အပိုင်း ၁၇၉-၁၈၀
Viewers 22k

Part 179


ရှုလီချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။


"အဲဒီနေ့ကသာ အတန်းထဲက အတန်းဖော်တွေနဲ့ ဒီအိမ်စာအကြောင်း မပြောပြခဲ့ရင် ငါတို့အိမ်စာတွေ လွဲနေတယ်ဆိုတာ ငါသိမှာ မဟုတ်ဘူး...ချီးပဲ....အတန်း ၅ မှာ အတန်း ၈ ထက် အိမ်စာဘယ်လောက် များများ လုပ်ရလဲ သိလား...."


ကျန်းယန်ရှန့်က အံ့ဩဟန်မပြဘဲ ပြောလိုက်သည်။


 "မများပါဘူး...ငါတို့အတန်းထက် တောင် အိမ်စာနည်းတယ်...နင်သွားပြီး‌တော့ အတန်း- ၁ အကြောင်းကို လေ့လာလိုက်ဦး... အတန်း -၁ မှာ အိမ်စာတွေ ဒီ့ထက်တောင် များသေးတယ်..." 


"ကျောင်းစတက်ရင် ငါ အတန်း-၈ ကို ပြန်ဆင်းတော့မယ်..." 


“ဆရာမကို သွားပြောလေ…”


ကျန်းယန်ရှန့်က မဲ့ကာရွဲ့ကာနှင့် ပြောနေလေသည်။


 " အေးပေါ့...ငါက လူယုတ်မာမကြီးပါ....ငါ အတန်း-၅မှာ ဆက်နေဖို့ မတန်ဘူး.,...မြန်မြန် အတန်း-၈ကို ပြန်သွား.."


အင်တာနက်ကွန်ရက်သည် လိုင်းကြောင်သွားပုံပြီး ကျန်ယန်ရှန့် ရုပ်ကို သဲကွဲစွာမမြင်ရတော့ပေ။ 


 "ကျန်းယန်ရှန့်....."


ရှုလီချန်က ဒေါသထွက်နေသည်။


"နင် ငါ့ကို ဖုန်းခေါ်တိုင်း နင် ငါ့ကို ဖဲ့တယ်... ဆူတယ်.... ဒါမှမဟုတ် နင်ငါ့ကို ဒေါသထွက်နေတာပဲ မဟုတ်လား..." 


 "ဒီတစ်ခါ မဟုတ်ဘူး..." 


ရှုလီချန်က  စားပွဲကို ပုတ်လိုက်ပြီး ပြောလေသည်။


 "နင် ငါ့ကို စကားပြောချင်လို့လား... ငါ့ကို ဘာပြောမှာလဲ....ဒါ သေချာပေါက် ကောင်းတဲ့ ကိစ္စတော့ မဖြစ်နိုင်ဘူး....”


ကျန်းယန်ရှန့် က ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။


“ကောင်းတဲ့ ကိစ္စပါ... ရှုလီချန်... နင့်လက်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ...."


ရှုလီချန်၏ ချမ်းသာမှုကို စိတ်ကူးပုံဖော်ကြသည့် မိန်းကလေးများစွာ ရှိသော်လည်း သူ့မှာ ငွေဘယ်လောက်ရှိလဲ ဆိုသည်ကို ဒဲ့မေးရဲသည့် မိန်းကလေး မရှိသေးပေ။


 "ဟင်..."


 "ငါ့မှာ အရမ်းကောင်းတဲ့ ပရောဂျက်တစ်ခု ရှိတယ်....အတူတူ ရင်းနှီးမြုပ်နှံဖို့ နင့်ကို ပြောချင်လို့..."


 'ဆောင်းရာသီအားလပ်ရက်တွင် အိမ်စာများနေသဖြင့် ညီးညူးနေသည့် ရှုလီချန်မှာ ရုတ်တရက် ကျန်းယန်ရှန့်က ရင်းနှီးမြုပ်နှံရန် ပရောဂျက်အကြောင်းပြောချလိုက်ရာ ရှုလီချန် ခေါင်းရှုပ်သွားတော့သည်။


 "ဘာကို ရင်းနှီးမြှုပ်နှံတာလဲ... နင် ဘာတွေ ရင်းနှီးမြှုပ်နှံနေတာလဲ..." 


ကျန်းယန်ရှန့်က တီးတိုးပြောလိုက်သည်။


 "ရင်းနှီးမြုပ်နှံမှုလေ... အရင်းအနှီး..."


