အပိုင်း ၇၃
Viewers 569

#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၇၃; ကလေးယူလိုက်

ပိုင် မိသားစု၏ မိဘတွေနဲ့ မုရှောင်ယတို့က ညီအစ်ကိုများ ဆင်းသက်လာဖို့ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရသည်။ သူတို့က အပေါ်တက်ကြည့်ဖို့ စဉ်းစားနေကြချိန် သူတို့က ဆင်းလာခဲ့တယ် ပိုင်ချွမ်းက ဦးဆောင်လာပြီး သူ့မျက်နှာမှာ ပုံမှန်အတိုင်းဖြစ်နေသော်လည်း ပိုင်ကျန့်က ထူးဆန်းသောအကြည့်ဖြင့် သူ့နောက်က လိုက်လာခဲ့သည်။

' ဘာမှားနေလို့လဲ။ ' သုံးယောက်လုံး အံ့ဩသွားကြသည်။

ပိုင်ချွမ်းက လှေကားထစ်မှဆင်းလာကာ မုရှောင်ယဆီ တည့်တည့်လျှောက်သွားပြီး သူ့ရှာဖွေတွေ့ရှိမှုအသစ်ကို အစီရင်ခံရန် မစောင့်နိုင်တော့ပေ။ “ရှောင်ယ ဝမ်းဗိုက်ကြွက်သားတွေက မကောင်းဘူး၊ ကိုင်ရခက်ပြီး အဆင်မပြေဘူး”

"ဟမ်။" ဧည့်ခန်းရှိ လူသုံးဦးက ပိုင်ချွမ်းရဲ့ စိတ်မပါသောစကားလုံးများကြောင့် စိတ်ရှုပ်ထွေးနေကြသော်လည်း တူညီသောအတွေးတစ်ခု ထွက်ပေါ်လာသည်။ 'ပိုင်ချွမ်းက ဝမ်းဗိုက်ကြွက်သားတွေကို ဘယ်မှာထိခဲ့လို့လဲ။'

ဒီတော့ မျက်လုံးသုံးစုံက အောက်ထပ်က ဆင်းလာတဲ့ ပိုင်ကျန့်ကို ကြည့်လာကြသည်။

“အဟွတ် …ထမင်းစားမယ် ” ပိုင်ကျန့်က တင်းတင်းမာမာနဲ့ ထမင်းစားခန်းထဲကို လှည့်သွားသည်။ ဒီလို ကိုယ်ဘာသာကိုယ်လုပ်သွားတဲ့ အပြုအမူက သူ့နောက်ဘက်မှ မိဘများ၏ ရယ်မောခြင်းကို ဆွဲဆောင်ခံခဲ့သည်။

မုရှောင်ယက ပိုင်ချွမ်း လက်မောင်းကို ကိုင်ကာ သူ့ဗိုက်ကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူမက ပိုင်ချွမ်းကို ပြန်ဖြဖို့ မမေ့ခဲ့ပေ။"အဆင်မပြေရင် လေ့ကျင့်ခန်းမလုပ်နဲ့"

“အင်း” ပိုင်ချွမ်းက ကျေနပ်သွားသည်။ ' ရှောင်ယ မကြိုက်ဘူး။ လေ့ကျင့်ခန်းလုပ်ဖို့ မလိုအပ်ဘူး။ '

ထမင်းစားပြီးနောက်မှာ လီရုံက မုရှောင်ယကို သူမဥယျာဉ်ဆီ သွားရောက်လည်ပတ်ခွင့်ပေးမည်ဟု ပြောခဲ့ပြီး ခြံဝင်းအတွင်းရှိ နွေးထွေးသော ဖန်လုံအိမ်သို့ ခေါ်သွားခဲ့သည်။ ပူနွေးသောအခန်းတွင် ရာသီပြင်ပပန်းအမျိုးအစားများစွာရှိသည်။ နွေဦးရာသီတွင် သွေ့ခြောက်သော အေးသောဆောင်းရာသီတွင် အလွန်တောက်ပစွာ ပွင့်လန်းနေသည်။

