#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၄၀; Wedding House
မနက်တိုင်း ပိုင်ချွမ်း ပြေးပြီးပြန်လာတဲ့အခါမှ မုရှောင်ယ နိုးတယ်။ သူမ ဆေးကြောပြီးနောက်မှာ ပိုင်ချွမ်းက အောက်ထပ်မှာ အတူတူ မနက်စာစားဖို့ အခန်းထဲမှာ အဆင်သင့်စောင့်နေပြီဖြစ်သည်။
မုရှောင်ယ အဝတ်လဲခန်းထဲ ဝင်လာချိန် ပိုင်ချွမ်းက ထိုင်ခုံးပေါ်ထိုင်လျက် အလေးအနက်ထားပြီး သူ့ဖိနပ်ကြိုးများကိုထိုးနေတာကို တွေ့လိုက်ရသည်။ သူ့ခြေရင်းမှာ ဖိနပ်သေတ္တာအလွတ်တစ်ခုရှိတယ်၊ ကြီးမားတဲ့ H&Y လိုဂိုက မျက်စိကို အရမ်းဖမ်းစားသွားသည်။
မုရှောင်ယက ပြုံးလျက် လမ်းလျှောက်လာပြီး ပြောလိုက်သည်။ "ဒီဖိနပ်ကို ဝတ်ရင် အရောင်ဖျော့တဲ့ အဝတ်အစားနဲ့ လိုက်ဖက်တယ်"
နောက်တော့ မုရှောင်ယက ပိုင်ချွမ်းရဲ့ ဗီရိုကိုသွားကာ ခဏလောက်စဉ်းစားပြီး မီးခိုးရောင်တီရှပ်တစ်ထည်နှင့် အရောင်ဖျော့ဖျော့ ဂျင်းဘောင်းဘီတစ်ထည်ကို အမြန်ရွေးချယ်ကာ ပိုင်ချွမ်းဆီပေးလိုက်သည်။
ပိုင်ချွမ်းက သူ ဝတ်ထားတဲ့ အပြာရောင်ရှပ်အင်္ကျီကို ကြည့်ပြီး မုရှောင်ယ ပေးခဲ့တဲ့ အဝတ်အစားတွေကို နာခံစွာယူကာ သူဝတ်မယ့်ဖိနပ်ကို ချလိုက်ပြီး လဲဖို့ထလိုက်သည်။
ပိုင်ချွမ်းရဲ့ အသွင်အပြင်က ကြည့်ကောင်းတာကြောင့် သူကဘယ်လိုအဝတ်အစားဘဲ ဝတ်ဝတ်ရုပ်ဆိုးမှာမဟုတ်ဘူး။ မုရှောင်ယက ပိုင်ချွမ်း အရောင်ဖျော့ဖျော့အဝတ်များ ဝတ်ထားတာကို သဘောကျသည်။ အထူးသဖြင့် လသာဆောင်တွင် စာအုပ်တစ်အုပ်ဖတ်နေချိန် သူ့ပတ်၀န်းကျင်တွင် နေရောင်တောက်ပနေသည့်အတွက်ကြောင့် အချိန်တွေရပ်သွားပြီး သူ့အတွက် ပျော့ပျောင်းသွားသလိုပဲ။
" အင်္ကျီက ဝတ်ရတာ သက်တောင့်သက်တာမရှိဘူး။" ပိုင်ချွမ်းရဲ့ တီရှပ်က မချောမွေ့ဘဲ သူ့ခါးတစ်ဝိုက်တွင် အဖုအပိန့်များ ရှိနေသည်။ မုရှောင်ယက လက်ဆန့်ပြီး ဖြောင့်တန်းအောင် ကူညီပေးပေမယ့် အရပ်အမောင်း ကွာခြားတာကြောင့် သူမရဲ့နှာခေါင်းက ပိုင်ချွမ်းရဲ့ညှပ်ရိုးအနေအထားနဲ့ ကိုက်ညီနေပြီး အဝတ်အစားကို ဆွဲတင်လိုက်တဲ့အခါမှာတော့ သူ့ဆီကနေ ထွက်လာတဲ့ ရေမွှေးရနံ့တွေ သင်းပျံ့စေခဲ့သည်။
ပိုင်ချွမ်းက ပြေးပြီး ပြန်လာခဲ့ချိန်က ရေချိုးလိုက်ပေမယ့် သူ့လည်ပင်းတစ်ဝိုက်က အရေပြားက အနည်းငယ်နီနေပါသေးသည်။
