#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၄၆; ကိုယ်မင်းကို အလုပ်ကနေ လာကြိုတယ်
လုရန်က လုံခြုံရေးဌာနမှ အောက်ထပ်ဆီ အလျင်အမြန် ပြေးလာသောအခါ ပိုင်ကျန့်က အဆောက်အဦး၏ ဂိတ်တံခါးကို နောက်ပြန်လှည့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက အသက်ရှုဝတဲ့ထိမနေရဲပဲ သတင်းပို့ဖို့ မစောင့်နိုင်ခဲ့ပေ။ "အထွေထွေမန်နေဂျာ၊ ဒုတိယသခင်လေးက 2:51 နာရီမှာ အဆောက်အဦးက ထွက်သွားခဲ့တယ်"
"သူကားခေါ်သွားလား။" ပိုင်ကျန့်က မေးခွန်းထုတ်လာသည်။
“သူ မခေါ်ပါဘူး။ ဒုတိယသခင်လေးက ဟိုဘက်ကို ပြေးသွားပါတယ် ” လုရန်က လမ်းညာဘက်ခြမ်းကို ညွှန်ပြပြီး ဆက်ပြောလာခဲ့သည်။ "တတိယတောင်လမ်းကို ဝင်ပြီးနောက်မှာ ကျွန်တော်တို့ရဲ့ မော်နီတာနဲ့ ထိန်းချုပ်စနစ်က သူ့ကို ရှာမတွေ့တော့ဘူး"
"ရှောင်ချွမ်းက သူ့ဖုန်းနဲ့ ပိုက်ဆံတွေ ယူမသွားဘူး " ပိုင်ကျန့်က ထိတ်လန့်တုန်လှုပ်စွားနဲ့ သူ့ရှေ့က ကားကို ထိုးကြိတ်ရင်း ပြောလိုက်သည်။ "လုံခြုံရေးအပိုင်းက လူတွေ ဘာတွေလုပ်နေတာလဲ။ လူတစ်ယောက်ကိုတောင် မစောင့်ရှောက်နိုင်ဘူး။"
"အထွေထွေမန်နေဂျာ၊ စိတ်မပူပါနဲ့၊ ဒုတိယသခင်လေးက ဒုတိယသခင်မလေးကို သွားရှာမှာပါ။" လုရန်က ဖြေသိမ့်ဖို့ ကြိုးစားသော်လည်း သူ့စိတ်ထဲတွင်တော့ လုံခြုံရေးဌာနကို အပြစ်မတင်နိုင်မှန်း သိသည်။ ကုမ္ပဏီတွင် ဒုတိယသခင်လေး ကုန်ဆုံးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ၏ အလုပ်ချိန်ကို စက်တစ်ခုလို အမြဲသတ်မှတ်ထားသည့်အပြင် အတွင်းလူများအားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နေကြဆဲဖြစ်ပြီး ယခုလို မမျှော်လင့်ထားသော မတော်တဆမှုမျိုး မရှိဖူးသလို လုံခြုံရေးသည် အနားမယူဘဲ စောင့်ကြည့်ရေးစနစ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေနိုင်မည်မဟုတ်ပေ။
"ဒီကနေ မုရှောင်ယ ရဲ့ စတူဒီယိုကို ကားနဲ့သွားဖို့ နာရီဝက်လောက်လိုတယ်။ ရှောင်ချွမ်းက ဘယ်လိုလုက် လမ်းလျှောက်ပြီး အဲဒီကိုသွားမှာလဲ။ "
"အထွေထွေမန်နေဂျာ၊ ဒုတိယသခင်လေးက ပါးနပ်တယ်၊ သူ့အတွက် ဘာမှဖြစ်မလာနိုင်ပါဘူး "
"သူ့ရဲ့သင်္ချာစွမ်းရည်က ပိုကောင်းတာအပြင် တခြားကဏ္ဍတွေမှာလည်း အရူးတစ်ယောက်ပဲ။ သူက တခြားလူတွေနဲ့ စကားတောင် မပြောတတ်ဘူး၊ မင်း ငါ့ကို ဘာပြဿနာမှမရှိဘူးလို့ ပြောရဲသေးတာလား။"
“အထွေထွေမန်နေဂျာ၊ ဒုတိယသခင်လေးရဲ့ မှတ်ဉာဏ်က အရမ်းကောင်းတယ်၊ ဒုတိယသခင်မလေးရဲ့နေရာကို သွားဖို့ ဘယ်လမ်းကို သွားရမလဲ မှတ်မိနေလိမ့်မယ်။ လမ်းဘေးမှာ လိုက်ရှာဖို့ ကား မောင်းသင့်တယ်၊ ဒါဆို ကျွန်တော်တို့ သေချာပေါက် တွေ့နိုင်တယ်” လုရန်က အကြံပေးလာသည်။
