အပိုင်း ၉၇-၉၈
Viewers 22k

Part 97


ကျန်းဟွမ်သည် အားလပ်ရက်၌ ကျန်းယန်ရှန့်၏ အဘွားဆီသို့ လည်ပတ်ရန် တစ်မိသားစုလုံးကို ခေါ်သွားသည်။


ကျန်းမိသားစုက အနည်းဆုံး တစ်လတစ်ကြိမ်

သူတို့၏ ကလေးများကို သူတို့အဘွားဆီသို့ လည်ပတ်ရန် ခေါ်သွားလေးရှိသည်။ ထို့ပြင် ကျန်းယန်ရှန့်၏ ဦးလေးသည်လည်း သူ၏မိသားစုနှင့်အတူ လိုက်ပါမည်ဖြစ်သည်။ ထို့ကြောင့် တစ်ချိန်တည်းမှာပင် သူတို့၌ မိသားစုတွေ့ဆုံပွဲလေးပါ ရှိလိုက်သည်။


ဤအချိန်၌ ကျန်းဟွမ် သူ၏ အမေအား ဂုဏ်ယူစွာ ကြွားဝါပြောဆိုလိုက်သည် “အမေ့ရဲ့မြေးမလေးကကြိုတင်ပြင်ဆင်မှု အတန်းကို ဝင်ခွင့်ရလိုက်ပြီ”


ကျန်းယန်ရှန့် အမူအရာပျက်သွားသည်။ သူမက ကြိုတင်ပြင်ဆင်မှု အတန်းဝင်ခွင့်ရခြင်းနှင့် ပတ်သက်၍ ဘာမှကြွားဝါရန် မရှိဟု တွေးလိုက်သည်။ သူမကိုယ်တိုင်ကမူ ၎င်းအတန်း၌ ဝင်ခွင့်ရခြင်းသည် တကယ့်ကို အံ့ဩမှုအကြီးစားဖြစ်သည်။ သို့သော် အပြင်ဘက်ကမ္ဘာ၌  သူမ ထိပ်တန်းအတန်းကို ဝင်ခွင့်မရပေ။ ထို့ကြောင့် ကြွားဝါရန်မှာ ရှက်စရာကောင်းလှသည်။


အထူးသဖြင့် သူမရှေ့၌ စာကြိုးစားကြကျောင်းသားများဖြစ်သည့် သူမ၏ ဝမ်းကွဲအစ်ကို နှင့် အစ်မရှိသည်။


အသေအချာပင် သူမ၏ ဝမ်းကွဲအစ်ကို ကျန်းလင်မှ ပြုံးပြီးပြောလိုက်သည်” ကြိုတင်ပြင်ဆင်မှုအတန်းဆိုရင် ညမလေး ဆက်ပြီးကြိုးစားရတော့မယ်”


ကျန်းလင်သည် သူမထက် တစ်နှစ်ကြီး၍ အထက်တန်းကျောင်း၌ ဒုတိယနှစ်ရှိပြီဖြစ်သည်။


သူသည် ကိုယ်ပိုင်ကျောင်းတက်ခဲ့သော်လည်း လက်ရွေးစင် အတန်းထဲ၌ ပါဝင်ခဲ့သည်။


သူမ၏ ဝမ်းကွဲအစ်မ ကျန်းရှိသည် သူ၏မောင်လေးကို တွန်းလိုက်ပြီး ပြောလိုက်သည်” ကြိုတင်ပြင်ဆင်မှု အတန်းကို တက်နိုင်တယ်ဆိုတာက အနည်းဆုံးတော့ ယန်ယန်က ကြိုးစားလုပ်ခဲ့ပြီး ချီးမွမ်းဖို့ ထိုက်တန်တာကို ပြနေတာပဲလေ”


အစ်မတစ်ဝမ်းကွဲသည် သူမထက် သုံးနှစ်ကြီး၍ ယခု တက္ကသိုလ်၌ ပထမနှစ်ကျောင်းသူဖြစ်သည်။


သူမ၏ ဝမ်းကွဲအစ်မ ကျန်းရှိသည် သူမကလေးအရွယ်ကတည်းက ထက်မြက်သည်။ သူမသည် အလယ်တန်း၊အထက်တန်းကျောင်း နှစ်ခုလုံးတွင် ထိပ်တန်းအတန်းများ၌သာ ရှိခဲ့သည်။ ဤနှစ်၌ သူမသည် ကေ မြို့၌တည်ရှိသောကေ တက္ကသိုလ်တွင် ဝင်ခွင့်ရလိုက်သည်။ ထို့ကြောင့် သူမအဖို့ ကျောင်းသို့သွားရန် အဆင်ပြေလှသည်။