"ပြေးတာ ပင်ပန်းနေပြီလား။ " မုရှောင်ယ တိုးတိုးလေးမေးလိုက်သည်။ သူမ ပထမဆုံး ပိုင်ချွမ်းကို ပြေးဖို့ခေါ်သွားတုန်းက ပိုင်ချွမ်းက သူ့မှာ နေစရာ ဘာမှ မကျန်တော့သလိုပဲ၊ အဲဒါက သူမကို လေးလေးနက်နက် စွဲလန်းသွားစေခဲ့သည်။
“မပင်ပန်းဘူး” ပိုင်ချွမ်းက ခေါင်းကို ငြိမ့်ညောင်းစွာ ခါလိုက်သည်။ တကယ်တော့ လွန်ခဲ့တဲ့ တစ်လခန့်က သူ ပြေးတာရဲ့ ပြင်းထန်မှုကို လိုက်လျောညီထွေဖြစ်လာပြီး မနက်တိုင်း ပြေးပြီးနောက်မှာ သူ့စိတ်အခြေအနေက ပိုကောင်းလာသည်ကို တွေ့လိုက်ရသည်။
"ပြေးတာကို မမုန်းတော့ဘူးလား။ "
"မမုန်းတော့ဘူး "
"ဒါဆို ဝမ်းဗိုက်ကြွက်သားတွေ ဖွံ့ဖြိုးအောင် ကြိုးစား" မုရှောင်ယက ပေါ့ပေါ့ပါးပါး စကားပြောနေပေမယ့် စကားပြောပြီးနောက်မှာ ပိုင်ချွမ်းရဲ့ ဝမ်းဗိုက်ကို ငုံ့ကြည့်ရင်း သူမမျက်လုံးများက အလိုအလျောက် အောက်ဘက်ဆီ ရွေ့လျားသွားသည်။ သူမရဲ့ ဦးနှောက်က သူ့အဝတ်အစားတွေကို ချွတ်ပြီးနောက် ပိုင်ချွမ်း ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို မြင်ယောင်လာခဲ့ပြီး အဲဒါကို တွေးလိုက်ရုံနဲ့ မျက်လုံးတွေကို မှိတ်ထားမိခဲ့သည်။
“အင်း” ပိုင်ချွမ်းက လေးနက်စွာ ကတိပေးခဲ့သည်။
ပြေးရုံနဲ့ ဝမ်းဗိုက်ကြွက်သားတွေက ဘယ်လိုဖွံ့ဖြိုးနိုင်မှာလဲ။ မုရှောင်ယက စိတ်ကူးပေါက်သလိုပြောလိုက်ပေမယ့် ပိုင်ချွမ်းရဲ့ လေးနက်တဲ့ကတိကိုကြားတော့ ခံစားလို့ကောင်းသွားသည်။ "ဖိနပ်စီးပြီး မနက်စာသွားစားရအောင်"
နှစ်ယောက်သား အောက်ထပ်ဆင်းကာ ထမင်းစားခန်းဆီ လျှောက်သွားကြသည်။ ပိုင် စုံတွဲကို နှုတ်ဆက်ပြီးနောက်တွင် မုရှောင်ယက ယနေ့ထမင်းစားခန်းတွင် တစ်ခုခု မှားနေပြီဟု ခံစားမိသည်။ သူမ အံ့သြနေတုန်းမှာပဲ ပိုင်ကျန့်က အနောက်တိုင်းပုံစံဝတ်စုံကို ၀တ်ဆင်ထားခဲ့သည်။ မုရှောင်ယက ပိုင်ကျန့်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများသည် ချက်ချင်း လင်းလက်သွားပြီး မှားနေတဲ့ဟာကို ရုတ်တရက် သိလိုက်သည်။
ဒီနေ့ ပုံမှန်မဟုတ်တာက ပိုင် စုံတွဲက ပေါ့ပေါ့ပါးပါး ၀တ်ထားတာပဲ။