ပိုင်ကျန့်က တဖြည်းဖြည်း ငြိမ်သက်သွားပြီး နာရီကို ကြည့်လိုက်သည်။ "အခု 3.16 ပဲရှိသေးတယ် ရှောင်ချွမ်းက လွန်ခဲ့တဲ့ 25 မိနစ်က ထွက်သွားတာ မင်း လုံခြုံရေး အစောင့်တွေနဲ့ ယာဉ်မောင်းတွေ ခေါ် ကားတွေ အားလုံးနဲ့ ဆိုင်ကယ်တွေယူပြီး မုရှောင်ယဆီ သွားတဲ့လမ်းမှာ သူ့ကို ချက်ခြင်းရှာ။"
"ဟုတ်ကဲ့ အားလုံးစီစဉ်လိုက်ပါ့မယ်" လုရန်က ဒီကိစ္စကို ဖြေရှင်းဖို့ အမြန်လှည့်ပြီး ပြေးသွားသည်။
ပိုင်ကျန့်က ကားတံခါးကို ဆွဲဖွင့်ကာ မုရှောင်ယကို အခြားလက်တစ်ဖက်ဖြင့် ဖုန်း ခေါ်လျက် ကားကို လက်တစ်ဖက်ဖြင့် စမောင်းလိုက်သည်။
"ဟယ်လို။" ဖုန်းက မကြာခင်မှာ ချိတ်ဆက်သွားသည်။
"မုရှောင်ယ" ကားကို မောင်းနေစဉ် သူ့မျက်လုံးများက လမ်း၏ လူသွားစင်္ကြန်နှစ်ခုကို စကင်န်ဖတ်တာမရပ်ဘဲ ကြည့်နေသည်။ ပိုင်ချွမ်းက ကုမ္ပဏီရဲ့ အဆောက်အဦအနီးမှာ နာရီဝက်နီးပါး ထွက်ခွာသွားခဲ့ပြီဆိုတာ ရှင်းရှင်းလင်းလင်း သိထားပေမယ့် ဘယ်သူ့ရဲ့အရိပ်ကိုမှ သူ့အကြည့်ကနေ လွတ်ထွက်သွားအောင် မလုပ်ရဲသေးဘူး။
"အစ်ကိုလား။" မုရှောင်ယရဲ့ အသံက အနည်းငယ် ထိတ်လန့်သွားသည်။
"ရှောင်ချွမ်းကို မင်းခေါ်ခဲ့တာလား။ "
"မဟုတ်ဘူး ရှောင်ချွမ်း အခု အလုပ်မှာမဟုတ်ဘူးလား။ "
"သူက မင်းကို အလုပ်ကနေ သွားကြိုချင်တယ်လို့ ပြောပြီး မင်းကိုရှာဖို့ ထွက်သွားတာ။" ပိုင်ကျန့် ရဲ့အကြည့်တွေက မှုန်မှိုင်းသွားသည်။ ' မုရှောင်ယ အဲ့ဒါကို မသိဘူးပေါ့ '
"သူက ကျွန်မကို အလုပ်ကို လာကြိုချင်တာလား။ ကျွန်မသူ့ကိုချက်ချင်းဖုန်းဆက်လိုက်မယ်။"
“မခေါ်နဲ့။ သူ့ဖုန်းကို ယူမသွားဘူး”
"ဘာ။" မုရှောင်ယရဲ့ ထိတ်လန့်တုန်လှုပ်သော အော်သံနှင့်အတူ လေးလံသော အရာဝတ္ထုအချို့ မြေပြင်ပေါ်သို့ ပြုတ်ကျသည့် အသံလည်း ထွက်ပေါ်လာသည်။ ဖုန်းထဲမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မုရှောင်ယရဲ့ တုန်လှုပ်နေတဲ့ အသံထွက်လာသည်ာယ "အစ်ကို ရှင် ကျွန်မကိုခေါ်လာတာ ရှောင်ချွမ်းကို မတွေ့သေးဘူးလို့ ဆိုလိုတာလား။ "
"...သူဖုန်းမယူသွားရုံတင်မကဘူး ငါ သူ့အတွက်ပြင်ဆင်ထားတဲ့ကားကိုလည်းမခေါ်ဘဲ တစ်ယောက်တည်းထွက်သွားတယ်" ပိုင်ကျန့်က ဘာကိုမှ မဖုံးကွယ်ဖို့ ဆုံးဖြတ်လိုက်သည်။
“သူ…သူ သွားတာ ဘယ်လောက်ကြာပြီလဲ။ ကျွန်မ ... သူ့ကို သွားရှာလိုက်မယ်" မုရှောင်ယရဲ့ ထိတ်လန့်တုန်လှုပ်နေသော အသံထဲတွင် ကြောက်ရွံ့မှုများ ရောထွေးနေသည်။
