Part 147
ကျန်းယန်ရှန့် ယခုတွင် ထိုကိစ္စများ ဖြစ်ခဲ့သည့် အချိန်ကို ပြန်လည် တွေးတောနေမိသည်၊ ရှုလီချန်၏ အမေသည် မှန်ကန်သော အရာအားလုပ်ခဲ့သည်ဟုသာ ခံစားရလေသည်။
ထိုအချိန်က တရားမ၀င်သားသည် ရှုလီချန်နှင့် အရှုပ်အထွေးများစွာ ဖြစ်နေသည်။ အကယ်၍ ထိုအတိုင်းသာဆက်သွားလျင် ရှုလီချန်၏ ဒေါသအရ
ထိုသူအား သတ်မိပေလိမ့်မည် ။
ရှုလီချန် အမေ၏ ကိုင်တွယ်ဖြေရှင်းပုံက ကြမ်ူတမ်းသော်လည်း မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်သည်။
သို့သော် ရှုလီချန် ရော သူမကိုယ်တိုင်ကပါ ထိုအချိန်က နားမလည်ခဲ့ပေ။
ရှုလီချန်နှင့် သူမအမေ၏ ဆက်ဆံရေးသည် အေးစက်လှသည်။ သူမ၏ နှလုံး သားထဲတွင် ငွေများနှင့်သာပြည့်နှက်နေပြီး သူ၏ အဖေထံမှ ပစ္စည်း ဥစ္စာများအား လုယူရန်သာ အာရုံရှိပြီး သူမ၏ သားအား ဂရုမစိုက်ဟု ခံစားခဲ့ရသည် ။
သို့သော် ကျန်းယန်ရှန့်သည် ထိုအချိန်က ရှုလီချန် မိခင်၏ အခြေအနေအား တွေးမိသည် ။ သူမ၏ ယောက်ျား သစ္စာဖောက်ခြင်းကို ခံခဲ့ရသည် ။ အငယ်အနှောင်း ၏သားသည် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့သည် ။ ရှုလီချန်၏ ဖခင်သည် ကုမ္ပဏီ တွင် အာဏာ ရှိသောသူဖြစ်သည်။ သူသည် ပိုင်ဆိုင်မှုများအား နည်းနည်းချင်းဆီ ပြောင်းရွှေ့ထားရန် စဉ်းစားခဲ့သည် ၊ ထို့ကြောင့်သူ့အား အပြုံးလေးနှင့်သာ အချိုသတ်ထားကာ ချစ်စရာ ဇနီးမောင်နှံအဖြစ် ဟန်ဆောင်နေရုံ သာရှိသည် ။
သူမ မည်မျှ ဖိအား ကို ခံခဲ့ရမည်နည်း။
သို့သော်လည်း သူမ၏ သွေးသားရင်းဖြစ်သည့် သားဖြစ်သူမှာ စိတ်ပျက်စရာ ကောင်းသည့်အပြင် ဆင်ခြင်တုံတရားမရှိပေ။
.....
