အပိုင်း ၄၁
Viewers 536

#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၄၁; သည်းမခံနိုင်သော ယားယံခြင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် ပိတ်ရက်ကို ရောက်ရှိလာခဲ့သည်။

နှစ်ယောက်သား အိမ်ကို သွားကြည့်ကြမှာဖြစ်သည်။ အိမ်ကထွက်လာတော့ ဦးလေးလီက ဒီနေ့ မိုးလေဝသခန့်မှန်းချက်မှာ မိုးရွာနိုင်တယ်လို့ ပြောပြီး သူတို့အတွက် ထီးနှစ်ချောင်းကို အဆောတလျင် ထုပ်ပိုးပြီး အသုံးအဆောင်အဖြစ် ကားထဲမှာ ထည့်ထားလိုက်တာကြောင့် သူတို့ မိုးရေမစိုအောင် ရှောင်လို့ရသည်။

မုရှောင်ယက သူ့ကို ကျေးဇူးတင်စကားပြောပြီး ထီးများကို ယူကာ ပိုင်ချွမ်းနဲ့အတူ မောင်းထွက်သွားခဲ့သည်။

နာရီဝက်အကြာတွင် နှစ်ယောက်သား အလုပ်ခွင်အပြင်ဘက် ကားပါကင်သို့ ရောက်ရှိလာသည်။ မုရှောင်ယက ထိုနေရာတွင် ဖန်းဟော်ကားကို တွေ့လိုက်ရသည်။ ဖန်းဟော် ရောက်နေမှန်းသိသဖြင့် သူမက ပိုင်ချွမ်းကို စတူဒီယိုဆီ တိုက်ရိုက်ခေါ်သွားခဲ့သည်။

"ရှောင်ချွမ်း ကြည့်လိုက် ကျွန်မအလုပ်လုပ်တဲ့နေရာ" နီးကပ်လာသောအခါတွင် မုရှောင်ယက စတူဒီယို၏လမ်းညွှန်ချက်ကို ညွှန်ပြပြီး ပိုင်ချွမ်းကို မိတ်ဆက်ပေးခဲ့သည်။

ပိုင်ချွမ်းက မုရှောင်ယညွှန်ပြသည့် စတူဒီယိုတံခါးကို လေးလေးနက်နက်ကြည့်ကာ မှတ်မိတယ် လို့ပြန်ပြောလာသည်။

"ဝင်ကြရအောင် ဖန်းဟော်ကကျွန်မတို့ကို စောင့်နေတယ်။ " မုရှောင်ယက ပိုင်ချွမ်းရဲ့လက်ကို ဆုပ်ကိုင်ထားပြီးခြေလှမ်းအနည်းငယ်လှမ်းကာ တံခါးဆီသွားကာ တွန်းလိုက်ပြီး အတွင်းဘက်ကိုကျယ်လောင်စွာအော်ခေါ်လိုက်သည်။ " ဖန်းဟော် ငါတို့ဒီမှာ "

"ငါက စတိုခန်းထဲမှာရှိနေတာ" ဖန်းဟော်ရဲ့ အသံက အထဲက ထွက်ပေါ်လာသည်။

"အထဲကို ဝင်ရအောင်" 

မုရှောင်ယက ပိုင်ချွမ်းကို သိပ်မကြီးတဲ့ စတိုခန်းဆီ ခေါ်သွားခဲ့သည်။ သူတို့ဝင်ပြီးတာနဲ့ သားရေခွဲနေတဲ့ ဖန်းဟော်ကို တွေ့လိုက်ရသည်။