 ထိုကောင်လေး၏ ရှုပ်ယှက်ခတ်နေသည့် မျက်လုံးများသည် ဗီဒီယို ဖန်သားပြင်သည် ရပ်သွားပြန်သည်။


"ကျန်းယန်ရှန့်...နင်က... လျှို့ဝှက်သေတ္တာကျနေတာပဲ...မဖွင့်ခင် အထဲမှာ ဘာတွေဖြစ်မလဲဆိုတာ မသိသလိုပေါ့…”


“စကားတွေ အများကြီး မပြောနဲ့... အရင် တွေ့ကြရအောင်...."


ကျန်းယန်ရှန့်က နာရီကို ကြည့်လိုက်ရာ ယခုအချိန်မှာ ရုံးဝန်ထမ်းတချို့ အိမ်ပြန်ရောက်ပြီး ညစာစားပြီးချိန် ဖြစ်သည်။


“မိနစ် ၄၀ လောက်ကြာရင် လိုင်လီစင်တာက အန့်လာ ကော်ဖီဆိုင်မှာ ဆုံမယ်.... နင် စိတ်ဝင်စားမယ့် အရာမို့ နောင်တမရ‌ချင်ရင်တော့.....”


ထိုသို့ ပြောပြီးနောက် သူမ ဖုန်းချလ်ုက်သည်။ 


 "ဟေး....ဟေး...ဟေး... ဟယ်လို...ဟယ်လို..." 


ရှုလီချန်က ဖုန်းစခရင်ကို စိုက်ကြည့်ရင်း ဆဲလိုက်သည်။


"ချီးပဲ...” 


'ငါက ဘာကို စိတ်ဝင်စားရမှာလဲ....


ကျန်းယန်ရှန့်က ငါ စိတ်ဝင်စားတာ ဘာလဲဆိုတာကို သိလို့လား...


သူမကို ကြည့်ရတာ ဘာကြောင့် ဒီလောက် ယုံကြည်မှုရှိရတာလဲ....


ဆောရီးပဲ.... ငါ စိတ်ဝင်စားမှာ မဟုတ်ဘူးဟေ့....'


.........


"ဘုရားရေ...သောက်ရမ်းမိုက်နေပါလား..."


ရှုလီချန်သည် လိုင်လီစင်တာရှိ အန့်လာကော်ဖီဆိုင်တွင် အော်နေတော့သည်။


"ဒါက ဘာလဲ...ဘာကြီးလဲ...ဟေး... မပိတ်နဲ့..."


 “ဒါက သုံးမိနစ်စာ ဒီမို‌...


ကျန်းယန်ရှန့်က လက်ပ်တော့ပေါ်ရှိ ခလုတ်ကို ပိတ်လိုက်ပြီး ပါဝါပွိုင့်ဖိုင်လ် ကိုဖွင့်လိုက်လျှင် စာမျက်နှာတစ်ခုဆီသို့ ရောက်သွားသည်။


 "ဒီရုပ်ရှင်ကို နေအဖွဲ့အစည့်မှ ထွက်ခွာခြင်း" လို့ခေါ်တယ်... မူရင်းဝတ္ထုကို ရေးသူက ဒါရန်း ပဲ...နင် သူ့ကို သိလား...."


ကံမကောင်းစွာနှင့် ရှုလီချန် ဒါရန်းကို မသိသေးပေ။အဘယ်ကြောင့်ဆိုသော် သူသည် သိပ္ပံ-စိတ်ကူးယာဉ် ရုပ်ရှင်များနှင့် သိပ္ပံ-စိတ်ကူးယာဉ် ဒရာမာများကို အလွန်နှစ်သက်သော်လည်း စာအုပ်များကို ဖတ်လေ့ဖတ်ထမရှိပေ။


"မသိဘူး...ဒီရုပ်ရှင်ကို တရုတ်နိုင်ငံမှာ ထုတ်မှာလား.....” 


"ဟုတ်တယ်‌‌လေ...သရုပ်ဆောင်တွေအကုန်လုံးက တရုတ်လူမျိုးတွေ‌လေ... မမြင်ဘူးလား...ဒါယန်းက တရုတ်ပြည်ရဲ့သိပ္ပံ-စိတ်ကူးယာဉ် စာပေမှာ ပထမဆုံး စာရေးဆရာပဲ.... 'နေအဖွဲ့အစည်း မှထွက်ခွာခြင်း' အကြောင်း ပြောပြမယ်... " 


တစ်နာရီကျြာသအခါ ရှုလီချန်က စားပွဲကို ဖြန်းကနဲ ရိုက်လိုက်သည်။ 


“ငါရင်းနှီးမြှုပ်နှံမယ်....ဘယ်လို ရင်းနှီးမြှပ်နှံရမယ် ဆိုတာသာ ပြော....ဘယ်လောက် ရင်းနှီးမြှုပ်နှံ ရမှာလဲ...."