"မား၊ မားသမီးကိုပြောစရာရှိလို့လား။" တစ်စုံတစ်ယောက်က ဖန်လုံအိမ်ထဲမှာ လက်ဖက်ရည်ကို ပြင်ထားသည်။ မုရှောင်ယက ခွက်ကိုလောင်းထည့်လိုက်ပြီး လီရုံကို ပေးလိုက်သည်။ သူမသည် ဖန်လုံအိမ်သို့သာ သွားကြည့်စေလိုပါက ပိုင်ချွမ်း တစ်ယောက်တည်းထားခဲ့ကာ အပြင်သို့သာ ဖိတ်မည်မဟုတ်သောကြောင့် လီရုံက သူမကို ပြောစရာရှိနေပြီလို့ မုရှောင်ယက မှန်းဆခဲ့သည်။

"စိတ်မပူပါနဲ့၊ အရေးမကြီးပါဘူး အဲ့ဒါ ရှောင်ချွမ်းကြောင့်ပါ မား ဘယ်လိုပြောရမှန်းမသိဘူး ” လီရုံက လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။

"သမီးသိပါတယ် မားအချိန်ယူပါ" မုရှောင်ယက သူမ၏ရှုပ်ပွနေသောဆံပင်များကို ချောမွေ့စေပြီး သူမမျက်နှာပေါ်တွင် အပြုံးမပျက်ခဲ့ပေ။ သူမပုံစံက အဝါရောင်မှိန်ဖျော့ဖျော့တွင် လင်းလက်တောက်ပနေခဲ့ပြီး သူမကို ရက်ရောပြီး နူးညံ့သိမ်မွေ့စေခဲ့သည်။

သူမက နူးညံ့သိမ်မွေ့သော မိန်းကလေးဖြစ်သည်။ လီရုံ မုရှောင်ယကို ပထမဆုံးမြင်ရသောအခါတွင် သူမနှလုံးသားထဲက ချွေးမတစ်ယောက်နဲ့တူကြောင်း သိသည်။

“မင်းရဲ့ဝမ်းကွဲအကြောင်း ငါတို့အားလုံးကြားပြီးပြီ။ ပိုင်ကျန့်ကလည်း မင်းမှာ ဒီရောဂါရှိနိုင်တယ်လို့ပြောတယ်။” လီရုံက စားပွဲပေါ်က မုရှောင်ယလက်ကို ကိုင်လိုက်ပြီး ပြောလာသည်။ “ဒီမျိုးရိုးဗီဇဆိုင်ရာရောဂါကို မားတို့ ဘာမှလုပ်လို့မရဘူး၊ ဒါပေမယ့် ဒီမျိုးရိုးဗီဇရောဂါရဲ့အစက အရမ်းနည်းနေပြီလို့ ဆရာဝန်က ပြောတယ်၊ ဒါကြောင့် မင်းအရမ်းစိတ်မပူပါနဲ့ "

“မား…” မုရှောင်ယက အနည်းငယ် အံ့သြသွားသည်။ လီရုံ တစ်ယောက် ဒီကိစ္စကြောင့် သူမကို ခေါ်ထုတ်ဖို့ မမျှော်လင့်ထားဘူး။ ပိုင်ကျန့်က သူမမှာ ဒီရောဂါရှိနိုင်တယ်ဆိုတာကို ဖွင့်ပြောတဲ့ အချိန်တစ်လျှောက်လုံး သူမ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တာကြောင့်မို့လို့ သူတို့ စိုးရိမ်နေကြတာလား။

မုရှောင်ယက ရုတ်တရက် ငိုချင်လာသည်။ သူမ စိတ်ထဲတွင် နောက်ဆုံး ဝန်ထုပ်ဝန်ပိုးက ယခုအချိန်တွင် သက်သာရာရသွားပြီဟုသာ ခံစားမိသည်။ နောက်ဆုံးတော့ သူမ စိတ်ပူစရာမလိုတော့ဘူး။ သူမပတ်ဝန်းကျင်ရှိ လူအားလုံးက အဆိုးဆုံးအတွက် စီစဉ်ခဲ့ကြသော်လည်း တစ်ဖန် သူမကို နှစ်သိမ့်ရန် လက်ကျန်စွမ်းအင်များ ရှိနေသေးသည်။

