အပိုင်း ၁၀၃-၁၀၄
Viewers 22k

Part 103


 ယခင်ဘ၀က စာသင်ခန်း(၈)မှ ကျောင်းသားများ၏ မိသားစုအများစုမှာ အဆင်ပြေကြသောမိသားစုများဖြစ်ကြသည်။ ထိုအထဲတွင်မှာမှ ရှုလီချန်နှင့်ကျန်းယန်ရှန့်တို့က အဆင်အပြေဆုံးများဖြစ်ခဲ့ကြသည်။


 တစ်ကြိမ်တွင်တော့ သူမက ရှုလီချန်ကို ပြင်းထန်စွာပြောခဲ့သည် "ဝမ်ချန်က ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ…နင့်ကြောင့်နဲ့ ငါတို့ဆက်ဆံရေးကို အပျက်စီး မခံနိုင်ဘူး…"။


   ယခုဘဝတွင်တော့ ကျန်းယန်ရှန့်က အခန်း(၂)သို့ရောက်သွားသည်။ထို အတန်းမှာ သူတို့၏အဆင့်အတန်း အလိုက် ပထမနှစ်အထက်တန်းကျောင်းကို အမှန်တစ်ကယ် ဝင်ခွင့်ရသူသော ကျောင်းသားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကလေးအများစုမှာ သာမန် မိသားစုများမှ ဖြစ်ကြသည်။ကျန်းယန်ရှန့်က သူမ၏ မိသားစုသည် အခန်း(၂)တွင် အရည်အသွေးအကောင်းဆုံး ဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။


   ယခုဘဝတွင် သူမသည် ပြီးခဲ့သောဘဝမှ မှားယွင်းခဲ့သည်များကို ပြန်လည်ပြုပြင်ချင်သည်၊ သူမ၏ ကိုယ်ပိုင်ကြိုးစားမှု အစစ်အမှန် ဖြင့် အခန်း (၂)တွင် ဆက်လက်ရှိနေခဲ့သည်။ ထိုအတန်းတွင်တော့ အရမ်း အလွန်အကျွံ မဟုတ်ပဲ သုမနှင့် သဟဇာတ ဖြစ်မည်ဟု မျှော်လင့်ခဲ့သည်။ 


   ထို့ကြောင့် သူမသည် အခန်း(၂)မှ ကျောင်းသားများက အခန်း(၈)မှ ကျောင်းသားများ ကို ဇိမ်ခံကား အကောင်းစားများနှင့် လာကြိုကြသည်ဟု ပြောဆိုနေသည်ကို ကြားခဲ့ရသောအခါ သူမက ရှောင်ကျိုးအား ဘူတာနောက်ဘက်မှ လမ်းဘေးတွင်သာ သူမကို လာကြိုရန် မေတ္တာရပ်ခံ ခဲ့သည်။


   ကျောင်းဆင်းသောအခါ သူမသည် တစ်ခြားသောကျောင်းသားများကဲ့သို့ ဘူတာရုံသို့ လမ်းလျှောက်သွားသည်။ ပုံမှန်ရထား စီးနေကြသူများကဲ့သို့ပင်။ သူမ ဝင်ပေါက်ဝသို့ ရောက်သောအခါ ဘူတာရုံသို့ ကျော်လာခဲ့ကာ သူမ ကားထဲသို့ သို့ဝင်ခဲ့သည်၊ကျောင်းသားအားလုံးမှာ ရထားပေါ်သို့ ရောက်နှင့်နေကြပြီဖြစ်၍ သူမကို မည်သူမှ မမြင်လိုက်။


   အလွန် နှိမ့်ချ တတ်ခြင်းပင်ဖြစ်သည်။


   ထိုကဲ့သို့ နှိမ့်ချစွာ နေတတ်ခြင်းကြောင့်လည်း ရှုလီချန်က သူမကို အထင်မှားခဲ့သည် ။သူမက သာမန်မိသားစုမှ ဆင်းသက်လာသော မိန်းကလေးဟု သူ ထင်ခဲ့သည်။ ချမ်းသာသော ဒုတိယမျိုးဆက်မှသူ့အဖို့ သာမန်မိသားစုမှ မိန်းကလေးဟု သိထားသောအခါ သူ့အဖို့ သဘာဝအားဖြင့် သူမထက် သာလွန်သည်ဟု ခံစားရသည်။