"နင့်မှာ ငွေဘယ်လောက် ရှိလဲ ငါမသိပေမယ့်...ဒီပရောဂျက်က အရမ်းကောင်းပြီး ရင်းနှီးမြှပ်နှံဖို့ တန်တယ်လို့ ငါထင်တယ်......” 


"နင်က အရမ်းသူငယ်ချင်း ပီသတာပဲ...နင့်ကျေးဇူးကို မမေ့ပါဘူး...နင်ကရော ဘယ်လောက် ရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားလဲ...."


 "ငါ့ကိုယ်ပိုင် ပိုက်ဆံ ယွမ် ၄ သန်း ကတော့ ရနိုင်တယ်...အဖေ့ဆီက ၆ သန်း...ပြီးတော့ အဖွားဆီက ၁၀ သန်းလောက် ရမယ်လို့ တွေးထားတယ်.... " 


“ဟုတ်ပြီ.... ငါ့မှာ ၅ သန်း ၊ ၆ သန်းလောက်ရှိတယ်...ဆိုင်ကယ် ပြောင်းစီးချင်လို့ လို့ အဖေ့ကို ပြောပြီး နောက်ထပ် ၂၀၀၀၀၀၀ ဒါမှမဟုတ် ၃၀၀၀၀၀၀ ပေးခိုင်းပြီးမှ အမေ့ကိုလည်း အဲ့လိုပဲ သွားပြောလိုက်မယ်.. ဘာဖြစ်လို့လဲ....နင် ငါ့ကိုဘာလို့ဒီလို ကြည့်နေတာလဲ...." 


ကျန်းယန်ရှန့် ၏ မျက်လုံးများ မှိန်ဖျော့သွားကာ ခဏမျှ ငြိမ်သက်သွားပြီး ပြောလိုက်သည်။ 


"ရင်းနှီးမြှုပ်နှံ ချင်တယ်လို့ သူတို့ကို ပြောလို့မရဘူးလား...." 


"ငါ့ကို ဘယ်သူက ယုံမှာလဲ...." 


ရှုလီချန်မှာ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူကို ပိုက်ဆံစုမည်ဟုဆိုကာ တစ်ယောက် ယွမ်နှစ်ဆယ်စီ လိုက်တောင်း အင်တာနက်ကဖေးကို သွားသည့် မူလတန်းကလေးတစ်ယောက်နှင့် တူနေလေသည်။


"နင်က ကလေး ကျနေတာပဲ...ညံ့လိုက်တာ..ဒါလေးတောင် မလုပ်နိုင်ဘူး...နင်ကိုယ့်နင် ကလေးမှတ်နေလား....တကယ်တော့ နင့်ကိုယ်နင်ကိုယ့်ကလေး မှတ်နေလို့ နင်ကလေး‌အတွေး တွေးနေတာလား..”


Xxxxxx


Part 180


ရှုလီချန်သည် မရေမတွက်နိုင်သော မြှားများ သူ့ဒူးခေါင်းကို ထိသွားသကဲ့သို့ ဒူးထောက်ချင်လောက်အောင် ပင် ပျော့ညံ့သွားရသည်။


 "နင်ဘာတွေ ပြောနေတာလဲ..ငါတို့က အထက်တန်း ကျောင်းသားတွေလေ... ကလေးမဟုတ်ရင် လူကြီးမလို့လား..." 


'သူ တကယ့်ကလေးပါပဲ'


ကျန်းယန်ရှန့် တွေးမိလိုက်သည်။


ကျန်းယန်ရှန့်သည် ယခင်ဘဝတွင် သူမ အသက်၂၁ နှစ်ရှိစဉ်ကပင် သူမ အမှန်တစ်ကယ် လူကြီးတစ်ယောက်ကဲ့သို့ ရင့်ကျက်ရဲ့လားဆိုသည်ကို မတွေးတတ်တော့ပေ။ထိုအချိန်က နိုင်ငံခြားကို ရောက်‌နေသည့် ရှုလီချန်သည်လည်း လူကြီးဖြစ်သွားလား မသိပေ။ 


ကျန်းယန်ရှန့်က လက်တော့ပ် ကီးဘုတ်ကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်ကာ သူမ တခါမှ မခံစားဖူးသည့်  ပြန်လည် မွေးဖွားရခြင်း၏ အကျိုးကျေးဇူးများကို သူမ သဘောပေါက်သွားသလို ဖြစ်သွား ရသည်။


 သူမ လက်ပ်တော့ကို ပိတ်လိုက်ပြီး ပြောလိုက်သည်။ 


“ နင်... ပြန်သွားပြီး ပိုက်ဆံစုလိုက်...ပြီးတာနဲ့ ငါ့ကိုပြော..." 