"သူမရဲ့သားကဖြင့် ငါနဲ့အသက်အတူတူပဲ…သူမက အသက် အလတ်ပိုင်းလောက်ပဲ ရှိဦးမယ်…ဟုတ်တယ်မလား…ဒါ ဘယ်လို အချစ်ဝတ္ထု များ ပါလိမ့်…" ရှုလီချန် စိတ်ကုန်သွားသည် ။
ကျန်းယန်ရှန့် သူမ ပခုံးအား တွန့်ကာ "ရှုမူလင်က နင်ရဲ့ စျေးပေါတဲ့ညီပဲ…သူက သူများတွေရဲ့ ဂန္တဝင် ကလေးပဲ…မူကြိုကျောင်းအောင်ပြိီးထဲက သူ့ကို ယင်းဟွာ အထက်တန်းကျောင်းက ခေါ်ခဲ့တာ…နင် ယင်းဟွာကျောင်းကို သိလား…သူတို့မှာ နှစ်-လေး ကျောင်းစနစ်ရှိတယ် …၂-၄ စနစ်ဆိုတာ ဂျူနီယာ အထက်တန်းကျောင်း နှစ် နှစ် နဲ့ အထက်တန်းကျောင်းမှာ ၄ နှစ် …နင်က ကျောင်းရဲ့ အထက်တန်းကျောင်းကို တန်းသွားလို့ရတယ် …အလယ်တန်းကနေ အထက်တန်းအထိ ဆက်စပ်နေတဲ့သဘောမျိုးပဲ … သူသာ ငါတို့ ရီအထက်တန်းကျောင်း ကို လာမယ်ဆ်ို ထိပ်ဆုံးအတန်းကို တန်းတက်ရမှာပဲ"။
ရှုလီချန် မပျော်မရွှင်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည် ။
"နင့်အဖေက အဲ့ကလေးကို အရမ်းချစ်တာ…"
ရှုလီချန်သည် ဒေါသထွက်ကာ "ကျန်းယန်ရှန့်…"။
"နင်သည်းမခံနိုင်ဘူးလား…" ကျန်းယန်ရှန့် သူ့အား စိုက်ကြည့်လိုက်သည်။
ရှုလီချန်သည် "နင်ဒါတွေဘယ်လိုသိလာတာလဲ…သူတို့အကြောင်း ဘယ်လိုသိတာလဲ…"။
"ငါ သူများတွေအတင်းပြောနေတာကို ကြားခဲ့ရတာပဲ…"
ကျန်းယန်ရှန့်မှ မျက်နှာ အမူအရာ မပြောင်းပဲ လိမ်လိုက်သည်
"လူတွေကို အဲ့အကြောင်းတွေ သိစေချင်ရင် …နင်တစ်ယောက်ထဲ လုပ်လို့မရဘူး…kမြို့တော်က အကြီးကြီးပဲ…စီးပွါးရေးရပ်ကွက်တစ်ခုလုံးက အရမ်းကြီးတယ် …နင်မယုံရင် နင့်အဖေကို ငါ့အဖေအကြောင်း မေးကြည့်…သူတို့နှစ်ယောက်က လုပ်ငန်းအတူတူမလုပ်ထားပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိကြတယ်…အဖွဲ့အစည်းတစ်ခုခုမှာ တွေ့ကြဖူးတာဖြစ်လောက်တယ်…”။
သူကသည် ပါးနပ်စွာ ပြောခဲ့သည် "ဘယ်လိုပဲဖြစ်ဖြစ်အတင်းတွေက ငါ့ဆီကို ရောက်လာတာ …ငါလဲသေချာ နားထောင်ခဲ့တယ်…တစ်နေ့တော့ အဲ့ဇာတ်လမ်းထဲက အဓိက ဇာတ်လိုက်ရဲ့သားက ငါနဲ့တစ်ကျောင်းထဲ တက်နေတာကို သိလိုက်တယ်…သူက ငါ့က်ို ကလန်ကဆန်လိုက်လုပ်နေတဲ့ ကောင်လေးပဲ…"။
ရှုလီချန် ထိုရှင်းပြချက်ကို ယုံကြည်လိုက်သည် ။
"အခု နင်အားလုံးသိပြီးပြီ…နင်ဘာဆက်လုပ်မှာလဲ…"သူမက မေးသည်။
