အပိုင်း ၉၉-၁၀၀
Viewers 27k

Part 99


ကျန်းယန်ရှန့်က သူမ ဝမ်းကွဲဖြစ်သူ၏ ရန်လိုမှုသည် ဘယ်နေရာကနေ လာလဲဆိုတာကို သိချင်နေခဲ့သည်….


အထက်တန်းကျောင်းတွင် သူမသည် ဆိုးသွမ်းသော မိန်းကလေး တစ်ယောက် ဖြစ်လာခဲ့သည်, နောက်ပိုင်းတွင်,  ၎င်းတို့၏ ဆွေမျိုးများရှေ့တွင် အရှက်မကွဲစေရန် ကျန်းယန်ရှန့်ကို မခေါ်သွားသင့်ကြောင်း အဘွားကိုယ်တိုင်က သူအအဖေအား ပြောလာခဲ့သည်။


နောက်ပိုင်းမှာတော့, သူမသည် သူမ၏အဖွားဖြစ်သူကိုတောင်မှ မတွေ့ရတော့ပေ, ဒီဝမ်းကွဲဆို ပြောမနေနဲ့တော့…..


သူမ၏ဝမ်းကွဲက တစ်လျောက်လုံး တော်တတ်ထက်မြက်သူ ဖြစ်သည်


။သူမ သေဆုံးသွားသည့်အချိန်က, သူမ၏ဝမ်းကွဲဖြစ်သူသည် တက္ကသိုလ်မှ ဘွဲ့ရခဲ့ရှိပြီးဖြစ်ပြီး အဖွားက သူမအား ကုမ္ပဏီ၏ အရေးကိစ္စများကို သင်ကြားပေးရန် အတွက် လကတွဲခေါ်ခဲ့သည်။


ကျန်းယန်ရှန့် ရုတ်တရက် သဘောပေါက်သွားခဲ့၏။


ကျန်းမိသားစု၏ အဓိကစက်မှုလုပ်ငန်းများ အားလုံးသည် အဖွား၏ လက်ထဲတွင် ဖြစ်ပြီး, ကျန်းဟွမ်ပင်လျှင် သူ၏အမေဖြစ်သူကို နည်းလမ်းမျိုးစုံနှင့် ကျေနပ်အောင် ပြုလုပ်ပေးရမည် ဖြစ်သည်။ကျန်းမိသားစုအတွက် အမွေဆက်ခံသူကို လိုအပ်၏။သူမ၏မှတ်ညဏ်အရ, သူမ၏ ဝမ်းကွဲဖြစ်သူသည် နောက်ပိုင်းတွင် အမွေဆက်ခံသူဖြစ်လာမည်မှာ မလွဲမသွေပင် ဖြစ်သည််။


သို့ပေမယ့် ယခုမူကား, ဤဝမ်းကွဲဖြစ်သူက အမွေဆက်ခံသူ မဟုတ်သေးပေ။


ဤဝမ်းကွဲဖြစ်သူသည်, သူမကဲ့သို့ပင်, အဖွား ​မြေးတစ်ဦးမျှသာ ဖြစ်သည်။လူတိုင်းသည် ငယ်ရွယ်သေးပြီး, အနာဂတ်မှာ ဘာဖြစ်လာမလဲ ဆိုတာကို မသိရသေးပေ။


ဤဝမ်းကွဲဖြစ်သူကတော့ သူမကို ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားပုံရသည်။


ကျန်းယန်ရှန့်က အလွန်မိုက်မဲခဲ့သလို ခံစားလိုက်ရ၏။


သူမသည် သူမဖခင်ဖြစ်သူ၏ စွန့်လွှတ်မှုကိုပင် ဆုံးရှုံးခဲ့ရသူ တစ်ဦးဖြစ်ပြီး ထိုအရာများက သူမနှင့် ဆက်စပ်နေလိမ့်မည်လို့ တစ်ခါမှမတွေးမိခဲ့ချေ။


