Part 165
"ဝိုး သူမက အထက်တန်းလွှာမိသားစုတွေကြားမှာ လူပြောများနေတဲ့ မိန်းကလေးပဲ…."
ချန်းဝေ့ ကင်မရာကိုမြှောက်လိုက်ပြီး
" ညီလေးကျိုး နဲ့တခြားသူတွေကိုပြဖို့ငါဓာတ်ပုံရိုက်ထားရမယ်…ကောင်းပြီ ငါဒါကိုအဖွဲ့ထဲပို့လိုက်တော့မယ်….."
ယွဲ့စုန် အဖွဲ့ထဲသို့ပို့ထားသော အကြောင်းအရာကို နှိပ်ပြီး နှစ်ကြိမ်ခန့်ပြန်ကြည့်ပြီး ပြုံးမိလိုက်သည်။
" ရိုက်ပြီးသားဓာတ်ပုံကို ပြန်ပြီး edit လုပ်နေတုန်းပဲလားကွ….."
"ဘာကြီး…မဟုတ်ဘူး…ကြည့်ကြည့်ရအောင်…"
ချန်းဝေ့ ကင်မရာ setting ကိုဖွင့်ကြည့်လိုက်ပြီး beauty effect ကိုမဖွင့်ထားဖို့ ယုံကြည်နေမိသည်။
" ဒါကိုငါမဖွင့်ထားဘူးလေ….."
"မဟုတ်ဘူး….."
ယွဲ့စုန် မယုံသင်္ကာနှင့် ဓာတ်ပုံကိုစိုက်ကြည့်နေမိသည်။
ချန်းဝေ့က သူ့ခေါင်းကိုပုတ်လိုက်ပြီး
" သူမကအရမ်းလှနေလို့လို့ ဘာလို့မပြောတာလဲ….."
သူလည်း တခဏကြာမှ စိုက်ကြည့်နေမိခဲ့သည်။
သူတို့နှစ်ယောက်လုံး တခဏမျှ တိတ်ဆိတ်သွားပြီး လူများကြားမှ ထိုမိန်းကလေးကိုမြင်ရရန် ရှာဖွေနေမိသည်။
သူမ၌ တကယ့်အစစ်အမှန် လှပသောမျက်နှာလေးရှိသကဲ့သို့ သူမ၏ မိတ်ကပ်အပြင်အဆင်က အရမ်းအေးချမ်းလှပြီး သူမ၏ အသားအရေကလည်း မီးရောင်အောက်၌ ဝင်းပြီးချောမွတ်နေ၏။
" ဒါမိတ်ကပ်ကြောင့်ကွ….."
ချန်းဝေ့ ပြောလိုက်သည်။
" ဒါက မိတ်ကပ်ကြောင့်ပဲ…ငါတော့မယုံဘူးကွာ…
ဘယ်လို မိတ်ကပ်အကောင်းစားတွေသုံးထားလဲမှမသိနိုင်တာ…သူရဲ့ အဲ့ဒီ့မိတ်ကပ်တွေဖျက်လိုက်တာနဲ့ သူမတကယ့်ကို….."
ချန်းဝေ့ ဆက်မပြောနိုင်တော့ချေ။
သူတို့နှင့်မနီးမဝေးသော နေရာ၌ရောက်နေသော်လည်း ထိုမိန်းကလေး၏မိတ်ကပ်က အရမ်းထူမနေဘဲ ပါးပါးကြည်ကြည်လေးသာဖြစ်နေသည်ကိုတော့ သူတပ်အပ်ပြောနိုင်သည်။ နှုတ်ခမ်းနီအရောင်သည်ပင် အရမ်းကျက်သရေရှိလွန်းနေပြီး လူအများအား အေးချမ်းသောခံစားချက်ကိုပေးနိုင်သည်။
ထိုမိန်းကလေး သူမ၏ မိတ်ကပ်များကိုဖယ်ရှားပစ်လျှင်တောင် သူမ၏အသွင်အပြင်က အရမ်းပြောင်းလဲသွားမည်မဟုတ်ဟု သူခံစားနေရသည်။
ချန်းဝေ့ ပြောစရာစကားပင် မရှိတော့ချေ။
" မိတ်ကပ်ကြောင့်မဟုတ်ဘူးဆိုရင်…ဆိုလိုချင်တာက… သူမအသားအရေကအရမ်းကောင်းနေလို့ပေါ့….."
သူချစ်ရသော စီနီယာအစ်မကျန်း ဆိုရင်ဖြင့် အရမ်းအလုပ်များသည့်အတွက်ကြောင့် သူမနဖူး၌ဝက်ခြံအမာရွတ်လေးများရှိနေသေးသည်။ သူမကအသားအရမ်းဖြူသော်လည်း အသားအရေကဖြင့် ထင်သလောက်မကောင်းပေ။
"ချီးးး….."