"အာ စိတ်ကြိုက်သားရေဖိနပ်အတွက် ပစ္စည်းတွေနဲ့ ကိရိယာတွေကို ပို့ပေးလိုက်ပြီလား။ သူတို့ ဘယ်တုန်းက ရောက်တာလဲ။ " မုရှောင်ယက ယခင်နှစ်ရက်ထက် ပိုမိုများပြားလာသော စတိုခန်းကို ကြည့်ပြီး အံ့အားသင့်သွားသည်။ အွန်လိုင်းတွင် ဖိနပ်ရောင်းချခြင်းအပြင်၊ သူမတို့၏ စတူဒီယိုတွင် အဆင့်မြင့် သားရေဖိနပ်များကို စိတ်ကြိုက်ပြုလုပ်ခြင်းလည်း ပါ၀င်သော်လည်း စိတ်ကြိုက်ပြင်ဆင်ရန်အတွက် ကိရိယာများနှင့် ပစ္စည်းများ အပြည့်အစုံ မပြင်ဆင်ထားရသေးပေ။

"မနေ့က နေ့ခင်းက လာပို့တာ " ဖန်းဟော်က ပြန်ပြောလာသည်။

"ဒါဆို နင် ငါ့ကို လာပြီးတော့ အတူတူ မစီစဥ်ခိုင်းတာလဲ။" စတူဒီယိုဖွင့်ပွဲအတွက် ပြင်ဆင်နေပြီး အလုပ်အများစုကို ဖန်ဟော် တစ်ယောက်တည်းသာ လုပ်ဆောင်သည်။ သူမက ဒီဇိုင်းအနည်းငယ်ဆွဲရုံမှတပါး များများစားစားမလုပ်ရတာကြောင့် အချိန်အတော်ကြာအောင် ရှက်ရွံ့နေမိသည်။

"မနေ့က ဦးလေးနဲ့ အဒေါ်ကို တွေ့ဖို့ ပြန်သွားခဲ့တာမဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ငါလည်း ပျင်းနေတော့ သူတို့ ဆွေမျိုးတွေဆီ အလည်သွားဖို့နဲ့ အိမ်ပြန်ဖို့ မတားပါဘူး။ " ဖန်းဟော်က နောက်ဆုံးသားရေအပိုင်းအစကို နေရာချထားလိုက်ပြီး ပြုံးကာ လှည့်ကြည့်လိုက်ရာ တံခါးဝတွင် ပိုင်ချွမ်းရပ်နေတာကို တွေ့လိုက်ရသည်။

"ကြားရတာထက် အဆတစ်ရာ ပိုကောင်းတာပဲ။ " ဖန်းဟော်က ရုတ်တရက် သက်ပြင်းချလိုက်သည်။

"ဘာလဲ။"

"လူအစစ်က ဓာတ်ပုံထက် ပိုချောတယ်။ " ဖန်းဟော်က သူ့သူငယ်ချင်းကို တိတ်တဆိတ် မှိတ်ပြလာသည်။

မုရှောင်ယက ဂုဏ်ယူသောအကြည့်ဖြင့် ပြန်ကြည့်ပြီးနောက်မှာ ပိုင်ချွမ်း ဝင်လာဖို့အတွက် တံခါးဆီကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူမက ပြုံးပြီး သူတို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပေးခဲ့သည်။ - "ရှောင်ချွမ်း ဒါက ကျွန်မသူငယ်ချင်းကောင်းနဲ့ လုပ်ဖော်ကိုင်ဖက် ဖန်းဟော်။ ဖန်းဟော် ဒါက ပိုင်ချွမ်း ငါ့ယောက်ျား။"

"ဟယ်လို ရှောင်ယရဲ့ယောက်ျား။" ဖန်းဟော်က ပိုင်ချွမ်းရဲ့ အခြေအနေကို နားလည်ပြီး သူသည် လူအများနှင့် ပေါင်းသင်းဆက်ဆံရေး မကောင်းတာကို သိတာကြောင့် သူမက သူမဖော်ရွေမှုကို ဖော်ပြဖို့တက်တက်ကြွကြွ လက်လှမ်းခဲ့သည်။

' ရှောင်ယရဲ့ ယောက်ျားလား။'

ပိုင်ချွမ်း မျက်လုံးတွေက တောက်ပသွားသည်။ - " ဟယ်လို " ပိုင်ချွမ်းက သူ့လက်ကို မြှောက်လိုက်ပြီး ဖန်းဟော် ရဲ့လက်ကို တို့ထိလိုက်ပြီး အမြန်ချလိုက်သည်။