ပိုင်ကျန့်က ရှေ့မီးနီတွင် ရပ်လုနီးပါးပင်။ သူ့စိတ်တွေ ပူပန်နေတာ ကြာပြီ၊ ဒါပေမယ့် မုရှောင်ယကို နှစ်သိမ့်ပေးဖို့ မမေ့ဘူး။ "စိတ်မပူပါနဲ့၊ သူ့ကို လမ်းတစ်လျှောက် ရှာဖွေဖို့ ကုမ္ပဏီရဲ့ ယာဉ်မောင်းနဲ့ လုံခြုံရေး အစောင့်တွေကို ငါ လွှတ်ထားပြီးသား။ မင်းက စတူဒီယိုထဲမှာပဲနေ၊ ငါတွေ့ရင် သူ့ကို အဲဒီကို လိုက်ပို့ပေးမယ်။ ထွက်မသွားပါနဲ့ ရှောင်ချွမ်းက မင်းကိုလိုက်ရှာနေတာ"
“ကောင်းပြီ” မုရှောင်ယက အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။ "အစ်ကို၊ အိမ်ပြန်ဖို့ လမ်းတစ်လျှောက်မှာ လူတွေကို လိုက်ရှာခိုင်းလိုက်၊ ရှောင်ချွမ်း အိမ်ပြန်တာလည်းဖြစ်နိုင်ခြေရှိတယ်"
"မဟုတ်ဘူး၊ သူက မင်းကိုရှာချင်တယ်လို့ပြောတယ်၊ ဒါကြောင့် မင်းကို အခုချက်ချင်းလိုက်ရှာနေလိမ့်မယ်" ပိုင်ချွမ်း ရည်ရွယ်တဲ့စကားလုံးကို သူ့မိသားစုထက် ဘယ်သူမှ ပိုသိမှာ မဟုတ်ဘူး။
"ဒါဆို... အစ်ကိုမြေပုံမှာ လိုက်ရှာလိုက်၊ ရှောင်ချွမ်းက မြေပုံကို မှတ်မိတယ်၊ ဒါကြောင့် ကျွန်မနေရာကိုလာဖို့ မြေပုံအတိုင်းသွားနေလိမ့်မယ်"
"ငါသိပြီ" ပိုင်ကျန့်က ဖုန်းကို ချလိုက်ပြီး ဖုန်းလမ်းကြောင်းပြမှုကို မြှင့်တင်လိုက်ကာ တစ်နာရီကို ကီလိုမီတာ 20 အရှိန်နဲ့ လမ်းတစ်လျှောက် ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။
"မုမု ဘာဖြစ်တာလဲ။" ဖန်းဟော်က ကြော်ငြာကုမ္ပဏီမှ ပြန်ရောက်လာပြီး ပိုစတာများစွာကို ကိုင်ထားကာ တံခါးဝတွင် အနီရောင်မျက်လုံးများဖြင့် ရပ်နေသော မုရှောင်ယကို တွေ့လိုက်ရသည်။
"ဖန်းဟော် ရှောင်ချွမ်း၊ ရှောင်ချွမ်း သွားပြီ" ဖန်းဟော်ကိုမြင်လိုက်ရတော့ မုရှောင်ယက သည်းမခံနိုင်တော့ဘဲ မျက်ရည်တွေက မိုးရေလို ရုတ်တရက် စီးကျလာသည်။
"ဘာ။" ဖန်းဟော်က ထိုနေရာမှာပဲ တိုက်ရိုက် ထိတ်လန့်သွားသည်။
"ပိုင်ကျန့်က ဖုန်းနဲ့ ပိုက်ဆံအိတ်မယူဘဲ ရှောင်ချွမ်း တစ်ယောက်တည်း ကုမ္ပဏီကထွက်သွားတယ်လို့ပြောလာတယ်။ သူထွက်သွားတော့ သူက ငါ့ကို အလုပ်ကလာကြိုဖို့ ဒီကိုလာချင်တယ်လို့ ပြောခဲ့တယ်တဲ့ " မုရှောင်ယက သူမ၏ ဉာဏ်ကောင်းမှုကြောင့် ထိတ်လန့်သွားသည်။ "ရှောင်ချွမ်းက ဒီလိုရှည်လျားတဲ့လမ်းမှာ မတော်တဆမှုတစ်ခုဖြစ်နိုင်လား။"
"အခု မငိုပါနဲ့ နင်..." ဖန်းဟော်လည်း ရှုပ်ထွေးနေပြီး သူမ စိုးရိမ်တကြီး လှည့်ကာ ရှောင်ရှင်းကို ခေါ်လိုက်သည်။ ရှောင်ရှင်း ပြေးလာချိန်အထိ စောင့်ရင်း သူမလက်ထဲတွင်ကိုင်ထားသော ပိုစတာများကိုပေးလိုက်ပြီး မုရှောင်ယကို ပွေ့ဖက်လိုက်သည်။ "အဆင်ပြေမှာပါ။ နင့်ကိုနင် ကြောက်အောင် မလုပ်နဲ့။ ပိုင်ချွမ်းမှာ ပညာရှင်ရောဂါ ရှိတယ်၊ သူ့ရဲ့ IQ က လူအများစုထက် ပိုမြင့်တယ်၊ သူမြင်တာနဲ့ ဘာမဆို မှတ်မိနိုင်တယ်၊ ဒါကြောင့် ငါတို့နေရာကို လာရမယ့်လမ်းကိုလည်း မှတ်မိတယ်၊ သူလမ်းမပျောက်မှာ သေချာတယ်။ မကြာခင်မှာ သူကိုယ်တိုင် ဒီကိုရောက်လာလိမ့်မယ်”
