အပိုင်း ၄၇
Viewers 513

#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၄၇; မင်း ဘာကိုကြောက်တာလဲ? 

"ရှောင်ချွမ်း ဒီနေ့ သား ရှောင်ယကို အလုပ်ကသွားကြိုတယ်လို့ မား ကြားတယ်" ညစာစားချိန်မှာ လီရုံက ဤကိစ္စကိုပြောဖို့ ငြိမ်သက်ဟန်ဆောင်သည်။

ပိုင်ကျန့်က သူ့ဖုန်းမကိုင်ဘဲ ပိုင်ချွမ်း ကုမ္မဏီအဆောက်အဦးက ထွက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူမကိုချက်ချင်းသတင်းမပို့ခဲ့ပေမယ့် ပိုင်ချွမ်းကိုရှာတွေ့ပြီးနောက်မှာတော့ သူမသိခဲ့သည်။ ဒီလိုကိစ္စမျိုးက သူမပထမဆုံးအကြိမ် ကြောက်ရွံ့ခြင်းမျိုး မဟုတ်ပေမယ့်လည်း သူမရဲ့နှလုံးသားက မကူညီနိုင်ဘဲ တုန်လှုပ်ချောက်ချားနေဆဲပါပဲ။

အရင်က ပိုင်ချွမ်းလည်း လှည့်ပတ်သွားခဲ့သည်။ တကယ်တော့ သူ ပျောက်သွားတယ်လို့ ပြောလို့မရပါဘူး၊ သူဘယ်သွားသွားမှန်း ဘယ်သူမှ မသိဘဲ ပိုင်ချွမ်း တစ်ယောက်တည်း ထွက်သွားခဲ့တာပါပဲ။ ထိုအချိန်မှာ သူမက ပိုင်ချွမ်းကို စောင့်ရင်း စိုးရိမ်ထိတ်လန့်ကာ ကြောက်လန့်နေခဲ့သည်။ သူ့ကိုတွေ့ပြီး ပြန်လာတော့ ပိုင်ချွမ်းကို သူမ မျက်ရည်တွေထိန်းပြီး အနာဂတ်မှာ တစ်ယောက်တည်း အပြင်မထွက်ဖို့ ပြောခဲ့သည်။ သို့သော်လည်း သူမက ဤတစ်ကြိမ်တွင် ပိုင်ချွမ်းကို သာမန်လူတစ်ယောက်လို အေးအေးဆေးဆေး ဆက်ဆံပြီး သူတစ်ယောက်တည်း အပြင်ထွက်ခြင်းအကြောင်း ဘာမှ မပူပင်ခဲ့ပေ။

"မာ၊ ဒီတစ်ခါတော့ ရှောင်ချွမ်းကို ဒီကိစ္စအကြောင်း ထပ်ခါတလဲလဲ မပြောပါနဲ့" ပိုင်ကျန့် ပြန်လာပြီးနောက်မှာ ပိုင် စုံတွဲကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည်။ လီရုံက နားမလည်သော်လည်း ပိုင်ကျန့်က ကိစ္စရပ်များကို တည်ငြိမ်သောပုံစံဖြင့် အမြဲကိုင်တွယ်တတ်ကြောင်း၊ သူပြောသမျှသည် ယုတ္တိရှိသော အကြောင်းပြချက်များရှိမည်ကို သူမသိတာကြောင့် သူမက အများကြီးမမေးဘဲ ထမင်းစားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါးပြောနေခဲ့သည်။

“အင်း” ပိုင်ချွမ်းက စိတ်ကောင်းဝင်နေပုံရပြီး သူ့တုံ့ပြန်မှုက မြန်မြန်ထွက်ပေါ်လာသည်။

"ရှောင်ယကို အလုပ်ကသွားကြိုဖို့ သားဘာလို့ရုတ်တရက် စဉ်းစားမိသွားတာလဲ။" လီရုံက ထပ်မေးသည်။

"ရှောင်ယက ရုတ်တရက် ကျွန်တော့ကို မြင်ရတာ အရမ်းပျော်တယ်" အစောက ရှောင်ယက ရုတ်တရက် သူ့ကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်သည်။ သူတို့ ငယ်စဉ်ကနေ ကြီးသည်အထိ ရှောင်ယက သူ့ကို ပွေ့ဖက်ဖို့ ဘယ်တုန်းကမှ အစပြုခြင်းမရှိခဲ့ဘဲ အခုတော့ သူမက သူ့ကို မပွေ့ဖက်ထားခဲ့တာ ကြာပါပြီ။

