အချက်အပြုတ်နတ်ဘုရားလေး၏ ခရီးစဉ်
အပိုင်း ၁
၁၉၇၈ တောင်ပိုင်းမြို့၊ နွေလယ်
သူမ၏ခေါင်းထဲ၌ ရီဝေစွာဖြင့် ယင်ကောင်တစ်ထောင်လောက် တဝီဝီမြည်နေကာ သူမ၏ မျက်ခွံများက ပေါင်တစ်ထောင်မျှလေးသယောင် ခံစားနေရသည်။ စုခယ် သူမ၏ မျက်လုံးများကို ဖွင့်ရန် ရုန်းကန်လိုက်ရ၏။
သူမ၏ မျက်လုံးထဲဝင်လာသည်မှာ အရောင်ဖျော့ဖျော့ ခေါင်မိုးနှင့် အနောက်တွင် ပါလာသည့် ပိုးသတ်ဆေးနံ့ပြင်းပြင်းတို့ပင်။
အဟုတ်ပင် သည်နေရာမှာ ဆေးရုံတစ်ခုဖြစ်သည်။ ဟွမ်းရှန်မြိုရှိ နာမည်ကြီး စားဖိုမှူးတစ်ယောက်အနေဖြင့် နေ့စဥ် မရေတွက်နိုင်လောက်သည့် စားပွဲများ ကြိုဘိုကင်ယူထားသော ဧည့်သည်များရှိပြီး သူမ ပိုက်ဆံများများ ရှာနိုင်သော်ငြား အလုပ်လည်း အလွန်များလှသည်။
သူမမှတ်မိသည်မှာ မီးဖိုချောင်က မွန်းကြပ်စရာကောင်းပြီး မီးဖိုရှေ့တွင်ဆို ပို၍ပင် မခံမရပ်နိုင်စရာပင်။ သူမ ခဏတာ အသက်မရှူနိုင်ဖြစ်ကာ သတိလစ်သွားခဲ့သည်။
သူမ အပူလျှပ်သွားခြင်းဖြစ်မည်။ အပြီးမသတ်လိုက်ရသော စားစရာများကို တွေးမိလိုက်ပြီး စုခယ် ချက်ချင်းပင် ထကာ အပြီးသတ်ဖို့ စီစဥ်လိုက်သည်။
“နင်ဘယ်လိုနေသေးလဲ?”
“ဒီကလေးကတော့ ဘာမပြောညာမပြောနဲ့ မြစ်ထဲခုန်ချလိုက်တာ နင်တို့ လူငယ်အတွဲတွေက စကားကောင်းကောင်းပြောလို ရဘူးလား။ ဘာလို့ သေကြောင်းအရင်ကြံစည်ရတာလဲ?”
ခဏခြင်းပင် လူတစ်စုက စုဝေးလာကြသည်။
သူမ၏ ဘေးပတ်လည်ရှိ ရင်နှီးသယောင်ဖြင့် မရင်းနှီးသော မျက်နှာများကို ကြည့်ရင်း စုခယ် မျက်တောင်ကို တဖြတ်ဖြတ်ခတ်နေသည်။ မျက်လုံးကို ဖွင့်ပြီးနောက် ပြန်ပိတ်ကာ ပြန်ပိတ်နောက် ပြန်ဖွင့်လိုက်သည်။
အိမ်မက်မက်နေတုန်းလား? ဒါက ဘယ်လိုအခြေအနေလဲ?