သူမ မတ်တပ်ရပ်လိုက်သောအခါ ရှုလီချန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ သူမကို တားလိုက်သည်။


 "နင့်ရဲ့ ပါဝါပွိုင့်ဖိုင်လ် ငါ့ကို ကူးပေးဦး..."


  


"အိမ်ပြန်ရောက်ရင် နင့်ဆီ ပို့ပေးလိုက်မယ်..." 


နောက်တစ်နေ့တွင် ကျန်းယန်ရှန့် သည် ထုပ်ပိုးပြီး အောက်ထပ်သို့ ဆင်းသွားကာ ကျန်းဟွမ် က "ဟို!" ဟု သူမကို ချီကျူးလိုက်သည်။


ကျန်းယန်ရှန့်မှာ ဖခင်ဖြစ်သူသည် လွန်ခဲ့သောနှစ်ရက်ကပင် ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေကြောင်း သိသွားရသဖြင့် သူ့ကို သိပ်ဂရုမစိုက်ချင်ပေ။


"အစ်မ... ဒီနေ့ လူကြီးနဲ့ တူတယ်..." 


ကျန်းယန်ရှန့်သည် အနောက်တိုင်း အ၀တ်အစားများကို ၀တ်ဆင်ကာ မိတ်ကပ်လိမ်းထားပြီး ဆံပင်ကို လှိုင်းတွန့်ပုံ ကောက်ထားသည်။


ကျန်းဟွမ်သည်  ထမင်းစားပြီးနောက် ကျန်းယန်ရှန့်ကို ကျန်းကုမ္ပဏီ ဌာနချုပ်သို့ ခေါ်သွားသည်။ သပ်ရပ်စွာ  ၀တ်ဆင်ထားသော အဘွားကျန်း သည် ကျန်းယန်ရှန့် အတွက် အချိန် ဖယ်ထားပြီး အစည်းအဝေးခန်းကိုပါ စီစဉ်ပေးခဲ့သည်။ အတွင်းရေးမှူးက ကျန်းယန်ရှန့် ၏ လက်ပ်တော့ကို ပရိုဂျက်တာ နှင့် ချိတ်ဆက်ပေးလိုက်ပြီး အခန်းအပြင်သို့ ထွက်သွားလေသည်။ 


အဘွားကျန်းနှင့် ကျန်းဟွမ်တို့သာ အစည်းအဝေးခန်းထဲတွင် ကျန်ခဲ့သည်။ ဤလူနှစ်ယောက်သည် ကျန်းယန်ရှန့် နှင့် အလွန် ရင်းနှီးသည့် သွေးသားရင်းချာ များဖြစ်ကြသည်။ 


သူတို့နှစ်ယောက်စလုံးက သူမကို ပြုံးပြီး မျှော်လင့်ချက်ဖြင့် ကြည့်နေကြသည်။ သို့သော် ကျန်းယန်ရှန့် က မောက်စ်ကို ပါဝါပွိုင့် ဖိုင်လ်ပေါ်ကို ပွတ်ဆွဲလိုက်သည့်အခါ သူမ၏ လက်ဖဝါးတို့ ချွေးထွက်‌ နေသည်ကို သိသိသာသာ ခံစားလိုက်ရ၏။ ထို့နောက်  ကျန်းယန်ရှန့် က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမပြင်ဆင်ထားသည့် ဖိုင်လ် ကိုဖွင့်ရန် ကလစ် နှစ်ချက်နှိပ်လိုက်သည်။ 


"နာမည်ကြီး နိုင်ငံခြား စိတ်ကူးယဉ် စိတ်ကူးယဉ် ဇာတ်ကားတွေကို ကြည့်လိုက်ရင် အရမ်းထူးခြားတဲ့ ဖြစ်စဉ်တစ်ခုကို တွေ့ပါလိမ့်မယ်..." 