"မကြောက်ပါနဲ့၊ အဆင်ပြေပါတယ်" လီရုံက မုရှောင်ယ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ရန် လက်လှမ်းလိုက်သည်။ “မင်းမျိုးရိုးဗီဇရောဂါရှိမှန်းသိရတာကမှ ကြောက်စရာကောင်းတယ် ဒါပေမယ့် အရမ်းအဆိုးမြင်မနေပါနဲ့”

“ဒါပေမယ့် … ငါဖျားရင် နှစ်အနည်းငယ်ပဲ အသက်ရှင်ရင် ဘယ်လိုလုပ်မလဲ” နောက်ဆုံးတွင် သူမက ဤမေးခွန်းကို မေးရန် သင့်တော်သော အချိန်တစ်ခု ရှိခဲ့သည်။

“အဲဒါဖြစ်မှာမဟုတ်ဘူး ” ဒီကလေးက တကယ်ကြောက်သွားပုံရတယ်။ လီရုံက သူမ လက်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားသည်။ လက်နှစ်ဘက်စလုံးက မုရှောင်ယလက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကာ “အဲ့လိုဖြစ်ရင်တောင် မကြောက်ပါနဲ့၊ ငါတို့အားလုံး ဒီမှာပဲ ရှိနေမှာပါ” လို့ နှစ်သိမ့်လာသည်။

“အင်း” မားတို့ရှိရင် လုံလောက်ပြီ၊ မုရှောင်ယ ဘာမှမပြောနိုင်တော့ဘဲ ခေါင်းညိတ်ရုံသာ။

"မကြောက်ပါနဲ့ အဖွားက မင်းနဲ့ ရှောင်ချွမ်းကို ကာကွယ်လိမ့်မယ်"

မုရှောင်ယ အောက်ကိုငုံ့ကြည့်လိုက်ပြီး သူမဘယ်ဘက်လက်ကိုကြည့်လိုက်သည်။ ဖွားဖွားပိုင် လက်ဆောင်ပေးသော ကျောက်စိမ်းလက်ကောက်က သူမ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ကျောက်စိမ်း၏ နူးညံ့သော အထိအတွေ့က ဖွားဖွားပိုင် သူမကို နှစ်သိမ့်ပေးနေသလို ခံစားရသည်။

=

တစ်ဖက်မှာတော့ ဧည့်ခန်းထဲမှာ ကျန်ခဲ့တဲ့ လူသုံးယောက် အချင်းချင်း စကားစမြည်ပြောနေကြသည်။ အခြေခံအားဖြင့် ပိုင်ကောယွိက အကြောင်းအရာကို စတင်ပြီး ပိုင်ကျန့်က အဖြေပေးပြီးနောက်မှာ ပိုင်ချွမ်းရဲ့ တုံ့ပြန်မှုကို ငြိမ်သက်စွာ စောင့်ကြည့်နေပါသည်။

"ကောင်းပြီ၊ R&D ဌာနရဲ့ စွမ်းဆောင်ရည်က မကြာသေးခင်ကမှ ကောင်းနေခဲ့တာ ဟုတ်တယ်မလား။" ပိုင်ကောယွိက အကြောင်းအရာကို ပိုင်ချွမ်းဆီ အတတ်နိုင်ဆုံး လမ်းကြောင်းပြောင်းရန် ကြိုးစားခဲ့သည်။

"ဟုတ်တယ်၊ ဂိမ်းထွက်ချိန်ကနေ အခုအချိန်အထိ ဝင်ငွေက ယွမ် သန်း ၁၀၀ နီးပါးရှိပါတယ် " ပိုင်ကျန့်က မစားခင်မှာ ဘဏ္ဍာရေးအစီရင်ခံစာကို ပြီးအောင်ဖတ်ထားသည်။

"ဒါဆို ရှောင်ချွမ်းက ပိုက်ဆံအများကြီးရှာထားတာပဲ"

“…” ပိုင်ကျန့်က သူ့လုပ်အား အဖိုးအခကို လုံးလုံးလျားလျား လျစ်လျူရှုထားလားဟု မေးရန် သူ့အဖေကို တစ်ချက်ကြည့်လိုက်သည်။

ပိုင်ကောယွိက နောက်ပြန်လှည့်ကြည့်သည်။' ဘယ်လို အဖိုးအခလဲ ဘာလို့ မင်းညီကို အရင်ပျော်အောင် မလုပ်ရတာလဲ'z

