Part 105
ကျန်းယန်ရှန့်က ဘူတာရုံဝင်ပေါက်ဝတွင် သူမရင်းနှီးသောမျက်နှာတစ်ခုကို တွေ့လိုက်ရသည် ၊ သို့သော် သူမသည် လှေကားရှိရာဘက်သို့ ပြေးဆင်းသွားသည်။ ထိုကောင်မလေးက မြေအောက် ရထားစီးသည်ကို တွေ့သောအခါ ကျန်းယန်ရှန့် အနည်းငယ် အံ့ဩသွားသည် ၊ အဘယ့်ကြောင့်ဆိုသော် သူမကို အိမ်မှကားဖြင့်သာ လာကြိုလေ့ရှိသည်ကို သိထားသောကြောင့်ဖြစ်သည်။
သို့သော် ထိုအရာက သူမနှင့် မဆိုင်။ သူမက ယခုဘဝတွင် အခန်း(၈)မှ မဟုတ်တော့ပေ။
သူမသည် ဝမ်ချန် ဖြစ်လျှင်တောင် အရင်ဘဝတွင် သူမတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် မျက်မုန်းကျိုးနေသော ညီအစ်မများဖြစ်ခဲ့ကြသည် ၊
သူမ၏ တစ်ခြားကောင်မလေးများသည် တကယ်တော့ အချစ်ရေးတွင် ပြိုင်ဘက်များဖြစ်ကြသည်။
တစ်ခြားသူများအဖို့ သူမတို့သည် သာမန် လူဆိုးတစ်အုပ် မျှသာဖြစ်သည်။
ကျန်းယန်ရှန့်သည် အရင်ဘဝ တွင် ရိုးသားသောသူငယ်ချင်းများ မရှိခဲ့သည်ကို အမှတ်ရမိသည်။သူမ ဘေးမှလူ အများစုသည် သူမပိုက်ဆံကြောင့်သာ ပေါင်းသင်းချင်ကြခြင်းသာ ။ တစ်ချို့က သူမ၏ရုပ်ရည်ကြောင့် ၊ တစ်ချို့မှာ သူမ၏ ပိုက်ဆံကြောင့်ရော ရုပ်ရည်ကြောင့်ပါ ဖြစ်သည်။ သူမတွင် ပိုက်ဆံအများကြီး မရှိပါ သို့သော် ထိုသို့ပိုက်ဆံရှိနေခြင်း ကိုလည်း သူမ သဘောမကျ ။ အခြားတစ်ဖက်မှကြည့်သော် ပိုက်ဆံက သူမဘဝကို ပျက်စီးစေခဲ့သည်။
နေ့နှင့်ည များ ပြောင်းပြန်ဖြစ်ကုန်သည် ။ အရက်များ မူးအောင် သောက်သည်။
ဘဝကို ဖြစ်သလိုနေလေ ၊ သူမ နှလံုးသားထဲ ဗလာကျင်းမှုကို ပိုမိုခံစားရလေ ဖြစ်သည် ။
ကျန်းယန်ရှန့်က သူမကို ပညာပေးရန် လူဆိုးမလေးများ တစ်အုပ် ဘူတာရုံဘက်တွင် စောင့်ဆိုင်းနေကြသည်ကို သူမ မသိပေ။
သူမစိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘူတာရုံရှေ့မှ ဖြတ်လာကာ သူမကားထဲသို့ဝင်၍ အိမ်သို့ တန်းပြန်ခဲ့လိုက်သည် ။
ကျန်းယန်ရှန့်က ယခင်က ကဲ့သို့ မောက်မာခြင်းမရှိပဲ နှိမ့်ချစွာပင်အိမ်မှာ နေသည် ။ တစ်အိမ်လုံးမှာလည်း သာသာယာယာဖြစ် နေသည်။
သူမက ကျန်းရှို့ချန်၏ အိမ်စာများကို အမြဲ စစ်ဆေးရန် ကျန်းဟယ်လင်းကို အကူအညီ တောင်းသည် ။ စာသေချာမလုပ်ပါကလည်း ရိုက် ရန် မှာကြားသည် ။
ကျန်းရှို့ချန်မှာ အလွန် စိတ်သောက ရောက်နေသည် ။ သို့သော် ထိုအရာသည် သူ့အဖို့ ချမှတ်ထားသော စည်းကမ်းဖြစ်သည် ၊ ထို့ကြောင့် သူ့အဖို့ လိုက်နာရမည် ။ ထို့အပြင် သူသည် အိမ်စာများကို သေချာလုပ်ပါက စာပြီးလျှင် မည်သို့မည်ပုံဆော့ကစားသည်ကို သူ၏ အစ်မများ ဂရု မစိုက်တော့ပေ။
ယခုပင် သူ အိမ်ရောက်ရောက်ခြင်း သူအိမ်စာများကို မြန်မြန်အပြီးသတ်လိုက်သည် ။ အိမ်စာပြီးသည့်နောက်မှ သူ စိတ်ကြိုက် တော့ကစားနိုင်မည် ဖြစ်သည်။
ဤသို့ဖြင့် တစ်ပတ်တာကို အေးဆေးစွာ ကုန်ဆုံးခဲ့သည် ၊ ကျန်းယန်ရှုန့်က သူမ အမေဘက်မှ ဦးလေး၏ ဆင့်ခေါ်ခြင်းကို ခံ ခဲ့ရသည် ။
