Part 145
ဌာနမှုးသည် အပြစ်ပေးမှုအား ကြော်ငြာရန် အတန်းလေ့ကျင့်ခန်း အချိန် ကြားကို ယူခဲ့သည် ။
သူ ရှုလီချန်၏အပြစ်ပေးမှုအား အသံချဲ့စက်မှ တစ်ဆင့်ကြော်ငြာနေသည်ကို အတန်း (၂)မှ ကျောင်းသားများသည် ကြားသောအခါ အံ့ဩစွာဖြင့် ကျန်းကျစ်ယွမ် ၏ နောက် တွင် သူ့အား မျက်လုံး မှိတ်ပြကာ ခြေဟန်လက်ဟန်များ ပြုလုပ်ကြလျှက် ရှိသည် ။
ကျန်းကျစ်ယွမ်သည် ကျန်းယန်ရှန့်အား ကြည့်နေရုံသာ တတ်နိုင်လေသည်။
အခန်း(၈)မှ ကျောင်းသားများသည် ထို ကြော်ငြာချက်အား ကြားသောအခါ သူတို့၏ခေါင်းများအား ရှုလီချန်ဘက်သို့လှည့်ကာ မျက်စာပစ်ပြစ်ကာ "ဂုဏ်ပြုပါတယ်…"။ သူ စည်းကမ်းပိုင်းဆိုင်ရာ အောင်မြင်မှုကို နောက်ထပ် ရရှိခဲ့သည် ။ ရှုလီချန်သည် ထိုအပြစ်ပေးမှုကိုသာမဟုတ် ဘာကိုမျှ ဂရုမစိုက်သည်ကို သူတို့ သိကြလေသည်။
သို့သော် ဤကနေ့တွင် ရှုလီချန်သည် ခါတိုင်းနှင့်မတူ ကွဲပြားနေသည် ၊ သူ့တွင် ပုံမှန် တွေ့နေကြရ ဖြစ်သော ဂုဏ်ယူကာ မာန ကြီးနေသည့် အပြုံးမျိုးအား မတွေ့ရချေ။ သူ့မျက်လုံးများမှာ သူ့ရှေ့တွင်သာ ရှိသော မြေပြင်ကိုသာ စိုက်ကြည့်လျက် ရှိနေသောကြောင့် သူတို့အားလုံးမှာ လည်း ရှုလီချန် မည်သည်အား တွေးတောနေသည်ကို မသိနိုင်ပဲ ရှိကြကုန်လေ၏။
ကျောင်းသားများသည် သူ့အားအမျိုးမျိုးသောာနည်းလမ်းများဖြင့် "ရွှတ် ရွှတ်…" ၊ "ဟေး…" ဆိုသည့်အသံများ ပြုနေကြသော်လည်း ရှုလီချန်သည် ပြန်လည်တုံ့ပြန်ခြင်းအလျင်း မရှိ။
ကျန်းယန်ရှန့်သည် နေ့လည်စားချိန်ပြီးသော အခါ ကျောင်းအတွင်း ခဏ ပတ်လျောက်လိုက်သည်
သူမဗိုက်ပြည့်သွားသည်နှင့် စာသင်ခန်းထဲသို့ သွားထိုင်မနေချင် ၊ အထူးသဖြင့် ယခုကဲ့သို့ ဆောင်းတွင်းမျိုးတွင် စာသင်ခန်းတံခါးများမှာ တင်းကျပ်စွာ ပိတ်ထားသောကြောင့် အခန်းထဲတွင် လှောင်ပိတ်နေသည် ။
သို့သော် ကောင်မလေးများမှာ ရာသီဥတု အလွန်အေးနေသောကြောင့် အတန်းထဲသို့ အရင် ပြန်သွားကြလေသည်။
ကျန်းကျစ်ယွမ်သည် ထိုအချိန်ကို အမိအရအခွင့်အရေးယူကာ ကျန်းယန်ရှန့်အား တောင်းပန်ရန် ကြိုးစားလိုက်သည် ။
ကျန်းယန်ရှန့် မျက်ခုံးပင့်ကာ "ငါ့ကို ဘာအတွက် တောင်းပန်တာလဲ…"။
"မနေ့ညကအတွက် ပါ…ငါ့အမေရဲ့ ဆက်ဆံပုံက သိပ်မကောင်းလိုက်ဘူး…"။
