အပိုင်း ၁၄၃-၁၄၄
Viewers 28k

Part 143


    ကျန်းယန်ရှန့်၏ ရင်ဘတ်ထဲတွင် တစ်ဟုန်ထိုး ပူနွေးနေသည် ။ ထိုအရာက သူမ နှလုံးအား ပို၍ခုန်အောင် လုပ်နေလေသည် ။ အာခေါင်များလည်း ခြောက်ကပ်လျက်ရှိလေသည် ။


    သူဘာပြောပြော သူပြောချင်သော စိတ်ခံစားချက်များသည် လျှာဖျားတွင်ရှိနေသော် လည်း သူ့စိတ်ထဲတွင်တော့ သဲသဲကွဲကွဲရှိနေသည် ။


    "ငါ…ငါ…" သူကပြောသည် "ငါလည်း…အထက်တန်းကျောင်းမှာ မချစ်ကြတာကောင်းမယ်လို့ ငါထင်တယ်…" ။


  

    ကျန်းယန်ရှန့် မျက်နှာပူသွားသည်ဟု ခံစားရသည် သို့သော် သူမ အခိုင်အမာ ပြောလိုက်သည် "စာသင်တာက ပိုအရေးကြီးတာပေါ့…ငါတို့မှာ ရက်၉၀၀ကျော်လောက် ကျန်ပါသေးတယ်…" ။


    ကျန်းယန်ရှန့်သည် သူ၏မျက်နှာအား စိုက်ကြည့်ကာ ရုတ်တရက် သူမ မျက်နှာအား ဖုံးအုပ်လိုက်လေသည် ။


    ထိုအရာအား စိတ်ပျက်စရာဟု ပြောလို့မရပေ ၊ ထိုအရာအား ရယ်ဖို့ကောင်းသည်ဟု သူမ ထင်ခဲ့သည်။


    "နင်…" သူမ အရယ်မရပ်နိုင်ဖြစ်ခဲ့ရသည် ။


    ကျန်းယန်ရှန့်သည် ရှက်ရွံ့သွားကာ သူ့အား ရယ်ဖို့ကောင်းသည်ဟုလည်း ထင်သည် ။ သူမ ရယ်နေသည်ကို ရပ်၍ မရ။ ထို့ကြောင့် သူမ နှုတ်ခမ်းအား တင်းတင်း ကိုက်ထားလိုက်သည် ။


    ညအမှောင်၏ မီးရောင်အောက်တွင် သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ရယ်မောခဲ့ကြခဲ့သည် ။ 


    ကျန်းကျစ်ယွမ်သည် ထိုသို့ပြောလိုက်သောအခါ ကျန်းယန်ရှန့် စိတ်ပျက်သွားမည်ကို စိုးရိမ်ခဲ့သေးသည်။ သို့သော် သူ ကျန်းယန်ရှန့် ရယ်မောနေသည်ကို တွေ့လိုက်ရသောအခါ သူမ သူ၏ အတင်းအကျပ်အလှည့်အပြောင်းအား ကျော်ဖြတ်သွားခဲ့ပြီဟု သိလိုက်သည် ။


    သူမ စိတ်ပျက်မသွားသကဲ့သို့ စိတ်ဆိုးခြင်းလည်းမရှိ ၊ ထို့ကြောင့် သူမ သူ၏နှလုံးသားထဲမှ ခံစားချက်များကိုလည်း သူမ နားလည်သင့်သည် ၊


  သူတို့ နှစ်ယောက် ဝ အောင် ရယ်ပြီးသောအခါ ကျန်းယန်ရှန့်က ပြောခဲ့သည်


 "နင်မှန်တယ်…Qတက္ကသိုလ် က နင့်ကို စောင့်နေတယ်…"။


    ကျန်းကျစ်ယွမ်မှ ကောင်းကင်အား မော့ကြည့်ကာ"ငါ့ကို ဖိအားမပေးပါနဲ့…"။


    ကျန်းကျစ်ယွမ် သည် ထပ်မံပြုံးလိုက်ကာ တစ်ခုခုပြောရန် ပြုနေတုန်းပင် ရုတ်တရက်သူ့နောက်မှ မိန်းမအသံ တစ်သံအား ကြားလိုက်လေသည် ။ "ကျစ်ယွမ်…"။