“နင်တို့ လူခွဲကြတော့၊ စုခယ် အခုမှနိုးတာ၊ အများကြီး လျှောက်မမေးနဲ့၊ သူမ အခုသတိရပြီပဲဟာ၊ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အလုပ်ရှုပ်ကြ”
ကလေးမ မျက်လုံးထဲရှိ နားမလည်နိုင်သော အကြည့်ကို ချန်းရှုဟွား မြင်လိုက်ရသည်။ သူမက သေချာပေါက် ကိစ္စအများကြီးနှင့် နေသားမကျနေ။ ကောင်မလေးက သေခြင်းတရားမှ လွတ်မြောက်လာရုံပဲရှိသေးသည်ကိုတွေးကာ အကုန်လုံးကို သူတို့ အမြန် မောင်းထုတ်လိုက်သည်။
ထိုညက သူမအိမ်တွင် ညစာစားပြီး ထိုင်နားနေခဲ့ကာ ရေချိုပြီး အိပ်ယာဝင်မည့် စဲစဲတွင် ရေချိုးခန်းဆီ မရောက်ခင် ဖုန်းသံမြည်လာရသည်။
အထူးတပ်ဖွဲ၏ မိသားစုဝင်က မြစ်ထဲခုန်ချကာ သေကြောင်းကြံစည်ခဲ့သည်။ ဤကိစ္စက အတော်ကြီးမား၏။ အထူးတပ်ဖွဲ့ မိသားစုဝင်များကို စီမံခန့်ခံရသော အရာရှိအနေဖြင့် ချန်းရှုဟွားလည်း စကားတစ်လုံးမျှ မဆိုလျက် ဆေးရုံကိုသာ ပြေးလာခဲ့သည်။ ဤအခန်းက မိသားစုခြံဝန်းထဲရှိ လူများနှင့် ပြည့်နေသည်။
ချန်းရှုဟွား ပြောပြီးနောက် ခဏတာအတွင်း အခန်းထဲရှိ လူအကုန်လုံး ထွက်သွားကြပြီး နှစ်ယောက်သာကျန်ခဲ့သည်။
“နင့်ယောကျ်ားက မစ်ရှင်သွားနေတာ နောက်နေ့မနက်လောက်မှ ပြန်ရောက်မယ်”
စုခယ်က ထိုမိန်းမ၏ နှုတ်ခမ်းများ ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေသည်ကို ကြည့်ရင်း သူမနှင့် မသက်ဆိုင်သော မှတ်ဉာဏ်အချို့က သူမခေါင်းထဲ ရောက်လာသည်။
သူမက ထိပ်တန်း ရှေးခတ် ဝတ္ထု တစ်ပုဒ်ထဲ ရောက်သွားပြီး နာမည်တူ မျိုးရိုးတူ ထိပ်တန်း အရံဇာတ်ကောင်တစ်ဦး ဖြစ်လာရကာ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ အကြီးမားဆုံး ခုတုံးလေးတစ်ခု ဖြစ်သွားရသည်။
စာအုပ်တစ်အုပ်လုံးတွင် စုခယ်က အကောင်းဆုံး အရံဇာတ်ကောင်ဖြစ်သည်။ သူမက အရာအားလုံးတွင် ဆရာသခင်ဖြစ်ပြီး မိခင်တစ်ဦးလည်းဖြစ်သည်။ သူမတွင် ဘဝကောင်းတစ်ခုရှိသော်ငြား သမာရိုးကျ မဟုတ်သော လမ်းကိုသာ ဇွတ်လျှောက်ရန်လုပ်သည်။ ဇာတ်လိုက်ကို သေလောက်သည်အထိ ချစ်ပြီးအသည်းကွဲရသည်။ နောက်ဆုံး၌ သူမလိုချင်သည်ကို မရခဲ့ဘဲ အရှက်သာကွဲခဲ့ရ၏။
ယခု ဇာတ်လမ်း၏ တိုးတက်မှုကိုပြသည့် ဘားကို ကြည့်ခြင်းဖြင့် သူမဖခင်၏ ထောက်ပံ့ကူညီမှုကြောင့် အရည်အသွေးကောင်း မျိုးရိုးမြင့် ဇာတ်လိုက် ချန်းလင်နှင့် သူမ လက်ထပ်ထားလောက်သည်။ ယခုဆို လက်ထပ်ခြင်းက ခြောက်လပင် ရှိလောက်ပြီဖြစ်သည်။ သူမက အမျိုးသားဇာတ်လိုက်ကို ပျင်းစရာကောင်းပြီး ရိုမန်တစ်မဆန်သောကြောင့် မကြိုက်ချေ။ သူမက သူနှင့် ကွာရှင်းရန် နည်းမျိုးစုံကြိုးစားလေ့ရှိသည်။ သူမ စာအတူတူ လုပ်ခဲ့သော ကျောင်းသားအတန်းဖော်တွေလောက်ပင် သူက မရယ်ရလို ဟာသဉာဏ်လည်း မရွှင်ချေ။
သူမ ဤဇာတ်လမ်းကို သိရခြင်းက သူမတို့ နာမည်ချင်း တူနေပြီး သူမ သူငယ်ချင်းက သူမကို ဟာသအနေဖြင့် ပြောပြခဲ့သောကြောင့်ဖြစ်သည်။
မထင်မှတ်စွာပင် သူမက ယခုတော့ ဤဇာတ်ကောင်အနေနှင့် ကူးပြောင်းလာရသည်။
“စုခယ်? စုခယ်?” ချန်းရှုဟွားက သူမကြောင်အနေသည်ကို တွေ့လိုက်ရပြီး သူမ မျက်က်နှာရှေ့၌ လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။
ဒီကလေးက ဘာဖြစ်နေတာလဲ?
