အပိုင်း ၁၀၇-၁၀၈
Viewers 28k

Part 107


ရှုလီချန် ဘူတာရုံထဲ ဆင်းကြည့်လိုက်ချိန်တွင်

 ဝမ်ချန်နှင့် အခြားသော မိန်းကလေးများ ငိုယိုနေကြသည်ကို တွေ့ခဲ့ရသည်။


   သူတို့ ကျန်းယန်ရှန့် ကိုဖမ်းစီးခေါ်ဆောင်ခဲ့စဉ်က သူမသည် လုံးဝ ပြန်လည်ခုခံခြင်းမရှိ ။ ထိုသည်ကို သူတို့ အနည်းငယ် ဂုဏ်ယူနေခဲ့ကြသည် ၊ သူတို့ အနိုင်ကျင့်နေကျ တစ်ခြားကျောင်းသားများကဲ့သို့ထင်မှတ်နေသည်။ လူအုပ်မှာလည်း တောင့်သောကြောင့် ပို၍ပင် ရဲတင်းလာခဲ့ကြလေသည် ။


   အမျိုးသမီး အိမ်သာသို့ခေါ်ဆောင်ခဲ့ပြီးသည့်နောက်တွင် ကျန်းယန်ရှန့်က မေးသည် "နင်က ဘာလုပ်ချင်တာလဲ…"။ 


   ဝမ်ချန် က သူမမေးခွန်းကို မဖြေပဲ ကျိန်ဆဲလိုက်သည် "နင်ကဘာလို့ ဒီလောက်အပေါစားဆန်ရတာလဲ…ကောင်လေးတွေကိုပဲ တစ်နေကုန် ပလူးနေချင်တယ်ပေါ့…ငါနင့်ကိုပညာပေးမှရတော့မယ်…"

ဝမ့်ချန်က ရှေ့တစ်လှမ်းတိုးလာကာ ကျန်းယန်ရှန့်မျက်နှာကို ရိုက်ရန် လက်ကို လေထဲသို့ မြှောက်လိုက်သည် ။


   ကံဆိုးစွာပင် 'ဖတ်'ဟူသော အသံကို ကြားလိုက်ရလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြ ။ 


   ဝမ့်ချန်လက် မြှောက်လိုက်သောအချိန် တွင်ကျန်းယန်ရှန့် လက်မောင်းနှစ်ဖက်ကို ချုပ်ထားသော မိန်းကလေးနှစ်ယောက်မှာ သူတို့လက်များ ချော်ထွက်သွားသည်ဟု ခံစားလိုက်ရသည် ၊ ထို့နောက် ကျန်းယန်ရှန့် လက်များ လွတ်လပ်သွားသည်။


   ဝမ်ချန်က ကျန်းယန်ရှန့်ကို ပါးချရန်အတွက် သူမ ခွန်အားရှိသမျှကို အသုံးချခဲ့သည် ။ ဤအရာကိုသိသော ကျန်းယန်ရှန့်က သူမ၏ လက်ကောက်ဝတ်ကို လျှပ်စီး ကဲ့သို့ အလျှင်အမြန် ဖမ်းဆုပ်လိုက်သည်။ 


  ဝမ်ချန်သည် နှစ်ကြိမ်ခန့်  ကြိုးစားကြည့်ပြီးသည့်နောက်တွင် သူမ ရှောင်တိမ်း၍မရနိုင်သည်ကို သိသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည် ။

သူမ ခြေထောက် တစ်ဖက်ကို မြှောက်ကာ ကျန်းယန်ရှန့်ကို လှမ်းကန် လိုက်သည် ။


   ကျန်းယန်ရှန့် သည် လွန်ခဲ့သောဘဝတွင် ဝမ်ချန်နှင့် သုံးနှစ်မျှ တွဲလာသည်ဖြစ်ရာ ဝမ်ချန် နောက်ထပ် မည်သို့လှုပ်ရှားမည်ကို ကြိုတင်သိနေခဲ့သည်။ ကျန်းယန်ရှန့်သည် ဝမ့်ချန် ခြေထောက် ကြွမလာခင် ထဲကပင် သူမဒူးကို အရင်မြှောက်ကာ ဝမ့်ချန်၏ ခြေထောက်ကို ဦးအောင် ကန်ချလိုက်သည် ။