မုရှောင်ယက ပိုင်ချွမ်းကို ပြုံးပြပြီး သူမအတွက် သူလုပ်ပေးခဲ့သော 'အံ့အားသင့်ခြင်း' ကို သူမမျက်လုံးထဲက အမူအရာဖြင့် လက်ခံလိုက်သည်။

ပိုင် မိသားစုက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ကြည့်ပြီး ခံစားချက်နဲ့ သက်ပြင်းချရင်း ချက်ချင်း သက်သာရာရသွားသည်။ ပိုင်ချွမ်းရဲ့ အသွင်ပြောင်းမှုကြောင့် သူတို့ စိတ်သက်သာရာရသော်လည်း ၎င်းသည် ပိုမိုမသေချာ မရေရာမှုများရှိလာမည်ကို စိုးရိမ်ကြသည်။ ပိုင်ချွမ်းက သူ့ရဲ့ စည်းကမ်းတွေကို လိုက်နာပြီး သူတို့ရဲ့ စိတ်တွေ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်တဲ့ အတွက် သူ ပြောင်းလဲသွားပြီ ဆိုတာ ပြောဖို့ မလိုပါဘူး...

"ရှောင်ချွမ်း မင်းက ဘယ်လမ်းကလျှောက်တာလဲ။ " ပိုင်ကျန့်က စိတ်ဝင်တစား မေးသည်။ သူသည် လူဒါဇင်ပေါင်းများစွာကို စေလွှတ်ခဲ့ပြီး သူကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် အပြန်ပြန်အလှန်လှန် ရှာဖွေခဲ့သော်လည်း ပိုင်ချွမ်း အရိပ်ကို မည်သူမျှ ရှာမတွေ့ခဲ့ပေ။

"လမ်း အများကြီး " ရိုးရှင်းသောစကားလုံးလေးလုံးက သုံးနာရီခရီးကို အကျဉ်းချုပ်ဖော်ပြသည်။ တကယ်တော့ မုရှောင်ယ အနားမှာဆို ပိုင်ချွမ်းက တခြားသူတွေနဲ့ အမြဲလိုလိုနဲ့ တိုတိုတုတ်တုတ် ပြောတတ်သူပါ။

"ရှောင်ချွမ်း နည်းနည်းလေးရှင်းပြ ရှင်ဘယ်ကလာတာလဲ ကျွန်မသိချင်တယ်။ ရှင်လမ်းပေါ်ရောက်နေတဲ့ သုံးနာရီအတွင်းမှာ စိတ်ဝင်စားစရာတစ်ခုခုကို ရှင်တွေ့ရလား။" မုရှောင်ယက ပိုင်ချွမ်း သွားသောလမ်းကို နားလည်ချင်သည်၊ အကြောင်းမှာ နောင်တွင် အလားတူအခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ပြီး ယင်းအကြောင်းကို ကြိုသိနိုင်ပါက နောက်ကျရှာတွေ့ဖို့ ပိုအဆင်ပြေမည်ဖြစ်သည်။

“ အိုကေ” ပိုင်ချွမ်းက သူ့ရဲ့ တူကို ချလိုက်ပြီး သူ့ရဲ့ ခရီးစဉ်ကို ပြန်မှတ်မိအောင်လုပ်သည်။ "ကိုယ် ကုမ္ပဏီက ထွက်လာပြီး ညာဘက်ကို ကွေ့ပြီး တတိယ စမ်းနန်လမ်းကို ဝင်လိုက်တယ်၊ ဖူဟွာ လမ်းဆုံမှာ ဘယ်ဘက်ကို ကွေ့ပြီး ချုံးဖန် လမ်းကို တည့်တည့် ဆက်လျှောက်သွားခဲ့တယ်။ ချင်းရန် လမ်းကို မသွားခင် ရှန်းတယ် လမ်း…”