  ထို့ကြောင့် ယခုကဲ့သို့သော အနည်းငယ် ရှုပ်ထွေးသည့်ကိစ္စက ဘာမှ မထိရောက်သည်ကို တွေ့ရသောအခါ သူမကို ပိုမိုထိရောက်သော နည်းလမ်းများဖြင့် နှောင့်ယှက်ရန် စတင်လိုက်သည်။


   ကျန်းယန်ရှန်သည် ဒေါသထွက်နေတုန်းဖြစ်သော်လည်း ရယ်မိလုနီးပါးဖြစ်ခဲ့သည်။ 


   လူများသည် နှိမ့်ချစွာ နေတတ်ကြသော်လည်း အမှန်တစ်ကယ် နှိမ့်ချနေလို့မရ ၊ သူတစ်ပါးက ဖိနှိပ်ချင်ကြပြီး မိမိကို နိမ့်ကျစွာ ကြည့်ရှုသည်ကို သိရှိခဲ့ရသည်။ 


 အရင် ဘဝတွင် ရှုလီချန်က သူမအပေါ် အမြဲ ငြင်ငြင်သာသာဖြင့်သာ ဆက်ဆံခဲ့သည်။ 


   ကျန်းယန်ရှန့်က အံ့ကြိတ်လျှက်ပြောလိုက်သည် 

"နင် ငါ့နောက်ကို လိုက်ခဲ့…" ။


   ရှုလီချန်က မျကခုံးတစ်ချက်ပင့်ကာ ကျန်းယန်ရှန့်နောက်သို့ လိုက်သွားသည် ။ 


သူမ၏ေခြထောက်များမှာ ဖြောင့်တန်းသည် ၊ သူမသည် သိသိသာသာပင် ပိန်သည် သို့သော် သူမတွင် အခြားမိန်းကလေးများကဲ့သို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တတ်ခြင်းမရှိ ။ သူမ လမ်းလျှောက်သောအခါ တစ်လှမ်းခြင်းက  အသံထွက်ကာ အားကောင်းလှသည်ဟုခံစားချက်ကို ပေးသည်။ 


   ထိုခံစားချက်ကို ရှုလီချန်က အလွန်သဘောကျသည်။

 

   သူကပြောသည် "ငါတို့ဘယ်ကိုသွားနေတာလဲ…မင်းငါ့ကားမစီးချင်ဘူးဆိုရင်လည်း …ငါ မင်းနဲ့အတူ ရထားလိုက်စီးလို့ ရပါတယ်…" ။


   ကျန်းယန်ရှန့်က မျက်လုံးတစ်ချက် စွေကြည့်ကာ ဘူတာရုံဘက်ဆီသို့သာ ဆက်လက်သွားခဲ့သည်။


   ကျောင်းဂိတ်ပေါက်ဝမှ ဘူတာရုံဆီသို့ ငါးမိနစ်သာ လမ်းလျှောက်ရသည်။ ထိုနှစ်ယောက်၏ ခြေထောက်များရှည်ပုံ ၊ လမ်းလျှောက်မြန်ပုံ အရ သူတို့အတွက် နှစ်မိနစ် သုံးမိနစ်ဖြင့်သာ ဘူတာသို့ရောက်နိုင်သည်။ ဘူတာရုံ ဝင်ပေါက်သို့ 'ရီအထက်တန်း'ကျောင်းသားများ ဝင်ရောက်လာကြသည်ကိုပင် တွေ့ေနရသေးသည်။


   ကျန်းယန်ရှန့်က ဘူတာရုံထဲသို့ မဝင်ပဲ ရှေ့သို့ကျော်ကာ ဆက်လျှောက်သွားသည်၊ ရှုလီချန်က သူမနောက်မှ လိုက်လာကာ ပြောသည် " မင်းဘယ်ကိုသွားနေတာလဲ …"။


   ဘူတာရုံထွက်ပေါက်သို့ရောက်သောအခါ သူမ ရပ်လိုက်သည်။ ရှုလီချန်လည်း နောက်မှ လိုက်ရပ်လိုက်သည်။ 


   ကျန်းယန်ရှန်ကလည်း မေးဆတ်ပြကာ သူ့ကိုပြောလိုက်သည် "နင် အဲ့ဒီကားကို မြင်ရလား…"။


ရှုလီချန်က တစ်ချက်ကြည့်ကာ ပြောလိုက်သည် "ကားက ကောင်းသားပဲ yaoying ကထုတ်တဲ့ဟာလား…"။