"ဟုတ်ပါတယ်၊ ရှောင်ချွမ်းက ငွေအများကြီးရှာပြီး နှစ်ကုန်ရင် အမြတ်ဝေစုအများကြီးရနိုင်ပါတယ်"လို့သာ ပိုင်ကျန့်က ပြန်ဖြေနိုင်သည်။

"ရှောင်ချွမ်း အမြတ်ဝေစုနဲ့ ဘာလုပ်ချင်လဲ။ " ပိုင်ကောယွိက ပိုင်ချွမ်းကို တိုက်ရိုက်မေးသည်။

"ကျွန်တော် နှုတ်ထွက်ချင်တယ်" ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ထားတဲ့ ပိုင်ချွမ်းက ရုတ်တရက် ပြောလာသည်။

"ခလွမ်။" ပိုင်ကျန့် လက်က အလွန်လေးလံလာပြီး သူ့လက်ထဲက ကော်ဖီခွက်က ကြေမွလုနီးပါး ဖြစ်သွားသည်။ "ဘာလို့လဲ။"

"ဝမ်းကွဲရဲ့ ရောဂါကို လေ့လာချင်တယ်" ပိုင်ချွမ်းက သူ့အစ်ကိုကြီးကို ကြည့်ပြီး ပြောလိုက်သည်။ "အဲဒီနေ့က အစ်ကို ငါ့ကိုမေးတယ်၊ ရှောင်ယ ငါ့ကိုထားခဲ့ရင် ဘာလုပ်ရမလဲဆိုပြီး.....အဲ့ဒါက မျိုးရိုးဗီဇရောဂါလား။ " ပိုင်ချွမ်းက ထိုအချိန်က နားမလည်သော်လည်း ယခုအချိန်တွင် သူနားလည်သည်။

သူပြောတာကြားသည်နှင့် ပိုင်ကျန့် အမူအရာက ပြောင်းလဲသွားကာ သူနှင့်သူ့မိသားစုသည် ၎င်းကိုဖုံးကွယ်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ သူ့အမေက မုရှောင်ယကို ထိုအကြောင်းပြောဖို့ တစ်ယောက်တည်းတောင် ခေါ်သွားပေမယ့် ပိုင်ချွမ်းက ဘယ်လိုသိပြီးနေတာလဲ။

"မင်းသိတာလား။" ပိုင်ကျန့်က မေးသည်။

“ ရှောင်ယရဲ့မားက သူ့ဝမ်းကွဲနဲ့ သွေးသားဆက်ဆံရေးရှိနေသရွေ့တော့ သူမမှာ ဒီရောဂါရှိနိုင်တယ်လို့ ပြောတယ်။ သူ့မှာရှိရင် ရှောင်ယလည်း ရှိလိမ့်မယ်။ ရှောင်ယ... ခေါင်းမမူးရင်တောင်မှ ” ပိုင်ချွမ်းက မု မိသားစုအိမ်တွင်ရှိစဉ် ၎င်းကို တွေးတောခဲ့သော်လည်း ၎င်းတို့ရှေ့တွင် သူ့စိုးရိမ်မှုများကို ထုတ်မပြခဲ့ပေ။ ရှောင်ယ ခေါင်းမူးခြင်းမရှိသောကြောင့် သူမ နေမကောင်းဖြစ်မည်ဟု သူ မထင်ခဲ့သော်လည်း ပိုင်ချွမ်းက သူမကို ခြောက်လှန့်မိမှာကြောက်သောကြောင့် ရှောင်ယကို သတိမပေးချင်ခဲ့ပါ။

"ဒါဆို မင်းဘယ်လိုထင်လဲ။ မုရှောင်ယ နေမကောင်းရင်ရော။" အခု ပိုင်ချွမ်းက သိပြီးပြီမို့ ပိုင်ကျန့်က ထပ်မေးလာသည်။

“အဲဒါကို မစဉ်းစားမိဘူး ” ပိုင်ချွမ်းက ခေါင်းခါလိုက်ပြီး ပြောလာသည်။ “အဲဒါကို တွေးလိုက်တိုင်း ခေါင်းတွေ နာလာပြီး အသံတွေ မြည်လာတယ်၊ အဆင်မပြေဘူး”

