အပိုင်း ၁၄၁-၁၄၂
Viewers 28k

Part 141


    ကျန်းယန်ရှန့်သည် ရှုလီချန်၏ စိတ်ထဲတွင် ရှင်းလင်းသွားအောင် ပြုလုပ်ခဲ့သည် ။


   သူမ Baochi ထဲမှ ထွက်လာသောအခါ ညဘက်လေးအေးသည် နှင်းများနှင့်အတူ သူမမျက်နှာအားကြမ်းရှသွာ ပွတ်တိုက်သွားသည်ကို ခံစားလိုက်ရသည်။ 


    လူများသည် ထိုကဲ့သို့ချည်းပင်ဖြစ်သည်။ သူတို့စိတ်အားထက်သန်နေ ပါက သုံး လေးမိနစ်လောက် အချိနါပေးလိုက်လျှင် စိတ်လျှော့သွားတတ်ကြသည်ချည်းသာ။ သို့သော် ထိုအချိန်တွင် သင့်ကို စိတ်လျှော့သွားစေရန် မည့်အရာမှ မရှိပါက အခြားဆံုးဖြတ်ချက် တစ်ခုကို မကြာခခချမှတ်ရတတ်သည် ။


    ကျန်းယန်ရှန့်သည် နှင်းများကျနေသည့် ညအမှောင်ထဲတွင် သူမ၏ဂျာကင် ဇစ်ကို ဆွဲတင်ကာ ကျန်းကျစ်ယွမ် ၏နာမည်ကို ခေါ်လိုက်သည်။


    ကျန်းယန်ရှန့် ဆီမှ ခေါ်ဆိုသည်ကို လက်ခံရရှိသောအခါ ရှုလီချန် ကဲ့သို့ပင် အံ့ဩသွားလေသည် ၊ "ဟယ်လို…ကျန်းယန်ရှန့်…" ။


   ကျန်းယန်ရှန့်မှ ပြောသည် "နင်ဘယ်မှာနေတာလဲ…ငါနင့်ကိုပြောစရာရှိတယ်…ငါနင့်ဆီလာခဲ့မယ်…" ။


   လွန်ခဲ့သော ဘဝနှင့် ယခု ဘဝတွင်ပါ ကျန်းယန်ရှန့်သည်  တွေးခေါ်တတ်သူမဟုတ် ။ သူမသည် သန်မာသော်လည်း ဒီအချိန်တွင် တစ်ခြားသူများနှင့် တွေ့ဆုံခြင်းက တစ်ခုခုမှားယွင်းသွားနိုင်သည်ကို မတွေး။


   လွန်ခဲ့သောဘဝတွင်  သူမသည် ဇောက်ထိုးမိုးမျှော်ဘဝ တွင် နေထိုင်ခဲ့သည် ။ တစ်ခြားသူများက ရေမိုးချိုးကာ အိပ်ယာဝင်ရန် အသင့်ဖြစ်နေချိန်တွင် သူမသည် မိတ်ကပ်လိမ်းကာ အပြင်ထွက်ရန် အသင့်ဖြစ်နေခဲ့သည်။ 


    ကျန်းကျစ်ယွမ် စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားကာ "နင်ဘယ်မှာလဲ…ငါနင့်ကိုလာရှာလိုက်မယ်…"။


   ကျန်းယန်ရှန့်မှ ငြင်းပယ်ကာ "ငါအပြင်ရောက်ေနပြီ…ငါပဲနင့်ဆီလာလိုက်မယ်…"။


    "ကောင်းပြီလေ…"ကျန်းကျစ်ယွမ်သည် သူမအသံ၏ လွှမ်းမိုးမှုကြောင့် တုံ့ဆိုင်းသွားသည်။ ထို့နောက်တွင် သူက "ငါက ….မှာ နေတာ…"။


   ထိုအသိုင်းအဝိုင်း၏ ထူးဆန်းမှုကို သူမ ရိပ်မိသည် ။ကျန်းကျစ်ယွမ်က ထပ်ပြောသည် " ကျောင်းအနောက်မှာ အဲ့နေရာက…"။