   ရှုလီချန်က ကားများနှင့်ပက်သက်ပြီး ဗဟုသုတရှိသည်ကို သူမ သိထားသည်။


   သာမန်ကျောင်းသားတစ်ယောက်က ထိုကားကို မြင်လျှင် Rolls-Royce ကား ဟုသာပြောမည် ၊ ရှုလီချန်က ကားမော်ဒယ် ကိုပါ တန်းပြောနိုင်သည်။ 


   သို့သော် ကျန်ယန်ရှန့်က သူ့ကို ဘာကြောင့် ဒီကားကို ခေါ်ပြနေသည်ကိုတော့ မသိသေးချေ။ 


   သူမ တစ်ချက်ပြုံးလိုက်ကာ လမ်းလျှောက်ထွက်သွားသည်။


  စက်တင်ဘာလကုန်တော့မည်ဖြစ်သောကြောင့်ရာသီဥတုက ပိုအေးနေသည်။ထို့ကြောင့် ကားထဲရှိ လေးအေးပေးစက်ကို ဖွင့်ထားရန် မလိုအပ် ။အပြင်မှာ နေရောင်ခြည်ထဲ နေပူဆာလှုံရသည်က ပ်ို သက်တောင့်သက်သာရှိလှသည်။ 


   ရှောင်ကျိုးက ကားအပြင်ဘက်တွင် ဆေးလိပ်သောက်ကာ စောင့်လျက်ရှိသည်။ ကျန်းယန်ရှန့် လာနေသည်ကို မြင်သောအခါ ဆေးလိပ်ကို အမြန်သတ်လိုက်ကာပြောသည်။


 "ကျောင်းဆင်းပြီလား…"


 သူသည်ပြောပြောဆိုဆိုနှင့် လက်က သူမအတွက် ကားတံခါးကို ဖွင့်ထားပြီးဖြစ်သည်။


   သူ၏ကျွမ်းကျင်စွာ လှုပ်ရှားမှူကို ကြည့်ခြင်းအားဖြင့် သူသည် အလွန်ကျွမ်းကျင်သော ဒရိုင်ဘာ တစ်ယောက်ဖြစ်သည်ကို အကြည့်တစ်ချက်နှင့်ပင် သိနိုင်ပေသည်။ 


   ကျန်းယန်ရှန့်က ကားထဲမဝင်သေး။ ကားတံခါးကို ခန ကိုင်ထားကာ ပြောသည် "အတန်းဖော်နဲ့ ခန စကားပြောလိုက်ဦးမယ်…"။


   ရှောင်ကျိုးက သဘောပေါက်ကာ ကားထဲသို့ အရင်ဝင်သွားနှင့်သည်။


   ကျန်းယန်ရှန့်က ကားတံခါးကို စောင့်ပိတ်လိုက်ကာ ရှုလီချန်ကို ကြည့်သည်။


   ရှုလီချန်က ပါးစပ်အဟောင်းသားနှင့် သူမကိုကြည့်နေမိသည် ၊


   "စာသင်ခန်း(၂)က ကျောင်းသားတွေက သူတို့မိသားစု စီးပွါးရေးအခြေအနေကို ဂရုမစိုက်ကြဘူး…

အတန်းထဲမှာ သူများအာရုံစိုက်စရာ ဖြစ်အောင် နေစရာမလိုဘူး ငါထင်တယ်…အဲ့တာကြောင့် ငါ့ကားကို နေ့တိုင်း ဒီမှာလာကြိုဖို့ ပြောထားတာ…ဒါကငါ့မှာ စီးစရာကားမရှိဘူးပြောတာမဟုတ်ဘူး နားလည်လား …"


သူမက ခေါင်းကို အနည်းငယ် ငုံထားကာ ရှုလီချန်ကို ကြည့်လျက် ပြောလိုက်သည် ။


    ရှုလီချန်က ကျန်းယန်ရှန်း ဆိုသည့်ကောင်မလေးကို နားမလည်နိုင်ဘူးဟု ခံစားမိသွားသည်။ သူမသည် သူထင်ထားသည်ထက် ရှုပ်ထွေးသော မိန်းကလေး ဖြစ်သည် ။ 