ပိုင်ချွမ်းက လမ်းတစ်လမ်းပြီးတစ်လမ်း ပြောနေခဲ့တယ် ဒီလမ်းတွေထဲက တချို့ကို ပိုင်ကျန့်တို့ သိပေမယ့် တချို့က မဟုတ်ဘူး။ သို့သော်လည်း ပိုင်ချွမ်းကို ရှာဖွေဖို့ လူများစွာကို စေလွှတ်ပြီးနောက် သူဘာကြောင့် ရှာမတွေ့ရခြင်းကိုလည်း နားလည်စေခဲ့သည်။ ရီဖုန်းက မုရှောင်ယ စတူဒီယိုအထိ၊ လမ်းသည်မရှုပ်ထွေးပါ၊ စမ်းနန် လမ်းတစ်လျှောက် ကားဖြင့်မောင်းနှင်နိုင်ပြီး မင်းဟိုင်လမ်းကို နောက်ထပ်ငါးကီလိုမီတာမောင်းနှင်ကာ ကွမ်းချောင်လမ်းဆီ ဝင်ရမည်ဖြစ်သည် ။ ဤသည်မှာ ခရီတစ်ခုအတွက် လမ်းသုံးလမ်းသာ လိုအပ်သော်လည်း ပိုင်ချွမ်းက အဲ့ဒီအစား မတူညီသော လမ်းတစ်ဒါဇင်ကို ဖြတ်ရန် ရွေးချယ်ခဲ့သည်။

"ရှင် လမ်းတိုလေးတွေကို လျှောက်နေတာလား။"မုရှောင်ယက မေးသည်။

"အင်း၊ မင်းဒီလိုသွားရင် ငါးကီလိုမီတာကို အတိုချုံးနိုင်တယ်" မုရှောင်ယ စတူဒီယိုကို တစ်ကြိမ်သွားပြီးနောက်တွင် ပိုင်ချွမ်းက မြေပုံပေါ်ရှိ သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို တိတ်တဆိတ် တွက်ချက်ပြီး သွားရမည့် အတိုဆုံးလမ်းကြောင်းကို သဘာဝအတိုင်း ရွေးချယ်ခဲ့သည်။

ပိုင်ချွမ်းက ချီးမွှမ်းမှုတစ်ခု တောင်းနေသလိုမျိုး အနည်းငယ် မော့ကြည့်လိုက်သည်။ မုရှောင်ယက သူ့အတွက် ဝက်သားပြုတ် အပိုင်းအစများကို ညှပ်ပေးခဲ့သည်။

"မင်းလည်းစား" ပိုင်ချွမ်းက မုရှောင်ယကို အရာအားလုံး ပေးခဲ့သည်။

ညစာစားပြီးနောက်မှာ မုရှောင်ယက ဆင်ခြေပေးပြီး ပိုင်ချွမ်းကို သူတို့အခန်းထဲပြန်ပို့လိုက်သည်။ ပိုင်ချွမ်း ထွက်သွားတဲ့အထိ စောင့်ရင်း မုရှောင်ယက ရုတ်တရက် ထရပ်လိုက်ပြီး ပိုင် မိဘတွေကို ပြောလိုက်သည်။ "ပါး မား တောင်းပန်ပါတယ်"

"ရှောင်ယ သမီးဘာလုပ်နေတာလဲ။ " ပိုင် မိဘတွေက အံ့အားသင့်စွာ မတ်တပ်ရပ်လိုက်သည်။

“ဒီနေ့ကိစ္စက ကျွန်မကြောင့်ပါ။ ရှောင်ချွမ်းက ကုမ္ပဏီမှာ ဘယ်သူ့ကိုမှ မပြောဘဲ သမီးကို အံ့အားသင့်စေချင်လို့ တစ်ယောက်တည်း ထွက်သွားခဲ့တာ " ပိုင်မိသားစုက ဒီကိစ္စအတွက် သူမကို ဘယ်သူကမှ အပြစ်မတင်ပေမယ့် ပိုင် မိသားစုက ဒါကို မပြောရင်တောင် မုရှောင်ယက မသိချင်ယောင်ဆောင်နေလို့မရပါဘူး။

"ဒီကလေးက ဘာပြောနေတာလဲ။ ဒီကိစ္စဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိဘူး။" လီရုံက နှစ်သိမ့်လိုက်သည်။

"ဒါပေမယ့် သမီးအတွက်မဟုတ်ရင် ရှောင်ချွမ်းက ဒီလိုလုပ်မှာမဟုတ်ဘူး။ " သူမအတွက်သာမဟုတ်ရင် ပိုင်ချွမ်းက အရင်ကအတိုင်း အလုပ်သွားလိုက်၊ စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်တည်း ထွက်သွားမှာ မဟုတ်ပါဘူး။ တခြားသူရဲ့အမြင်ကနေ ကိုယ့်ကိုယ်ကို ရှုမြင်ပြီး သူ့ကလေး ဆုံးရှုံးသွားခဲ့ရင် တစ်ဖက်ကို အပြစ်မတင်နိုင်ဘူးလို့ စိတ်ထဲမှာ သိနေရင်တောင် ခဏတာ ဒေါသဖြစ်နေတုန်းပါပဲ။ ထို့အပြင်၊ ဤကိစ္စသည် သူမနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။