    ဟော်မုန်းများနှင့် ငယ်ရွယ်မှု၏ လေထုသည် ရုတ်တရက် ပျောက်ရှသွားသည်။


    ထိူလူနှစ်ယောက်သည် တစ်ပြိုက်နက် အသံလာရာဘက်သို့ ကြည့်လိုက်လေသည် ။ အသက်သိပ်ကြီးပုံ မရသေးသည့် အမျိုးသမီးတစ်ဦးသည် ဂိတ်ပေါက်ဝအား ဖြတ်လာကာ ပြောလိုက်သည်


 "နင် အောက်ဆင်းပြီး အမှိုက်သွားပစ်မယ်လို့ပြောသွားတာ မဟုတ်လား…ဘာလ်ု့ဒီကိုရောက်နေတာလဲ…"။


    ကျန်းကျစ်ယွမ်မှ ခေါ်လိုက်လေသည် "အမေ…ဒီမှာ အတန်းဖော်နဲ့ခန စကားပြောနေလို့ပါ…"။


   ထို အမျိုးသမီးသည် လှမ်းကြည့်လိုက်လေသည်၊ ထိုအခါ ကျန်းယန်ရှန့်မှ ယဉ်ကျေးစွာဖြင့် " အန်တီ…"။


    ထိုအမျိုးသမီးမှ တုံ့ပြန်ကာ မေးလိုက်သည်


 "အပြင်မှာ ဒီလောက်နောက်ကျတဲ့အထိ ဘာလို့ရှိနေရတာလဲ …ဘာကိစ္စဖြစ်လို့လဲ…"။


     လူကြီးများမှ ကလေးနှစ်ယောက်အား ဒီအချိန်တွင် အပြင်တွင် တွေ့လိုက်ရလျင် ထိုသို့သာ မေးပေလိုက်မည်။


 အတိအကျ ပြောရပါက သူမ၏စကားအကြောင်းအရာနှင့်ပက်သက်၍ ပြသနာ မရှိပေ။ 


    ပြသနာက သူမ၏ လေသံနှင့် ဆက်ဆံပုံဖြစ်လေသည် ။ 


    ကျန်းကျစ်ယွမ်သည် ကျန်းယန်ရှန့်၏ လှပသော မျက်နှာလေး ပေါ်မှ အပြုံး ရုတ်တရက်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည် ။ 


ထိုအစား စိမ်းသက်သော အပြုံးက အစားထိုး ဝင်ရောက်လာခဲ့သည် ။ 


    "အမေ…"


သူ အလျင်အမြန်ပြောလိုက်သည်


 "ကျွန်တော်တို့ အခုပဲစကားပြောလို့ပြီးတော့မှာပါ…အရင်ပြန်နှင့်လိုက်ပါ …" ။


    ကျန်းယန်ရှန့် ကျိုးကျစ်ယွမ် အား တစ်ချက် စောင်းကြည့်လိုက်သည် ။ သူ၏ လေသံထဲမှ တင်းမာ မှုကြောင့် အနည်းငယ် အံ့ဩသွားသည် ။ 


    ရှုလီချန်နှင့် သူ စကားပြောရသောအခါ အလွန်ဒေါသထွက်တတ်သည်ဟု ပြောခဲ့သောအခါ သူမ မယုံပေ ။ အဘယ့်ကြောင့်ဆိုသော် အတန်းထဲရှိ မိန်းကလေးများသည် ပုံမှန်အားဖြင့် သူ့အား "အရပ်ရှည်သည် ၊ သိမ်မွေ့သည် ၊ ရုပ်ချောသည်"ဟုသတ်မှတ်ထားသောကြောင့်ဖြစ်သည်။ 


    ပုံမှန်အားဖြင့် သူသည် ကျန်းယန်ရှန့်နှင့် စကားပြောဆိုရသောအခါ အလွန်စိတ်ရှည်လေ့ရှိသည် ။

သူ၏အသံနှင့် စကားကိုဖြေးညှင်းစွာပြောဆို တတ်ခြင်းက လူများကို သိမ်မွေ့သည်ဟု ခံစားရစေသည် ။ ကျန်းယန်ရှန့်သည်ပင်လျှင် နွေးထွေးသည်ဟု ခံစားရသည့် ခြေအနေသို့ ရောက်ခဲ့သည် ။ 


    ယခုတွင်မူ သူ့တွင် သန်မာသည့် အခြားတစ်ဖက်ရှိနေသည်။


"ငါတို့စကားပြောလို့ပြီးပြိီ…ငါအခုအိမ်ပြန်တော့မယ်…”