ကျန်းဟွမ်တစ်ယောက် အလွန်ပျော်ရွှင်နေမိသည်။ ကျန်းယန်ရှန်သည်  နှစ်ပေါင်းများစွာ သူ့အတွက် ကြွားဝါရန် ဘာမှ မလုပ်ခဲ့ပေ။ ထို့နောက် ရုတ်တရက် သူမသည် တိုးတက်မှုကြီးကြီးမားမား လုပ်လိုက်သည်။ ထို့ကြောင့် သူသည် မနေနိုင်တော့ဘဲ ထိုအကြောင်းကို ပြောနေမိခြင်းဖြစ်သည်။


သို့သော်လည်း  သူ၏ စာကြိုးစားသော တူနှင့် တူမလေး၏ ရှေ့၌ ၎င်းသည် ကြွားဝါစရာ အကြောင်းမဟုတ်ပုံပေါ်သည်။


ကျန်းဟွမ် အနည်းငယ် ကသိကအောက်နိုင်စွာနဲ့ ေချာင်းဟန့်လိုက်သည်။ သူ့မျက်နှာ အနည်းငယ် လောင်မြိုက်နေသည်။


ကျန်းယန်ရှန့် ရယ်ချပစ်လိုက်ချင်သော်လည်း  မရယ်ရဲေသာကြောင့် သူမ တောင့်ခံပြီး ကြိတ်နေနေလိုက်သည်။


ကျန်းယန်ရှန့်၏ ဒေါ်လေးက သိမ်မွေ့စွာပြုံးလိုက်သော်လည်း သူမ၏ စိတ်အတွင်းမှပီတိ ကိုတော့ ဖုံးထားနိုင်ခြင်းမရှိချေ။


သူမ၏ ဒေါ်လေးမှ သူမ၏ ကလေးနှစ်ယောက်ကိုပြောလိုက်သည်” သားတို့သမီးတို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်ဆိုတော့ ယန်ယန့်ကို မကြာမကြာ ဆက်သွယ်ပြီး ပြောဆိုပေးရမယ်နော် အစ်ကိုကြီး၊ အစ်မကြီး လိုမျိုးဖြစ်နေရမယ်”


ကျန်းဟယ်လင်းသည် အဓိပ္ပာယ်ရှိလှသော အကြည့်တစ်ချက်ကို သတိမထားမိနိုင်သေးပေ။ သူမသည် လူတိုင်းကိုကျန်းယန်ရှန့်  ဤနှစ် နွေရာသီအတွင်း ဘယ်​လိုခက်ခက်ခဲခဲကြိုးစားခဲ့လဲဆိုတာကို သိစေဖို့ စိတ်အားထက်သန်နေသည်။


ပထမဆုံးအချိန်၌ သူမသည် သူမ၏ အဘွားနားသို့ အရင်ကပ်သွားလိုက်ပြီး ပြောလိုက်သည် “အဘွားရယ် အဘွားမသိပါဘူး သမီးရဲ့ မမက နွေရာသီတစ်ချိန်လုံး ခရီးလည်းမသွားဘူး ပြီးတော့ ဘယ်နေရာမှလည်း မရောက်လိုက်ဘူး သူက နေတိုင်းအခန်းထဲမှာ ကြိုးကြိုးစားစားကို စာလုပ်တာ”


ကျန်းယန်ရှန့်၏ သုံးနှစ်အတွင်း အထက်တန်းကျောင်းမှ သာမန်အဆင့်များကို ဝေဖန်သုံးသပ်ကြည့်သော် ထိုဖော်ပြချက်သည် “ဗုဒ္ဓ၏ခြေတော်ရင်း ၌ တင်းတင်းဆုပ်ကိုင်ထားခြင်း”ဆိုသည့် ဥပမာ ပင်ဖြစ်သည်။ -


T/N ဗုဒ္ဓ၏ ခြေတော်ရင်းကို မြဲမြဲကိုင်သည် (သေချာအာရုံစိုက်မှု မရှိခြင်း)  : ဒုက္ခရောက်မှသာ ဘုရားတရားတ၍ ဝန်ခံသည်၊အချိန်အခါသင့်သော ပြင်ဆင်မှုနေရာတွင် အရေးပေါ် အထိတ်တလန့်  ဆောင်ရွက်သည်