ရက်သတ္တပတ်များတွင် ပါပါးပိုင်နဲ့ ပိုင်ကျန့်တို့က ဝတ်စုံအပြည့်နဲ့ သားရေဖိနပ်များကို အမြဲဝတ်ဆင်လေ့ရှိကြသော်လည်း ယနေ့တွင် ပါပါးပိုင်က ပေါ့ပေါ့ပါးပါး အားကစားဝတ်စုံကို ၀တ်ဆင်ထားပြီး မာမားပိုင်ကလည်း ယခုအခါ ရိုးရှင်းတဲ့ တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။
" ပါး ဒီနေ့ ကုမ္ပဏီမသွားဘူးလား။" ပိုင်ကျန့်က သူ့မိဘတွေကို ကြည့်လိုက်ပြီး ထိုင်နေရင်း မေးလိုက်သည်။
"ဒီနေ့ ကောတုန်းနဲ့ ဂေါက်ရိုက်ဖို့ ချိန်းထားတာရှိတယ်" ပိုင်ကောယွိက ပြောလာသည်။
"ဆယ်နာရီမှာ သူနဲ့ ကုမ္ပဏီမှာချိန်းထားတာ ရှိတယ်မဟုတ်ဘူးလား။ " ပိုင်ကျန့်က စူးစမ်းလိုစိတ်နဲ့ မေးလိုက်သည်။
"အဲ့ဒါက အရေးကြီးတဲ့ အစည်းအဝေးမဟုတ်ဘူး ဂေါက်ကစားရင်းနဲ့ ဆွေးနွေးလို့ရတယ်" ပိုင်ကောယွိ မျက်လုံးတွေက စားပွဲအောက်ကို စိုက်ကြည့်နေသလိုပဲ။
ပိုင်ကျန့်က သူ့အဖေရဲ့ မျက်လုံးတွေအတိုင်း လိုက်ပြီး စားပွဲအောက်ကို ငုံ့ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူဘာတွေဖြစ်နေလဲဆိုတာ နားလည်သွားပြီး ရုတ်တရတ် မနှစ်မြို့တဲ့အကြည့်နဲ့ ကြည့်ပြလိုက်သည်။
' ဂေါက်လား။ အိမ်က ဂေါက်ကလပ်က သံချေးတက်တော့မှာ ဖြစ်ပြီး ဂေါက်မကစားဖူးတဲ့သူက ဖိနပ်အသစ် ဝတ်ဖို့ အခွင့်အရေးရှာဖို့ အစည်းအဝေးနေရာကို ဂေါက်ကွင်းအဖြစ် ရုတ်တရက် ပြောင်းလိုက်တယ်ပေါ့။'
ကလေးဆန်လိုက်တာ။
ပိုင်ကျန့်က မနှစ်သက်တဲ့ အကြည့်တွေနဲ့ သူ့မျက်လုံးများကို ဖယ်လိုက်ပြီး အသားညှပ်ပေါင်မုန့်ကို ကြမ်းတမ်းစွာ မကိုက်မီ ပြင်းပြင်းထန်ထန် ကိုင်လိုက်သည်။ ပုဂ္ဂလိက အကျိုးစီးပွားကြောင့် တရားဝင်တာဝန်များကို စွန့်လွှတ်ခြင်း၊ နောက်ပြီး ပိတ်ရက်မတိုင်မီ နှစ်ရက်သာ ကျန်ရှိတော့သည်။ စနေ၊ တနင်္ဂနွေမှာ ဝတ်ပြဖို့ကို မစောင့်နိုင်တော့ဘူးလား။
"ရှောင်ယ သမီးဒီဇိုင်းထုတ်ထားတဲ့ဖိနပ်တွေက တကယ်ကို လှပပြီး ကြိုက်တဲ့ အ၀တ်အစားနဲ့ဝတ်လို့ရတယ် " လီရုံက မတ်တပ်ထရပ်ပြီး သူ့ချွေးမကို ပြလိုက်သည်။ "ကြည့်လိုက် မားအဝတ်အစားနဲ့ မလိုက်ဖက်ဘူးလား။ "
“အင်း” မုရှောင်ယက ချီးကျူးခံရခြင်းအတွက် အနည်းငယ် ရှက်ရွံ့သွားသည်။ ထိုပုံစံက မူလကပင် စွယ်စုံဝတ်လို့ရသည်။
