အပိုင်း ၈၁-၈၂
Viewers 28k

Part 81


ကျန်းဟယ်လင်းက အ​ပေါ်ထပ်ကို ပြန်တက်လိုက်ပြီး ကျန်းယန်ရှန့်၏ အခန်းတံခါးကို ​ခေါက်လိုက်သည်။ 


"အစ်မ! အစ်မ!"


ကျန်းယန်ရှန့်က တံခါးဖွင့်လိုက်ပြီး သူမကို ဝင်ခွင့်ပြုလိုက်သည်။


 "ဘာကိစ်စလဲ?"


"ဝိုး...အစ်မ အခုထိ စာလုပ်​နေတာလား..." ကျန်းဟယ်လင်းတစ်​ယောက် ကျန်းယန်ရှန့် စားပွဲ​ပေါ်မှာ ဖွထား​သော ​လေ့ကျင့်ခန်းစာအုပ်များကို ​တွေ့​သောအခါ ​ရှော့ရသွား​လေသည်။


အခုက ​နွေရာသီ အားလပ်ရက်​လေ!


သို့​သော်ငြား အခု​လော​လောဆယ် ဒီမိသားစုမှာ အမှန်အကန် စာအကြိုးစားဆုံးလူက ကျန်းဟယ်လင်းသာ ဖြစ်သည်။


ကျန်းယန်ရှန့်က နည်းနည်း ရှက်သွားကာ သူမ​ရှေ့က ​လေ့ကျင့်ခန်းစာအုပ်ကို ပိတ်ပြီး ​မေးလိုက်သည်။


 "နင်ငါ့ကို ပြောစရာ တစ်ခုခု ရှိလို့လား..."


"အိုး" ကျန်းဟယ်လင်းက ပြန်အသိဝင်သွားကာ သူမ ကျန်းယန်ရှန့်ကို သတင်း​ကောင်း ​ပြောဖို့လာတယ် ဆိုတာကို သတိရသွားသည်။ 


"​ဖေ​ဖေ အခု​လေးတင်​ပြောလိုက်တာ... ဝမ်းကွဲအစ်ကိုက မနက်ဖြန် ထွက်သွား​တော့မယ်တဲ့"


ဒါက တကယ့် သတင်း​ကောင်းတစ်ခုပင်။


ကျန်းယန်ရှန့်က ခံစားချက် ပိုကောင်းလာပြီး ထပ်​မေးလိုက်သည်။


 "​ဖေ​ဖေက နင့်ကို ဘာလို့ ​ပြောပြတာလဲ"


ကျန်းဟွမ် ထိုကိစ္စကို က​လေးတစ်​ယောက်ကို ရုတ်တရက် ​ပြောပြတာက အ​ကြောင်းအရင်းတစ်ခု​တော့ ရှိ​လောက်သည်။ ​သေချာ​ပေါက်ကိုပဲ ကျန်းဟယ်လင်းက အရမ်းကို ရိုးရိုးသားသားနဲ့ ​ပြောပြလာခဲ့သည်။ 


"အစ်မ ဒီမနက်တုန်းက ဝမ်းကွဲအစ်ကိုရဲ့ ဖုန်းကို လွှင့်ပစ်လိုက်တာလို့ ​​ပြောလိုက်လိုက်ချင်းပဲ ​ဖေ​ဖေက ​ပြောလာခဲ့တာ"။


ကျန်းယန်ရှန့်: "..."


ကျန်းယန်ရှန့်က ကျန်းဟယ်လင်းရဲ့ နှဖူးကို တို့လိုက်​လေသည်။ 


"နင့်ပါးစပ်​လေးက ​တော်​တော် မြန်တာပဲ"။


သူမ​လောက် ခဏ​လောက် စဥ်းစားလိုက်ပြီးမှ ​အောက်ထပ်ကို ဆင်းသွားလိုက်သည်။


မီးဖို​ချောင်ထဲမှာ ထမင်းချက်အန်တီကြီးက ညစာကို စပြီးပြင်ဆင်​နေပြီ။


ကျန်းယန်ရှန့်က ​ရေထဲမုန့်ကို ယူထုတ်လာပြီးမှ "အန်တီ"


"မျိုးရိုးလျန်နဲ့လူက မနက်ဖြန် ထွက်သွား​တော့မှာတဲ့" 


သူမက ထိုအန်တီကို ​ပြောပြလိုက်သည်။


အန်တီက လည်ပင်းကိုဆန့်ကာ ကြည့်လိုက်ပြီး လျန်ယင်းယင်းကို မ​တွေ့​တော့မှ ရဲရဲရင့်ရင့် ​ပြောလိုက်သည်။ 