ကျန်းဟွမ်၏ ကိုယ်ပိုင်အိမ်ခြံမြေများပင်လျှင် ကျန်းယန်ရှန့်က ၎င်းပစ္စည်းအများစုကို ကျန်းရှို့ချန်ထံတွင် ထားခဲ့ရန် စီစဥ်ထားကြောင်း သိခဲရသည်။ သူမတို့ ညီအစ်မနှစ်ယောက်ကို ခန်းဝင်ပစ္စည်းများခွဲဝေပေးရန် အနည်းငယ်သာထားေပးထားသည်။


ထို့ကြောင့်, ကျန်းယန်ရှန့်သည် သူ့(အေဖ)ထံမှ အနည်းငယ် တူးယူနိုင်သည် ဟု ခံစားမိသောကြောင့် နောက်ပိုင်းတွင် ငွေသာ အမြဲတောင်းခဲ့သည်။


ကျန်းယန်ရှန့်အနေဖြင့် သူမသည် အဖွားဖြစ်သူ၏ မြေးဖြစ်သလို ကျန်းဟွမ် ၏သမီးလဲ ဖြစ်နေသေးကာ, ကျန်းကျွီကဲ့သို့ပင် သူမသည်လဲ အမွေဆက်ခံသူ ရာထူးအတွက် အမှန်တကယ် ယှဥ်ပြိုင်ရန် အရည်အချင်း ပြည့်မှီကြောင်း သူမ တစ်ခါမှ မတွေးတောခဲ့ဘူးပေ။ 


သူမ အချိန်အတော်ကြာသည်အထိ  ထိတ်လန့်မှင်သက်နေမိသည်။


ပြန်လည်မွေးဖွားလာပြီးနောက်,  သူမ၏အရင်ဘဝကဲ့သို့ မဖြစ်ရနွအတွက် အစွမ်းကုန်ကြိုးစားပြီး စာကိုလေ့လာခဲ့သည်။သို့သော်လည်း သူမ သိပ်ပြီး ရှေ့ကို သိပ်မတွေးထားမိေပ။နောက်ဆုံးမှာတော့, သူမသည် ယခုအခါတွင် အသက်၁၅နှစ်ပဲ ရှိသေးပြီး တစ်ခုခု ပြောဆိုဆုံးဖြတ်နိုင်ဖို့ အလှမ်းဝေးနေသေးသည်။, သူမ အရင်ဘဝကလိုမျိုး တက္ကသိုလ်ကနေ ဘွဲ့မရရှိသေးပါဘူး။


ထို့အပြင် ,သူမသည် ဘဝကို ကောင်းမွန်စွာ နားလည်ထားတဲ့သူ တစ်ယောက် မဟုတ်ပါဘူး…..


အပြန်လမ်းမှာတော့, ကျန်းဟွမ်က ကားမောင်းပြီး သူမကို နောက်ကြည့်မှန်ကနေ တဆင့် ကြည့်နေခဲ့ကာ, ပြုံးပြီး မေးလိုက်တယ် 


"ယန်ယန် ဒီနေ့ ဘာလို့ အရမ်းတိတ်ဆိတ်နေရတာလဲ… သမီး အဖွားနဲ့လဲ သိပ်စကားမပြောဖြစ်ဘူး……"


ဒီနေ့ အဖွားအို၏ အိမ်တွင်, ကျန်းယန်ရှန့်သည် စကားသိပ်မပြောဘဲ, သူမ နှုတ်ဆိတ်နေခဲ့သည်သူမ ဘာတွေးနေလဲဆိုတာကို မသိပေမဲ့ ကျန်းဟွမ်က သတိတော့ထားမိလိုက်သည်။


ကျန်းယန်ရှန့်က သူမ၏မျက်လုံးများကို ပင့်ပြီး ပြီးစလွယ်နဲ့ ပြောလိုက်တယ်  


"အဖွားရှေ့မှာ အမြဲရှိနေတတ်တဲ့ သမီးက ကလေးမဟုတ်တော့ဘူး….."


ကျန်းဟွမ်က စိတ်ခံစားချက် အပြည့်နဲ့ ပြောလိုက်တယ် 


"သမီးအဖွားက သမီးကို အကြိုက်ဆုံးပဲ… သမီး ငယ်ငယ်တုန်းကဆိုရင်, သမီးရဲ့ဝမ်းကွဲတွေ အကုန်လုံး သမီးကို မနာလိုဖြစ်နေကြတာ….."


