အပိုင်း ၁၈၁-၁၈၂
Viewers 22k

Part 181


 "  "နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းက မူရင်းဝတ္ထုရဲ့ အစကိုသာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်..... ဘာဖြစ်လို့လည်း ဆိုတော့ ဒီဝတ္ထုရဲ့ ဇာတ်လမ်း တစ်ခုလုံးဟာ ရှည်လွန်းလို့ပါ...”


ကျန်းယန်ရှန့်က ဝတ္ထုကို အကျဉ်းချုပ် ပြောပြလိုက်သည်။


 အနာဂတ်တွင်၊ ကမ္ဘာမြေပေါ်ရှိ လူသားများ၏ နည်းပညာ အဆင့်သည် အာကာသထဲသို့ ဝင်ရောက်ရန် ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။ Z၊ M နှင့် R  တို့ ၃ နိုင်ငံတို့သည် အာကာသကို စူးစမ်း လေ့လာရန် ပထမဆုံး အာကာသယာဉ်ကို ပူးတွဲ တည်ဆောက်ကြသည်။ အာကာသယာဉ်ကို "ချီတက်ခြင်း” ဟု အမည်ပေးထားပြီး နိုင်ငံ အသီးသီးမှ သိပ္ပံ ပညာရှင်များ ၊ နည်းပညာရှင်များနှင့် အမှုထမ်း ၂၀၀၀ ခန့်ကို သယ်ဆောင်ကာ စကြဝဠာကို  စူးစမ်းလေ့လာရန် ဖြစ်သည်။


၁၄ နှစ်ကြာခရီးနှင်ပြီးနောက် "ချီတက်ခြင်း" ယာဉ်ကြီးသည် နေအဖွဲ့အစည်း မှ ထွက်ခွာ လာတော့သည်။


နဂါးငွေ့တန်း ဂလက်ဆီကြီးတွင် အခြားယာဉ် အမျိုးအစား တို့သည်လည်း ဟိုမှဒီ ကူးလူးသွားလာနေကြသည်။မမျှော်လင့်စွာနှင့် "ချီတက်ခြင်း" ယာဉ်ကို ရက်စက်သော ဂြိုလ်သားများက ရှာဖွေတွေ့ရှိသွားကြသည်။


ဂြိုလ်သားများသည် သူတို့ မကြားဖူးသော ဂြိုဟ်တစ်ခုမှ ယာဉ်တစ်ခု ဖြစ်ကြောင်း သိရှိသွားလျှင် ဤအမည်မသိ ဂြိုလ်(ကမ္ဘာ) ၏ ကိုသြဒိနိတ် များကို ရယူလို၍ "ချီတက်ခြင်း" ယာဉ်ကိုသိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။ 


"ချီတက်ခြင်း" ယာဉ်‌ပေါ်မှ လူသားများ သည် နှစ်အတော်ကြာ သေခြင်းတရားနှင့် လွန်ဆွဲ နေရတော့သည်။ထိုကာလအတွင်း ကြေကွဲဖွယ် ဇာတ်လမ်းများစွာ ဖြစ်ပျက်ခဲ့သည်။ "ချီတက်ခြင်း"  ပေါ်ရှိ လူပေါင်း များစွာသည် ကမ္ဘာမြေကြီး၏ ကိုသြဒိနိတ်များကို စောင့်ရှောက်ရန်  အသက်ကို စတေးခဲ့ကြသည်။ 


နောက်ဆုံးတွင် ရဲရင့်သော အမှုထမ်းများသည် လူဆိုး ဂြိုလ်သားများ၏ အာကာသယာဉ်ကို ဖမ်းယူကာ ကမ္ဘာမြေသို့ သက်သေအဖြစ် ပို့လွှတ်ခဲ့သည်။