"​​နောက်ဆုံး​တော့ သွားပြီ​ပေါ့"


ကျန်းအိမ်​တော်ကို လာ​နေတဲ့ သခင်​လေးလျန်က ​တော်​တော်​လေးကို စိတ်ကြီးဝင်လွန်းတယ်။ ကျန်းအိမ်က ငှားထားတဲ့ သူမတို့လို အလုပ်သမား​တွေအ​ပေါ် သူ့သ​ဘောထားက ​အရမ်းကို ဆိုးဝါးလွန်းပြီး သူတို့ကို အမြဲတမ်း အလုပ်ပဲ ခိုင်းချင်​နေတာ။ အန်တီ​တွေက သူ့ကို ​တွေ့ဖို့ အလွန်ကို တွန့်ဆုတ်​နေကြပြီ။


​ရှောင်ကျိုးလို ဒါရိုက်ဘာက​တောင် သူ့အ​ကြောင်း အန်တီ​တွေနဲ့ ညည်းတွား​ပြောဆို​နေတာ။


ကျန်းယန်ရှန့်က ​ပြောလိုက်သည်။ "သမီး ဒီကိုလာတာ အန်တီ့ကို သတိ​ပေးမလို့"


အန်တီ: "...."


ကျန်းယန်ရှန့်က ​ပေါ့​ပေါ့တန်တန် ပြုံးလ်ုက်သည် "သူထွက်သွားချင်ရင် သွားပါ​စေ..ဒါ​ပေမယ့် သူ့ကို သမီးတို့ မိသားစုပိုင် ပစ္စည်း​တွေကို ယူသွားခွင့်မပြုဘူး"


သူမ အန်တီကို စိုက်ကြည့်လိုက်သည်။


အန်တီကလည်း သူမကို ​တောက်​တောက်ပပ ပြန်ကြည့်လာသည်။


ဒီအန်တီ နားလည်ပါတယ်!


ညစာစားပွဲမှာ​တော့ ​ကောင်မ​လေး ကျန်းဟယ်လင်က ထိန်းမထားနိုင်ဘဲ ​မေးလိုက်သည်။ 


"ဝမ်းကွဲ အစ်ကို မနက်ဖြန် ထွက်သွား​တော့မှာလား..."


လျန်ကျန်းက လျန်ယင်းယင်းထံမှာ ဆုံးမခံထားရတာ ဖြစ်လို့ သူ့​ဒေါသကို မျိုချလိုက်ပြီး ကျန်းဟွမ်​ရှေ့မှာ မျက်နှာမပျက်ချင်ခဲ့ဘူး။ ဒါ​ကြောင့် သူက ပင်ပန်းနွမ်းနယ်​နေဟန်နဲ့ ​ပြောလိုက်သည် 


"ဟုတ်တယ်"


သူက သူမကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ထို​ကောင်မ​လေးက သ​ဘောရိုးနဲ့​ပြောတာ ဖြစ်​ကြောင်း ​တွေ့လိုက်ရတယ်။ သူက ခဏရပ်လိုက်ပြီး ကျန်းဟွမ်ကို ထပ်ကြည့်လိုက်တာ ကျန်းဟယ်လင်းကို ​ပြောလိုက်သည်


 "အနာဂါတ်မှာ ငါတို့ အတူမ​နေ​တော့ရင် ​နေ့တိုင်း​တွေ့ရ​တော့မှာ မဟုတ်​တော့ဘူး​နော်... မင်း ဒီဝမ်းကွဲအစ်ကိုကို လွမ်း​နေမှာလား..."


မြန်မြန်​လေး မင်းအစ်ကိုကို ကယ်တင်လိုက်!


"မလွမ်းပါဘူး" ကျန်းဟယ်လင်းက ရိုးရိုးသားသား ​ပြောလိုက်သည်။ 


"အစ်ကို့ကို တစ်နှစ်မှာ တစ်ခါ နှစ်ခါပဲ ​တွေ့ရတာ ​နေသားကျ​နေပြီ"


ကျန်းဟွမ်က အကြည့်လွှဲလိုက်သည်။


ကျန်းယန်ရှန့်လည်း သူမ​ လှမ်းလက်စကို ပစ်ချမိတော့မလိုပင်။


သူမရဲ့ ညီမ​လေးက အရမ်းကို ရိုးသားတာပဲ။


လျန်ယင်းယင်းက ကျန်းဟယ်လင်းကို တစ်ချက် ကြည့်လိုက်သည်


 " နင် စကားအ​ပြော မတတ်ရင်လည်း ဘာမှ မ​ပြောနဲ့​တော့​!"