သူက ကျန်းယန်ရှန့်ကို သတိပေးရန် ပြောလိုက်သည်။သူမ၏အမေ အသက်ရှင်နေသေးသည့် အချိန်တုန်းက, သူမ၏အဖွားဖြစ်သူသည် သူမ၏အဒေါ်တွေ နဲ့ ဝမ်းကွဲတွေ ထက်စာရင် သူမနှင့်သူမအမေကို အရမ်းသဘောကျပါသည်။


သူမ၏ဝမ်းကွဲဖြစ်သူက သူမအပေါ် ယှဥ်ပြိုင်လိုသည့် ခံစားချက်ရှိသည်မှာ အံ့သြစရာ မရှိပါဘူး။


ကျန်းဟွမ်က ထပ်ပြောလိုက်တယ် 


"ဟယ်ဟယ်က ဒီနေ့ အရမ်းတက်ကြွနေတယ်….အိမ်မှာနေရင်, သမီးရဲ့ညီမလေးက နည်းနည်းအသက်ဝင်ပြီး ပိုသဘောကျစရာေကာင်းတယ်….."


ဒီနေ့မှာတော့, ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်းကို အဖွားဆီသို့ တွန်းပို့လိုက်ပြီး ပိုပြီး ရင်းနှီးစေခဲ့ပါတယ်။မိသားစုတွင် အမြင့်ဆုံးအာဏာပိုင်ထံမှ ချစ်ခင်ကြင်နာစွာ ဆက်ဆံခံရခြင်းကြောင့်, ကျန်းဟဲလင်းသည်ရွှင်လန်းတက်ကြွနေခဲ့သည်။


 မည်သို့ပင်ဆိုစေကာမူ, ကျန်းဟွမ်က အတော်လေး ကျေနပ်သွားခဲ့သည်။


ကျန်းဟွမ်သည် အလွန်ပျော်ရွှင်နေခဲ့ပြီး ကျန်းဟယ်လင်းသည်လဲ သူမ၏နှုတ်ခမ်းများကို ဖိကာ ပြုံးနေခဲ့သည်။


သို့သော်လည်း ထိုအချိန်၌ လျန့်ယင်းယင်းက ကျန်းဟယ်လင်းကို စပြီး ဆူပူကြိမ်းမောင်းတော့မည်ဟု ဘယ်သူမှ မထင်ထားပေ။


"နင်က ဘယ်လိုမသိတတ်တာလဲ ...နင့်မောင်လေးကို အဖွားနဲ့ ရင်းနီးအောင်ဘယ်လိုလုပ်ပေးရမလဲ မသိဘူးလား...တစ်ချိန်လုံး အဖွားနားကပ်ပြီး ဘာတွေလုပ်နေတာလဲ..."


ကျန်းဟွမ်: “…”


ကြည်လင်နေသော အခြေနေက ချက်ချင်းပြောင်းလဲသွားသည်။


ကျန်းဟွမ် ရုတ်တရက်ဒေါသထွက်သွား၏။


"ပါးစပ်ပိတ်ထား ...မင်းမပြောလို့လဲ ဘယ်သူမှ အတယ် မထင်ဘူး..."


သူက သူ့သား အကျင့်ကို သေချာသိပေသည်။ ဒီကလေးက အဖွားရှေ့မှာ အမှားလုပ်ထားတာကြောင့် အဖွားေရှ့သို့ ကျန်းရှို့ချန်ကို မခေါ်ဆောင်ဝံ့ေပ။ပြီးတော့လဲ အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ပေ။အဖွားက က သူ့ကို သေချာပေါက် ကြိမ်းမောင်းတော့မည် ဖြစ်သည်။


သူမက ကျန်းရှို့ချန်ကို အေမွဆက်ခံသူ ဟု သတ်မှတ်ခဲ့သော်လည်း အဖွားတွင် ထူးချွန်သည့် အကြီးဆုံးမြေးဖြစ်သူ ကျန်းလင်း ရှိနေသေးသည်။ သူမက လျန့်ယင်းယင်းလို အမျိုးသမီးမှ မွေးဖွားလာသော ကလေးများကို ဂရုပင်မစိုက်ခဲ့ချေ။