ကျန်းယန်ရှန့်မှ ပြောလိုက်သည် ။ ထို့နောက် သူမသည် ယဉ်ကျေးစွာဖြင့် "နှုတ်ဆက်ပါတယ် အန်တီ…"။


   ကျန်းကျစ်ယွမ် "လမ်းမှာ ဂရုစိုက်သွားပါ…"။


    ကျန်းကျစ်ယွမ်၏ အမေမှ အံ့ဩကာ မေးလိုက်သည် " ဒီနားမှာ နေတာ မဟုတ်ဘူးလား…"။


    သူမအား ဒီအနီး ပတ်ဝန်းကျင်တွင် လာယောက် ငှါးရမ်း နေထိုင်သည့် ကျောင်းသားထဲမှ တစ်ယောက်ဟု ထင်ခဲ့သည် ။ 


   "မဟုတ်ပါဘူး.."ကျန်းယန်ရှန့်မှ ပြောလိုက်သည် ။ ထို့နောက် ကျန်းကျစ်ယွမ် အား ကြည့်ကာ "ငါသွားပြီနော် …"။


    ကျန်းကျစ်ယွမ်က ခေါင်းညိမ့်ပြလိုက်သည် ။ 


    ညအချိန်တွင် မိန်းမလှ လေး တစ်ဦးတည်းဖြစ်နေသည် ၊ 


လူကြီး တစ်ဦး အနေဖြင့် ကျန်းကျစ်ယွမ်၏ အမေသည်  တစ်ယောက်ယောက်က သူမအား(ကျန်းယန်ရှန့်) အိမ်လိုက်ပို့ပေးလျှင် ကောင်းမည်ဟု ထင်မိသည် ။ 


သို့သော် အမေတစ်ယောက်အနေနှင့် ညဘက်တွင် ယခုကဲ့သို့ လာရောက်တွေ့ဆုံသည့် မိန်းကလေးမျိုးနှင့် သူမ၏ သားကို နှစ်ယောက်ထဲ မလွှတ်လိုက်ချင်ပေ


    သူမ ထိုသို့ တုံ့ဆိုင်းနေတုန်းမှာပင် ထိုညမိန်းကလေးသည် လမ်း၏ အခြားတစ်ဖက်သို့ ကူးသွားခဲ့ပြီဖြစ်လေသည်။


    မာစီးဒီးအနက်ရောင် ကားထဲမှ ကားမောင်သူတစ်ဦးထွက်လာကာ သူမကို ကားတံခါးဖွင့်ပေးခဲ့သည် ။ ထို့နောက် ကားမောင်း ထွက်သွားသည် ။


    သူ့ အမေ ပို၍ အံ့ဩသွားလေသည် ။


    "နင့် အတန်းဖော်အိမ်က အခြေအနေ ကောင်းတဲ့ပုံပဲ… " သူမက မေးလိုက်သည် ။


    ကျန်းကျစ်ယွမ်မှ "ဟမ်း…" ဆိုသည့်အသံပြုလုပ်လျက် "ဟုတ်မှာပေါ့လေ…မသိပါဘူး…"။


   အထက်တန်းကျောင်းသားများမှာ ထိုကဲ့သို့သော အရာများအား အာရုံမရှိကြ။ မာစီးဒီး သည် နာမည်ကြီးသည်ကို ကျန်းကျစ်ယွမ်လည်း သိသည် ။ သို့သော် ကျန်းယန်ရှန့် အိမ်တွင် RRနှင့် Bentley ကိုသာ စီးသည်ကို တွေ့ပါကလည်း မော် ဒယ် အမျိုးအစား ခွဲတတ်မည်မဟုတ်ချေ။


    သူ မသိသလို ဂရုလဲ မစိုက်ပေ။


Xxxxx


Part 144


သူတို့သားအမိနှစ်ယောက်သည် တိတ်ဆိတ်စွာဖြင့်ပြန်လာခဲ့ကြသည် ။ ကျန်းကျစ်ယွမ်၏ အမေ က သူ အဘယ့်ကြောင့် ဝန်းအပြင်သို့ ထွက်ကာ အမှိုက်  ထွက်ပစ်သည်ကိုတော့  မမေးခဲ့ပေ။


    သူမ၏ နှလုံးသားထဲတွင်တော့ တစ်စုံတစ်ခုအား သိထားသည် ။ ထိုအရာသည် ကျိုးပျက်ခဲ့ပါက လွယ်ကူမည် မဟုတ်ပေ။ 