“မစ္စချန်း ဆက်ပြောပါ၊ နားထောင်နေတယ်” စုခယ် အသိစိတ်ပြန်ကပ်သွားရသည်။
ကလေးမ၏ မျက်နှာထားကို ကြည့်လျှင် သူမ နားမထောင်နေတာ သိသာနေသဖြင့် ချန်းရှုဟွား သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ကလေးမလေးက မိသားစုခြံဝိုင်းထဲ ရောက်လာသည်မှာ နှစ်ဝက်လောက်သာ ရှိသေးသည်။ အိမ်တိုင်းလိုလို သူမ ချန်းလင်နှင့် မနေချင်သည်ကို သိနေကြသည်။ စုခယ်က မိသားစုနောက်ခံကောင်းရှိပြီး ဆရာ စုထျယ်ရှန်၏ သမီးဖြစ်သည်။ သူမဘဝကို မနေချင်တော့ဘဲ သူမဘဝတစ်ဝက်ကို ကွာရှင်းခြင်းကြောင့် ဆုံးရှုံးလိုက်ရသည်မျိုး ဖြစ်နိုင်သည်။ အလွန် ပိုပိုကဲကဲတော့ ရှိလှသည်။
“စုခယ်၊ ငါအများကြီး မပြောဘူး။ တစ်ခုပဲ ပြောချင်တယ်၊ ချန်းလင်က အရမ်းကောင်းတဲ့ ကလေးပါ။ နင်နဲ့ သူ...”
“မရီး”
ချန်းရှုဟွား တစ်စုံတစ်ရာ ပြောမည့် အချိန်တွင် ဆေးရုံခန်းအပြင်မှ ယောကျ်ားသံ နိမ့်နိမ့် ထွက်လာခဲ့သည်။
စုခယ် မော့ကြည့်လိုက်သည်။
မြက်စိမ်းရောင် လေ့ကျင့်ရေးဝတ်စုံက ဘောင်းဘီရှည်ထဲ ထည့်ထားသည်။ သူမ၏ မျက်နှာကြည့်သူတစ်ယောက်အဖြစ် နှစ်ရှည်လများ အတွေ့အကြုံအရ ထိုယောကျ်ားက အနည်းဆုံး ၁.၈ မီတာမျှ အရပ်ရှည်လောက်သည်။ ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်လှပြီး ခွေးထီးတစ်ကောင်၏ ခါးသိမ်သိမ် ဧကန်ရှိသည်။ သူ၏ အောက်ချထားသော လက်ထဲတွင်အပူခံ ထမင်းဘူးတစ်ဘူး ကိုင်ထားသည်။
ထိုယောကျ်ားက ရပ်ကာ ချန်းရှုဟွားနှင့် စကားအချို့ပြောနေသည်။ ခဏတာ စကားစမြည်းပြောပြီးနောက် ချန်းရှုဟွား နှုတ်ဆက်ပြီး ပြန်သွားသည်။
အခန်းက တိတ်ဆိတ်ခြင်းထဲသို့ ပြန်လည် ကျရောက် သွားပြန်သည်။
ထိုယောကျ်ားက စကားမပြောသည်ကို တွေ့တော့ စုခယ်လည်း စကားမပြောတော့ပေ။ သူမရှေ့မှ ယောကျာ်းသည် မူလကိုယ်၏ ပေါပေါပဲပဲ ခင်ပွန်း၊ ဇာတ်လိုက် ချန်းလင် ဖြစ်လောက်သည်။
ငယ်ရွယ်သော အသက် ၂၆ နှစ်မှာတင် သူက အဖွဲ့ခေါင်းဆောင်ဖြစ်နေပြီဖြစ်ကာ တောက်ပသော အနာဂတ်တစ်ခုရှိသည်။
မည်သူမျှ စကားတစုံတရာ မပြောခဲ့ပေ။ထိုယောကျ်ားက အပူခံ ထမင်းဘူးကို ဖွင့်၍ စားပွဲချကာ စုခယ်အရှေ့တွင် ကြက်သားစွပ်ပြုပ် ပန်းကန်လုံးကို နေရာချပေးလိုက်သည်။