ကျန်းလင် သရော်ပြုံးပြုံးလိုက်မိသည်။ 


သူ့ဝမ်းကွဲ၏ အပြုံးကြောင့် ကျန်းယန်ရှန့် မျက်နှာပူသွားသည်။


သူမ အမေဆုံးပြီး နောက်ပိုင်းတွင် ကျန်းယန်ရှန့်သည် ရိုင်းပျပြီး ဆိုးသွမ်းတတ်သော မိန်းကလေးဆိုး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့ပြင် ဘယ်အရာကိုမှလည်း ဂရုမစိုက်တော့ချေ။ တကယ်တမ်း၌ သူမ၏ နှလုံးထဲတွင်မူ ထက်မြက်လှသော ဝမ်းကွဲမောင်နှမကြားထဲတွင် သိမ်ငယ်သကဲ့သို့ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်လုံးသည် တစ်ချိန်က သူမ၏ အမေ သူမကိုဖြစ်စေချင်သော ပုံစံဖြစ်သည်။


သူမ ကျန်းဟယ်လင်းကို စကားအများကြီးမပြောစေချင်ပေ။ သို့သော် ထို ရူးမိုက်လှသော မိန်းကလေး၏ မျက်လုံးများက တောက်ပနေပြီး သူမ၏ အစ်မကို အလွန်ကို ဂုဏ်ယူနေစွာဖြင့် မပါးမစိတမ်း ချီးကျူးနေတော့သည်။


ကျန်းယန်ရှန့် သူမကို ထပ်ပြီး သည်းမခံနိုင်တော့သော်လည်း ဟန်မပျက်သာ ထိန်းနေလိုက်သည်။


အဘွားက ပြုံးလိုက်ပြီး ကျန်းဟယ်လင်း၏ ခေါင်းလေးကိုပုတ်ပြီးပြောလိုက်သည် “ဒါ သူတိုးတက်မှုတွေအများကြီးလုပ်ခဲ့လို့ပေါ့ ဟုတ်တယ်မို့လား မြေးလေးရဲ့ အစ်မက မြေးလေးအတွက် ဥပမာကောင်းတစ်ခုပဲ မြေးလေးလည်း စာကြိုးစားရမယ်နော်”


ကျန်းဟယ်လင်းက ရင်ဘတ်လေးကို အနည်းငယ်မြင့်လိုက်သည် “ သမီးက သေချာကြိုးစားတယ် ရှို့ရှို့လည်းတကယ်သေသေချာချာကြိုးစားတယ် သမီးရဲ့ မမက သမီးတို့နှစ်ယောက်လုံးရဲ့ တာဝန်ရှိသူပဲလေ တကယ်လို့တစ်ယောက်ယောက်က စာသေချာမလုပ်ရင် သူရိုက်ခံရမှာပဲ”


ကျန်းရှို့ချန်က တိုင်ဖို့အခွင့်အရေးရလိုက်သည်


“သားအစ်မက သားရဲ့တင်ပါးကို ရိုက်တာနာတယ်ဗျ”


ကျန်းယန်ရှန့်၏ အဘွားသည် အနည်းငယ်မှင်သက်သွားသည်။


သူမနားလည်ထားတာက ကျန်းယန်ရှန်သည် အရင်က မောင်နှမနှစ်ယောက်လုံးကို လျစ်လျူရှုသည့်နီးပါးဖြစ်သည်။ ဘာကြောင့် ကျန်းယန်ရှန့်က ဖြေကြားပေးရုံသာမက အငယ်နှစ်ယောက်ကို ချစ် ချစ်ခင်ခင် သင်ကြားပေးတာ လို့ ကျန်းဟယ်လင်းကပြောတာလဲ


ကျန်းဟွမ်သည် အခြေအနေတင်းမာနေချိန်၌ ပြောလိုက်သည်။


“ ယန်ယန်က အခုဆို ရင့်ကျက်လာပြီး အငယ်နှစ်ယောက်ရဲ့ အစ်မကြီးလို ဖြစ်နေပြီ ပြီးတော့ သူ့ရဲ့ မောင်လေးနဲ့ ညီမလေးကလည်း သူ့စကားကို နားထောင်ကြတယ်”


သူပြောလိုက်ရင်း ကျန်းရှို့ချန်၏ခေါင်းကို ပုတ်လိုက်သည်။ ကျန်းရှို့ချန်က ခါးခါးသီးသီးပင် မေးငေါ့လိုက်သော်လည်း ပြန်၍မချေပပေ။