ကျန်းယန်ရှန့်က ဂရုမစိုက်"မိဘတွေအကုန် အဲ့လိုပဲမဟုတ်ဘူးလား…"။
အရင်ဘဝတွင် သူမ ထိုသည်ထက် ဆိုးသည်များကို ကြုံတွေ့ခဲ့ရသည် ။
လမ်းမှ ဖြတ်သွားသည့် လူစိမ်း တစ်ဦးကပင် သူမဘေးမှ ဖြတ်သွားပြီးသည့်နောက်တွင် အတူပါလာသော ကလေးငယ်အား ဤသို့ ဆုံးမနေသည်ကို ကြားခဲ့လိုက်သည် "နင် အဲ့လိုလိုက်ဝတ်ရင် …နင့်ကို သတ်ပစ်မယ်…"ဟူ၍
"ဒါဆိုလဲ စိတ်မရှိပါနဲ့…" ကျန်းကျစ်ယွမ်သည် စိတ်သက်သာရ ရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည် ။
"ကြီးကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး…" ကျန်းယန်ရှန့်မှ တိတ်ဆိတ်စွာ ပြောလိုက်သည် ။
ကျန်းကျစ်ယွမ်သည် နှုတ်ခမ်းအား တင်းတင်းစေ့လိုက်ပြီး မှ ပြောလိုက်သည်။
"တကယ်တော့…ငါက မိဘတစ်ယောက်ထဲ ရှိတဲ့ မိသားစုကပါ…”။
ကျန်းယန်ရှန့် အရှိန်လျှော့ကာ သူ့ကို မော့ကြည့်သည်။
"ငါ ငါးတန်းတုန်းက ငါ့အဖေသေသွားတယ်…ငါ့အမေက နောက်ထပ်အိမ်ထောင်မပြုတော့ပဲနဲ့ သူတစ်ယောက်ထဲ ငါ့ကို ပျိုးထောင် ခဲ့ရတာ…သူက ငါ့အတွက် အရေးကြီးတဲ့အရာတွေအကုန် ဆက်နွယ်နေတာ …"။
"သေချာတာပေါ့…သူမက နင့်အမေပဲဟာ…" ကျန်းယန်ရှန့်ကပြောလိုက်သည် ။
ကျန်းယန်ရှန့်သည် ထိုကိစ္စအား အရေးတယူမလုပ်ခဲ့သော်လည်း ယခုတွင်မူ သူ၏ မိသားစု အခြေအနေအား သိလိုက်ရသောအခါ သူမ၏ နှလုံးသားက ပျော့ပျောင်းသွားသည် ။ သူမ၏ အသံသည်လည်း ခါတိုင်းထက်ပင် နူးညံ့စွာဖြင့် "နင်က သူမရဲ့ အရေးအကြီးဆုံးသူပဲ…သူမက နင့်အပေါ်မှာ အများကြီး မျှော်လင့်ထားပုံရတယ်…"။
"ဟုတ်တယ်…”
ကျန်းကျစ်ယွမ် က ဝန်ခံလိုက်သည်
"သူရဲ့ အိမ်မက်က ငါ Q တက္ကသိုလ် ကို တက်ရောက်ဖို့ပဲ…" ။
"နင်လုပ်နိုင်ပါတယ်…" ကျန်းယန်ရှန့် သူမ၏ နှလုံသားထဲတွင်သာ တီးတိုး ပြောဆိုလိုက်သည်။
သူမသည်လည်း သူမ အမေကို ထိုသို့ ပြောခဲ့မိသည်ကို သတိရမိသွားသည် ။ (သမီးကြီးလာရင် စာမေးပွဲတွေဖြေပြီးတော့…Q တက္ကသိုလ် ဒါမှမဟုတ် B တက္ကသိုလ် ကို တက်နိုင်အောင် လုပ်မယ် …)
ဤရည်ရွယ်ချက်သည် ကလေး အများစု ငယ်ရွယ်စဉ် ကလေး ဘဝတွင် ရှိခဲ့ကြဖူးမည် ဖြစ်သည် ။
သူမ၏ အမေသည် ထိုအချိန်က အလေးအနက် မ မှတ်ယူခဲ့သော်လည်း ပျော်ရွှင်စွာဖြင့် ပြုံးနေခဲ့ဖူးသည် ။