"ငါ…"ရှုလီချန်သည် ထိုစကားတစ်ခွန်းသာပြောကာ ဘာမှ ဆက်မပြောနိုင် ဖြစ်နေလေသည်။
ထိုကဲ့သို့ ကြီးမားသော မိသားစု ပြောင်းလဲမှု အောက်တွင် ပုံမှန်အားဖြင့် မာနကြီးတတ်သော လူငယ်လေးတစ်ယောက်ထံမှ မည်သို့သော ဆင်ခြင်တုံတရားအား မျှော်လင့် ရနိုင်ပါမည်နည်း။
ကျန်းယန်ရှန့်က သက်ပြင်းချလိုက်ကာ ပြောသည်"ငါကြားရတဲ့စကားတွေအရ သာဆို အဲ့အကြောင်းတွေကို နင့်အမေက ဟိုးအရင်ထဲက သိထားနှင့်ပြီးပြီ.."။
တကယ်တော့ ရှုလီချန်၏ အမေသည် ပိုင်ဆိုင်မှုများအား ထိုအချိန်တွင်တိတ်တဆိတ် လွှဲပြောင်းနေသင့်သည်။ သို့သော် ကျန်းယန်ရှန့်သည် ထိုကဲ့သို့သော လျှို့ဝှက်ချက်အား ကြိုတင် မပြောသင့်သေးပေ။
သူမသည် သူမ၏အမြင်အား ပြောင်းလဲကာ ပြောခဲ့သည် "နင့်ကို သတိပေးထားပါရစေ…နင့်အဖေနဲ့နင် ဘယ်လောက်ပဲ ဆက်ဆံရေး ကောင်းကောင်း နင့်ခေါင်းကို ရှင်းထားသင့်တယ်…အခု ကိစ္စမှာ နင့်အမေဘက်ကပဲ နင်ရှိနေသင့်တယ်…နင့်ကို အရင်တုန်းကလဲ ပြောဖူးတယ်…ဘာပဲဖြစ်ဖြစ်နင်က နင့်အမေရဲ့ တစ်ဦးတည်းသောသားပဲ…နင့်ကိုတစ်ခါတစ်လေသာ မန်တာ ရိုက်တာ ရှိတာ…ဒါပေမယ့် နင်က သူ့ရဲ့သားပဲ…နင့်အဖေဘက်ကတော့ …"။
"အနှေးနဲ့အမြန်ပဲ နင့်အဖေနဲ့အမေက ခွါပြဲကြလိမ့်မယ်…အခုတော့မဟုတ်တာ သေချာတယ်…သူတို့သာ ခွါပြဲကြမယ်ဆို နင့်အမေလို သန်မာတဲ့ မိန်းမမျိုးက ဟိုးအရင်ထဲက လုပ်ပြီးနေပြီ …သူမ ဘာလို့ အခုလိုမလုပ်နိုင်ရတာလဲဆိုတဲ့ အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်…ငါကတော့ နင့်ကို နင့်အဖေနဲ့စကားများပဲ နင့်အမေနဲ့ အရင် ဆက်သွက်ဖို့ အကြံပေးချင်တယ်…"။
"ငါတွေးမိတာကြာပြီ…နင့်အမေရဲ့အခြေအနေက အခုအချိန်မှာ ခက်ခဲနေလောက်တယ်…သူ့ယောက်ျားက တကယ့်မကောင်းတဲ့ကောင်…အဲ့ဒီ တရားမဝင် ကလေးအတွက် သူတို့ပိုင်ဆိုင်မှုတွေ ဘယ်လောက်တောင် ပြင်ဆင်ဖို့ စေလွှတ်ထားလဲ ဆိုတာ သူမမသိဘူး…သူမဖို့ အလုပ်ရော ခံစားချက်ရော ထိခိုက်ထားတယ်…သူမကို နင့်ကို မပြောပြနိုင်သေးလို့ အံ့ပဲကြိတ်ထားရတာဖြစ်မယ်…"။
"နင့်အမေကိုလည်း သူတို့ရဲ့ခံစားချက်တွေကို ပြေပြဖို့ နည်းလမ်း မရှိတော့ဘူးလို့လည်း နင် နားချလို့ရတယ်…ဘယ်လို အကျိုးကျေးဇူးတွေသာရမယ်ဆိုတာ ပြောပြလိုက်…နင်နဲ့နင့်အမေ စိတ်ဝင်စားရမှာကတစ်ခုပဲ…ပထမဆုံးအနေနဲ့ နင်တို့ နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လို ထိန်းသိမ်းထားရမလဲ ဆိုတာကိုပဲ အရင် စဉ်းစားထားကြ…"။