ကျန်းယန်ရှန့်၏ အဘွားက သက်တောင့်သက်တာ ပြုံးလိုက်ကာ ကျန်းယန်ရှန့်ကို ကြည့်ပြီးပြောလိုက်သည် “ မြေးမလေးက ကြီးလာပြီပဲ တော်တော်လေးကြီးပြင်းလာခဲ့တာပဲ”


ကျန်းယန်ရှန့်သည် ခေါင်းကို အနည်းငယ်ငုံ့လိုက်၍ နှိမ့်ချသည့် ပုံစံကိုသာလုပ်လိုက်သည်။ “ အဘွားတို့ရဲ့ ဟော်ဟော်လေးကလည်း ကြီးလာပြီပဲ ဒီနေ့ဆို သူက သူ့အစ်မနဲ့ အပြိိုင် အဝတ်အစားတွေဝတ်တတ်နေပြီ အရမ်းလှတာပဲ”


ကျန်းဟယ်လင်းသည် အားလုံး၏အကြည့်အောက်တွင် ရင်ဘတ်ကိုမြင့်လိုက်ပြီး ပျော်ရွှင်နေတော့သည်။


ကျန်းယန်ရှင်း၏ အကြီးဆုံးဒေါ်လေးမှ ပြုံး၍ပြောလိုက်သည် “ ဟော်ဟော်က သူ့အမေနဲ့တူတော့ လှလိုက်တာ”


လျန့်ယင်းယင်းတစ်ယောက် နောက်ကျောဓားနှင့်ထိုးခံလိုက်ရသည့်အဖြစ်ကို အေးစက်စွာ ရှောင်ပြီး စိတ်ထဲမှ ဆဲဆိုလိုက်သည် “အလကားကောင်မ” သို့သော် သူမ၏ သွားများကိုသာ ကြိတ်ပြီး မိန်းမအိုကြီးရှေ့တွင် ပြုံးပြလိုက်သည်။


”ယောက်မရေ ကျွန်မကို ဆက်ရယ်မနေပါနဲ့တော့”


ဒေါ်လေးက အနည်းငယ်ပြုံးလိုက်သော်လည်း  ပြန်ပြောခြင်းမရှိပေ။ သူမက သိုက်တူးသမားဖြစ်သော ဤဒုတိယဇနီးကို ဂရုစိုက်ရန်မလိုလားပေ။


လျန့်ယင်းယင်း သက်ပြင်းချလိုက်သည်။


အကြီးဆုံးဒေါ်လေးမှ ထိုစကားကိုပြောသည့် အကြောင်းမှာ ကျန်းဟယ်လင်းသည် ဤသိုက်တူးသမားမ၏ ကလေးတစ်ယောက်ဖြစ်သည်ကို ကျန်းမိခင်အား အသိပေးရန်ဖြစ်သည်။


အစ၌ ကျန်းမိခင်သည် လျန့်ယင်းယင်းက ကလေးများအားစောင့်ရှောက်နိုင်ကြောင်း တွေးမိတာတောင်မှပင် သူတို့၏ မိသားစုထဲသို့ လုံးဝမဝင်စေချင်ခဲ့ပေ။ သို့သော် ကျန်းဟွမ်သည် အမေမရှိဘဲနှင့် ကလေးများ မနေထိုင်နိုင်ကြောင်းခံစားမိနေတုန်းဖြစ်သည်။ ထို့ကြောင့်ပင် လျန့်ယင်းယင်း ဝင်၍ရခဲ့ခြင်းဖြစ်သည်။


သို့ေသာ်လည်း သူမ အနေနှင့် ဤမိသားစု၌ မည်သူ့မျက်နှာမှ ကြည့်နေရန်မလိုအပ်သလိုမည်သူ၏ ခံစားချက်ကိုလည်း ဂရုစိုက်ရန် မလိုအပ်ပေ။ သူမ လျန့်ယင်းယင်းကို သဘောမကျချေ။ ထို့ကြောင့်သူမ လျန့်ယင်းယင်းကို လျစ်လျူရှုလိုက်သည်။


ကျန်းရှိသည် သူမ အမေ၏ အချက်ပြမှုကိုသိလိုက်သည်။ ထို့နောက် ပြုံးပြုံးလေးလမ်းလျှောက်လာပြီး အဖွားနှင့် စကားပြောရန် အနား၌ ဝင်ထိုင်လိုက်သည်။  မရည်ရွယ်လိုက်သလိုပင် သူမက ကျန်းဟယ်လင်းဘေးသို့ ဖယ်ထားလိုက်သည်။