   ကျန်းယန်ရှန့်က ရုတ်တရက် သတိထားမိလိုက်သည် "အိုး…အဲ့နေရာလား …"။


   "ဟုတ်တယ်…ကျောင်းဘက်ကို သွားတဲ့လမ်းပြီးရင် ကျောင်းဘက်ကိုပတ်သွားလိုက် အိမ်ထမင်းဆိုင်လေးတွေကိုကျော်လာလိုက်…ပြီးရင် တည့်တည့်လာ အဲ့တာဆိုရင် နင် ဂိတ်ပေါက်ဝကို တန်းတွေ့လိမ့်မယ်…"။


    "ကောင်းပြီ…ငါအဲ့ဒီကိုရောက်ရင်ဖုန်းခေါ်လိုက်မယ်…"။


    "နင်ရောက်ခါနီးရင် ဖုန်းခေါ်လိုက်…"။


    "ကောင်းပြီ…”။


    ကျန်းယန်ရှန့်က ကားငှါးလိုက်သည် ။ ထိုအချိန်တွင် ကားမပိတ်တော့သောကြောင့် နာရီဝက်အတွင်းပင် ထိုနေရာကို ရောက်နိုင်သည်။ သူမက ကျန်းကျစ်ယွမ်ကို ကြိုတင်ကာ စာပို့ထားလိုက်သည် "ငါအခု တံတားနားကို ရောက်တော့မယ်…"။


    ကျန်းကျစ်ဟွမ်မှ "ငါနင့်ကို ဂိတ်ပေါက်ဝမှာ စောင့်နေလိုက်မယ်…"။ 


    "ကောင်းပြီ…"။


   ကျန်းယန်ရှန့်သည် ကားဆရာအား "ကျွန်မ မကြာပါဘူး…ကျွန်မကို စောင့်နေနိုင်မလား…အဲ့လိုဆို ကားထပ်ခေါ်စရာ မလိုတော့ဘူးလေ …" ။


    သူမကားပေါ်မှ ဆင်းလိုက်သောအခါ ၊ အရပ်ရှည်သည့်ပုံစံနှင့် ကောင်လေးတစ်ယောက်  ဂိတ်ပေါက်ဝတွင်ရပ်နေသည်ကို တွေ့လိုက်ရသည် ။


    ဤနေရာသည် အလွန်ရှေးကျလှသော လူနေရပ်ကွက်ဖြစ်သည် ။ ဂိတ်ပေါက်ဝအပေါ်တွင် အဝါရောင် မီးရောင်များ ထွန်းထားသည် ။ ထိုမီးရောင်က အဆိုပါ ကောင်လေး၏အရိပ်အား နှင်းများကိုထိသည်အထိ ရှည်လျားအောင် ပံ့ပိုးပေးနေသည်။ ထိုအလင်းရောင်များကို နှင်းများမှ ဖြတ်ကျသွားသည့်အခါ အလင်းအနည်းငယ်သာ ရှိတော့သည်။


    ကျန်းကျစ်ယွမ် ဂိတ်ပေါက်ဝတွင်ရပ်ကာ အဝါရောင် တက္ကစီ အားတွေ့းမည်အထင်နှင့် ဘေးပတ်လည်ကို တစ်ချက်ကြည့်သည်။ ကျန်းယန်ရှန့်အား အမည်းရောင် မာစီးဒီးကားထဲမှ ထွက်လာလိမ့်မည်ဟု သူမမျှော်လင့်ထား ။ ထိူသူသည် ကျန်းယန်ရှန့်ဟု သေချာသောအခါ ၊ သူမသည် လမ်းဖြတ်ကူးလာကာ သူ့ဆီသို့ လမ်းလျှောက်လာခဲ့သည် ။ 


    ကျန်းကျစ်ယွမ် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ဤမျှ နောက်ကျလှသောအချိန်တွင် ယခုကဲ့သို့အတန်းဖော် မိန်းကလေးနှင့် တစ်ယောက်ထဲ မတွေ့ဆုံ ဘူးပေ ။ လူချင်းတွေ့ကာ ပြောရလောက်သည့် အရေးကြီးကိစ္စကြောင့် သူမ လာခဲ့ခြင်းလားဟု သူ မပြောနိုင်။ 


     ကျန်းယန်ရှန့်သည် ခြေလှမ်းအနည်းငယ် လျှောက်လာကာ ရှေးခေတ်ပံုစံဖြင့်ပြုလုပ်ထားသည့် သံဂိတ်ပေါက်ဝကြီးကို ကြည့်ကာ ပြောလိုက်သည် "အဲ့ဒီတော့ နင်က ကျောင်းနားမှာနေတာပေါ့…"။