    သို့သော် သူမ မအောင့်နိုင်သောကြောင့် ပြောလိုက်သည် " ကောင်မလေးက အရမ်းချောတာပဲ…"။


    ကျန်းကျစ်ယွမ်၏ နှုတ်ခမ်းများထက် ပြုံးရိပ်ပေါ်လာကာ "အတန်းထဲက ကောင်လေးတွေက အမြဲတန်း သူ့အကြောင်းကို ပြောနေကြတာ …သူမက လက်ရှိကျောင်းရဲ့ပန်းကလေးပဲ…"။


    ကျန်းကျစ်ယွမ်၏ အမေသည် သူ့သားအခြေအနအား အကဲ ခတ်ကာ ပြောလိုက်သည်


 " အထက်တန်းကျောင်း…"


    ကျန်းကျစ်ယွမ်က ပြုံးကာ "ကျွန်တော် မချစ်ပါဘူး…ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ် …"။


    သူ့ အမေက သူ့ကို ယုံသည် ။ သူမ၏သားအား လိုက်ရှာ နေစဉ်က ကျန်းယန်ရှန့်သည် မချစ်ကြဖို့ပြောနေကြသည်ကိုလည်း သူမ နားစွန်နားဖျား ကြားလိုက်ရသည် ။ 


    ထိုစကားများကြောင့် သူမ စိတ်သက်သာရာ ရခဲ့သည် ၊ သူတို့နှစ်ယောက်သည် တိတ်တဆိတ် ချိန်းတွေ့နေကြသည် မဟုတ်သောကြောင့်ဖြစ်သည် ။


    ခြေလှမ်းအနည်းငယ် ထပ်လျောက်ပြီးသည့်နောက်တွင် သူမ မေးပြန်လေသည်


 "သူက ဒေါသကြီးတတ်ပုံပေါက်တဲ့ မိန်းကလေးနဲ့တူတယ်…ငါဘာမှ မပြောလိုက်မိဘူးမဟုတ်လား …"။


    ကျန်းယန်ရှန့်၏ အမူအရာမှာ ပြောင်းလဲသွားသည်ကို ကျန်းကျစ်ယွမ်ပင် ခံစား၍ရခဲ့သည် ၊ ထိုအရာကိုလည်း သူ၏ အမေ မမြင်ပဲ နေမည်မဟုတ်ပေ။ သူမသည် ကျန်းယန်ရှန့်အား မာနကြီးတတ်သည့် မိန်းကလေးဟုသာ ထင်ခဲ့သည် ၊ ထို မိန်းမလှလေးများအားလုံးသည်  ယေဘူယျအားဖြင့် ထိုသို့ မာန မျိုး ရှိတတ်သောကြောင့်ဖြစ်တတ်လေသည် ။ 


    ကျန်းကျစ်ယွမ် ခန တိတ်ဆိတ်သွားကာ ပြတ်ပြတ်သားသားပြောလိုက်သည်


 "နောက်မိန်းကလေးအတန်းဖော်တွေကိုလဲ အဲ့လိုမလုပ်ပါနဲ့…"။


   အမေဖြစ်သူက မေးသည် "ဘာလုပ်တာလဲ…"။


    "သူများကို သူခိုးလိုမျိုး မဆက်ဆံပါနဲ့…"


ကျန်းကျစ်ယွမ်မှ ပြောလိုက်သည် 


"အမေ့ရဲ့သားက အမေ့စိတ်ထဲမှာသာ ကလေးလေး ဖြစ်နေတာ…သူများတွေရဲ့ အမြင်မှာတော့ ဘာမှ မဟုတ်ဘူး …ဘယ်သူမှ ဂရုမစိုက်ဘူး…"။


   အမေဖြစ်သူမှ စိတ်ဆိုးကာ ပြောလေသည် "နင်ဘာတွေပြောနေတာလဲ…"။


    သို့သော်အခြားသူများကို ခုခံ ကာကွယ်မှုမျိုးသည် သူမ၏ ဗီဇ ဖြစ်လာပြီး စကားလုံး အနည်းငယ်ဖြင့် ပြောင်းလဲနိုင်သော အရာမဟုတ်ပါ ။ ကျန်းကျစ်ယွမ်သည် မည်သည့်စကားမျှ ပြောဆိုခြင်းမရှိတော့ ။