ချန်းဝေ့ စိတ်တိုစွာဆိုလိုက်သည်။
" သူမက ပိုက်ဆံလည်းရှိတယ်…ရုပ်ရည်ကလည်းပြောစရာမရှိ…ငါအပြစ်ရှာမတွေ့လောက်အောင် အသားအရေကလည်းကောင်း… ဒါအရမ်းမနာလိုစရာကောင်းတာပဲ….."
ယွဲ့စုန်ရယ်မိလိုက်သည်။ သူ၏ဖုန်းအားတခဏမျှဘေးချိတ်ထားကာ ထိုမိန်းကလေးအားကြည့်နေမိသည်။
မျက်စိအစာကျွေးနေသည်ကဲ့သို့။
သူမအားတစ်စုံတစ်ယောက်ကကြည့်နေသကဲ့သို့ ကျန်းယန်ရှန့်ခံစားနေရသည်။
သူမ စင်အတွင်းပိုင်းသို့ သူမမျက်လုံးများနှင့်ဝေ့ဝဲကြည့်လိုက်သည်။ စင်ပေါ်မှ မီးမောင်းများက လိုက်ကာ ကာလန့်ကာချထားသည့်နှယ်ဖြစ်နေသည် ။ ထိုအရာ၏အနောက်ဘက်၌ရှိနေသောအရာအားမြင်နိုင်ရန်မဖြစ်နိုင်ခြေ။
ကျန်းယန်ရှန့်၏အကြည့်အား စင်ပေါ်၌ရှိနေသော ရွှယ်ရှင်းထုန်က အပြည့်အဝသိမ်းပိုက်သွားသည်။
စင်ပေါ်၌ရပ်နေသော ထိုအစ်မ၌ အရှိန်အဟုန်တစ်ခုရှိနေသည်။ ထိုအရှိန်သည် အေးမြခြင်းလည်းမဟုတ်၊လှပကျော့ရှင်းခြင်းလည်းမဟုတ် အရာတစ်ခုကိုရူးသွပ်ပြီး အနိုင်ရချင်စိတ်အပြည့်ရှိသည့်ဟန်ပန်မျိုးဖြစ်သည်။ သို့သော်လည်း ထိုအရာများသည် အတွေ့အကြုံများ၊ဘဝသင်ခန်းစာများမှ ရရှိလာသောအသိတရားများဖြင့် အကြိမ်ကြိမ်မွမ်းမံထားရကြောင်းသိသာထင်ရှားနေသည်။
ကျန်းယန်ရှန့်ဘာကြောင့်မှန်းမသိသော်လည်း ထိုအစ်မဆီမှ အကြည့်မလွှဲနိုင်ဖြစ်နေသည်။
သူမဘာကြောင့်မှန်းမသိသော်လည်း တစ်စုံတစ်ခုသောအရာက သူမ၏ နှလုံးသားအောက်ခြေမှပေါက်ဖွားလာခဲ့ပြီးနှင့်ပြီ။ သူမကငယ်ရွယ်သေးသော်လည်း သူမ၌ ဦးတည်ရာရည်မှန်းချက်ပန်းတိုင်တစ်ခုရှိနေပြီ။
လေလံပွဲက အဆင်ပြေပြေ ပြီးဆုံးသွားလေသည်။ အောင်အောင်မြင်မြင် အဆုံးမသတ်နိုင်ခဲ့သော လေလံပွဲဟူ၍မရှိခဲ့ဖူးပေ။
ရွှယ်ရှင်းထုန် တစ်ယောက်တည်း ရှေးဟောင်းကားတစ်စီးနှင့် အခြားလေလံပစ္စည်းသုံးလေးခုလောက်အား လေလံဆွဲခဲ့လိုက်သည်။
ကျန်းဟွမ်ကဖြင့် Qing Dynasty ထံမှ ကြွေရေစိမ်နာရီတစ်စုံအား ရခဲ့သည်။
" သမီးရဲ့အဖွားက ဒီလိုအရာတွေဆိုအရမ်းသဘောကျတာ…အဖေတို့ပြန်ရောက်ရင် သူမဆီပို့ပေးရအောင်…"
ကျန်းယန်ရှန့်အားလည်း သူမကြိုက်သည့်တစ်စုံတစ်ရာရှိလျှင်ပြောရန်ပြောခဲ့သည်။ လေလံပစ္စည်းအများစုက ရှေးဟောင်းအမျိုးအစားများဖြစ်လေသည်။ ကျန်းယန်ရှန့်ကဲ့သို့ ငယ်ရွယ်သောမိန်းမပျိုလေးတစ်ယောက်က ယင်းကဲ့သို့ပစ္စည်းမျိုးကိုစိတ်ဝင်စားမည်လော။ သူမက" ဘာမမရှိဘူး….."ဟုသာပြောလိုက်သည်။
သို့သော် သူမအပြန်လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ သူမက တိတ်ဆိတ်စွာနေနေကျဖြစ်သော်လည်း ယခုတိတ်ဆိတ်နေခြင်းက တစ်မူထူးခြားနေသည်။
ကျန်းဟွမ်တစ်စုံတစ်ရာကိုခံစားမိသလိုနှင့်မေးလိုက်သည်။
" သမီးပျင်းနေလား….."