"စတိုင်ကျပြီး လှပရုံမကရုံ ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့အပြင် ခြေဖဝါးတွေက ပေါ့ပါးပြီး ပေါ့ပါးပြီး သွားလာရလည်းအဆင်ပြေတယ်။ ဒီဖိနပ်တွေရဲ့ အရည်အသွေးက နာမည်ကြီးအမှတ်တံဆိပ်တွေထက် မနည်းပါဘူး”
"မားကြိုက်ရင်ကောင်းတယ် "
"ရှောင်ချွမ်း ကြည့်လိုက် မားက သားဝတ်ထားတဲ့ ဖိနပ်နဲ့ ပုံစံတူ တစ်ရံကို ၀တ်ထားတယ်" ပိုင်ချွမ်း ဝင်လာတော့ လီရုံ ဝတ်ထားတဲ့ ဖိနပ်ကို တစ်ချက်ကြည့်လိုက်သည်။ ဖိနပ် ၃ ရံရှိပြီး အားလုံးကို ရှောင်ချွမ်းက ပို့ပေးခဲ့ပေမယ့် သူမက ရှောင်ချွမ်းနဲ့ ပုံစံတူ ဖိနပ်မျိုးကို တစ်နေ့တည်း ဝတ်ရတဲ့အတွက် သူမတို့ကြားက ရှားပါးတဲ့ နားလည်မှုတစ်ခုလိုပဲ။ သူမခင်ပွန်းကတောင် ဒီလောက် နားလည်မှု မရှိဘူး၊ သူမ သားအကြီးဆုံးက ရှောင်ယရဲ့ ဖိနပ်တောင် မစီးဘူး။
“အင်း” ပိုင်ချွမ်းက သူ့အမေရဲ့ ဖိနပ်တွေကို ကြည့်ပြီး ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။ ဒီအသံက လီရုံရဲ့ အပြုံးကို ရုတ်တရက် ပိုတောက်ပသွားစေသည်။
တစ်ဖက်မှာ မုရှောင်ယက ရှက်ရွံ့နေပြီး အာရုံစူးစိုက် စားသောက်ဖို့သာ ခေါင်းကိုငုံ့ထားခဲ့သည်။ ပိုင်ချွမ်း ဆီက လက်ဆောင်တွေရတာကြောင့် ပိုင် မိသားစုရဲ့ ပျော်ရွှင်မှုကို သူမ နားလည်ပေမယ့် ဒီလို ကလေးလို ချီးမွမ်းမှုနဲ့ အာရုံစိုက်မှုမျိုးက တကယ့်ကို ရှက်စရာကောင်းသည်။ အထူးသဖြင့် သူတို့အားလုံးက ယွင်မြို့ရှိ ဂုဏ်သိက္ခာရှိသူများဖြစ်သည်။
မုရှောင်ယက ပိုင် မိသားစုတွင် အချိန်အကြာကြီး မနေခဲ့ရသော်လည်း ပိုင်မိသားစုတွင် မရေးထားသော စည်းကမ်းတစ်ခုရှိကြောင်း သူမတွေ့ရှိထားပြီးဖြစ်သည်။ ဆိုလိုသည်မှာ တစ်ျယာက်မှ မိသားစုနှင့်အတူ ထမင်းစားသည့်အခါ၊ ကြိုပြီးစားကြတာ ဒါမှမဟုတ် ထမင်းစားပွဲကနေ ထွက်သွားဖို့ အစပျိုးကြမှာ မဟုတ်ဘူး။ နောက်ဆုံးလူက ထမင်းမပြီးမချင်း သူတို့အစာစားနှုန်းကို နှေးကွေးစေပြီး ထပြီး အတူတူထွက်သွားကြတယ်။ အများအားဖြင့်တော့ နောက်ဆုံးစားရင်းကျန်တဲ့လူက ပိုင်ချွမ်းပဲ။
မနက်စာစားချိန်တစ်လျှောက်လုံး ပိုင်ကျန့်က အရမ်းတိတ်ဆိတ်နေပြီး သူမပြောခင်မှာ ပိုင်ချွမ်း စားပြီးတဲ့အထိစောင့်ခဲ့သည်။ "အိမ်ဝယ်ပြီးပြီ"
'အိမ်လား။ ပိုင်ကျန့် ထွက်သွားမှာလား။ ' မုရှောင်ယ စပ်စုစွာကြည့်လိုက်ချိန်မှာ ပိုင်ကျန့်က ဒီစာကြောင်းကို ပြောနေရင်း သူမကို ကြည့်နေတာကို တွေ့လိုက်ရသည်။