ဘယ်သူကမှ သူ့ကို ဆက်​နေဖို့ ​မ​ပြောကြလို့ ညစာစားပြီး​တဲ့ အခါမှာ​တော့ လျန်ကျန်း စိတ်ဓါတ်ကျ​နေရသည်။


မထင်မှတ်ထားစွာပဲ ညစာစားပြီး​တော့ ပိုပြီး စိတ်ဓါတ်ကျစရာက ​ရောက်လာသည်။ အန်တီ တစ်​ယောက်က သူ့တံခါးကို ​ခေါက်လာသည်။


 "မစ္စတာလျန်က ထွက်သွား​တော့မှာ ဟုတ်တယ်မလား..."


 ထိုအန်တီက အပြုံး​လေးတစ်ခုဖြင့် ဆက်​ပြောလာခဲ့သည်။


 "ကျေးဇူးပြုပြီး ကား​သော့​လေး ပြန်​ပေးလို့ရမလား... ဒီရက်​တွေမှာ ကျွန်မတို့ သုံးဖို့ ကားမရှိလို့ စား​သောက်ကုန်​တွေ ဝယ်ဖို့ အဆင်မ​ပြေ ဖြစ်​နေတာ..."


BMW ကားက အန်တီတို့ သုံးဖို့အတွက်ပင်။ ​သူတို့ကနွေရာသီ အားလပ်ရက်မှာ အရမ်း အလုပ်ရှုပ်​ပေမယ့်လည်း ​ကျောင်း​တွေပြန်ဖွင့်ရင် ​ရှောင်ကျိုးက က​လေး​တွေကို မနက်တိုင်း ​ကျောင်းလိုက်ပို့ရသည်။ ခင်ပွန်း ဖြစ်သူက ကုပ္မဏီကို ​စော​စောသွားပြီးရင်​တော့ သူတို့က ဇနီး ဖြစ်သူ မနက်စာစားပြီး အပြင်ထွက်မဲ့အချိန်ကို ​စောင့်ရုံပင်။ ​နောက် နာရီအနည်းငယ်ကြာရင်​တော့ အန်တီ​တွေ အရမ်းကို အားသွားပြီ။ 


အိမ်အလုပ်​တွေပြီးပြီ ဆိုတာနဲ့ က​လေး​တွေ ​ကျောင်းကပြန်မ​ရောက်ခင် သူတို့က BMWကားကို​မောင်းကာ စူပါမားကပ်ကို သွားလို့ ရ​သေးသည်။


ဘယ်​လောက်​ကောင်းလိုက်လဲ!


ထို လျန်မျိုးရိုး သခင်​လေး ​ရောက်လာမှ အန်တီ​တွေ သုံးတဲ့ BMWကားကို ယူသွားခဲ့သည်။ ထိုလူက အိမ်အကူအန်တီ​တွေကို အချိန်အ​တော်ကြာ စိတ်အ​နှောင့်အယှက် ​ပေး​နေခဲ့တာ ဖြစ်​လေသည်။


ကားက ကျန်းမိသားစုကား ဖြစ်ပြီး အန်တီ​တွေရဲ့ ကားမဟုတ်လို့သာ​ပေါ့။ ပိုင်ရှင်က ဘာမှမ​ပြောမှ​တော့ သူတို့စိတ်ထဲမှာ အ​တွေး​တွေ ရှိ​နေရင်​တောင် အန်တီ​တွေက ဘာမှ ​ပြောနိုင်မှာ မဟုတ်ပေ။


သို့​သော်လည်း ကျန်းယန်ရှန့်​က​တော့ ကွဲပြား​လေသည်။ သူမက အသက်ငယ်ရင်​တောင် သူမက သူတို့ရဲ့ အလုပ်ရှင်ပင်! သူမက ​နေ့လည်ခင်းမှာ ​ရောက်လာခဲ့ပြီး သတိ​ပေးမှ​တော့ ဒီအန်တီက နားလည်သွားခဲ့ပြီ။


အန်တီရဲ့ အမြင်၌ ကျန်းယန်ရှန့်က လျန်ကျန်းကို သိသိသာသာပဲ သ​ဘောမကျတာကို ထားလိုက်အုံး မိသားစုရဲ့ ကျန်းဟွမ်က​တောင်မှ ထိုလူကို မကြည့်ချင်​​တော့တာ ​သေချာ​လေသည်။


 မဟုတ်ရင် တစ်ပတ်ပဲ​နေပြီး ထွက်သွားရပါ့မလဲ?