ထိုအကြောင်းကို ကမ္ဘာပေါ်ရှိ လူသားများ သိသွားကြသည်။ထို့ကြောင့် ဂြိုလ်သားများ ရန်မှ ကာကွယ်ရန် နောက်ထပ် အာကာသယာဉ်များ မလွှတ်တင်တော့ဘဲ နေအဖွဲ့အစည်းကြီးအတွင်း ပုန်းအောင်းကာ အဆင့်မြှင့်တင်မှု အချို့ကိုသာ ပြုလုပ်နေကြတော့သည်။


နှစ်ပေါင်း ၂၀၀ ကျော် ကြာပြီးနောက်တွင် ကမ္ဘာမြေ၏ တည်ရှိမှုကို  ဂြိုလ်သားများက ရှာဖွေတွေ့ရှိခဲ့ပြီး  အငြိုး ထားလာကြသည်။ သို့သော် နှစ်‌ပေါင်း ၂၀၀ ကျော် အဆင့်မြှင့်တင်ခဲ့သည့် ကမ္ဘာ‌မြေသည် တန်ပြန်တိုက်ခိုက်ရန် ခွန်အားရှိနေပြီဖြစ်သည်။


ကမ္ဘာ၏ ကာကွယ်ရေးစနစ်ကို ဖြန့်ကျက်ပြီး ပထမ Battlestar ပြီးစီးလုနီးသည့် အချိန်တွင် ရန်သူက ဝင်ရောက်တိုက်ခိုက် လေတော့သည်။ ယခုအချိန်တွင် ကမ္ဘာမြေသည် နိုင်ငံများ အချင်းချင်း ၊လူမျိုးရေး ၊အသားရောက် စသည်တို့ မခွဲခြားကြဘဲ အစွမ်းရှိသရွေ့ တိုက်ခိုက်ကြတော့သည်။


သန်းပေါင်းများစွာသော လူသားများ၏ စည်းလုံး ညီညွတ်မှုနှင့်အတူ၊ ကမ္ဘာကြီးကို ကာကွယ်ရန် မဟာတိုက်ပွဲကြီးသည် နေအဖွဲ့အစည်းတွင် စတင်ခဲ့‌လေသည်။


လူသားများသည် မရေမတွက်နိုင်သော အသက်များကို စတေးခဲ့ရပြီး  နောက်ဆုံးတွင် တိုက်ပွဲကို အနိုင်ရခဲ့ကြသည်။


သို့သော်လည်း ကမ္ဘာမြေကြီး၏ တည်ရှိမှုသည် လျှို့ဝှက်ထား၍ မရနိုင်ပေ။ ထို့အပြင် ကမ္ဘာကြီးသည်လည်း ထောင့်တစ်နေရာတွင် နေထိုင်ပြီး တိတ်တဆိတ် ဖွံ့ဖြိုး‌၍ မဖြစ်နိုင်ပြန်ပေ။


ကမ္ဘာကြီးသည် ဖွံဖြိုးတိုးတက်လာ၍   နေအဖွဲ့အစည်းကြီးတွင် ပုန်းအောင်းနေရာမှ  တစ်ဖန် ထွက်လာ ပြန်သည်။


ဤတစ်ကြိမ်တွင် သိပ္ပံပညာရှာဖွေရေးယာဥ်များနှင့် စစ်သင်္ဘောတို့သည် အတူတကွ လက်တွဲကြပြီး ကမ္ဘာကြီး၏ ခေတ်မီဖွံ့ဖြို့ တိုးတက်မှုနှုန်းတို့သည် နဂါးငွေ့တန်း ဂလက်ဆီယဉ်တွင် ကြီးမားသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ နှစ်ပေါင်း ၆၀၀ကျော် ကာလအတွင်း ကမ္ဘာကြီးသည် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ခဲ့ရပြီး အားနည်းသော ဖွံ့ဖြိုးဆဲဂြိုလ်မှ တစ်ဆင့်ပြီး တစ်ဆင့် ဖွံ့ဖြိုးလာကာ နောက်ဆုံးတွင် မည်မျှ ကြီးမားသော ရန်သူကိုမဆို မထီမဲ့မြင်ပြုနိုင်သည့် အင်အားကြီး ဂြိုလ်တစ်ခု ဖြစ်လာခဲ့သည်။


