#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၃၆; ဇနီးကို ချော့ခြင်း
ယွန်းချန်တက္ကသိုလ်မှ ထွက်လာချိန်တွင် နေ့လည်စာစားချိန်ဖြစ်သဖြင့် မုရှောင်ယက နေ့လည်စာစားဖို့ အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့သည်။ အစားအသောက်တွေ စားဖို့ စောင့်ရင်း ပိုင်ချွမ်းကို ရုတ်တရက် သတိရသွားသည်။
ပိုင်ချွမ်းကို မနက်ပိုင်း အလုပ်သွားခိုင်းတဲ့ အခါမှာ သူမဟာ အကောင်းဆုံး အခြေအနေမှာ မရှိခဲ့သလို ပိုင်ချွမ်းလည်း သတိပြုမိခဲ့လား မသိဘူး။ ပိုင်ချွမ်းက တခြားသူတွေရဲ့ စိတ်ခံစားချက်ကို သိပ်အထိခိုက်မခံပေမယ့် ပိုင်ချွမ်းက သူမခံစားချက်တွေကို ဖမ်းဆုပ်နိုင်တယ်ဆိုတာကို မုရှောင်ယ အမြဲတမ်း ခံစားနေရသည်။
အစားအသောက်တွေ လာချပြီးချိန်မှာတော့ မုရှောင်ယက သူမရဲ့ အစားအသောက် ဓာတ်ပုံရိုက်ပြီး ပိုင်ချွမ်းကို ပို့ပေးလိုက်သည်။
သိပ်မကြာခင်မှာပဲ ပိုင်ချွမ်းက သူမရဲ့ မက်ဆေ့ချ်ကို '12.31 အလို ဆယ်မိနစ်ရှိသေးတယ်' ဆိုပြီး တုံ့ပြန်ခဲ့သည်။
“…” 'တကယ်ကို မပျော့ပြောင်းဘူး ' မုရှောင်ယက ကူကယ်ရာမဲ့ ပြုံးလိုက်သော်လည်း သူမသည် ထိုအကြောင်းကို တွေးပြီး ပိုင်ချွမ်းအတွက် သူမသတ်မှတ်ထားသော အစားအသောက်အချိန်ကို မပြောင်းလဲနိုင်တော့ကြောင်း ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် အချိန်မှန် စားသောက်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်။
'ဒါပေမယ့်... တုံ့ပြန်မှုက အရမ်းမြန်တာမို့ ဒီကိစ္စကြောင့် သူ့ကို မထိခိုက်သင့်ဘူး မဟုတ်လား။ ' မှန်းဆပြီးနောက် မုရှောင်ယက ဖြည်းဖြည်းချင်း စိတ်လျှော့ကာ ရှေ့က အစားအစာကို စားဖို့ အာရုံစိုက်လိုက်သည်။
ဆယ်မိနစ်လောက်အကြာ မုရှောင်ယ သူမရဲ့ နေ့လည်စာ ပြီးသွားချိန် ရုတ်တရက် ဖုန်းမြည်လာသည်။ သူမဖွင့်ကြည့်လိုက်တော့ ပိုင်ချွမ်းရဲ့ နေ့လယ်စာပုံလေးတစ်ပုံနဲ့ ဟင်းချိုတစ်ပွဲက အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ပုံပေါက်နေတာကို တွေ့လိုက်ရသည်။
မုရှောင်ယက ပြုံးပြီး မက်ဆေ့ချ်ကို စာခြောက်လုံးနဲ့ ပြန်ပေးခဲ့သည်။ - 'အာ့ဆို ပြီးအောင်စားရမယ်~'
ဆယ့်ငါးမိနစ်အကြာတွင် မုရှောင်ယက ပိုင်ချွမ်းထံမှ ပြန်ကြားချက်ကို လက်ခံရရှိခဲ့သည်။ သန့်ရှင်းသော ပန်းကန်ပြား၏ ဓာတ်ပုံတစ်ပုံက သူ့အစားအစာ ပြီးသွားပြီဟု ညွှန်ပြသည်။