ကျန်းမိသားစုကို ​ဆွေမျိုး​တွေ လာမလည် ဖူးတာလည်း မဟုတ်သလို တစ်လ​လောက် ​ဆွေမျိုး​တွေနဲ့ မ​နေခဲ့ရဖူးတာလည်း မဟုတ်ပေ။ သူမက ကျန်းဟွမ် က လူ​တွေကို နှင်ထုတ်တာကို တစ်ခါမှ မမြင်ဖူးရုံသာ။ သူက ​ပေါ့​ပေါ့တန်တန် မလုပ်သည့်အပြင် လှိက်လှိက်လှဲလှဲ ရှိတတ်​သေးသည်။ မိသားစုထဲက ဘယ်သူကမှ ဝန်ထမ်း​တွေနဲ့ မသင့်မမြတ် မဖြစ်ဖူးပေ။


သခင်​လေးလျန် ​ရောက်လာတဲ့အတွက်​က​တော့ လူတိုင်းက မလိုလားကြပေ။


ထိုအန်တီက မျက်နှာ​ပေါ်မှာ အပြုံး​လေး ဆင်မြန်းထားရင်းနဲ့ပဲ လျန်ကျန်းဆီကို လက်ဆန့်ထုတ်လာသည်။


လျန်ကျန်းရဲ့ မျက်နှာ အရုပ်ဆိုးသွား​လေသည်။


BMWကားက ကျန်းမိသားစုအပိုင်ဆိုတာ သူသိ​​ပေမယ့်လည်း သူဒါကို အ​နှေးနဲ့အမြန် ကျန်းအိမ်ကို ပြန်အပ်ရမည်ပင်။ ဒါ​ပေမယ့်လည်း သူ့စိတ်ထဲမှာ​တော့ အကြံတစ်ခု ရှိ​နေတာ ဖြစ်သည်။ ကျန်းမိသားစုက ​မ​မေးလာသ၍ သူက​တော့ ပြန်​ပေး​ဖို့ အစ​ဖော်မှာ မဟုတ်ပေ။ 


ကျန်းဟွမ်က အရှက်မရှိတဲ့သူ မဟုတ်တာ​ကြောင့် ဒီလို အ​သေးအဖွဲ့ကိစ္စ​လေး​တွေကို အာရုံစိုက်​နေမည် မဟုတ်​​ပေ။


 ပြီး​တော့လည်း ဒါက အန်တီ​တွေ အတွက်ကားပဲ​လေ။ ဒါ​ကြောင့်မို့ သူက မျက်ကွယ်ပြု​ပေးပြီး ဒီတိုင်းထားလိုက်ဖို့ များသည်။


​ပြောစရာ မလို​အောင်ကို လျန်ကျန်းက တကယ့်ကို ​သေ​သေချာချာ ခန့်မှန်းနိုင်ခဲ့သည်။ ကျန်းဟွမ်က ထိုကား​ဟောင်း​လေးကို အာရုံ စိုက်ဖို့ အစီအစဥ် မရှိပါ​ချေ။


ကံမ​ကောင်းစွာနဲ့ပဲ ဒီမနက်မှာ လျန်ကျန်းက ကျန်းယန်ရှန့်ကို ဆန့်ကျင်လိုက်မိသည်။


ကျန်းယန်ရှန့်က ထိုလူကို ဂရုစိုက်ဖို့ ရည်ရွယ်ချက် မရှိ​ပေမယ့် သူက သူမဆီ ​ရောက်လာခဲ့ပြီး တိတ်တိတ်​လေး ဓါတ်ပုံ ရိုက်သွားခဲ့သည်။


ကျန်းယန်ရှန့်က သူ​တော်စင် မဟုတ်​ပေ။ သူမအတွက် လျန်ကျန်းကို အာရုံစိုက်ဖို့​ရော မျက်နှာသာ​ပေးဖို့​ရော မလို​ပေ။


 ကျန်းယန်ရှန့် က ဘာကို ​ကြောက်ရမှာလဲ? သူမ စိုးရိမ်ရတာက လျန်မျိုးရိုး တစ်​ယောက်​ယောက်ရဲ့ မျက်နှာကို ရိုက်ပစ်မိမှာကိုပဲ။ သူမက လျန်ယင်းယင်းကို​တောင် မ​ကြောက်တာ ဘာလို့ လျန်ကျန်းကို ​ကြောက်​နေရမှာလဲ...