ပိုင်ချွမ်းရဲ့ လက်ဆွဲနှုတ်ဆက်မှုက အလွန်တိုတောင်းခဲ့ကာ အဲ့ဒီအစား အဲ့ဒါကို ထိတယ်လို့သာ ပြောရမှာဖြစ်သည်။ ဒါပေမယ့် သူ့လုပ်ရပ်က မုရှောင်ယကို အံ့အားသင့်စေခဲ့သည်။ - " ဖန်းဟော် ဒါက ရှောင်ချွမ်း တခြားသူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာကို ပထမဆုံးမြင်ဖူးတာပဲ၊ သူက နင့်ကို အရမ်းသဘောကျပုံရတယ်။ "

"တကယ်လားလား။"

"တကယ်ပဲ၊ ငါတို့ ချယ်ရီခြံကို အရင်တစ်ခေါက်သွားတုန်းက နျိုနျိုက သူမရဲ့လက်ကို မိနစ်အတော်ကြာအောင် မြှောက်ထားရပြီး ရှောင်ချွမ်းက သူမကို လျစ်လျူရှုခဲ့တယ်" မုရှောင်ယက ရှင်းပြလိုက်သည်။

"လျန်းနျိုနျိုထက် ငါက ပိုချစ်စရာကောင်းပုံရတယ်။" ဖန်းဟော်က နောက်ပြောင်ရင်း ပိုင်ချွမ်းကို မေးလိုက်သည်။ "ဟုတ်လား။ " 

ကံမကောင်းစွာပဲ၊ ပိုင်ချွမ်းက သူမကို ယခုတစ်ကြိမ်မှာ ပြန်မဖြေဘဲ ပေါ့ပေါ့ပါးပါး ပြုံးကာ ဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

ပိုင်ချွမ်းက သူမကို လျစ်လျူရှုတာကို မြင်တော့ ဖန်းဟော်က စိတ်မဆိုးပေမယ့် ဆက်မမေးတော့ပေ။ မုရှောင်ယ ပြောတဲ့အတိုင်းပဲ ပိုင်ချွမ်းက သူမနဲ့ လက်ဆွဲနှုတ်ဆက်ရန် အစပြုနိုင်ခဲ့သဖြင့် သူမ အံ့အားသင့်နေပြီဖြစ်သည်။ ဖန်းဟော်က အကြောင်းအရာပြောင်းပြီး ပြောလိုက်သည်။ " နင့်ယောက်ျားကို ငါတို့ရဲ့စတူဒီယိုကို အလည်အပတ်လိုက်ပြလိုက် သားရေနည်းနည်းလောက် စီစဥ်ဖို့ ကျန်သေးတယ်။ ပြီးတဲ့အခါ ငါ နင့်ကို အပြင်မှာ လာရှာမယ်။ "

"ဒါကို အတူတူ စီစဉ်ပေးမယ်" မုရှောင်ယက သေတ္တာတစ်ခုကို ကောက်ယူပြီး စင်ဘက်ကို လျှောက်သွားခဲ့သည်။

"အဆင်ပြေပါတယ်၊ မြန်မြန် ဒီကနေ ထွက်သွား" ဖန်းဟော်က သေတ္တာကို ကိုင်လိုက်ပြီး မုရှောင်ယကို တံခါးဆီ တွန်းထုတ်လိုက်သည်။ ပိုင်ချွမ်းက သူ့ဇနီးထွက်သွားသည်ကို မြင်သောအခါတွင် သူက သဘာဝအတိုင်း လိုက်သွားခဲ့သည်။

"နောက် ဆယ်မိနစ်လောက်နေရင် ပြီးသွားမှာပါ၊ အပြင်မှာ စောင့်။ " နောက်တော့ ဖန်းဟော်က တံခါးကို "ပက် " ခနဲ တိုက်ရိုက်ပိတ်ပစ်လိုက်သည်။