ဤသည်မှာ ဖြစ်ပျက်တော့မည့် အကျပ်အတည်းတစ်ခုဖြစ်သည်၊ သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပိုင်ချွမ်းကို မနှိုးဆွဝံ့ပေ။

"မုရှောင်ယကို ကယ်တင်ဖို့ ဆေးပညာလေ့လာချင်တာလား" အတန်ကြာပြီးနောက်မှာ ပိုင်ကောယွိက အသံကျယ်ကျယ်ဖြင့် မေးသည်။

“အင်း” ပိုင်ချွမ်းက ခေါင်းညိတ်သည်။ သူစဉ်းစားပြီးပြီ ဒါက သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာပဲ။

"ကျွန်တော်သဘောမတူဘူး " ပိုင်ကျန့်က အပျက်သဘောဆောင်တဲ့ အမြင်ကို တိုက်ရိုက်ပြောခဲ့သည်။

"ဘာလို့လဲ။ အစ်ကိုပြောတယ် ကျွန်တော်ဘာပဲ သင်ယူချင်ချင် အဆင်ပြေတယ်ဆို " ပိုင်ချွမ်းက မေးသည်။

“ဆေးပညာကို သင်ယူတာက ရှည်လျားပြီး ခိုင်မာတဲ့ အရာပါ။ ဆေးကျောင်းသားတိုင်းက လူနာတွေကို လွတ်လပ်စွာ ကုသဖို့ အနည်းဆုံး ရှစ်နှစ် လေ့လာရလိမ့်မယ်။ ပရော်ဖက်ဆာရုန် အဆင့်ကို ရောက်ချင်တယ်ဆိုရင်တော့ ဆယ်စုနှစ်တစ်ခု ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်းများစွာ လက်တွေ့သုတေသနပြုရလိမ့်မယ်” ပိုင်ကျန့်က ဆက်ပြောလာသည်ါ "မင်းက ဉာဏ်ကောင်းတယ်၊ ပညာသင် ရောဂါ လက္ခဏာ ရှိတယ်၊ အရာရာကို မြန်မြန်ဆန်ဆန် လေ့လာတယ်၊ ဒါပေမယ့် ပရော်ဖက်ဆာ ရုန် ရဲ့ အဆင့်ကို ရောက်ဖို့ မင်းနှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်။"

"ဒါဆို ငါ ဘာလုပ်ရမှာလဲ။" ပိုင်ကျန့် ပြောတာကို သူနားလည်တယ်၊ ဆိုလိုတာက သူလေ့လာမယ်ဆိုရင်တောင် ပရော်ဖက်ဆာ ရုန်ကို အမှီမလိုက်နိုင်ခင် အချိန်အတော်ကြာအောင် လေ့လာရပါလိမ့်မည်။

“အဲဒီလုပ်ငန်းမှာ နည်းပညာကျွမ်းကျင်သူတွေ ရှိတယ် အဲဒီ ပညာရှင် တွေကို လေ့လာ။ ” ပိုင်ကျန့်က ပြောလာသည်။ "ငါ ပရော်ဖက်ဆာ ရုန် နဲ့ စကားပြောခဲ့ပြီးပြီ လင်းဟန့်ရဲ့ ရောဂါအကြောင်း အချက်အလက်တွေ အများကြီး စုဆောင်းခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုအထိ သုတေသနပြုပြီးနောက်မှာ သူတို့က ဒီရောဂါ အကြောင်းရင်းကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်"

"တကယ်လား။"

“အင်း” ပိုင်ကျန့်က အပြည့်အဝ အဖြေမပြောရဲပေ။ သိပ္ပံနည်းကျ သုတေသနပြုခြင်းနှင့်ပတ်သက်၍ မည်သူမျှ မသေချာပါ။ မနက်ဖြန်မှာ အောင်မြင်မှုတွေ ရှိလာလိမ့်မယ်၊ ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် တိုးတက်မှုရှိလာမှာ မဟုတ်ဘူး။

