#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၇၇; Final
မုရှောင်ယက ညလယ်တွင် နိုးလာသည်။ နှစ်ဖက်မိဘတွေက သတင်းကြားတော့ နောက်တစ်နေ့မနက် စောစောထလာကြသည်။ နှစ်သိမ့်မှုများစွာပေးပြီးနောက်တွင် ရှန်ချင်းယီ တစ်ယောက်သာကျန်နေခဲ့သည်။ မုရှောင်ယရဲ့ အနားယူမှုကို မထိခိုက်စေရန်အတွက် အခြားသူများသည် သူမကို စစ်ဆေးပြီးနောက် ပြန်သွားကြသည်။
ခြောက်ရက်လုံးလုံး ကောင်းကောင်း အနားမယူခဲ့သော ပိုင်ချွမ်းက နောက်ဆုံး ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
ရှန်ချင်ယီက သူ့သမီးအတွက် ပန်းသီးတစ်လုံးကို လှီးဖြတ်ကယ သက်ပြင်းချရင်း ပြောလာသည်။ "ဒီတစ်ခါ မင်း ရုတ်တရက် နေမကောင်းတဲ့အချိန် ရှောင်ချွမ်း ရဲ့ စွမ်းဆောင်ရည်က မားတို့မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီ "
"သူ ဘာဖြစ်သွားတာလဲ။ " မုရှောင်ယ နာမကျန်းဖြစ်ပြီးနောက် ၎င်း၏စွမ်းဆောင်ရည်ကို သိချင်သော်လည်း ပိုင်ချွမ်းက အလွန်မောပန်းနေပြီဖြစ်ပြီး မေးလာမှာမလိုလားကြောင်း မနေ့က သူမမြင်လိုက်ရသည်။
"သူက ငါတို့အားလုံးထဲမှာ သူကအငြိမ်ဆုံးပဲ " ရှန်ချင်းယီက ပြောလာသည်။ “လူနာတင်ကားခေါ်ပြီး ဆေးရုံတင်ထားတယ်၊ အခြေအနေကိုပြောပြတယ်၊ မားတို့ကို ဆက်သွယ်တယ်၊ မင်းကို ဂရုစိုက်တယ်၊ အရာအားလုံးကို စနစ်တကျစီစဉ်ထားပြီး၊ အော်တစ်ဇင်ရောဂါရှိသူ လုံးဝလုပ်ရမယ့်အရာမဟုတ်ဘူး။ အဲဒီအစား ငါတို့ကသာ ဘာလုပ်ရမှန်း မသိတဲ့လူပဲ”
"သူ့မှာ ဘာပြဿနာမှမရှိဘူးလား "
“ဟင့်အင်း သူက မင်းရဲ့လူနာခန်းထဲမှာ ခေါင်းမာမာနဲ့နေပြီး တစ်ခြားသူတွေကို မင်းကို ဂရုစိုက်ခွင့်မပေးဘူး။ ဘဝမှာ သေခြင်း လမ်းခွဲတာကို နားမလည်တာကြောင့် အေးအေးဆေးဆေး နေခဲ့တယ်လို့ မားထင်တယ်” ရှန်ချင်းယီက ပြုံးကာပြန်ပြောသည်။ "အရင်က မင်းပါးနဲ့ မားက ပိုင်ချွမ်း မင်းကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူးလို့တွေးခဲ့တာ အခုက မားတို့က အရမ်းစိုးရိမ်နေပုံရတယ်”