   ဝမ့်ချန် အာခေါင်ခြစ်အော်လိုက်သည် ။


   ကျန်းယန်ရှန့် ကသာ သူမကို ဆွဲမထားပါက သူမ မြေပြင်ပေါ်သို့ နောက်ပြန် လန်ကျ သွားမည် ဖြစ်သည် ။ 


   နောက်ဆုံးသော် ကျန်းယန်ရှန့်သည် အရင်ဘဝမှ သူတို့၏ ပလတ်စတစ်ညီအစ်မ ဆက်ဆံရေးကို စဉ်းစားနေမိသည် ၊ ထို့ကြောင့် ဝမ်ချန်အား လဲကျမသွားရန် ဖမ်းဆွဲခဲ့ခြင်းသာ ။


   သို့သော် အခြားမိန်းကလေးများမှာ လန့်ဖျန့်ကာ 

အော်ဟစ်ကုန်ကြသည် ။ ထိုမိန်းကလေးများမှာ ကျန်းယန်ရှန့်ကဲ့သို့ သေချာလေ့ကျင့် ထားကြသူများမဟုတ် ၊ တွန်းထိုးမည် ပါးရိုက်မယ် လက်သည်းနှင့်ကုတ်မည် ဆိုသည့် သာမန် မိန်းကလေးများသာဖြစ်ကြသည်၊၊ 


   ကျန်းယန်ရှန့်က ဝမ့်ချန် လက်ကောက်ဝတ်ကို ခါထုတ်ကာ တွန်းချလိုက်သည် ။ သူမကတော့ ဝမ်ချန်ကို အနည်းငယ် ကြင်နာမှု ရှိနေသေးသည် ထို့ကြောင့် ဖင်ထိုင်လျက် ပြုတ်ကျသွားသည်ဖြစ်သောကြောင့် သိပ်နာကျင်မရှိလိုက် ။ 


   ဝမ်ချန် လဲကျနေရာမှ ခါးထောက်ကာ အားပြုနေတုန်းပင် ကောင်မလေးများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျ ကုန်ကြသည် ။ 


   ထို မိန်းကလေးများသည်လည်း အရင်ဘဝမှ ဝမ်ချန်၏ နောက်လိုက်များ ဖြစ်ခဲ့ကြသည် ၊ သူတစ်ပါးကို မညှာမတာ အနိုင်ကျင့်တတ်ကြသူများလည်းဖြစ်သည် ။ အရင်ဘဝ တွင်လည်း ဤ မိန်းကလေးများနှင့် ရန်ဖြစ်ခဲ့ရဖူးသည် ၊ သို့သော် ယခုကိစ္စတွင် အနည်းငယ် သဘောထားကွဲလွဲမှု အရိပ်အယောင် အမြဲ ရှိနေခဲ့သည် ၊ တစ်ခြားသူများက တစ်မျိုး ပြောကြသော်လည်း ဝမ်ချန်နှင့် ကျန်သူ များက အခြားသူများကို အနိုင်ကျင့်ရန် အစပျိုးခဲ့သည် 


၊ ကျန်းယန်ရှန့်ကတော့ ဝင်ရောက်ပါဝင်ခြင်းမရှိ။ သူမ ပါဝင် အနိုင်ကျင့်ခြင်း မပြုရုံသာမက ဝမ့်ချန် တို့ တရားလွန် ဖြစ်လာသောအခါ ဝင်ရောက်တားဆီး လေ့ရှိသည် ။


   သို့သော် သူမ မိသားစုသည် အချမ်းသာဆုံး ၊ သူမသည် အချောဆုံး ၊ ပြီးတော့ သူမသည် ခွန်အားကြီးသည် ။ ထို့ကြောင့်ကောင်မလေးများမှာ သူမနှင့် ပဋိပက္ခ ဖြစ်ရန် ဝန်လေးကြသည် ။ 

 

   ပုံမှန်အားဖြင့် သူတို့သည် ဝမ်ချန် စကားတစ်ခွန်းကိုသာ နားထောင် ကြသည် ၊ သို့သော် ကျန်းယန်ရှန့် သဘောမတူ ဆိုပါက ထိုကိစ္စ အလုပ်မဖြစ် ။ 