"ဒါဆို ငါဘာလုပ်ရမလဲ။" မုရှောင်ယက အစကတည်းက ဤရောဂါရှိနေနိုင်သည်ကို သူရှာဖွေတွေ့ရှိပြီးကတည်းက ပိုင်ချွမ်းက သူ့ကိုယ်သူ အသုံးဝင်စေရန်နှင့် တစ်ခုခုလုပ်ရန် အမြဲလိုနေသောကြောင့် သူစိတ်ပျက်စရာမရှိပေ။ ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာကို ပိုင်ကျန့်က ငြင်းပယ်ခဲ့ပြီးနောက်မှာ သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

"ဘဝမှာကောင်းကောင်း နေထိုင် ဘာမှ မစဉ်းစားနဲ့" ပိုင်ကျန့်က ခေတ္တရပ်လိုက်ပြီး ပြောလာသည်။ " မင်းလုပ်နိုင်ရင် ကလေးယူလိုက် အရင်ထဲက မားက သူ့မြေးကို ချီထားချင်ခဲ့တာ" 

ထိုအချိန်တွင် မုရှောင်ယနဲ့ လီရုံတို့က အပြင်မှပြန်လာကြပြီး သုံးယောက်သား စကားစမြည်ကို အချိန်မီရပ်လိုက်ကြသည်။

အရမ်းနောက်ကျနေပြီဖြစ်တာကြောင့် မုရှောင်ယက ပြန်သွားလိုသည့်ဆန္ဒကို ထုတ်ဖော်ခဲ့ပြီး ပိုင် မိသားစုသုံးယောက်က သူတို့ကို ထိန်းသိမ်းထားခြင်းမရှိပေ။ အဝေးကို လိုက်ပို့ဖို့ အတူထလိုက်ကြပြီး ကားနဲ့ဝေးတဲ့အချိန်အထိ ကြည့်နေခဲ့ကြပြီး ပိုင်ကောယွိ ရုတ်တရက် ပိုင်ကျန့်ကို မေးလိုက်သည်။ "မင်း ပရော်ဖက်ဆာ ရုန် ရဲ့ သုတေသနကို ရန်ပုံငွေပေးခဲ့တာလား။"

“အင်း”

"ဘယ်တုန်းကလဲ"

"ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့"

ရှောင်ချွမ်း ဆီကအထိုးခံရတဲ့နေ့က မဟုတ်ဘူးလား။

"အစောက အိမ်မှာ ရှောင်ချွမ်း နဲ့ ဘာအကြောင်းပြောနေတာလဲ။" လီရုံက ပဟေဠိစကားများပြောနေပုံရသော သားအဖကို မေးသည်။

“ပြောနေတာ…”

"ရှောင်ချွမ်းကို မားဆီ မြေးတစ်ယောက် ပေးခိုင်းလိုက်တာ " ပိုင်ကျန့်က ကြားဖြတ်ပြောလိုက်သည်။

"တကယ်လား။" ခဏကြာပြီးနောက်မှာ လီရုံရဲ့ မျက်လုံးများက တောက်ပလာသည်။ သူမက သူမမြေးကို အမြဲထိန်းချင်သော်လည်း ပိုင်ချွမ်းနဲ့ မုရှောင်ယကို မတိုက်တွန်းဝံ့တာကြောင့် ပိုင်ကျန့်ကို နောက်အိမ်ထောင်ပြုမည့်အကြောင်းကိုသာ နေ့တိုင်းပြောနေနိုင်သည်။

“တကယ်” ပိုင်ကောယွိက လီရုံကို ပြန်ပြောသည်။ ပိုင်ချွမ်ရဲ့ ကိုယ်ရည်ကိုယ်သွေးအမှန်ဖြင့်၊ သူတစ်ခုခုကို ကတိပေးသည်နှင့် ၎င်းကို အလေးအနက်ထားဆောင်ရွက်မည်ဖြစ်သည်။ အစောကအခန်းထဲက ပိုင်ကျန့်ရဲ့ စကားက သူနောက်ထပ်မိန်းမယူဖို့မှ လွတ်မြောက်ရာလမ်းကြောင်းဖြစ်သည်ဟု သူ အလေးအနက်ကို သံသယဖြစ်မိသည်။