'ဒီလူ....' ' မုရှောင်ယ သိပါတယ် ဖန်းဟော်က သူမ ကူညီစီစဥ်ပေးမယ်ဆို ပိုင်ချွမ်းကို ချန်ထားခဲ့ရမှာကို စိုးရိမ်နေတာ။ ဒါပေမယ့် အရမ်းသိမ်မွေ့တဲ့ ပိုင်ချွမ်းက ဘယ်မှာလဲ။ '

"ဒါဆို စတူဒီယိုကို သွားကြည့်ရအောင်" မုရှောင်ယက ပြုံးကာ စတူဒီယိုကို ပိုင်ချွမ်းကြည့်ရအောင် စတင်ပြသခဲ့သည်။

"စတူဒီယိုက မဖွံဖြိုးသေးတော့ လူသိပ်မရှိဘူး စုစုပေါင်း လူလေးယောက်ရှိတယ်။ ဒါက ကျွန်မစားပွဲ" မုရှောင်ယက ပိုင်ချွမ်းကို သူမ စားပွဲဆီ ဦးစွာ ခေါ်သွားသည်။ " ဒါပေမယ့် ဒီဇိုင်းတွေဆွဲတဲ့အခါ ရှေ့က ကော်ဖီဘားမှာ သွားထိုင်ရတာ ကြိုက်တယ်၊ အဲဒါက ဟိုမှာရှိတယ်။ အဲဒီမှာထိုင်ရင် ပြတင်းပေါက်ကနေ အပြင်ဘက်ကို မြင်နိုင်တယ်၊ ဒါမှ ပိုကျယ်တဲ့မြင်ကွင်းနဲ့ မင်းရဲ့တွေးခေါ်ပုံက ပိုပြောင်းလွယ်လာလိမ့်မယ် "

"ကျွန်မတို့ ဂိုဒေါင်ကနောက်မှာ ကျွန်မရှင့်ကို အဲ့ကိုမခေါ်သွားတော့ဘူး။ ဘာပဲဖြစ်ဖြစ်၊ ဖိနပ်သုံးရံပဲရှိပြီးတော့ ရှင်ဝတ်ထားပြီးပြီ။ " ထိုဖိနပ်သုံးစုံကိုဝယ်ပြီး ပြန်သွားကတည်းက ပိုင်ချွမ်းက သူ့ဗီရိုက အခြားဖိနပ်များကို မထိဘဲ သူတို့ကြားတွင် လဲလှယ်ခဲ့သည်။ * တကျီက မောင်းမဆောင်ထဲကို ဝင်ခဲ့သလို ဧကရာဇ်မင်း၏မျက်လုံးထဲသို့ ဝင်ရောက်နိုင်သော အခြားကိုယ်လုပ်တော်များ မရှိပေ။

* တကျီက ရှေးခေတ် ရှန် မင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သော ရှန် ဘုရင် ကျို့ရဲ့ အချစ်ဆုံးကြင်ယာတော်ဖြစ်သည်။ ဒဏ္ဍာရီများနှင့် ဝတ္ထုများတွင် ရက်စက်ကြမ်းကြုတ်သော မြေခွေးစိတ်ဓာတ်အဖြစ် သူမကို ပုံဖော်ထားသည်။ သို့သော် တကယ့် တကျီက နောက်ဆုံးတွင် အသတ်ခံခဲ့ရသည်။ #Wikipedia

"စတိုခန်းရဲ့ ညာဘက်မှာ ကျွန်မတို့ရှိနေတယ်။ ဘယ်ဘက်မှာ ကျွန်မတို့ရဲ့ ဧည့်ခန်း အဲ့ဒါက စိတ်ကြိုက်ပြင်ဆင်လိုတဲ့ အဆင့်မြင့်ဖောက်သည်များကို လက်ခံဖို့ ရည်ရွယ်ထားတယ်။ လက်ရှိမှာ ကျွန်မတို့က ပြင်ပဖောက်သည်တွေကို လက်ခံမရမရှိသေးဘူး။ အခု စိတ်ကြိုက်ပြင်ဆင်ဖို့ ပစ္စည်း အားလုံးရောက်လာပြီဖြစ်လို့ ဧည့်သည်တွေကို စတင်လက်ခံသင့်တယ်။ တစ်ခုပြီးတစ်ခု" မုရှောင်ယက ပိုင်ချွမ်းကို ဧည့်ခန်းထဲ ခေါ်သွားသည်။