   ထို မိန်းကလေးများ အကုန်နီးပါး ရှုလီချန်ကို သဘောကျနေကြသည် ။


 ယခင် ဘဝတွင် ထို မိန်းကလေးများသည် ဝမ်ချန်၊ ကျန်းယန်ရှန့် တို့နှင့် အတိုင်အဖောက် ညီခဲ့ကြသည်။ 


   ထို အုပ်စုသေးလေးမှာ ဘွဲ့ရပြီးသည့်နောက်တွင် အကုန် တကွဲတစ်ပြား ဖြစ်ခဲ့ကြသည် ။ 


   ကျန်းယန်ရှန့်ကတော့ ဘွဲ့ရသည်အထိ မစောင့်ခဲ့။ အထက်တန်းကျောင်းတတိယနှစ်ရောက်သော အခါ 

ကျောင်းထုတ်ခံ ခဲ့ရသည် ။ ရှုလီချန်လည်း ကျောင်းထုတ်ခံခဲ့ရသည် ။ တစ်နည်းအားဖြင့်ဆိုရသော် ဝမ်ချန် တစ်ယောက်သာ ရီ အထက်တန်းကျောင်းတွင် ကျန်နေခဲ့ခြင်းဖြစ်သည်။ 


   သို့သော် သူတို့သုံးယောက်မှာ အထက်တန်းကျောင်းပြီးသည်အထိ တပူးတွဲတွဲဖြစ်ခဲ့ပြီး ကျန်နှစ်ယောက်မှာ နိုင်ငံခြားသို့ ထွက်ခွါသွားခဲ့သည် ။


   ဝမ်ချန် အပါအဝင်ထိုမိန်းကလေးများမှာ ကျန်းယန်ရှန့် ထိုကဲ့သို့အစွမ်းထက်သည်ကို လုံးဝ မျှော်လင့်မထားကြ ။ သူမ လေ့ကျင့်ထားခြင်းပင်လော ။


အားနည်းသူများကို အနိုင်ကျင့်လေ့ရှိသောမိန်းကလေးများကို ကြည့်လျှင် ငယ်စဉ်က အလွန်ကြမ်းတမ်းခဲ့ကြသည်။ သူတို့သည် အမှတ်တစ်ကယ် လေ့ကျင့်ထားသည့် စစ်မှန်သော ခွန်အားမျိုးနှင့် ရင်ဆိုင်ရသောအခါ သတ္တိများ ချက်ချင်း ကွယ်ပျောက်သွားတတ်ကြသည်ချည်းသာ ဖြစ်သည် ။


   ထိုစဉ် တစ်ယောက်မှ ထွက်ပြေးရန် ကြံစည်လိုက်သည်။


   ကျန်းယန်ရှန့်က ခြေထောက်နှင့် အိမ်သာတံခါးကို ပိတ်ထားလိုက်လေသည် ။ ရှည်လျား ဖြောင့်တန်း လှပသည့် ခြေတံရှည်လေးက လမ်းကို ပိတ်ထားလိုက်ခြင်းဖြစ်သည်။ 


   မိန်းကလေးမှာ တွန်းထွက်မသွားရဲပေ။ တစ်ယောက်မှ တုန်လှုပ်စွာဖြင့် ပြောလေသည်


 "နင်…နင် မတရား မလုပ်နဲ့…" ။


   ကျန်းယန်ရှန့်က တစ်ချက်ပြုံးကာ "အဲ့စကားကို ငါပြောသင့်တာ မဟုတ်လား …ငါ့ကို ဒီအထိ ဆွဲခေါ်လာပြီး နင်က ဘာလုပ်ချင်လို့လဲ … "


   ရှုလီချန်ကြောင့် ဝမ်ချန်သည် သူမကို ပညာပေးချင်နေသည်ကို သိနေသော်လည်း ဝမ်ချန်၏ ရည်ရွယ်ချက် အမှန်မှာ  ဘာဖြစ်သည်ကို သိချင်နေသည် ။