ပြီး​တော့ အဲ့တာ သူမကားပဲ​လေ။


Xxxxxxx


Part 82


လျန်ကျန်းက ကား​​​သော့ ပြန်​ပေးဖို့ ထိုအန်တီဆီက​နေ ​လော​ဆော် ခံလိုက်ရသည်။ ထို "အပြင်လူ​တွေ"​ရှေ့မှာ သူ့မျက်နှာပျက်ရမှာ စိုးတာ​ကြောင့်ပဲ ကား​သော့ကို ခါးခါးသီးသီး ​ကောက်ကိုင်ကာ ထိုအန်တီကို ​ပေးလိုက်သည်။


ထိုအန်တီက ကား​သော့ ရပြီးပြီးချင်း ပြုံးပြကာ ထွက်သွား​တော့မည့် ဆဲဆဲမှာပဲ လျန်ကျန်းက ရုတ်တရက် ထိုအန်တီကို ​​အော်​မေးလိုက်သည်။


 "ကား​သော့လာ​တောင်းခိုင်းတာ ဘယ်သူလဲ..."


​သေချာတာ​ပေါ့။ အန်တီက​တော့ သူမ ကိုယ်တိုင်ပါလို့ ဘယ်​ပြောလိမ့်မလဲ။ သူမ အလုပ်ရှင်ရဲ့ ​ဆွေမျိုးကို သူမက ဘယ်လိုလုပ် အပြစ်ပြုမိရဲမလဲ။


ကျန်းယန်ရှန့်က ထိုအ​ကြောင်းကို ​ပြောလာမှ​တော့ သူမက ကျန်းယန်ရှန့်ရဲ့ နာမည်ကိုပဲ သုံးလိုက်​တော့သည်။ 


"မမ​လေးယန်ယန်ပါ"


ထပ်ပြီး အဲ့ဒီ ကျန်းယန်ရှန့်ပဲလား! ဒီစိတ်ပူပ်မကတော့..


လျန်ကျန်းက တံခါးကို ​ဒေါတတကြီး ထုရိုက်လိုက်သည်။


အိမ်အကူအန်တီက စင်္ကြံ တစ်​လျှောက် နှုတ်ခမ်းကို တွန့်​ကွေးထားရင်း BMWကား​သော့ကို ကိုင်ကာ ​အောက်ထပ်ကို ​ပျော်​ပျော်ရွှင်ရွှင် ဆင်းလာခဲ့သည်။


လျန်ကျန်းက​တော့ တစ်ညလုံး ​ဒေါတတကြီး ဖြစ်​နေပြီး ​နောက်တစ်​နေ့ မနက်တွင် ခရီး​ဆောင်အိတ်ကို ​​အောက်သို့ မချခင် သူ့အ​ဒေါ် လျန်ယင်းယင်း သူ့ကို လာ​ခေါ်မည့်အချိန်ထိ ​စောင့်​နေခဲ့သည်။


ကျန်းဟွမ်က ပြုံးပြလိုက်ပြီး ​ပြောလိုက်သည်


 "မင်းကို ဒရိုင်ဘာက လိုက်ပို့​ပေးလိမ့်မယ်"


လျန်ကျန်းက ဆက်ပြီးယဥ်​ကျေးမ​နေချင်​တော့တာ​ကြောင့် "ဟုတ်ကဲ့"ဟုသာ ​ပြောလိုက်သည်။


လျန်ယင်းယင်းက က​လေးနှစ်​ယောက်ကို ​လာဖို့ "မင်းတို့ အစ်ကို ​ရှောင်ကျန်းကို နှုတ်ဆက်လိုက်ကြအုံး"လို့ ​ခေါ်လိုက်​ပေမယ့်လည်း နှစ်ကြိမ်တိုင်တိုင်​အော်ပြီးမှ ကျန်းဟယ်လင်းကိုသာ ​ခေါ်လိုက်နိုင်သည်။


 ဒီ​ကောင်မ​လေးက​ ​ကောင်း​ကောင်းပြုမူတတ်ပြီး ယဥ်​ကျေး​လေသည်။ သူမက ဧည့်သည်​တွေကို ဘယ်လို လိုက်ပို့​ပေးရမှန်း သိ​တတ်သည်။


ကျန်းရှို့ချန်းအတွက်က​တော့... လျန်ကျန်း ဘယ်ကိုသွားသွား အ​ရေးစိုက်​နေစရာလား? သူဂိမ်း​ဆော့​နေတုန်း ဘယ်လို​တောင် ​နှောက်ယှက်ရဲရတာလဲ...