ရှုလီချန်သည် စက္ကူလုံးလေးအားသေချာဆုပ်ကိုင်ထားသည် ၊ လက်သီးအားတင်းတင်းဆုပ်လိုက်ခြင်းကြောင့် လက်ဖျံမှ သွေးကြောများသည်ပင် ထောင်ထသွားလေသည် ။ သူ အတော်ကြာ ဘာစကားမှ မပြောပဲ ရှိလေသည် ။
Xxxxxx
Part 148
ကျန်းယန်ရှန့်သည် ခေတ္တမျှ စောင့်စားပြီးလျှင် သူ မျက်ခုံး ပင့်ကာ မေးလိုက်သည်
" ဘာဖြစ်လို့လဲ…နင်က နင့်အဖေနဲ့လရောင်ဖြူ ရဲ့ စျေးပေါတဲ့ညီလေးကို လက်ခံဖို့ လုပ်နေတုန်းလား …ဟုတ်တာပေါ့ နင်တို့ ယောက်ျားတွေက မိန်းမတွေအများကြီးနဲ့ မယားငယ်တွေ အများကြီးရှိတာ အရမ်းကောင်းတယ်လို့ ထင်နေကြတာမလား …ဟုတ်တယ်မလား…"။
ရှုလီချန်မှ ရုတ်တရက် ရိုင်းစိုင်းသော စကားအားဆိုလေသည် "စောက်ပိုတွေမပြောနဲ့…"။
သူသည် ကျန်းယန်ရှန့်၏ မျက်နှာ လှလှလေးအား တစ်ချက် ကြည့်လိုက်သည် ၊ ထို့နောက် သူ၏ နှုတ်ခမ်းတွန့်ရုံ ရွဲ့ပြုံးပြုံးကာ ခါးခါးသီးသီး ပြောလေသည်
"ကျန်းယန်းရှန့် …နင့်ပါးစပ်က အရမ်း အဆိပ်ရှိတယ်လို့ ငါဘာလို့ ထင်နေရတာလဲ…"။
"အဲ့ဒါကတော့ ငါဘယ်သူနဲ့စကားပြောနေရလဲဆိုတာ မူတည်တယ်…"
ကျန်းယန်ရှန့်က ဆက်ပြောလေသည်
" နင့်လိုမျိုး ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း မရှိတဲ့လူမျိုးအတွက်ကတော့ အဆိပ်ရှိမှရမယ်…အဲ့လိုမှမဟုတ်ရင် နားမထောင်မှာ စိုးရတယ်…အဲ့တော့ ငါပြောတာတွေ ကြားလိုက်ရဲ့လား…"။
ရှုလီချန်သည် သူ့မျက်နှာအား တစ်ချက်ပွတ်လိုက်ကာ "ငါတော့ အဲ့ကောင်နဲ့သာ တွေ့ပြီး သူတို့နဲ့ ချလိုက်ချင်တယ်…"။
"သူတို့တွေက ရဲကို ခေါ်မှာပေါ့ပြီးရင် နင့်အဖေကို အသိပေးမှာ မြွေဖမ်းသလိုကိုဖြစ်ပြီး နင့်အမေရဲ့ စီးပွါးရေးတွေကို ကျရှုံးအောင်လုပ်မှာပေါ့…ဘယ်လိုပဲဖြစ်ဖြစ်နင်က အကူအညီ ဖြစ်မယ့်ဟာမျိုးလည်း မလုပ်တတ်ပါဘူး…အဲ့ဒါနင်နဲ့တန်တယ်…"။
"နင်…"ရှုလီချန်သည် အရမ်းဒေါသထွက်နေသောကြောင့် စကားပင် မပြောနိုင်။
သို့သော် သူမပြောသည်ကို ငြင်းဆန်၍မရ၊ အကယ်၍ သူသည် မဆင်မခြင်နှင့်သာ တိုက်ခိုက်ခဲ့လျှင် သူ၏ ရလဒ်မှာ အချည်းအနှီးပင် ဖြစ်ပေမည်။
"ဒါဆိုရင် ငါက သူ့ကို ဒီတိုင်း လွှတ်ထားလိုက်ရမှာလား…" သူသည် ရဲရဲတောက်နေသော မျက်လုံးများဖြင့် မေးလေသည်။
"အဲ့ဒါကြောင့် နင့်ကို ခေါင်းအေးအေးထားဖို့ပြောတာ…"
ကျန်းယန်ရှန့် သူ့အား အေးစက်စွာ ကြည့်လိုက်သည် ၊ သူ၏ အရင်ပုံစံအား ကြည့်နေရသကဲ့သို့ပင် "နင်က ရေစုန်စီးနေတာကို ဖြတ်လိုက်ရင်…ရေဆန်က အဆုံးမရှိ ထွက်လာလိမ့်မယ်..ဒါဆို ဘာအဓိပ္ပါယ် ရှိဦးမှာလဲ…"။
"ဘယ်သူက ပြသနာရဲ့အရင်းအမြစ်လဲဆိုတာ ရှာရမယ်…အဲ့ဒါက မယားငယ်လား…မယားငယ်ရဲ့သားလား…နင့်အဖေဆိုတာ အသိသာကြီးပဲလေ…"။
"နင်က နင့်အဖေရဲ့တရားမဝင်သားကိုပဲ မုန်းဖို့ လုပ်နေတာ မယားငယ်ကိုတောင်မဟုတ်ဘူး…နင်ကအဲ့တာကို ရိုးရှင်းတဲ့ကိစ္စလို့ ထင်နေတုန်းပဲမလား…နင်က မှန်ကန်တဲ့နေရာမှာ ရပ်တည်နေတယ်လို့ ခံစားရလား…ဒါပေမယ့် နင့်စိတ်ထဲမှာ ဘာတွေးနေတာလဲဆိုတာ ငါမမြင်နိုင်ဘူးထင်လို့လား…"။
ကျန်းယန်ရှန့်၏လေသံမှာ ပို၍မာလာသည်"နင့်အမေကို စိတ်ပျက်စေတဲ့ နင့်အဖေကိုတောင်နင်မမုန်းဘူး…နင့်မိသားစုကိုဖျက်စီးခဲ့တဲ့ မယားငယ်ကိုရောပဲ...နင်တစ်ကယ် ဘာကိုမူန်းလဲဆိုတာ ကြောင်လိုက်တာ…နင်မုန်းနေတဲ့တစ်ယောက်က နင့်အဖေရဲ့အချစ်တွေလုယူသွားတဲ့ မယားပါသားလေးကို မုန်းနေတာတဲ့ ဟာဟ…နင်ပထမဆုံးလုပ်မှာက မယားပါသားလေးကို ရိုက်ဖို့လုပ်တာတဲ့လား…ခွေးတစ်ကောင်လို ခုန်လိုက်…နင့်နဲ့ပိုင်ရှင်မြင်ရအောင် ပိုမြင့်မြင့်ခုန်လိုက်…ရှုလီချန်ရေ…နင်ဘယ်လိုတွေလုပ်နေလဲဆိုတာ ကြည့်ပါဦး…"။
ရှုလီချန်၏ မျက်နှာသည် နီရဲတက်သွားလေသည် ။
ကျန်းယန်ရှန့်၏ စကားလုံးများသည် ကြမ်းတမ်းလှသော်လည်း သူပြန်လည်ချေပရန် တတ်နိုင်ခြင်းမရှိ။
ကားထဲတွင် တိတ်ဆိတ်သွားသည် ။
အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးသည့်နောက် ရှုလီချန်မှ ထ ဆဲလေသည် "သေစမ်းကွာ…ငါအခု ဘာလုပ်သင့်လဲ…ငါ့ကိုပြောစမ်းပါ…"။
ကျန်းယန်ရှန့်သည် တစ်ယောက်ယောက်အား သေလောက်အောင် ရိုက်ပစ်ချင်လောက်သည်အထိ ဒေါသ ထွက်သွားသည်
" နင်…နင်နားကန်းနေတာလား…ငါနင့်ကို ဘာလုပ်ရမလဲဆိုတာ ပြောခဲ့ပြီးပြီလေ…နင့်အမေကိုသာ သွားမေးတော့…ငါက နင့်အမေ မဟုတ်ဘူး…"။
သူမ အမှန်တစ်ကယ်ပင် ရှုလီချန်၏ဝက်လိုသခေါင်းကို ခေါက်လိုက်ချင်သည်။