"ရှောင်ယ သမီးတစ်ယောက်တည်း ဒီကိစ္စကို တာဝန်မယူနဲ့ တစ်ယောက်ယောက်က အပြစ်တင်ခံရရင် ပိုင်ကျန့်ကသာ ဒီကိစ္စကို တာဝန်ယူရမယ့် ပထမဆုံးလူပဲ" ပိုင်ကောယွိက ရုတ်တရက် ပြောလိုက်သည်။

ပိုင်ကျန့်က စကားတစ်ခွန်းမှ မပြောဘဲ သူ့အဖေကို တစ်ချက်ကြည့်လိုက်သည်။

"ဘာကြည့်နေတာလဲ။ အလုပ်ချိန်တုန်းက ရှောင်ချွမ်းကို ပြုစုဖို့ မင်းတာဝန်မကျေတာမဟုတ်ဘူးလား။ " ပိုင်ကောယွိက သူ့သားအကြီးဆုံးကို စိုက်ကြည့်နေသည်။

"မှန်တယ် ငါ့အမှားပဲ" ပိုင်ကျန့်က အငြင်းမပွားဘဲ သူ့အမှားကို ရိုးရိုးရှင်းရှင်း ဝန်ခံခဲ့သည်။

“ဒါပေမယ့်…”

"ဒါပေမယ့် ဘာလဲ။ " ပိုင်ကျန့်က မုရှောင်ယကို စကားအဆက်ပြတ်စေခဲ့သည်။ 

ဒီနေ့တွင် သူက ပိုင်ချွမ်းကို နှစ်ကြိမ်တိတိ အပြန်ပြန်အလှန်လှန် ရှာဖွေခဲ့ပြီး ဤကိစ္စအတွက် မုရှောင်ယကို အပြစ်မတင်သင့်ဟု အကြောင်းပြချက်ဖြင့် ပြောခဲ့သော်လည်း မုရှောင်ယကို မသိစိတ်က မကျေနပ်သေးသလို ခံစားမိသေးသည်။ သူမပြောသလို သူမအတွက်မဟုတ်ရင် ရှောင်ချွမ်း တစ်ယောက်တည်း ထွက်သွားဖို့ စိတ်ကူးတောင်ရှိမှာမဟုတ်ဘူး။ သူဒီလိုတွေးလိုက်မိတော့ သူ့မိဘတွေလည်း ဒီလိုတွေးမယ်ဆိုတာကို သူယုံသည်။ ၎င်းတို့အားလုံးသည် ဆင်ခြင်တုံတရားရှိသောသူများသာဖြစ်ပြီး ၎င်းတို့သည် မသိစိတ်ကပင် တွေးတောနေသော်လည်း ယင်းမကျေနပ်မှုများကို ဖိနှိပ်ထားဆဲဖြစ်သည်။

ကံကောင်းထောက်မစွာနဲ့ ရှောင်ချွမ်းက ဤအချိန်တွင် နေကောင်းနေပြီး မကြာခင်က မုရှောင်ယရဲ့ စတူဒီယိုကို သွားခဲ့သည်။ ဒါပေမယ့် အခု အချိန်တွင် ရှောင်ချွမ်းက မတော်တဆမှုတစ်ခု သို့မဟုတ် နောက်ဆုံးအကြိမ်အဖြစ် တစ်ရက်နှင့်တစ်ည ကုန်လွန်ပြီးမှ အပြင်ဘက်တွင် တွေ့ရှိမယ်ဆိုရင်ကော။ ပိုင်ကျန့်က သူ့ဘာသာသူတွေးမိခဲ့သည် အဲ့ဒီလိုသာဆိုရင် မုရှောင်ယက ဒီကိစ္စက မသက်ဆိုင်ဘူးဆိုတာ သူသိပေမဲ့ မကျေမနပ်ဖြစ်လိမ့်မည်။ လူတွေရဲ့ နှလုံးသားက ဒီလိုပါပဲ၊ လုံးဝ ကိုယ်ကျိုးမဖက်တဲ့ အရာမျိုးတော့ မရှိပါဘူး။