    ထိုနေရာမှ ရီအထက်တန်းကျောင်းသို့ လမ်းလျောက်လာပါက (၁၀)မိနစ်သာ ကြာမြင့်သည် ။ 


    ကျန်းကျစ်ယွမ်မှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ "ဒါကငှါးထားတာ…ငါတို့အိမ်က Anhe ခရိုင်ထဲမှာ…ဒီကနေကျောင်းတက်းတာ အဆင်ပြေလို့လာနေတာ …ဒီမှာငါတို့အတန်းထဲကလူ သုံးလေးယောက်လောက် ငှါးနေကြတာရှိတယ်…"။


    ကျန်းယန်ရှန့်က ပို၍အံ့ဩသွားကာ "တစ်ကယ်လား…"။


    သူမကဲ့သို့ ကားအကောင်းစားများစီးကာ ကျောင်းသွားကျောင်းပြန်ရန် ကိုယ်ပိုင်ဒရိုင်ဘာများရှိသော လူချမ်းသာများအဖို့  ဤအရာသည် အထူးအဆန်းဖြစ်နေသည်။


ကျန်းကျစ်ယွမ်သည် စိတ်လှုပ်ရှားမှု ပြေပျောက်ကာ မေးလိုက်သည် "ဒီကို ရုတ်တရက်ကြီး ထလာရလောက်တဲ့အထိ နင် ဘာကိစ္စများဖြစ်လို့လဲ…"။


    ကျန်းယန်ရှန့် သူ့ကို စိုက်ကြည့်လိုက်သည် ။


ကျန်းကျစ်ယွမ်သည် ကြည့်ကောင်းသည် ၊ မကောင်းဆိုးဝါးအသေးစားလေးဖြစ်သည့် ရှုလီချန်ထက် သိမ်သိမ်မွေ့မွေ့ရှိလှသည် ။ သူ့မျက်နှာပေါ်မှ ပတ်တီးများကို လွန်ခဲ့သော နှစ်ရက်ကဖြည်လိုက်သည် ။ အမာရွတ်များ ပေါက်ပြဲဒဏ်ရာများကို သူ့အရေပြားပေါ်တွင် တွေ့နေရသေးသည် ၊ အညိုအမည်းများလည်း အရောင်လျော့သွားပြီဖြစ်သည် ၊ သေချာကပ်ကြည့်လျင်တော့ မြင်နိုင်နေသေးသည် ။ သူမမှ ပြောသည် 


"ငါရှုလီချန်ကိုရိုက်ခဲ့တာ…အခန်း(၈)ကကောင်လေးလေ …ငါနင့်အစား လက်စားချေပြီးပြီ…"


 သူမလက်သီးမှ ဒဏ်ရာများကိုပြသရန် လက်မြှောက်ပြလိုက်သည်


 "ဒါ သူ့သွေးတွေပဲ…သူ့ဒဏ်ရာတွေက နင့်ထပ်ပိုပြင်းတယ်…နင်ခံရတာထက်တော့ မလျော့ဘူး…ငါကတိပေးတယ်…။


    ထိုပညာတတ်ကောင်ကလေးမှာ ပါးစပ်အဟောင်းသားဖြင့်သာ ဘာမှမပြောနိုင် ရှိနေလေသည် ။ 


   သူ့ပါးစပ်ကို နောက်ဆုံးတွင် ပိတ်နိုင်ခဲ့ပြီးသည့်နောက်တွင် သူကမေးသည်


 "နင်…သူ့ကိုရိုက်လိုက်တာ…"။


    ကျန်းယန်ရှန့်သည် ဝမ်းသာအားရဖြင့် "ဟုတ်ပ…"။


    ကျန်းကျစ်ယွမ် ထပ်မံ အံ့ဩရပြန်သည်။


    "အတန်းထဲကကောင်မလေးတွေက နင်က လေ့ကျင့်ထားတဲ့သူလို့ပြောတယ် အဲ့တာဟုတ်လား…"

သူက မယုံကြည်နိုင်စွာဖြင့်မေးသည်။


   "ဒါပေါ့…"ကျန်းယန်ရှန့်က မျက်ခုံးကိုပင့်ကာ "ရှုလီချန်က ငါနဲ့မယှဉ်နိုင်ပါဘူး…"။


   ကျန်းကျစ်ဟွမ်က အသက်ပြင်းပြင်းရှုလိုက်သည် ။

 