သူမ မူလတွင် ထိုမျှ ဗိုက်ဆာနေခဲ့သည် မဟုတ်သော်ငြား ကြက်စွပ်ပြုတ် မွှေးနံ့က သူမနှာခေါင်းထဲ ဝင်လာလျှက်ရှိသည်။ စွပ်ပြုတ်သည် ကြည်လင်နေပြီး လုံးဝ အဆီမများပေ။
တောင့်မခံနိုင်တော့သဖြင့် စုခယ် တစ်ဇွန်းသောက်လိုက်သည်။ အရသာက ချိုပြီး ဆီနည်းကာ အသားမှာ တင်းပြီး နူးညံ့သည်။ ကန်တင်းမှ မဟုတ်တာ သိသာနေသည်။
“ငါကွာရှင်းဖို့ သဘောတူတယ်” မမျှော်လင့်စွာဖြင့် ထိုယောကျ်ားက ပြောလာခဲ့သည်။
“ဟမ်?”
အမျိုးသမီးက ဆံပင်နက်နက် ရှည်ရှည်များရှိပြီး ဆေးရုံဝတ်ကို ဝတ်ထားသည်။ စွပ်ပြုတ်ကို သောက်နေချိန်တွင် သူမမျက်လုံးများကို အောက်ချထားသည်။ သူမ၏ ပန်းရောင်သန်းနေသော မျက်နှာက ယခု ဖြူဖျော့ဖျော့ဖြစ်သွားရသည်။
ချန်းလင် အမျိုးသမီး၏ သေကြောင်းကြံစည်မှုကို ကြားချိန်၌ သူ၏ ဦးခေါင်းနှင့် ခြေထောက်များ အေးစက်စွားရသော ခဏတာကို ပြန်သတိရသွားသည်။ သူမက ကွာရှင်းရန် တစ်ခုထဲဖြင့် သူမဘဝကိုပါ လက်လျှော့ပစ်မည်ဟု စိတ်ကူးမကြည့်နိုင်ခဲ့ပေ။
သူတို့ အိမ်ထောင်ရေးမှာ နှလုံးသားတစ်ဝက်သာပါပြီး သူက အကျင့်မကောင်းခဲ့သည်ကို သူ ဝန်ခံပါသည်။ သူတို့ ၂ဦးကို အတူတူ နေရာချထားပေးခဲ့စဥ်က အမျိုးသမီးဖက်မှ မလိုလားသည်ကို သိခဲ့သော်ငြား သူ၏အကျိုးအတွက် မသိချင်ယောင်ဆောင်ကာ သူမကို လက်ထပ်ခဲ့သည်။
တွေးကြည့်လိုက်တော့ သူ သူမ၏ လွပ်လပ်ခွင့်ကို ပေးသင့်သည်။
“ကွာရှင်းဖို့ သဘောတူတယ်” သူ နောက်တစ်ကြိမ် ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် စုခယ်က ထိုယောကျာ်း မျက်နှာကို ပြတ်သားစွာ မြင်နေရသည်။ သူစမျက်နှာတွင် မလိုလားမှု ရှိနေသော်ငြား သူ၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားနေသည်။
ရုတ်တရက် သူမ ဆေးရုံကို ရောက်လာသည့် မူလ ရည်ရွယ်ချက်ကို ပြန်သတိရသွားရသည်။
“မင်းပြောသလိုပဲ၊ နှစ်ကူးပြီးရင် ငါတို့ ကွာရှင်းကြမယ်”
ချန်းလင် စကားပြောသည်ကို ရပ်ကာ သူမ မျက်လုံးများကိုသာ စိုက်ကြည့်နေသည်။ အခန်းက ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