ဒါပေမယ့် ရှောင်ချွမ်းက သုံးနာရီကြာ လမ်းလျှောက်တာကို ကြည့်ပြီး သူ ရှောင်ချွမ်းရဲ့နောက်မှာ ရပ်လိုက်ချိန်က မုရှောင်ယကို မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေရဲ့ အကြည့်တွေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ပိုင်ကျန့်က ရုတ်တရက် သူ့ညီလေးရဲ့အကြည့်တွေက် အသက်မဲ့နေမယ့်အစား တစ်ခါတစ်ရံမှာ မရိုးသားတဲ့ စိတ်ဆန္ဒနဲ့ ထားလိုက်တာက ပိုကောင်းမှာ မဟုတ်ဘူးလားလို့ ခံစားလိုက်မိသည်။

ထို့ကြောင့် သူပြန်လာသောအခါတွင် ရှောင်ချွမ်းကို တစ်ယောက်တည်း လမ်းလျှောက်ထွက်သည့်ကိစ္စကို မပြောဖို့ သူ့မိဘများကို ပြောခဲ့ပြီး ယနေ့ကိစ္စမှာ အမှားတစ်ခုဟု မခံစားမိပါစေနှင့်၊ သူဖန်တီးခဲ့သော အံ့အားသင့်မှုကို မပျက်စီးပါစေနှင့်။ ခက်ခက်ခဲခဲ သူတို့က မုရှောင်ယလို ပြုမူချင်ကြပြီး ဘာမှမသိဟန်ဆောင်ကာ ရှောင်ချွမ်းက အလွန်ကောင်းမွန်သော အရာများကို ဖုံးကွယ်ထားသလို ဟန်ဆောင်ပြီး အံ့အားသင့်ဟန်ဆောင်ကြသည်။

"မင်းဘာတွေစိတ်ပူနေတာလဲ ငါသိတယ်၊ မင်းကြောင့် ရှောင်ချွမ်း မတော်တဆမှုတစ်ခုကြုံရမှာကို မင်းကြောက်နေတာ။ ဘာလို့လဲဆိုတော့ မင်း၊ မင်းကို ငါတို့ကအပြစ်တင်မှာကို ကြောက်နေတာ"

မုရှောင်ယ အံကြိတ်ပြီး ဘာမှ မပြောပေမယ့် သူမမျက်နှာပေါ်ရှိ အမူအရာက အရာအားလုံးကို ရှင်းပြနေပါသည်။ သူမသည် ဤကဲ့သို့ တွေးခဲ့သည်မှာ အမှန်ပင်။

"တကယ်တော့ အစမှာ မင်း ရှောင်ချွမ်းကို လက်ထပ်တာကို ငါသဘောမတူခဲ့ဘူး " ပိုင်ကျန့်က ရုတ်တရက်ပြောလာသည်။ “ဘာလို့လဲဆိုတော့ ငါတို့လိုမျိုး ရှောင်ချွမ်းနဲ့ သွေးမတော်စပ်တဲ့ သူတစ်ယောက်က အူလှိုက်သည်းလှိုက်ကောင်းပေးလိမ့်မယ်လို့ ငါမယုံကြည်ဘူး ”

"ပိုင်ကျန့်။" ပိုင်ကောယွိက သည်းမခံနိုင်တော့ဘဲ သူ့သားအကြီးဆုံးကို တားဖို့ အော်လိုက်သည်။ မုရှောင်ယက သူမကိုယ်သူမ အပြစ်တင်နေပြီဆိုတာ သူ မမြင်ဘူးလား။ သူဘာလို့ဆက်ပြောနေရတာလဲ။

"ပါး ဒီစကားကို ပြီးအောင်ပြောပရစေ " ပိုင်ကျန့်က မုရှောင်ယရဲ့ ဖြူဖျော့တဲ့မျက်နှာကို လျစ်လျူရှုပြီး ပြောလိုက်သည်။ "ငါမင်းကို တစ်ခုပြောမယ် မင်းထင်တာမှန်တယ် ရှောင်ချွမ်း တစ်ခုခုဖြစ်ခဲ့ရင် ငါတို့က မင်းကို တကယ်အပြစ်တင်လိမ့်မယ်"

"ပိုင်ကျန့် မပြောနဲ့တော့ " လီရုံက မကြည့်နိုင်တော့ဘဲ မုရှောင်ယကို နှစ်သိမ့်လိုက်သည်။ "ရှောင်ယ သူ့စကားနားမထောင်နဲ့" 

မုရှောင်ယက ဘာမှပြန်မပြောဘဲ ပိုင်ကျန့်ကို ခေါင်းမာမာနဲ့ ကြည့်ပြီး စကားဆုံးအောင် စောင့်နေသည်။