“သူ နားမလည်ဘူး။ သူနိုးလာဖို့ စောင့်နေတာ…” ဒါမှမဟုတ် ငါနိုးမလာဘူးလားဆိုတာ ကြည့်ဖို့။
မုရှောင်ယက ပိုင်ချွမ်းကိုကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။ စောင်တစ်ထည်နဲ့ ဆိုဖာပေါ်မှာ လှဲလျောင်းနေသည်။ ဖြူဖပ်ဖြူရော်မျက်နှာပေါ်မှ မျက်လုံးများက တင်းတင်းစေ့ထားသည်။ သူ့ ရှည်လျားသော မျက်တောင်များသည် ရံဖန်ရံခါ တုန်ခါနေသည်။ 'အချိန်မရွေး နိုးလာနိုင်ပုံရတယ်။ မုရှောင်ယက ပိုင်ချွမ်း မျက်လုံးများကို မမြင်နိုင်သော်လည်း အဆုံးတွင် သူသည် သူမကို စောင့်နေကြောင်း သိလိုက်ပြီးနောက် သူမထံ သွားခဲ့သည်။'
“နိုးလာလို့ ဝမ်းသာပါတယ်” ထိုအချိန်က မြင်ကွင်းကို ပြန်အမှတ်ရသည့်အခါ ရှန်ချင်းယီက ခဏတာမျှ မကြောက်လန့်ပဲ မနေနိုင်ခဲ့ပေ။ “မဟုတ်ရင်…အဲ ငါ မပြောသင့်ဘူး”
မုရှောင်ယရဲ့ စိတ်ဖိစီးမှုကို မတိုးပွားစေရန်အတွက် မိသားစုနှစ်စုက ယင်းကို အတူတကွ ဆွေးနွေးခဲ့ကြသည်။ အနာဂတ်တွင် မုရှောင်ယနဲ့ ပိုင်ချွမ်းတို့ရှေ့မှာ မျိုးရိုးဗီဇဆိုင်ရာရောဂါပြဿနာကို မည်သူမျှမဖော်ပြတော့ပါ။ မျိုးရိုးဗီဇရောဂါရှိနေသော်လည်း ပါမောက္ခ ရုန်က မျိုးရိုးဗီဇရောဂါအတွက် ကုသမှုနည်းလမ်းကို ဦးစွာတီထွင်နိုင်သည်ဖြစ်စေ မပြုလုပ်နိုင်သည်ဖြစ်စေ မျိုးရိုးဗီဇရောဂါက လုံးဝပြိုကွဲသွားမည်ဖြစ်သည်။ ဒါပေမယ့် ၎င်းတို့တွင် အခြားရွေးချယ်စရာမရှိပေ။ သူတို့လုပ်နိုင်တာက ပစ္စုပ္ပန်မှာ အကောင်းမြင်စိတ်နဲ့ နေထိုင်ဖို့ပဲရှိသည်။
"သမီး ဆေးရုံကဆင်းရင် အဖွား ပိုင်ကို သွားကြည့်" ရှန်ချင်းယီက တိုက်တွန်းခဲ့သည်။ သူ့သမီးသေခြင်းမှ လွတ်မြောက်ရခြင်းအကြောင်းရင်းမှာ ကျောက်စိမ်းလက်ကောက်ကြောင့်ဖြစ်ကြောင်း သူမတွေ့ရှိကတည်းက ရှန်ချင်းယီက အဖွား ပိုင်ကို နှလုံးသားထဲတွင် ကျေးဇူးတင်နေခဲ့သည်။
“အင်း” မုရှောင်ယက သူမအမေက အဲဒါကို မပြောရင်တောင် သွားဖို့စဥ်းစားထားသည်။
နေ့ခင်းဘက်တွင် ရှန်ချင်းယီက သူ့သမီးအတွက် စားစရာဝယ်ဖို့ ထွက်သွားသည်။ သူမထွက်သွားပြီး မကြာခင်မှာပဲ ပိုင်ကျန့် ရောက်လာသည်။ ပိုင်ချွမ်း အဝတ်လဲဝတ်ဖို့ အဝတ်ကို သူယူလာခဲ့တာ။