ဧည့်ခံခန်း အပြင်အဆင်က industrial style ဖြစ်သည်။ မီးခိုးရောင်နံရံများတွင် ချိတ်ဆွဲထားသော ဖိနပ်ဒီဇိုင်းများစွာရှိသည်။ ၎င်းတို့သည် တက္ကသိုလ်တက်စဉ်က မုရှောင်ယနဲ့ ဖန်းဟော် ရေးဆွဲခဲ့သော ဒီဇိုင်းများဖြစ်သည်။ နိုင်ငံတကာမှ နာမည်ကြီး ဒီဇိုင်နာအချို့မှ နမူနာများ ထုတ်ဝေခဲ့သည်။ အခန်း၏အလယ်တွင် ဆိုဖာနှစ်ထပ်နှင့် ၆၀ စင်တီမီတာခန့်ကျယ်သော ဆိုဖာပတ်လည်တွင် သဲလမ်းတစ်ခုရှိသည်။ သဲလမ်းနှစ်ဘက်တွင် ကျောက်စရစ်ခဲများ မြှုပ်နှံထားပြီး အလယ်တွင် ရှားစောင်းလက်ပတ်များစွာ စိုက်ထားသည်။

ဒီဇိုင်းသဘောတွေပြည့်နေတဲ့ အခန်းထဲမှာ ရုတ်တရက် သဲတွေကျရောက်လာတာက အလွန်ရုတ်တရက်ဖြစ်ခဲ့သည်။ ပိုင်ချွမ်း ဝင်လာတာနဲ့ သဲစက်ဝိုင်းက သူ့ကို ဆွဲဆောင်သွားသည်။

"သဲက ဘာအတွက်လဲ သိလား။" မုရှောင်ယက တမင်တကာ မေးသည်။

ပိုင်ချွမ်းက ခေါင်းခါလိုက်ပြီး သူ့မျက်နှာက အနည်းငယ် စူးစမ်းနေသလိုပဲ။

"လာ ရှင့် ဖိနပ်ချွတ်ပြီး လမ်းလျှောက်သွား။" မုရှောင်ယက သဲလမ်းကို ညွှန်ပြသည်။

ဇနီးဖြစ်သူ၏ စကားအတိုင်း ပိုင်ချွမ်းက သူ့ ရှူး ဖိနပ်နှင့် ခြေအိတ်များကို ထိုနေရာတွင် ချွတ်ကာ သဲပြင်ပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်ခဲ့သည်။ သဲလမ်းက သိပ်မရှည်ပဲ မကြာခင်မှာ ပြီးသွားသည်။ သူသည် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ မူလနေရာသို့ ပြန်သွားသောအခါ မုရှောင်ယက ညှပ်ဖိနပ် ဖိနပ်တစ်ရံကို ကိုင်လာပြီး သူ့ခြေရင်း၌ ထားလိုက်သည်။

ပိုင်ချွမ်းက သူ့ညှပ်ဖိနပ်ကို ဝတ်ဆင်လိုက်ပြီး နောက်တွင်ကျန်ခဲ့သော ခြေရာများကို ကြည့်လိုက်သည်။