ကံဆိုးစွာပင် သူမသည် ကျန်းကျစ်ယွမ် ကဲ့သို့ သူမ မိခင်၏ ဆန္ဒများအား ဖြည့်ဆည်းကာ မိဘဂုဏ်ယူနိုင်အောင် မဖြစ်ခဲ့ပေ။
သူမ ပြုံးလိုက်ကာ "နင် သေချာပေါက် အဲ့ဒီကို ရောက်အောင် လုပ်နိုင်မှာပါ…"။
ကျန်းကျစ်ယွမ်က ရှက်သလို နဖူးကို ကုတ်ကာ ပြန်ပြောလိုက်သည်
"နင်က ငါ့အပေါ် အမြဲ ယုံကြည်မှုရှိတာ ငါသိပါတယ်…တကယ်တော့ ငါက အရမ်း တုံးတယ်…အလယ်တန်း ပထမနှစ်တုန်းက …ငါက သက်မွေးပညာသင် ကျောင်း ဒါမှ မဟုတ် နည်းပညာဆိုင်ရာ ကျောင်းမျိုး တက်ချင်ခဲ့တာ…"။
ကျန်းယန်ရှန့် မျှော်လင့် မထားသောကြောင့် အံ့အားသင့်သွားသည်
"ဟမျ…"။
ကျန်းကျစ်ယွမ် အနည်းငယ် ရှက်သွားကာ သူမကို ပြောလေသည် "ဘာလို့လဲဆိုတော့ ငါ့အမေတစ်ယောက်ထဲ ငါ့ကို ပျိုးထောင်ခဲ့ရတော့…ငါ့မိသားစုမှာ အပေါင်စာချုပ်တွေ နှစ်တွေအကြာကြီး ရှိနေခဲ့တယ်…ငါ့အမေအလုပ်လုပ်ရတာ ပင်ပန်းတယ်လို့ ငါခံစားရလို့ …အလုပ်ပဲ စောစော ထွက်လုပ်ချင်နေခဲ့တာ…"။
"နောက်မကြာပါဘူး... အတန်းပိုင်ဆရာက အဲ့အကြောင်းကိုသိသွားပြီး ငါ့အမေကို ခေါ်တွေ့ခဲ့တယ်…ငါ့အမေကလဲ အဲ့အချိန်တုန်းက ငါ ဘာတွေးနေတယ်ဆိုတာ သိနေခဲ့တယ်…သူမ အရမ်း ဝမ်းနည်းတာကြောင့် ငိုခဲ့တယ်…ပြီးတော့ သူမကရေရှည်ကိုမြင်သင့်တယ်လို့ပြောတယ်…တစ်သက်လုံးပင်ပင် ပန်းပန်း အလုပ်လုပ်ရတာက နှစ်နည်းနည်းလောက် ပင်ပင် ပန်းပန်း လုပ်ရတာနဲ့ မတူဘူးဆိုတာ ပြောခဲ့တယ်…"။
ကျန်းယန်ရှန့် စိတ်သက်သာရာ ရသွားသည် "အန်တီ မှန်တယ်…"။
"ဟုတ်တယ်…အတိတ်ကို ပြန်ပြောရတာ ကြောင်ပေမဲ့…အဲ့ဒီ အသက်အရွယ်တုန်းက …အလွယ်တကူပဲ ခေါင်းရှုပ်ဖို့ လွယ်ခဲ့တာ…ကံကောင်းလို့ လူကြီးတွေကြောင့်နဲ့ လမ်းမှား မရောက်တာ …" ။
ထိုစကားများက ကျန်းယန်ရှန့်အား ထိခိုက်သွားစေကာ တိတ်ဆိတ်သွားစေသည်။ ခဏအကြာမှ စကားထပ်ဆိုလိုက်သည်။
"အခု နင် သေချာစဉ်းစား ပြီးသွားပြီလား …နင့်အနာဂတ်အတွက် ဘာလုပ်မယ်ဆိုတာ…"။
"တစ်ကယ်တော့ ငါ့အမေက ငါ့ကို နိုင်ငံခြား သွားစေချင်တာ …ငါ့အဖေရှိတုန်းက ငါကြီးလာရင်သူက နိုင်ငံခြားမှာ စာသင်စေချင်တာ...ဒါပေမယ့် ငါ့အမေနဲ့ငါ ဆွေးနွေးပြီးသွားပြီ …ကုန်ကျစရိတ်က အရမ်းများလွန်းတယ် ပြီးတော့ ပညာသင်ဆုအတွက်လည်း ထူးချွန်မှုတွေမရှိပဲ လျှောက်လို့ မရဘူး…ငါတို့ မိသားစု လက်ရှိ အခြေအနေအရ…ငါတို့မတတ်နိုင်ဘူး…ငါ့အမေက သူ့အိမ်ရောင်းချင်ပြီးတော့ ဆွေးမျိုးတွေနဲ့ သူငယ်ချင်းတွေစီက ပိုက်ဆံချေးဖို့ လုပ်ချင်ခဲ့တယ် …"။