"ရှောင်ချွမ်း အိပ်နေတာလား။" ပိုင်ကျန့်က အိပ်ပျော်နေတုန်း ပိုင်ချွမ်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့အဝတ်အစားတွေကို သူ့ဘေးက ကုလားထိုင်ပေါ်မှာ တင်လိုက်သည်။
“သူ ပင်ပန်းမှာကို ကြောက်တယ်။ ဒီမနက် ဆူဆူညံညံနဲ့တောင် အိပ်ရာက မထလာဘူး” မုရှောင်ယ စိတ်ဆင်းရဲသွားသည်။
"မင်း... ဘယ်လိုနေလဲ။ " ပိုင်ကျန့်က မုရှောင်ယကို မေးသည်။
"ကျွန်မ အဆင်ပြေပါတယ် "
မုရှောင်ယ မျက်နှာက အနည်းငယ် ဖြူဖျော့နေသေးသော်လည်း သူမ၏ စိတ်အခြေအနေက ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမက သာမန်လူများနှင့်မတူပါ သူမထပ်မမေ့သရွေ့ ကောင်းနေမှာဖြစ်ပြီး ပရော်ဖက်ဆာ ရုန်ကိုလည်း မေးမြန်းခဲ့သည်။ ဒါပေမယ့် ပိုင်ကျန့်က ဆေးရုံကို အပြေးအလွှားရောက်လာချိန်မှာတော့ သူမကို ဘယ်လိုမြင်ရလဲဆိုတာ မမေ့နိုင်ခဲ့ပါဘူး။ မုရှောင်ယကို ပြွန်များဖြင့်ဖုံးအုပ်ထားပြီး အထူးသဖြင့် မုရှောင်ယ ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကို ပရော်ဖက်ဆာ ရုန် ပြောချိန်တွင်…
"တောင်းပန်ပါတယ်" ပိုင်ကျန့်က ရုတ်တရက် တောင်းပန်လာသည်။
"အစ်ကိုအကြီး။" မုရှောင်ယက ရှုပ်ထွေးသွားသည်။ ပိုင်ကျန့်က သူမကို ဘာကြောင့် ရုတ်တရက် တောင်းပန်တာလဲ။
"အဲ့တာကဘာလို့လဲဆိုတော့ မင်း မဖျားခင်မှာ ကလေးရှိမယ်လို့ ငါမျှော်လင့်လို့ ပိုင်ချွမ်းကို ပြောထားလို့ပဲ" မုရှောင်ယ ကိုယ်ဝန်မဆောင်ပါက၊ နောက်နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာသည်အထိ မဖျားမနာဖြစ်နိုင်တယ်လို့ ပရော်ဖက်ဆာ ရုန်က ပြောသောအခါ ပိုင်ကျန့်က သူ့ကိုယ်သူ အပြစ်တင်လာသည်။ ဒါပေမယ့် နှစ်နှစ်သုံးနှစ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ပိုအဆင့်မြင့်တဲ့ ဆေးဘက်ဆိုင်ရာနည်းပညာတွေ ရှိလိမ့်မည်။ မုရှောင်ယ ခန္ဓာကိုယ်ကို ကျောက်စိမ်းလက်ကောက်ဖြင့် နောက်ထပ်နှစ်နှစ် သို့မဟုတ် ထို့ထက်ပို၍ အာဟာရဖြည့်သွင်းနိုင်ပြီး နှစ်နှစ် သို့မဟုတ် သုံးနှစ်အကြာမှ မုရှောင်ယ နေမကောင်းသောအခါတွင် ပရော်ဖက်ဆာ ရုန်က ဤမျိုးရိုးဗီဇကို ကုသဖို့ နည်းလမ်းရှာတွေ့နိုင်မည်ဖြစ်သည်။ ရောဂါ ဒါမှမဟုတ်၊ ကျောက်စိမ်းလက်ကောက်ကြောင့် ဖြစ်ပေါ်လာသော ဗီဇပြောင်းလဲမှုက ရောဂါဗီဇကို ထပ်မံအနှောင့်အယှက်ပေးမည်ဖြစ်ပြီး သူမက လုံးဝဖျားမည်မဟုတ်ပါ။
“အကိုကြီး၊ ဒီကိစ္စက အစ်ကိုနဲ့မဆိုင်ပါဘူး။ ဒီကလေးက ကျွန်မနဲ့ ရှောင်ချွမ်း လိုချင်တဲ့ အရာဖြစ်ပြီး ကိုယ်ဝန်က ငါ့ကို အရင် ဖျားနာစေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားဘူး”
ပိုင်ကျန့်က ဒါကို နားလည်ပြီး သူ့ကိုယ်သူ ယုံကြည်စေခဲ့ပေမယ့် ဖြစ်ပျက်လုနီးပါး အကျိုးဆက်တွေကြောင့် သူ့ကိုယ်သူ အပြစ်တင်တာကို မစွန့်လွှတ်နိုင်သေးပါဘူး။ ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့ခြင်းကြောင့် တာဝန်ကို ရှောင်လွှဲ၍မရပါ။ နှင်းတောင်ပြိုကျတဲ့အခါ၊ နှင်းပွင့်လေးတောင် အပြစ်ကင်းသည်။
"အကြောင်းရင်းကို ပြန်ကြည့်ရင် ငါ့အပြစ်ပဲ " ပိုင်ကျန့်က သူ့ကိုယ်သူ အပြစ်တင်နေသေးတာကို မုရှောင်ယ မြင်တော့ မုရှောင်ယက အမှန်အတိုင်းတစ်ဝက်ပြောခဲ့သည်။ "တကယ်လို့ ကျွန်မ ရှောင်ချွမ်းကို လက်ထပ်ဖို့ မရွေးချယ်ခဲ့ရင် အဖွားက ကျွန်မကို လက်ကောက်ပေးမှာမဟုတ်ဘူး။ နောက်ပြီး ကျွန်မမှာကိုယ်ဝန်လဲရှိမှာမဟုတ်ဘူး။ ဒါကြောင့် နောက်ထပ်နှစ်နှစ်လောက် အသက်ရှင်နိုင်ရင်တောင်မှ ရုတ်တရက်ဖျားပြီး သေဆုံးသွားလိမ့်မယ်။ ဒီအဆုံးသတ်နှစ်ခုက အတူတူပဲလို့ အစ်ကိုထင်လား။ ဒါဆို ဘယ်ဟာက ကျွန်မအတွက် ပိုသင့်တော်လဲ။ "
ပိုင်ကျန့်က မုရှောင်ယကို ကြည့်လိုက်မိသည်။ တစ်ချိန်လုံး သူမနေမကောင်းဖြစ်မယ်ဆိုတာ သေချာပေါက်သိနေပုံရတယ်လို့ အမြဲထင်မြင်နေခဲ့သည်။
“မင်း…မင်း မသေဘူး” မုရှောင်ယ ပြောပြီးနောက်မှာ တည်ငြိမ်စွာထွက်ပေါ်လာတဲ့ ပိုင်ချွမ်းရဲ့အသံက လူတိုင်းကို အံ့ဩသွားစေသည်။ သူတို့စိုးရိမ်နေတဲ့ ပြိုကျမှုဟာ သူ့အတွက် အကျပ်အတည်းတစ်ခုတောင် လုံးဝမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မုရှောင်ယ တကယ်မနိုးလာရင် ပိုင်ချွမ်း ပြိုလဲမှုရဲ့အစပဲဆိုတာ ပိုင်ကျန့် သိသည်။