    သူ့အမေမှ ပြောသည် "မချစ်ရဘူးလို့ပြောတာမဟုတ်ဘူး…အခုအချိန်မလုပ်ရဘူးပဲ ပြောတာ …တက္ကသိုလ်ကိုရောက်ရင် ဒီအကြောင်းကို ထပ်ပြောကြမယ်…အထက်တန်းကျောင်း သုံးနှစ်မှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲက အခက်အခဲတွေနဲ့ပြည့်နေတာ…အဲ့ဒီစာမေးပွဲက နင့် တစ်ဘဝလုံးကို အဆုံးအဖြတ် ပေးလိုက်နိုင်တယ်…"။


    ထိုစကားများမှာ ဖန်တစ်ရာ ထပ်နေသည် ထို့ကြောင့် သူက ပြောသည် "သားသိပါတယ်…ဘာလို့ ထပ်ကာထပ်ကာ ပြောနေရတာလဲ.."။


    "နင်တို့ကလေးတွေ…မိဘတွေကို စိတ်ပူစရာတွေပဲ လုပ်နေကြတာသိရဲ့လား…နောက်တစ်ပတ် နင့်ရဲ့ ဌာနမှုးဆီကိုသွားရဦးမယ်…လီရှုချင်းရဲ့အမေဆီကငါကြားပြီးပြီ အတန်း(၈)ကကျောင်းသားလေးက အပြစ်ပေးခံရပြီးပြီဆိုတာ…သူက ပြသနာရှာတတ်တဲ့ကျောင်းသားဆိုတာ အဲ့တာက သက်သေမပြဘူးလား…သေချာတာကတော့ တာဝန်ကို လူတစ်ယောက်က  တစ်ဝက်စီခွဲလို့တော့မရဘူးဆိုတော့ နင်က ဘာလို့ အပြစ်ပေးခံရမှာလဲ…"။


    သူမ၏ သားမှပြောသည် "အမေ့ကို ရဲတွေကို မခေါ်ဖို့သားပြောတုန်းကသာ စကားနားထောင်ခဲ့ရင် ဘာမှဖြစ်မှာမဟုတ်ဘူး…"။


   သူ့အမေ ရပ်သွားကာ ဝမ်းနည်းသွားပုံပေါ်သည်။


    သူမ နောင်တလဲ ရသွားသည် ။


    သူမ၏နှလုံးသားထဲတွင် သူမ၏သားသည် တစ်ကျောင်းထဲရှိကောင်လေးမှ အရိုက်ခံရသည့် လိမ္မာသော ကလေးဖြစ်သည်။ သူမသည် တစ်ဖက်သားအား အပြစ်သင့်သည် ၊ သို့သော် အခြားသူများ၏ အယူအဆများသည် သူမနှင့် ကွဲပြားမည်ဟု မမျှော်လင့်ထားပေ။


    ဗီဒီယိုတွင် ကျောင်းသားနှစ်ယောက်သည်စကားပြောနေခဲ့ကာ ထို့နောက် တိုက်ခိုက်ခဲ့ကြသည် ပြောလေသည် ၊ ပထမတွင်တော့ အချင်းချင်း တွနိးနေကြသည် ထို့နောက် ကျန်းကျစ်ယွမ်သည် အရိုက်ခံရသည်ဖြစ်ကာ အခြားကလေးတစ်ယောက်မှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ ထိုအရာက သူသည် အပြည့်အဝ တာဝန်ရှိသည်ဟု မဆိုလိုပါ။


    ထို့ကြောင့် သူသည် ကျောင်းသားနှစ်ဦးအား ရှင်းရှင်းလင်းလင်း သိလိုသောကြောင့် မေးမြန်းရန် ခေါ်ခဲ့သည် ။ ဌာနမှုးသည် သူတို့နှင့် အချိန်အတော်ကြာ တိုင်ပင် ပြီးနောက် သူ့သားမှ စကားမပြောင်းခဲ့ပါ။ အဆုံးတွင်တော့ သူ့တို့တစ်ဦးစီ အပြစ်တစ်ဝက်စီ ခွဲဝေယူခဲ့ရသည် ။


   သူမ သေလောက်အောင်ပင် နောင်တ ရသွားသည်။ 


    ကျန်းကျစ်ယွမ် နောက်သို့လှည့်ကြည့်လိုက်သောအခါတွင် သူမ၏မျက်နှာတွင် ဝမ်းနည်းကာ နောင်တရနေသည့် အမူအရာကို တွေ့လိုက်ရသည် ။ လွန်ခဲ့သော နှစ်များတွင် သူမ အရွယ်ရလာခဲ့သည် ။ သူ့မ ဆံထုံးဘေးဘက်တွင် ဆံပင်ဖြူများ ပင်ရှိနေသည်။ သူမသည် ထိုဆံပင်ဖြူများအား အမြဲဆေးဆိုးချင်နေခဲ့သော်လည်း မလိုအပ်သော အသုံးစရိတ်များ လျှော့ချရန်အတွက် သူမ မလုပ်ခဲ့ရပေ။