" ဒါေပမဲ့ ငါ သူမကို တားလိုက်တယ်…မလိုအပ်ဘူးထင်လို့…တရုတ်မှာလည်း ကောင်းတဲ့ တက္ကသိုလ်တွေရှိတာပါပဲ … project211နဲ့ project 985 အဲ့တာတွေက တရုတ်ပြည် ပညာရေးစနစ်မြှင့်တင်ပေးတဲ့ နာမည်ကြီး project တွေပဲ…"
ကျန်းယန်ရှန့် ပြောလိုက်သည် "နင်က အမြဲ လမ်းအမှန်ပေါ်မှာ မှန်တာကိုပဲ အမြဲ လုပ်နေခဲ့တာပဲ…"။
ကျိုးကျစ်ယွမ်သည် ကျန်းယန်ရှန့်၏ မျက်လုံးထဲတွင် အဘယ့်ကြောင့် စိတ်ခံစားမှု များ ရှိနေသည်ကို နားမလည်နိုင်။ သူပြုံးကာပြောလိုက်သည်
"အကုန်လုံးက ဒီလိုပဲ မဟုတ်ဘူးလား…"။
တကယ်တော့ မဟုတ်ပေ။
အခန်း(၂)ကဲ့ သို့သော အထူးတန်းမှ ကျောင်းသားများသည် ပင် ၊ သူတို့ ၏ ရှေ့တွင်သာရှိသည့် စာအုပ်ထဲမှ လေ့ကျင့်ခန်းများကိုသာ သိပြီး ၊ တကယ့် အနာဂတ်ကို မသိကြသူများ အမြောက်အများပင် ။
ထို့ကြောင့် ပညာအရည်အချင်း စွမ်းဆောင်ရည် တူညီနေလျှင်တောင် ၊ ရင့်ကျက်မှုက ကွာခြားလှပေသည်။
Xxxxxx
Part 146
ကျန်းကျစ်ယွမ်၏ ငယ်ရွယ်မှုနှင့် သိမ်မွေ့မှု အောက်တွင် ကျိုးကြောင်းဆီလျော်မှုနှင့်ရင့်ကျက်မှုတို့သည် ကျန်းယန်ရှန့် မျှော်မှန်းထားသည်ထက် သာလွန်နေသည် ။
ထို လူငယ်လေး၏ ဖခင်ဖြစ်သူ သေဆုံးမှုသည် သူ့ဘဝ၏ ဝမ်းနည်းစရာ သုံးခုအနက်မှ တစ်ခုဖြစ်လေသည်။
သူ၏ အဖေကို ဆုံးရှုံးလိုက်ရသော အချိန်သည် သူ၏ အမေကို ဆုံးရှုံး လိုက်ရသည့် အရွယ်နှင့် အတူတူပင်ဖြစ်သည်။ သူ၏ မိသားစုသည် သူ့၏ပထွေးသို့မဟုတ် မိထွေး၏ တရားမဝင်သော ကလေးများ၏ သွေးများ ရှိမည်မဟုတ်ပေ။ သို့သော် သူ့တွင် ငွေရေးကြေးရေး အခက်အခဲများ ဖိအားများက ရှိနေသည် ။
သို့သော် သူသည် ယခင်ဘဝက သူမ ရွေးချယ်ခဲ့သည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် ကိုရွေးချယ်ခဲ့သည် ။ သူသည် သူကိုယ်တိုင်နှင့် သူ၏ မိခင်အတွက် အလုပ်ကြိုးစားရန် ရွေးချယ်ခဲ့သည် ။
ဟုတ်ပေသည်။ ထိုလမ်းက မှန်ကန်သည်။
သူမ အတန်းထဲမှ ကျောင်းသားတစ်ယောက်ယောက်အား ခေါ်၍ သူ့အား နမူနာကြည့်ကာ အတူယူစေချင်လှသည်။
.....