 တကယ်တော့ အဖွားကြီးကျန်းက …. မိန်းကလေးများ ကို အမြဲသဘောကျသည်။အရင်တုန်းကဆိုရင်, သူမသည် ကျန်းယန်ရှန့်ကို ကျန်းလင်းနဲ့ ကျန်းရှိတို့ထက် ပိုကြိုက်သည်။


ဤပြောင်းလဲမှုများ အားလုံးသည် ယန်ယန်၏အမေ ထွက်ခွာသွားခြင်းကြောင့်ပင် ဖြစ်သည်။


ကျန်းဟွမ်က ၎င်းကို တွေးလိုက်တိုင်း, သူရဲ့ စိတ်ခံစားချက်တွေက ဆိုးရွားလာပြီး သူရဲ့မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်သွားခဲ့၏။


လျန့်ကျန်း၏ အဖြစ်အပျက်စလို့, လျန့်ယင်းယင်းက အခုရက်ပိုင်းအတွင်း သတိထားနေခဲ့ပါသည်။ရလဒ်အနေဖြင့်, သူမသည် ကျန်းဟွမ်က ကျန်းရှို့ချန်ကို ပညာပေးခြင်းဖြင့် ကျေနပ်ချင်သော်လည်း ကျန်းဟွမ်က သူမကို ပြင်းထန်စွာ ကြိမ်းမောင်းခဲ့သည်။ ကျန်းဟွမ်၏မျက်နှာ မကောင်းတာကို သူမ မြင်လိုက်တဲ့အခါ, သူမက ဝမ်းနည်းစွာဖြင့်  ရှင်းပြကြသည် 


"အဲ့ဒါက…သူမက မိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါ….."


သူမက ဝိုးတိုးဝါးတား ပြောနေသော်လည်း အနောက်တွင် ထိုင်နေသော ကျန်းယန်ရှန့်က ၎င်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။


ကျန်းဟယ်လင်းက မိန်းကလေးဆိုတော့ အဖွားအိုကြီးက သဘောကျရင်တောင်မှ ,အဲဒါက အသုံးမကျသေးဘူးလို့ဘဲ သူမ တွေးနေမိတယ်, ဟုတ်တယ်မလား….ကျန်းရှို့ချန်ကသာလျှင် သူမ၏ဘဝ တစ်သက်တာလုံးအတွက် သူမ၏တစ်ခုတည်းသော အထောက်အပံ့ ဖြစ်လိမ့်မည် ဟု တွေးနေခြင်းဖြစ်သည်။


ကျန်းယန်ရှန့်က လှောင်ပြောင်လိုက်တယ်


"မိန်းကလေး ဖြစ်ရတာ ဘာဖြစ်နေလို့လဲ……ရှင်ရော မိန်းကလေးပဲ မဟုတ်ဘူးလား….ကျွန်မအဖွားကရော မိန်းကလေးပဲ မဟုတ်ဘူးလား…ရှင့်ကို မွေးဖွားပေးတဲ့ မင်းအမေက  မိန်းကလေးပဲ မဟုတ်ဘူးလား…….


မိန်းကလေးမရှိရင် ရှင်ဘယ်နေရာကနေ လာတာလဲ….ရှင်က မိန်းကလေးတွေကို နှိမ့်ချတယ်……ဟုတ်တယ်မလား….ဒါဆို, ဘာလို့ လိင်သွားမပြောင်းလိုက်တာလဲ..."


ယခုအခါတွင် လျန့်ယင်းယင်းသည် ကျန်းယန်ရှန့်ကို မနှောင့်ယှက်ဝံ့ပေ,  ထို့ကြောင့် သူမသည် သူမ၏ ဒေါသများကို မျိုသိပ်ပြီး ပြောလိုက်တယ်


"ငါက ဒီတိုင်း ပြောလိုက်တာ….."