ကျန်းယန်ရှန့် စိတ်ဆိုးကာ ကားတံခါးကို ဖွင့်လိုက်သည် ။ ကံတားခါး အနည်းငယ် ဟသွားသောအခါ သူမ ရုတ်တရက်ရပ်လိုက်ပြီး ခေါင်းပြန်လှည့်ကာ
"ထားလိုက်ပါ…ငါအရူးနဲ့ပြိုင်ပြီး စိတ်မဆိုးချင်ဘူး…"။
"နင်ပျော်သွားနိုင်လောက်တဲ့ စကားတစ်ခုလောက်ငါပြောပြမယ်…"
" နင် နင်ရဲ့ တရားမ၀င်ညီလေးကို သေလောက်အောင် မုန်းတယ်မလား…ကောင်းပြီ နင့်ကိုပြောမယ်…သူက နင်သူ့ကိုမုန်းနေတာထက်တောင် နင့်ကိုပိုမုန်းနေသေးတယ်…သူ့အမေက ဆိုက်ကို…သေချာတာပေါ့ ဆိုက်ကိုရဲ့သားကလည်း ဆိုက်ကို ပဲ ဖြစ်မှာပေါ့…နင်က နင့်အဖေရဲ့ တရားဝင်ကလေးဖြစ်နေတာကို မုန်းနေတာပဲ…"။
"အဲ့လိုလူမျိုးတွေက သူတို့ဦးနှောက်နဲ့ ပတ်သက်ပြီး ပြသနာ ရှိနေတာ …သူ့ကို ရန်မစနဲ့…နင့်အမေက အနိုင်ကျင့်တတ်တဲ့သူမဟုတ်ဘူး…နင် နင့်အမေအပေါ်မှာ ယုံကြည်စိတ်ထားရမယ်…နင့်အမေရဲ့ လမ်းကြောင်းကို ရှုပ်အောင်မလုပ်လိုက်နဲ့…"။
သူမ ကားထဲမှ ထွက်မသွားခင်တွင် ထပ်ပြောခဲ့လိုက်သည်
"နင့်အမေနဲ့ စိတ်ရှည်ရှည်ထားပြီး စကားပြောကြည့်လိုက်စမ်းပါ…သူမအတွက် အဲ့ဟာက မလွယ်ကူလောက်ဘူး…"။
သူမ ကားထဲမှ ထွက်ပြီးသောအခါ ကားတံခါးအား စောင့်ပိတ်ပြီး တစ်ဖက်သို့လှည့်ကာ "ဒရိုင်ဘာ ကျိုး ရေ အိမ်ပြန်ကြရအောင်…"။
ရှုလီချန်တစ်ယောက်ထဲသာ ကားထဲတွင် ကျန်နေခဲ့သည် ။
....
ဗုဒ္ဓဟူးနေ့တွင် ကျန်းယန်ရှန့်သည် သူမ၏ အတန်းပိုင်ဆရာမထံသို့သွားကာ " ရူပဗေဒနဲ့ သင်္ချာ ဘာသာရပ် နှစ်ခုက သက်ဆိုင်နေမယ်ဆို ကျွန်မ လိုချင်နေတဲ့အချက်တွေက အများကြီးဖြစ်နေတယ်…အဲ့တာ အဆင်ပြေတယ်လို့ ဆရာမ ထင်လား…"။
သူမသည် သင်္ချာနှင့် ရူပဗေဒ သာသာရပ်နှစ်ခုလုံူတွင် မတော်ပါ၊ စုစုပေါင်းရမှတ်မှာ စိတ်ပူစရာဖြစ်နေသည်။ စာမေးပွဲအစစ်ကြီး မတိုင်မီပင် လဝက်လောက် ကျန်နေသေးသည် ထို့ကြောင့် စာမေးပွဲမတိုင်မီ သူမ အား ကူညီ ပေးနိုင်မည့် ဆရာမအား ရှာဖွေချင်သည် ။
ထိုအရာသည် ပိုက်ဆံသုံးရသည် ဖြစ်သည် ။
သူမ၏ အတန်းထဲမှ ဆရာမသည် ရူပဗေဒ သင်သည် ။ ထိုဆရာမသည် ကျောင်းအပြင်ဘက်တွင် ဝင်ငွေ အပိုရရန် ကျောင်းအပြင်ဘက်တွင် စာသင်ကြားသည် ။ သူတို့ကျောင်းရှိ ဆရာ ဆရာမ အင်အား များသည် ။ အလွန်တော်သော ဆရာမသို့မဟုတ် အထူးအဆင့် ဆရာမ များသည် အလွန် ရေပန်းစားသည် ။