   သူမသည် ခေါင်းကိုအနည်းငယ် ငုံ့ထားကာ ပြံုးလျက်  သူ၏ခေါင်းထဲဘာတွေးနေသည်ကို အကုန်သိသည့်ပုံစံဖြင့်ပြောလိုက်သည် ။ 


   "ရှုလီချန်…နင်က ချန်းသာပြီး ရုပ်ချောတာနဲ့ပဲ နင်လိုက်နေတဲ့ကောင်မလေးက နင့်ကို ပြန်ကြိုက်မယ်လို့ နင်တစ်ကယ်ထင်နေတာလား…"။


   ရှုလီချန်၏ စိတ်ထဲတွင် သူ့၏ခေါင်းထဲ သံချောင်းရိုက်ထည့်လိုက်သကဲ့သို့ ထုံကျဥ် စူးရှ သွားလေသည်။


Xxxxx


Part 104


ရှုလီချန်က သူ့ပါးစပ်ကို ဟပြီး တစ်ခုခုပြန်ပြောဆိုရန် ကြိုးပမ်းသော်လည်း ဘာမှစဉ်းစားမရ ။ သူ အမှန်တစ်ကယ် ထိုသို့ တွေးတောသည်လား။ 


သူ့ကိုယ်သူ အမှန်တစ်ကယ် ရုပ်ချောပြီး ချမ်းသာသည်ဟု တွေးထားခဲ့သည် ။မိန်းကလေးတစ်ယောက်ကို အချိန်အကြာကြီးလိုက်လျှင် သူမ အချိန်အကြာကြီး ပြန်မကြိုက်ပဲ မနေနိုင်ဟု သူ တွက်ထားခဲ့သည်။


   ကျန်းယန်ရှန့်က ကဲ့ရဲ့ကာ သူမ၏ မျက်မှန်ကို ကောက်တပ်လိုက်ပြီး ကားတံခါးကိုဖွင့်တာ ရွဲ့ပြောသည်၊


 "ငါလည်း ချမ်းသာပြီး ရုပ်ချောတယ်…

ငါ့မှာ လိုအပ်ချက်မရှိဘူး…ငါက နင့်ထက်စာလည်းတော်တယ်…နင်က ငါ့ကို အထင်ကြီးအောင် ဘာများလုပ်ပြနိုင်မှာလဲ…တော်တော်ရယ်စရာ ကောင်းလိုက်တာ…" ။


   သူမကားပေါ်သို့တက်ကာ ကားတံခါးကို စောင့်ပိတ်လိုက်သည် "သွားစို့…"။


   ရှောင်ကျိုးသည် ကားထဲတွင်ရှိနေတုန်း ဝိုးတိုးဝါးတား ကြားလိုက်ရသည်။


 "အဲ့ဒီကောင်လေးက လိုက်နှောက်ယှက်နေတာလား…သခင်ကြီး ကျန်း ကိုပြောလိုက်ရမလား …"


   "မလိုဘူး…"သူမကပြောသည်"ကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်တယ်…"။ 


   ခနအကြာတွင် သူမကပြောသည် "သူက ကလေးပဲရှိပါသေးတယ်…" ။


   သူကရော ကလေးမဟုတ်ဘူးလားဟု ရှောင်ကျိုးကတွေးမိသည်။ သို့သော် ကားနောက်မှန်မှ အမျိုးသမီးငယ်ကို မြင်ရသောအခါ နေကာမျက်မှန်တပ်ထားသည့် သူမ ပုံမှာ ကလေးဆန်သည့်ပုံမပေါ် ၊ ရွယ်တူများထက် ပိုရင့်ကျက်ပုံပေါ်နေသည်။


   အကြိမ်ပေါင်းများစွာ သူမကို ကလေးတစ်ယောက်ဟု ရှောင်ကျိုး မခံစားမိ မသိစိတ်ကပင် သူနှင့် ရွယ်တူတစ်ယောက်လို အလေးထား ဆက်ဆံခဲ့သည် ။


   သူမသည် ကလေးတစ်ယောက်ဟု လုံးဝ မခံစားရ။


   ကျန်းယန်ရှန့်က ရှုလီချန်ကို ဒဏ်ပေးခဲ့သည် ။ သူက ဂရုမစိုက်သည့်အပြင် အောင်ပွဲ ခံလိုက်သေးသည် ။