"ဒါပေမယ့်... မင်းကို ငါတို့ အပြစ်ပေးမှာ ကြောက်လို့ ရှောင်ချွမ်းကို ထားခဲ့မှာလား။" ပိုင်ကျန့်က သူ့အမေကို လျစ်လျူရှုပြီး ဒီမပြီးဆုံးသေးတဲ့ ပြဿနာအကြောင်း ဆက်ပြောခဲ့သည်။

"ဘယ်လိုမှမဖြစ်နိုင်ဘူး" မုရှောင်ယက မတွေးဘဲ ပြန်ဖြေလိုက်သည်။

"ဒါဆို မင်းဘာကိုကြောက်တာလဲ။ " ပိုင်ကျန့်က မေးလိုက်သည် "မင်းက ရှောင်ချွမ်းရဲ့ ဇနီး၊ ရှောင်ချွမ်းရဲ့ တရားဝင် လက်တွဲဖော်ဖြစ်ပြီး ဥပဒေနဲ့အညီပဲ ဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားအရ ကန့်သတ်ချုပ်ချယ်မှုအောက်မှာပဲဖြစ်ဖြစ် မင်းက ရှောင်ချွမ်းရဲ့ အရင်းနှီးဆုံးလူပဲ။ မင်းနဲ့ အရင်းနှီးဆုံးဆက်ဆံရေးရှိတာကြောင့် မင်းက အကြီးမားဆုံးတာဝန်ကို ထမ်းရမှာ၊ မင်းမှာ ဒီတာဝန်ယူနိုင်စွမ်းမရှိရင် အမြန်ကွာရှင်းလိုက်ပါ "

မုရှောင်ယက တိတ်ဆိတ်နေပြီး ပိုင် မိဘများကလည်း တိတ်ဆိတ်နေကာ ထိုအချိန်တွင် ထမင်းစားခန်းက ခဏတာ တိတ်ဆိတ်နေသည်။

"ကျွန်မ နားလည်တယ် " မုရှောင်ယက သူမခါးကို မတ်ထားပြီး သူမမျက်နှာက ရှုပ်ထွေးနေပြီး နောင်တရနေတော့သည်။ သူမ ပြုံးပြပြီး ထမင်းစားခန်းမှ ထွက်သွားသည်။

မုရှောင်ယ ထွက်သွားပြီးနောက်မှာ လီရုံက ပိုင်ကျန့်ကို အပြစ်တင်တော့သည်။ "မင်းပြောခဲ့တာတွေက ရည်ရွယ်ချက်ကောင်းတွေ ပြည့်နှက်နေတာ သိပေမယ့် မင်းဘာလို့ စကားကောင်းကောင်း မပြောနိုင်ရတာလဲ။"

"ဘယ်လိုပြောရင်ကောင်းမှာလဲ။" ပိုင်ကျန့်က ပြန်မေးသည်။

"ဘာဖြစ်ဖြစ်ဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကို အပြစ်မတင်ဘူးလို့ ပြောလို့မရဘူးမှတ်လား။ "

"ဒီစကားကို မားကိုယ်မားယုံနိုင်မလား။"

"ဒါပေမယ့် မင်းဒီလိုပြောတော့ ရှောင်ယရဲ့ ဖိအားက ကြီးသွားပြီ သူမ ရှောင်ချွမ်းကို လက်ထပ်ဖို့ ခက်နေပြီ" ပိုင်ကျန့် ရဲ့ စကားတွေက မုရှောင်ယ ကြောက်လန့်သွားမှာကို လီရုံက ကြောက်နေသည်။

“မား မုရှောင်ယ… ရှောင်ချွမ်းကို တစ်ကယ် သဘောကျတယ်။ သူမကို နည်းနည်းယုံပါ" ဒါကိုပြောပြီး ပိုင်ကျန့်လည်း ထမင်းစားခန်းထဲက ထွက်သွားသည်။

“…” လီရုံက ခဏတာ လွတ်ထွက်သွားပြီး တံခါးမပိတ်မီ သူမကို အချိန်အတော်ကြာအောင် ထိန်းကာ နောက်ဆုံးတွင် သူမက အော်လိုက်သည်။ “ဘယ်လို အဓိပ္ပါယ်မရှိတာလဲ ငါ ရှောင်ယကို ဘယ်မှာ မယုံလို့လဲ။”

“ကောင်းပြီ၊ ကောင်းပြီ ” ပိုင်ကောယွိက တုန်လှုပ်ခြောက်ခြားနေတဲ့ ဇနီးသည်ကို ဖြေသိမ့်ပေးလိုက်သည်။ "ပိုင်ကျန့်က ထင်နေတယ်..... ရှောင်ယက ကိုယ်တို့ထက် ပိုကောင်းမယ်လို့ "