=

အိမ်ပြန်ရောက်တော့ မုရှောင်ယရဲ့စိတ်က အထူးကောင်းမွန်လာသည်။ ရေနွေးတည်ဖို့ မီးဖိုချောင်ကို သွားသည့်တိုင် သူမခြေလှမ်းများက ပျော်ရွှင်မှု အပြည့်ရှိနေသည်။ ဒါပေမယ့် ပိုင်ချွမ်းက အလွန်စိုးရိမ်နေပြီး တစ်ချိန်လုံး မျက်မှောင်ကြုတ်နေကာ သူ ဘာကို စိတ်ဆိုးနေမှန်းမသိပေ။

ဖန်လုံအိမ်ထဲမှာရှိနေတုန်း ဧည့်ခန်းထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ။

မုရှောင်ယက လတ်ဆတ်တဲ့ ရေနွေးတစ်ခွက် ထည့်လိုက်ပြီး ပိုင်ချွမ်းဆီလျှောက်သွားကာ မေးလိုက်သည်။ “ရှင်ဘာဖြစ်နေတာလဲ။ ရှင့်မှာပြောစရာရှိနေလို့လား။"

ပိုင်ချွမ်းက မုရှောင်ယကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းနေလျက်ပြောလိုက်သည်။ "အကိုကြီး ကိုယ့်ကို အများကြီး ကူညီပေးခဲ့တယ်"

“အစ်ကိုကြီးက ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တယ်”

"အဲ့ဒါ...သူငါ့ကို တစ်ခုမေးထားတယ် " ပိုင်ချွမ်းကပြောသည်။

"အစ်ကိုကြီး ရှင့်ကို တစ်ခုခုမေးတာလား။" မုရှောင်ယက အနည်းငယ် အံ့သြသွားသည်။ ပိုင်ကျန့်က ပိုင်ချွမ်းရဲ့ ဘယ်လိုအကူအညီကို လိုအပ်လို့ အကူအညီတောင်းတာလဲ။ သူမ အနည်းငယ် မယုံနိုင်လောက်အောင် ခံစားမိသော်လည်း ကိစ္စမရှိပေ။ အရင်က သူမတို့ကို သူ ကူညီပေးခဲ့တာကြောင့် ပိုင်ကျန့်ရဲ့ တောင်းဆိုမှုကို ရွှေ့ဆိုင်း၍ မရနိုင်ပေ။

ပိုင်ကျန့်က မုရှောင်ယကိုကြည့်ပြီး ပြောတော့မည်ဖြစ်သော်လည်း ရပ်တန့်သွားသည်။

"အဲဒါဘာလဲ။ ပြောလေ ” မုရှောင်ယက ပြောစရာစကားမဲ့သွားသည်။ ပိုင်ချွမ်းက ဘာလို့ တုံ့ဆိုင်းနေသေးတာလဲ။

“ဒါပေမယ့် အဲ့ဒါကို မင်းမကြိုက်ဘူး ” ပိုင်ချွမ်းက ရှုံ့တွစွာပြောသည်။

"ကျွန်မ အဲ့ဒါကို မကြိုက်ဘူးလား။" မုရှောင်ယ အံ့အားသင့်သွားသည်။ "ကျွန်မ ဘာကို မကြိုက်တာလဲ။"

“အကိုကြီးကပြောတယ် ကလေးယူတဲ့” ပိုင်ချွမ်းကပြောပြီး မုရှောင်ယအမူအရာကို မကြည့်ရဲပဲ ခေါင်းငုံ့လိုက်သည်။

“ယူ…”မုရှောင်ယက သူမမျက်လုံးများကိုမှိတ်ထားသည်။ ဘာဖြစ်နေတာလဲ။ အခုခေတ်မှာ ယောက္ခမက ချွေးမကို ကလေးမွေးဖို့ ဖိအားပေးတာ ခေတ်စားနေတာက ခဲအိုကို ဘာလို့ ပြောင်းလာတာလဲ။ မုရှောင်ယ လက်ထဲက ရေခွက်ကိုချလိုက်ပြီး စိတ်တည်ငြိမ်စေရန် နဖူးကိုကိုင်ထားလိုက်သည်။ "ရှင် ဘာလို့ ကျွန်မ ကလေးတွေကို မကြိုက်ဘူးထင်တာလဲ။"

