အပိုင်း ၁၇၁-၁၇၂
Viewers 28k

Part 171


ကျန်းယန်ရှန့် သည် သူမနှင့် ဖခင်ဖြစ်သူတို့ လိုက်လျော ညီထွေရှိမည့် အချိန်ရောက်လာမည် ဟု မမျှော်လင့်ထားခဲ့ပေ။ ကျန်းဟွမ် က သူမကို မျက်စပစ်ပြဖို့ပင် မလိုပေ။ ကျန်းဟွမ် စကားမဆုံးခင်မှာပင် သူဘာကိုဆိုလိုသလဲ ဆိုသည်ကို သူမ နားလည်ပြီးသား ဖြစ်သည်။ အဖိုးကြီးက သူ့အတွက် အခွင့်အရေးရရန် တိုက်ပွဲဝင်နေရှာသည်။


ထုံးစံအတိုင်း သူသည် သမီးဖြစ်သူကို ဂရုစိုက်ကြောင်း ပြခြင်း၊ သို့မဟုတ် သူမနှင့် ဝမ်းကွဲအစ်မ ဖြစ်သူတို့ကို အဘွားကျန်း ရှေ့တွင် မျက်နှာသာရစေရန် ပြိုင်ဆိုင်လိုခြင်း ဖြစ်နိုင်သည်။


အသားတင် ယွမ် သန်း ၁၀၀ ရှိသည့် မိသားစုကြီး တစ်ခုတွင်လည်း မိသားစု အချင်းချင်း ခင်မင်ရင်းနှီးမှု ရှိကြလေသည်။ ဥပမာအားဖြင့် ကျန်းဟွမ် နှင့် ကျန်းယု သည် ဆက်ဆံရေး‌ ကောင်းမွန်ကြသော ညီအစ်ကိုများ ဖြစ်လေသည်။ အကယ်၍ တစ်ဦးတွင် အခက်အခဲများရှိလျှင် နောက်တစ်ဦးက ရိုင်းပင်း ကူညီမည် ဖြစ်သည်။ သို့သော်လည်း အလွန် ချမ်းသာ ကြွယ်ဝကြသည့် အတွက် အချင်းချင်း ပြိုင်ဆိုင်လိုစိတ်များမှာလည်း  ကိန်းအောင်းနေကြပေသည်။ 


အချို့မိသားစုများ၏ သွေးထွက်သံယို ပြဿနာများနှင့် ယှဉ်လိုက်လျှင် ကျန်း မိသားစု၏ ပြဿနာများမှာ အနည်းငယ် ကောင်းမွန်ပြီး တစ်‌ဦးနှင့်တစ်ဦး သိက္ခာချဖို့ပင် မဆိုထားနှင့်၊စိတ်ဆိုးစိတ်ယုတ်များပင် မမွေးကြချေ။ 


ကိစ္စအများစုမှာ အဘွားကြီး ကျန်း သဘောကျစေရန် အားထုတ်နေကြခြင်း ဖြစ်လေသည်။  


ကျန်းဟွမ်က ကျန်းချီကပါ လိုက်ချင်ကြောင်း သိရသောအခါ ကျန်းယန်ရှန့်နှင့် ရန်ဖြစ်ကြမည်ကို စိုးရိမ်သွားသည်။


ကျန်းယန်ရှန့် ပြန်မပြောသေးခင် အန်တီဖြစ်သူက ဝင်ပြောလိုက်၏။


“ယန်ယန် က ငယ်သေးတယ်...သူမ ဘာသိဦးမှာလဲ...သူမ ကလေးတစ်ယောက်လို ပြုမူမှာပဲ...အမေ့ကို ဘယ်လိုလုပ် ပြုစုနိုင်မလဲလေ...ကလေးကို ဒုက္ခမပေးပါနဲ့..."