"ငါတို့နေရာက ရီဖုန်း Group နဲ့ ကီလိုမီတာ 20 နီးပါး ဝေးတယ်၊ လမ်းတလျှောက် လမ်းဆုံတွေ အများကြီးရှိတယ်၊ ပြီးတော့ သူစိမ်းတွေလည်း များတယ်၊ ကားတွေနဲ့ စက်ဘီးတွေလည်း အများကြီးပဲ..." လို့ သူမပြောပြတဲ့ လမ်းအခြေအနေတိုင်းနဲ့ မုရှောင်ယရဲ့ မျက်နှာက ပိုဖြူဖျော့လာသည်။ "ရှောင်ချွမ်းက စကားပြောရတာကို မကြိုက်ဘူး၊ တခြားသူတွေပြောတာကို ကြားရတာလည်း မကြိုက်ဘူး၊ မီးပွိုင့်ကို လှမ်းကြည့်ရမှန်းတောင် မသိဘူး..."
"မုမု မုမု မုရှောင်ယ။" ဖန်းဟော်က မုရှောင်ယပခုံးကို ကိုင်လျက် လှုပ်ခါလိုက်ပြီး သူမလည်ချောင်းသံနဲ့ စူးစူးဝါးဝါးအော်လိုက်သည်။ “စိတ်အေးအေးထားစမ်း”
"ဟော်ဟော် ငါကြောက်တယ်" မုရှောင်ယရဲ့ အသံထဲတွက် ကူကယ်ရာမဲ့သော ခံစားမှုတစ်ခု အပြည့်ရှိနေသည်။
"ပိုင်ချွမ်းက နင့်ကို အလုပ်ကလာကြိုချင်တာ မဟုတ်ဘူးလား။ အဲ့တော့ သူ့ကို ဒီမှာ စောင့်ရမယ်။ သူက နင့်ကို အရမ်းချစ်တာ သေချာတယ်။ သူဒီကိုရောက်တဲ့အထိ လမ်းလျှောက်နိုင်တယ်။ သူ့ကိုယုံလိုက်။ " ဖန်းဟော်က သူမ၏ သူငယ်ချင်းကို နှစ်သိမ့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း အော်တစ်ဇင်တစ်ယောက်အတွက် ကီလိုမီတာ 20 ရှည်လျားသော လမ်းပေါ်တွင် သူ့ဘာသာသူ လမ်းလျှောက်ပါက စိုးရိမ်စရာ ပြဿနာများစွာ ရှိမည်မှာ သေချာသိသည်။
" အဲ့ဒါ မှန်တယ် အစ်မ မုမု၊ ကျွန်တော် တို့ရဲ့လူထုစည်းမျဥ်းစည်းကမ်းက တကယ်ကောင်းတယ်၊ အစ်မခင်ပွန်း ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး" ဘေးနားက တိတ်တိတ်ဆိတ်ဆိတ်ကြားနေရသော ရှောင်ရှင်းကလည်း လာပြီး သူမကို နှစ်သိမ့်ပေးသည်။
"ရှောင်ရှင်း နင့်မှာ လျှပ်စစ်ကားမရှိဘူးလား။ နင့်ကားကို စီးပြီး သူတို့ရှာဖွေမှုကို ကူညီဖို့ ရီဖုန်း Group ရဲ့ လမ်းကြောင်းအတိုင်း သွားကြည့်လိုက် ငါ ပိုင်ချွမ်းရဲ့ ဓာတ်ပုံကို နင့်ဖုန်းထဲ ပို့လိုက်မယ် နင့်မှာသတင်းရှိရင် ချက်ချင်း ဖုန်းဆက်လိုက်" ဖန်းဟော်က ယခု မုရှောင်ယကို ဒီလိုမြင်ရသည်ကို စိတ်ချနိုင်မည်မဟုတ်တာကြောင့် သူမသည် ရှောင်ရှင်းကိုသာသွား၍ ရှာဖွေခိုင်နိုင်သည်ဖြစ်သည်။
"ကောင်းပြီ ကျွန်တော် အခု သွားလိုက်မယ်" ရှောင်ရှင်းက သူ့လက်ပေါ်ရှိ ပစ္စည်းများကို ချလိုက်ပြီး ကားသော့ကို ဆွဲကိုင်ကာ ထွက်သွားသည်။