ပိုင်ကောယွိက ပိုင်ကျန့် ရုတ်တရက် သူမအပေါ် ဤမျှကြီးမားသော အပြောင်းအလဲ ဖြစ်သွားတာကို ပို၍ သိချင်လာသည်။ မုရှောင်ယက ပိုင်ချွမ်းနဲ့ ဤအကြောင်းအရာကို ဆွေးနွေးဖို့ မဆုံးဖြတ်မီတွင် အလွယ်တကူ ကွာရှင်းမည်မဟုတ်ကြောင်း သူအတည်ပြုခဲ့သည်။

မုရှောင်ယ အခန်းထဲပြန်ရောက်တော့ ပိုင်ချွမ်းက စာအုပ်ဖတ်နေရင်း စားပွဲနောက်မှာ ငြိမ်ငြိမ်လေးထိုင်နေတယ်။ သူမ ဝင်လာသံကြားတော့ သူချက်ချင်း စာအုပ်ကို ချလိုက်ပြီး လှမ်းကြည့်လာသည်။

"ရှင့်ရဲ့ဖုန်း " မုရှောင်ယက ပိုင်ချွမ်းရဲ့ ဖုန်းကို အိတ်ထဲမှ ထုတ်ယူလိုက်သည်။ အဲဒါကို ပိုင်ကျန့်က နေ့လည်ပိုင်းမှာ သူမဆီ လွှဲပေးလိုက်တာ။

“ဒီနေ့နေ့လည်က ရုံးမှာ မေ့သွားတာ။” ပိုင်ချွမ်းက ဖုန်းကိုယူလိုက်ပြီး သူ့ဖုန်းကို မေ့သွားကြောင်း ပြန်သတိရသွားသည်။

" ရှင့်မှာ စူပါ မှတ်ဉာဏ် ရှိတယ်မဟုတ်ဘူးလား။ ရှင့် ဖုန်းကို ဘယ်လိုမေ့နိုင်တာလဲ။ " မုရှောင်ယက မေးသည်။

"ကိုယ် အဲဒါကို မစဉ်းစားမိဘူး " ပိုင်ချွမ်းက ဒီလို 'မေ့ပစ်ခြင်း' ဟာ သူ့ရဲ့ မှတ်ဉာဏ်ကောင်းမှုနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ခဲ့ပေမယ့် မုရှောင်ယကို ဘယ်လိုရှင်းပြရမှန်းမသိတဲ့အတွက် မရှင်းပြဖို့ ရိုးရှင်းစွာ ရွေးချယ်ခဲ့သည်။

"ဒါဆို တစ်ခုခုဖြစ်လို့ ရှင့်ကိုရှာချင်ရင် ဘယ်လိုလုပ်မလဲ။" မုရှောင်ယက စတုရန်းပုံစံ ထိုင်ခုံတစ်လုံးကို ရွှေ့လိုက်ပြီး ပိုင်ချွမ်းအနား ထိုင်လိုက်သည်။

"မင်းကိုရှာဖို့ ငါလမ်းလျှောက်နေတယ်" ပိုင်ချွမ်းက ပြုံးလိုက်သည်။

"ဒါဆို ကျွန်မက ကိစ္စတစ်ခုခုကြောင့် စတူဒီယိုမှာ မရှိရင် ဘယ်လိုလုပ်မလဲ။ "

“…” ပိုင်ချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ ' ရှောင်ယ ရဲ့ စတူဒီယိုကို လမ်းလျှောက်သွားဖို့ ကြိုးစားတယ်ဆိုပါစို့ ဒါပေမယ့် သူမ မရှိဘူး၊ ငါ့မှာ ဖုန်းမရှိလို့ သူမကို မဆက်သွယ်နိုင်ခဲ့ဘူး… ရုတ်တရက် သူ့စိတ်ဓာတ်ကျသွားသည်။ ' “မသိဘူး”

"ရှင် မသိရင် အဲဒီ့နေရာမှာပဲ စောင့်ပါ" မုရှောင်ယက ပိုင်ချွမ်း လက်ကို ကိုင်လိုက်ပြီး "ကျွန်မ ရှင့်ကို လာရှာလိုက်မယ်" လို့ တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမယ့် မင်းကို ငါသွားရှာလားဆိုတာ မင်း မသိဘူးလေ" ပိုင်ချွမ်း ရဲ့ ယုတ္တိက အရမ်းခိုင်မာတယ်၊ သူက အံ့အားသင့်အောင် ဖန်တီးဖို့ မုရှောင်ယကို ကြိုမပြောခဲ့တာကို သူ သတိရသွားသည်။