အဘွားကြီး က သူမ ထင်မြင်ချက်ကို ထုတ်မပြဘဲ မျက်စောင်းထိုးလိုက်သည်။


ကျန်းယန်ရှန့် သည် အဘွားဖြစ်သူက သူမအား  ဒုက္ခပေးမည့်သူ မဟုတ်ကြောင်း သိထားလေသည်။ ထို့ကြောင့် အဘွားကြီး ကျန်း မခံမရပ်နိုင် ဖြစ်ရသည့် အကြောင်းရင်းမှာ သူမကိုယ်ကိုယ် ' ငယ်ပါသေးသည် ' ဟု  ခံစားရခြင်းကြောင့်  ဖြစ်နိုင်သည်။


ကျန်းချီ ကလည်း ပြောလိုက်၏။


“ဒီလိုဖိုရမ်မျိုးက ပျော်စရာတွေ ဘာမှမရှိပါဘူး...တွေ့ဆုံပွဲတစ်ခုလိုပဲလေ... လူတွေပြောကြတဲ့ စကား‌တွေကို နားထောင်ရုံပဲ.... သိလား..ယန်ယန်...တကယ်ပျင်းစရာ ကောင်းတယ်....." 


မူလက သူမသည် ဖိုရမ်ကို တကယ်တက်ချင်သည်ဟု ပြောခဲ့ပြီး ယခုမူ ဖိုရမ်က ပျင်းဖို့ကောင်းသည် ဟု  ပြောနေပြန်သည်။ 


ကျန်းယန်ရှန့်  အနည်းငယ် စိတ်မရှည် ဖြစ်သွားရသည်။ အကယ်၍ ကျန်းချီ သည် သူမ၏ အမေက လျန့်ယင်းယင်း ကို အနိုင်ယူခဲ့သလို ကျန်းယန်ရှန့် ကိုမျက်နှာချင်းဆိုင် ဝံ့ကြွားခဲ့ပါက သူမကို  ဦးစားပေးနိုင်လိမ့်မည်။ သို့သော် ကျန်းချီ သည် သူမအား လှည့်စားပြီး သူမ ကိုယ်ကျိုးအတွက် လုပ်နေသကဲ့သို့ ပြုမူနေသဖြင့် သူမကို နစ်နာစေသည်။


 “အစ်မ ချီချီ ပျင်းနေရင်လည်း…သမီး အဘွားကို လိုက်ပို့ပေးမယ်...ဟိုတစ်လောက ဒါရိုက်တာ ရှု  စီစဉ်တဲ့ ပရဟိတပွဲကို အဖေနဲ့လိုက်သွားတာ အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်.... ကျောင်းမှာ ဘယ်တော့မှ ထိတွေ့ခွင့် မရတဲ့ အရာတွေလည်း အများကြီး သိခဲ့ရတယ်... တစ်ကယ်တော့ အပြင်လောကကို ထွက်ကြည့်လိုက်တာက အသစ်အဆန်းတွေကို သိခွင့်ရတယ်လေ....သမီးလိုက်ချင်တယ်....” 


ကျန်းဟွမ် ၏ ပါးစပ်ထောင့်များမှာ တလှုပ်လှုပ်ဖြင့် ကွေးညွတ်သွားရပြီး သူ့ကိုယ်သူ မရယ်မိအောင် အတင်း ချုပ်တည်းထားရလေသည်။ သမီးဖြစ်သူသည် သူမ အမေနှင့် စိတ်နေသဘောထားချင်း တူနေမှန်း သူသိထားလေ၏။


  


ကျန်းချီ က 'ပျင်းစရာကောင်းတယ်' ဟု ပြောစဥ်က ကျန်းယု နှင့် သူ့မိန်းမ တို့မှာ  ကျန်းချီ အပြော မှားသွားမှန်း သိလိုက်ကြသည်။ သို့သော်  ယခင်က ခေါင်းမာပြီး ညံ့ဖျင်းသော ကျန်းယန်ရှန့် မှာ  ပို၍ လက်သွက်လာလိမ့် မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။


ကျန်းချီ   အံ့အားသင့်သွားရပြီး  အဖွားဖြစ်သူကို ရှင်းပြရန် ပြင်လိုက်စဉ် သူမ၏ ဒုတိယဦးလေးက ဝင်ပြောလိုက်သည်။


"သမီးတို့ နှစ်ယောက်လုံး သွားကြပါလား...အဘွားက အသက်ကြီးလာပြီဆိုတော့ သမီးတို့နှစ်ယောက်က အတူတူ အဘွားကို ဂရုစိုက်လိုက်ကြလေ...."