မုရှောင်ယ မေ့မြောသွားသည့် ခြောက်ရက်အတောအတွင်း ပိုင်ချွမ်းက သူမရောဂါအကြောင်း မမေးဘဲ “ရှောင်ယ ဘယ်တော့နိုးမလဲ” လို့သာ ဆရာဝန်ကို မေးခဲ့သည်။
ရလဒ်ကို စောင့်ဆိုင်းနေသကဲ့သို့ သူ့စကားတွင် စိတ်ပူစရာ သိပ်မရှိပါ။ အဆိုးဆုံးရလဒ်ကို ရှာဖွေတွေ့ရှိပြီးနောက် တုံ့ပြန်မှုနှင့်ပတ်သက်၍ ပိုင်ကျန့်က စိတ်ကူးမယဉ်ဝံ့ပေ။
"ကျွန်မ အလုပ်ကြိုးစားခဲ့တယ်" မုရှောင်ယက ပြုံးပြီး ပြန်ဖြေတသည်။
ပိုင်ကျန့်က ပိုင်ချွမ်းကို ထပ်ကြည့်လိုက်သည်။ စကားမပြောတော့ဘဲ ခေါင်းညိတ်ကာ ထွက်သွားသည်။
=
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်သုံးလကြာသွားပြီး မုရှောင်ယရဲ့ due date ရောက်လာသည်။ ကလေးမွေးဖွားသည့်နည်းလမ်းကို ရွေးချယ်သည့်အခါ မုရှောင်ယက ခွဲစိတ်ဖို့ ရွေးချယ်တာကို တုံ့ဆိုင်းမနေခဲ့ပါ။ တစ်ဖက်တွင် သူမက ကလေးမွေးဖွားစဉ် ရုတ်တရက် မူးလဲသွားမည်ကို ကြောက်ခဲ့သော်လည်း တစ်ဖက်တွင်မူ ပိုင်ချွမ်းကို ကလေးမွေးဖွားခြင်းလုပ်ငန်းစဉ်ကို မမြင်စေချင်ခဲ့ပေ။
ပိုင်ချွမ်းသာ သူမရဲ့ ကလေးမွေးဖွားမှု လုပ်ငန်းစဉ်ကို မြင်ပါက၊ ဤဖခင်က မွေးပြီးသည်နှင့် သူ့ကလေးကို မုန်းတီးတာ ဖြစ်နိုင်သည်။
ဒါပေမယ့် မုရှောင်ယ မမျှော်လင့်ထားတဲ့အရာကတော့ သူမမှာ စိုးရိမ်မှုတွေ အများကြီးရှိနေလို့ဖြစ်သည်။ ကလေးမွေးပြီးချိန်မှာတော့ ပိုင်ချွမ်းက မုန်းတီးနေဆဲပဲ။ အကြောင်းရင်းက လူများကို ရယ်ရမလား ငိုရမလား ဖြစ်သွားစေခဲ့သည်။ 'သူတို့သားက မုရှောင်ယနဲ့ လုံးဝတူခြင်းမရှိသောကြောင့်ဖြစ်သည်။'
ဟုတ်တယ်၊ သူတို့မှာ သားတစ်ယောက်ရှိတယ်။ ကိုယ်ဝန်ရှိစဉ်မှာ အဖြစ်အပျက်တွေ အများကြီးဖြစ်တတ်ပေမယ့် ကံကောင်းထောက်မစွာပဲ ကလေးက ကျန်းမာသည်။ ကလေးကို ပထမတန်း စစ်ဆေးမှုကနေ ပြန်လွှတ်လိုက်တဲ့အခါ ပုခက် ပတ်လည်ကလူတွေအားလုံးက ကလေးကို မိဘတွေကို အဆက်မပြတ် ချီးမွမ်းကြသည်။