ဒီ​နေ့က တနင်္ဂ​နွေ ဖြစ်ပြီး​​တော့ အကြီးဆုံး အစ်မ ကျန်းယန်ရှန့်က သ​ဘော​ကောင်းစွာနဲ့ တနင်္ဂ​နွေမနက်​တွေမှာ စာမလုပ်ဖို့ ခွင့်ပြု​ပေးထားတယ်​လေ!


"တကယ့်ကိုပဲ သူဂိမ်းကစား​နေရင် ဘယ်သူမှ သူ့ကို တားလို့မရဘူး"


 လျန်ယင်းယင်းအတွက်က ထူးဆန်းမ​နေ​သောကြောင့် သူမ အပြုံး​​​လေးတစ်ခုနဲ့ ​ပြောလိုက်သည်


 "ထားလိုက်​တော့..သူက အရမ်းငယ်​သေးတယ်​လေ"


ဒီကြွက်စုတ်​လေးက​တော့! 


လျစ်လျူရှုခံလိုက်ရသလို ခံစားလိုက်ရတဲ့ လျန်ကျန်းက​တော့ စိတ်ထဲက​နေ တိတ်​တိတ်​လေး ကျိန်ဆဲ​နေ​လေရဲ့ :​အကျင့်မ​ကောင်းတဲ့က​လေး​တွေထက် ​ခွေး​တွေကမှ ပို​ကောင်းအုံးမယ်!


သူ့ အ​ဒေါ်နဲ့ ဦး​လေးကို နှုတ်ဆက်ပြီး​​နောက် အိမ်မက်လို စံအိမ်ကြီးကို ကြည့်လိုက်ပြီး​တော့ သခင်​လေးလျန်တစ်​ယောက်ကျန်းမိသားစုကားထဲဆီ ဝမ်းပန်းတနည်း ဝင်သွားလိုက်သည်။ ထို့​နောက်သူ့အန်တီ ငှား​ပေးထားတဲ့ အို​ဟောင်းပျက်ဆီး​နေတဲ့ ရပ်ကွက်ကို အပို့ခံလိုက်ရ​လေသည်။


​​ရှောင်ကျိုးက ​နေရာကို တစ်ချက်ကြည့်လိုက်ပြီး မစ္စတာလျန်မှာ ခရီး​ဆောင်အိတ်​တစ်လုံးနဲ့ ​ကျောပိုးအိတ်​တစ်လုံးပဲပါတာကို ​တွေ့လိုက်ရသည်။ ပြီး​တော့ ထို​နေရာမှာလည်း ဓါတ်​လှေကားလည်း ရှိ​နေသည်။


​ရှောင်ကျိုးက ​ပြောလိုက်သည်။ "ဒါဆို မစ္စတာလျန်... ကျွန်​တော် ပြန်​တော့မယ်"


လျန်ကျန်းက ဇိမ်ခံကားကြီးက သူ့ကို စွန့်ပစ်ပြီး ​ဒီလိုဟောင်းနွမ်း​နေတဲ့ ​နေရာမှာ ချန်ထားခဲ့တာကို ဝမ်းနည်းပြီး ​ဒေါသဖြစ်​နေတဲ့ စိတ်အစုံနဲ့ ကြည့်​နေခဲ့ရသည်။


ခရီး​ဆောင်အိတ်ကို ဆွဲပြီး ​နောက်ကိုလှည့်လိုက်​တော့ အ​ဆောက်အအုံရဲ့ အရိပ်ကျ​နေတဲ့​နေရာ​တွေမှာ ထိုင်ကာ ထန်းယပ်​တောင်ကိုယပ်ခတ်ရင်း သူ့ကို ​မျောက်တစ်​ကောင်လို ကြည့်​နေကြတဲ့ အဘိုးကြီး အဘွားကြီးတစ်စုကို​တွေ့လိုက်ရသည်။


မိုး​ပေါ်က နတ်သား​လေးက ရွံ့ထဲကျလာသည့်အတိုင်းပင်။


သနားစရာပဲ!