ကျန်းယု ၏ဇနီးသည် သက်ပြင်းတစ်ချက်ချလိုက်သည်။တူမဖြစ်သူမှာ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း ခဲအိုဖြစ်သူမှာ အလွန်သဘောကောင်းသူ ဖြစ်သည်။ 


“ဟုတ်တာပေါ့...သမီးတို့နှစ်ယောက် အတူတူ သွားကြလေ...နှစ်ယောက်လုံး အမေ့ကို စောင့်ရှောက်လိုက်ကြနော်...”


ကျန်းယန်ရှန့် သာ လိုက်သွားပါက 'သူမက ဒုက္ခပေးလိမ့်မယ်' ဟု ပြောခဲ့မှန်း သူမလုံးလုံး မေ့သွားပုံရသည်။


လျန့်ယင်းယင်း က ဖက်ထုပ်ပန်းကန်ကို ကိုင်ထားပြီး သူမ ဘေးက စားပွဲပေါ်  တင်ခါနီးတွင် သူတို့ အုပ်စုဘက်သို့ လှည့်ကြည့် လိုက်ပြီး အလိုမကျ ဖြစ်သွားရသည်။ 


နောက်ဆုံးတွင် အဘွားကြီး ကျန်းမှာ ဆုံးဖြတ်ချက် ချရပါတော့သည်။ 


သူတို့အားလုံး အဘွားကြီး ကျန်းကို ကြည့်နေကြသည်။


အဘွားကြီး ကျန်းက ပြုံးပြီး ပြောလိုက်သည်။


 “ဒါဆိုလည်း အတူတူသွားကြတာပေါ့....” 


ကျန်းယု ၏ဇနီးသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကျန်းယန်ရှန့် ၏ မျက်နှာမှာ အမူအရာ မပြောင်းသော်လည်း ကျန်းချီ ၏ မျက်နှာမှာ မကျေနပ်ပုံပေါက်နေသည်ကိုတွေ့ရလေသည် သူမ စိတ်ထဲတွင် တိတ်တဆိတ် မုန်းတီးမိသည်။ 


သူမ မွေးထားသောသမီးဖြစ်သူသည်ကျန်းယန်ရှန့် နှင့် ကလေးဘဝကတည်းက ဘယ်တော့မှ မယှဉ်နိုင်ခဲ့ပေ။ အဘွားကြီးရှေ့တွင် သူမ(ကျန်းချီ(ထက် သုံးနှစ်ငယ်သည့်  ဝမ်းကွဲညီမဖြစ်သူကသာ အမှတ်ဝင်ယူသွားရသဖြင့် အဘွားကြီးမှာ သူမကို မျက်နှာသာပေးမည် မဟုတ်ချေ။


သူမကိုယ်တိုင် သမီး(ကျန်းချီ)ဖြစ်သူကို ကြိမ်ဖန်များစွာ ပြောဆိုဆုံးမထားသော်လည်း ထိုသမီးမိုက်မှာ နားလည်သဘောပေါက်ခြင်း မရှိချေ။ထိုကလေးမကို သူမမွေးထားသည်ဟုပင် ယုံနိုင်စရာမရှိပေ။


ကျန်းယု ၏ ဇနီးက ပြုံး၍ ပြောလိုက်သည်။


"ယန်ယန် လည်း သွားမယ်ဆိုတော့ ရှောင်လင်း ကို ခေါ်သွားလေ..." 


 သူမ စကားမဆုံးခင်  ကျန်းလင်း က


ဝင်ပြောလိုက်၏။


"သားမသွားချင်ဘူး.... ဒီလိုဖိုရမ်မှာ အထက်တန်းကျောင်းသားက ဘာသွားလုပ်ရမှာလဲ....သား အတန်းဖော်တွေနဲ့ စကိတ်စီးဖို့ ချိန်းထားတယ်....”