"မဟုတ်ပါဘူး…လေလံပွဲကစိတ်ဝင်စားစရာကောင်းတယ်လို့တွေးမိလို့ပါ….."
ကျန်းယန်ရှန့်ပြန်ပြောလိုက်သည်။
"အော်… နောက်တစ်ခါကျရင်ကော အဖေနဲ့လာချင်သေးလား….."
ကျန်းယန်ရှန့်ခေါင်းငြိမ့်လိုက်ကာ
" သမီးမှာအချိန်ရှိရင်တော့လာချင်တာပေါ့….."
ကျန်းဟွမ် စိတ်ခံစားချက်ကောင်းနေသည်။ သူ အမျိုးသမီးကြီးများနှင့် ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံနိုင်ခဲ့ရုံသာမက သူ့သမီး၏ခံစားချက်အားလည်းကောင်းသည့်ဘက်သို့မြှင့်တင်ပေးနိုင်ခဲ့သည်။ ခဲတစ်လုံးနှင့်ငှက်နှစ်ကောင် ပစ်နိုင်သကဲ့သို့အဖြစ်မျိုးပင်။
ထို့အပြင် သူ့သမီးကြီးလာလျှင်လည်း အရည်အချင်းရှိသူများနှင့်များများတွေ့ဆုံပေးသင့်သည်။
သူက ၎င်းအကြောင်းတွေးနေတုန်းရှိသေး ကျန်းယန်ရှန့်က ရုတ်တရက်ထမေးလာသည်။
" သမီး ဒါရိုက်တာရွှယ်လိုလူမျိုး ဘယ်လိုဖြစ်လာနိုင်လဲ….."
ကျန်းဟွမ်အံ့ဩတကြီး ကျန်းယန်ရှန့်ကိုကြည့်လိုက်မိသည်။
သူ၏သမီးက သူ့အား စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်နေသည်။ သူအရင်ကတစ်ခါမှမမြင်ဖူးခဲ့သောပုံစံမျိုးနှင့်ဖြင့်။ သူမ၏မျက်လုံးများက လေးနက်မှုများနှင့်ပြည့်နှက်နေသည်။
အမျိုးသားနေ့ပြီးနောက် သူ့အေမ က သူ့အားသီးသန့်ပြောခဲ့သော စကားလုံးများကို သူ့နားထဲတွင်ပြန်ကြားယောင်လာသည်။
" ဒီကလေး အခုတလော စိတ်အရမ်းရှုပ်နေသလိုပဲ….."
ထိုအချိန်၌ ကျန်းဟွမ် အဖေတစ်ယောက်၏ တာဝန်ဝတ္တရားများကိုခံစားမိလာသည်။
သူ ထိုင်ခုံခါးပါတ်ကိုလျှော့လိုက်ပြီး မတ်မတ်ထိုင်လိုက်ကာ လေးလေးနက်နက်ပြန်မေးလိုက်သည်။
"သမီး အနာဂါတ်မှာ သူမလိုတကယ်ဖြစ်ချင်တာလား….."
ကျန်းယန်ရှန့်က "ဟုတ်ကဲ့" ဟု တိုက်ရိုက်မဖြေပေ။ သူမ ကျန်းဟွမ်ကိုကြည့်လိုက်ပြီး လေးနက်သောမေးခွန်းတစ်ခုပြန်မေးလိုက်သည်။
" အဖေကကော…အနာဂါတ်မှာ သမီးကိုဘယ်လိုလူမျိုးဖြစ်စေချင်လဲ….."
ကျန်းယန်ရှန့် သူကိုယ်တိုင်သတိမထားမိဘဲ လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်နေမိလျက်သားဖြစ်နေသည်။
သူမ ကျန်းဟွမ်၏အဖြေအား ကြားရရန် စိတ်ဝင်တစားနှင့်နားစွင့်နေမိသည်။
"အဖေဆိုရင်လား…"
ကျန်းဟွမ်ကပြောလိုက်သည်။ သူ ခဏကြာစဉ်းစားလိုက်ပြီး အတိတ်ကိုပြန်တွေးကာ
" သမီးက ငယ်ငယ်ကတည်းက စာကြိုးစားတဲ့သူ…အဖေနဲ့ သမီးအမေရယ်က သမီးကိုအရမ်းမျှော်လင့်ထားခဲ့တာ…အဲ့အချိန်က အဖေတစ်ယောက်အနေနဲ့ ငါ့သမီးကအရမ်းထက်မြက်လိုက်တာလို့တွေးမိတယ်… ငါ့သမီးလေးကြီးလာရင် စီးပွားရေးတစ်ခုကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာသူမကိုသင်ပေးမယ်ပေါ့….."