   သူသည် ကျောင်းရုံးခန်းသို့သွားကာ ဒဏ်ပေးခံရပြီး အခန်းထဲသို့ ပြန်လာခဲ့သည်။ ကောင်လေးများက ကျန်းယန်ရှန့် သူ့ကို တိုင်လိုက်မှန်းသိကြသည် ။ ထိုအရာကို ကောင်လေးများက ဂန္တဝင် “ရန်ဖြစ်လိုုက်ပြန်ချစ်လိုက်” ဟု၍ ဝိုင်းဝန်း ဩဘာ ပေးကြသည်။ 


   တစ်စုံတစ်ယောက်က ဤသို့ အော်လေသည် "အလှလေးကြောင့် သူရဲကောင်းဟာ ဝမ်းနည်းနေရတယ်…" ။


   အားလုံးက ဝိုင်းဝန်းရယ်ကြလေသည် ။


ရှုလိီချန် လက်သီးကို တင်းတင်းဆုပ်လျက် "မိန်းမလှလေးက သူရဲကောင်းကို သတ်နိုင်စရာ အကြောင််းမရှိပါဘူး…" ဟုဆိုလေသည်။


  အားလုံး ထပ်မံ ရယ်ကြပြန်သည်။ 


   စာသင်ခန်း (၈) မှ ပတ်ဝန်းကျင်ကတော့ဘအမြဲတစေ ဒီလိုသာဖြစ်သည်။ 


   သို့သော် ဝမ်ချန် ကတော့ စိတ်ဆိုးနေလေသည်။


   သူမ ကျောင်းစတက်တုန်းက ရှုလီချန်သည် အနည်းငယ် ကြည့်ကောင်းသည်ဟု သူမထင်ခဲ့သည် ။ရှုလီချန်က စကားလာစပြောသော အခါတွင် သူမ နည်းနည်း အင်တင်တင် လုပ်ခဲ့သေးသည် ၊ ရှုလီချန်က သူမကို လိုက်သည်ကို ခံချင်ခဲ့သည်။ 


   မမျှော်လင့်ပဲ သူမ အလိုက် မခံရသေးမှာပင် သူတို့နှစ်ယောက်ဘေးမှ ကျန်းယန်ရှန့်က ဖြတ်သွားခဲ့သည် ။


   ထိုအချိန်မှစ၍ ရှုလီချန် မျက်လုံးထဲတွင် သူမ မရှိတော့ပါ ။


    သူမ မဆိုးဘူး ဟု ထင်ခဲ့ခြင်းက သူမနှင့်သက်ဆိုင်သည်သည်ဟု သူမ ထင်ခဲ့စဥ်ကပင် 


သို့သော် ထိုအရာကို သူမ မရနိုင်တော့ သောအခါ သူမအဖို့ စွဲလမ်းမှုသို့ ပြောင်းလဲလာခဲ့သည် ။ 


   ရှုလီချန်ကို သူမ ထပ်ကြည့်သော အခါ မဆိုးဘူး ဆိုသည်ထက် ပိုလာသည် ။ ထို့ကြောင့် သူမ တစ်စတစ်စ ပို စွဲလန်းခဲ့ရသည်။


   ပထမနှစ်အတန်း တစ်ခုလုံးသည် ကျန်းယန်ရှန့်ကို ရှုလီချန်က လိုက်နေသည်ကို သိထားကြသည်။ သို့သော် ဝမ်ချန်သည်လည်း ရှုလီချန်ကို တိတ်တိတ်လေး လိုက်နေခြင်းဖြစ်သည် ။ 


ကျန်းယန်ရှန့်သည် ရှုလီချန်ကို အဖက်မလုပ်သလို ရှုလီချန်သည်လည်း ဝမ်ချန်အား အဖက်မလုပ် ချေ။


   သူ့ကို မရနိုင်လေ သူသည် ပိုမိုကောင်းမွန်သည်ဟုထင်လေလေ ၊ တစ်ခြားသူနှင့် မယှဉ်နိုင် ဖြစ်လေသည် ။ 