"အဲ့ဒါက မင်းရဲ့စတူဒီယိုအနီးနားမှာပဲရှိတာ။ အပေါ်ဆုံးထပ် ပြီးတော့ ပြန်လည်မွမ်းမံထားပြီးသား။ ပြုပြင်မွမ်းမံတဲ့အချိန်က တစ်နှစ်ဝန်းကျင်လောက်ရှိနေပြီ၊ အဲဒီမှာ တိုက်ရိုက်နေလို့ရတယ်။ "
"ဘာလို့... ကျွန်မစတူဒီယိုနားမှာ ဝယ်လာတာလဲ။ " မုရှောင်ယက အံ့သြစွာမေးလိုက်သည်။
"တည်နေရာက ကောင်းတယ်၊ ရီဖုန်းနဲ့ သိပ်မဝေးဘူးဆိုတော့ ရှောင်ချွမ်းက အဲဒီကနေ သွားရတာ အဆင်ပြေတယ်" ပိုင်ကျန့်က ပြောလိုက်သည်။
"အဲ့ဒီခရိုင်ရဲ့ developer က ငါ့သူငယ်ချင်း သူက ဒီအိမ်ကို သူ့အတွက်သူ သိမ်းထားတာမို့ အတွင်းပိုင်းကို ထပ်ဆောက်ဖို့ မလိုအပ်တော့ဘူး။ ဒါပေမယ့် ပရိဘောဂကို ကိုယ်တိုင်သွားယူရလိမ့်မယ်” ဒီလိုပြောပြီးနောက်မှာ ပိုင်ကျန့်က သူ့အိတ်ကပ်ထဲက ခရမ်းရောင်ကတ်ကို ထုတ်ပြီး မုရှောင်ယကို ပေးလိုက်သည်။
"ဒါက မိန်ဟဲ ပရိဘောက Mall ရဲ့ စျေးဝယ်ကတ်၊ အဲဒီထဲမှာ တစ်သန်းလောက်ရှိတယ်၊ မင်းနဲ့ ရှောင်ချွမ်းက ပရိဘောဂတွေကို ရွေးဖို့ စနေ၊ တနင်္ဂနွေတွေမှာ အဲဒီကို သွားလို့ရတယ် "
"အိမ်က ကျွန်မတို့အတွက် ဝယ်ထားတာလား။" မုရှောင်ယ အံ့သြသွားသည်။
“ဟုတ်တယ်။ မားတို့ အရင်က သမီကို ကတိပေးဖူးတယ်မဟုတ်ဘူးလား။ သမီးလက်ထပ်ပြီးရင် အိမ်သစ်တစ်လုံးဝယ်ပေးမယ်လို့ သမီးသွားချင်တဲ့အချိန် အဲဒီကိုပြောင်းသွားလို့ရတယ်" လီရုံက ပြောလာသည်။
မုရှောင်ယ တခါမှ မပြောဖူးပေမယ့် သူမ အိမ်ကြီးမှာ နေထိုင်ရတာ အဆင်မပြေဘူးဆိုတာ သူတို့သိသည်။ သူမ နေ့တိုင်း အလုပ်ကပြန်လာပြီး ထမင်းစားတာအပြင် အချိန်အများစုကို ပိုင်ချွမ်းနဲ့ ဒုတိယထပ်မှာ ကုန်ဆုံးတာကြောင့် ပိုင် မိသားစုက သတိထားမိတာ သေချာသည်။ နောက်ပြီး သူမတို့က မုရှောင်ယနဲ့ ပိုင်ချွမ်းတို့ လက်ထပ်ပြီးချိန်တွင် သက်သက်နေထိုင်ခွင့်ပေးမယ်လို့ ကတိပေးခဲ့သည်။ ပရော်ဖက်ဆာဖန်က ပိုင်ချွမ်းကို ပိုသက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကို ပေးသင့်တယ်လို့ အကြံပြုထားတာကြောင့်ပိုင် စုံတွဲက ဒီအိမ်ကို ပြင်ဆင်ဖို့အတွက် ပိုင်ကျန့်နဲ့ ဆွေးနွေးခဲ့သည်။