   ကျန်းယန်ရှန့်မှပြုံးကာ "အဲ့တာ အမှန်ပဲ…"။


    ကျန်းကျစ်ယွမ်မှ သူ့နဖူးကိုပွတ်ကာမေးသည် "နင်အားလုံးသိထားတာလား…"။


   "ဟုတ်တယ်…"ကျန်းယန်ရှန့်က ဝန်ခံလိုက်သည်


 "မဟုတ်ရင် ငါက သူ့ကို ဘာလို့ သွားရိုက်ရမှာလဲ…"။


    သူမကပြောသည်


"ငါရှုလီချန်ကို တနင်္လာနေ့ကျရင် ကျောင်းရုံးခန်းကိုသွားပြီး သူ့အမှားကို ဝန်ခံခိုင်းထားတယ် …နင့်ကိုဒီလိုလုပ်တဲ့အတွက် သူ့ကိုတာဝန်ယူခိုင်းထားတယ် …နင့်ဆီကို အဲ့တာပြောဖို့လာခဲ့တာ…ကောင်းပြီ အဲ့ဒါဆို တနင်္လာနေ့ကျ တွေ့ကြရအောင်လေ…သူငါပြောသလိုမလုပ်ရင်တော့ ငါကိုယ်တိုင် ရုံးခန်းသွားပြီး နင့်မှာအပြစ်မရှိပါဘူးဆိုတာ ငါသွားပြောလိုက်မယ်…ဘယ်လိုပဲဖြစ်ဖြစ် ငါနင့်ကို အပြစ်ပေးခံရအောင် မလုပ်ပါဘူး ငါကတိပေးပါတယ်…"။


    ကျန်းကျစ်ယွမ် စက္ကန့်ပိုင်းမျှတိတ်ဆိတ်သွားကာ "ကျန်းယန့်ရှန် ငါတို့နင့်နာမည်ကို ကျောင်းရုံးခန်းမှာ မပြောခဲ့ဘူး … ငါနင့်ကို ဝင်မပါစေချင်လို့ပါ…"။


     "နင်မှားတယ်…ဒီကိစ္စထဲ နင့်ကို အစထဲက ဆွဲမထည့်သင့်တာ ..အားလုံးငါ့အမှားတွေပါ…ဟ နေပါဦး…ငါ့ကိုယ့်ငါဘာလို့အပြစ်တင်နေတာပါလိမ့်…အကုန်လုံးက ရှုလီချန်ရဲ့အမှားတွေပဲ…သူက စောက်တုံးပဲ…သူ့ကိုနောက်ကျ အာရုံမထားနဲ့ …."။


    ကျန်းကျစ်ယွမ်က နူးညံ့စွာ ပြောလိုက်သည်


 "မဆဲစမ်းပါနဲ့ ကောင်မလေးရာ …"။


   "ကောင်းပြီ…"ကျန်းယန်ရှန့်မှပြောသည်။


   အတန်းထဲမှ အတန်းဖော်များနှင့်သူကဆက်ဆံရသောအခါ သူမ ဆဲဆိုခြင်းမရှိ။ ဝမ့်ချန်နှင့် ရှုလီချန် တို့နှင့် စကားပြောရလျှင်တော့ သူမကိုယ်တိုင်သတိမထားမိပဲ ပါပါသွားတတ်သည်။ ထိုသည်မှာ မသိလိုက်မသိဖာသာဖြစ်လေ့ရှိသောကြောင့် သူမကိုယ်တိုင်ပင်သတိမထားမိလိုက်။


    "ဘာပဲဖြစ်ဖြစ် မပူပါနဲ့…ဒီကိစ္စကို ငါဖြေရှင်းပါ့မယ်…"။


    ကျိုးကျစ်ယွမ် "နင်ပြောတာကိုသူနားမထောင်ရင် နင်ဘာလုပ်မှာလဲ …"။


    "ဌာနမှုးက သူအရင်က ငါ့ကိုနှောက်ယှက်ဖူးတာသိတယ် အဲ့တော့ ငါ့ကိုနောက်ထပ် လိုက်နှောက်ယှက်နေပါတယ်လို့ ပြောလိုက်ရုံပဲ…သူလက်လျော့သွားအောင် ငါ အတန်းထဲက ကောင်လေးတစ်ယောက်ကိုကြိုက်နေတယ် နင့်နာမည်ကို ငါဒီတိုင်း ပြောလိုက်တော့ သူနင့်ကို လာရန်ရှာတာ နင့်မှာ အပြစ်မရှိပါဘူးပေါ့ …" ကျန်းယန်ရှန့်က ပြောသည် ။