သို့သော်လည်း ဆရာမများသည် သူမတို့၏ ကိုယ်ပိုင်အတန်းမှ ကျောင်းသားများအတွက် အတန်းများ လုပ်လေ့လုပ်ထ မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် အဓိက အားဖြင့် ပိုက်ဆံ ကိစ္စ ပြောဆိုရန် မလွယ်ကူသောကြောင့် ဖြစ်သည် ။
အတန်းပိုင်ဆရာမ မှ သူမကို ပြောသည် "ဆရာမ ကူရှာပေးပါမယ်…"။
ကျန်းယန်ရှန့်သည် ထိုကိစ္စအား အတန်းပိုင် ဆရာမ ကိုသာ ပုံအပ်ထားလိုက်သည် ။
နေ့လည်တွင် အတန်းပိုင်ဆရာမသည် သူမအတွက် ဆရာမ ရှာပြီးခဲ့သည် ဖြစ်သည် " ဆရာမ ရှု က ရူပဗေဒ သင်တာပဲ…သူမက တစ်နာရီကို ယွမ်၆၀၀…
ဆရာမာ က သင်္ချာ သင်တာ…သူကအထူးတန်းအဆင့် ဆရာပဲ…တစ်နာရီကို ယွမ် ၈၅၀ ပေးရမယ်…" ဆရာမသည် ကျန်းယန်ရှန့်အား သဘောတူမတူ မေးမြန်းခဲ့သည်။
ကျောင်းတွင် ကျောင်းသားများအတွက် သီးသန့် စျေးနှုန်းများ ရှိကြသည် ။ နိုင်ငံရပ်ခြားမှကျောင်းသားသည် ပို၍ စျေးပိုပေးရလေသည်။
ထို့ကြောင့် ကလေးတစ်ယောက် ပျိုးထောင်ရန် ငွေအမြောက်အများကုန်သည် ။ မိသားစု အများစုတွင် ကလေးများသည် ပိုက်ဆံအား စားပစ်သကဲ့သို့ပင် သုံး စွဲနေကြရသည် ။ ကလေးများအတွက် နွေရာသီ အားလပ်ရက်အတွက် တစ်လ သုံးသောင်းအသုံးပြုရန် မတတ်နိုင်ကြချေ။
သို့သော် ထိုပမာဏသည် ကျန်းယန်ရှန့်အဖို့ အသေးအဖွဲလောက်သာ ဖြစ်လေသည် ။ ထို့ကြောင့် သူမ သဘောတူခဲ့လိုက်သည် ။
အတန်းပိုင်ဆရာမမှ မေးလေသည် " မိဘတွေက ခွင့်ပြုထားပြီးသားလား…"။
ကျန်းယန်ရှန့်သည် "မဟုတ်ပါဘူး…သမီးရဲ့ မုန့်ဖိုးကို သုံးလိုက်လို့ရပါတယ်…"
အတန်းပိုင် ဆရာမသည် ကျန်းယန်ရှန့်အကြောင်းအနည်းငယ် အသေးစိတ် သိထားသည် ။ ထိုကောင်မလေးသည် ကျောင်းသို့ဝင်ရောက်ရန်အတွက် ငွေကြေး အကုန်အကျ ခံခဲ့သည် သို့သော် ရလဒ်အနေဖြင့် သူမ စာကြိုးစားကာ ကြိုတင်ပြင်ဆင်တန်းသို့ ဝင်ခဲ့သည် ။
သို့သော် စာသင်သော သူများအဖို့ သူတို့သည် အချိန်နှင့် လူပါ အားစိုက်ကာ အပိုဝင်ငွေရရှိရန် ကြိုးစားရသည် ။ ထိုသည်ကို သူတို့၏ ကိုယ်ပိုင် မုန့်ဖိုးနှင့် ကျူရှင်လခ ပေးနိုင်သည့် ကျောင်းသားများက ရှိနေသည် ။
အတန်းပိုင် ဆရာမ အနည်းငယ် ဝမ်းနည်းသွားမိသော်လည်း ထိုအတန်းအား ကျန်းယန်ရှန့် တက်ရောက်ရန်အတွက် စီစဉ်လိုက်လေသည်။