ပိုင်ချွမ်းက စကားမပြောပါ။ သူ့အိတ်ကပ်ထဲက အပြာရောင်အထုပ်သေးလေးကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ အရင်က ဘာလဲဆိုတာ သူမသိပေမယ့် သုံးပြီးနောက်မှာတော့ သူ့ရဲ့လုပ်ဆောင်ချက်ကို သဘာဝကျကျ နားလည်လာသည်။ ရှောင်ယက ကလေးမလိုချင်တာကြောင့် ၎င်းကို ပြင်ဆင်ထားတာဖြစ်သည်။

“…” ဒီလူ မနေ့ကပဲ တစ်ခု သုံးထားတယ်၊ နောက်တစ်ခုကို ဘယ်တုန်းက ဝှက်ထားတာလဲ။

“အရေးမကြီးပါဘူး။ မင်း မပေးချင်ရင် မနက်ဖြန် ကုမ္ပဏီကို သွားပြီး အစ်ကို့ကို သူ့တောင်းဆိုချက်ကို ပြောင်းခိုင်းလိုက်မယ် " မုရှောင်ယ စကားနှောင့်နှေးနေကြောင်း ပိုင်ချွမ်းက တွေ့လိုက်ရသောကြောင့် သူ့ထင်မြင်ယူဆချက်များ မှန်ကန်သည်ဟု သူယုံကြည်ခဲ့သည်။

“ကျွန်မ…” မုရှောင်ယက ပိုင်ချွမ်းကို အမြန်ကြည့်ကာ ပြဿနာတစ်ခုရှိကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ ကလေးယူလိုခြင်းရှိ မရှိကို သူမ တစ်ချိန်က စိုးရိမ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို တိတ်တိတ်ဆိတ်ဆိတ် ချမှတ်ခဲ့သော်လည်း ကလေးလိုချင်လားလို့ တစ်ခါမျှ မမေးဖူးခဲ့ပေ။ ပိုင်ချွမ်းက အမြဲတမ်း သူမနဲ့ အလွယ်တကူ အပေးအယူမရှိသလို အခြားမည်သည့်ထင်မြင်ချက်မျိုးမှ မရှိဘဲ ဖြစ်နေတာကြောင့် သူမ ဆုံးဖြတ်ချက်ကို သူမတို့ ဆုံးဖြတ်ချက်အဖြစ် အသိအမှတ်ပြုထားမိသည်။

"ကလေးလိုချင်လား။" မုရှောင်ယက ပိုင်ချွမ်းကို မေးလိုက်သည်။ “အကိုကြီး ကျွန်မတို့ကို ကလေးမွေးစေချင်လို့ မဟုတ်ဘူးလား ဒါမှမဟုတ် ရှင် ကလေးတွေကို ကြိုက်တာလား ”

“ကြိုက်တယ်” မဆိုင်းမတွဘဲ ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။ သူ့အသိစိတ်ထဲမှာတွေးလိုက်မိတယ် မုရှောင်ယ မွေးဖွားသောကလေးက ငယ်စဉ်က မုရှောင်ယလို ချစ်စဖွယ်ဖြစ်လိမ့်မည်။ တွေးကြည့်ရုံနဲ့ မပျော်ပဲမနေနိုင်တော့ဘူး။

"ဒါဆို ကျွန်မတို့ရလိမ့်မယ်"

မုရှောင်ယက ရုတ်တရက် မကြောက်တော့ပါ။ သူမမိသားစုက သူမစိတ်ကူးထားသည်ထက် ပိုမိုခိုင်မာအားကောင်းခဲ့သည်။ သူမ မရှိသည့်တိုင် သူမကလေးများသည် ကျန်းမာစွာနှင့် သူမတို့မိသားစုတွေနဲ့အတူ ကြီးပြင်းလာမည်ဟု သူမယုံကြည်ခဲ့သည်။

.......

စာရေးသူမှတ်စု 

အချိန်အတော်ကြာပြီးနောက်၊ မုရှောင်ယ ကလေးမွေးဖွားခဲ့သည်။

“မင်းရဲ့ဦးလေး ပိုင်ကျန့်က မင်းကိုမွေးဖို့ အပြေးလာခဲ့တာ မင်းသိလား။” အဘိုးအဘွားများက ကလေးကို ပြောပြသည်။

ကလေး- "ဦးလေး ပိုင်ကျန့်က ကြက်မလား။ "

ကြက်မကြီး ပိုင်ကျန့်; “…”