   သူမသည် မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်ကာ နာမည် ခေါ်လိုက်သည် "။                       နင်ငါ့က်ိုပြောစမ်း…" ။


   နာမည်အခေါ်ခံလိုက်ရသော မိန်းကလေးမှ ထိတ်လန့်သွားကာ "နင် ငါ့နာမည်ကို ဘယ်လိုသိတာလဲ…"။


    ကျန်းယန်ရှုန့်သည် နှုတ်ဆိတ်နေလျက် သူမ၏ လက်ကောက်ဝတ်ကို 'ဂျွတ်'ခနဲမည်အောင်ချိုးလိုက်သည် ။ ထို့နောက် "နင့်ကိုငါ တစ်ခုခုမေးရင် ဒီတိုင်း ဖြေလိုက်…အရေးမပါတွေ သိပ်မပြောနဲ့…" ။


   ကျို့ကျစ်ဟန် သည် ထိုမိန်းကလေးများထဲတွင် သတ္တိအကြောင်ဆုံးဖြစ်သည် ။ ထို့ကြောင့် သူမနာမည်အား တမင် ရွေးခေါ်လိုက်ခြင်းဖြစ်သည် ။ 


   ကျန်းယန်ရှန့်က သူမကို အနည်းငယ် ခြောက်လှန့်လိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်လျက် "ငါတို့ကနင့်ကို အိမ်သာရေ သောက်ခိုင်းမလို့ …" ။


   ဝမ်ချန်က သူမကို စိုးရိမ်တကြီး အော်လိုက်မိသည်။


 "စောက်တုံးမ…"


   ကျန်းယန်ရှန့် ၏ မျက်နှာမှာ အေးစက်သွားသည် ။


   အရင်ဘဝတွင်တောင် ကျန်းယန်ရှန့်က တစ်ခြားသူများကို သည်းခံနိုင်စွမ်း ကုန်ဆုံးအောင် အစပြုမည်မဟုတ်သလို ၊ အခြားသူများမှ အရင် လာစ ပါကလည်း ကျန်းယန်ရှန့် ဘယ်တော့မှ အနိုင်ကျင့် မခံ ခဲ့ရေပ ။


   ဝမ်ချန်နှင့် အခြားသူများကို သူမ ကောင်းကောင်းသိသည်။ အနိုင်ကျင့်ခြင်းနှင့် အိမ်သာရေ သောက်ခိုင်းခြင်းသည် သူတို့၏ အဓိက အလုပ်ပင် မဟုတ်ပါလော ။ ပါးရိုက်ခြင်း ၊ ဆံပင်ဆွဲခြင်း နှင့် နှုတ်ဖြင့်စော်ကားခြင်းတို့က မပါမဖြစ်ပင် ဖြစ်သည်။ 


   ကျန်ပါသေးသည် ။ စီးကရက်မီးနှင့် လူများကို ထိုးခြင်းကလည်း အပါအဝင်ဖြစ်သည် ။ 


   တစ်ခါတွင် ဝမ်ချန်က ကောင်မလေးတစ်ယောက်၏ မျက်နှာကို ဆေးလိပ်မီးနှင့် ထိုးချင်ခဲ့ဖူးသည် ။ 


   အနိုင်ကျင့်ခံရသော ကောင်မလေးမှာ မကောင်းသော ကောင်မလေးဖြစ်သော်လည်း ကျန်းယန်ရှန့်မှာ လက်ထဲမှ စီးကရက်ကို ပုတ်ထုတ်ပစ်ခဲ့သည်။ 


   ထိုအချိန်တွင် ဝမ်ချန်က နောက်သို့ ဆုတ်ကာ သူမကို ဒေါသတစ်ကြီးဖြင့်ကြည့်နေခဲ့သော်လည်း ရန်စွာခြင်းမရှိပဲ  ငြိမ်နေခဲ့သည် ။ 


ဝမ်ချန်၏ အံကြိတ်ထားနိုင်စွမ်းသည် ကျန်းယန်ရှန့်ထက် သာလွန်ခဲ့သည် ။ (လက်သည်းဖွက်ထားတာ)


   

