းယင်း ၏တူဖြစ်လာရသည်ကိုလည်း မုန်းမိသည်။
Xxxxxxx
Part 74
ထို့နောက် သူက လက်တော့ပ်ကို ဖွင့်လိုက်ပြီး ညစ်ညမ်းဗီဒီယိုများကို ကြည့်ပစ်လိုက်သည်။
ကိစ္စပြီးသောအခါ ခန္ဓာကိုယ်ရှိ အရည်များစွာ ဆုံးရှုံးသွား၍ ရေဆာလာသဖြင့် အောက်ထပ်ကို ဆင်း၍ ရေသောက်ရန် အခန်းတံခါးကို ဖွင့်လိုက်သည်။
ထိုစဉ် ကျန်းယန်ရှန့် ကလည်း အောက်ထပ်သို့ဆင်းရန် သူမ အခန်းထဲမှ ထွက်လာသဖြင့် နှစ်ယောက်သား စင်္ကြံတွင်ဆုံမိကြသည်။လျန့်ကျန်း က သူမကို စိုက်ကြည့်နေသော်လည်း သူမသည် လှည့်တောင် မကြည့်ပေ။
လျန့်ကျန်း : “…”
ထို့နောက် လျန့်ကျန်း က ကျန်းယန်ရှန့် နောက်မှ လိုက်လာသည်။
ကျန်းယန်ရှန့် သည် သေရွာမှ ပြန်ရောက်လာသူဖြစ်၍ ငယ်ရွယ်မှုကို အလွန်မြတ်နိုးသည်။ထို့ကြောင့် လျန့် မျိုးနွယ်များနှင့် အချိန်ဖြုန်းခြင်းထက် စာကိုသာ အချိန်ပိုပေးချင်သည်။
အောက်ထပ်သို့ ရောက်သောအခါ သူမသည် ရေခဲသေတ္တာကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်ရာ ဟင်းသီးဟင်းရွက်များ၊ အသားများနှင့် ဥများကို တွေ့ရသည်။ထို့အပြင် အဆာပြေမုန့်များလည်း အလျှံအပယ်ရှိနေသည်။
ကျန်းယန်ရှန့် သည် အဆာပြေအချိုရည်ဘူး အချို့ကို ယူ၍ လျန့်ကျန်း ဘေးမှ ဖြတ်လျှောက်သွားသည်။ ယခုအချိန်ထိ နှစ်ယောက်သား စကားမပြော ဖြစ်ကြပေ။
ကျန်းယန်ရှန့် သည် အချိုရည်ဘူးကိုကိုင်ထားကာ မုန့်ထုပ်ကို ဖောက်၍ စားနေရင်း လျန့်ကျန်းအကြောင်းကို စဉ်းစားမိသည်။
'ဒီလူက နာရီကို ခိုးတော့မှာလား... ခိုးချင်ရင် ခိုးလိုက်ပါတော့...'
ရဲကိုဖုန်းဆက်ပြီး သူ့ကို ထောင်ထဲထည့်လိုက်လျှင် မျက်စိနောက် သက်သာသည်။
လျန့်ကျန်း သည် ရေခဲသေတ္တာထဲမှ အချိုရည်နှင့် ဘီယာဘူးအနည်းငယ်ကို အပေါ်ထပ်သို့ ယူသွားရန် ပြင်နေစဥ်မျက်လုံးထောင့်မှ စွေကြည့်လိုက်လျှင် လှေကားပေါ် တက်သွားသည့် ကျန်းယန်ရှန့်ကို မြင်ရသည်။
သူမ၏ ခန္ဓာကိုယ်မှာ ကောင်းစွာ မဖွံ့ဖြိုးသေးသော်လည်း သူမ၏ ခြေထောက်တွေက လှပလွန်းသည်ဟု လျန့်ကျန်း တွေးနေမိသည်။ ထို့နောက် သူ အခန်းထဲပြန်ရောက်သောအခါ ညစ်ညမ်း ဗီဒီယိုများကို ဆက်ကြည့်ပြန်သည်။
ဤဝဘ်ဆိုက်ရှိ ဗီဒီယိုများသည် လျှို့ဝှက်စွာ ရိုက်ကူးထားသော ဗီဒီယိုများဖြစ်သည်။အခန်းတွင်းသို့ တိတ်တဆိတ် ခိုးဝင်ပြီး စုံတွဲများ၏ လိင်ကိစ္စ ဗီဒီယိုများကို လျှို့ဝှက်ကင်မရာများ တပ်ဆင်ကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ထို့အပြင် မိန်းကလေးများ အဝတ်အစားလဲခြင်း၊ အိမ်သာသွားခြင်းနှင့် ရေချိုးခြင်း စသည့် ဗီဒီယိုများကိုလည်း တွေ့ရလေသည်။
လျန့်ကျန်း က ညစ်ညမ်းဗီဒီယိုများကို အားတက်သရော ကြည့်နေသည်။
ရုတ်တရက် မန်ဘာတစ်ယောက်က စာဖြင့်မေးလိုက်သည်။
"ငါ့မှာ ဗီဒီယိုတစ်ခုရှိတယ်၊ ဘယ်လိုတင်ရမှာလဲ..."
အခြားတစ်ယောက်မှ ချက်ချင်း ပြန်ဖြေခဲ့သည်။
" ရွေးချယ်ခြင်း ဘားအထက်က 'အပ်လုဒ်' ခလုတ်ကို နှိပ်လိုက်....ဒါနဲ့အစ်ကို ဘယ်လိုရိုက်ထားတာလဲ..."