သူမ​နေ့က​တွေ့ခဲ့တဲ့ ပွဲစားက အ​ဆောက်အဦးရဲ့ အရိပ်မှာ ထိုင်​နေပြီး လူကြီး​တွေနဲ့ စကား​ပြော​နေသည်။ သူက ဇိမ်ခံကားကြီး ဝင်လာတာ မြင်​တော့ သူ့​ဖောက်သည်လို့ ထင်လိုက်သည်။ လျန်ကျန်း ထွက်လာ​တော့ သူထင်သည့်အတိုင်း ဖြစ်​နေ​ကြောင်း သိလိုက်ရသည်။


သူက ဒီအနီးအနားက ရပ်ကွက်​သေး​သေးမှာ တာဝန်ရှိသူပင်။ ဒီ​နေရာမှာ အို​ဟောင်းပြီး ပျက်ဆီး​နေတဲ့ အ​ဆောက်အအုံ​တွေသာ ရှိ​နေပြီး သူက ဘတ်စ်ကားနဲ့ လာရင် ဘယ်မှတ်တိုင်မှာ ဆင်းရမလဲလို့ လှမ်း​မေးလာတဲ့ ဝယ်သူ​တွေကို အများကြီး ​တွေ့ခဲ့ဖူးသည်။ ဇိမ်ခံကားနဲ့ နှစ်ခါ​​တောင် ​ရောက်လာတဲ့ ဝယ်သူကို​တော့ ပထဆုံး မြင်ဖူးခြင်း ဖြစ်သည်။


"မစ္စတာလျန်!" သူက သူ့လက်ထဲမှာရှိတဲ့ ယပ်​တောင်ကို ​​ဝှေ့ရမ်းပြလိုက်ပြီး ထရပ်ကာ ​ရှေ့ကို နှစ်လှမ်းမျှ လှမ်းလာခဲ့သည်။ ထို့​နောက် ​နောက်ပြန်ဆုတ်ကာ အဘွားတစ်​ဦးဆီကို ယပ်​တောင် ပြန်ကမ်း​ပေးလိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။


 " မင်း ​ရောက်လာပြီပဲ.. လာခဲ့​လေ... အ​ပေါ်ကို သွားရ​အောင်"


သူက လျန်ကျန်းကို အ​ပေါ်ထပ်ဆီ ​ခေါ်သွား​ပေးခဲ့ပြီး သူ့​ရှေ့မှာတင် ​ရေနဲ့ လျှပ်စစ်မီတာကို စစ်​ဆေး​ပေးလိုက်ပြီး ​ပြောလိုက်သည်။ 


"အ​ခြေခံ လိုအပ်ချက်​တွေ ဖြစ်တဲ့ အိပ်ယာနဲ့ ​ခေါင်းအုံး​တွေလည်း အသင့် ဖြစ်​နေပြီ... မင်း အဆင်​ပြေမ​ပြေ စစ်​ဆေးကြည့်အုံးမလား..."


မ​နေ့က စာချုပ်ချုပ်ပြီး​တော့ လျန်ကျန်းက လျန်ယင်းယင်းကို သူနဲ့ အသုံးအ​ဆောင်​တွေ လိုက်ဝယ်​ပေး​စေချင်ခဲ့တာပင်။ 


လျန်ယင်းယင်းက သူ့အတွက် တစ်ရက်​လောက် အချိန်​ပေးခဲ့ပြီး အပြင်ထွက် မကစားခဲ့ရေလရာ သူမက ဘယ်လိုလုပ် ထိုအရာ​တွေ ဝယ်ဖို့ သူနဲ့ လိုက်​ပေးနိုင်ပါ့မလဲ...


သူမက သူမ​မွေးထားတဲ့သားနဲ့​တောင် အချိန်မဖြုန်းချင်တာ သူမရဲ့တူ အတွက် အချိန်​ဖြုန်းချင်ပါ့မလား... ဟာသပဲ!


လျန်ယင်းယင်းက  ​ပွဲစားကို ပိုက်ဆံထုတ်​ပေးလိုက်ပြီး "ကျွန်မကို ကူပြီး သူ့အတွက် ပစ္စည်း​တွေ ဝယ်​ပေးမလား... ပိုက်ဆံ မ​လောက်ရင် ​ပြော... ပိုရင် ရှင့်အတွက် ရှင့်အတွက် ​ဘောက်ဆူး ယူထားလိုက်"


ပွဲစားက ထိုအလုပ်ကို ဝမ်းသာအားရ လက်ခံလိုက်သည်။ မဒမ်က ချမ်းသာ​ပုံ ​ပေါ်​ပေမယ့်လည်း အိမ်ငှားက​တော့ ချမ်းသာပုံမရ​ပေ။ မ​နေ့က သူက အနီးအနားက စူပါမားကပ်ကို သွားပြီး လိုအပ်တဲ့ ပစ္စည်း​တွေကို တစ်ခါတည်း အပြီး ဝယ်လိုက်သည်။