ဤဓာတ်ပုံက မုရှောင်ယရဲ့ စိတ်ခံစားချက်ကို ပြန်လည်ကောင်းမွန်စေတာကြောင့် သူမက စတူဒီယိုသို့ တန်းတန်းမတ်မတ် ဆက်သွားခဲ့သည်။
စတူဒီယိုပြန်ရောက်တော့ မုရှောင်ယက ကော်ဖီတစ်ခွက်သောက်ရင်း ဖန်ပြတင်းပေါက်ရှေ့မှာထိုင်နေတဲ့ ဖန်းဟော်ကို တွေ့လိုက်ရသည်။ သူမ ပြုံးပြီး ထိုင်ဖို့ လျှောက်လာရင်း ပြောလိုက်သည်။ "ငါ့ကိုလဲ ကော်ဖီတစ်ခွက် ယူလာပေးနော် "
“အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ အလုပ်က ပျောက်သွားတယ်၊ အဓိကရှယ်ယာရှင်ကို လာခိုင်းဖို့ သတ္တိရှိတုန်း နင့်ရဲ့ သတ္တိက မသေးဘူးပဲ” ဖန်းဟော်က လက်မလှုပ်ဘဲ တစ်ချက်ကြည့်လိုက်သည်။
"ဒါပေမယ့် ငါက မျက်နှာချင်းဆိုင် အပြင်သွားဖို့ ခွင့်တောင်းထားပြီးသားပဲ... "
"ရှောင်ရှင်း ကော်ဖီတစ်ခွက်လောက်လုပ်ပေးဦး " ဖန်းဟော်က ဘေးကို လှမ်းအော်လိုက်သည်။
“ကောင်းပါပြီ” ရင်ရှင်းက စတူဒီယိုတွင် အသစ်ခေါ်ယူထားသော ဝန်ထမ်းတစ်ဦးဖြစ်သည်။ ဒီနေ့က သူ့အလုပ်ရဲ့ ပထမဆုံးနေ့ဖြစ်ပြီး တံခါးထဲဝင်လာတဲ့ မုရှောင်ယကို သတိထားမိတာကြောင့် ဖန်းဟော်က သူ့ကို လုပ်ဖို့ မပြောခင် ကော်ဖီကို ပြင်ဆင်နေခဲ့သည်။
"မင်းအတွက် ကော်ဖီ" ခဏအကြာတွင် ရင်ရှင်းက သူမအား ကော်ဖီလာပေးခဲ့သည်။
“ကျေးဇူးတင်ပါတယ်၊ နင်…” မုရှောင်ယက မနေ့က အင်တာဗျူးမှာ ဒီကောင်လေး ရောက်လာသည်ကို သတိရသော်လည်း သူ့နာမည်ကို သူမမှတ်မိပေ။
"ကျွန်တော့် နာမည်က ရင်ရှင်း မင်းငါ့ကို ရှောင်ရှင်းလို့ ခေါ်နိုင်ပါတယ်။ မနေ့က အင်တာဗျူးလာခဲ့တယ်" ကောင်လေးက သူ့ကိုယ်သူ မိတ်ဆက်လာသည်။
"ဟယ်လို ကျွန်မ မုရှောင်ယပါ " မုရှောင်ယက ပြုံးပြီး ပြောလိုက်သည်။ “ကော်ဖီအတွက် ကျေးဇူးတင်ပါတယ်”
"ရပါတယ်"
"ရှောင်ရှင်း၊ လွမ့်ရီကို ဒီကို ခေါ်လာပေး" ဖန်းဟော်က အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ”
ခဏအကြာတွင် ရီရှင်းက သူမ၏ ဦးခေါင်းထိပ်တွင် ချစ်စရာအရုပ် လေးကို ၀တ်ထားသည့် မိန်းကလေးငယ်တစ်ဦးကို သူနှင့်အတူ ရောက်လာခဲ့သည်။
"ဒါတွေက ငါတို့ရဲ့ ဝန်ထမ်းအသစ်လေးတွေဖြစ်တဲ့ ရင်ရှင်းနဲ့ လွမ့်ရီ" ဖန်းဟော်က မုရှောင်ယကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။ "ဒါက မင်းတို့ရဲ့အခြားဘောစ့် အနာဂတ်ဒီဇိုင်နာ မုရှောင်ယ "