"ရှင်သိလား လူတိုင်းရဲ့ လမ်းလျှောက်တဲ့ ကိုယ်ဟန်အနေအထားက မတူဘူးဆိုတာ ပြီးတော့ သဲလမ်းမှာ ထားခဲ့တဲ့ ခြေရာတွေက ရင့်လမ်းလျှောက်တဲ့ ကိုယ်ဟန်အနေအထားနဲ့ လမ်းလျှောက်စဉ်မှာ ရှင့်ခြေထောက်အသုံးပြုတဲ့ ခွန်အားကို အမှန်တကယ် ထင်ဟပ်စေလိမ့်မယ်။ ကြည့်လိုက် ရှင့်ဘယ်ခြေထောက်ဘက်က ခြေရာက ရှင့်ညာခြေထက် ပိုနက်တယ် ဆိုလိုတာက ရှင့်ဆွဲငင်အားဗဟိုက ရှင့်ဘယ်ခြေဖဝါးဆီ အာရုံစိုက်နေလို့။ ရှင့်ခြေထောက်ကို ချလိုက်တဲ့အခါ ခြေဖဝါး အပြင်ဘက်မှာ စွဲထင်စေတဲ့အရာ အနည်းငယ်သာရှိတာကြောင့် ခြေဖဝါးရဲ့ အပြင်ဘက်ခြမ်းက အတွင်းဘက်ထက် ပိုဝတ်ဆင်ရလေ့ရှိတယ်" မုရှောင်ယက ပိုင်ချွမ်းရဲ့ ခြေရာများကို လေးနက်စွာ ပိုင်းခြားစိတ်ဖြာခဲ့သည်။

ပိုင်ချွမ်းက သူ့ခြေရာများမှာ အချက်အလက်များစွာရှိမည်ကို မသိခဲ့ပါ။

"ဘယ်လိုနေလဲ၊ ကျွန်မက တော်လား။ " မုရှောင်ယက ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။

"အင်း " ပိုင်ချွမ်းက လေးစားစွာ ချီးကျူးခဲ့သည်။ မှတ်ဉာဏ်နှင့် သင်္ချာအပြင် သူက ရှောင်ယထက် နိမ့်ကျကြောင်း သူအမြဲသိသည်။

မုရှောင်ယရဲ့ ခွဲခြမ်းစိတ်ဖြာချက်သည် ယခုလေးတင်ပင် လူသား ergonomics ဆိုင်ရာ ရိုးရှင်းသော အသိပညာအပေါ် အခြေခံထားပြီး လူသား၏ ergonomics ကို မသိလျှင်ပင် သင်သည် ဘဝအတွေ့အကြုံ အချို့ရှိသည့် လူများကို စောင့်ကြည့်လေ့လာရန် ကောင်းမွန်နေသရွေ့ ၎င်းကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ဒါပေမယ့် ပိုင်ချွမ်းက မတူဘူး။ အချို့သောနည်းလမ်းများတွင်၊ ပိုင်ချွမ်းရဲ့ အရည်အချင်းမရှိမှုသည် မုရှောင်ယရဲ့ အဆင့်မြင့်သင်္ချာနားလည်မှုနှင့်တူသည်။ သို့သော်လည်း၊ မုရှောင်ယက ပိုင်ချွမ်းကို နှစ်သက်သဘောကျပြီး ပိုင်ချွမ်းရဲ့ အရည်အချင်းမရှိမှုက အလွန်ချစ်စရာကောင်းသည်ဟု ချက်ချင်းခံစားလိုက်ရသည်။

"ထိုင်လိုက်။ " မုရှောင်ယက ဆိုဖာပေါ် ပိုင်ချွမ်းကို ဖိချလိုက်ပြီးနောက် ဘေးရှိ ကိရိယာ ဗီဒိုဆီ ပြေးသွားခဲ့သည်။ သူမက ပြောင်းလွယ်ပြင်လွယ်ရှိသော ပေတံ၊ စာရွက်နှင့် ဘောပင်ကို ထုတ်လိုက်ပြီး ပိုင်ချွမ်းဆီ ပြန်လာကာ ထိုင်ချလိုက်သည်။

"ရှင့်ခြေထောက်ကို တိုင်းပြီး ရှင့်အတွက် ဖိနပ်တစ်ရံလုပ်ပေးလို့ရမလား။" မုရှောင်ယက ခေါင်းကို မော့ကာ မေးလိုက်သည်။

"ငါ့မှာရှိတယ်" ပိုင်ချွမ်းက စောစောက သူချွတ်ထားခဲ့သော ဖိနပ်ကို လက်ညှိုးထိုးပြပြီး မုရှောင်ယ ဒီဇိုင်းထုတ်ထားသည့် ဖိနပ်ရှိနေပြီဟု ညွှန်ပြသည်။