သူ၏မျက်ဝန်းများရုတ်တရက်စိုစွတ်လာသည်။
"သမီးအမေလည်းဒီလိုပဲတွေးတာ…သူမကိုယ်တိုင်ကလည်းအားနေတာကိုမကြိုက်တဲ့သူ…လုပ်ငန်းကိစ္စတော်တော်များများကိုလည်းကိုင်တွယ်နိုင်တယ်…တစ်ခါတုန်းကဆိုရင် လုပ်ငန်းတစ်ခုနဲ့ပူးတွဲလုပ်ဆောင်နိုင်ဖို့ကို သုံးရက်နဲ့သုံးညတိုင်တိုင်မအိပ်ဘဲကြိုးစားခဲ့တာ…သမီးရဲ့အဖွားကလည်း သမီးအမေကိုအရမ်းသဘောကျတာ…သမီးအမေသာနေမကောင်းဖြစ်ပြီးမဆုံးသွားခဲ့ရင် အဖေတို့ရဲ့ K City ရဲ့ ထက်မြက်တဲ့အမျိုးသမီးများစာရင်းမှာ သမီးအမေကထိပ်ဆုံးကပါဝင်နေမှာ….."
ကျန်းယန်ရှန့် လက်သီးဆုပ်များ တဖြည်းဖြည်းပြေလျော့လာသည်။
ကျန်းဟွမ် နှာရှုပ်လိုက်ပြီးဆက်ပြောသည်။
" ယန်ယန် မကြောက်ပါနဲ့…သမီးအမေမရှိတော့ဘူးဆိုပေမယ့် အဖေတော့ရှိပါသေးတယ်…အဖေကငယ်ရွယ်တုန်းရှိပါသေးတယ်…နောက်အကြာကြီးသမီးနဲ့အတူရှိနေမှာပါ…သမီးကြီးလာရင် အနာဂါတ်မှာ ရှောင်းရွှယ်ထက်မနိမ့်အောင်တော့ အဖေသင်ပေးမှာပါ…"
"အဖေသမီးအတွက်နဲ့ပိုက်ဆံနည်းနည်းတောင်မ
မခဲ့ဘူးမဟုတ်လား…"
"ဘာကြောင့်ဒီအရာတွေလာပြောပြနေသေး
တာလဲ…"
ကျန်းယန်ရှန့် ဤအကြောင်းအရာအား မည်ကဲ့သို့ဆက်ဆွေးနွေးရမည်ကိုမသိတော့ချေ။
သူမတွေဝေနေသည်ကို ကျန်းဟွမ်မြင်နေရသည်။ ထို့နောက် မျက်ရည်များကြားမှ ပြုံးလိုက်မိသည်။
သူမက အရမ်းထူချွန်ထက်မြက်ပြီးစိတ်ကူးကောင်းများလည်းရှိနေသည်။ သို့သော်လည်း သူမကကလေးတစ်ယောက်အဖြစ်သာရှိနေသေးသည်။ ဤကိစ္စတွင် သူမူလကရည်ရွယ်ထားသောပန်းတိုင်တစ်ခုက သူမအား အဖြေများကူရှာပေးနိုင်သော၊သူမ၌ရှိနေသောသံသယများအား ကူညီဖယ်ရှားပေးပြီး သူမအားအသစ်တဖန်ပြန်လည်မွေးဖွားစေနိုင်မည့်သူတစ်ယောက်ကိုရှာဖွေရန်ဖြစ်သည်။
ကျန်းဟွမ်က သူမလက်ကိုပုတ်လိုက်ပြီး
"မစိုးရိမ်ပါနဲ့…သမီးကခုမှအသက်ဘယ်
လောက်ရှိသေးလို့လဲ…စာသာကြိုးစားပြီး
တက္ကသိုလ်ကောင်းကောင်းဝင်နိုင်အောင်လုပ်…တခြားကိစ္စတွေခေါင်းထဲသိပ်မထည့်ထားနဲ့…သမီးကော ဟယ်ဟယ်ကောက ဉာဏ်ကောင်းပါတယ်…သမီးတို့နှစ်ယောက်လုံးကို ကျန်းအမျိုးသမီးငယ်လေးတွေဖြစ်အောင်အဖေ လေ့ကျင့်ပေးမှာပါ…အနာဂါတ်မှာ အဖေ့သမီးတွေကိုမြင်တဲ့သူတိုင်းက ' အိုး ကျန်းဟွမ်ကသူ့သမီးတွေကိုကောင်းကောင်းပြုစုပျိုးထောင်ထားတာပဲ…ပြီးတော့ သူ့ကလေးတွေက ဒါရိုက်တာရွှယ်ထက်မညံ့ဘူးဟေ့ ' လို့ပြောရလိမ့်မယ်…"
သူက အနာဂါတ်ကိုပုံဖော်နေပြီး ဂုဏ်ယူနေလေသည်။ သူ့၌ သားတစ်ယောက်ရှိသေးသည်ကိုရုတ်တရက်အမှတ်ရသွားသောအခါ အားမလိုအားမရဖြစ်သွားရသည်။