ကျန်းဟယ်လင်းက ထိုအခြေအနေမျိုးကို ကျင့်သားရနေပြီဖြစ်သည်။ ထို့ကြောင့် ယဥ်ကျးစွာပင်ေနာက်ဆုတ်လိုက်ပြီး သူမ သီးသန့်နေနေလိုက်သည်။


ကျန်းယန်ရှန့်မှ ၎င်းကိုမြင်လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။


Xxxxxx


Part 98


သူမငယ်စဉ်က သူမ၏အဘွားသည် သူမကို အလွန်ချစ်သည်။


သူမ၏ဒေါ်လေးနှင့် အဘွားတို့သည် အတူတူပင်ဖြစ်သည်။ သူတို့သည် နူးညံ့သည့် အကျင့်စရိုက်များရှိကြသည်။ ထို့ကြောင့် သူမ၏အဘွားကသူမ၏ဒေါ်လေးကို သိပ်သဘောမကျချေ။ ကျန်းယန်ရှန့်၏ အမေသည်အလေးပေးတတ်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ပြင် သူမသည် အခြားသော အမျိုးသမီးကြီးများနှင့်အတူစိတ်ပါဝင်စားပြီး စိတ်အားထက်သန်မှု ရှိသည်။


လူသားတို့သည် အသက်အရွယ်ကြီးလာလေ သူတို့ လုပ်ချင်သော အရာများ များလာလေဖြစ်သည်။ အဘွားသည်လည်း သူမနှစ်သက်သည့်အရာကို လုပ်ချင်သည်။ သူမ ဆန္ဒရှိသည်မှာ ကျန်းယန်ရှန့်

နှင့် သူမ၏ အမေသည် သူမ၏ ဝမ်းကွဲမောင်နှမများထက် ပိုမိုကောင်းမွန်သည်ကို လိုချင်ခြင်းဖြစ်သည်။


ကံမကောင်းစွာဖြင့် ကျန်းယန်ရှန့်၏ အမေ၌ ကင်ဆာရောဂါရှိနေသည် သူမ၏ အလုပ်ကိုသတိမထားမိတော့သလိုသူမ၏သမီးကိုပင် မစောင့်ရှောက်နိုင်တော့ပေ။ ထို့ကြောင့် နောက်ဆုံး၌ သူမသေဆုံးသွားခဲ့သည်။ ကျန်းယန်ရှန့်သည် ဖြည်းဖြည်းချင်း သာမန်မျှဖြစ်လာသည် ပို၍အစွန်းဘက်သို့ရောက်ပီး ခေါင်းမာလာသည်။ နောက်ပိုင်းတွင်အလွန်ဆိုးသောမိန်းကလေး ဖြစ်လာပြီး အဘွားကိုပင် အလုံးစုံ စိတ်ပျက်စေသည်အထိဖြစ်လာတော့သည်။


ကျန်းယန်ရှန့်အနေဖြင့် သူမသာ သူမ၏နောက်ပိုင်းအလေ့အထများကိုဆန်းစစ်ကြည့်လိုသည်ဆိုလျှင်သူမကိုယ်သူမ နှစ်သက်မည်မဟုတ်ပေ။


ထို့ကြောင့် သူမက အဘွားကိုဆန့်ကျင်၍ မည်သည့်အာဃာတမှမထားတာ့ပေ။ ထို့ပြင် အဘွားက လျန့်ယင်းယင်းကို မကြည့်ချင်ပေ။ အနည်းဆုံး၌ ဤကိစ္စသည်သူမ၏နှလုံးသားကို အနိုင်ရသွားသည်။ 


 နောက်ပိုင်းတွင် အဘွားက ကျန်းဟယ်လင်းကိုလည်း သိပ်နှစ်သက်ခြင်းမရှိတော့ပေ။  


ကျန်းဟယ်လင်း၏ နောက်ပိုင်းအကျင့်စရိုက်နှင့် လျန့်ယင်းယင်း၏ လုပ်ဆောင်ချက်များကို တွေးဆကြည့်လျင် ထိုမနှစ်သက်မှုအတွက် အပြစ်တင်စရာမရှိပေ။


သို့သော် အနည်းဆုံးတော့ယခုအချိန်တွင် ကျန်းဟယ်လင်းသည် မသိမိုက်မဲပြီး တုံးအသည့်မိန်းကလေးငယ်တစ်ယောက်အဖြစ်သာ ရှိနေသေးသည်။