Xxxxx


Part 108


နောက်ကြောင်းပြန်ရသော် ဆယ်ကျော်သက် မိန်းကလေးများ၏ အပြုအမူများသည် ကျိုးကြောင်းမဆီလျော်ပေ။ သူတို့သည် အကောင်းဆုံးသူငယ်ချင်းများ ဟု ကြေငြာခဲ့ပြီး တပူးတတွဲတွဲ ရှိခဲ့သော်လည်း ရိုးသားမှုအနည်းငယ်မျှ မရှိပေ။


   သို့သော် ထိုအရာကြောင့်ပင် ဝမ်ချန်ကို နှင့်ပက်သက်၍ သူမ နက်နက်ရှိုင်းရှိုင်း သိခဲ့ရသည် ။


   ဝမ့်ချန်သည် မိမိအားနည်းချက်ကို ပြသ၍ရသောသူမဟုတ် အဆုံးတွင် ထိုအားနည်းချက်ကို သူမ နင်းချေပေလိမ့်မည်။ ထို့ကြောင့် မိမိသည် အလွယ်တကူ ဒုက္ခရောက်အောင် အနှောင့်အယှက် ပေး၍ မရနိုင်ဆိုသည်ကို သူမသိအောင် ပြထားရမည် ။ 


   ကျန်းယန်ရှန့်က လှောင်ပြုံးပြုံးလိုက်သည် ။


......


   ဘူတာရုံထွက်ပေါက်သို့ သူမသွားရန် စက်လှေကားပေါ်တွင် ရပ်နေစဉ် ရှုလီချန် ရောက်ချလာခဲ့သည် ။ သူ အပြေးအလွှား ပြေးလာခဲ့သည်ကို သူမ တွေ့ခဲ့သည် ၊ ထို့နောက်လှေကားပေါ်သို့ အပြေးတက်ပြန်သည် မောဟိုက်ကာ အသက်ရှုသံများ ပြင်းထန်နေခဲ့သည် ။ သူမ ထိုအကြောင်းကို စဉ်းစားမိပြီးသည့်နောက်တွင် နားလည်သွားသည် ။ သူ၏ ပုံစံမှာ မိန်းမလှလေးကိုကယ်တင်ခြင်လိုသည့် သူရဲကောင်းပုံနှင့် တူလှသည် ။ 


   ကျန်းယန်ရှန့်သည် ထိုအရာကို ရယ်စရာကောင်းသလို ချစ်ဖို့ကောင်းသည်ဟုလည်း ထင်မိသည် ။


   သူမ နေကာမျက်မှန်တပ်ကာ ဘူတာရုံမှ ထွက်လာသောအခါ သူမစိတ်ထဲတွင် ရုတ်တရက် စိတ်သက်သာရာ ရသွားသည် ။ 


   သူမ အသက်(၁၅)နှစ်တုန်းကတော့ ရှုလီချန်ကို တကယ် သဘောကျခဲ့သည် ။


   သို့သော်လည်း ဝမ်ချန်၏ စကားများကြောင့် သူမ အကျပ်ရိုက်ခဲ့ရသည် ။ သူမတို့၏ သစ္စာရှိမှုကို ဖော်ပြရန်အတွက် ရှုလီချန်ကို ငြင်းပယ်ရန်သာ တတ်နိုင်ခဲ့သည် ။


သူတို့သုံးယောက်သည် အထက်တန်းကျောင်းသုံးနှစ်ကို အရှုပ်အထွေးများကြားတွင် ကုန်ဆုံးခဲ့သည် ။ သူတို့ထဲမှ နှစ်ယောက် နိုင်ငံခြားသို့ ရောက်သွားသော အခါ သူတို့အချင်းချင်း တိတ်တဆိတ် နားလည်မှူ ရှိခဲ့ကြပုံရသည် ။ တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်မလုပ်ပဲ ဆက်သွယ်မှုကို ဖြတ်တောက်ခဲ့ကြသည် ။ 


   ထိုအချိန်က သူမ ဘာလိုချင်သည် ဘာဖြစ်ခြင်သည်ကို နားလည်ရလောက်အောင် ကောင်းကောင်းမွန်မွန် မနေခဲ့ပေ ။ 