   ကျန်းယန့်ရှန်သည် ထိုသို့ အဓိပ္ပါယ်မရှိသည်များကို ပြောရန် နမော်နမဲ့နိုင်လှသည်ဟု မထင်ထားခဲ့ ။


   သို့သော် ထိုအရာသည် အမှန်တစ်ကယ်ပင် အလိမ်အညာပင်လော ။ အဘယ့်ကြောင့် အခန်း(၈)မှ ရှုလီချန်သည် သူ့ကို မည်သို့ရှာတွေ့သနည်း။ ရှုလီချန်သည် သူ့ကို မည်သို့ သိသနည်း။ 


    ကျန်းကျစ်ယွမ် နှလုံးသားထဲတွင် တစ်စုံတစ်ခုသည် လှုပ်ခတ်သွားသည်။ သူသည် တစ်ချက်ပြံုးလိုက်တာ ပြောလိုက်သည်


 "ကျိုးကြောင်းဆီလျော်သားပဲ…"။


    "ယုတ္တိရှိတာကကောင်းတယ် အဲ့ဒီဟာကဌာနမှုးကိုလည်း ထွက်ပေါက်ပေးလိမ့်မယ်…ဒီကိစ္စထဲကိုသာ ငါ့ကိုဆွဲမထည့်ပါဘူးဆိုတာဆိုတာသေချာရင် ဌာနမှုးကလည်း အခန်း(၂)က ကျောင်းသားကို အပြစ်ပေးချင်မှာမဟုတ်ဘူး…ရှုလီချန်ကို သုံးခေါက်လောက်ပျော်ပျော်ကြီးအပြစ်ပေးဖို့ စောင့်နိုင်တော့မယ်မထင်ဘူး ….ပြီးတော့ အခန်း (၈) ကကျောင်းသားတွေကို အပြစ်ပေးတာက မညှာဘူး …"။


Xxxxx


Part 142


    ထိုသည်က ဌာနမှုး၏စိတ်နေစိတ်ထားကို ဖော်ပြနေသည် ။ ထိုအချိန် တွင် ဌာနမှုးသည် ဘက်လိုက်နေမှန်းသိသာလှသည် ။ အမျိုးမျိုးသော အရိပ်အမြွက်များကလည်း အတန်း(၈)မှ ကျောင်းသားများကို အပြစ်ပုံချရန် ဖြစ်နေခဲ့သည် ။


သို့သော် အခန်း(၈)မှ ရှုလီချန်သည်လည်း ကျန်းယန်ရှန့်အား ဖော်ထုတ်ပြောဆိုခဲ့ခြင်းမရှိ

 "ကျွန်တော်ကအဲ့တာကိုလုပ်တဲ့သူပါ..သူ့ကိုကျွန်တော်ကသာ အရင် ရန်စခဲ့တာပါ…"


ကျန်းကျစ်ယွမ်သည် ရှုလီချန်အပေါ်သို့ အပြစ်အားလုံးပုံချရန် မတရားသည်ဖြစ်၍ သူလည်း တာဝန်ယူခဲ့ခြင်းဖြစ်သည် ။


    နောက်ဆုံးတွင် သူသည် အသက် (၁၅) (၁၆)လောက်မျှသာ ရှိသေးမည့် လူငယ်လေးပင်ဖြစ်သည်။ 


    ကျန်းကျစ်ယွမ် ကျန်းယန်ရှန့်ကြောင့် ရွှင်မြူးသွားသည် ။


   ကျန်းယန်ရှန့်သည် သူ့တွင် သွားစွယ်လေးများရှိသည်ကို သတိထားမိလိုက်သည် ၊သို့သော် သိသိသာသာတော့မဟုတ်ပေ။ ထိုဘက်ထောင့်လေးမှ ကြည့်မှသာ မြင်ရသည်ဖြစ်သည် ။ သူမ ၎င်းကို အလွန်ချစ်ဖို့ကောင်းသည်ဟု ထင်သည်။ ရှုလီချန်သည် ဒီကနေ့တစ်နေ့လုံးသူမကို ဒေါသထွက်အောင် လုပ်ခဲ့သည် ။ သို့သော် ရုတ်ရတရုတ် သူမနှလုံးသားမှာ ပင်ပန်းမှုများပြေပျောက်သွားခဲ့ရသည် ။ 