"မင်္ဂလာပါ ဘောစ့်" နှစ်ယောက်သား တစ်ပြိုင်နက် နှုတ်ဆက်လာကြသည်။
"ငါ့ကို ဘောစ့်လို့ မခေါ်နဲ့၊ ငါတို့ရဲ့ အသက်အရွယ်က အတူတူပဲ၊ မင်းတို့ ငါ့ကို မုမုလို့ပဲ ခေါ်လို့ရတယ် " သူမနဲ့ ဖန်းဟော်တို့က ယခုနှစ်ကောလိပ်မှ ဘွဲ့ရရှိထားတာကြောင့် ၎င်းတို့၏ အသက်အရွယ်သည် ရင်ရှင်း၊ လွမ့်ရီတို့နဲ့ သိပ်မကွာခြားလှပေ။
"ငါတို့ စောစောက မင်းတို့ကို ပြောထားပြီးသား ငါတို့ စတူဒီယိုက မကျယ်ဘူး၊ ဒီမှာ ငါတို့ လေးယောက်ပဲရှိတယ် အားလုံးက အတူတူပဲမို့လို့ ငါတို့ ပေါင်းရတဲ့အခါ သိပ်သတိမထားပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ပေါ့ပေါ့ပါးပါး ခေါ်တာက ပိုရင်းနှီးတာမို့ အလုပ်လေးလေးနက်နက်လုပ်ထားသရွေ့ အားလုံးအဆင်ပြေပါတယ်” ဖန်းဟော် ပြောလိုက်သည်။
"ကျွန်တော်တို့ လုပ်ပါ့မယ် " နှစ်ယောက်သား စိတ်အေးလက်အေး ပြန်ဖြေသည်။
သူတို့ထဲက တော်တော်များများက လူ့အဖွဲ့အစည်းမှာ လူသစ်တွေဖြစ်တာကြောင့် နေ့လည်ပိုင်းမှာ ပေါင်းသင်းပြီး မကြာခင်မှာ ရင်းနှီးလာကြသည်။ လွမ့်ရီက ဂရပ်ဖစ်ဒီဇိုင်းကို အထူးပြုပြီး ပိုလီနည်းပညာကျောင်းမှ ဘွဲ့ရပြီးနောက်တွင် သူမသည် အွန်လိုင်းစတိုးဖွင့်သည့် အတွေ့အကြုံ တစ်နှစ်ရှိတာကြောင့် စတူဒီယိုတွင် အွန်လိုင်းစတိုးကို ကိုင်တွယ်ဖို့ ဖိအားမရှိခဲ့ပေ။ တစ်ရက်အလုပ်လုပ်ပြီးနောက်၊ H&Y စတူဒီယို၏အွန်လိုင်းဆိုင်သည် နောက်ဆုံးတွင် လိုက်လျောညီထွေဖြစ်သွားပုံရပြီး နေ့ခင်းဘက်တွင်ပင် ဈေးနှုန်းနှင့်ပတ်သက်၍ မေးသူတစ်ဦးတောင် ရှိသေးသည်။
"ဖန်းဟော် အခုပဲ ငါတို့အွန်လိုင်းမှာ မေးမြန်းနေတဲ့ customer တစ်ယောက်ရှိတယ်" မုရှောင်ယက ဖန်းဟော်ကို သတင်းကောင်း ချက်ချင်းပြောလိုက်သည်။
"အဲဒါက ဘာထူးဆန်းလို့လဲ။ အတွဲပေါင်း ဒါဇင်နဲ့ချီပြီး ရောင်းချနေပြီ” ဖန်းဟော်က သဘောမတူကြောင်းပြောသည်။
"ဘာလဲ။ ဘယ်တုန်းကဖြစ်ခဲ့တာလဲ။ ငါဘာလို့အဲဒါကိုမသိခဲ့တာလဲ။ "
"ဒီမနက်က ငါနင့်ကို ပြောချင်ပေမယ့် နင်ငါ့ကို တစ်ချိန်လုံး လျစ်လျူရှုခဲ့တာ။" ဖန်းဟော်က သူမ၏လက်များကို ဖြန့်လိုက်သည်။
"မြန်မြန်ပြော မြန်မြန်ပြော" မုရှောင်ယက စိတ်လှုပ်ရှားစွာဖြင့် ဖန်းဟော်ကို ဘေးသို့ ဆွဲထုတ်လိုက်သည်။