   ကျန်းယန်ရှန့်မှာ ပိုက်ဆံချမ်းသာသည် ဖြစ်၍ သူမ ဘယ်သွားသွား အပေါင်းအသင်းကတော့ဘပေါများခဲ့သည် ။ နောက်ကြောင်းပြန်ရလျင်တော့ သူမ အနည်းငယ် ထိုအရာကို နောင်တရခဲ့သည် ။ 


   ယခု သူမ၏ဘဝပြန်လည် အသက်ဝင်လာခဲ့သည် 


။အရွယ်ရောက်နှင့်နေပြီးသော ကျန်းယန့်ရှန် သည် ဒုတိယတန်းကျောင်းသား၏စိတ်သာ ရှိနေသေးသည့်အတွေ့အကြုံမရှိသေးသည့် ရှုလီချန်အား စိတ်ထဲ ထည့်၍မရေပ ။ ဒုတိယတန်း ၏မူရင်းအဓိပ္ပါယ်မှာ  ဂျူနီယာအထက်တန်းကျောင်းသို့မဟုတ် ဂျူနီယာ အလယ်တန်းကျောင်းဟူ၍ဖြစ်သည်။ ယခုတွင် အရွယ်ရောက်ပြီး စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သေးသူများ ကိုလည်း ရည်ညွှန်းသည် ။ သူတို့၏ အတွေးနှင့်အပြုအမူများမှာ ဂျူနီယာအထက်တန်းကျောင်းသားများကဲ့သို့ ဖြစ်နေခြင်းဖြစ်သည် ။ အလယ်တန်းကျောင်းတွင် ထိုအရာကို ဒုတိယတန်းကျောင်းသား ရောဂါဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ 


   သို့သော် ထိုကောင်လေး၏ မျက်လုံးထဲမှ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို တွေ့လိုက်ရခြင်းက သူ၏ငယ်ရွယ်နုပြိုမှု၏ နောင်တများကို လွင့်ပျယ်သွားစေခဲ့သည် ။ 


   ထိုအရွယ်အဖို့ မည့်သည့်ရလဒ်များကို မှ မေးမြန်းရန်မလိုအပ်ပါ ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် မှတ်ဥာဏ် များရှိရုံနှင့် လုံလောက်ပါသည်။ 


......


   ရှုလီချန်မှ လှေကားအောက်သို့ ဆင်းလာသောအခါ ထိုမိန်းကလေးများ ငိုနေကြသည်ကို တွေ့လိုက်ရသည် ။


   သူတို့ဆံပင်များက စိုရွှဲနေသည် ။ ကော်လံများ ပခုံးများနှင့် အင်္ကျီရင်ဘတ်များလည်း စိုရွှဲလျက် ရှိသည် ။ ဝမ်ချန် အပါအဝင် သူတို့အားလုံး ရှက်ရွံ့နေကြလေသည် ။ 

 

   ကျန်းယန်ရှန့်၏ စိတ်သဘောထားအရ ဝမ့်ချန်နှင့် ကျန်ကောင်မလေးများသည် သူမကို မယှဉ်နိုင်ဟု ရှုလီချန် ထင်ထားမိသော်လည်း ယခုကဲ့သို့ စိတ်ဆင်းရဲလောက်အောင် ဖြစ်နေကြမည်ဟု ရှုလီချန် ထင်မထားခဲ့ချေ။ 


   "ဟန့် " အိမ်သာထဲရှိ လမ်းကျဉ်းလေးကြားတွင် ရှုလီချန်က လက်ပိုက်ကာ သူတို့ကို ပိတ်ရပ်လိုက်သည်  


" နင်တို့တွေ အုပ်စုလိုက် ရေထဲကို ဒိုင်ဗင်ထိုးလာကြတာလား…"။

 

   ကောင်မလေးတစ်ယောက်မှ အော်ငိုကာ " ကျန်းယန်ရှန့် ငါတို့ကို အနိုင်ကျင့်တာ …." ။


   ထိုမိန်းကလေးများသည် အတန်းထဲတွင် စာအလွန်တော်ကြသည် ၊ ထို့နောက် ရုတ်တရက် သူတို့ဘအနိုင်ကျင့်ခံရသည်ဟု ပြောသည် ။ ထိုအရာမှာ ရယ်စရာကောင်းလှသည်ဟု ရှုလီချန်ထင်သည် "နင့်ကို ဘယ်လိုများ အနိုင်ကျင့်သွားတုန်း…"။