"မုမု အထဲမှာ စောင့်ရအောင် " ဖန်းဟော်က မုရှောင်ယကို စတူဒီယိုထဲ ခေါ်သွားချင်ခဲ့သည်။
"မဟုတ်ဘူး ငါဒီမှာစောင့်နေမယ်" မုရှောင်ယက ဖန်းဟော်ကို တွန်းလိုက်ပြီး စတူဒီယိုရှေ့က လှေကားထစ်တွင် ထိုင်ကာ ဒူးပိုက်လျက် လမ်းဆုံကို တိုက်ရိုက် စိုက်ကြည့်နေသည်။
ဖန်းဟော်မှာ အခြားရွေးချယ်စရာမရှိတော့ဘဲ မုရှောင်ယဘေးမှာ ထိုင်ဖို့သာ ရွေးချယ်နိုင်သည်။
တစ်နာရီနီးပါးစောင့်ဆိုင်းပြီးနောက်မှာ ပိုင်ချွမ်းကို မတွေ့ရသေးဘဲ ရှောင်ရှင်းထံ ဖုန်းမဆက်ရသေးသော်လည်း နောက်ဆုံးတွင် ပိုင်ကျန့်နှင့်တွေ့ခဲ့သည်။
ပိုင်ကျန့်က ကားပေါ်ကဆင်းပြီး လှေကားထစ်ကနေ တည့်တည့်ပြေးလာတဲ့ တုန်လှုပ်ချောက်ချားနေတဲ့ ရှောင်ယကိုကြည့်နေချိန် သူမက ကားတံခါးကိုဆွဲဖွင့်ပြီး အတွင်းထဲကို ကြည့်လာသည်။ မူလက သူမကို မေးခွန်းအချို့မေးချင်သော်လည်း သူ့ပါးစပ်က ဘာစကားမှ မပြောထွက်နိုင်ခဲ့ပေ။
'မေးစရာလိုလို့လား။ ရှောင်ချွမ်းသာ ဒီမှာရှိနေရင် သူမဒီလိုပုံပေါက်မှာမဟုတ်ဘူး။'
"မတွေ့သေးဘူးလား။" ပိုင်ကျန့်ကို စိုက်ကြည့်ရင်း မုရှောင်ယ လက်မခံနိုင်ခဲ့ပေ။
“…” မုရှောင်ယကို ထိုကဲ့သို့ အသွင်အပြင်ဖြင့် ကြည့်ရင်း ပိုင်ကျန့်က နှစ်သိမ့်စကား အနည်းငယ်သာ ပြောနိုင်သည်။ “သိပ်မစိုးရိမ်ပါနဲ့၊ ဒါက ရှောင်ချွမ်းရဲ့ ပထမဆုံး အကြိမ် အပြင်ထွက်တာ မဟုတ်ပါဘူး၊ ကိစ္စမရှိပါဘူး…”
'ဟုတ်တယ်၊ ပိုင်ချွမ်းက ဒီလိုကြီးပြင်းလာတာ၊ ဒါက သူ့ရဲ့ပထမဆုံးအကြိမ် အပြင်ထွက်တာမဟုတ်ဘူး။ သူ့ရဲ့ လတ်တလော အကြောင်း ပြောရရင်၊ မုရှောင်ယကို သူလက်ထပ်ခွင့်တောင်းတဲ့အချိန် အချိန်ဖြစ်ရမှာဖြစ်သလို၊ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ပိုင်ချွမ်းက ကလေးဘဝတုန်းက အကြိမ်အနည်းငယ် တစ်ယောက်တည်း တိတ်တဆိတ် ထွက်သွားဖူးပါတယ်။'
သူက အချိန်တိုင်း ဘေးကင်းစွာဖြင့် အိမ်သို့ အမြဲပြန်လာသော်လည်း နောက်ဆုံးတွင် ပိုင်ချွမ်းက သာမန်လူများနှင့်မတူပေ။ အကြိမ်ပေါင်း တစ်သန်းကျော် အိမ်ကို ဘေးကင်းစွာ ပြန်ရောက်ခဲ့ရင်တောင်မှ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို မလျှော့ချနိုင်သေးဘဲ သူက တစ်ကြိမ်တော့ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့သည်။
"ရှင် ပြောတာမှန်တယ်၊ ရှောင်ချွမ်းက ဉာဏ်ကောင်းတယ်၊ သူက ဒီနေရာကို ရှာတွေ့နိုင်တယ်" မုရှောင်ယက သူမကိုယ်သူမ နှစ်သိမ့်ကာ လှေကားထစ်ဆီ ပြန်သွားပြီး ထိုင်ကာ သူ့ကို စောင့်ဆိုင်းနေခဲ့သည်။