   သို့သော် သူမရင်ထဲမှ မဆိုးဘူး ဟူသော ကောင်လေးကို ကျန်းယန်ရှန့်က စွန့်ပစ်ခဲ့သည်။ 


   ရှုလီချန်ကို ကျန်းယန်ရှန့်က အထင်သေးရုံမျှမက 

သူ့ကို အကြင်နာ မဲ့စွာဖြင့် ဒဏ်ပေး ခံရအောင်ပါ လုပ်ခဲ့သေးသည်။


   ထို့အပြင် ရှုလိီချန်သည် ထိုအရာကိုပင် ကျေနပ် ဂုဏ်ယူနေသေးသည်။အပေါစား ဆန်လှသည်။ ဝမ်ချန် ဒေါသများမှာ ပေါက်ကွဲပေ တော့မည် ။


   ကျောင်းစဖွင့်သည်မှာ လပိုင်းပင် ရှိသေးသော်လည်း ဝမ်ချန်က အတန်းထဲတွင် ‘သူဌေးမလေး’ ဟူသော ဂုဏ်ပုဒ် ရရှိခဲ့သည်။ ထို နာမည်ကို သူမ ရရှိပြီးသောအခါ မိန်းကလေး တော်တော်များများက သူမနှင့် သိကျွမ်းချင်ခဲ့ကြသည်။ 


   "ကျန်းယန်ရှန့်ကို ငါ ဟိုးအရင်ထဲက သဘောမကျခဲ့တာ…သူမက သရဲတစ်ကောင်လိုပဲ…”။


   "သူမမှာ ဘာဂုဏ်များရှိလို့လဲ…တစ်ခြားအတန်းက ကောင်လေးတွေနဲ့ လျှောက်သွားတယ်…ငါတို့အတန်းက ကောင်လေးတွေကလည်း သူ့အကြောင်းပဲ ပြောနေကြတာပဲ…"။


   "သူမက မကောင်းတဲ့ ကောင်မလေးမျိုးပဲ…သူမကို ငါတို့ သင်ခန်းစာပေးမှ ဖြစ်မယ်…" ။


   သူတို့အားလုံးသည် သူတို့ကိုယ်သူတို့ ဖြောင့်မှတ်သော သူရဲကောင်းများဟု ထင်မှတ်ယူနေကြသည်။ဝမ်ချန်၏ နှလုံးသားက ရှင်းသည် လူတိုင်း ရှုလီချန်ကို ကြိုက်ကြသည် ၊ ဒါမှမဟုတ် သူ့အတွက် တိတ်တစ်ခိုး ချစ်ခြင်းများရှိသည် ။ 


ထို့ကြောင့် ရှုလီချန် သဘောကျသော ကျန်းယန်ရှန့်ကို အားလုံးအတွက် ဘုံ ရန်သူဟု သဘောထားခဲ့ကြသည်။ 


   ထို မိန်းကလေးအားလုံးသည် ကျောထောက်နောက်ခံ ကောင်းကြသည် ကောင်းကင်ပြိုကျလျှင်တောင် သူတို့မိဘများကပိုက်ဆံဖြင့် ဖြေရှင်းနိုင်သည်ဟု ယူဆကြလေရာ သူတို့အတွက် ကြောက်စရာ သိပ်မရှိကြ ။


   သူတို့အားလုံး ကျန်းယန်ရှန့်ကို မည်သို့မည်ပုံ ပညာပေးရမည်ကို တိုင်ပင် ဆွေးနွေးကြသည် ။ 


   ရီအထက်တန်းကျောင်း သည် စည်းကမ်းတင်းကျပ်လှသည်။ ရှုလီချန်သည် မိန်းကလေးတစ်ဦးကို လိုက်ခြင်းကြောင့် အပြစ်ပေးခံရသည်။ ထို့ကြောင့် ထိုမိန်းကလေးများမှာ ကျောင်းတွင်တော့ ပြသနာ မဖြစ်ရဲကြ။ ကျောင်းအပြင်ဘက်တွင်သာ ကျန်းယန်ရှန့်ကို ပညာပေးကြပေမည်၊


   သူတို့ဆွေးနွေးကြပြီးသော အခါ ၊ ဘူတာရုံကို ပညာပေးရန် နေရာရွေးလိုက်ကြလေသည်။ 


   ကျန်းယန်ရှန့်က ရထားစီးပြီးကျောင်းတက်သည်ဟု ပြောဖူးသည်။ ဘူတာရုံဘက်သို့ သွားသည့်လမ်းတွင် အလွန်ရှည်လျားသော လျောက်လမ်းကိုဖြတ်ရသည် ။ ထိုသည်မှာ သူတို့အတွက် အခွင့်ကောင်းဖြစ်ပေသည် ။ 