ကျန်းလင်း သည် ကျန်းယန်ရှန့် ထက် တစ်နှစ်သာ အသက်ပိုကြီးပြီး ယခုနှစ်တွင် အထက်တန်းကျောင်းတွင် ဒုတိယနှစ် တက်ရောက်နေခြင်း ဖြစ်သည်။ထို့ကြောင့် အထက်တန်းကျောင်းသားတစ်ယောက် အနေဖြင့် စီးပွားရေးဖိုရမ်များနှင့်  ငွေကြေး ဖိုရမ်များကို သူစိတ်မဝင်စားခြင်းမှာ သဘာဝကျသည်။


ကျန်းယန်ရှန့် မှာ မတူပေ။ ပြန်လည်မွေးဖွားလာသူတစ်ဦးအနေဖြင့် သူမသည် ကျန်းချီ ထက် ဉာဏ်ထက်သည်။ သူမ စိတ်ထဲတွင် ကျန်းချီ သည်  သူမနှင့် တန်းတူယှဉ်ပြိုင် ပိုင်ခွင့်လည်းရှိသည် ဟု ယူဆသည်။ အသက်တစ်နှစ်ပိုကြီးသော ကျန်းလင်း သည်  ကလေးဆန်ပြီး တစ်နှစ်ငယ်သော ကျန်းယန်ရှန့် မှာ ပို၍ ရင့်ကျက်နေသည်။ 


ကျန်းယု ၏ဇနီးသည် သားဖြစ်သူကို ဒေါသဖြစ်သွားရသည်။သားဖြစ်သူသည် ကျန်း မိသားစု ၏ အကြီးဆုံးမြေး ဖြစ်သော်လည်း ကျန်းချီ ကဲ့သို့ပင် ငယ်စဥ်ကတည်းက အဘွားကြီး ကျန်းမှာ ကျန်းလင်း ထက် ကျန်းယန်ရှန့် ကိုသာ အမြဲ မျက်နှာသာ ပေးခဲ့လေသည်။


နောက်ပိုင်းတွင် သူမ၏ ခယ်မဖြစ်သူ ကွယ်လွန်သွားခဲ့ပြီးနောက် ကျန်းယန်ရှန့် မှာ ​​သူမ၏  မိထွေးဖြစ်သူနှင့်အတိုက်အခံလုပ်၍ ကြီးပြင်းလာခဲ့ပြီးနောက် အဘွားဖြစ်သူနှင့် ပို၍ ဝေးကွာလာသည်။ 


Xxxxxx


Part 172


တစ်ဖက်တွင်၊ သူမ(ကျန်းယုဇနီး)သည် ကျန်းယန်ရှန့် အတွက် စိတ်မကောင်းဖြစ်ရပြီး တစ်ဖက်တွင်တော့ သူမသည် အရည်အချင်းရှိပြီး ချစ်လှစွာသော ခယ်မဖြစ်သူ၏ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးနောက်တွင် သူမကိုယ်သူမ ရပ်တည်ချိန်တန်နေပြီ ဖြစ်သည်။ ယခုအချိန်အထိ သူမ၏ သားဖြစ်သူနှင့် သမီးဖြစ်သူမှာ ကျန်းယန်ရှန့် ထက် နိမ့်ကျနေသည်ကို မည်သူမျှသိနိုင်မည် မထင်ပေ။


ကျန်းယု ၏ဇနီးသည် ကျန်းလင်း ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ 


ကျန်းလင်း သည် သူ့ကိုယ်သူ မှားသည်ဟု မခံစားရပေ အဘွားဖြစ်သူကလည်း သူ့ကို လိုက်ခဲ့ပါဟု အတင်းအကြပ်မခေါ်ခဲ့ချေ။ ထို့အပြင် သူမတို့ သုံးဦးသည် မိန်းကလေးများ ဖြစ်ပြီး သူက ယောက်ျားလေး ဖြစ်သောကြောင့် သူမတို့နှင့် မည်သည့် ဖိုရမ် မှ မသွားချင်ပေ။ 


"ထားလိုက်ပါ...သူ မသွားချင်ရင်လည်း ရပါတယ်....ဘာလို့ ဒီလို ကလေးကို ခေါ်သွားရမှာလဲ...ငါက သူငယ်တန်း တက်မှာမှ မဟုတ်တာ..." 