   "ငါနင့်ကို အဲ့တာပြောဖို့ရောက်လာတာ…ဘာပဲပြောပြော မပူပါနဲ့ နည်းလမ်းအများကြီးရှိပါတယ်…ဒါပေမယ့်နင်က အမြဲအပြစ်ပေးခံနေရလို့ မဖြစ်ဘူးလေ…ကောင်းပြီလား…ငါ့မှာတစ်ခြားလုပ်စရာလည်းမရှိတော့ပါဘူး…အဲ့ဒါဆို ငါပြန်တော့မယ်…"။


    "အဲ့ဒါပဲလား…" ကျန်းကျစ်ယွမ် အံ့အားတသင့်ဖြစ်သွားသည်။


 "ငါတို့ မနက်ဖြန်ကျမှ ဒီအကြောင်းပြောလို့လဲရတယ်လေ…ဒါမှမဟုတ် weibo မှာပဲပြောလို့အဆင်ပြေတယ်မလား…"။


    

    ကျန်းယန်ရှန့် လှမ်းအော်၍ပြောလိုက်သည်


 "အဲ့ဒါ ငါ့ပုံစံမဟုတ်ဘူး…ငါ့မှာပြောစရာတစ်ခုခုရှိရင် မျက်နှာချင်းဆိုင်ပြောမယ်…ပြီးတော့ငါနင့်ကို အကွက်ကျကျဒဏ်ပေးလိုက်တာလေ…"။


    ကျန်းယန်ရှန့်သည် အတန်းရှိစည်းကမ်းလိုက်နာတတ်သော သာမန်မိန်းကလေးများနှင့်ကွဲပြားသည်ကို ကျန်းကျစ်ယွမ် မြင်ခဲ့ပြီးဖြစ်သည် ။


    သိူ့သော် သူမအား မိန်းမဆိုးလေးဟု ပြောလျှင် လည်းမှားယွင်းပေလိမ့်မည်။ 


   အတိုချုပ်ပြောရသော် သူမသည် ထူးခြားသည်၊ ကွဲပြားကာ ပြိုင်ဘက်ကင်းသည် ။


 သူမက ဖြေရှင်းပြီးသည်နှင့် သူ့ဆီသို့ တန်းလာခဲ့ခြင်းဖြစ်မည် ။သူမလက်တွင်ရစ်ပတ်ထားသော အဝတ်စပေါ်တွင် စွန်းထင်းနေသော သွေးများသည် လတ်လတ်ဆတ်ဆတ်ပင် ရှိနေသေးသည် ။ 


  သူမကို ကြည့်ရင်း ကျန်းကျစ်ယွမ် အသံတိုးတိုးဖြင့် ဝန်ခံလိုက်သည်။ 


"တကယ်ေတာ့ သူ ငါ့ကိုအရင်မရိုက်ခဲ့ပါဘူး…ငါ ကစကားပြောရင် စိတ်မြန်တတ်လို့ အဲ့တာကြောင့် အရင် လှုပ်ရှားမိတာ…"။


   ကျန်းယန်ရှန့်၏မျက်လုံးများက သံသယများနှင့် ပြည့်နှက်နေသည်။


    ကျန်းကျစ်ယွမ်သည် ကူကယ်ရာမဲ့ဖြစ်ကာ သူမအားရှင်းပြလိုက်သည် ။ 


"ယောင်္ကျားလေးတွေနဲ့စကားပြောရတာမိန်းကလေးတွေနဲ့စကားပြောရတာနဲါမတူဘူး…ငါနင်နဲ့ပုံမှနံစကားပြောနေရင် ငါစိတ်အေးအေးထားနိုင်တယ်…ဒါပေမယ့် ဒီလိုကောင်နဲ့တော့ ငါစိတ်အေးအေးမထားနိုင်ဘူး…ငါကငယ်ငယ်လေးထဲကအရပ်ရှည်တာကြောင့် အတိုက်အခိုက်မခံခဲ့ရဘူး…-ကောင်လေးအများစုကို ငါနဲ့လာမရှုပ်ရဲကြဘူး…ဒါပေမယ့်..ငါ…" 