စုခယ် ဦးနှောက်သည် ထိုယောကျာ်း၏ စကားများကို အမြန်နှုန်းဖြင့် နားလည်ရန် ကြိုးစားနေသည်။ အဓိပ္ပာယ်မှာ ဇာတ်လမ်း၏ တိုးတက်မှုဘားမှာ ယခု ကွာရှင်းသည်အထိ ရောက်သွားပြီးသည့် သဘောပင်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များက သူမယောကျာ်းဖြစ်သူမှာ ထိပ်တန်းဖိနပ်လျက်သူတစ်ယောက်ဖြစ်ပြီး သူမအတွက်ဆို နေရာပိုင်ခွင့် လက်လျှော့ပေးရန် သဘောတူပေးခြင်းဖြစ်စေ၊ လျော်ကြေးပေးရခြင်းဖြစ်စေ လက်ခံတပ်သောလူတစ်ယောက်ဖြစ်သည်ဟု ပြောကြသည်။ ဥပမာအားဖြင့် မူလကိုယ်မှာ ကွာရှင်းလိုသူဖြစ်သော်လည်း သူမအကျိုးအတွက် နှစ်ဝက်အကြာမှ ကွာရှင်းရန် သဘောတူခဲ့သည်။
ယခုချိန်တွင် နှစ်ဦးကွာရှင်းရန် ခြောက်လမျှသာ ကျန်တော့သည်။
ခြောက်လ။ ထို အချိန်အတိုင်းအတာကို တွေးကြည့်ရင်း စုခယ်က ပျော်ရွှင်မှုကြောင့် ထခုန်ချင်သွားရသည်။
အချိန်မှန်ရောက်သည်က အချိန်စောရောက်သည်ထက် ပိုသာ၏။ ကံကောင်းစွာဖြင့် မူလကိုယ်က သူမကို နိုင်ငံထူပေးသွားသည်။ မဟုတ်ပါက ငြိမ်းချမ်းစွာ ကွာရှင်းနည်း စဥ်းစားရန် သူမဦးနှောက်ကို အလုပ်ပေးရပေဦးမည်။
နောက်ဆုံးတွင် စာအုပ်ထဲရှိကမ္ဘာမှ မည်သည့် အချိန်တွင် လွတ်မြောက်မည်ကို သူမ မသိသေးပေ။ ဇာတ်ကောင်ကို လက်ခံပြီးနောက် သူမ အကုန်လုံးကို လက်ခံရမည်ပင်။ ထိုအထဲတွင် အိမ်ထောင်သည် ဂုဏ်ပုဒ်လည်း ပါဝင်သည်။
ထိုအရာကို လက်ခံခြင်းက မမြင်ဖူးသူနှင့် လက်ထပ်ထားခြင်း အိမ်ထောင်ရေးကိုလည်း သူမ ယာယီ လက်ခံရမည် ဆိုသည့် အဓိပ္ပာယ်ပင်။
အနည်းဆုံး သူမအတွက်တော့ မမြင်ဖူးသူနှင့် လက်ထပ်ထားရခြင်းဖြစ်သည်။ “အင်းပါ၊ ရှင့်မှာ နောက်ဆုံးပြောပိုင်ခွင့်ရှိတယ်”
စုခယ်က သူမစိတ်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူမခေါင်းကို ငုံ့၍ မကုန်သေးသော ကြက်စွပ်ပြုတ်ကို ဆက်သောက်ကာ ယောကျာ်း၏ မျက်လုံးထဲတွင် ဖြတ်သွားသော စိတ်ပျက်မှုအချို့ကိုတော့ မမြင်လိုက်ချေ။
ကြက်စွပ်ပြုတ်သောက်ပြီးနောက် ယောကျာ်းက အပူခံဘူးကို ပြန်သိမ်း၊ သူ၏ အဝတ်များကို ခေါက်ကာ ဘေးရှိ လူနာစောင့် ထိုင်ခုံတွင် လှဲလိုက်သည်။