"ဒါပေမယ့် ရှို့ရှို့လေးကတော့ သိပ်အသုံးမကျဘူး…ဒီကလေးကိုကတော့ ပိုပြီးစည်းကမ်းတင်းကြပ်ရဦးမယ်…ဒါပေမယ့်လည်း အနာဂါတ်မှာ ဥက္ကဌရွှယ်ရဲ့သားလိုဖြစ်သွားမှာကိုတကယ်ကြောက်နေမိတယ်…ပြီးတော့သူက စာလည်းသေချာလိုက်မလုပ်ဘူး…"
သူ စိုးရိမ်တကြီးဖြင့် ဤအကြောင်းအရာများကိုပြောလာသည်။
Xxxxxxx
Part 166
သူအရင်က ဤလောက်စကားအများကြီးပြောဖူးသောသူမျိုးမဟုတ်တာကိုဖြင့် ကျန်းယန်ရှန့်မှတ်မိနေသည်။
ဒါက အသက်ကြီးလာလို့များလား။
လူတွေက သူတို့အသက်ကြီးလျှင် စကားအများကြီးပြောလာကြသည်။ မျက်ရည်များအားဖုံးကွယ်ဖို့ရန်လည်း လွယ်ကူလာကြသည်။
ခရီးတစ်ဝက်ရောက်သည်အထိ ကျန်းယန်ရှန့် သူမမေးအားထောက်ကာ ကားတံခါးပြင်ပမှ ရှူခင်းများအားကြည့်လာသည်။
လူမှုကူညီရေးအသင်း၏ အခမ်းအနားကဖြင့် ချောချောမွေ့မွေ့ပြီးမြောက်သွားလေသည်။ ယွဲ့စုန်နှင့်တခြားသူများက တစ်ခါထပ်၍အလုပ်ရှုပ်ကြရပြီး သိမ်းဆည်းစရာရှိရာများကိုသိမ်းဆည်းပြီး နောက်ဆုံးအလုပ်များပြီးစီးသွားလေသည်။ အခမ်းအနားသိမ်းဆည်းခြင်းသည် PR ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းပင်ဖြစ်သည်။
သူတို့အား ငှားရမ်းထားသူတစ်ဦးက
" အလုပ်ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်…"
ဟု ပြောပြီး သူတို့သွားနိုင်ပြီဖြစ်ကြောင်းပြောခဲ့သည်။
"ကဲ ပြီးသွားပြီ…"
ချန်းဝေ့ အကြောဆန့်လိုက်ပြီး သက်ပြင်းချကာ
"ငါ ဒီနေ့ တကယ့်ကမ္ဘာဆိုတာကြီးကိုမြင်ဖူးသွားပြီ…ဒီလူချမ်းသာတွေက သူတို့ရဲ့ကဒ်ပြားတွေကိုထောင်ဖို့နှစ်ခါပြန်မစဉ်းစားကြဘူး…ပြီးတော့ သူတို့က ဈေးနှုန်းကို ၁သိန်းလောက်လေးတိုးကြရတာကို စိတ်မရှည်ကြဘူး… တစ်ခါတည်းကို၅သိန်း ၈သိန်းတန်းတိုးပေးလိုက်ကြတော့တာပဲ…အလှည့်တိုင်းကို သိန်းနဲ့သန်းနဲ့ချီပြီးကိုအော်အော်ပြီးပေးကြတာဘယ်လိုတွေတောင်လား….."
စီနီယာအစ်မကျန်းကရယ်လိုက်ပြီး
"မင်းအတွက်ပိုကြိုးစားဖို့ စိတ်ဓာတ်ခွန်းအားမရဘူးလား…ငါတို့က ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေမဟုတ်ပေမယ့် ချမ်းသာတဲ့အသိုင်းအဝိုင်းဖြစ်လာအောင်တော့ကြိုးစားရမှာပေါ့…"
"စီနီယာအစ်မ အစ်မကအရမ်းရည်မှန်းချက်ကြီးတာပဲ…ဒီလိုလုပ်တာပိုကောင်းတယ်…အစ်မက ချမ်းသာလာအောင်လုပ်ပြီး ကျွန်တော့ကိုစောင့်ရှောက်လိုက်ပေါ့…ကျွန်တော်ထပ်ပြီး ကြီုးစားမရုန်းကန်ချင်တော့ဘူး…ဒီအတိုင်းလေးကလည်းအဆင်ပြေပါတယ်…မဟုတ်ဘူးလားယွဲ့စုန်…"
သူတို့သုံးယောက်စကားပြောလိုက်၊ရယ်လိုက်
နှင့် ဟိုတယ်လျှောက်လမ်းမှလှေကားများအတိုင်းဆင်းလာသည်။
" စီနီယာအစ်မ ဘယ်လိုပြန်မှာလဲ…"