ကျန်းကျစ်ယွမ်က ရှက်ရွံ့စွာဖြင့် သူ၏လက်ဖြင့် မျက်နှာကိုအုပ်ကာ ဆက်ပြောလိုက်သည် "


" သူ့ကို ဒီလောက် ခွန်အားကြီးမယ်လို့မထင်ခဲ့မိဘူး…ငါပြန်ချဖို့ အခွင့်မရလိုက်ဘူး…"


    "အဲ့ဒါ အမှန်ပဲ လား…"


ကျန်းယန်ရှုန့်သည် သူမ၏နဖူးကို ပွတ်လိုက်မိသည် ။


 " သူက အသက် (၇) နှစ် (၈)နှစ်လောက်ထဲက လေ့ကျင့်ရေးကို စတင်ခဲ့တာ (၁၀)နှစ်ေလာက် ကြာပြီ ဆိုတော့  သူ့အဆင့်ကို အပျော်တမ်းအဆင့်လို့ သတ်မှတ်လို့ရတယ်..."


    သူမ၏စကားထဲတွင် အချက်အလက်များစွာ ပါဝင်နေပြီး ကျန်းကျစ်ယွမ်ကလည်း ထိုအရာကို လက်လွတ်မခံခဲ့ပေ။ 


    ကျန်းယန်ရှန့်နှင့် ရှုလီချန်တို့၏အကြောင်းများကိုလည်း သူအရင်က ကြားဖူးခဲ့သည် ။ သို့သော် သူတို့နှစ်ယောက်ကို ကျောင်းတွင် တွဲမတွေ့ရသဖြင့် သူအလေးမထားခဲ့။ 


    ဒီတစ်ကြိမ်တွင် ရှုလီချန်၏တိုက်ခိုက်ခြင်းကို ခံရပြီးသည့်နောက်တွင် သူတို့နှစ်ဦးသည် ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးမည်ဟု သတိထားမိလိုက်သည် ။ သို့သော် မည့်သည့် အတိုင်းအတာအထိ ရှိသည်ဟူ၍တော့ သူမသိ။ 


   ကျန်းကျစ်ယွမ် "နင်က သူ့အကြောင်းကောင်းကောင်းသိတာပဲ…"။


    ကျန်းယန်ရှန့် "ငါသူ့ကိုသိပါတယ်…အဲ့တာကဘာမှမဟုတ်ဘူး…သူကမကောင်းတဲ့ကောင်ပဲ…”။


    ‘ဘာမှမဟုတ်’ဆိုသည့်စကားသည် အထူးသဖြင့် စိတ်ခံစားမှုပိုင်းကို ရည်ညွှန်းသည်ဟု ကျန်းကျစ်ယွမ် နားလည်လိုက်သည် ။ 


   သို့သော် ‘မကောင်းသည့်ကောင်’ ဟူသည့်စကားလုံးသည် တစ်ခါတစ်လေတွင် ကျိန်ဆဲခြင်းဖြစ်သောွလည်း တစ်ခါတစ်လေတွင် ထိုအရာနှင့် ဆန့်ကျင်ဘက် ဖြစ်တတ်သည် ။အကြောင်းအရာပေါ်မူတည်ကာ ကွဲပြားသွားသည်။


ထိုအခိုက်အတန့်တွင် မကောင်းသည့်ကောင်ဆိုသည့်စကားလုံးမှာ မည်သည့်အဓိပ္ပါယ်ဖြစ်သည်ကို ကျန်းကျစ်ယွမ် မပြောတတ်။


    သူ့မျက်လုံးထဲတွင် စိုးရိမ်သည့် အမူအယာသို့ပြောင်းသွားသောအခါ ကျန်းယန်ရှန့်က "စိတ်မပူပါနဲ့ငါသူ့ကိုမကြိုက်ပါဘူး…ကျောင်းကလည်း အဲ့လိုအချစ်ဇာတ်လမ်းတွေလုပ်ခွင့်မပြုဘူး …"။


    ထိုသို့ အချစ်ဇာတ်လမ်း များအား မည်သည့်ကျောင်းတွင်မှ ခွင့်မပြုပေ။ ထိုအရာသည် စည်းပျက်ကမ်းပျက်နိုင်သည်ထက် မပိုပေ။ စည်းကမ်းကောင်းမွန်သည့် ကျောင်းများတွင် ခံစားချက်များကို ထိန်းချုပ်ထားကြရသည်။ ထိုအရွယ်တွင် ထိုအချစ်ဇာတ်လမ်းလေးများ အား လုံးဝ ပျောက်ပျက် သွားရန်ဆိုသည်မှာ မဖြစ်နိုင်ပါ။ 