“ဒါပေမယ့်… အိမ်အသစ်ဝယ်ဖို့ မလိုပါဘူး။ သမီးတို့ အပြင်ထွက်နေရင်တောင် မိသားစုခြံထဲမှာပဲ ရွှေ့နေလို့ရတယ်၊ အဖွားရဲ့အိမ်ကလည်း လွတ်နေတာ။ နောက်ပြီး ပိုင်ချွမ်းနဲ့ သမီးလည်း အဲဒီနေရာကို ရင်းနှီးတယ်။” မုရှောင်ယက ပြောလိုက်သည်။
"အဲဒီနေရာက သမီးကိုပေးထားပြီးသား မားတို့က မင်းအတွက်ဒီကိုနေရာလည်း သီးသန့်ပေးထားတယ်၊ သမီးနေချင်တဲ့နေရာမှာနေ" လီရုံက ပြုံးပြီး ပြောလိုက်သည်။
"မှန်တယ်၊ သမီးလုပ်ငန်းရဲ့အစောပိုင်းအဆင့်မှာ မင်းအရမ်းအလုပ်များနေလိမ့်မယ်၊ အနီးအနားမှာ အိမ်ရှိရင် ပိုအဆင်ပြေမှာမဟုတ်ဘူးလား။ " ပိုင်ကောယ်ိက သူ့လုပ်ငန်းကို အစကနေစပြီး တည်ဆောက်ခဲ့တဲ့သူတစ်ယောက်ဖြစ်လို့ လုပ်ငန်းသစ်စဖို့ အခက်အခဲတွေကို သူသိသည်။ ပိုင်မိသားစုက မုရှောင်ယရတဲ့ ပိုက်ဆံကို မရရှိပေမယ့် အထူးသဖြင့် မုရှောင်ယ ဒီဇိုင်းထုတ်ထားတဲ့ ဖိနပ်ကို ဝတ်ဆင်ပြီးနောက်မှာ သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဖန်တီးဖို့အတွက် မုရှောင်ယရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ရည်မှန်းချက်ကို သဘောကျခဲ့သည်။
"ဒါဆို... စျေးဝယ်ကတ် မလိုအပ်ပါဘူး၊ ကျွန်မတို့ ပရိဘောဂတွေ ကိုယ်တိုင်ဝယ်လိုက်မယ်" မုရှောင်ယက အိမ်ကို သူမ မငြင်းနိုင်မှန်းသိတာကြောင့် အနည်းဆုံးတော့ ကတ်ပြန်ပေးရမည်။
“ပရိဘောဂကို မင်းအတွက် ငါ့အိမ်တက်လက်ဆောင်အနေနဲ့ တွက်လိုက်” ပိုင်ကျန့်က အမူအရာမဲ့စွာ ပြောလာသည်။
“ဒါပေမယ့် အိမ်…” မုရှောင်ယက တိုးတိုးလေးပြောလာပြီး နောက်ထပ် ထပ်လက်ခံရမှာကို သူမ အရမ်းရှက်သွားခဲ့သည်။
"အိမ်က ငါ့မိဘတွေရဲ့ လက်ဆောင်ပဲ၊ ငါက ပရိဘောဂတွေပဲ ပေးတာ " ပိုင်ကျန့်က မုရှောင်ယ ဒါကို ငြင်းချင်နေတာတွေ့တော့ သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ဒါမှမဟုတ် မင်းက ငါ့ကို တခြားအိမ်ပေးစေချင်တာလား။"
“မဟုတ်ဘူး…အဲလိုမဟုတ်ဘူး…ကျေးဇူးပါ အစ်ကိုကြီး ” မုရှောင်ယက ပိုင်ကျန့် အခြားအိမ်တစ်လုံးဝယ်လာမည်ကို ကြောက်ရွံ့သဖြင့် သူမ ကြောက်လန့်ပြီး စျေးဝယ်ကတ်ကို အမြန်ဖယ်ထုတ်လိုက်သည်။
မုရှောင်ယက ပိုင် မိသားစုနှင့်အတူ သင်သည် လုံးဝယဉ်ကျေးမနေနိုင်သည်ကို ရှာဖွေတွေ့ရှိခံခဲ့ရသည်။သင် ပိုယဉ်ကျေးလေ၊ လက်ဆောင်တွေ များများရလေလေပဲ။