ချန်းဝေ့မေးလိုက်သည်။
စီနီယာအစ်မကျန်းက ချိုသာသောအပြုံးလေးနှင့်
" ကျန်းပေါ် လာကြိုမှာလေ…ဟေး သူဒီမှာပဲ…"
ဧည့်ကြိုနေရာမှ ဆိုဖာခုံဆီသို့လက်ဝှေ့ယမ်းလိုက်ပြီး သူမပြောလိုက်သည်။
သူမ၏ချောမောခန့်ညားလှသောချစ်သူက သူမအား တစ်နာရီကြာမျှစောင့်နေခဲ့သည်။ သူတို့အသံကိုကြားသောအခါ သူက လျှောက်လာပြီး သူမ၏လက်အားဆွဲလိုက်သည်။
သူက K တက္ကသိုလ်မှ ဘွဲ့ရပြီးဖြစ်သည်။ ချန်းဝေ့ကော ယွဲ့စုန်ကော သူ့အားနှုတ်ဆက်လိုက်သည်။
" စီနီယာအစ်ကိုကျန်း…"
စီနီယာအစ်ကိုကျန်းက ဒီအခွင့်အရေးအား ယွဲ့စုန်ရှာတွေခဲ့သည်ကိုသိပြီးဖြစ်၍ သူ ယွဲ့စုန်အားတစ်ဖန်ကျေးဇူးတင်စကားဆိုလိုက်သည်။
" ကျေးဇူးတင်ပါတယ်…"
" စီနီယာအစ်ကိုကလည်း ရပါတယ်…စီနီယာအစ်မကလည်း ကျောင်းသားကောင်စီမှာဆို ကျွန်တော်တို့ကိုဂရုစိုက်ပေးနေကျပါ…"
အပြန်အလှန်နှုတ်ဆက်ကြပြီးနောက် နှစ်ယောက်လုံး ထွက်သွားသော ချစ်စရာကောင်းသော ထိုစုံတွဲလေးအား ကြည့်ရင်းကျန်နေခဲ့သည်။
ချန်းဝေ့ မနာလိုမှုများဖြင့် သက်ပြင်းချနေမိသည်။
ယွဲ့စုန်က သူ့ပုခုံးအားပုတ်လိုက်သည်။
စီနီယာအစ်မကျန်းက လှသည်။ အကျင့်စရိုက်လည်းကောင်းသည်။ သူမက ကျောင်းကောင်စီ၌လည်း အရေးပါအရာရောက်သူတစ်ဦးဖြစ်သည်။ စီနီယာအစ်ကိုကျန်းက အရပ်ရှည်ပြီးချောမောခန့်ညားသည်။ သူသည်လည်း ကျောင်း၌အရေးပါအရာရောက်သူတစ်ဦးဖြစ်သည်။
သူတို့နှစ်ယောက်က ကျောင်း၌ နာမည်ကြီးစုံတွဲတစ်တွဲဖြစ်ပြီး အရမ်းလည်းလိုက်ဖက်လွန်းသည်။
ထို့ကြောင့် သင် ဤကဲ့သို့ သူမျိုးအပေါ်၌ ချစ်စိတ်ဝင်နေမိလျှင် လျှို့ဝှက်ချက်တစ်ခုအနေနဲ့သာသိမ်းထားလိုက်ပါ။
" မင်းဘာလုပ်မှာလဲ…"
ချန်းဝေ့တစ်ယောက် သူ့ပုခုံးကိုတွန့်ကာ ယွဲ့စုန်၏လက်အားလှုပ်ခါရင်း
" ငါ့မှာအချစ်မရှိတော့သလိုခံစားနေရတယ်…သူတို့ကိုငါမနာလိုမဖြစ်သင့်ဘူးလေ…ငါ့မှာအသိတရားမရှိလို့မဟုတ်ပါဘူး…စီနီယာအစ်မကျန်းက စီနီယာအစ်ကိုကျန်းနဲ့မဟုတ်ရင်တောင် ငါ့ကိုသတိထားမိဖို့ဆိုတာမဖြစ်နိုင်ပါဘူးကွာ…"
ချန်းဝေ့က စဉ်းစားဉာဏ်ရှိသော သူတစ်ယောက်ဟုတွေးမိကာယွဲ့စုန်ပြုံးလိုက်မိသည်။
ဒီတစ်ခါ၌ ချန်းဝေ့က ယွဲ့စုန်၏ပုခုံးအားဖက်ကာပြောလိုက်သည်။
" ငါတို့လမ်းပတ်လျှောက်ကြရအောင်…ရထားစီးဖို့က ဒီနေ့ငါအရမ်းပင်ပန်းနေပြီ…တက္ကစီငှားပြီးပဲကျောင်းကိုပြန်ကြမယ်…တက္ကစီခငါရှင်းမယ်ကွာ…ငါမင်းနဲ့အတူစားလို့တော့မရတော့ဘူး…ငါ့မှာညနေအတွက် ရထားလက်မှတ်ကဝယ်ပြီးသားဖြစ်နေပြီ…အဲ့တော့ ကျောင်းပြန်ပြီး ငါ့အိတ်ဝင်ယူပြီးတာနဲ့ပြန်ရမယ်…"