ကျန်းဟွမ်နှင့် ကျန်းယန်ရှန့်၏ မိခင်မှာ အတန်းဖော်များဖြစ်ခဲ့ကြပြီး ပြည်ပတွင် ကျောင်းအတူတက်ခဲ့ကြသည် ။ သူမအမေကို သူမ၏ အဖွားက အလွန် သဘောကျသည်၊ သူမ အမေကို အလွန် လွပ်လပ်အမှီအခိုကင်းသော မိန်းကလေးဟု ထင်ခဲ့သည် ။သူတို့ နှစ်ဦးက ဘွဲ့ရပြီးသည့်နောက်တွင် တရုတ်ပြည်သို့ ပြန်လာခဲ့ကာ လက်ထပ်ခဲ့ကြသည် ။
သို့သော် အဆုံးသတ် မရောက်ခင် အရာအားလုံး ပြောင်းလဲသွားခဲ့သည် ။
သူမ၏ မိခင်ဘိုးဘွားများမှာ ကွယ်လွန်သွားခဲ့သည် ၊ သူမ၏ အဒေါ် ၊ ဦးလေးနှင့် ဝမ်းကွဲ တစ်ယောက်သာ ကျန်ခဲ့တော့သည် ။ သို့သော် သူမ၏ ဦးလေးမှ လုပ်ငန်းကိစ္စများကြောင့် 'S မြို့တော် ' တွင်သာအခြေချ ခဲ့သည် ၊ ကျန်းယန်ရှန့် နှင့် တစ်မြို့ထဲ မဟုတ် ။
သူမအဖိုး ဘက်မှ မိသားစုများမှာ ကျန်းမိသားစုလောက် မချမ်းသာသော်လည်း အခြေအနေကောင်းသည့် မိသားစုပင်ဖြစ်သည် ။
သူမ အလယ်တန်းကျောင်းသို့ရောက်သောအခါ သူမဦးလေးမှ မျက်မှာချင်းဆိုင် တွေ့ဆုံကာ စကားပြောခဲ့သည် ။ သူမ၏ မိထွေးက သူမကို ဆိုးဆိုးရွာရွား ဆက်ဆံမည်ကို ကြောက်သောကြောင့် 'Sမြို့တော်'တွင်သာ သူမဦးလေးနှင့် အတူနေထိုင်စေ လိုခဲ့သည် ။
ထိုအချိန်သည် သူမ၏ အမေ ဆုံးပါးကာစပင် ရှိသေးသည် ။သူမသည် အမြဲတစေ ငြင်းခုန်ကာ ဒေါသူပုန် ထလေ့ရှိသော်လည်း သူမ၏ နှလုံးသားထဲတွင် သူမအဖေကို ဆုံးရှုံးမသွားချင်ပေ။
ထို့ကြောင့် ဦးလေးနှင့် သွားရောက်နေထိုင်ရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
သူမကြီးပြင်းလာသောအခါ သူမသည် ပို၍ပင် ခက်ထန်လာခဲ့သည် ။ ထိုအကြောင်းကို သူမဦးလေး ကြားရသောအခါ သူမကို ဖျောင်းဖျရန် ကြိုးစားခဲ့သည် ။ သို့သော် သူမသည် ထိုအချိန်တွင် တစ်ခြားသူများ၏ စကားကို နားမထောင်တော့ပေ ၊ သူမ၏ ဦးလေးနှင့် တဖြည်းဖြည်း ဝေးကွာ လာခဲ့သည်။
ကျန်းဟွမ်က သူမကို ‘ရီအထက်တန်းကျောင်း’ သို့ ပို့လိုက်သည်ကို သူမဦးလေး သိသည် ။ ကျောင်းစတက်သည့် တစ်လ အကြာတွင် ကျောင်းတွင် သူမကို လိုက်လျောညီထွေ နေတတ် မတတ် စုံစမ်းခဲ့သေးသည်။
ကျန်းဟွမ်သည် သူမအား ကြိုတင်ပြင်ဆင်အတန်းသို့ တက်ရောက်ခွင့်ရသည်ကို သူ၏မိခင်နှင့် အစ်ကို၏ မိသားစုအား ကြွားဝါထားခဲ့သည် ။
သူမ အလွန် ရှက်သွားကာ ရှင်းပြလိုက်မိသည်။
"နွေရာသီအားလပ်ရပ် မတိုင်ခင်မှာ သမီး ပြင်းပြင်းထန်ထန် စာကြိုးစားခဲ့တယ်…ကျောင်းမစခင်မှာ နေရာချထားစမ်းသပ်မှု စာမေးပွဲ ဖြေဆိုပြီးတော့ ကြိုတင်ပြင်ဆင်အတန်း ကို တက်ရောက်ခဲ့တာ…ဟုတ်တယ် …ကြိုတင်ပြင်ဆင်အတန်း …သမီးတို့ကျောင်းက ထိပ်ဆုံးအတန်းရှိတယ်…ကြိုတင်ပြင်ဆင် အတန်းနှစ်တန်းတောင်…" ။
ထိုအရာသည် ကြွားဝါခြင်းမဟုတ် သူမနှင့် ဖုန်းပြောနေသော အခြားတစ်ဖက်က လူကို သိစေချင်သည့်အတွက် ဒိတိုင်းပြောပြခြင်းသာ...