ကျောင်းဆင်းချိန်တွင် ဆရာများသည် မကြာခဥဆိုသလို သူတို့ အတန်းကို အချိန်ဆွဲခေါ်လေ့ရှိသည် ။ ထို့ကြောင့် ကျောင်းဆင်းသည့် အချိန်သည် တစ်တန်းနှင့် တစ်တန်း ကွဲပြားသည် ။
သို့သော် ဆရာ ဆရာမ များသည် အခန်း (၈)မှ ကျောင်းသားများကိုတော့ ဆွဲခေါ်ရန် မလိုအပ်ဟု တိတ်တဆိတ် နားလည် ထားကြလေသည်။ ထို့ကြောင့် ကျန်းယန်ရှန့် ဘူတာရုံနောက်ဘက်သို့ ရောက်ေသာအခါ ရှုလီချန်သည် ကြိုတင်ကာ ရောက်နှင့်နေပြီဖြစ်သည် ။
သူက သူ၏ကားဆရာ ၊ ကျန်းယန်ရှန့်၍ ကားဆရာတို့နှင့် စကားစမြည်ပြောဆိုနေကြသည် ။ အချိန်အတော်အကြာတွင် ရှောင်ကျိုးနှင့် ၎င်းတို့နှစ်ယောက်သည် ရင်းနှီးလာခဲ့ကြသည် ။
သူမ လမ်းလျောက်လာနေသည်ကို တွေ့သောအခါ၊ ရှုလီချန် ကားတံခါးအားဖွင့်ကာ ပြောလိုက်သည် "အပြင်မှာ အေးတယ်…ကားထဲမှာပဲ စကားပြောရအောင် …"။
ကျန်းယန်ရှုန့် ရှောင်ကျိုးအား နှုတ်ဆက်ကာ "ကျွန်မကို ခနလောက်စောင့်နေပါ…"ဟု ပြောကာ ကားထဲသို့ ဝင်သွားလိုက်သည် ။
ရှုလီချန် သူမအတွက် ကားတံခါးအား ပိတ်ပေးလိုက်သည် ၊ ထို့နောက် အခြားတစ်ဖက်သို့သွားကာ ကားထဲသို့ ဝင်လိုက်လေသည် ။ သူ ကားထဲသို့ နေရာယူပြီးသောအခါ ကားတံခါး ပိတ်လိုက်သည် ။ ထို့နောက် ကျန်းယန်ရှန့် ဘက်သို့ လှည့်ကာ "နင်ပြောတဲ့ သက်သေ အထောက်အထားတွေကရော …"။
ကျန်းယန်ရှန့် သူမ၏ ကုတ်အင်္ကျီအိတ်ထဲမှာ တစ်ခုခုအား ထုတ်ယူကာ သူ့ကိုပေးလိုက်သည် ။
ကားထဲရှိ မီးအလင်းရောင်မှာ ထင်ထင်ရှားရှား လင်းထိန်နေသည် ။ အလျားလိုက် ခေါက်ရိုးများနှင့် လေးထောင့်ခေါက်ထားသည့် စက္ကူခေါက်တစ်ခုဖြစ်သည်။ တစ်ဖက်တွင် သေချာခေါက်ထားသည်။ အခြားတစ်ဖက်တွင် အလိပ်ကလေးလိပ်ထားသည်။ ထိုစာရွက်ခေါက်လေးသည် အိမ်စာ စာအုပ် မှဖြဲထားသည့် စာရွက် အပိုင်းအစလေး ဟု တစ်ယောက်ယောက်မှ အမှတ်တမဲ့ ကြည့်လိုက်ရုံဖြင့် အတပ်ပြောနိုင်သည် ။
"ဒီဟာပဲလား…" ရှုလီချန်မှ ပွစိပွစိလုပ်ကာ ထို စက္ကူခေါက်လေးအား ဖွင့်လိုက်သည်။
"တနင်္ဂနွေနေ့မှာ နင့် မိဘတွေကို မေးခွန်းတွေ သွားမထုတ်ဘူးလား …"။
ကျန်းယန်ရှန့် မေးလိုက်သည်
"မေးဖို့နေနေသာ သူတို့နှစ်ယောက်စလုံးကို လုံးဝတောင် မတွေ့ရဘူး…"။
ယဲ့ချင်ဝမ်…ရှုမူလင်……….