ကျန်းယန်ရှန့်အနေဖြင့် ဝမ်းကွဲအစ်မ ကျန်းရှိက သူမကို ဖယ်ကြဉ်၍ ကျန်းဟယ်လင်းအား အနိုင်ကျင့်နေသောကြောင် မပျော်ရွှင်တော့ပေ။


သူမ ကျန်းဟယ်လင်း၏ နောက်၌ရပ်လိုက်ပြီး  သူမ၏ကျောကို လက်ဖဝါးဖြင့်ထိ၍ နောက်သို့ဆု်နေခြင်းအားရပ်တန့်စေလိုက်သည်။မဟုတ်ပါက ထိုကလေးမလေးသည် သူမအားမည်သူမျှ မတွေ့မမြင်နိုင်သော အမှောင်ထောင့်ထိရောက်အောင် နောက်ဆုတ်မည့်သူမျိုးဖြစ်သည်။ 


ယခင်ကလည်း ထိုသို့ဖြစ်နေကြပင်။


“အစ်မ ရှိရှိက တက္ကသိုယ်နယ်မြေထဲမှာ နေချင်တာလား” 


ကျန်းရှိက အဘွားကို တက္ကသိုလ်အကြောင်းပြောနေသည်အား နားထောင်ရင်း သူမမေးလိုက်သည်။


ကျန်းရှိပြောလိုက်သည် “မဟုတ်ပါဘူး  အစ်မ အရင်အချိန်ကပြောလိုက်တာ မသိဘူးလား အစ်မရဲ့မိဘတွေက အစ်မကို ကားဆုချတာလေ မေ့သွားတာလား”


ကျန်းယန်ရှန့်သည် ဇူလိုင်လလယ် နောက်တွင် ပြန်လည်မွေးဖွားလာသည်။ သူမသည် သူမ၏ ဝမ်းကွဲအစ်မ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်ထွက်လာသည့်အချိန်၌ သူမ ကေ တက္ကသိုလ် ဝင်နိုင်ခဲ့သည်ကို သတိရလိုက်သည်။ဦးလေးနှင့် ဒေါ်လေးသည် ရုတ်တရက် ဂုဏ်ပြုပွဲကျင်းပ၍ ဝမ်းကွဲ အစ်မအား ပြိုင်ကား ဆုပေးကြသည်။ 


၎င်းသည် လျန့်ယင်းယင်း၏ ကားထက် ပိုစျေးကြီးသည်။


လန့်ယင်းယင်း တစ်ယောက်တည်းကြိတ် မနာလိုဖြစ်နေခဲ့သည်။ သို့သော် ကျန်းဟွမ်က  နှစ်နှစ်နောက်ပိုင်း မတိုင်ခင်အထိ  သူမအား ၎င်းကိုမဝယ်ပေးနိုင်ခဲ့ပေ။ ဤဘဝ၌ ဘာကြောင့် သူမကို ရုတ်တရက် ထိုကား ဝယ်ပေးလိုက်သည်ကို သူမ မသိချေ။


“အစ်မရှိရှိက ညီမလေးတို့ကို ကေ တက္ကသိုလ် အကြောင်းအများကြီးပြောပြသင့်တယ်  ဒါမှ ညီမလေးတို့ အနာဂတ်မှာ ပိုနားလည်နိုင်မယ်လေ ညီမလေးတို့က အဆင့်သတ်မှတ်ချက်တွေကို မကြည့်ပါဘူး ပြီးတော့ ကျောင်းတစ်ကျောင်းကို ရွေးချယ်တဲ့အခါ ကျောင်းကိုကြွားပြီးပြောနေတာကိုလည်း နားထောင်မှာမဟုတ်ပါဘူး” ကျန်းယန်ရှန့်မှပြောလိုက်သည်။


ကျန်းရှိ မျက်ခုံးပင့်လိုက်သည် “အိုး ယန်ယန်က အနာဂတ်မှာ ကေ တက္ကသိုလ်ကို သွားချင်တာလား”


ကေ တက္ကသိုလ်သည် ပထမအဆင့် ကျောင်းတစ်ကျောင်းဖြစ်သည်။ သူမသည် သူမ၏ ဝမ်းကွဲကို နှိမ်သည်မဟုတ်ပေ။ သို့သော် သူမ၏ အလယ်တန်းကျောင်း အဆင့်များကို အခြေခံကြည့်လျှင် အနာဂတ်၌ ကေ တက္ကသိုလ်ဆီသို့ သွားချင်သည်ဟု ပြောရန်မှာ ဟာသ ပင်ဖြစ်သည်။