သို့သော် သူမထိုသို့ပြောသောအခါ သူမချက်ခြင်းပင်ပြန်၍ ရှက်သွားလေသည် ။ သူမသည် မူကြိုကလေးလေး မဟုတ်တော့။ သူမ ဘာကြောင့် ထိုအကြောင်း ပြောမိသည်ကို မသိချေ။
သို့သော် သူမဦးလေး အသံမှာ အံ့ဩသွားသည် " တစ်ကယ်လား…ယန်ယန်က အံ့ဩဖို့ကောင်းလိုက်တာ…"။
သူမ၏ ဦးလေးမှ ဤသို့ပြောလေသည် " သမီးအမေက ဦးေလးထက် စာပိုတော်တယ် သမီးက လည်းကလေးထဲက ဥာဏ်ကောင်းတယ် …ငယ်ငယ်လေးထဲက ပထမ အမြဲရခဲ့တာပဲ…" ။
ထိုအရာအားလုံးအတိတ်မှာ ကျန်ခဲ့ပြီဖြစ်သည် သို့သော် ထိုအသေးအဖွဲ့ အတွေးများထဲတွင် လေးနက်သော စိုးရိမ်ပူပန်မှူ ရှိနေခဲ့သည် ။ ကျန်းယန်ရှန့် နားထောင်ပြီးသောအခါ သူမ မျက်လံုးများမှာ ရုတ်တရက် ပူလောင် လာခဲ့လေသည် ။
သူမပြန်လည်မွေးဖွားပြီးသည့်နောက်တွင် သူမဦးလေးကို ဆက်သွယ်ရန် တွေးမိခဲ့သေးသည် ။ သို့သော် သူမ ဖုန်းဆက်ရန် ကြိုးစားလိုက်တိုင်းပင် သူမစိတ်ထဲတွင် ရှက်ရွံ့မှုကို ခံစားနေရသည် ထို့ကြောင့် ဦးလေးဖြစ်သူမှ စတင်ဖုန်းခေါ်လာသည်ကို စောင့်ဆိုင်းနေခဲ့သည် ။
"ဦးလေး ကျွန်မကို စိတ်မပူပါနဲ့တော့….ကျွန်မ ကလေးမဟုတ်တော့ပါဘူး…အဲ့ဒီမိန်းမကို ကြောက်စရာ မရှိပါဘူး ဒီတိုင်း မသိချင်ယောင်ဆောင်ထားတယ်…ဘာပဲဖြစ်ဖြစ် သမီးက အဖေ့ရဲ့ သွေးသားအရင်းပဲ သူကျွန်မကို ဆိုးဆိုးရွားရွား မဆက်ဆံ လောက်ပါဘူး…" ။
ဖုန်းပြောနေတုန်းတွင် သူမဦးလေးက သက်ပြင်းအရှည်ကြီးချကာပြောသည် " အခု အဲ့တာကိုသိသွားတာ ဦးေလးဝမ်းသာပါတယ်… တစ်ခြားသူတွေကြောင့် ကိုယ့်ကိုယ်ကိုယ် မနှောင့်နှေးပါစေနဲ့ …"။
အရင်ဘဝတွင်သာ သူမ ထိုသို့သိခဲ့မည် ဆိုပါက ယခုကဲ့သို့ သေဆုံး ခဲ့မည် မဟုတ်။
သို့သော် သူမ မသေဆုံးပဲ ပြန်လည်မွေးဖွားခဲ့ခြင်းမရှိပါကလည်း သူမ အမှောင်ထဲသို့သာ တိုးဝင်နေမိပြီး ထိုကဲ့သို့ သိရှိခဲ့မည် မဟုတ်ပါ ။
ကျန်းယန်းရှန့် အချိန်အကြာကြီး စဉ်းစားခဲ့သော်လည်း ထိုအရာအတွက်အေဖြမရှိပါ သို့သော် ယခုဘဝတွင်တော့ သူမကို ဂရုစိုက်သော လူများအပေါ်တွင် လျစ်လျူရှုကာ သူမကိုယ်သူမလည်း စိတ်ပျက်ခံမည် မဟုတ်ပေ။
.....