ညဥ့်နက်နေပြီး လရောင်က ပြတင်းပေါက်မှ တစ်ဆင့် ဖြာကျနေသည်။ စုခယ်က တစ်ရက်အတွင်း ဖြစ်သွားသမျှကို တွေးနေခဲ့ကာ မယုံနိုင်သလို အနည်းငယ်ခံစားနေရသည်။
နိုင်ငံခြားတွင် ပညာသင်ပြီးနောက် တရုတ်ကိုပြန်လာကာ သူမ၏ အလွန်ကောင်းသော ဟင်းချက်အရည်အချင်းများဖြင့် ဟွမ်းရှန်မြို့၌ နာမည်ကျော်ကြားလာခဲ့သည်။ အင်တာကွန်တီနန်တယ် ဟိုတယ်၏ စားဖိုမှူးခေါင်းဆောင် စုခယ်က ဟင်းချက်အလွန်တော်သူမှန်း လူတိုင်းသိကြသည်။
နာမည်ကြီးများနှင့် ဧည့်သည်အများအပြားသည် သူမဟင်းချက်လက်ရာကို မြည်းစမ်းချင်သဖြင့် အဝေးကြီးမှ လာကြသည်။ ရိုးရိုးခရမ်းသီးကို ဟင်းအမျိုးစုံ ချက်နိုင်သည်ဟု ဆိုကြပြီး သူမ နာမည်ပြောင်က မီးဖိုချောင်နတ်ဘုရား စု ဖြစ်သည်။
ဆယ်စုနှစ်များစွာ အလုပ်ကြိုးစားခဲ့၍ မရေမတွက်နိုင်သော ဂုဏ်များရခဲ့ပြီးနောက် အရာအားလုံးက တစ်ရက်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ဘာကြောင့်လဲ?
စုခယ် မရယ်ဘဲ မနေနိုင်ပေ။
အချိန်မည်မျှကြာသွားသည်မသိ အခန်းကတော့ လုံးဝ ဆိတ်ငြိမ်လျက်ရှိသည်။
နံနက်ခင်း နေရောင်က မကြည့်နိုင်လောက်အောင် တောက်ပနေသည်မှာ လိုက်ကာပါးပါးများ မကာနိုင်သည်အထိ။
စုခယ် မျက်လုံးဖွင့်လိုက်ချိန်တွင် အခန်းထဲ၌ သူမတစ်ယောက်တည်း ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက် အိပ်ယာဘေး စားပွဲပေါ်တွင် စာရွက်လေးတစ်ပိုင်းကို တွေ့လိုက်ရသည်။
စာရွက်တွင် ဆိုထားသည်က - မစ်ရှင်သွားနေတယ် ဘယ်နေ့ပြန်ရောက်မယ်မသိဘူး။ ဆရာဝန်ကို မေးတော့ မင်းကျန်းမာရေးမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာမရှိဘူးပြောတယ်၊ ဒီတိုင်းနားနေလိုက်ပြီး ပိုက်ဆံကို သိမ်းရမယ့်နေရာမှာ သိမ်းထား။
လက်ရေးမှာ သန်မာ၍ အားကြီးလှပြီး စကားအပြောအဆိုမှာ ရှင်းလင်းပြတ်သားသည်။
စုခယ် ခေါင်းငြိမ့်လိုက်သည်။ သူ၏ လက်ရေးမှာ ထိုယောကျာ်း၏ စိတ်နေသေဘာထားနှင့် အလွန်ညီမျှလှသည်။ မူလကိုယ်က မြစ်ထဲခန်ချကာ သေကြောင်းကြံစည်ခဲ့ပြီး သူမက အမှန်သေလိုခြင်း မဟုတ်ဘဲ ခြိမ်းခြောက်ရုံသာဖြစ်သဖြင့် သူမ ရွေးခဲ့သော မြစ်က သိပ်မနက်ပေ။