ဤအချိန်၌ သူမ ထိပ်တန်းကြိုတင်ပြင်ဆင်မှု အတန်းကို ဝင်လိုက်သော်လည်း သူမ၏ ဒုတိယဦးလေးမှမျက်နှာပန်းလှရန် ငွေသုံးစွဲပေးခဲ့ မေပးခဲ့ကို  ဘယ်သူသိနိုင်မှာလဲ


ကျန်းယန်ရှန့် ပြုံးလိုက်သည် “ညီမလေးရဲ့ အဆင့်တွေက အနောက်မှာ ဝေးနေတာပဲ”


သူမသည် ကျန်းဟယ်လင်း၏ခေါင်းကိုပုတ်လိုက်သည် “ဟယ်ဟယ်ကတော့ ဝင်ကောင်းဝင်နိုင်လိမ့်မယ် 


ဟယ်ဟယ်မှာက အဆင့်ကောင်းတွေရှိတယ်ပြီးတော့ ထိပ်တန်းအဆင့်သုံးဆင့်ကိုအမြဲတမ်းထိန်းထားနိုင်တယ် ပထမ ဖြစ်ဖြစ် ဒုတိယဖြစ်ဖြစ်ပေါ့”


ညီအစ်မနှစ်ယောက် အဝတ်အစားပြိုင်တူဝတ်ခြင်း အမေနှင့် သမီး ပြိုင်တူဝတ်ခြင်း သို့မဟုတ် အတွဲတစ်တွဲအဝတ်အစားပြိုင်တူဝတ်ခြင်း၏ အကျိုးကျေးဇူးသည် နှစ်ယောက်အတူရပ်တည်ကြသောအခါ ပုံစံသက်ရောက်မှုသည် ပို၍ကြီးမားလာခြင်းဖြစ်သည်။


လျန့်ယင်းယင်း ဘယ်လိုပင် စိတ်ညစ်နေသည်ဖြစ်စေ ကျန်းယန်ရှန့် နှင့်ဆင်တူ ဝတ်ရသည်ကို ပျော်ရွှင်နေသည့်ကျန်းဟယ်လင်းကို မရပ်တန့်နိုင်ခဲ့ပေ။


ညီအစ်မနှစ်ယောက်က တူတူမတ်တပ်ရပ်နေကြပြီး အစ်မကြီးမှ ပြုံး၍ သူမ၏ ညီမလေးခေါင်းကို ပွတ်လိုက်သည်။တစ်ဦးမှာ လှပနေ၍ တခြားတစ်ဦးမှာ ချစ်စရာကောင်းနေပေသည်။ သူတို့နှစ်ယောက်လုံး၏ အပြုံးများထဲတွင် သဘာဝကျကျ ရင်းနှီးမှုတစ်ခုရှိနေသည်။ သူတို့သည် တစ်ဦးချင်းစီ စွဲမက်စရာဖြစ်နေတော့သည်။


အမျိုသမီးကျန်း အံ့ဩမှင်သက်သွားသည် 


“ဟယ်ဟယ်က အဆင့်ကောင်းတွေရတာလား အဘွားဘာလို့မသိတာလဲ မြေးလေးရဲ့အဖေက ဘာလို့ပြောတောင်မပြောတာလဲ” သူမပြောသည့်အတိုင်းပင် သူမသည် ကျန်းဟွမ်ကိုမကျေနပ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။


ဤကိစ္စ၌ ကျန်းဟွမ်သည်လည်း ရှက်သွား၍ ရယ်သာရယ်နိုင်တော့သည်။ “အဲ့ဒါမဟုတ်ပါဘူး ကျွန်တော်အလုပ်များနေလို့ပါ ကျွန်တော် ဘာကိုမှ ဂရုမစိုက်နိုင်ဖြစ်သွားတယ် သူတို့ရဲ့အမေက ကလေးတွေရဲ့ ကိစ္စရေးရာမှာတာဝန်ရှိတဲ့တစ်ယောက်လေ”