“မနက်က ငါ့ဦးလေး ဖုန်းဆက်ပြီး ဖိနပ်ဈေးက ငြိမ်နေတယ်” ဖန်းဟော်က ပြုံးပြီး ပြောလာသည်။ "ငါတို့က တစ်ရက်ပဲဖွင့်ပေမယ့် ဆိုင်တွေရဲ့ 50% က အော်ဒါဖွင့်ပြီးသား၊ တစ်စုံက တစ်တွဲရောင်းရတယ်၊ နောက်တစ်ခုက နှစ်တွဲရောင်းတယ်။ ပြီးတော့ စတိုးဆိုင်တွေရဲ့ 80% မှာ စုံစမ်းမေးမြန်းပြီး ဆင်ထားတဲ့ ဖိနပ်တွေလည်း အခြေအနေကောင်းတယ်။ ငါ့ဦးလေးကလည်း သူ့ရဲ့နှစ်ပေါင်းများစွာ ဖိနပ်ရောင်းချမှု အတွေ့အကြုံအရ ငါတို့ရဲ့ ဖိနပ်တွေကို ရောင်းထွက်ဖို့ အခွင့်အလမ်း ရှိတယ်လို့ ပြောခဲ့တယ်"
“ဒါဆို နောက်ခြောက်လလောက် ဆိုင်ငှားခ ရနိုင်လား။” မုရှောင်ယက အလွန်စိတ်လှုပ်ရှားသွားသည်။
“ဟုတ်တယ်။ နောက်ဆုံးအနေနဲ့ ဆိုင်ငှားခပေးဖို့ ပိုက်ဆံမရှိမှာစိတ်ပူနေစရာ မလိုတော့ဘူး”
'ရင်ရှင်းနဲ့ လွမ့်ရီတို့က တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်နေကြသည်။ - သူတို့၏ကုမ္ပဏီသည် အနည်းငယ်ညံ့နေပုံရသည်၊ သူတို့လစာကို နောက်လမှာ ပေးကောပေးမှာလား။'
ရီဖုန်း Group တွင်
R&D ဌာန၏ အပြင်ဘက် အခန်းကျယ်တွင် နှင်းဆီပန်းစည်းများ ကိုင်ဆောင်ထားသော အချောပို့သမားက ရုံးခန်းအတွင်း ရုတ်တရက် ပေါ်လာသည်။
" တစ်ချက်လောက်ပါ ဘယ်သူက * အန်းထုန်မူပါလဲ။ " အချောပို့သမားက တံခါးဝက လှမ်းအော်တယ်။ [T/N: Astro Boy]
“ငါ၊ ငါ” Astro က နားကြပ်များကို အလျင်အမြန်ဆွဲချွတ်လိုက်ပြီး မတ်တပ်ရပ်ကာ ပြေးသွားလိုက်သည်။
"မင်္ဂလာပါ၊ မင်းရဲ့နှင်းဆီပန်းစည်းပါ ဒီမှာ လက်မှတ်ထိုးပါ။"
“ကျေးဇူးတင်ပါတယ်။” Astroက စာရွက်မှာ လက်မှတ်ရေးထိုးပြီးနောက် ရုံးခန်းအနှံ့ ပန်းစည်းကိုင်ပြီးလိုက်ပြသည်။
'အခြားအနိုင်ကျင့်ခံရသော ပရိုဂရမ်မာများ - သေစမ်း။ အလုပ်တွေအရမ်းရှုပ်နေပေမယ့် ဒီကောင်လေးက သူ့ကောင်မလေးကို ဂရုစိုက်ဖို့အချိန်ရှိသေးတာလား။'
အခန်းတွင်းရှိ ပရိုဂရမ်မာများ အားလုံး၏ ငြူစူ မုန်းတီးသော မျက်လုံးများကို လက်ခံရရှိပြီးနောက် Astro က ပန်းစည်းကို သူ့ဘေးရှိ ကုလားထိုင်ပေါ်တွင် ဂရုတစိုက် ချထားခဲ့သည်။
Astro ရှေ့မှာထိုင်နေတဲ့ *ပန့်ဇီက လှည့်ပြီး "မင်း ချာတိတ်၊ မင်းရည်းစားနဲ့ လမ်းခွဲတော့မှာလား။ " [T/N: ဖက်တီး]
"ထွက်သွား၊ မင်းက *ကျီးကန်းနှုတ်သီးပဲ မင်း ဒီထက်ကောင်းတာ မပြောနိုင်ဘူးလား။ " Astro က ဖက်တီးကို စိုက်ကြည့်နေတယ်။ [T/N: မကောင်းသော မှတ်ချက်ကို ပေးခဲ့သူ]