ထို့ကြောင့် တစ်ညတာ ပြန်လည်ပြုပြင် အနားယူပြီးနောက် စုခယ် သူခန္ဓာကိုယ်မှာ ကောင်းလုနီးပါးရှိနေသည်ဟု ခံစားလိုက်ရသည်။
ကော်ရစ်ဒါတွင် အဝေးမှ လာနေသည့် ငြိမ့်ငြောင်းသော ခြေလှမ်းသံများ ကြားလိုက်ရသည်။ အဖြူရောင်ကုတ်များနှင့် လူတစ်စုက တံခါးကို တွန်းဖွင့်ကာ ဦးဆောင်လာသော သက်လတ်ပိုင်းယောကျာ်းက သူမ၏ ဆရာဝန်ဖြစ်သည်။ စစ်ဆေးပြီးနောက် သူက စုခယ် ဆေးရုံမှ ဆင်းရန် သဘောတူလိုက်သည်။
ထွက်မသွားခင် ထိုလူက သူမကို ဖခင်ဖြစ်သူအား နှုတ်ဆက်ကြောင်း စကားပါးပေးဖို့ ပြောသွား၏။
ခဏတာ ဆူညံခဲ့ပြီးနောက် အခန်းက ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
စုခယ် အတွေးများက ထိုလူ၏ စကားများကို ပြန်လည်ချင့်ချိန်နေကာ စကားလုံးများနောက်ရှိ အဓိပ္ပာယ်ကို စဥ်းစားနေခဲ့သည်။
“ဒေါက်၊ ဒေါက်၊ ဒေါက်” ပုံမှန် နှင့် မြန်ဆန်သော တံခါးခေါက်သံတို့ တံခါးမှ ထွက်လာသည်။ စုခယ် ယနေ့မှာ ဤမျှ အသက်ဝင်နေမည်ဟု မထင်ခဲ့ချေ။ မူလစာအုပ်၏ ဇာတ်ကြောင်းအရ မူလကိုယ်က မိသားစုခြံဝန်းထဲရှိ လူအတော်အများကို အပြစ်ပြုပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမ လူများနှင့် ထိုမျှ ကောင်းသော ဆက်ဆံရေးများ မရှိပေ။ အဘယ်ကြောင့် ယနေ့ လူအများအပြား ရောက်လာရသနည်း။
“ဝင်ခဲ့ပါ”
တံခါးပွင့်လာသည်နှင့် စစ်ဝတ်စုံဝတ်ထားသော အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ်ကောင်လေးတစ်ဦး အပြင်မှာ ရပ်နေခဲ့သည်။
“မင်္ဂလာပါ ရဲဘော် စုခယ်၊ ကျွန်တော်က ရှယောင်ပါ။ မိသားစုခြံဝန်းထဲ အစ်မကို ပြန်ပို့ဖို့ အမိန့်ချထားလို့ပါ”
ရဲဘော်ငယ်လေးက ပါတီကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မှီနေသော ဆုံးဖြတ်ချက်ခိုင်မာသည့် အကြည့်နှင့် ဖြောင့်မတ်စွာရပ်နေခဲ့သည်။
“ရဲဘော်လေး အော် ငါ့ကို လာကြိုလို့ ကျေးဇူးပဲ” စုခယ် သူမဆေးရုံကဆင်းခါနီးမှာပင် သူမကို လာကြိုမည့်သူရှိမည်ဟု မမျှော်လင့်ခဲ့ပေ။ “ကျေးဇူးပြုပြီး ခနလောက် ထိုင်ဦးနော်။ ငါဆေးရုံဆင်းဖို့ လုပ်ထုံးလုပ်နည်းတွေ လုပ် ပြီးရင် ငါတို့သွားလို့ရပြီ”