ကျန်းယန်ရှန့် က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။


 "အဲ့ဒါက သိပ္ပံ-စိတ်ကူးယဉ် ဇာတ်ဝင်ခန်းတွေမှာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို မမြင်ရတာပါ...စိတ်ဝင်စားစရာကောင်းတာက ကမ္ဘာ့လူဦးရေ ရဲ့  ၂၀% ကျော်ရှိတဲ့ တရုတ်လူမျိုးတွေဟာ အနောက်တိုင်း သိပ္ပံ-စိတ်ကူးယဉ် ရုပ်ရှင်တွေမှာ မပါကြပါဘူး... ဘာဖြစ်လို့လဲဆိုတော့ အနောက်တိုင်းသားတွေက တရုတ်လူမျိုး‌တွေကို သရုပ်ဆောင် ခွင့်မပြုလို့ပါ.... ” 


“ဒါပေမယ့် တရုတ်နိုင်ငံဟာ တကယ့်ကို သိပ္ပံစိတ်ကူးယဉ်တွေ မရိုက်ဘူးလား.... တရုတ်လူမျိုးတွေက စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေ ကြည့်ရတာ ကြိုက်ရဲ့လား.... တရုတ်နိုင်ငံမှာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေအတွက် ဈေးကွက် ရှိလား...စတာ,တွေက ကျွန်မတို့ တရုတ်နိုင်ငံသားတိုင်း သိချင်နေကြတာ ဖြစ်ပါတယ်...."


ကျန်းယန်ရှန့်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ  စာမျက်နှာတစ်ခုကို ရောက်သွားပြီး ပထမဆုံး ဒေတာပေါ်လာသည်။ 


“ဒါဟာ လွန်ခဲ့တဲ့နှစ်တွေက နိုင်ငံခြား စိတ်ကူးယဉ်ဇာတ်လမ်းတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောက်စ်အော့ဖစ် နဲ့ တရုတ် ဘောက်စ်အော့ဖစ်တို့ ဖြစ်ပါတယ်... ဒီရုပ်ရှင်ကားတွေရဲ့ ထူးထူးခြားခြားရလဒ်တွေကို ကြည့်လိုက်ရင် တရုတ် ဘောက်စ်အော့ဖစ်က ပိုပြီးကြီးမားတယ်ဆိုတာ မြင်နိုင်ပါတယ်....”


“ဒါပေမဲ့ ဒီအမြတ်အစွန်း ရနေကြတဲ့ သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်တွေအကုန်လုံးက နိုင်ငံခြားရုပ်ရှင်တွေပါ.... အခုထိကျွန်မတို့ဟာ တရုတ်နိုင်ငံမှာ အမှန်တကယ်ဖန်တီးနိုင်တဲ့ သိပ္ပံ-စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်မှ မရှိဘူးလို့ ပြောလို့ရပါတယ်...ဟောလိဝုဒ်နဲ့ ယှဉ်နိုင်တဲ့ ပြည်တွင်းသိပ္ပံဝတ္ထု ဇာတ်လမ်းတွေလည်း မရှိပါဘူး....” 


“ဒါပေမယ့် ဒါက ဈေးကွက်ပြဿနာ မဟုတ်ပါဘူး... အခုဆိုရင် တရုတ်ပြည်မကြီး ဈေးကွက်မှာရှိတဲ့  ရုပ်ရှင်တွေရဲ့ စုစုပေါင်း ဘောက်စ်အော့ဖစ်ဟာ ယွမ် ၃၀ ဘီလီယံအထိ မြင့်မားနေပါပြီ.... စျေးကွက်မှာ အကြီးကျယ်ဆုံး အနိုင်ရသူက ဘယ်သူလဲ ဆိုရင်..." 


ကျန်းယန်ရှန့်က စာမျက်နှာကို ပြောင်းလိုက်ပြီး ဒေတာ တချို့ ထွက်လာပြန်သည်


 "သိပ္ပံ-စိတ်ကူးယဉ် ဇာတ်ကား..." 