သူသည် ယုံကြည်ချက်ရှိရှိနှင့် လျန့်ယင်းယင်းအပေ့ါ် အပြစ်လိုက်သည်။ လျန့်ယင်းယင်းသည် စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ သူမ၏ နဖူး၌ အနည်းငယ်ချွေးပြန်နေပေသည်။ သူမ အမျိုးသမီးကျန်း  ထပ်၍ မပျော်ရွင်အောင် လုပ်မိမည်ကိုကြောက်ရွံ့သည့်အတွက် ညင်ညင်သာသာပြောလိုက်သည်” တကယ်ဆိုရင်လေ…ကောင်းပါပြီ ဘာမှပြောစရာမရှိပါဘူး


လျန့်ယင်းယင်းက အလွန်စကားပြောကောင်းသည်။အနည်းဆုံး ကျန်းဟွမ်၏ ရှေ့၌ သူမသည် ညည်းညူပြီး  သူကြားချင်သည့်အရာကို ရွေးပြီး လုပ်ပြသည်။သို့သော် သူမက အခုကျ ဘာကြောင့် တုံးအမိုက်မဲလာရတာလဲ


“ကျွန်တော် သူပြောတာကို နားမထောင်နိုင်တော့ဘူး!” ကျန်းဟွမ် စိတ်တိုလာ၍ သူမကိုထပ်ပြီး မကြည့်ချင်တော့ပေ။


သူ၏ အစ်ကိုအကြီးဆုံးနှင့် ခယ်မနှစ်ယောက်လုံး အနည်းငယ်ပြုံးလိုက်ကြသည်။


အမျိုးသမီးကျန်းက  သူမ၏ မျက်လုံးများကို ဝေ့လိုက်ပြီး  သူမကို လျစ်လျူရှုလိုက်သည်။ ကျန်းဟယ်လင်းကိုချစ်ချစ်ခင်ခင်ပင် လက်ယပ်ခေါ်လိုက်သည် “ဒီကိုလာပါဦး အဘွားကို စကားပြောပါဦး” 


ကျန်းယန်ရှန့်က အဘွား၏ အရှေ့သို့ ကျန်းဟယ်လင်းကို ညင်သာစွာ တွန်းထုတ်လိုက်သည်။


အမျိုးသမီးကျန်းက သူမကို ဖျက်ခနဲ ကြည့်လိုက်သည်။ ကျန်းဟယ်လင်း၏ လက်ကို ကိုင်၍ သူမအနား၌ ထိုင်ရန် ေပြာလိုက်သည်။ ထို့နောက် ညင်သာသိမ်မွေ့သောအသံဖြင့် ကျောင်း၏ အကြောင်းကိုသူမအားမေးသည်။ 


 ကျန်းဟယ်လင်းက ကလေးဆန်သောအသံလေးဖြင့် လေးလေးနက်နက်ဖြေလိုက်သည်။


အမျိုးသမီးကျန်းသည် ဤမြေးမလေးကို သူမ၏ အမေကြောင့် သိပ်အာရုံမစိုက်ခဲ့ပေ။ သူမသည် ဤအချိန်၌ သူမအား အာရုံစိုက်လိုက်သောအခါ သူမသည် ရိုးရှင်းသောစိတ်ထားနှင့် ကလေးတစ်ယောက်ဖြစ်ပြီး သူမ၏ အမေနှင့်အလွန်ကွာခြားလှသည်ကို ခံစားလိုက်ရသည်။


သူမသည် ကျန်းယန်ရှန့်ကို ဆက်၍ဖျက်ခနဲကြည့်လိုက့်ပြန်သည်။


ယန်ယန်သည် အရင်က ဟယ်ဟယ်ကို မနှစ်သက်ချေ။ သို့သော် ဤနေ့တွင် ညီအစ်မနှစ်ယောက်၌ ကောင်းသောဆက်ဆံရေးလေး ရှိနေသည်ထင်ရသည်။ သူမ သူတို့ကိုနောက်ဆုံးမြင်သည့်အချိန်သည် သူမ၏ ယောက်မ မွေးနေ့ပွဲ၌ ဖြစ်သည်။ ၎င်းကိုကျော်ဖြတ်ခဲ့သည်မှာ တစ်လသာရှိသေးသည်။ ထိုအချိန်၌ ယန်ယန်သည်  ညီမလေးအပေါ်၌အေးစက်စက်ဖြစ်နေဆဲဖြစ်သည်။ ထိုကဲ့သို့ ကြီးမားသောပြောင်းလဲမှုကြီးက ရုတ်တရက်ဖြစ်သွားနိုင်တာပါလဲ


သူမ အရွယ်ရောက်လာလို့လား အခု လူတွေ ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိလာတာလား


Xxxxxx