"သားလေး၊ ပန်းတွေပို့မယ့် အခြေအနေက နှစ်ခုပဲရှိတယ်၊ ပထမက ချစ်သူများနေ့၊ နောက်တစ်ခုက မင်းရည်းစား စိတ်ကောက်တဲ့အချိန် " ဖက်တီးက ရယ်မောပြီး ပြောလာသည်။ "မင်း တခါတရံ ပန်းတွေ လာပို့တာမင်းနဲ့ လမ်းခွဲဖို့ သိပ်မကြာဘူးလို့ ငါ ခန့်မှန်းတယ်"
"မင်း ထွက်သွားစမ်း"
"ဒီအစ်ကိုက မင်းကိုကျိန်ဆဲနေတာမဟုတ်ဘူး၊ မင်းရဲ့လှည့်ကွက်အဟောင်းတွေက အသစ်မဟုတ်လို့ပဲ ပြဿနာရဲ့ဇစ်မြစ်ကို မင်းရှာရမယ်" တစ်ခါတလေ အမျိုးသမီးတွေကို အလွယ်တကူ ချော့လို့ မရဘူးဆိုတာ ဖက်တီးက ရှင်းရှင်းလင်းလင်း သိထားတယ်၊ မဟုတ်ရင် အချိန်တိုင်း သူ ဘယ်လို စွန့်ပစ်ခံရမှာလဲ။
"မနေ့က ငါ့မိန်းမ မွေးနေ့ကို အလုပ်ကိစ္စကြောင့် မေ့သွားတယ် သူမက အရမ်း ဒေါသထွက်ပြီး ငိုသွားတယ်။"
"ဒါဆို မင်းသူ့ကို ကောင်းကောင်းချော့ပေးရမယ်။ " ဖက်တီးရဲ့ လေသံက နည်းနည်းလေးနက်သည်။
“အတိအကျပြောရရင် ဒီနေ့ အလုပ် အချိန်ပိုကဆင်းမယ် ဘယ်သူ ဘာပြောပြော အချိန်ပိုလုပ်မှာ မဟုတ်ဘူး” Astro က ပြတ်ပြတ်သားသားပြောသည်။
"စိတ်မပူပါနဲ့ ဆာဗာမပြိုကွဲသရွေ့ ငါတို့သူငယ်ချင်းတွေက မင်းကိုပြန်ခေါ်မှာမဟုတ်ဘူး" ဖက်တီးက အာမခံလိုက်သည်။
မိန်းမက စိတ်ဆိုးပြီး ငိုနေတာလား။
အပြင်မှ အသံများကို လျစ်လျူရှုလေ့ရှိသော ပိုင်ချွမ်းက ရုတ်တရက် စကားလုံးအချို့ကို ကြားလိုက်ရသည်။ ရုံးခန်းအပြင်ဘက် ကြည့်လိုက်ပြီး မတ်တပ်ထရပ်ကာ တံခါးကိုတွန် ထွက်သွားကာ စကားစမြည်ပြောနေကြသော လူနှစ်ယောက်ဆီ တည့်တည့်တိုးဝင်သွားသည်။
"ဒု...ဒုတိယသခင်လေး။ " ပိုင်ချွမ်းက သူတို့ရှေ့မှာ ရုတ်တရက်ပေါ်လာတာကို တွေ့လိုက်တာကြောင့် သူတို့နှစ်ယောက် လန့်သွားသည်။ သူတို့ရဲ့တည်နေရာက ပိုင်ချွမ်း ရဲ့ရုံးခန်းနဲ့ အရမ်းနီးပေမယ့် ကာရာအိုကေလုပ်ရင်တောင်မှ ပိုင်ချွမ်း လုံး၀မကြားကအောင် အကာအကွယ်ပေးထားသည်။ ပိုင်ချွမ်း ခေါင်းတောင်မော့ပြီး အပေါ်ကို မကြည့်လာဘူး၊ ဒီနေ့ဘာလို့ ရုတ်တရက် ထွက်လာတာလဲ။
"မိန်းမက ငိုနေတာလား။ " ပိုင်ချွမ်းက မေးလာသည်။
“အာ၊ ဟုတ်ကဲ့” Astro က အံ့ဩသွားသည်၊ ဒုတိယသခင်လေးက သူ့မိန်းမကို ရုတ်တရက် ဘယ်လိုစိုးရိမ်သွားတာလဲ။
"မိန်းမငိုရင် ဘာလုပ်ရမလဲ။ " ပိုင်ချွမ်းက သိချင်စိတ်တွေ ပြည့်နှက်နေတဲ့ မျက်နှာနဲ့ မေးလိုက်သည်။
“…” နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ ‘ကံကောင်းလာတဲ့အခါ စိတ်က ကောင်းကောင်းအလုပ်လုပ်တယ်’ လို့ ရုတ်တရက် ခံစားလိုက်ရသည်။ နောက်ဆုံးတွင် Astroက မေးလိုက်သည်။ “ဒုတိယသခင်သခင်လေး မင်းမိန်းမကို ငိုအောင်လုပ်ခဲ့တာလား။ ”