“ကျွန်မတို့ရဲ့ ဈေးကွက်ဟာ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတွေကို ကြိုက်ကြပါတယ်... အဆင့်မီ သိပ္ပံ-စိတ်ကူးယဉ် ရုပ်ရှင်တစ်ကား ဖြစ်နေသရွေ့ တရုတ်ဈေးကွက်ကလည်း ငွေကြေးအမြတ်ရနေမှာပါ..... ဥပမာ ဒီဇာတ်လမ်းရဲ့ အပိုင်း၅ဟာ နိုင်ငံခြားမှာ နာမည်မရပေမဲ့ တရုတ်နိုင်ငံက ဘောက်စ်အော့ဖစ်မှာ ယွမ် ၁.၅ ဘီလီယံအထိ ရှိနေပါတယ်...... တရုတ်နိုင်ငံက ရုပ်ရှင် စီးရီးငါးခုရဲ့ စုစုပေါင်း ဘောက်စ်အော့ဖစ်ဟာလည်း ယွမ် ၆ ဘီလီယံကျော်သွားခဲ့ပါပြီ....... ပြီးတော့ အရမ်းကောင်းတဲ့ သိပ္ပံ ရုပ်ရှင်ကား တစ်ကားဆိုရင် တရုတ်နိုင်ငံရဲ့ ဘောက်စ်အော့ဖစ်မှာ ဘယ်လောက်အထိ ပေါက်နိုင်တယ်ဆိုတာ ခန့်မှန်းလို့တောင် မရပါဘူး....”


“သိပ္ပံ-စိတ်ကူးယဉ် ရုပ်ရှင်တွေဟာ တရုတ်နိုင်ငံမှာ စျေးကွက်တစ်ခု ရှိနေတာကို ဒီကနေ မြင်နိုင်ပါတယ်...တရုတ်နိုင်ငံမှာ သိပ္ပံဝတ္ထု ဇာတ်လမ်းတွေ မရှိတာကြာနေပါပြီ.... တစ်ကယ်တော့ ဒါဟာ မူဝါဒရေးရာ... နည်းပညာ စသဖြင့် ချို့ယွင်းချက်။တွေကြောင့်  ဖြစ်ရတာပါ...." 


“ဒါပေမယ့် အခုအချိန်မှာ ဒီချို့ယွင်းမှုတွေလည်း ပျောက်ကွယ်နေပါပြီ...လွန်ခဲ့တဲ့နှစ်တွေကတည်းက တရုတ်နိုင်ငံရဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားက သုံးသပ်ချက်စနစ်တွေကို နိုင်ငံတကာ စံနှုန်းနဲ့ အညီ အဆက်မပြတ် လုပ်နေတဲ့အတွက် ပြည်တွင်း အကျိုးအမြတ်ကုမ္ပဏီတွေကလည်း နိုင်ငံတကာနဲ့ ယှဉ်နိုင်နေပါပြီ...အရင်တုန်းက ပြည်တွင်းဖြစ် သိပ္ပံဝတ္ထုတွေကို အတားအဆီးဖြစ်စေတဲ့ အချက်တွေကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ.....”


 "အခုအချိန်မှာ.., ဒါရိုက်တာရှယ်က " နေအဖွဲ့အစည်းမှထွက်ခွာခြင်း " ကိုရွေးချယ်ခဲ့ပါတယ်.... “


"ဘာကြောင့် တခြားဝတ္ထုတွေအစား ဒီဝတ္ထုကို ရွေးရတာလဲ..."


 "ရှင်းပါတယ်...ကျွန်မသာ ဒါရိုက်တာ ရှယ်ဆိုရင်လည်း ' နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း' ကိုပဲ ရွေးမှာပါ..... ဘာလို့လဲဆို​တော့ ဒီဝတ္ထုဟာ စာ​ရေးဆရာ ဒါရန်း ရဲ့ ဂန္တဝင်​လက်ရာ​ တစ်​ခုဖြစ်​လို့ပါပဲ...." 


" ဒါရန်းက ဘယ်သူလဲဆိုတော့ သူဟာ တရုတ် သိပ္ပံ-စိတ်ကူးယဉ်စာပေမှာ ပထမဆုံး စာရေးဆရာ အဖြစ် လူသိများပါတယ်..." 


“တရုတ်ပြည်မှာ သိပ္ပံ-စိတ်ကူးယဉ် ဝတ္ထုတွေ ဖတ်တဲ့သူတွေ ရှိနေသရွေ့ ဒါရန်းရဲ့ လက်ရာတွေကလည်း မပျောက်ကွယ်နိုင်ပါဘူး...." 


ကျန်းယန်ရှန့် ၏ ပြောပြချက်အပြီးတွင် အဘွားကျန်း နှင့် ကျန်းဟွမ် တို့သည်  အလွန် စိတ်ပါ ဝင်စားသွားကြပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မျက်နှာတွင် ကျေနပ်မှု အရိပ်အယောင် ကို တွေ့နေရသောကြောင့် ဖြစ်သည်။


Xxxxxx