   "ငါတို့ခေါင်းတွေကို ရေကန်ထဲ နှစ်သွားတာ …" ကောင်မလေးမှ ပြောကာ ထပ်မံ ငိုကြွေးပြန်သည်။


   "အိမ်သာထဲမှာလား…" ရှုလီချန်က မေးသည်။


   "မဟုတ်ဘူး…လက်ဆေးတဲ့နေရာမှာ…" ကောင်မလေးက အလျင်အမြန်ပြောသည် ။


   ထိုမိန်းကလေးများ အိမ်သာထဲတွင် အနှစ်မခံရသည်မှာ စိတ်ပျက်စရာကောင်းသည်။ ထိုကိစ္စကို အခြားသူများသိပါက ဘွဲ့ရသည်အထိ လှောင်ပြောင်ခံရမည်ဖြစ်သည်။ 


   ရှုလီချန်သည်လည်း အာဏာရှင်ကဲ့သို့ဖြစ်သည် ။ သူသည် လူများကို ပညာပေးသည့်အပိုင်းနှင့်ပက်သက်၍ ရင်းနှီးသည် ။ အိမ်သာခွက်ထဲတွင်မဟုတ်ပဲ လက်ဆေးကန်တွင်သာ အနှစ်ခံရသည်ဟု သူ ကြားရသောအခါ ကျန်းယန်ရှင့်သည် ဂရုဏာ သက်တတ်မှန်း သူသိသွားသည်။ 


   သို့သော် လူအများကြီးကို မည့်သို့မည်ပုံ လုပ်သွား သည်က အတော်ပင် အံ့ဩစရာကောင်းလှသည် ။ 


   ရှုလီချန်သည် သူတို့ ဘာဖြစ်သည်ကို စိတ်မဝင်စားတော့ ပဲ သူသိခြင်သည့် အကြောင်းအရာကို တန်းမေးလိုက်သည်


 "နင်ဘာလို့ ကျန်းယန်ရှန့်ကို ဒီအောက်ခေါ်လားတာလဲ…" ။


   ထိုသို့မေးသောအခါ သူ့ပုံမှာ အနည်းငယ် တင်းမာနေသည် ၊ ဝမ်ချန် က နှုတ်ခမ်းကိုသာ ကိုက်ထားပြီး မည်သည့်စကားမှ မပြောပေ ၊ သိုွသော် အခြားသော ကောင်မလေးများက " ငါတို့ သူမကို သင်ခန်းစာ ပေးချင်လို့…"။


   ရှုလီချန် မျက်နှာပျက်သွားကာ ထပ်မေးသည် 

"ကျန်းယန်ရှန့်က နင့်ကို ဘယ်လို နှောင့်ယှက်လို့လဲ …"။


   ထိုလူအုပ် အနက်မှ ကျို့ကျစ်ဟန်သည် ပြင်းထန်စွာ ငိုကြွေးခဲ့ပြီးဒေါသထွက်ကာ သူမ၏ ရေစိုနေသော ဆံပင်များကို လိမ်ကာ ငိုယိုပြောခဲ့သည် "ငါတို့က နင့်ဒေါသပြေအောင် လုပ်ပေးမလို့… သူမကနင့်က်ို အပြစ်ပေးခံရအောင်လုပ်တယ် …သူမက တအားလွန်တာပဲ…"။

  

   ရှုလီချန်၏မျက်နှာမှာ ညိုမှိုင်းသွားသည် ။ ထို့နောက်ရုတ်တရက် အိမ်သာတံခါးကို ဒိုင်း ကနဲမြည်အောင် ကန်လိုက်သည် ။ 


   ကောင်မလေးများ အံ့ဩသွားကြသည်။


   "အဲ့ဒါ နင်တို့အလုပ်မဟုတ်ဘူး ငါ့အတွက်ရပ်တည်ပေးစရာမလိုဘူး…"ရှုလီချန်က ဒေါသတကြီးပြောသည် " ငါသတိပေးခဲ့မယ် အခုကစပြီး ကျန်းယန်ရှန့်ကို ထိရဲထိကြည့် နင်တို့ကို ပါးတွေ လှိမ့်ပိတ်ချမှာ နားလည်လား…"။