“အင်း” ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။
ဒီလိုမျိုး သတင်းကြီးတစ်ခုက ရုတ်တရက် စာရိုက်နေတဲ့ ကီးဘုတ်သံတွေ ရပ်တန့်သွားပြီး ကြည့်ရှုသူတွေအားလုံး တိတ်တဆိတ် နားစွင့်နေကြသည်။
"ငိုတယ် ငါဘာလုပ်ရမလဲ။ " Astro မဖြေတာကိုမြင်တော့ ပိုင်ချွမ်းက ဆက်မေးသည်။
“အိုး… ငို၊ ငိုတယ်ဆို… ချော့ဖို့ ပန်းတွေ ပို့ပေးရမယ်” Astro က ဖြေလိုက်သည်။
"ပန်းလား။"
"မှန်တယ် ပန်း" ထိုစကားနှင့်အတူ Astro သည် အလုပ်အပြီးတွင် သူ့ရည်းစားအား ပေးလိုသော အွန်လိုင်းမှဝယ်ခဲ့သော နှင်းဆီပန်းများကိုလည်း ပြသခဲ့သည်။
ပိုင်ချွမ်းက Astro ရဲ့ လက်ထဲက ပန်းစည်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ကို ဆန့်လိုက်ပြီး...အဝေးကိုယူသွားသည်။
“…”ဒါက ဘယ်လိုမျိုး လည်ပတ်မှုမျိုးလဲ။ ပိုင်ချွမ်းက Astro နောက်ဆုံး မတုံ့ပြန်နိုင်ခင်မှာဘဲ သူ့ရုံးခန်းထဲပြန်ဝင်သွားသည်။ "ဒုတိယသခင်လေး ဒါ ငါ့ရဲ့… အိုး… အားး…”
Astro ၏ ရှေ့နှင့်နောက်တွင် ထိုင်နေသော လုပ်ဖော်ကိုင်ဖက် နှစ်ဦးက တစ်ယောက်က သူ့ကို ငုံ့ထားကာ တစ်ယောက်က ပါးစပ်ကို အုပ်ထားကာ ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။ ပိုင်ချွမ်း သူတို့ ရုံးခန်းဆီ ပြန်မလာတာ သေချာစေဖို့ Astro ကို ဖိနှိမ့်လိုက်ကြသည်။
"မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ။ အဲ့ဒါ ငါ့ပန်း " Astro က ဒေါသတကြီးပြောသည်။
"မင်းမှာ အသိတရားမရှိဘူးလား။ " ရှေ့က လုပ်ဖော်ကိုင်ဖက်က ပြောလာသည်။
"ကိုယ်ချင်းစာလို့ မရဘူးလား။ " နောက်မှ လုပ်ဖော်ကိုင်ဖက်ကလည်း ပြောလာသည်။
"ငါမှာ အသိတရားမရှိလို့ စာနာစိတ်ရှိအောင် ဘယ်လိုလုပ်ရမလဲ။ " Astro က ဝမ်းနည်းပူဆွေးသွားသည်။
"ပန်းတစ်ပွင့်ဘယ်လောက်လဲ။ မင်းက ဒုတိယသခင်လေးဆီက ပြန်လိုချင်သေးတာလား။ "
“ဒါပေမယ့်…ဒါက ငါ့ကောင်မလေးကို ပေးချင်တဲ့ ပန်းပဲ” Astro က ရှင်းပြလိုက်သည်။
"သာမန်လူတစ်ယောက်အနေနဲ့ မင်းက ထပ်ဝယ်လို့မရဘူးလား။ "
“ဒုတိယသခင်လေးမှာ အော်တစ်ဇင်ရှိတယ်။ ဒါပေမယ့် မင်းက သူကိုယ်တိုင် သွားဝယ်စေချင်တာလား။ မင်း မနေ့က မင်္ဂလာသကြားလုံးကို အလကားစားခဲ့တာ မဟုတ်ဘူးလား။” သူတို့နှစ်ဦးက အဆက်မပြတ် စကားပြောဆိုကြပြီး အခြားလုပ်ဖော်ကိုင်ဖက်များကလည်း ခေါင်းညိတ်သဘောတူကြသည်။