တကယ်တမ်းတွင် မရယ်စရာသည့် ဟာသတစ်ခု ဖြစ်သည်။ ကျန်းရှို့ချန် မှာ အဘွားဖြစ်သူ၏ စကားကြောင့် ရယ်မောလိုက်ပြီး  ကျန်လူများကလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ရယ်မောကြတော့သည်။


“သူငယ်တန်း...ဟားဟား...အစ်ကိုက သူငယ်တန်း တက်တော့မယ်.....ဟားဟားဟား...." 


သူ ရယ်လိုက်ရာက လူကြီးများပါ ရယ်မော သွားရသည်။ ဤကဲ့သို့ ပျော်ရွှင်ဖွယ် အငွေ့အသက်များ ဖြစ်ပေါ်လာပြီး ထိုကိစ္စလည်း ပြေလည်သွားခဲ့သည်။


ထို့နောက် ကျန်းမိသားစုတို့သည် အခုမှ ရင်းနှီးမှု ပြန်ရလာပြီး ပြုံးရွှင်စွာဖြင့်ဖက်ထုပ်စားရန် ပြင်လိုက်ကြသည်။


 လျန့်ယင်းယင်း ကသာ စိတ်ဆိုးသွားပြီး ကျန်းရှို့ချန် ကို နှစ်ကြိမ် လိမ်ဆွဲလိုက်၍ ဤမိသားစုဝင်များရှေ့တွင် အရူးတစ်ယောက်ကဲ့သို့ အော်မရယ်ရန် ပြစ်တင် ကြိမ်းမောင်းနေတော့သည်။


ထို့နောက် သူတို့အားလုံးသည် အဘွားကြီး ကျန်း နှင့် အတူ  နှစ်သစ်ကို အတူတကွ စောင့်ကြိုခဲ့ကြသည်။ည ၁၂ နာရီတွင် အချက်ပေးသံ မြည်လာသောအခါ ကျန်းလင်း သည် ကျန်းရှို့ချန် နှင့်အတူ အပြင်သို့ ပြေးထွက်သွားပြီး မီးရှူးမီးပန်း ပစ်‌ဖောက်ရန် အသင့်ပြင်လိုက်သည်။


အဘွားကြီး ကျန်းက သူမ၏ သားနှစ်ယောက်ကို ပြောလိုက်၏။


“သွားကြ...ကလေးတွေ လဲနေလိမ့်မယ်...လိုက်ကြည့်လိုက်ကြဦး...” 


ကျန်းယု နှင့် ကျန်းဟွမ် နှစ်ယောက်စလုံး ရွှင်မြူးစွာ လိုက်သွားကြသည်။


K မြို့တွင် ဗြောက်အိုးများနှင့် ဝါးလုံး မီးရှူးမီးပန်းများကို ပထမလ ၁၅ ရက်နေ့တွင် လွှတ်တင်နိုင်သည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။


အမျိုးသမီးများသည်  ကုတ်အင်္ကျီ များကို ၀တ်ဆင်ကာ ခြံဝင်းအတွင်းသို့ ရောက်ရှိလာသောအခါ မီးရှူးမီးပန်း များသည် ခြံဝင်းအတွင်း ပေါက်ကွဲ သွားကြသည်။


မြို့တော်ကြီး၏ ကောင်းကင်သည် လှပလာသည်။ မီးရှူးမီးပန်း များသည် လေထဲတွင် အဆက်မပြတ် ပေါက်ကွဲနေပြီး အရောင်အသွေးစုံကာ အမျိုးမျိုးသောအရောင်များအဖြစ်သို့ ပြောင်းသွားကြသည်။ 


နှစ်ဟောင်းကုန်ပြီး နှစ်သစ်ရောက်ပြီ.....အတိတ်ကို အတိတ်မှာပဲ နေပါစေ.....


ကျန်းဟယ်လင်း က မီးရှူးမီးပန်းများ ပေါက်ကွဲသွားပြီး ရောင်စုံတိမ်များကဲ့သို့ လင်းဖြာနေသော အစ်မဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်သည်။အစ်မဖြစ်သူ၏ မျက်လုံးများသည် ပေါက်ကွဲပွင့်ထွက်နေသော မီးရှူးမီးပန်းများကို ရောင်ပြန်ဟပ်နေသဖြင့် အရောင်အသွေး စုံနေ‌ကြလေသည်။


အစ်မက ဘယ်လိုနေနေ လှနေတော့တာပဲ...