ပိုင်ကျန့် သက်ပြင်းချလိုက်သည်။ သူ့ကားဆီ ပြန်သွားကာ ဂငယ်ကွေ့ပြီး နောက်တစ်ကြိမ် ရှာဖွေဖို့ စီစဉ်ခဲ့သည်။
"ဟော်ဟော် ငါတို့ဆီရောက်ဖို့ ကားနဲ့ဆို နာရီဝက်လိုရင် ငါတို့ ခြေလျင်လျှောက်ဖို့ ဘယ်နှစ်နာရီလိုလဲ။" မုရှောင်ယ ယက ဖန်းဟော်ကို မှုန်မှိုင်းလျက်မေးလာသည်။
“၃ နာရီ ဝန်းကျင်” တစ်နာရီလျှင် ကီလိုမီတာ ၆ဝ အမြန်နှုန်းဖြင့် တွက်ချက်ပါက ကီလိုမီတာ ၂၀ ရှည်လျားသော လမ်းကို ဖြတ်ကျော်ရန် ၃ နာရီခန့် လိုအပ်မည်ဖြစ်သည်။
"ရှောင်ချွမ်းက တစ်နာရီခွဲလောက် လမ်းလျှောက်ပြီးပြီ၊ ငါတို့ နောက်ထပ်တစ်နာရီလောက်စောင့်ရင် ရှောင်ချွမ်းကို ငါတို့တွေ့ရနိုင်လား။" မုရှောင်ယက မေးသည်။
“အင်း” ဖန်းဟော်က ခေါင်းညိတ်ပြရုံမှလွဲ၍ မည်သို့ဖြေရမည်ကို မသိခဲ့ပေ။
လွန်ခဲ့သောနှစ်ရက်က သူမသည် အိမ်သစ်ကိုကြည့်ရင်း သူတို့နှင့်အတူလိုက်ပါသွားသောအခါတွင် သူမသည် သက်သာရာရသွားခဲ့ပြီး ပိုင်ချွမ်းက မပြည့်စုံသော်လည်း မုရှောင်ယက သူနှင့်တကယ်ပျော်နေပုံရသည်။ သို့သော် ယခုအချိန်တွင် မုရှောင်ယ၏ ထိတ်လန့်သောအသွင်အပြင်ကို မြင်လိုက်ရသဖြင့် ဖန်းဟော်က အမှန်တကယ်ပင် မပျော်မရွှင်ဖြစ်ခဲ့ရသည်။
လက်တွဲဖော်တစ်ဦးသည် တစ်ဦးနှင့်တစ်ဦး တည်ရှိနေမှုကို အပြန်အလှန်ပံ့ပိုးပေးသင့်သော်လည်း အမှန်တကယ်တွင် ပိုင်ချွမ်းက အခြားလူများကို တစ်ယောက်တည်း ထွက်သွားသောအခါတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်မရှည်မှုတို့ကို ပူလောင်စေသော အော်တစ်ဇင်ရောဂါရှိသူဖြစ်သည်။ မုမု မိသားစုသည် သူမ၏ထောက်ပံ့မှုပေါ်တွင်သာ မှီခိုနိုင်သည်။ ပျော်ရွှင်မှုတွေ အများကြီးရှိခဲ့ပေမယ့် ဝန်ထုပ်ဝန်ပိုးတွေလည်း အများကြီးပါပဲ။ [T/N- သူမသည် ရှောင်ယနဲ့ ရှောင်ချွမ်း အကြောင်းကို မိသားစုတစ်ခုအဖြစ် ပြောနေတာဖြစ်သည်]
အချိန်နာရီဝက်လောက်ကြာတော့ ရှောင်ရှင်းက လျှပ်စစ်ကားနဲ့ ပြန်လာခဲ့ပေမယ့် လက်ဗလာနဲ့ ခေါင်းယမ်းလိုက်သည်။ ပိုင်ချွမ်းကို ရှာမတွေ့ကြောင်း သိလိုက်ရတော့ တိတ်တဆိတ်ပဲ သူပြန်ရှာတော့သည်။
နောက်ထပ် မိနစ် 20 လောက်ကြာတော့ နောက်ထပ်အသွားအပြန်ခရီးထွက်ခဲ့တဲ့ ပိုင်ကျန့်က လမ်းဆုံကို တစ်ဖန်ပြန်သွားခဲ့သည်။ သူက လှေကားထစ်များပေါ်တွင် ထိုင်နေသေးသော မုရှောင်ယကို ငေးကြည့်ရင်း သူ့ကိုယ်သူ ခြေလှမ်းမလှမ်းနိုင်သလို ခံစားလိုက်ရသည်။
"အထွေထွေမန်နေဂျာ၊ ထွက်သွားတဲ့သူတွေ ပြန်လာပေမယ့် သတင်းမရသေးပါဘူး " လုရန်က သူ့ဖုန်းကို ခေါ်လာပြီး ပြောလာသည်။ "ဒါကို ရဲကို ဘယ်လို သတင်းပေးရမလဲ။ "