ကျန်းရှန်ယန့်သည် သူမကို လျစ်လျူရှုလိုက်ပြီး ကျန်းဟယ်လင်းကို သူမ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားကာ  ဆံပင်များကို ဖြည်းညင်း ညင်သာစွာ သပ်ေပးလိုက်သည်။


ကျန်းဟယ်လင်း သူ့အစ်မ ၏လက်မောင်းကို မှီလိုက်ပြီးနောက် သူမ မိခင်၏ ကဲ့ရဲ့ခြင်းကို ခံရ၍ ခံစားရသော မကျေနပ်ချက်များ ပျောက်ကွယ်သွားခဲ့သည်။


Xxxxxx


Part 100


လျန့်ယင်းယင်းက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးက သူမကိုပဲ ကိုးကွယ်နေတယ် ဟု တွေးနေတာလား…..


သူများတွေကို ပြောမနေနဲ့…..တကယ်တော့, ကျန်းဟွမ်၏ ဘိုးဘေးဘီဘင်တွေရဲ့ လိုလားချက်တောင်မှ သူမကဲ့သို့ မပြင်းထန်ပါဘူး။


သူမရဲ့အဖွားကကော…..


သူမကိုယ်တိုင်က သန်မာတဲ့အမျိုးသမီး တစ်ယောက်ပါ။သူမသည် ကျန်းယန်ရှန့်ကို သူမ၏ဝမ်းကွဲ ကျန်းလင်း(ေယာကျ်ားေလး)ထက် ပိုနှစ်သက်ခဲ့ပြီး , နောက်ပိုင်းတွင်သူမသည်  ကျန်းကျွီကို သူမ၏ကိုယ်ရေးကိုယ်တာ ကိစ္စများကို လမ်းညွှန်ရန် သူမနှင့်အတူ ခေါ်သွားခဲ့သည်။


လျန့်ယင်းယင်းက အဖွားကြီးကျန်းသည် ကျန်းရှို့ချန်ကို ကျန်းဟယ်လင်းထက် ပို၍နှစ်သက်ဖွယ်ကောင်းသည်ဟု မြင်မည် ထင်နေမိသည်။


......


ရက်သပတ် ကုန်ဆုံးပြီးနောက်, ယခု တရားဝင် ကျောင်းဖွင့်ချိန်သို့ ရောက်လာပြီ ဖြစ်သည်။ 


ကျန်းယန်ရှန့်သည် သူမ၏ ရှည်လျားသော ဆံပင်ရှည်များကို  ပွန်နီတေးလ်အဖြစ် ချည်နှောင်ကာ , ကျောင်းဝတ်စုံအသစ်ကို ဝတ်ဆင်ပြီး,  ရီ အထက်တန်းကျောင်းသို့ ဝင်ရောက်ခဲ့သည်။


သူမက အတန်း၂တွင် တက်ရောက်ရမည်ဖြစ်သည်။ အတန်းထဲရှိ အတန်းဖော်များ အားလုံးတွင် ရင်းနှီးသော မျက်နှာများရှိကြသည်။


သူတို့အားလုံးက မိသားစုမှ ငွေကြေးကုန်ကျခံကာ စေလွှတ်ခံရသော ဒုတိယမျိုးဆက် ကလေးများပင်ဖြစ်သည်။ 


ကျန်းယန်ရှန့် စာသင်ခန်း ပထမနေ့တွင် စာသင်ခန်းထဲသို့ ဝင်ရောက်လာသောအခါ,  မျက်လုံးများစွာက သူမကို တစ်ညီတစ်ညွတ်တည်း စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။


သူမ တစ်ချက် ​ဝေ့ကြည့်လိုက်သည်နှင့် သူမကို ချောင်းကြည့်နေကြသော ယောကျာ်းလေးများက  အလျင်အမြန် ခေါင်းကိုငုံလိုက်ကြသည် သို့မဟုတ် အကြည့်လွှဲကာ အဝေးကို လှမ်းကြည့်ကြသည်။


ကျန်းယန်ရှန့်၏နှုတ်ခမ်းစွန်းများတွန့်သွားသည်…….ယောကျာ်းများ မိန်းကလေးများပင် ဖြစ်စေ, သူမ၏မျက်လုံးထဲတွင် သူတို့ အားလုံးသည် အလယ်တန်းကျောင်းမှ ထွက်လာသော ကလေးများပင် ဖြစ်သည်။


သို့ပေမယ့် သူတို့ထဲက အများစုဟာ ထက်မြတ်သော စိတ်ထားနှင့် ကြိုးစားတဲ့ လူတွေ ဖြစ်ကြသည်။