တခြားအတန်းဖော်များကဖြင့် ဆောင်းရာသီကျောင်းပိတ်ရက်ကတည်းက အိမ်ပြန်သွားကြပြီဖြစ်သည်။ချန်းဝေ့ကဖြင့် ယခုအချိန်ထိ ဤပရောဂျက်၌ပါဝင်နေရသဖြင့် ကျောင်းကိုလျှောက်ထားကာ ကျောင်းဆောင်တွင်ဆက်နေထိုင်နေရခြင်းဖြစ်သည်။ သူတို့ဤရက်ပိုင်းအတွင်း အလုပ်ကြိုးစားနေရသောကြောင့် ယွဲ့စုန်လည်း ကျောင်းဆောင်တွင်လာရောက်နေထိုင်နေသည်။
" ငါ့မှာလုပ်စရာတစ်ခုကျန်နေသေးတယ်…အဲ့
တော့ငါအိမ်ကိုအရင်ပြန်ရမယ်…ဒီနေ့တော့ငါကျောင်းပြန်မသွားတော့ဘူး…"
ယွဲ့စုန်ကပြောလိုက်သည်။
" အေး ပြီးရောလေ…ဒါဆိုကျောင်းဖွင့်မှပဲ ညစာလိုက်ကျွေးတော့မယ်ကွာ…"
ချန်းဝေ့ အကူအညီအတွက် တစ်ခုခုပြန်ပေးဖို့စဉ်းစားနေခြင်းဖြစ်သည်။
ယွဲ့စုန်ပြုံးကာခေါင်းငြိမ့်ပြလိုက်ပြီး သူတက္ကစီထဲရောက်ချိန်ထိကြည့်နေလိုက်သည်။
ချန်းဝေ့ထွက်သွားပြီးနောက် ယွဲ့စုန်သူ့ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။
" ကျွန်တော် ဟိုတယ်ဂိတ်ပေါက်မှာ…"
မကြာမီ Bentley အနက်တစ်စီး ထိုးရပ်လာသည်။ ယွဲ့စုန် ကားတံခါးဖွင့်ပြီး ကားထဲဝင်လိုက်သည်။ ကားထဲတွင်ထိုင်နေသူက သူ၏ ဝမ်းကွဲအစ်မဖြစ်သူ ရွှယ်ရှင်းထုန်ပင် ဖြစ်သည်။
" မင်းကအရမ်းလျှိုတာပဲ…"
သူမကပြောလိုက်သည်။
ယွဲ့စုန်၏ အဝတ်အစားများကအရမ်းသာမန်ဖြစ်နေသည်။ ခေါင်းအစခြေအဆုံးခြုံကြည့်လျှင်တောင် နာမည်ကြီးတံဆိပ်အသုံးအဆောင်တစ်ခုမျှပင်မရှိချေ။ သူ၏အတန်းဖော်များနှင့် သူနှင့်အရမ်းရင်းနှီးပါသည်ဆိုသောအခန်းဖော်များပင် သူ့မိသားစုနောက်ခံအခြေအနေကို ဃဃနန မသိကြချေ။ ရွှယ်ရှင်းထုန်သည်ပင် မကောင်းသတင်းနှင့်ကျော်ကြားနေသည်မဟုတ်ပါလား။
" အဲ့တော့ဘာဖြစ်လဲ…ကျွန်တော့်ရဲ့မျိုးရိုးနာ
မည်က ယွဲ့လေ …ရွှယ်မှမဟုတ်တာ…"
ပြောပြီး ယွဲ့စုန် ပြုံးပြလိုက်သည်။
ရွှယ်ရှင်းထုန်သူ့အားရိုက်လေတော့သည်။
နှစ်ယောက်သား ဤနေ့လေလံပွဲအကြောင်းပြောနေကြသည်။ ဘယ်သူကဖြင့် သူတို့လုပ်ငန်းကိုအကျိုးတူပူးပေါင်းဆောင်ရွက်ကြရန် ဘယ်သူနှင့်စကားပြောနေသည့်အကြောင်း ၊ဘယ်သူနှင့်ဘယ်သူကဖြင့် နေရာတစ်နေရာအတွက် ခရိုင်ရုံးအဖွဲ့အစည်းအသင်းဝင်များရှေ့တွင် ရန်ဖြစ်တော့မလိုဖြစ်သွားသည့်အကြောင်း စသဖြင့် ပြောနေကြသည်။
သူတို့စကားပြောလို့ပြီးခါနီးတွင် ယွဲ့စုန်က သူ့ဖုန်းကိုထုတ်လိုက်ပြီး ပြလိုက်သည်။
" အစ်မရှင်းထုန်… အစ်မကိုလူတစ်ယောက်အကြောင်းမေးချင်လို့…အစ်မ သူမဘယ်သူလဲသိလား….."
ရွှယ်ရှင်းထုန်တစ်ချက်ကြည့်လိုက်ပြီး
"ဟိုး …ဘာဖြစ်လို့လဲ…မင်းသူ့ကိုကြိုက်နေလို့လား….."