   "ဒါပေမယ့်…" ။


   "ဒါပေမယ့်ဆိုတွေ ထပ်မကြားချင်ဘူး…ငါနဲ့ကျန်းယန်ရှန့်ကိစ္စကို နင်တို့ဝင်ပါစရာမလိုဘူး…ကိုယ့်ကိုယ်သာ ဂရုစိုက်စမ်းပါ…အတော်ရုပ်ဆိုးကြတဲ့ဟာမလေးတွေပဲ…ကဲဆိုစမ်းပါဦး နင်တို့ကိုဘယ်သူက ခေါင်းဆောင်တာလဲ…" ။


သူ့အမူအရာမှာ ကြောက်စရာကောင်းနေသည် ။ အတန်းထဲကကဲ့သို့မဟုတ်ချေ။ ကောင်မလေးများက ကြောက်လန့်တကြားနှင့် တစ်ယောက်ပြီးတစ်ယောက် ဝမ့်ချန်ကို ဝိုင်းကြည့်ကြလေသည် ။


   ဝမ်ချန်မှာ ဖုံးကွယ်ထား၍မရတော့ သူမဝန်ခံရုံမျှသာတတ်နိုင်တော့သည်။ "အဲ့တာငါပဲ…" ။


   ရှုလီချန်က သူမကို စိုက်ကြည့်သည်။ 


   "နင် သူမကိုဘာမှမလုပ်ခဲ့ဘူးလေ…ဒါကို သူက ဘာလို့…."ဝမ့်ချန်ကပြောသည် "ဒါကိုနင့်ကိုသူက အပြစ်ပေးတယ်လေ…ငါဒေါသထွက်လို့ …ဘာဖြစ်လို့လဲ…" ။


   ရှုလီချန်သည် မည်သည့်စကားတစ်ခွန်းမှ ပြောဆိုခြင်းမရှိပဲ သူမဘေးက နံရံကို ပိတ်ကန်လိုက်သည်။ 


အတော်ကြီးသည့် ခြေရာကြီး နံရံတွင်ကျနနေခဲ့သည်။ဝမ့်ချန်သည် ကြောက်ရွံ့သောကြောင့်ပါးစပ်ပိတ်ကာ နောက်သို့ ဆုတ်သွားသည်။ 


   "ဘာဖြစ်လို့လဲဆိုတော့ ငါသူ့ကိုသဘောကျလို့…"ရှုလီချန်ကပြောသည် ။


"နင်က စောက်ရမ်း ထိန်းချုပ်ချင်နေတာပဲဟ…နင့်ကိုယ်နင်သာ ဂရုစိုက်စမ်းပါ …ညဘက်တွေငါ့ကိုစာတွေ လာလာမပို့နဲ့…နင့်အတွက်အချိန်မရှိဘူး…"။


   ရှုလီချန်က ထိုသို့ပြောလိုက်သောအခါ အားလုံးမျက်လုံးများက ဝမ်ချန် အပေါ်ကျရောက်သွားကြသည် ။ 


   ရှုလီချန်ကို မည်သူမှ မလိုက်ရဘူးဟု သူမပြောခဲ့သည် မဟုတ်လော။ ကျောင်းထဲကမိန်းကလေးများလည်း လိုက်ခွင့်မရှိဟု သူမပြောခဲ့သည်။ ဒီကိစ္စကို ဝမ်ချန်မှပင် အစပြုခဲ့သည် မဟုတ်လော ။ 


    ဤသည်ကို သူမကိုယ်တိုင်ကျ အဘယ့်ကြောင့် ရှုလီချန် ကို စာများပို့နေခဲ့ရသနည်း။ 


   မည်သို့သော စာမျိုးကို သူမပို့သည်နည်း ။ အိမ်စာများအကြောင်း ဆွေးနွေးဖို့တော့မဖြစ်နိုင်။ 


    ပရောပရည်လုပ်ခြင်းမှ လွဲလျှင် သူမ တစ်ခြား ဘာလုပ်ဦးမည်နည်း...


Xxxxx