ကျန်းယန်ရှန့်၏ အသက်အရွယ်နှင့် သင်ယူမှုအရ သူမသည် ဒီကလေးများကဲ့သို့ သန်မာလိမ့်မည် မဟုတ်ပေ။


ကျောင်းအုပ်ဆရာမကြီးသည် စာသင်ခန်းထဲသို့ ဝင်လာပြီး လှမ်းကြည့်လိုက်ရာ ကျန်းယန်ရှန့်ကို တန်း မြင်လိုက်ရသည်။


အတန်းခွဲဖို့ သူမ ကျောင်းကို ပြန်ရောက်တဲ့နေ့မှာပဲ, သူမသည် ကျန်းယန်ရှန့်ကို တစ်ချက်ကြည့်လိုက်၏။ဒီမိန်းကလေးက အေးစက်သော  စိတ်ထားရှိပြီး, သူမ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ကွဲလွဲမှု အနည်းငယ်ရှိပေမယ့် သူမသည် တကယ်ကို လှပသည်။


ကျောင်းအုပ်တစ်ယောက်အနေဖြင့်  သုံးနှစ်အတွင်း, ဒီမိန်းကလေးကို လိုက်ဖမ်းတဲ့ ယောကျာ်းလေးတွေ တန်းအရှည်ကြီး ရှိမယ်ဆိုတာ အတပ်ပြောနိုင်သည်။


ဒီလိုလှပတဲ့ ကောင်မလေးကို ဒီလိုပြင်ပ အကြောင်းတရားတွေကြောင့် နှောင့်ယှက်ခြင်းခံရမှာ မဟုတ်ဘူးလို့ဘဲ သူမ မမျှော်လင့်မိသည်။ဒီအတန်းကို ဝင်နိုင်တဲ့ ကျောင်းသားတွေက အကောင်းဆုံးတွေ မဟုတ်ကြပေမယ့် သူတို့အားလုံးက ထူးချွန်ကြသည်။ကျောင်းအုပ်ဆရာမကြီးက မည်သူမျှ နောက်ကျကျန်ခဲ့မည် မဟုတ်ဟု မျှော်လင့်မိသည်။


ကျောင်းအုပ်ဆရာမက သူမ၏မျက်မှန်ကို တွန်းလိုက်ရင်း, ခဏမျှ တွေးကာ, သူမသည် ခွေးကလေး(ဆယ်ကျော်သက်အချစ်) ချစ်ခြင်းမေတ္တာကို ခွင့်မပြုကြောင်း အကြိမ်အနည်းငယ် အလေးပေးပြောဆိုလေသည်။


ကျန်းယန်ရှန့်၏အမြင်အရ ကျောင်းသားဘဝသည် အလွန်ရိုးရှင်းသည် ဟု ဆိုနိုင်သည်။


အတန်းပြီးနောက်, ကျောင်းသားများသည် သူတို့ပတ်ဝန်းကျင်ရှိ အတန်းဖော်များနှင့် စကားပြောဆိုရန် ကြိုးစားကြပြီး၊ နာမည်များကို ဖလှယ်ကြကာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာကြ၏။


ကျန်းယန်ရှန့်ကလည်း သူမ၏ပတ်ဝန်းကျင်ရှိ လူများအားလုံးကို နှုတ်ဆက်လိုက်သည်။


ဒီအတန်းဖော်တွေက သူမကို ဘယ်လိုထင်နေပါစေ ကိစ္စမရှိပါပေ, သူမ၏အတွေးများက အရမ်းကို ရိုးရှင်းလွန်း၏ —-သူမသည် အရွယ်ရောက်ပြီးသူဖြစ်ပြီး မိန်းကလေးငယ်ငယ်လေးတွေနဲ့ သူငယ်ချင်း လုပ်ဖို့ ဒါမှမဟုတ် ယောကျာ်းလေးတွေနဲ့ ချစ်ဖို့ ရည်ရွယ်ချက် မရှိပါပေ။


နောက်သုံးနှစ်တွင်, သူမ စာကို ကြိုးကြိုးစားစားနဲ့ သင်ယူပြီး အရင်ဘဝက နောင်တရစရာတွေကို ဖြည့်ဆည်းပေးရမယ်။