ကလေးမလေးသည် နှစ်သစ်အစတွင်  ခက်ခဲသော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေတော့သည်။


နှစ်သစ်ကူးသည် အလုပ်များသော အားလပ်ရက် ဖြစ်ပြီး ဆွေမျိုးအချင်းချင်း နှစ်သစ်ကို ဆင်နွှဲကြသည့် ပွဲဖြစ်သည်။ ကျန်းဟွမ် နှင့် ကျန်းယု တို့၏ အဒေါ်များနှင့် ဝမ်းကွဲများက  အဘွားကြီး ကျန်းထံ လာလည်ကြပြီး ကျန်းဟွမ် နှင့် ကျန်းယု တို့မှာမူ အဒေါ်ဝမ်းကွဲ များနှင့်အတူ နှစ်သစ်ကူးပွဲကို ဆင်နွှဲရန် သွားကြသည်။ ဆွေမျိုးများသည် အလှည့်ကျ ရောက်လာကြပြီး နှစ်သစ်၏ အရသာကို ပြည့်ဝစေသည်။


နှစ်သစ်ကူးပြီး ခြောက်ရက် မြောက်နေ့တွင် အဘွားကြီးနဲ့ သူမ၏ အဒေါ်တို့က မိသားစုက ဧည့်ခံပွဲ ကျင်းပကြသည်။


ရောက်လာသည့် ဆွေမျိုးများသည်လည်း ကျန်းမျိုးရိုးများသာ ဖြစ်ကြသည်။ ပွဲအပြီးတွင် ဆွေမျိုးများက ကျန်းယန်ရှန့် မှာ  ရင့်ကျက်လာကြောင်း၊ ကျန်းဟယ်လင်း က လိမ္မာရေးခြားရှိကြောင်း နှင့် လူဆိုးကလေး ကျန်းရှို့ချန် ပင်လျှင် အလွန် စကားနားထောင်တတ်လာကြောင်း စသည်ဖြင့် ချီးမွမ်းခဲ့ကြသည်။


ကျန်းဟွမ် ၏ ရင်ဘတ်ထဲတွင် ၂ နှစ်ကြာ စူးဝင်နေခဲ့သော မနှစ်မြို့ဖွယ် ခံစားချက်သည်  ရုတ်တရက် ပြုတ်ကျသွားပြီး အသက်ရှုပါ ချောင်သွားရသည်။


ထို့နောက် အားလပ်ရက်များသည်  လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပိတ်ရက်ရှည်များလည်း ကုန်ဆုံးသွားကြတော့သည်။ အားလပ်ရက်များကို ကျော်လွန်ပြီးနောက် ပုံမှန် အချိန်ဇယားနှင့် လည်ပတ်သွားပြန်တော့သည်။


နှစ်စ ပထမလ၏ ၁၃ ရက် နေ့တွင် အဘွားကြီး ကျန်း သည် ကျန်းချီ နှင့် ကျန်းယန်ရှန့် တို့ကို  ဖိုရမ် တက်ရောက်ရန်နှင့် ထိုနေရာတွင် ကျင်းပသော မီးပုံးပွဲတော်ကို ဆင်နွှဲရန်အတွက် ရှေးဟောင်း ရေပေါ်မြို့, တစ်မြို့သို့ ခေါ်သွားခဲ့လေသည်။


ပထမလ၏ ၁၄ရက်နေ့ တွင် ကျန်းဟွမ် သည် အိမ်တွင် အနားယူနေဆဲဖြစ်သည်။ အားလပ်ရက်ရောဂါလက္ခဏာ မည်မျှပြင်းထန်နေပါစေ ဝန်ထမ်းများမှာ မဖြစ်မနေ အလုပ်ဆင်းရမည် ဖြစ်သော်လည်း သူဌေးဖြစ်သူမှာ အေးအေး ဆေးဆေး ဖြစ်နေသည်။


ကျန်းဟွမ် သည် နောက်ထပ် နှစ်ရက် ခန့် အနားယူမည်ဟု စဉ်းစားထားလေသည်။ သူက အောက်ထပ်သို့ ဆင်းလာရာ ကလေးနှစ်ယောက်မှာ ထမင်းစားဝိုင်းတွင် ထိုင်နေပြီ ဖြစ်သည်။ အိမ်အကူ အဒေါ်တစ်ယောက်က ကော်ဖီ နှင့် မုန့်များ ယူလာပေးလေသည်။ 