တစ်ယောက်က ကလေးနှာခေါင်းက ကြည့်ကောင်းတယ်လို့ပြောတယ် အခြားတစ်ယောက်က ကလေးပါးစပ်က ကြည့်ကောင်းတယ်လို့ပြောကြပြီး သူ့ဆံပင်ကလည်း ကြည့်ကောင်းတယ်လို့ ပြောကြသည်။ ပိုင်ချွမ်းရဲ့ အသံသာ ကျယ်လောင်စွာထွက်ပေါ်လာသည်။ “ကျွန်တော် ထင်ထားသလိုမျိုး မဟုတ်ဘူး”
လူတိုင်းက စိတ်ဝင်တစားရှိကြပြီး ကလေးကို ဘယ်လိုတွေးထားလဲ စဥ်းစားလာကြသည်။ “မင်းဘယ်လိုထင်လို့လဲ။”
"သူက ရှောင်ယ ငယ်ငယ်တုန်းကနဲ့ မတူဘူး" ပိုင်ချွမ်းက ပြန်ဖြေသည်။
လူတိုင်းက ရယ်ပြီး သဘောကျသွားကြသည်။ “ကလေးက ငယ်သေးတယ် အခုပုံက ဒီလိုပဲ သူကြီးလာရင် ငါတို့သိလိမ့်မယ်”
ပိုင်ချွမ်းက သူ ပြောသည်ကို လူတိုင်းက မယုံကြကြောင်းကို မြင်သောအခါတွင် သူက ဘောပင်နှင့် စာရွက်ကို ထုတ်ယူကာ ဘယ်နေရာကိုသိသူထံမှ ဘောပင်နှင့် ငါးနှစ်သားကလေးတစ်ဦး၏ ပုံကြမ်းကို ထိုနေရာတွင် ဆွဲချလိုက်သည်။ ထို့နောက် ၎င်းကို မိသားစုနှစ်စုအား ပြသခဲ့သည်။ "ကြည့်လိုက် သူက နောင်ကျရင် ဒီလိုဖြစ်လာလိမ့်မယ် သူက ရှောင်ယနဲ့ လုံးဝတူမှာမဟုတ်ဘူး"
နှစ်ဖက်လုံးမှ မိဘများသည် ဤပုံကြမ်းကို လှည့်ကြည့်လာကြသည်။ မျက်စိမှိတ်အိပ်နေသော ကလေးလေးကို တစ်နေရာမှာ မြင်ဖူးသလိုမျိုး ရင်းနှီးသလို ခံစားလိုက်ရသည်။
“ခဏ…” လီရုံက ရုတ်တရက် အော်လာပြီး သူမလက်ကိုင်ဖုန်းကို ထုတ်ပြီး အယ်လ်ဘမ်ကိုလှန်ကာ ဓာတ်ပုံဟောင်းတစ်ခုကို ဖွင့်လိုက်သည်။ သူမက ၎င်းကို ပုံကြမ်းနှင့် နှိုင်းယှဉ်ကာ ပြောလာသည်။ "ဆင်တူတယ် မဟုတ်လား။ "
“ဒါက……” ရှန်ချင်းယီက ယောင်ဝါးဝါးဖြင့် ခန့်မှန်းခဲ့သည်။ “ရှောင်ချွမ်း ငယ်ငယ်တုန်းက”
“ဟုတ်တယ် ” လီရုံက ပိုင်ချွမ်းကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ပြီးမေးလာသည်။ "သားရဲ့သားလေး ကြီးလာရင် ဒီပုံစံက တကယ်ဖြစ်မှာလား။"
"အင်း၊ လူသားကြီးထွားမှုရဲ့ သဘာဝနိယာမအရ သူ့ကို ပုံဆွဲခဲ့တာ…" ပိုင်ချွမ်းက ဤပုံကြမ်းဖြစ်စဉ်အသေးစိတ်များကို ရှင်းပြတော့မည်ဖြစ်သော်လည်း သူ့အမေ၏ စိတ်လှုပ်ရှားမှုကြောင့် ရပ်တန့်သွားသည်။ ဒါက အရင်က မဖြစ်ဖူးတဲ့အရာတစ်ခုပါ။ ဟိုတုန်းက သူစကားပြောချင်စိတ်ရှိသရွေ့ သူ့ကို ဘယ်သူက နှောက်ယှက်မှာလဲ။