"ငါ...ငါထပ်ဝယ်လိုက်မယ်" Astro က မှားယွင်းသည်ဟု ခံစားမိသည်။ သူ့ပန်းများကို လုယက်ခံရသည်မှာ သိသာထင်ရှားသော်လည်း အခြားသူများ၏ ပြစ်တင်ရှုတ်ချခံရဆဲဖြစ်သည်။
ဒေါသတကြီးဖြင့် Astro က လှည့်ကြည့်ကာ အွန်လိုင်းတွင် ပန်းစည်းများကို မှာယူခဲ့သည်။ 'ဟမ့် ဒီတစ်ခါတော့ ပိုကောင်းပြီး ဈေးကြီးတဲ့ တစ်ခုကို အော်ဒါတင်လိုက်မယ်။ '
မနေ့ကဖြစ်ခဲ့တဲ့အခြေအနေကြောင့် ပိုင်ကျန့်က သူ့ရဲ့လက်ထောက်ကို ပိုင်ချွမ်းကို ဒီနေ့ ညနေ ၅ နာရီမှာ အိမ်ပြန်ပို့ဖို့ ကားမောင်းသူကို စီစဉ်ခိုင်းပြီး အချိန်အလုအယက်ကြောင့် အတားအဆီးမဖြစ်စေဖို့ သေချာစေခဲ့သည်။ ထို့ကြောင့် မုရှောင်ယ စတူဒီယိုမှပြန်လာသောအခါ ပိုင်ချွမ်းက လှပသောနှင်းဆီပန်းစည်းကို သူ့လက်ထဲတွင်ကိုင်ထားပြီး အိမ်တံခါးဝတွင် စောင့်နေပြီဖြစ်သည်။ သူ့ဘေးတွင် ဦးလေးလီက စိတ်လှုပ်ရှားစွာ မျက်ရည်ကျနေပြီး ဖုန်းကို ပွတ်သပ်ကာ ဓာတ်ပုံများစွာရိုက်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။
' ပိုင်ချွမ်းကို ပန်းပေးခိုင်းတဲ့ အကြံကို ဘယ်သူပေးလိုက်တာလဲ။ '
မုရှောင်ယ အံ့သြတကြီးနဲ့ မျက်ခုံးပင့်လိုက်ပြီး တံခါးဖွင့်ကာ ကားပေါ်က ဆင်းလိုက်သည်။
"ပန်းတွေ မင်းအတွက်" မုရှောင်ယ ကားပေါ်ကဆင်းလာတာနဲ့ ပိုင်ချွမ်းက မုရှောင်ယရဲ့မျက်နှာရှေ့မှာ ပန်းတွေကို ပို့ထားပြီးသား။
"ဘာလို့ ပန်းတွေပေးနေတာလဲ။ " မုရှောင်ယက တမင်တကာ မေးလိုက်သည်။
"မင်းကို ချော့တာ"
'အိုက်ယား ဒုတိယသခင်လေးက ဒီလိုအရာကို တမင်တကာ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။ ' ဦးလေးလီက အမှားလုပ်မိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ 'ဒုတိယသခင်လေးက ပန်းဝယ်နည်းကို အမှန်တကယ်သိတာကြောင့် စိတ်လှုပ်ရှားနေသော်လည်း ဒုတိယသခင်လေးက ရိုမန်တစ်ဆန်သောစကားများကို မည်သို့ပြောရမည်ကို မသိကြောင်း မေ့သွားသည်။'
မုရှောင်ယက ရယ်မောပြီး အခြေအနေကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်သည်။ “ကျေးဇူးတင်ပါတယ် ကျွန်မ အဲဒါကို အရမ်းသဘောကျတယ်”