    "အဲ့တာဆို ငါသွားပြီ…နင်လဲမြန်မြန်ပြန်ဝင်တော့လေ…အပြင်မှာ အရမ်းအေးနေတယ်…"


ကျန်းယန်ရှန့် လက်ပြနှုတ်ဆက်ကာ နောက်သို့လှည့်ကာပြန်ရန် ပြင်လိုက်သည် ။ 


    "ကျန်းယန်ရှန့်…"ကျန်းကျစ်ယွမ်က သူမကို လှမ်းတားလိုက်သည် ။ 


    ကျန်းယန်ရှန့် အနောက်သို့လှည့်ကြည့်လိုက်သည် ။ 


    သူမသည် အလင်းရောင်အောက်တွင်ရပ်နေသည် နှင်းစက်လေးများက သူမအနားတွင် ပျံဝဲနေကြသည် ။


    ကျန်းယန်ရှန့်သည် တစ်ခြားလူများနှင့်ယှဉ်လျှင် သူ့အပေါ်တွင်ပို၍ ငြင်ငြင်သာသာဆက်ဆံတတ်သည်ကို သူသိသည်၊ ယခုကဲ့သို့ အုံ့ဆိုင်းနေသည့် နှင်းများကြားထဲတွင်တောင်မှ သူမသည်  လှပနေတုန်းပင် ဖြစ်သည်။ 


    သူခြေလှမ်း လှမ်းလိုက်ကာပြောသည် "ငါ…"။


    ငယ်ရွယ်ခြင်း၊ ရှက်ရွံ့ခြင်းနှင့် စိတ်မြန်ခြင်းတို့က ထိုလူငယ်လေး မျက်လုံးထဲတွင် ရောထွေးနေသည် ။


    ကျန်းယန်ရှန့် သူ့ကို မတားချေ။


    သူပြီးဆုံးအောင်ပြောသည်ကို သူမ ကြားချင်သည်။ သူဘာပြေပြော သူပြီးသည်အထိ ပြောသည်ကို သူမ ကြားချင်သည် ။ 


    လွန်ခဲ့သောဘဝတွင် သူမ၏မိန်းကလေးဘဝသည် ဒုက္ခရောက်နေသာ ပင်လယ်ကဲ့သို့ ခါးသီးလှသည် ။ ရှုလီချန်သည်လည်း သူ့ကိုယ်သူ ချောသည် လှသည်ဟုသာ ကြွေးကြော်နေလေ့ရှိသည် ။ 


    သူတို့နှစ်ဦးစလုံးသည် ထိုအရွယ်တွင် ရှိရမည့် ရိုးရှင်း သန့်ရှင်းသည့်အလှတရားကိုညပျောက်ဆုံးနေခဲ့ကြသည် ။ 


    အချုပ်အားဖြင့် ငယ်ရွယ်မှုနှင့် လှပမှုတို့မှာ အလွန် ဆွဲဆောင်မှုရှိသောကြောင့်  ကျန်းယန်ရှန့်သည့် ထိုအရာကို သူမအတွက် သူမကြားရန် အနည်းငယ်လလောဘကြီးခဲ့မိသည် ။ သူမသည် ယား၍ကုတ်ခြင်လျှင်တောင် ထိုအချိန်တွင် အရင် နားထောင်ပြီးမှသာ ကုတ် ပေတော့မည်။ 


    ထိုလူငယ်လေး၏ နှုတ်ခမ်းမှ စကားများထွက်မလာသေးမိီပင် သူမပိုမို ရင်ခုန်လာခဲ့သည်။


    ထိုလူငယ်လေးနှင့် အချိန်များစွာ အတူတွေ့ခဲ့ပြီးသည့်နောက်တွင် သူမ၏အရင်ဘဝတွင် မရှိခဲ့ရသော မိန်းမဆန်သည့် နှလုံးသားအား ရရှိခဲ့သည်ဟု ထင်မိသည်။


    ကျန်းကျစ်ယွမ် သည် နှုတ်ခမ်းအား တင်းတင်းစေ့လိုက်ပြီးနောက်  "ငါ…." ။


Xxxxx