“ကောင်းလိုက်တာ” ပိုင်ချွမ်း မကျေမနပ်ဖြစနေတာနဲ့ နှိုင်းယှဉ်ကြည့်လျှင် ပိုင် မိသားစုမှ အခြားသူများမှာ ပိုင်ချွမ်းနဲ့ ပုံစံတူနီးပါးတူသည့် ကလေးတစ်ယောက်ရှိသောကြောင့် ပျော်ရွှင်နေကြသည်။ ပိုင်ချွမ်း ကြီးပြင်းလာချိန်ကစလို့ သူတို့ရဲ့နောင်တတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။
မု မိသားစု၏ မိဘများကလည်း အလွန်ပျော်ရွှင်ခဲ့ကြသည်။ မြေးဖြစ်သရွေ့ သူတို့၏မြေးမည်သို့မည်ပုံရှိမည်ကို ဂရုမစိုက်ပါ။
သူ့ရင်ထဲက နာကျင်မှုကို ဘယ်သူမှ နားမလည်ဘူး။ ပိုင်ချွမ်းက ဒါကို မကျေမနပ်ဖြစ်နေတာကြာပြီ။ မုရှောင်ယ နှစ်သိမ့်မှုသည်ပင် အလုပ်မဖြစ်ပါ။ ပိုင်ချွမ်းက သူ့သားငယ်၏ မျက်နှာလေးကို လက်ညိုးဖြင့် ထိုးပြီး အိပ်ပျော်နေတဲ့ ရှောင်သွမ့်ဇီကို နှိုးလိုက်သည့် တစ်ညမတိုင်ခင်အထိပဲ။ ရှောင်သွမ့်ဇီက သူ့အမေလို နက်မှောင် တောက်ပြောင်သော ဗာဒံစေ့မျက်လုံးတစ်စုံကို စိတ်ရှုပ်ထွေးစွာဖြင့် ဖွင့်လာသည်။
ထိုအချိန်မှစ၍ ပိုင် မိသားစု၏ ရှောင်သွမ့်ဇီ အိပ်ပျော်သွားပြီးနောက်တွင် သူ့အဖေရဲ့ နှိုးခြင်းခံမည်ဖြစ်သည်။
မနက်တိုင်း သူမတို့အိပ်ရာထတဲ့အခါ မုရှောင်ယက သူမသားရဲ့ပါးပြင်မှာ အနီရောင်အစက်လေးတစ်စက် အမြဲတွေ့ရသည်။ “…”
မုရှောင်ယရဲ့ မျိုးရိုးဗီဇရောဂါက မပျောက်သေးသော်လည်း နှစ်နှစ်ကြာပြီးနောက်တွင် သူမက ပျမ်းမျှအားဖြင့် ရက်ပေါင်းများစွာ ဆေးရုံတက်ရလိမ့်မည်။ ဒါပေမယ့် သူမက ယခင်ဘဝ၏ သက်တမ်းကုန်ဆုံးရက်ကို ကျော်လွန်ကာ ရှင်သန်နေဆဲဖြစ်သည်။
ပိုင်ချွမ်းနဲ့ သူမရဲ့ စတုတ္ထမြောက် မင်္ဂလာနှစ်ပတ်လည်နေ့၏ ဒုတိယနေ့တွင် မုရှောင်ယနဲ့ ပိုင်ချွမ်းတို့က သူတို့ကလေးကို ဖွားဖွားပိုင် အုတ်ဂူဆီ ခေါ်ဆောင်သွားကြသည်။
“လာ အဖွားလို့ ခေါ်လိုက် ” မုရှောင်ယက ဖွားဖွားပိုင် ဓာတ်ပုံကို ညွှန်ပြပြီး သူမသားကို ပြောခိုင်းသည်။
“အဖွား…အဖွား” ပိုင်ရှောင်သွမ့်ဇီရဲ့ အပြောအဆိုမှာ မချောမွေ့သော်လည်း ပျော့ပျောင်းပြီး ဖျော့တော့သော အသံက လူအများ၏ နှလုံးသားထဲသို့ ရောက်သွားနိုင်သည်။