"ကျွန်မ ရှင့်ကို ရှာနေသရွေ့ ရှင့်ကို ရှာတွေ့နိုင်မှာပါ"

"ဒါဆို ငါမင်းကိုစောင့်နေမယ်" ပိုင်ချွမ်းက ဒီစကားကို သဘောကျပြီး ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့်… ရှင် အချိန်အကြာကြီး စောင့်မနေရဖို့ နောက်တစ်ခါ ရှင့်ရဲ့ဖုန်းကို ယူသွားဖို့ မမေ့နဲ့နော် ဟုတ်ပြီလား။”

“အင်း” ပိုင်ချွမ်းက သူ့ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး "နောင်ကျရင် ငါနဲ့အတူ ယူလာခဲ့မယ်" လို့ ကတိပေးလာသည်။

"ပြီးတော့ အားအပြည့်သွင်းရမယ်"

“အင်း”

"ရှောင်ချွမ်း... ရှင် ကျွန်မကိုနမ်းချင်လား။ "

ပိုင်ချွမ်းက မျက်တောင်ကို တဖျက်ဖျက် ခတ်လိုက်ပြီး မုရှောင်ယရဲ့မျက်နှာရှေ့ရောက်ဖို့ စားပွဲတစ်ဝက်ကို ဖြတ်ပြီး သူ့ခန္ဓာကိုယ်ကို ကိုင်းလိုက်သည်။

လသာဆောင်ရှိ လေသည် လိုက်ကာထောင့်ကို ရုတ်သိမ်းလိုက်ပြီး မုရှောင်ယရဲ့ ဆံပင်ရှည်များကို တိုက်ခတ်သွားသည်။ ချည်နှောင်ထားသော လက်နှစ်ဖက်ကို လှည့်ပတ်ကာ နူးညံ့သော ဆံပင်များက ရှုပ်ထွေးနေလျက် နှလုံးသားများကို ဖြည်းညှင်းစွာ ကုတ်နေသလိုပဲ။

..........

စာရေးသူမှတ်စု 

သာမာန်ကျောင်းသားတစ်ယောက်အနေနှင့် ပိုင် မိသားစု၏ စာကြည့်ခန်းသည် အလွန်အဆင်ပြေသည်ဟု မပြောဘဲ ကျောင်းပြဿနာများကို လုပ်ဆောင်နေစဉ်တွင် အိပ်ပျော်နေသော နတ်ဘုရား၏ ပိုင်ဆိုင်ခွင့်ရရန် အထူးလွယ်ကူသည်။

ကောင်မလေး ယ သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချိန်တွင် သူမ၏ တံတွေးများ ထွက်လာပြီး စာမေးပွဲစာရွက်တစ်ဝက်ကို စိုစွတ်စေခဲ့သည်။

ဆယ်ကျော်သက်လေးချွမ်းက မျက်မှောင်ကြုတ်ကာ ကောင်မလေး ယ ၏ လက်မောင်းအောက်မှ စာရွက်ကို ဆွဲထုတ်လိုက် နေရောင်အောက်တွင် အခြောက်ခံဖို့ လုပ်တာက ခွန်အားကုန်သွားသည်။

သူပြန်ကြည့်လိုက်တော့ တံတွေးတွေက စားပွဲပေါ်က ကျလာနေတုန်းဖြစ်သည်။

ဆယ်ကျော်သက်လေး ချွမ်းက ကောင်မလေး ယ အနားတွင်သာထိုင်ပြီး သူမတံတွေးကို တစ်ရှူးဖြင့် ဖြည်းဖြည်းချင်းသာ သုတ်ပေးနိုင်သည်။

ကလေးမလေး ယ နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ဆယ်ကျော်သက်လေးရဲ့ အလှကို အနီးကပ်မြင်လိုက်ရတော့ သူမမျက်ရည်တောင်မခက်နိုင်တော့ဘူး။

"နင်...ငါအိပ်တာကို ဘာလို့ကြည့်နေတာလဲ။ "

“မင်း သေရည်ယိုနေတယ်”

မိန်းကလေးသည် ဆယ်ကျော်သက်၏ မြင်ကွင်းကို ကာလိုက်ကာ တစ်ရှူးများဖြင့် ပြည့်နေသော အမှိုက်ခြင်းကို ရှာတွေ့ခဲ့သည်။