“ဟီးဟီး...ရေချိုးခန်းထဲမှာ ကင်မရာ တပ်ထားတာ...”
လျန့်ကျန်း အပါအဝင် ထိုတစ်ဖွဲ့လုံးသည် အားတက်သရော ကြည့်နေကြတော့သည်။
တတိယထပ်ရှိ အိပ်ခန်းထဲတွင် ကျန်းဟွမ် သည် လျန့်ယင်းယင်း နှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ပြောလိုက်သည်။
"နောက်တစ်ပတ် နောက်ဆုံးထားပြီး မင်း တူ ကို ပြောင်းခိုင်းလိုက်ပါ..."
လျန့်ယင်းယင်း က ပြုံးပြီး ပြောသည်။
"သူက ကလေးလိုပဲ..အလိုက်မသိတတ်ဘူး... တစ်ခုခုမှားပြောမိရင် သူ့ကို စိတ်မဆိုးနဲ့နော်.."
“သူပြောတာ မှားတာမဟုတ်ဘူးကွ...သူက ငါတို့မိသားစုကို သဘောမတွေ့တာ..."
“ ဘာဖြစ်လို့လဲ...”
ကျန်းဟွမ် က သူမကို ရှင်းမပြချင်တော့ပေ။တစ်ကယ်တမ်းတွင် လျန့်ကျန်းသည် ကျန်းမိသားစု၏ ချမ်းသာကြွယ်ဝမှုကို မုန်းတီးခြင်းပင်ဖြစ်သည်။
ကျန်းဟွမ်သည် သူ့မိသားစုဘဝကို မနာလိုကြသော ဆွေမျိုးများကို တွေ့ဖူးသော်လည်း လျန့်ကျန်း သည် ကုမ္ပဏီ အရေးကိစ္စကို ဝင်ရောက်စွက်ဖက်တတ်သူဖြစ်သည်။ကျန်းဟွမ် သည် လျန့်ကျန်း အမှားမလုပ်ထားသော်လည်း သူ့အပေါ် စိတ်ရှည်သည်းခံမှုမှာ ရုတ်ချည်း ဆုံးရှုံးသွားသည်။
“ဘာပဲဖြစ်ဖြစ် ငါမင်းကို ရှင်းရှင်း ပြောပြီးသား.... နောက်တစ်ခါ ထပ်မပြောတော့ဘူး...”
ထို့နောက် ကျန်းဟွမ်က လျန့်ယင်းယင်း ကို တစ်ချက်ကြည့်ကာ ရေချိုးခန်းထဲ ဝင်သွားသည်။
လျန့်ယင်းယင်းသည် ဆွေမျိုးသားချင်းကို ထိပါးသဖြင့် ဒေါသထွက်သွားသော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။
......
လျန့်ယင်းယင်းသည် များသောအားဖြင့် အိပ်ရာထ နောက်ကျလေ့ရှိပြီး ယနေ့လည်းထုံးစံအတိုင်း နောက်ကျနေပြန်သည်။
မနက်စာစားပွဲတွင် ကျန်းယန်ရှန့်နှင့် ပြုံးရွှင်စွာ စကားပြောနေသော သူမ၏ သားနှင့်သမီးကို တွေ့လိုက်ရ၍ ဒေါသ ထွက်သွားသည်။ထို့ကြောင့် သူမက ကျန်းရှို့ချန် ကို ဆွဲ ခေါ်လိုက်ပြီး ကျန်းဟယ်လင်း ကို ဆူလိုက်သည်။
"နင့်မှာ ဘာမှလုပ်စရာမရှိဘူးလား...အားနေရင် စာကျက်ဖို့ ပြင်ထား...ထမင်းမြန်မြန်စားလေ....”
ကျန်းရှို့ချန် က ဝင်ပြောလိုက်သည်။
"သားတို့အားလုံး အိမ်စာတွေ ပြီးပါပြီ..."
ကျန်းဟယ်လင်း က ကမန်းကတန်းပြောလိုက်သည်။
"ဟုတ််ပါတယ်...သမီးတို့နှစ်ယောက်လုံး အိမ်စာတွေပြီးနေပြီ... သမီးက ရှို့ရှို့ ရဲ့ အိမ်စာအားလုံးကို စစ်ပြီးပါပြီ..."
အမှန်တစ်ကယ်အားဖြင့် လျန့်ယင်းယင်းသည် သားသမီးများ၏ ပညာရေးကို ဂရုစိုက်သူ မဟုတ်ပေ။
သူမ,မကြာခဏ ပြောလေ့ရှိသည့် စကားမှာ_
"ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် သားတို့မှာ တစ်သက်လုံး သုံးလို့မကုန်တဲ့ ပိုက်ဆံတွေ ရှိတယ်..အဲ့တော့ စာတော်ဖို့ မလိုပါဘူး...ပျော်ပျော်နေနော်....."
ယခု သူမသည် ချမ်းသာနေပြီ ဖြစ်၍ သားသမီးများမှာ စာသင်ဖို့ အလိုအပ်ဘဲ၊အချိန်တန်လျှင် ကုမ္ပဏီကို ဦးစီးခွင့် ရမည်ဟု အထင်ရောက်လျှက်ရှိသည်။
Xxxxxx