စာကို ကြိုးကြိုးစားစား သင်ယူတယ်...., ကျန်းယန်ရှန့်က တွေးလိုက်တယ်, အဲဒါက အမှန်ကန်ဆုံး နည်းလမ်းပဲ, ဟုတ်တယ်မလား……


အတန်းပြီးချိန်၌ သူမ သန့်စင်ခန်းသို့  သွားလိုက်သည်။


သူမ ပြန်လာတဲ့အခါ၌, စင်္ကြံမှာ သူမ အသိမိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရ၏။


သူမ၏အရင်ဘဝလိုမျိုး ရှုလီချန်နှင့် ဝမ်ချွမ်တို့နှစ်ယောက်ဟာ ကျောင်းစတက်သည့်နေ့မှာပဲ သိကျွမ်းခဲ့ကြသည်။


 အခန်း၈က ကျောင်းသားတွေ အကုန်လုံးက ချမ်းသာတဲ့မိသားစုက လာကြတာဖြစ်သည်။ယခုအချိန်၌ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးကြတဲ့အတွက် လူတွေရဲ့ရုပ်ရည်ကိုကြည့်ပြီး မိတ်ဖွဲ့ကြ၏။


ရှုလီချန်နှင့်ဝမ်ချွမ် တို့သည် ,ယောကျာ်းလေးများနှင့် မိန်းကလေးများကြားတွင် အကောင်းဆုံးပုံစံရှိပြီး တစ်ယောက်ကို တစ်ယောက် သဘာဝအတိုင်း ဆွဲဆောင်နိုင်ကြသည်။


သို့ပေမယ့် အကယ်လို့ မင်း တကယ်ကို ထိပ်တန်း ဖြစ်ချင်ရင်, ကျန်းယန်ရှန့်၏အသွင်အပြင်က သူတို့အတန်းရဲ့ ထိပ်တန်းပဲ


ထို့ကြောင့် ရှုလီချန်နှင့် ဝမ်ချွမ်တို့သည် အထက်တန်းကျောင်း တက်ပြီးတဲ့နောက် သူမနှင့် လျင်မြန်စွာ နီးကပ်လာခဲ့သည်။လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးဖို့ တူညီတဲ့အရာတစ်ခု ရှိကိုရှိရမယ် ၊ ဖြစ်နိုင်တာက သူတို့အားလုံးက ချမ်းသာတယ် သို့မဟုတ် သူတို့အားလုံးက ရုပ်ချောကြတယ်။


တိုတိုပြောရရင်တော့, အထက်တန်းကျောင်းတွင် ဒီနှစ်ယောက်က ကျန်းယန်ရှန့်၏ အရင်းနှီးဆုံး သူငယ်ချင်းတွေ ပြောလို့ရနိုင်ပါသည်။


သို့ပေမယ့် ဒီဘဝမှာတော့, ကျန်းယန်ရှန့်သည် သူတို့နှစ်ယောက်နှင့် ထပ်ပြီးတော့ သူငယ်ချင်း မဖြစ်ချင်တော့ပေ။စိတ်အားထက်သန်စွာဖြင့် စကားပြောနေကြသော လူနှစ်ယောက်ကို သူမ ကြည့်လိုက်သော်လည်း သူမ၏လမ်းကြောင်းအတိုင်း ဖြတ်သွားကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်


"တဆိတ်လောက်ပါ…."


ရှုလီချန်သည် အသံကို ကြားလိုက်သောအခါ ခေါင်းကို လှည့်လိုက်ပြီး တစ်ချက်ကြည့်လိုက်တော့ အံ့သြသွားခဲ့၏။


မိန်းကလေးတွင် သပ်ရပ်စွာစည်းထားသော ပွန်နီတေးလ်ရှိသည် ၊ သူမ၏ရှေ့နဖူးမှာ ချောမွတ်နေသည် ၊ သူမ၏မျက်လုံးများက မှင်ကဲ့သို့ နက်မှောင်ပြီး ၊ သူမ၏မျက်ခုံးများက မှုန်ကုပ်ကုပ် ဖြစ်နေခဲ့သည်။


သူများတွေ လိုက်တုပလို့မရနိုင်တဲ့ အမိုက်စားမျိုးပဲ...