မနက်စာစားပြီးတာနဲ့ အားလုံးက မရေမရာဖြစ်စွာ ထွက်ခဲ့ကြသည်။ ပိုင်ကျန့် နဲ့ ပိုင်ချွမ်းတို့က ကုမ္ပဏီကိုသွားခဲ့ကြပြီး ပါပါးပိုင်က ဂေါက်ကွင်းကိုသွားခဲ့ပြီး မာမားပိုင်က သူ့ကောင်မလေးတွေကို အပြင်ထွက်ဖို့ ဖိတ်ခေါ်ထားတာကြောင့် ပိုင် မိသားစုလေးယောက်သား အတူတူ တံခါးအပြင်ကို ထွက်ခဲ့ကြသည်။
ဦးလေးလီက ပါပါးပိုင်ရဲ့ ဂေါက်ကလပ်ဆီ လျှောက်သွားရင်း ပိုင် မိသားစု၏ ၀တ်စားဆင်ယင်မှုကို ကြည့်လိုက်ရာ ကြီးမားသော မျက်လုံးများဖြင့် သူတို့ကို ပြတ်ပြတ်သားသား ချီးမွမ်းလိုက်သည်။ “သခင်ကြီး၊ သခင်မ၊ ဒုတိယသခင်လေး ဒီနေ့ ဝတ်ထားတဲ့ အဝတ်အစား ဖိနပ်ပဲဖြစ်ဖြစ်၊ တစ်ချက်ကြည့်လိုက်တာနဲ့ မိသားစုပဲဆိုတာ လူတိုင်းသိလိမ့်မယ်”
ပါပါးပိုင်နဲ့ မာမားပိုင်က ရုတ်တရတ် ဝမ်းသာပီတိဖြစ်သွားသည်။
"ဟမ့်။"
ဝတ်စုံအပြည့်ဝတ်ထားသော ပိုင်ကျန့်ဆီက အေးစက်သောအသံတစ်ခုထွက်လာသည်။
…
ပိုင်ကျန့်ရဲ့ စွမ်းဆောင်ရည်က အလွန်မြင့်မားသည်။ မနက်က အိမ်မှာပြောပြီး ရုံးရောက်ပြီး မကြာခင်မှာပဲ အိမ်ခန်းလက်မှတ် ပို့ဖို့ သူ့လက်ထောက်ကို တောင်းနေပြီ။ မုရှောင်ယ ကြည့်လိုက်တော့ အိမ်ခြံမြေ လက်မှတ်မှာ သူမနဲ့ ပိုင်ချွမ်း ရဲ့ နာမည်တွေ ရေးထားတာ တွေ့လိုက်သည်။
"ဒါဆို နင် ဒါမှမဟုတ် ပိုင်ချွမ်းရဲ့နာမည်သက်သက်ကြည့်မဟုတ်ဘူးပေါ့ နင်တို့နှစ်ယောက်လုံးရဲ့ နာမည်တွေပဲ " ဖန်းဟော်က ပိုင်ဆိုင်မှုလက်မှတ်ကိုကြည့်ကာ "ပိုင် မိသားစုက တော်တော်စဉ်းစားခဲ့တာပဲ" လို့ပြောခဲ့သည်။
ပိုင် မိသားစု၏ ငွေကြေးအရင်းအနှီးဖြင့် မုရှောင်ယအတွက် အိမ်တစ်လုံးဝယ်ရန် ဖြစ်နိုင်သော်လည်း ၎င်းတို့က ထိုသို့မလုပ်ဆောင်ခဲ့ပေ။ မုရှောင်ယနဲ့ ပိုင်ချွမ်းတို့ရဲ့ အမည်များကို လက်မှတ်ပေါ်တွင် အတိအကျရေးထားပြီး ၎င်းတို့သည် မုရှောင်ယနဲ့ ပိုင်ချွမ်းတို့က တူညီသော အနေအထားတွင် ထားရှိကြောင်း ပြောကြသည်။
"အာ မှန်တယ် ငါလည်း မမျှော်လင့်ထားဘူး။" မုရှောင်ယက သူမ နှလုံးသားထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။