ထိုစကားလုံးများသည် ထိုစာရွက်ပေါ်မှစာကြောင်း သုံးကြောင်းပင်ဖြစ်လေသည် ၊ လူ နာမည် နှစ်ခုနှင့် ကျောင်းနာမည် တစ်ခု ဖြစ်သည် ။ ရှုလီချန် ထိုစာများ ကိုဖတ်ပြီးသောအခါ
ကျန်းယန်ရှန့်အား ကြည့်ကာ သူမ ဖြေရှင်းပြမည်ကို စောင့်နေလေသည် ။
ကျန်းယန်ရှန့် သူ့အား စိတ်ပျက်မသွားပဲ ရှင်းလင်းစွာ ပြောကြားလိုက်သည်
" ယဲ့ချင်ဝမ် ဆိုတာ နင့်အဖေရဲ့ လရောင်ဖြူေလးပဲ …လရောင်ဖြူဆ်ိုတာက ချစ်မြတ်နိုးရတဲ့သူ ငယ်ချစ်ဦးကိုရည်ညွှန်းတာ.."
ရှုလီချန် သူမအား ငေးကြည့်ကာ နေလေသည်
"လရောင်ဖြူဆိုတာကြီးက ငါ့အဖေ နာမည်ရဲ့ဘေးမှာ ဘာလို့ ရှိနေရတာလဲ…ကြောက်စရာကောင်းလိုက်တာ…" ။
ကျန်းယန်ရှန်သည်လည်း ဘာပြောရမှန်းမသိဖြစ်ကာ "ကောင်းပြီ…ငါတစ်ခြားသင့်တော်မယ့် စာလုံးရှာမတွေ့ဘူး…သူမက နင့်အဖေရဲ့ အချစ်ဦး…နင့်အဖေရဲ့နတ်သမီးလေးတောင် ဖြစ်နေနိုင်တယ်…သူမက သူမထက် အသက်အများကြီး ကြီးတဲ့လူတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ် …အဲ့အချိန်တုန်းက အဲ့ဒီလူရဲ့ စီးပွါးရေး အခြေအနေက နင့် အဖေထက် အများကြီး သာနေခဲ့တယ်…"။
"ငါ့အဖေကသူ ဟိုးအောက်ခြေကနေ စခဲ့ရတာလို့ ခနခန ပြောဖူးတယ်…"ရှုလီချန်မှပြောသည်။
"ကောင်းပြီ ဘယ်လိုပဲဖြစ်ဖြစ် အဲ့အချိန်တုန်းက အဲ့ဒီလူက နင့်အဖေထက်ချမ်းသာ နေခဲ့တယ်…သူမကအဲ့ဒီ့လူရဲ့ ဇနီးမယားဖြစ်ခဲ့တယ်…ကလေးလဲ ရခဲ့တယ် …သားလေးဖြစ်မယ်လို့ ထင်တယ်..ငါခန့်မှန်းရသလောက်တော့…" ကျန်းယန်ရှန့်သည် နောက်ဆုံးကိစအား အသေအချာမ မှတ်မိသည်မှာ သေချာပါသည်။
"မွေးလာတဲ့သူက ငါနဲ့ ညီအစ်ကိုလို့ ပြောတာမဟုတ်ဘူးလား…"။
"သူက နောက်မှမွေးတာ…သူမက သူမရဲ့ အရင် ယောက်ျားဟောင်းနဲ့လည်း ကလေး ရခဲ့သေးတယ်…အဲ့ဒါက ယောက်ျားလေးလား မိန်းကလေးလားတော့ မမှတ်မိတော့ဘူး…"
ကျန်းယန်ရှန့် ဆက်ပြောလိုက်သည်
"အတိုချုပ်ပြောရရင်သူ့ယောက်ျားက ဒေဝါလီ ခံလိုက်ရတော့ သူမကိုပါ အတူ ဆွဲခေါ်ချင်ခဲ့တယ်…ရလဒ်ကတော့ …သူမရဲ့ ယောက်ျား…သူမရဲ့ကလေးကို ကူညီပေးကြတဲ့ သူမရဲ့ မိဘတွေနဲ့ ကလေးအားလုံး သေသွားခဲ့ကြတယ် …သူ တစ်ယောက်ထဲပဲ အသက်ရှင်ကျန်ခဲ့တယ်…သူမရဲ့ ယောက္ခမတွေကလည်း သူမကို ကံဆိုးတဲ့သူလို့မြင်ပြီးတော့အိမ်ကနေ နှင်ထုတ်လိုက်တယ် …အဲ့ဒါကြောင့် သူမ အပြင်ရောက်သွားတယ်…သူက အိမ်အတွက် တိုက်ခိုက်မယ်ဆိုရင်လည်း အဓိပ္ပါယ်မရှိပြန်ဘူး…ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းမှာ သူတို့ပိုင်ဆိုင်တာတွေ အားလုံးရောင်းခဲ့ပြီးတော့သူတို့အကြွေးဆပ်ဖို့ လေလံပိတ်သိမ်းခဲ့ကြတယ်…"။
"သူမဘဝက စိတ်ဆင်းရဲစရာ ကောင်းခဲ့တယ်…နင့်အဖေက အဲ့အကြောင်းတွေကို ကြားတော့ မိန်းမလှလေကို ကယ်တင်မယ့် လူစွမ်းကောင်း ဖြစ်ချင်ခဲ့တယ်…"။
ရှုလီချန် ကားခေါင်မိုးအား အချိန်အတော်ကြာအောင် ကြည့်ပြီးလျှင် အံကြိတ်ကာ ခေါင်းငြိတ်လျက် "ငါ့အဖေက အံ့ဩဖို့ကောင်းတာပဲ…ပစ္စည်းကောက်သမားလိုမျိုး တစ်ပတ်ရစ် ပစ္စည်းကိုကောက်ခဲ့တာလား…"။
"အဲ့ဒါကြောင့်သူမက နင့်အဖေရဲ့ လရောင်ဖြူ လို့ပြောတာ…သူရဲ့ အချစ်စစ်တောင် ဖြစ်နေနိုင်တယ် "
ကျန်းယန်ရှန့် ထိုအချက်အား နားမလည်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျမ်းဟွမ်၏ အဘိဓာန်ထဲတွင် တကယ့်အချစ်ဟူ၍မရှိပေ သူသည် နွားအို မြက်နုကြိုက်သာ ဖြစ်သည်။
သူ့အား အချစ်စစ်အကြောင်း မေးလျှင် ကျန်းယန်ရှန့်၏ အမေနာမည်အား ထုတ်ပြောတတ်သည် ။ ၎င်းကိ ကျန်းယန်ရှန့် ရွံသည် ။ သူမ၏ သူ့အပေါ်နားလည်နိုင်စွမ်းအရ မဖြစ်နိုင်ချေမှာ မြင့်မားလှသည် ။
သူမ ထိုအကြောင်းကိုတွေးမိရုံဖြင့်ပင် အန်ချင်မိသည်။
"နောက် မကြာခင်မှာပဲ သူမက နင့်အဖေနောက် လိုက်လာခဲ့တယ် …သူမ ဗိုက်ကြီးတော့ နင့်အမေက ကိုယ်ဝန်အရင်ရှိနေခဲ့တာ …နင့်ရဲ့ညီကလဲ နင့်ထက် လပိုင်းလောက်ပဲ ငယ်တယ် ...ဒါပေမယ့် အဲ့ဒိအမျိုးသမီးက စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု လွန်ကဲပြီး စိတ်မမှန်ဘူး ဖြစ်နေတယ်…သူမရဲ့ သားအရင်းကတောင် သူ့ရဲ့ပုံစံတွေကို သဘောမကျခဲ့ဘူး…နင့်အဖေပါ သဘောမကျဘူးလို့ ကြားဖူးတယ်…"။
ထိုအရာသည် အချစ်စစ် မဖြစ်နိုင်လျှင် မည်သည့်အရာသည် အချစ်စစ်ဖြစ်နိုင်သနည်း။
"နင်ပြောတာ ဘာအဓိပ္ပါယ်လဲ…ငါ့အဖေက သူ့ကိုခေါ်တင်ထားပြီး ကလေးကို ပြုစုပျိုးထောင်ခဲ့တာ …ပြီးတော့ သူမက ရူးနေတာတဲ့လား…"။
ကျန်းယန်ရှန့်သည် ထိုအချက်အား ပြန်စဉ်းစားကြည့်လိုက်သည်