တနင်္လာနေ့တွင် ကျောင်းတက်သောအခါ အတန်းဖော်တစ်ယောက်က သူမကို နှုတ်ဆက်လာသည် ၊ ထို့နောက် နောက်တစ်ယောက် ဝင်လာကာ ထပ်မံ နှုတ်ဆက်ပြန်သည် ။
ကျန်းယန်ရှန့် အနည်းငယ် အံ့ဩသွားသည် ။ အဘယ့်ကြောင့် ထို အတန်းဖော်များ ရုတ်တရက်လာရောက်နှုတ်ဆက်နေသည်ကို မသိခြင်းကြောင့်ဖြစ်သည်။
ထိုအတန်းဖော်များက သူမကို အဝေးမှသာ လှမ်းကြည့်ရလောက်အောင်ပင် သူမသည် ချောမောလှပခြင်း အရပ်ရှည်ခြင်းနှင့် သန်မာသော အသွင် ရှိခြင်းများကြောင့်ဆိုသည်ကို သူမမသိပေ။ ပြီးခဲ့သောဘဝ တွင် သူမသည် ယခုကဲ့သို့ ‘ကလေးကောင်းများ’ နှင့် ဆက်ဆံဖူးသည်မဟုတ် ၊ လူတိုင်းက သူမနှင့် ခပ်ခွါခွါ နေကြသည်ဟုသာ ခံစားခဲ့ရသည် ။
ရလဒ် အနေနှင့် အခန်း(၈)မှ ရုပ်ချောပြီးချမ်းသာသောကောင်လေးမှ ကြိုက်ခြင်းကို ခံ ခဲ့ရသည် သို့သော် သူမက တုံ့ပြန်ခြင်းမရှိပဲ ထိုကောင်လေးကို အပြစ်ပေးခဲ့သည် ။ ထို့နောက် ရုတ်တရက်ပင် အခန်း(၂)မှ အတန်းဖော်များမှ သူမကို ဆက်ဆံပံု ပြောင်းလဲခဲ့သည် ။
ပထမဆုံး အနေနှင့် ထို မိန်းကလေးမှာ သိုက်တူးသမားမဟုတ်။ ထိုအရာ သည် ကောင်းသည် ။ ထိုအရွယ်တွင် သူတို့သည် အလွန်သန့်စင်ကာ သီလရှိကြသေးသည် ။ အထူးသဖြင့် ထို ကျောင်းသားကောင်းများအားလုံးသည် သူတို့စိတ်ထဲတွင် လွပ်လပ်ခြင်းကို ခံစားလိုစိတ်ရှိကြသည် ။
ကျန်းယန်ရှန့်၏ အပြုအမူမှာ အခြားတစ်ဖက်မှ ကြည့်သော်အားလုံးကို သူမနှင့် နီးစပ်အောင် လုပ်နိုင်ခဲ့သည် ။
ကျန်းယန်ရှန့်အဖို့ ဘယ်လိုဖြစ်ဖြစ် အကောင်းချည်းဖြစ်သည်။ သူမ၏အတန်းဖော်ကို ဤကနေ့အဖို့ သင်ခန်းစာ ခေါင်းစဉ်ကို မေးမြန်းသောအခါ သူမနှင့်ပက်သက်၍ ပိုမို စိတ်အားထက်သန်နေသည်ကို ခံစားမိသည် ။ သူတို့၏ လေ့ကျင့်ခန်းစာအုပ်များနှင့် အဖြေများကိုပင် ယူဆောင်လာကြကာ သူမနှင့် မျှဝေခဲ့ကြသည် ။
ယခင်ဘဝတွင် ကျန်းယန်ရှန့်သည်အခန်း(၈)မှ အမှိုက်သာ ဖြစ်ခဲ့သည် ။
Xxxx
Part 106
ကျန်းယန်ရှန့်သည် သူမနွေရာသီကျောင်းပိတ်ရက်အတွင်း အလွန်ကြိုးစားခဲ့သည်ဟု ခံစားရသည် ၊ ထိုကျောင်းသားများ၏ နေ့စဉ်လုပ်လေ့လုပ်ထ ရှိသည်များက်ိုသူမ နားလည်သွားသောအခါ ချွေးစေးပါ ပြန်ခဲ့ရသေးသည်။
ထိပ်ဆုံးအတန်းနှင့် ကြိုတင်ပြင်တင်အတန်း နှစ်တန်းတို့မှာ ရီအထက်တန်းကျောင်းတွင် ဖယ်ရှားရေး စက်ဝန်းထဲတွင်ရှိသည်။ ထို ကိစ္စ ဖြစ်ပေါ်လာသည်မှာ စာသင်နှစ်အလည် တွင်ဖြစ်သည် ။ ပိုကောင်းအောင်သင်ယူလျှင်တိုးတက်မည်။ သင်ယူရန် ကျရှုံးလျှင်တော့ ကျရှုံးမည်သာဖြစ်သည် ။ ကြိုတင်ပြင်ဆင်တန်းမှ သာမန်အတန်းသို့ ကျသွားသူများလည်းရှိသည် ၊ သာမန်အတန်းများကလည်း ကြိုတင်ပြင်ဆင်တန်းသို့ ပြေးတက်ကြသည် ။ လူတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ ထိုအရာအားလုံးက ဖြစ်နိုင်သည် ။
ကျန်းယန်ရှန့်သည် နွေရာသီကျောင်းပိတ်ရက်တွင်အပြင်းအထန်ကြိုးစားကာ ကြိုတင်ပြင်ဆင်တန်းသို့ ဝင်ရောက်သွားသည် ။ ထို့ကဲ့သို့သာ သူမ ဆက်လက် ကြိုးစားမနေပါက ထိုအတန်းမှ ထွက်မည်ဖြစ်သည်။
ယခုမှစ၍ ကျန်းယန်ရှန့်သည် သူမ နောက်ကျမကျန်ခဲ့အောင် ပြင်ဆင်ထားလိုက်သည် ။ ဝမ်ချန်ကတော့ သူမ၏ဒေါသနှင့်သာ ပေါက်ကွဲနေခဲ့သည် ။
အဘယ့်ကြောင့်ဆိုသော်သောကြာနေ့ အပြီးထိတောင် ကျန်းယန်ရှန့်အား သူမ မဖမ်းမိသည့်အတွက် ပိုမို ဒေါပွ နေခဲ့သည် ။
ဝမ်ချန်၏ ဒေါသသည် သေးငယ်သည်မဟုတ် တနင်္လာနေ့အထိ သူမ ဒေါသကို မထိန်းထားနိုင် ။ထို့ကြောင့်ပင် ကောင်မလေးတစ်ချို့ကိုခေါ်ကာ ကျန်းယန်ရှန့်ကို အိမ်သာထဲတွင် ပိတ်ဖမ်းရန် ကြံစည်ခဲ့သည် ။
ကျန်းယန်ရှန့် လက်ဆေးပြီး အပေါ်သို့ ကြည့်လိုက်သောအခါ ဝမ်ချန်နှင့် ကောင်မလေး တစ်စုက သူမအား ဒေါသတစ်ကြီး ကြည့်နေသည်ကို မှန်ထဲမှ တစ်ဆင့် တွေ့ခဲ့ရသည် ။
သူတို့၏ ရင်းနှီးနေသော ကိုယ်နေဟန်ထားကြောင့် သူမ ချက်ခြင်းနားလည်လိုက်သည် ။
ရုတ်တရက်သူမ ခေါင်း နာကျင်သွားသည်ကို ခံစားလိုက်ရသည် ။
သူတို့က သူမကို သင်ခန်းစာ ပေးတော့မည်လား ။
ကျန်းယန်ရှန့်က တစ်ဖက်သို့လှည့်ကာ ကောင်မလေးများကို မသိချင်ယောင် ဆောင်ခဲ့သည် ။ လမ်းလျှောက်ထွက်သွားကာ "ကျေးဇူးပြုပြီးတော့ … " ။
ကောင်မလေးများက လမ်းဖယ်မပေးရုံတင်မက တစ်ယောက်နှင့်တစ်ယောက်ပူးကပ်ကာ လမ်းပိတ်ထားလိုက်သည် ။
ထိုအရာကို ကျန်းယန်ရှန့်က သတိမထားမိလိုက် သလို လမ်းဆက်လျှောက်သွားလိုက်သည် ။ ထိုကောင်မလေးများနှင့် ဝင်တိုက်မိမလိုဖြစ်သည့်အချိန်၌ ၊ ကျန်းယန်ရှန့်က သူမ လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည် ။
ကျန်းယန်ရှန့် ထွက်သွားသောအခါ ကောင်မလေးများမှာ နားမလည်နိုင် ဖြစ်သွားကြသည် ။
"သူမကို ဘာလို့ လမ်းဖယ်ပေးလိုက်ရတာလဲ …" ။
"ငါ မလုပ်ပါဘူး…" ။
"မဟုတ်ဘူး…သူမငါ့ကို ဆွဲခဲ့တာ…ငါ့ကို ဆွဲဖယ်လိုက်လို့ ငါမရပ်နိုင်တော့တာ …" ။