ကျန်းဟွမ် က ထောပတ်ပေါင်မုန့်ကြော်ကို ကိုက်လိုက်ပြီး သတင်းကို ကြည့်နေရင်း ကျန်းဟယ်လင်း က ကျန်းရှို့ချန် ကိုပြောနေသည့် အေးစက်စက် အသံကို  သူကြားလိုက်ရသည်။


 "နင် နေ့တိုင်း အိမ်စာဘယ်နှနာရီ လုပ်ရမှာလဲ....ဘယ်အချိန် ကစားရမလဲ... နင့်ကိုယ်နင် သိတယ်မလား...အချိန် မဖြုန်းနဲ့...."


ကျန်းဟွမ် သည်  သူ့သမီးငယ်လေးကို တစ်ချက်ကြည့်ကာ ထူးဆန်းသည်ဟု ထင်သော်လည်း ဘာမျှမပြောဘဲသတင်းကို ဆက်လက်ကြည့်ကာ ကော်ဖီကို လှမ်းယူလိုက်သည်။


ကျန်းရှို့ချန် သည် မုန့်စိမ်းကြော်ကဲ့သို့ ကုလားထိုင်ပေါ်တွင် တွန့်လိမ်နေသည်။ 


"သူမ အိမ်မှာမရှိဘူးလေ....ရက်နည်းနည်းကြာမှပြန်လာမှာ...သူမ မရှိပေမဲ့ နေ့ခင်းမှာ အိမ်စာလုပ်မယ်....တကယ်လုပ်မယ်....သားအရင်ဆုံး ကစားချင်တယ်...."


ကျန်းဟွမ် က ကော်ဖီကို သောက်လိုက်ရင်း သားဖြစ်သူကို  မော့ကြည့်လိုက်သည်။ 


"အစ်မ အနားမှာ မရှိတာနဲ့ နင် လုပ်ချင်သလို လုပ်လို့ရမလား.... နင်စာမကြိုးစားလို့ရှိရင် အစ်မ ပြန်လာရင် နင့်ကို ရိုက်မှာ...." 


သွေးသာရင်းချာချင်း စိတ်ချင်ဆက်နေပုံက အံ့မခန်းပင်။ ကျန်းဟယ်လင်း နှင့် ကျန်းယန်ရှန့် တို့သည် အ‌ဖေတူ အမေကွဲ ညီအစ်မများ ဖြစ်ကြသော်လည်း ကျန်းဟွမ် က သမီးငယ်၏ ပြောဆိုသံမှာ သမီးကြီးနှင့် တူနေသည်ဟု အောက်မေ့လိုက်သည်။


 "အဟမ်း....အဟွတ်...အဟွတ်...."


ကျန်းဟယ်လင်း သည် တစ်ခဏချင်း  နူးညံ့ပြီး လိမ္မာသော ကလေးမလေးအဖြစ်သို့ ပြောင်းလဲသွားပြီး သူမကထိုင်ခုံပေါ်မှ ခုန်ဆင်းကာ သူမ အဖေဆီ ပြေးလာလေ၏။


“အဖေ အဖေ အဆင်ပြေရဲ့လား....” 


သမီးငယ်လေးက သူ့အား အဆင်ပြေလား ဟု စိုးရိမ်စိတ်ဖြင့် မေးလိုက်သည့်အခါ စိတ်ထဲတွင် ကြည်နူးသွားရသည်။ သူ့ရှေ့က နူးညံ့ပြီး ချစ်ဖို့ကောင်းသည့် သမီးငယ်လေးကို ကြည့်လိုက်ရင်း သူ့ရင်ထဲတွင် ခံစားမှုတို့ရှုပ်ထွေးသွားရသည်။


"ဘာလို့ သမီးအစ်မလို‌ ပြောဆိုနေရတာလဲ..."


အလွန်ထူးဆန်းပြီး သူ့အတွက် ကြောက်စရာကောင်းနေတော့သည်။


Xxxxxx