" အဲ့ဒါက မတူဘူး " မုရှောင်ယက ရှင်းပြလိုက်သည်။ " ရှင့်အတွက် စိတ်တိုင်းကျဖိနပ်တစ်ရံ ကျွန်မလုပ်ပေးမယ် ဒီတစ်ရံကို အစကနေအဆုံး စိတ်ကြိုက်ပြင်မယ်။ အဲ့ဒါက ဖိနပ်စက်ရုံက စက်တွေက ထုတ်လုပ်သည့် ဖိနပ်အမျိုးအစားမဟုတ်ဘူး။ ဒါက ကမ္ဘာပေါ်မှာ တစ်ခုတည်းသော တစ်ရံဖြစ်မှာ "

"တစ်ခုတည်းသော တစ်ရံလား။" ပိုင်ချွမ်းက ဤစကားကို နှစ်သက်သည်။

"ကျွန်မ ရှင့်ကို တိုင်းမယ်" မုရှောင်ယက ပိုင်ချွမ်းရဲ့ ခြေဖဝါးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အလေးအနက် တိုင်းတာစပြုလာသည်။ ခြေဖဝါး၏ အလျား၊ အနံနှင့် အထူတို့ကိုပင် တိုင်းထွာပြီး တိုင်းထွာခြင်းအပြင် ၎င်းတို့ကို စက္ကူဖြူစာရွက်ပေါ်တွင် ဂရုတစိုက် မှတ်တမ်းတင်ထားသည်။ ဘယ်ခြေကို တိုင်းတာပြီးနောက် ညာခြေကို တိုင်းတာသည်။ ဖိနပ်တစ်ရံ၏ ဘယ်နှင့်ညာခြေ၏ အရွယ်အစားသည် တူညီသော်လည်း၊ လူတို့၏ ဘယ်နှင့်ညာခြေသည် တူညီခြင်းမရှိသောကြောင့် ဖိနပ်ကို စိတ်ကြိုက်ပြင်ဆင်သည့်အခါ ဘယ်နှင့်ညာခြေအား သီးခြားစီ တိုင်းတာရမည်ဖြစ်သည်။

တိုင်းတာမှုလုပ်ငန်းစဉ်အတွင်း ပိုင်ချွမ်းက ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူ ခေါင်းငုံ့ပြီး သူ့ ခြေထောက်ကို ကိုင်ထားတဲ့ မုရှောင်ယရဲ့ လက်တွေကို ညင်သာစွာ စိုက်ကြည့်နေသည်။ ရှောင်ယ လက်တွေက အလွန်နူးညံ့ပြီး နွေးထွေးသည်။ တိုင်းတာနေစဉ်တွင် သူ၏လက်ချောင်းထိပ်များသည် တည်ငြိမ်သောလျှပ်စစ်ဓာတ် ပေါက်ကွဲသကဲ့သို့ ယားယံမှုဖြစ်စေသည့် သူ၏ခြေဖဝါးများကို ပွတ်တိုက်ပေးမည်ဖြစ်ပြီး ကျောရိုးတစ်လျှောက် ဦးခေါင်းထိပ်အထိ ကြွက်သားများ တင်းမာလာစေသည်။

ပိုင်ချွမ်းက ဖုံးကွယ်ချင်ပေမယ့် တုံ့ဆိုင်းနေသည်။ မုရှောင်ယ လက်ဖဝါးတွင် လူတစ်ကိုယ်လုံးကို နူးညံ့စွာနှင့် စိတ်နှလုံးအကြွင်းမဲ့ ချစ်နေသကဲ့သို့ ဤနွေးထွေးမှုအတွက် သူ လောဘကြီးနေသည်။