   ဘူတာရုံထဲတွင် အိမ်သာရှိသည် ။ ၎င်းတို့၏ အကြံမှာ ကျန်းယန်ရှန့်ကို ထိုသို့ ခေါ်သွားကာ အိမ်သာရေများကို သောက်ခိုင်းမည် ။


   မစင်များရှိပါကာ မစင်များကိုပါ စားခိုင်းမည်။ 


   ထိုသို့လုပ်နေသည့် ကျန်းယန်ရှန့်အား ဓာတ်ပုံရိုက်ထားမည် ။ 


   ထို့နောက် သူမကို ငိုစေကာ ရှုလီချန်နှင့် မတွဲရန် ကတိပေးခိုင်းမည် ဖြစ်သည်။


   မနက်ဖြန်သည် သောကြာ နေ့ဖြစ်သည်။


...........


 ကောင်မလေးများသည် စိတ်လှုပ်ရှားစွာ ဘူတာရံအောက်ရှိ လျှောက်လမ်းတွင် တိတ်တဆိတ် စောင့်နေကြသည်။


   မိန်းကလေးတစ်ယောက်က အပေါ်မှ ကြည့်ရန် တာဝန်ယူရသည် ။ 


   ထိုအချိန်မှာပင် အပေါ်မှစောင့်ကြည့်နေသော မိန်းကလေးမှ ပြေးဆင်းလာကာ " သူမရောက်နေပြီ…သူမလာနေပြီ…ကျန်းယန်ရှန့် ဒီမှာ ရောက်နေပြီ…"ဟု အပြေးလာပြောလေသည်။


   ဝမ်ချန်က စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီူနှစ် ဖွာလောက် ဖွာလိုက်ကာ ကျန်းယန်ရှန့် ပေါ်လာရန် စောင့်ဆိုင်းနေလိုက်သည် ။ 


မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ သူမ ဆေးလိပ်အတော်များများ သောက်ခဲ့ပြီးဖြစ်သော်လည်း ကျန်းယန်ရှန့်၏ အရိပ်အယောင်ကိုမူ မတွေ့ရသေးချေ။


   ဝမ်ချန်မျက်နှာသည် ဒေါသ အရိပ်အယောင်သန်းလာလျက်မေးလိုက်သည် "သူမ ဘယ်မှာလဲ…" ။


   စောင့်ကြည့်ရန်တာဝန်ကျသည့် မိန်းကလေးမှာလည်း စိတ်ပျက်ကာ "သူမ ဘူတာဘက်ကို လမ်းလျှောက်လာတာ ငါသေချာတွေ့လိုက်တယ်…" ။


   ထိုမိန်းကလေးမှာ မစောင့်နိုင်တော့ပဲ လှေကားဆီသို့ တစ်ခေါက်အပြေးပြန်သွားသည်။ ဘူတာရုံဝင်ပေါက်သို့ထွက်လာသောအခါ သူတို့ကျောင်းမှ ကျောင်းသား သုံးလေးယောက် ကိုသာ တွေ့ရသည် ။ 

ကျန်းယန်ရှန့်၏ အရိပ်အယောင်ကိုမူ မမြင်ရတော့ချေ။ 


   ဝမ့်ချန်က ဆူပုပ်နေသော မျက်နှာထားနှင့် မေးသည် " နင်သေချာရော တွေ့လိုက်တာဟုတ်ရဲ့လား…သူမဆိုတာ နင်သေချာလား…" ။


   "ငါက မှားကြည့်မိတာဖြစ်နိုင်လား…"ထိုမိန်းကလေးက ဖြေရှင်းချက်ပေးသည် " သူမမျက်နှာကို ငါ မှားသွားနိုင်တယ်…" ။


   ဒါက တစ်ကယ်မဖြစ်နိုင်။


   ကျန်းယန်ရှန့် ဘယ်သို့ ရောက်သွားတာလဲ...


   သူမ ရထားစီး၍ပြန်သည်ဆိုတာက မဟုတ်ဘူးလား....


   နေ့ခင်းကြောင်တောင် သူမ ဘယ်လို ပျောက်သွားတာလဲ....


Xxxxx