“အလျင်လိုမနေပါနဲ့။ နောက်ထပ်တစ်နာရီလောက်စောင့်ဦး" ပိုင်ချွမ်းက မုရှောင်ယကိုရှာဖို့ တကယ်ထွက်သွားရင် နောက်တစ်နာရီလောက်ကြာပြီးရင် သူ ဒီကိုလာလိမ့်မည်။ သူ နှစ်ခါ လှည့်ပတ်ပြီးနောက် ရီဖုန်း Group မှ ဤနေရာသို့ သွားသောလမ်းသည် အတားအဆီးမရှိ ဖြစ်နေကြောင်း သူသိလိုက်သည်။ ယင်းက မည်သည့်နေရာတွင်မှ မတော်တဆမှု မရှိကြောင်း ပြသနေသည်။ ရှောင်ချွမ်းဆီမှာ မတော်တဆမှုတစ်ခုမှမရှိသရွေ့တော့ သူပျောက်ဆုံးသွားရင်တောင် ပိုင် မိသားစုရဲ့ဘဏ္ဍာရေးအရ သူ့ကို ရှာတွေ့နိုင်မှာပါ။
သူ့ကိုယ်သူ နှစ်သိမ့်ပေးရင်း ပိုင်ကျန့်က သူ့ဖုန်းကို ချဆွဲလိုက်ပြီး စိတ်တိုလွယ်သည့်ပုံစံဖြင့် စီးကရက်ကို မီးညှိလိုက်သည်။ သူသည် ပြတ်တောင်းပြတ်တောင်း စုပ်လိုက်ပြီး စီးကရက်ဘူး မလောင်ကျွမ်းမီလေးမှာပဲ သူ့မျက်လုံးတွေက နောက်ကြည့်မှန်ပေါ်ကို အမှတ်မထင် ကြည့်လိုက်တော့ သူ့မျက်ဝန်းတွေက တဖျပ်ဖျပ် ကျုံ့သွားတယ်။
ရှောင်ချွမ်းလား။ ငါ ရှောင်ချွမ်းကို တွေ့နေရတာလား။
ပိုင်ကျန့်က မယုံကြည်နိုင်စွာ တံခါးကိုဖွင့်လိုက်ချိန် ကားရဲ့အဆုံးမှာ ပိုင်ချွမ်းက ကားရဲ့တစ်ဖက်စွန်းကနေ လမ်းလျှောက်လာတာကို လှမ်းမြင်နေရတယ်...။
ထိုအချိန်တွင်၊ ပိုင်ချွမ်း တစ်ကိုယ်လုံး ချွေးများပြည့်နေပြီး သူ့ပါးပြင်များ နီမြန်းနေကာခရမ်းရောင်ဖဲကြိုးများဖြင့် အလှဆင်ထားသော ချောကလက်တစ်ဗူးကို လက်ထဲတွင် ကိုင်ဆောင်ထားလျက် ခြေလှမ်းများ လှမ်းလာသည်။ လှေကားပေါ်တွင် မုရှောင်ယ ထိုင်နေတာကို သူ့မျက်လုံးများက မြင်လိုက်ရသောအခါတွင် နွေးထွေးသောအလင်းရောင်များ ရုတ်ချည်းထွက်ပေါ်လာသည်။
ဤအလင်းတန်းသည် အော်ခေါ်မယ့် ပိုင်ကျန့်ကို ရပ်တန့်သွားစေသည်။ သူက ပိုင်ချွမ်း နောက်ကို လိုက်သွားပြီး ဘေးနားမှာ ငြိမ်ငြိမ်လေး ကြည့်နေလိုက်သည်။
မုရှောင်ယက ပိုင်ချွမ်းကိုမြင်ပြီး သူမက လှေကားထစ်မှ စိတ်လှုပ်ရှားစွာထကာ ပိုင်ချွမ်းဆီ တရွေ့ရွေ့ လျှောက်လာသည်။
"ရှောင်ချွမ်း။" မုရှောင်ယက ပိုင်ချွမ်း လက်မောင်းထဲ ခုန်ဝင်လိုက်ပြီး နောက်ပြန်ဆုတ်သွားကာ နှစ်ယောက်သား မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်ခဲ့သည်။
"ရှောင်ယ ကိုယ်မင်းကို အလုပ်ကနေ ကြိုဖို့ ရောက်လာတာ" ပိုင်ချွမ်း သူ့နာရီကို ကြည့်လိုက်တော့ အခု 5.20 ရှိနေပြီ၊ ရှောင်ယ အလုပ်မဆင်းခင် သူ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။
မုရှောင်ယက နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမရဲ့ ငိုသံမထွက်အောင် ကြိုးစားရင်း ပိုင်ချွမ်းကို သူမ ငိုနေသော အသွင်အပြင်ကို မမြင်ရအောင် တင်းတင်းကြပ်ကြပ် ဖက်ထားသည်။