သူ့မျက်လုံးအား ပြုံးပြီးကြည့်ကာ မေးလိုက်သည်။
"သူမ ဘယ်သူလဲဆိုတာတာ အရင်ပြောပါ…"
ယွဲ့စုန်ပြောလိုက်သည်။
ထိုမိန်းကလေးကအရမ်းငယ်သည်။ သူမဘေးပတ်ဝန်းကျင်၌ သက်လတ်ပိုင်းယောက်ျားလေးများထိုင်နေကြသည်။ ယွဲ့စုန်သူမဘယ်သူနှင့်အတူလာသည်ကိုမသိချေ။ သူ သူမအတွက်အနည်းငယ်စိုးရိမ်နေမိသည်။ သူမကအရမ်းလှနေသောကြောင့်ဖြစ်သည်။
သူ ထိုမိန်းကလေးအား တက်သစ်စသရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်နေမှာကိုစိုးရိမ်နေမိပြီး သူမဘယ်သူနှင့်အတူလိုက်လာတာလဲဆိုတာကိုပါသိချင်နေမိသည်။
တွေ့ခဲ့ရသည့်အချိန်ကတိုတောင်းလှသည်ဆိုသော်လည်းထိုမိန်းကလေးကိုသူမေ့ဖို့ခက်ခဲနေသည်။ ဤကိစ္စကသူမအတွက်အသေးအမွှားပင်ဖြစ်သည်။ ရွှယ်ရှင်းထုန်ကဲ့သို့လူမျိုးသည် သူမနှင့်တစ်ကြိမ်ဆုံးဖူးပြီးသော ဘယ်သူ့ကိုမဆိုမှတ်မိနေသည်။ သူမယွဲ့စုန်အား ဖုန်းပြန်ပေးလိုက်ပြီး သူ့ကိုစလိုက်သည်။
"မစိုးရိမ်ပါနဲ့…အဲ့မိန်းကလေးကမိသားစု
ကောင်းတစ်ခုကဆင်းသက်လာတာပါ…သူမက ကျန်းမိသားစုကြီးရဲ့မြေးပဲ…"
"ဘယ် ကျန်းမိသားစုလဲ…"
ယွဲ့စုန်မေးလိုက်သည်။
သူမက ကျန်းမိသားစုကြီးရဲ့ မြေးဖြစ်သည်ဟုပြောခဲ့သည်။ အမှန်၌ အမျိုးသမီးကြီး၏မျိုးရိုးနာမည်က စုန်ဖြစ်သည်။
" အမျိုးသမီးကြီး စုန်လျန့်ယင်းလေ…"
အမျိုးသမီးကြီး စုန်လျန့်ယင်းသည် K မြို့ ၌ ထက်မြက်သောအမျိုးသမီးစာရင်းဝင်သည်။ ရွှယ်ရှင်းထုန် သူမအကြောင်းပြောပြပြီးသည်နှင့် ယွဲ့စုန်သိပြီဆိုသောသဘောနှင့် ခေါင်းငြိမ့်လိုက်ပြီး
" ဒါဆို ကျန်းမိသားစုကပေါ့….."
သူရုတ်တရက်မှတ်မိလာပြီး မေးလိုက်သည်။
" သူမရဲ့အဖေက ကျန်းယွေ့မလား…"
" မဟုတ်ဘူး ကျန်းယွေ့ ကသူမရဲ့ဦးလေး…"
"သူမရဲ့အဖေက ကျန်းဟွမ်…အစ်မကပရောဂျက်တစ်ခုကိုကိုင်တွယ်နေရတယ်လေ…သူနဲ့တောင် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြသေးတယ်…"
ရွှယ်ရှင်းထုန်ကပြောပြနေသည်။
ဤကဲ့သို့ဆိုလျှင် ယင်းမိန်းကလေးနှင့်ကျန်းချီ ကညီမများမဟုတ်ကြပေ။ သို့သော် ဝမ်းကွဲညီအစ်မများဖြစ်ကြသည်။
ယွဲ့စုန် ဤအရာကကောင်းသည်ဟု တွေးမိလိုက်သည်။
ရွှယ်ရှင်းထုန်က အပြုံးလေးဖြင့်
" ဒါပေမယ့် ဒီမိန်းကလေးက…"
ဟု ပြောသံကြားလိုက်သောအခါ…။
ယွဲ့စုန် သူ့အစ်မ၏အသံ ပုံမှန်မဟုတ်မဟုတ်သည်ကိုခံစားမိ၍ သူ့မျက်ခုံးအားပင့်၍မေးလိုက်သည်
" ဘာဖြစ်လို့လဲ…"
ရွှယ်ရှင်းထုန် သူမရယ်ချင်စိတ်အားထိန်းထားကာ နောက်ဆုံး ထုတ်ပြောလိုက်သည်။
" သူမက ဒီနှစ်မှ အထက်တန်းပထမနှစ်မဟုတ်လား…"
သူမဟားတိုက်ကာရယ်မိတော့ သည်။ အမြဲတမ်းအပေါ်စီးမှာပဲနေသော သူမမိသားစု၏ ဤဝမ်းကွဲမောင်ငယ်လေးက အထက်တန်းပထမနှစ်လေးတစ်ယောက်ပေါ်တွင်ချစ်မိသွားသည်တဲ့။
Xxxxxxx