အေးစက်ပြီးတော့ လှပတယ်……


သူတို့၏အတန်းထဲက ဝမ်ချွမ်ထက် ပိုပြီးတော့လှပတယ်……


ရှုလီချန်သည် မလှုပ်ရှားခဲ့သော်လည်း ဝမ်ချွမ်က လှုပ်ရှားခဲ့ပြီး ဘေးဖယ်လိုက်သည်။


ကျန်းယန်ရှန့်သည် သူတို့နှစ်ယောက်၏ကြားထဲမှ ဖြတ်ပြီး သူမအတန်း၏စာသင်ခန်းဆီသို့ လျှောက်သွားခဲ့၏။


ဝမ်ချွမ်သည် ရှုလီချန်နှင့် အကြောင်းအရာကို ဆက်ချင်နေသေးသော်လည်း သူ့မျက်လုံးများက မိန်းကလေး၏နောက်ကျောတွင် ကပ်ပါသွားသည်ကို တွေ့လိုက်ရသည်။


ဝမ်ချွမ်သည် ရုတ်တရက် ချဥ်လာပြီး သူမ၏လက်များကို ဆန့်ထုတ်ကာ သူ၏ရှေ့တွင် ဝှေ့ယမ်းလိုက်သည် 


"ဟေး…ဟေး…မင်းရဲ့ဝိညာဥ်ကို ဆုံးရှုံးသွားတာလား…..ဒီလောက်လှတဲ့ အမျိုးသမီးကို အရင်က မတွေ့ဖူးဘူးလား……"


ရှုလီချန်က သူမ၏အာရုံများကို ပြန်ရသွားပြီး ဘာမှမပြောဘဲ သူမကို ပြုံးပြလိုက်သည်။


ဒါပေမယ့် အတန်းထဲရှိ ရုပ်ရည်အချောဆုံးကောင်လေး၏ဝိညာဥ်က ယူေဆာင်ခံလိုက်ရ ပြီဖြစ်ကြောင်း ဝမ်ချွမ် သိလိုက်သည်။


သူမ၏စာသင်ခန်းဆီသို့ ဖြေးညင်းစွာ လျှောက်လာသော ကျန်းယန်ရှန့်သည် ရုတ်တရက် နှိုးဆော်သည့်အသံကို ခံစားလိုက်ရသည်။


ဒါတွေက ဒီလိုပဲဖြစ်သင့်တယ်။


သူမက ဤအချိန်ကာလအတောအတွင်းမှာ ပြန်လည်မွေးဖွားခဲ့တာကို အံ့သြစရာမရှိပါဘူး။


သူမသည် နွေရာသီအားလပ်ရက်မှာ စာကျက်ပြီး အားပြန်ဖြည့်သွင်းခဲ့သည်, ဒါမှသာ သူမသည် အငယ်တန်းမာစတာတန်းကနေ လွတ်မြောက်နိုင်မှာပါ။


ဒီကနေစပြီး, သူမသည် ရှုလီချန်နှင့် ဝမ်ချွမ်တို့နှင့် သူငယ်ချင်း ဖြစ်ရန် မလိုတော့သလို ဆေးလိပ်သောက်နည်းကို လေ့လာရန်နှင့် ကျောင်းတက်ရန် သူတို့၏နောက်သို့ လိုက်ရန်မလိုတော့ပေ။


ဒီကနေစပြီး, သူမသည် ကြိုကြိုးစားစားနဲ့ စာကိုလေ့လာပြီး သူမ၏အရင်ဘဝနှင့် မတူညီတဲ့လမ်းကို လျှောက်လမ်းနိုင်ပါသည်။


ဘဝ၏ အချိန်ကာလတစ်ချို့ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားပြီးနောက်....နောက်ပြန်လှည့်ကြည့်လိုက်မှသာလျှင်….၎င်းတို့သည် အမှန်တကယ်အရေးကြီးပြီး... အလွန့် အလွန် အရေးကြီးကြောင်းကို သင် ရှာဖွေတွေ့ရှိပါလိမ့်မည်။


Xxxxx