"ခြေဖဝါးကို ဖြေလျှော့လိုက်။ " ပိုင်ချွမ်းရဲ့ ခြေဖမိုး တင်းမာနေသည်ကို မုရှောင်ယ မြင်လိုက်ရပြီး မသိစိတ်က သူမလက်ကို မြှောက်ပြီး ညင်သာစွာ ပုတ်လိုက်သည်။ ပိုင်ချွမ်း ပြေလျော့သွားပြီးနောက် ညာဘက်နှင့် ဘယ်ခြေတို့ကို တိုင်းတာပြီးသည့်တိုင်အောင် ဆက်လက်တိုင်းတာသည်။ သူမ မော့ကြည့်လိုက်တော့ ပိုင်ချွမ်း မျက်နှာက နီရဲလာသည်ကို သတိပြုမိသည်။

"ဘာလို့ ရှက်နေတာလဲ။ "

"ယားတယ် " ပိုင်ချွမ်းက တိုးတိုးပြောလာသည်။

"ရှင် ယားနေသေးလား။" မုရှောင်ယက ပိုင်ချွမ်းရဲ့ ခြေထောက်ကို အမြန်ချလိုက်သည်။

" အင်း " ပိုင်ချွမ်းက ယားနေတုန်းပဲ။ ရှောင်ယ လက်တွေက သူ့ခြေဖဝါးပေါ်မှာ မရှိတော့သော်လည်း ညှပ် ဖိနပ်ထဲက ခြေချောင်းဆယ်ချောင်းကို တင်းတင်းကျပ်ကျပ် ကွေးထားသည်။

"ရှင့်ခြေထောက်တွေက အရမ်းအထိမခံနိုင်တာလား။ အစောက ကျွန်မအရမ်းဂရုတစိုက်လုပ်မိသွားတယ်။" မုရှောင်ယက စကားအနည်းငယ်ပြောလိုက်သည်။ "ဒါဆို ရှင် ခဏလောက် အနားယူပြီး ကျွန်မ ပစ္စည်းတွေ ပြန်ပေးမယ်။"

ပိုင်ချွမ်းက နာခံမှုစွာ ခေါင်းညိတ်ပြပြီး မုရှောင်ယကို မကြည့်ရဲပေ။ ဘာကြောင့်လဲဆိုတော့ သူ မုရှောင်ယ လက်များကို ကြည့်တာကို မထိန်းနိုင်ဘဲ သူလက်များကို မြင်လိုက်သောအခါတွင် သူ့နှလုံးခုန်မှုက ပြင်းထန်လာသည်။

အရင်က ရှောင်ယ သူမခါးကိုမထိဖို့ ပြောဖူးတယ် ဒါက ဘာကြောင့်လဲ။ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး ဘာလို့ဆိုတော့ ငါ...ဒီခံစားချက်ကို မမုန်းဘူး။

ယားပေမယ့် သူ ခုခံနိုင်တာမဟုတ်ဘူး။

.......

စာရေးသူမှတ်စု 

အလယ်တန်းကျောင်းတွင် မုရှောင်ယက shoujo manga ကို စွဲလန်းခဲ့သည်။

"အာ့၊ ဒီလူက အရမ်းချောတာပဲ၊ face kill, face kill, နှာရည်ယိုတော့မယ်။" ကောင်မလေး ယက mangaကို ကိုင်ကာ စာသင်ရင်း အော်ဟစ်လိုက်သည်။

စာအုပ်တစ်အုပ်ကို အလေးအနက်ထားဖတ်သော လူငယ်လေးချွမ်းက ထိတ်လန့်တကြားကြည့်ရှုလာပြီး ကောင်မလေးယက သူမမျက်နှာကို manga တစ်ခုဖြင့် ဖုံးအုပ်ထားကြောင်း တွေ့ရှိခဲ့သည်။

လူငယ်လေးချွမ်းက စိတ်တိုနေပြီး စာအုပ်ကို သူ့လက်ထဲတွင် ပစ်ချကာ လျှောက်သွားကာ ကောင်မလေး၏ မျက်နှာကို မော့လိုက်သည်

မိန်းမပျိုလေးက - "Tear Man!" 

လူငယ်လေးချွမ်း- "နှာခေါင်းသွေးထွက်တာကော။"