'အိုက်ယား ကံကောင်းတာက ဒုတိယ သခင်မလေးက အဲဒါကို ဂရုမစိုက်ဘူး ' ဦးလေးလီက ဒီမြင်ကွင်းကို သူ့ဖုန်းနဲ့ မှတ်တမ်းတင်ဖို့ မမေ့ခဲ့ပဲ မကြာခင်မှာ ဒုတိယသခင်လေးအတွက် သူရည်စူးထားတဲ့ အယ်လ်ဘမ်ကို ပုံအသစ်အဆန်းတွေနဲ့ ပြည့်စေခဲ့သည်။
ပိုင်ချွမ်းက မုရှောင်ယ ပြုံးနေတာကိုမြင်တော့ မကြာခင်မှာ သူခံစားရတဲ့ ထူးထူးခြားခြားခံစားချက်ကို မခံစားရတော့ဘဲ သူပြုံးလိုက်သည်။ - မျှော်လင့်ထားသည့်အတိုင်း ပန်းပွင့်များက အသုံးဝင်သည်။ ချော့တာက အောင်မြင်တယ်။
မုရှောင်ယက ခေါင်းငုံ့ကာ ပန်းရနံ့ကို ရှူရှိုက်ရင်း မကူညီနိုင်ဘဲ နှင်းဆီပွင့်ချပ်များတွင် ဝှက်ထားသော နှုတ်ခွန်းဆက်ကတ်ကို တွေ့ရတော့ အံ့အားသင့်သွားသည်။ သူမသည် စူးစမ်းလိုစိတ်ဖြင့် ဖွင့်ကြည့်လိုက်ပြီး ပိုင်ချွမ်းကို အဓိပ္ပါယ်ရှိစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။ "အချစ်ဆုံးအတွက်... မြောင်ဆော့စ် ( တို့စားတဲ့ ဆောစ့်လိုမျိုးပါ) ?" [T/N: မြောင်မြောင်ကျောင်း]
ပိုင်ချွမ်းက မုရှောင်ယရဲ့ စကား အဓိပ္ပါယ်ကို နားမလည်တာကြောင့် မုရှောင်ယကို အပြုံးဖြင့် ကြည့်နေဆဲဖြစ်သည်။ မုရှောင်ယက ကတ်၏အကြောင်းအရာကိုဖတ်ပြီးနောက် ဘေးတွင်ရပ်နေသော ဦးလေးလီက ချက်ချင်းပင် မျက်လုံးများ မှိတ်မိသွားသည်။ - ၎င်းက ဘာကိုဆိုလိုသနည်း။ ဒုတိယသခင်လေးက အခြားတစ်ယောက်ယောက်ကို သဘောကျတာလား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
“ဒုတိယ သခင်မလေး၊ ပန်းဆိုင်က ကတ်ကို လွဲမှားသွားတာ ဖြစ်ရမယ် " ဦးလေးလီက သူ့မိသားစုရဲ့ ဒုတိယသခင်လေးက အဲဒါကို မရှင်းပြနိုင်ဘူးဆိုတာ သိတဲ့အတွက် သူ့ကို အမြန်ကူညီခဲ့သည်။
မုရှောင်ယက ဦးလေးလီကို လျစ်လျူရှုပြီး ပိုင်ချွမ်းကို ကြည့်ကာ မေးလိုက်သည်။ "ဘယ်သူလဲ မြောင်ဆောစ့်က "
“မသိဘူး” ပိုင်ချွမ်းက ခေါင်းခါသည်။
"ပန်းက ဘယ်သူ့အတွက်လဲ။"
"ပန်းက မင်းအတွက်"
"ပန်းတွေ ဘယ်ကလာတာလဲ။ "
"ရုံးကနေ ရလိုက်တာ။"
“…” တစ်ဆိတ်လောက်ပါ ကျွန်မ ခင်ပွန်းသည်က အခြားသူ၏ပစ္စည်းကို ခိုးယူခြင်း ဒါမှမဟုတ် အိမ်ထောင်ကွဲ ကိစ္စအပေါ် သံသယရှိနေပါက မည်သည့်အရာကို ရွေးချယ်သင့်သနည်း။
........
E/TN ;
ပိုင်ချွမ်း~ ಠ.ಠ မင်းကို ဆယ်ခါလောက်နမ်းပြီး အပြစ်ပေးသင့်တယ်။
Astro Boy မသိသူများအတွက်၊ 'manga of the father', Osamu Tezuka ၏ ကာတွန်း/မန်ဂါစီးရီး ဇာတ်ကောင် (၁၉၅၂ ခုနှစ်တွင် ပထမဆုံးထွက်ရှိ) သည် အမှန်တကယ်ဟောင်းနွမ်းနေပါသည်။