"ဟုတ်တယ်…ငါရောပဲ…"။
"မဖြစ်နိုင်ဘူး…"။
"အဲ့တာအမှန်ပဲ…သူမက အရမ်းသန်တယ်…"။
"ဟေ့ ဝမ်ချန်…နင်ဘယ်ကိုသွားနေတာလဲ …"။
ဝမ်ချန်အား သူမတို့ လိုက်ဆွဲကြသည်
"ဒါကျောင်းထဲမှာနော် …ကျောင်းစည်းကမ်းက အရမ်းတင်းကျပ်လွန်းလို့ ကျောင်းမှာ ပြသမာ မရှာရဘူးလို့ ငါ့အမေ ပြောထားတယ်…မဟုတ်ရင် ငါ့ကို မုန့်ဖိုးဖြတ်လိမ့်မယ်…"။
ဝမ်ချန် အရမ်းဒေါသထွက်နေသော်လည်း ကျောင်းခန်းထဲကိုသာ ပြန်လာခဲ့ကြသည်။
အတန်းထဲတွင် ရှိနေသော ရှုလီချန်က သူမတို့ပြန်လာကြသောအခါ မထိတထိစလိုက်သည်။
"နင်က အုပ်စုလိုက် အိမ်သာသွားတုန်းလား…" ။
ရှုလီချန်သည် သူထို့သို့ မထီမဲ့မြင်လုပ်လေ သူပိုကြည့်ကောင်းလေသည် ဟုခံစားရသည်။ ဝမ့်ချန်၏ စိတ်ထဲတွင် ကျန်းယန်ရှန့်ကို သင်ခန်းစာပေးရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်သည် ။
ကျောင်းဆင်းသောအခါ သူမ အမှားနောက်တစ်ကြိမ်ထပ်မလုပ်ချင်တော့ ၊ ထို့ကြောင့် ဘူတာရုံဘက်တွင် သွားမစောင့်တော့ချေ ။ ဘူတာရုံသို့ သွားသည့်လမ်းမှာပင် ကျန်းယန်ရှန့်က်ို ပိတ်ဖမ်းလိုက်သည် ။
"ကျန်းယန်ရှန့် ငါတို့နဲ့လိုက်ခဲ့စမ်း…စကားပြောရအောင်…"
ဝမ်ချန်က ရန်လိုစွာပြောလိုက်သော်လည်း ကျန်းယန်ရှန့်က ေအးဆေးစွာပင် သူမ မေးစေ့ကို ဆွဲကိုင်လိုက်သည် ။
"ဟဲ့ နင်ဘာလုပ်တာလဲ…"ဝမ်ချန် ဒေါသတကြီးအော်လိုက်သည်။
ကျန်းယန်ရှန့်က သူမလက်ကို ချလိုက်တာ မျက်လုံးများကို ကာလျက် တည်ငြိမ်စွာပြောလိုက်သည် "ဘာမှ မဟုတ်ဘူး…" ။
သူမ မမြင်ခဲ့မိခြင်းသာဖြစ်သည်။သူမ အလွန်ပင် တုံးအခဲ့သည်ကို ပြန်တွေးနေမိသည်၊ သူမ အချိန်ကိုနောက်ပြန်သွား ၍ သမိုင်းဆိုးကြီးကို ဖျက်ပစ်ရန် မစောင့်နိုင်တော့ပါ ။
သူမကမေးလိုက်သည် "နင်ငါ့ဆီကနေ ဘာလိုချင်တာလဲ…" ။
ယခုဘဝတွင် သူမက အခန်း(၈)မှ မဟုတ်သလို ဝမ့်ချန်နှင့်လည်း အဆက်အသွယ် မရှိတော့ပါ ။ ဝမ့်ချန်က သူမကို ရှာရန် ပြေးလွှားနေတုန်းမှာပင် ဆယ်ယောက်မှာ ကိုးယောက်က သူမနှင့် ရှုလီချန်တို့ ပက်သက်နေသည်ဟု ထင်ကောင်းထင်နေနိုင်သည် ။
ဝမ့်ချန်ကပြောသည် "ဘာလို့စကားအများကြီးပြောနေတာလဲ…သွားရအောင် …သူမကိုခေါ်သွားလိုက်…" ။
ထိုသို့ပြောလိုက်ခြင်းကြောင့်ကောင်မလေးများမှ ကျန်းယန်ရှန့်လက်မောင်းကို ဘယ်တစ်ဖက် ညာတစ်ဖက် ဆွဲလိုက်ကြသည် ။ ကျန်းယန်ရှန့်က အသာတကြည်ပင် "ငါ့ကို ဘယ်ခေါ်သွားနေကြတာလဲ…" ။