“အဖွားရဲ့ အကြီးမားဆုံးနောင်တကတော့ မင်းအဖေ ငယ်ငယ်က စကားမပြောချင်တာဘဲ။ မင်း နောက်ထပ် စကားနည်းနည်း ပြောသင့်တယ်။ " ပိုင်ရှောင်သွမ့်ဇီက သူ့အဖေနှင့်တူသော်လည်း သူ့စရိုက်က မုရှောင်ယနဲ့တူကာ သူ့ပါးစပ်က ချိုမြိန်ပြီး တက်ကြွကာ အနည်းငယ်ပင် မိုက်မဲနေသည်။ ဒါပေမယ့် ဒါတွေက ပိုင် မိသားစုက ပိုင်ချွမ်း ငယ်ငယ်တုန်းက ဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့အရာတွေပါ။ ဒါကြောင့် ပိုင်ရှောင်သွမ့်ဇီ စိတ်ဆိုးနေချိန်တွင် ပိုင် မိသားစုက သူ့ကို မတားဘဲ သူ့ကိုပင် အားပေးခဲ့သည်။
မုရှောင်ယက သူမကလေးကို ဒုတိယဘိုးဘေးတစ်ဦးလို ပေါ့ပေါ့ဆဆ ပြုစုပျိုးထောင်ပေးမည်ကို စိုးရိမ်သောကြောင့် သူမကလေးအား သူမယောက္ခမထံ မလွှဲပြောင်းရဲခဲ့ပေ။
“အဖွား… အဖွား အဖွား…” ကလေး၏ ပြတ်သားသော အသံက ထပ်ခါထပ်ခါ ထွက်လာသည်။ မုရှောင်ယက ဖွားဖွားပိုင်ရဲ့ အုတ်ဂူကျောက်တုံးကို လျှပ်တပြက်ကြည့်ကာ သူတို့အား တုံ့ပြန်နေသကဲ့သို့ ကြင်နာသော အပြုံးကို မြင်လိုက်ရသည်။
'အဖွား မနေ့ကက သမီးရဲ့ သေနေ့လို့ ယူဆခဲ့ပေမယ့် အသက်ရှင်ခဲ့တယ်။ အခုကစပြီး အဖွားက သမီးကို နေ့တိုင်းအတွက် ဘဝသစ်ပေးခဲ့တာ။'
မုရှောင်ယက သူမ လက်ကောက်ဝတ်ရှိ ကျောက်စိမ်းလက်ကောက်ကို ကြည့်ပြီး တိတ်တဆိတ် ပြောလိုက်သည်။
“နောက်ကျ စန္ဒယားကို သင်ခိုင်းလိုက် ” ပိုင်ချွမ်းက ရုတ်တရက် အကြံပြုလာပြီး အဖွားလို့ အထပ်ထပ်အခါခါ အော်နေသော ရှောင်သွမ့်ဇီကို လက်ညှိုးထိုးပြသည်။
"ဘာလို့လဲ။" မုရှောင်ယ အံ့သြသွားသည်။
"အဘွားက ကိုယ့်ကို ငယ်ငယ်က သင်ပေးချင်ပေမယ့် မသင်ခဲ့ဘူး" ပိုင်ချွမ်း ငယ်ငယ်တုန်းက အဖွားက သူ့လက်ဆွဲပြီး စန္ဒယားတီးတာကို သဘောကျပေမဲ့ မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်း အရမ်းကောင်းတာကြောင့် သူ့မှာ ပညာရှင်ရောဂါရှိတယ်လို့ ပြောရတာ ထူးဆန်းတယ်၊ တီးဖို့အတွက် သူက စန္ဒယားပေါ်ရှိ သော့များကို မနှိပ်နိုင်ပါ။
"ကောင်းသားပဲ"