စူပါမားကပ်မှာ ပစ္စည်း​တွေက အရည်အ​​သွေး အတူတူပဲ ဖြစ်ပြီး ​စျေးကလည်း အတူတူပင်။ ပြီး​တော့ အဲ့တာ​တွေက ... လက်သင့်ခံနိုင်သည်။


လျန်ကျန်းက ပွဲစားကို ​ပိုက်ဆံ ဘယ်​လောက် သုံးလိုက်ပြီး ဘယ်​လောက်ကျန်​သေးလဲ ​မေးလိုက်ချင်သည်။ ဒါ​ပေမယ့် သူ့ပါးစပ်ကို မဖွင့်နိုင်ဘဲ ထိုလူ ​​​ပျော်​​ပျော်ရွှင်ရွှင် ထွက်သွားတာကိုသာ ကြည့်​နေခဲ့ရသည်။


အို​ဟောင်း​နေတဲ့ အိမ်ထဲမှာ သူပဲကျန်ခဲ့​တော့ လျန်ကျန်းက လှည့်ပတ်ကြည့်လိုက်သည်....စူပါမားကပ်က ကုန်ပစ္စည်း​တွေနဲ့ ကျန်းအိမ်က အရည်အ​​သွေးမြင့် ပစ္စည်း​တွေနဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ...


သူဘယ်လို​တောင် ဆုံးရှုံးသွားခဲ့ရပါလိမ့်!


သူက ခရီး​ဆောင်​သေတ္တာကို ချလိုက်ပြီး အသစ်စက်စက် အိပ်ရာခင်း​​စောင်ခင်းထားတဲ့ အိပ်ရာ​ပေါ် လှဲချလိုက်သည်။


အို​ဟောင်း​နေတဲ့ စပရင်​မွေ့ရာက စူးရှတဲ့အသံ​တွေ အကျယ်ကြီး မြည်လာခဲ့သည်။


မျက်နှာကျက်ကလည်း အက်ကွဲ​ကြောင်း​တွေနဲ့။


လျန်ကျန်း ကြည့်​လေကြည့်​လေ ပိုပြီး စိတ်ပျက်လာ​လေ​လေပဲ။ သူပိုပြီး​တွေး​လေ​လေ ပိုပြီး ​ဒေါသထွက်​လေ​လေ ဖြစ်​နေသည်။


​​တွေးကြည့်လိုက်စမ်း... အဲ့တာ​တွေ အကုန်လုံး ဟို​ကောင်မ​လေး ကျန်းယန်ရှန့်​ကြောင့်ပဲ!


ထိုအချိန်မှာပဲ အမုန်းသစ်​တွေနဲ့ တစ်ပတ်လုံးစုထားတဲ့ အမုန်း​ဟောင်း​တွေက သူ့နှလုံးသားထဲ အတူတကွ ​​ပေါင်းစုလာခဲ့သည်။ လျန်ကျန်းရဲ့ နှလုံးသားထဲက နတ်ဆိုးက ​ပေါ်​ပေါက်လာပြီး သူ့လပ်​တော့ကို ယူကာ ဖွင့်လိုက်သည်။ ပြီး​တော့ သူ​တွေ့လိုက်ရတာက..... ဒီမှာ ဘာဝိုင်ဖိုင်မှ မရှိဘူးဟ


​သောက်ကျိုးနဲ!


အဆင်​ပြေပါတယ်... ဖုန်းရှိတာပဲ။


သူက ဖုန်းရဲ့ အင်တာနက်ကို ဖွင့်ကာ အွန်လိုင်း​ပေါ်မှာ ရှာ​ဖွေလိုက်ပြီး နှိုင်းယှဥ်ချက် အများအပြားကို လုပ်ကာ ဖိုရမ်​ပေါ်မှာ အကူအညီ​တောင်းလိုက်သည်။


အဆုံးမှာ​တော့ သူက ပိုက်ဆံအများကြီးကို သုံးပြီး ပုံထွက်​ကောင်းပြီး ကြည်လင်ပြတ်သားတဲ့ ကြိုးမဲ့ ​ချောင်းရိုက် ကင်မရာ​သေး​သေး​လေးကို ​​စျေးကြီး​ပေး​ဝယ်လိုက်သည်။


​မိန်းမငယ်​လေးရဲ့ ညစ်ညမ်းဗီဒီယို!


ဒီအစ်ကိုကြီးက မင်းကို သန့်ရှင်း​ပေးမယ်။


ဟမ့်! ပတ်ဝန်းကျင်က ရှုံ့ချခံရတယ်ဆိုတာ ဘယ်လိုမျိုးမှန်း သိ​အောင် ပြ​ပေးမယ်!


Xxxxxxx