" အဲ့တာက စိတ်ကျန်းမာရေးမကောင်းတာတော့မဟုတ်ဘူး…ဒီတိုင်း တစ်ခါတစ်လေ မူမမှန်ရုံတင်ပါ …
သူမက နင့်အဖေနဲ့ တစ််နေကုန် အချိန်ဖြုန်းချင်တယ်…နင့်အဖေနားမှာပဲကပ်နေချင်တာ …တစ်ခါတစ်လေ နင့်အဖေ အရမ်းအလုပ်များလို့ သူမဆီမရောက်လာရင် သူမက အရမ်း စိတ်ဆိုးတယ်…အတိအကျ အသေးစိတ်တော့ ငါမသိတော့ဘူး…"။
အမှန်တွင် ကျန်းယန်ရှန့်သည် အသေးစိတ်အချက်အလက် များစွာသိထားသည် ၊ အဘယ့်ကြောင့်ဆိုသော် ရှုလီချန်က နောက်ပိုင်းတွင် ပြောပြခဲ့ခြင်းကြောင့်ဖြစ်သည် ။
သူတို့၏သားသည် တက္ကသိုလ်ဝင် စာမေးပွဲအား ရှုံးနိမ့်ခဲ့သည် ထို့နောက်တွင် ရှုလီချန်၏ ဖခင် သည် နိုင်ငံခြားသို့ ပို့ပစ်ချင်ခဲ့သည် ။ ယဲ့ချင်ဝမ် သည် ငြင်းဆိုခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူမ၏ သားဖြစ်သူမရှိပဲ သူမ မနေ နိုင်၊ သူမ ဒေါသူပုန်ထလိမ့်မည် ။သို့သော် သူမသည် ရှုလီချန်၏ ဖခင်ကိုလည်း ခွဲခွါကာ နိုင်ငံခြားသို့လည်းလိုက်မသွားနိုင်၊ ဤသို့ ဆိုလျှင်လည်း သူမ ဒေါသူပုန် ထဦးမည် ဖြစ်သည် ။
နောက်ဆုံးတွင်တော့ သူမကြောင့်ပင် ရှုလီချန်၏ ဖခင်သည် သူ၏ တရားမဝင်သားအား တရုတ်ပြည်ရှိ K city မှာ တက္ကသိုလ် သာ တက်ရောက်ရန် စေလွှတ်ခဲ့လိုက်သည် ။
သူ၏ နှလုံးသားထဲတွင်တော့ ထို တရားမဝင်သားလေးအား ရှုလီချန်ထက်ပင် ပို၍ ချစ်သေးသည် ။ သို့သော် ထို တရားမဝင်သားလေး၏ အမေကိုမူ ထို တရားမဝင်သား လေးထက်ပို ၍ ချစ်သေးသည်။
အို…ရှုပ်ထွေးလှသော လောကကြီးပင် မဟုတ်ပါလော။
ကျန်းဟွမ်သည် ယခုကဲ့သို့ စစ်မှန်သော ချစ်ခြင်းမေတ္တာ သူတော်စင် အား လာကြည့်သင့် သည်။
ထိုအချိန်တွင် ကျမ်းဟွမ်သည်လည်း ကျန်းယန်ရှန့်အား နိုင်ငံခြားသို့ ပို့ချင်နေပြီ ဖြစ်သည်။
ကျန်းယန်ရှန့်သည် သူမ၏ မိသားစု တစ်ခုလုံးအား လျန့်ယင်းယင်းနှင့် ထားခဲ့ဖို့ မဖြစ်နိုင်ပေ။ သူမ မိသားစုတစ်ခုလုံးအား အုပ်စိုးသွားမည်ကို ကြောက်နေမိသည်။
ထိုအချိန်၌ ယဲ့ချင်ဝမ်၏ သဘောထားက သူမကို တွန်းအားပေးခဲ့သည် ။
သူမကိုယ်တိုင်သည်လည်း နိုင်ငံခြား မသွားရန် ဆုံး ဖြတ်ကာ k city တွင်သာ နေထိုင်ခဲ့သည် ။
တစ်ဖက်တွင် ဆန့်ကျင်ဘက်အနေဖြင့် ရှု လီချန်အား သူ၏ မိခင်ဖြစ်သူမှ နိုင်ငံခြားကို အတင်းအကြပ်ပို့ခဲ့သည် ။
Xxxxx