ကောင်မလေးများ ကဝမ်ချန်ကိုလှမ်းကြည့်လိုက်သည် ၊ ဝမ်ချန်က ခေတ္တ တွေဝေကာ "ဘူတာရုံထဲကို…”။
ထိုနေရာတွင် ရီအထက်တန်းကျောင်း မှ ကျောင်းသားများ ရှိနေသေးသည် ဖြစ်ရာ သူတို့ကို ရပ်၍ အထူးအဆန်း ကြည့်နေကြလေသည် ။
ကျန်းယန်ရှန့်သည် ကျောင်းတွင် ပြသနာမရှာပဲ စာပဲ ကောင်းကောင်းမွန်မွန် လုပ်ချင်သည် ။ သူတို့က ဘူတာရုံအောက်သို့ သွားမည်ဆိုပါကလည်း သွားကြရုံသာရှိသည်။
ထို့ကြောင့်တည်ငြိမ်စွာပင် သဘောတူလိုက်သည် "ကောင်းပြီလေ သွားကြတာပေါ့ ဟာဟ …" ။
ကောင်မလေးနှစ်ယောက်မှ သူမလွတ်ထွက်သွားမည်စိုးသကဲ့ လက်မောင်းများကို အတင်းချုပ်ထားသည်ဆိုသော်လည်း ကျန်းယန်ရှန့်က တည်ငြိမ်စွာဖြင့်ပင် ရုန်းရင်းဆန်ခတ် မပြုပဲ အသာတကြည်လိုက်လာခဲ့သည် ။
……
ရှုလီချန်က ကားထဲသို့ဝင်ရောက်လိုက်သည်။ ကျောင်းလာကြိုကြသောကားများမှာ များလွန်းသောကြောင့် ထိုလူအုပ်ကြားထဲတွင် ခေတ္တမျှ ညပ်နေပြီးလျှင် ကားကို တလှိမ့်ခြင်းစီသည် သာ ရွှေ့လာခဲ့ရသည်။
ထိုအချိန်တွင် အတန်းဖော်တစ်ယောက်မှ သူ့ဖုန်းကိုခေါ်လာခဲ့သည် "ရှုလီချန် ဝမ်ချန်နဲ့ကောင်မလေးနှစ်ယောက်က ကျန်းယန်ရှန့်ကို ဖမ်းခေါ်သွားတာတွေ့လိုက်တယ်ကွ…" ။
ရှုလီချန် ခေတ္တမှ ကြောင်သွားကာ အကြောင်းအရင်းကို ချက်ခြင်းပင် စဉ်းစားမိလိုက်သည် ။
သူမသည် အရမ်း သဝန်တိုလွန်းသောကြောင့် ကျန်းယန်ရှန့်အား ပညာပေးခြင်းဖြစ်မည်။
"ကားရပ်လိုက်စမ်း…"ရှုလီချန်က ရုတ်တရက် ထအော်ပစ်လိုက်သည်။
ဒရိုင်ဘာမှ ရုတ်တရက်မို့ လန့်ဖျန့်ကာ ဘရိတ်ကို အားကုန် နင်းချလိုက်လေသည် ။ ရှူလီချန်က ကားသည် သေချာအရှိန်မသေသေးသည့်အချိန်မှာပင် အတင်းခုန်ထွက်လိုက်သည် ။ လာရာလမ်းအတိုင်းပြန်ပြေးသည် ။ "ကျန်းယန်ရှန့်ကို ဘယ်ခေါ်သွားတာလဲကွ …" ။
သူမနှင့် အတန်းဖော်ဖြစ်သည်က လပိုင်းမျှသာ ရှိသေးသော်လည်း ဝမ်ချန်သည် သာမန်မျှမဟုတ် အရိုးထိအောင် ရိုင်းစိုင်းသည့် မိန်းကလေးဖြစ်သည်ကို သူ ရိပ်မိခဲ့သည် ။ အလယ်တန်းကျောင်းတွင်လည်း သူမ မည်သို့မည်ပုံ ပညာပြ တတ်ပံုတို့ကိုလည်း ထည့်ထည့်ပြောလေ့ရှိသည် ။
ရှုလီချန် အားကုန်ပြေးနေခြင်းကြောင့် နဖူးမှပင် ချွေးများ စီးကျလာခဲ့သည်။
ဘူတာရုံမှ လှေကားများအတိုင်းပြေးဆင်းခဲ့သည် ။ ၁၀၀မီတာ အရှိန်နှုန်းနှင့် ပြေးဆင်းလာခဲ့ခြင်းဖြစ်သည်။
သို့သော် ပြေးနေရင်းတန်းလန်းတွင် ကျန်းယန်ရှနိ့ကို ရုတ်တရက် သူတွေ့လိုက်သည် ။