    ကျန်းကျစ်ယွမ် သူ၏ အမေဆီလျှောက်လာကာ သူမကို ဖက်လိုက်လေသည်။


    သူသည် အလယ်တန်းကျောင်းတုန်းကထက်ပင် ပို၍အရပ်ရှည်လာပြီဖြစ်သည်။ အနောက်မှ ကြည့်လျှင် သူမ ကလေးဟု ထင်ခဲ့သူမှာ အရွယ်ပင် ရောက်လာပြီဖြစ်သည်။ 


    "စိတ်မပူပါနဲ့… အတန်းပိုင်ဆရာနဲ့စကားပြောပြီးပြီ အပြစ်ပေးတာက ရုတ်သိမ်းပေးလို့ရပါတယ်…သားတို့ တစ်တန်းလုံးကလည်း ဌာနမှုးနဲ့စကားပြောပြီးပါပြီ…သားသာ ထိပ်ဆုံးအတန်းကို ဝင်ခဲ့ရင် ဘာမှတ်တမ်းမှ မထားဘူးလို့ပြောတယ်…သားအတန်းထဲမှာ စာသေချာလုပ်လို့ အခုလို လုပ်ပေးတာပါ…အဲ့တာကြောင့်မပူပါနဲ့…"။


    ......


    တနင်္လာနေ့တွင် ဒုတိယအချိန် ပြီးသောအခါ တစ်ယောက်ပြီးတစ်ယောက် ကစားကွင်းသို့သွားရန် ပြင်ဆင်နေကြလေသည် ။ 


    ရှုလီချန်သည် ကျန်းယန်ရှန့်အား အခန်း(၂)စာသင်ခန်း တံခါးပေါက်ဝတွင် ပိတ်ရပ်လိုက်သည် ။ အတန်းဖော်များ၏ စူးစမ်းသည့် အကြည့်အောက်တွင် နှစ်ယောက်သား စကားစမြည်ပြောနေကြသည်။


    "အတန်းပြီးတော့ ငါ ဌာနမှုးရုံးခန်းကို သွားခဲ့တယ် …အဲ့ဒါ ပြီးသွားပြီ…"။


    သူအပြစ်အားလုံး ကို ယူရန် အစပြုခဲ့သည်။ ဌာနမှုးက သူ့ကို ပထမဆုံးအကြိမ် ဤကဲ့သို့ မြင်ဖူးတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ့အား ပြောသောစကားများက ခါတိုင်းထက်ပင် ညင်သာနေသည် ထို့နောက် ပထမဆုံးအကြိမ်အဖြစ် ပြုံးပြခဲ့သည် ။


    ရှုလီချန်မှ ကြက်သီးများပင် ထသွားရသည် ။ 


    ကျန်းယန်ရှန့် ရှုလီချန်အား ကြည့်လိုက်သည်။ 


    တနင်္လာနေ့တွင် ရီအထက်တန်းကျောင်းသည် သူတို့ကိုယ်ပိုင် ယူနီဖောင်းကို ဝတ်ဆင်ရသည်။ 


    ရီအထက်တန်းကျောင်းသည် ကျောင်းကောင်းတစ်ကျောင်းဖြစ်သော်လည်း ကျောင်းယူနီဖောင်းမှာ ရုပ်ဆိုးလှသည် ။


    ရှုလီချန်သည်လည်း ကျောင်းယူနီဖောင်းအား ဝတ်ဆင်လာခဲ့သည် ၊ 


    ကျန်းယန်ရှန့် "အိုး…ကောင်းပြိီ…ငါသိပြီ…"


သူမ လမ်းလျှောက်ထွက်သွားသောအခါ ၊ ရှုလီချန်မှ သူမ လက်မောင်း အားဖမ်းဆွဲကာ "အဲ့ဒါက …တရားမျှတတဲ့ သဘောတူညီချက်ပဲ…" ။


ကျန်းယန်ရှန့် သူ့လက်ကို စောင့်ငဲ့ကြည့်လိုက်သည်။


    "နင် အဲ့အကြောင်းကို အခုဒီမှာ ပြောချင်လို့လား…ကျောင်းဆင်းရင် ငါ့ကို ဘူတာရုံမှာ စောင့်နေ …"။


Xxxxx