လက်မှတ်မှာ ရေးထားတာက သူမနာမည်သာရှိရင် မုရှောင်ယက ပြန်ပြီး ပိုင်ချွမ်းဆီ အိမ်ကို လွှဲပေးလိမ့်မယ်၊ ဒါပေမယ့် အခု လက်မှတ်တစ်ခုထဲမှာ သူတို့နှစ်ယောက်ရဲ့ နာမည်တွေကို အတူတူရေးထားတဲ့အတွက် မုရှောင်ယက ဘာမှလုပ်မှာမဟုတ်ဘူး။ ပိုင် မိသားစုရဲ့ ရည်ရွယ်ချက်က သူမ ဒီထက်ပိုပြီး တစ်ခုခုလုပ်ရင် ကြောင်သူတော်ဖြစ်လာမှာ အသေအချာပါပဲ။
“အိမ်ရဲ့ အကျယ်အဝန်းက 130 စတုရန်းမီတာကျော်ရှိတယ် နောက်တော့ အပေါ်ထပ်လည်း ရှိနိုင်ပြီး အခန်းတွေ အများကြီးရှိလိမ့်မယ်။ ပြန်သွားပြီး ငါ့အတွက် တစ်ခန်း ကြိုဖယ်ထား နောက်ကျ ငါ အလုပ်နောက်ကျရင် နင့်အိမ်ကို လိုက်လာလို့ရတယ်" ဖန်းဟော်က နောက်ပြောင်လိုက်သည်။
"မီးသီးဖြစ်ရမှာကို မရှက်ဘူးဆိုရင် ငါ့အိမ်က ကြိုဆိုနေမှာပါ" မုရှောင်ယက သူမကို တစ်ချက်ကြည့်လိုက်သည်။ [T/N- စုံတွဲတစ်တွဲ၏ ချစ်စဖွယ်အခိုက်အတန့်ကို အနှောက်အယှက်ဖြစ်စေသော တတိယပုဂ္ဂိုလ်]
"အတန်းဖော် မုရှောင်ယ နင် ချမ်းသာတဲ့ မိသားစုနဲ့ အိမ်ထောင်ကျပြီးကတည်းက နင်က ပိုပိုပြီး တောင့်တင်းလာတယ်ဆိုတာ ငါတွေ့ရတယ်။ အရင်တုန်းကတော့ 1.5 မီတာရှိတဲ့ အိပ်ရာကို ငါနဲ့ခွဲဝေဖို့ ဆန္ဒရှိနေပေမယ့် အခု 130 စတုရန်းမီတာက ကုတင်တစ်လုံးကို နှမြောဖို့ ဆန္ဒရှိနေတယ်”
"ငါ့ကို ဘယ်သူက တစ်စုံတစ်ယောက်နဲ့ မိသားစုလုပ်ခိုင်းထားတာလဲ။ ငါသာ တစ်ယောက်တည်းသမားဖြစ်နေသေးရင် အိပ်ရာမပြောနဲ့ နင့်ကို အိမ်တောင်ပေးနိုင်တယ် " မုရှောင်ယက ရက်ရောစွာပြောလိုက်သည်။
“ဟမ့်။” နောက်ပြောင်ပြီးနောက်မှာ ဖန်းဟော်က တိုက်တွန်းလိုက်သည်။ "နေ့လည်စာစားပြီးရင် မင်းရဲ့အိမ်အသစ်ကိုတွေ့ဖို့ ငါဘာလို့မလိုက်ရတာလဲ။"
“မဖြစ်ဘူး… ငါ ပိတ်ရက်အထိ စောင့်ပြီး ပိုင်ချွမ်းနဲ့ သွားကြည့်ချင်တယ် ” မုရှောင်ယက ပြောလိုက်သည်။
"ကောင်းပြီ ဒါဆို ငါနင့်ကို မနှောင့်ယှက်တော့ဘူး။ ငါ အတွင်းပိုင်းအလှဆင်ပြီးတဲ့အထိ စောင့်လိုက်မယ်" ဖန်းဟော်က နားလည်စွာ ခေါင်းညိတ်လိုက်သည်။ မင်္ဂလာဦးအိမ်က မိန်းကလေားသူငယ်ချင်းနဲ့ နှိုင်းစာလျှင် သဘာဝအတိုင်း ခင်ပွန်းဖြစ်သူနှင့် အရင်သွားသင့်သည်။
"တနင်္ဂနွေမှာ နင်အဆင်ပြေရင် နင်လည်းလိုက်လာလို့ရတယ်" မုရှောင်ယက သူမကိုဖိတ်လာသည်။
"ဘာလို့လဲ။"
"နင်အမြဲတမ်း ပိုင်ချွမ်းကို တွေ့ချင်နေတာမဟုတ်ဘူးလား။" မုရှောင်ယ ပြုံးလိုက်သည်။