စက်လှေကားထိပ်တွင်ရပ်နေကာ အပေါ်သို့ ဖြေးဖြေးတက်သွားနေသည်။
"ကျန်းယန်ရှန့်…." ရှုလီချန်က လှမ်းအော်လိုက်သည် ၊ ထို့နောက် ထပ်၍ပြေးပြန်သည် ။
သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းသည် ။ လမ်းတောက်လျှောက်ပြေးလာခဲ့သည် ၊ လှေကားပေါ်ပြေးတက်သည် လှေကားပေါ်ပြေးဆင်းရသည် ထို့နောက် မမျှော်လင့်ပဲ ကျန်းယန်ရှန့်ကို တွေ့လိုက်ရသည် ။
"မင်း…မင်းအဆင်ပြေရဲ့လား…"အသက်လုရှုရင်း သူကမေးလိုက်သည် ။
ကျန်းယန်ရှန့်သည် မျက်နှာသေနှင့်ပင် တိုးတိုးသက်သာပင် ပြောလိုက်သည် "မိန်းမလှလေးကို လာကယ်တဲ့ သူရဲကောင်း လာလုပ်တာလို့ ငါ့ကိုမပြောစမ်းပါနဲ့ ဟုတ်ပြီလား …" ။
ရှုလီချန် သူမကိုမော့ကြည့်လိုက်သည် ။ သူသည် ပုံမှန်အတိုင်း အေးစက်စက် ရှိသည်မှလွဲ၍ သူမ၏ဆပင်များကလည်း သပ်ရပ်နေသည် ၊ မျက်ရည်များ ဒဏ်ရာများလည်း မတွေ့ရ အားလုံးက ပုံမှန်အတိုင်းရှိနေသည် ။
ရှုလီချန်က ခါးထောက်ကာ ကောင်းကင်ကိုမော့ကြည့်သည် ထို့နောက် ခေါင်းကို ငုံ့ကာပြောသည် " ကြည့်ရတာ သူတို့အခွင့်အရေးမရခဲ့ဘူးပေါ့…ဟုတ်လား…"။
ကျန်ယန်ရှန့်က ငယ်ရွယ်သည့် ယခုဘဝမှ ရှုလီချန်ကို သဘောမကျသော်လည်း လွန်ခဲ့သောဘဝက ရှုလီချန်က သူအပေါ်အတော်ကောင်းခဲ့သည် ။အဆုံးသတ်တွင် သူတို့ စုံတွဲမဖြစ်နိုင်သည်က သနားစရာကောင်းလှသည် ။ ထို့နောက်တွင် တဖြည်းဖြည်း ဝေးကွာခဲ့ကြရသည်။
ကျန်းယန်ရှန့်မှ ရှားရှားပါးပါး ပြုံကာ ရှုလီချန်ကို ကြည့်နေမိသည်။
နှုတ်ခမ်းရဲရဲလေးက ပြုံးသည်ဟုသာ ဆိုရလောက်မည့်အနေအထားဖြင့် နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးတက်သွားသည် ။
ရှုလီချန် မှင်တက်သွားသည်။ နောက်မှ ရုတ်တရက် သတိရကာ "ဟေ့ ဝမ့်ချန်နဲ့ကောင်မလေးတွေဘယ်မှာလဲ…ဘာဖြစ်ကြတာလဲ…ဝမ်ချန်ကသူနဲ့အတူ ကောင်မလေးတွေအများကြီးခေါ်လာတယ်မဟုတ်လား…သူတို့ ဘယ်ရောက်သွားလဲ…"။
သူမက နောက်လှည့်မကြည့်ပဲ အမူအရာဖြင့်သာ လက်မဖြင့် နောက်ကျောကိုထိုးပြသည် ။
သူမညွှန်ပြသည့်ဘက်သို့ ရှုလီချန်ကြည့်သောအခါ ဘူတာရုံဘက်သို့သွားသည့် လှေကားရှည်မှတစ်ပါး အခြားမရှိ ။ ပြန်လှည့်ကြည့်သောအခါ ကျန်းယန်ရှန့်၏ ရှည်လျားသော ခြေတံများသည် ဘူတာရုံဝင်ပေါက်သို့ လှမ်းနှင့်နေပြီဖြစ်သည် ။
ဆောင်းဦး၏ အလင်းရောင်အောက်တွင် သူမ၏အသွင်အပြင်မှာ အထူးပင် သွယ်လျနေလျက်...
Xxxxxx