အဘယ့်ကြောင့်ဆိုသော် ထိုအတန်းသည် စာသင်နှစ်အဆုံးတွင်သာ ဖွင့်လှစ် သောကြောင့်ဖြစ်သည် ။ ဆရာ တစ်ယောက်ကို နေ့လည်ထမင်းစားချိန်တွင် စီစဉ်ရပြီး အခြားတစ်ယောက်ကို ကျောင်းဆင်းပြီး ညနေချိန်တွင် စီစဉ်ရသည် ။
K မြို့တော် မှ ပညာရေးဝန်ကြီး ဌာနသည် အထက်တန်းကျောင်း ပထမနှစ်တွင် ထိုသို့အတန်းများ ပြုလုပ်ခြင်းအား ခွင့်မပြုဟု သတ်မှတ်ထားသည် ။ ထို့ကြောင့် ပထမ တန်းမှ ကျောင်းသားများသည် ကျောင်းမှ စောစောဆင်းကာထို အတန်းအားတက်ရောက်ကြရသည် ။ ညစာ အတွက်သည်လည်း ဒုတိယနှစ် ၊ တတိယနှစ် ကျောင်းသားများနှင့် အတူ စားသောက်တန်းတွင် စားရန် စီစဉ်နိုင်သည် ။ ထိုအရာသည် အလွန် အဆင်ပြေလှပေသည် ။
ထိုအတန်းသို့ သူမ ညအချိန်တွင် တက်ရောက်နိုင်သည် ။
ကျန်းယန်ရှန့်သည် ရှောင်ကျိုးအား ဖုန်းဆက်ကာ သူမအား လာကြိုရမည့်အချိိန်ကို မှာကြားလိုက်သည် ။
ညနေစောင်း သူမ အိမ်သို့ပြန်ရောက်သောအခါ ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့ ပထမထပ်တွင် ကစားနေကြသည်ကို တွေ့လိုက်ရသည် ။
"အစ်မ ပြန်တာနောက်ကျလိုက်တာ…အစားရောစားပြီးပြီလား…" အငယ်မလေးက ဂိမ်းခလုတ်အား လွှင့်ပစ်ကာ သူမဆီသို့ မေးရန် အမောတကော ပြေးလာခဲ့သည် ။
သူမသည် အခြားသူများ အား ဂရုစိုက် ငဲ့ညှာလေ့ ရှိလေသည် ။
ထိုအရာသည် အလွန် ကောင်းမွန်လှသည် ။ ထို့ကြောင့် ဂွမ်းဂျာကင်လေးဟု အမည်ရခြင်းမှာ အံ့ဩစရာ မရှိ။ ဂွမ်းဂျာကင်လေး၏ အဓိပ္ပါယ်မှာ ဂွမ်းဂျာကင်လေး သာဖြစ်သည် ။ အခြား အဓိပ္ပါယ် မရှိ။ ထိုအရာသည် နူးညံ့ကာ သက်တောင့်သက်သာ ရှိလှသည့် လူများကို အနွေးဓာတ်ရစေရန် ပြုလုပ်ထားသည့် အရာပင်ဖြစ်သည် ။ ဘဝသည် ယေဘူယျအားဖြင့် အဖေနှင့်သမီး သို့မဟုတ် အမေနှင့်သမီးကြား ရင်းနှီးသည့် ဆက်ဆံရေးကို ရည်ညွှန်းသော ဥပမာ လည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သမီးများသည် အများအားဖြင့် သိမ်မွေ့နူးညံ့ကာ ထောက်ထားစာနာတတ်ကြပြီး မိသားစု အချစ်အား ပြန်ဆိုတတ်ကြသည် ။ ယေဘူယျအားဖြင့် ထို ဂွမ်းဂျာကင် လေးကြောင့် မိဘများ၏ မျက်နှာများသည် နှိုင်းယှဉ်၍ မရသော ပျော်ရွှင်ကျေနပ် မှုများနှင့် ပြည့်နှက်နေတတ်ခြင်းကြောင့်ဖြစ်သည် ။
ထိုသို့သောအရာအား ဤကမ္ဘာပေါ်ရှိ မည့်သို့သော လူသားက ခံနိုင်ရည် ရှိနိုင်မည်နည်း….။
Xxxx