ဆေးရုံဝတ်နှင့် အမျိုးသမီးက သူမရဲ့ မျက်နှာဖြူဖြူတွင် အပြုံးတစ်ခုရှိနေပြီး သူမမျက်လုံးများက ကြယ်ဝေသော ကောင်းကင်လိုပင်။ ခွေးခြေခုံလေး ယူလာပြီး သူက ထိုင်နေရန် ဆိုလာသည်။ ရှယောင် တစ်ခဏတာ မတုံ့ပြန်နိုင်ခဲ့။
သည်အရာက အဘယ်ကြောင့် ဒဏ္ဏာရီနှင့် ကွာခြားနေရသနည်း။ သူထို အမိန့်ကိုရချိန်တွင် ရဲဘော်များ အားလုံးက သူ့အား ကိုယ့်ကိုယ်ကို ကာကွယ်ရန် ပြောခဲ့သည်။
စုခယ်က လူငယ်လေး မျက်နှာပေါ်ရှိ အူတူတူ အကြည့်ကို တွေ့ချိန်တွင် မည်သည်ကြောင့် ဖြစ်နိုင်မှန်း သိကောင်းသိနေခဲ့သည်။ သူမ စကားအများအပြား မဆိုဘဲ သူမကိစ္စသူမသာ တန်းလုပ်နေခဲ့သည်။
သူမက တစ်ရက်သာနေခဲ့ပြီး အဖြစ်အပျက်ကလည်း ရုတ်တရက်ဖြစ်ခဲ့သည်မို့ သူမတွင် သယ်စရာ အများအပြားမပါလာချေ။ ဆေးရုံးဆင်းရန် လုပ်ထုံးလုပ်နည်းများက အလွန် မြန်ဆန်သည်။ သူမပစ္စည်းများကို ယူရန် ဆေးရုံခန်းသို့ ပြန်လာပြီးနောက် စုခယ် လူငယ်လေးနောက်လိုက်ကာ မိသားစုဝန်းထဲသို့ ပြန်လာခဲ့သည်။
တံခါးအရောက် ပစ္စည်းများကို မပို့ဆောင်ရသေးခင်အထိ ရှယောင်မှာ သည်အလုပ်က လျှောလျှောလျှူလျှူ ပြီးစီးသွားမှန်း သဘောမပေါက်သေးချေ။
ကား မိသားစုဝန်းထဲမှ ထွက်လာချိန်မှသာလျှင် ရှယောင် တုံ့ပြန်လာတော့သည်။ စကားပြောရသည်မှာ ဟန်ဆောင်ပန်ဆောင် နိုင်လွန်ပြီး သူတို့ခေါင်းဆောင်နှင့် ကွာရှင်းလိုသော အမျိုးသမီးမှာ အနည်းငယ် ကွာခြားနေလေသည်။
စုခယ်က ရှယောင် စိတ်ထဲရှိ အကွေ့အကောက်တွေကို ဂရုစိုက်ဖို့ရာ အချိန်မရှိပေ။ သူမတွင် ပိုမိခက်ခဲ့သော ဖြေရှင်းရန် ကိစ္စများရှိသောကြောင့် ဖြစ်သည်။
သူမတံခါးဖွင့်လိုက်ချိန်တွင် စာအုပ်ဖော်ပြပါ မူလကိုယ်က မည်သို့သောသူ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ကွာရှင်းလိုခြင်းကြောင့် အိမ်ကိုတောင် သန့်ရှင်းရေး မလုပ်ထားချေ။
ဆိုဖာမှာ အဝတ်များနှင့် တောင်လိုပုံနေပြီး ကြမ်းတွင် ရှုပ်ရှက်ခက်နေသော အရာများ ပြန်ကြဲနေသည်။ တံခါးနားရှိ ဖိနပ်များကို ဖရိုဖရဲ ထား ထားကာ တံခါးပြင်တွင် အမှိုက်အိတ် အများအပြား ရှိနေသည်။ မတ်တပ်ရပ်ရန် နေရာပင် မရှိချေ။