"ကိုယ် မင်းကို အလုပ်ကနေ ရုတ်တရတ် လာကြိုတာ မင်းပျော်လား။" အံ့အားသင့်စရာတစ်ခုဖန်တီးဖို့အတွက် ရှောင်ယကို ကြိုမပြောခဲ့ပါဘူး။
"ပျော်တယ် ရှင်ဘာလို့ဒီကိုရုတ်တရက်ရောက်လာတာလဲ။ " မုရှောင်ယက သူမ၏ မျက်ရည်များကို အဆက်မပြတ် သုတ်လိုက်ပြီး သူမကိုယ်သူမ ပျော်ရွှင်စွာ အံ့သြသွားတဲ့ပုံစံဖြစ်အောင်း ကြိုးစားလိုက်သည်။
"ငါ ချောကလက်လည်း ယူလာတယ်၊ မင်းမြင်လား" ပိုင်ချွမ်းက ချောကလက်ပုံးကို ပြဖို့ ကြိုးစားရင်း လှုပ်သွားသည်။
"မလှုပ်နဲ့၊ ကျွန်မရှင့်ကို နည်းနည်းလောက် ပွေ့ဖက်ပါရစေ" သူမ၏မျက်ရည်များက မခမ်းခြောက်သေးဘဲ သူမ၏မျက်လုံးများကလည်း နီရဲနေသေးသည် မုရှောင်ယက ပိုင်ချွမ်းကို ထိုကဲ့သို့သောအသွင်အပြင်မျိုးဖြင့် မြင်ခွင့်မပြုချင်ပေ။
ပိုင်ချွမ်းက သူကိုယ်တိုင် လမ်းလျှောက်ပြီး ဒီကို တမင်တကာ လာခဲ့တာ၊ သူမ ငိုနေတာကို သူသိရင် သူမကို အံ့အားသင့်အောင် လုပ်ပေးဖို့ ကြိုးစားတာက အချည်းနှီးဖြစ်သွားတယ်လို့ မဆိုလိုဘူးလား။ သူ့ကြိုးစားအားထုတ်မှုမလို့ မုရှောင်ယက ၎င်းကိုဖျက်ဆီးဖို့ သည်းမခံနိုင်ပါ။ သူမက ပိုင်ချွမ်းကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ မမြင်နိုင်သောနေရာတွင် ငိုကြွေးနေနိုင်သည်။ သူမ ငိုပြီးသည်အထိ စောင့်ဆိုင်းပြီး သူ့ကိုယ်ကို ပြန်မလွှတ်မီ သူမစိတ်တွေ ငြိမ်သက်သွားသည်။
ပိုင်ချွမ်းက နေရာ၌ နာခံမှုရှိစွာ ရပ်နေကာ မုရှောင်ယ လုံလောက်သည့်တိုင်အောင် ပွေ့ဖက်ထားပေးသည်။ ထို့နောက် မုရှောင်ယ မျက်နှာပေါ်ရှိ အပြုံးကိုတွေ့ပြီးနောက် ရတနာတစ်ခု လွှဲပြောင်းပေးသလိုမျိုး ချောကလက်ကို ပေးခဲ့သည်။ "Astro က မင်းဒါကို စားရတာ သဘောကျမှာ သေချာတယ်လို့ပြောတယ်"
မုရှောင်ယက လှပသော ဖဲကြိုစကို ဆွဲလိုက်ပြီး နူးညံ့သော အဖုံးကို မလိုက်ကာ အတွင်းဘက်က အနက်ရောင် ချောကလက်ဆော့စ်ကို ထုတ်ပြလိုက်သည်။
"အားလုံး အရည်ပျော်သွားပြီ " မုရှောင်ယက ပြုံးပြီးပြောသည်။
“ဘယ်လိုဖြစ်ရတာလဲ…”
"ကိစ္စမရှိပါဘူး၊ အိမ်ပြန်ယူသွားပြီး ရေခဲသေတ္တာထဲမှာထည့်ထားပြီး အေးခဲသွားတဲ့အခါ စားလို့ရတယ်"
“အင်း” ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။
"ရှင့်ကိုယ်ရှင်ကြည့်ဦး ရှင့်တစ်ကိုယ်လုံး ချွေးတွေရွှဲပြီး မျက်နှာက နီရဲနေတယ်"
“ငါ ၃ နာရီလောက် လမ်းလျှောက်လာတာ လမ်းပေါ်မှာ အရမ်းပူတယ်”
"ရှင် အရမ်းခက်ခဲခဲ့တာပဲ "
“မခက်ပါဘူး ” ပိုင်ချွမ်းက သူ့ကိုယ်သူ အံ့အားသင့်အောင် ပြီးပြည့်စုံသော ကျေနပ်မှုထဲ နှစ်မြှုပ်ကာ ပြုံးဖြဖြဲ လုပ်လိုက်သည်။