နောက်ဆုံးတွင် ကမ္ဘာကြီးသည် စကြဝဠာ အဖွဲ့အစည်းကြီး၏ အထက်လွှတ်တော်တွင် နေရာရသွားပြီး ဝတ္ထုမှာအဆုံးသတ် သွားလေသည်။


“ရုပ်ရှင်ဇာတ်ညွှန်းဟာ  ဝတ္ထုရဲ့ ပထမ ၁၀ နှစ်တာကာလ ဖြစ်တဲ့ "ချီတက်ခြင်း" ယာဉ်ကြီး ထွက်ခွာချိန်ကနေ ဂြိုလ်သားတွေကို ရင်ဆိုင်တဲ့ အထိ ပါဝင်ထားတယ်.... နှစ်အတော်ကြာအောင် ထွက်ပြေးတာ၊ တိုက်ခိုက်တာ၊ နောက်ဆုံးကတော့  ရန်သူရဲ့ အာကာသယာဉ်ကို ရယူပြီး  ပြန်လာတဲ့ အချိန်ထိ ရိုက်ကူးမှာ ဖြစ်ပါတယ်....." 


“ကျွန်မ ဇာတ်ညွှန်းကို ဖတ်ပြီးပါပြီ... ဇာတ်အိမ်က အချိန်တို‌တိုအတွင်းမှာ ဖွဲ့ထားပေမဲ့ ပြီးပြည့်စုံပြီး ယုတ္တိရှိတဲ့ ဇာတ်ညွှန်းတစ်ခု ဖြစ်တယ်..." 


"ဇာတ်ညွှန်းရေးသူ ကိုယ်တိုင်က  ဝတ္ထုတစ်ခုလုံးကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီး လိုက်လျော ညီထွေဖြစ်အောင် ပြုပြင်ထားတယ်....မူရင်းစာရေးဆရာ ဒါရန်းက စိတ်ခံစားမှုပိုင်း ကို ရေးဖွဲ့တဲ့အခါမှာ ချို့ယွင်းချက်ရှိပါတယ်...ဒါပေမဲ့ အဲ့ဒီချို့ယွင်းချက် အားလုံးကို ပြင်ဆင်ထားပြီးပါပြီ....”


"ဒီဇာတ်ညွှန်းမှာ သူရဲကောင်းဆန်မှု၊ စွန့်လွှတ်အနစ်နာခံမှု စိတ်ဓာတ်တွေ ပါရှိပြီး လူ့သဘော၊သဘာဝကို ရုပ်လုံးကြွအောင် ရေးဖွဲ့ထားပါတယ်...စိတ်ခံစားမှုတွေအနေနဲ့ ချစ်ခြင်းမေတ္တာ၊ ခင်မင်မှု၊ မိသားစု အချင်းချင်း ချစ်ခင်မှု စ,တာတွေကလည်း ပြီးပြည့်စုံနေပါတယ်....” 


“ဇာတ်ညွှန်း ရေးဆရာဟာ လိုက်လျော ညီထွေ ဖြစ်အောင် နေရာခွဲ‌ ပေးထားပြီး  ပရိတ်သတ်တွေရဲ့  နှလုံးသားကို သိမ်းပိုက်နိုင်မယ့် ဇာတ်ကွက်တွေ အများကြီး ထည့်ထားပါတယ်..."


အရေးကြီးသော ဇာတ်ဝင်ခန်းမှာ၊ လူတိုင်းကို ကယ်တင်ရန် အတွက် ရန်သူကို အသေခံ ဖြိုခွင်းရန် ခလုတ်တစ်ခုကို နှိပ်ရမည် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ခလုတ်ကို နှိပ်နိုင်သည့်သူမှာ တစ်ယောက် သာရှိသည်။


သူ့အမည်မှာ ရှောင်ရှန်း ဖြစ်ပြီး၊ အသက် ၁၀ နှစ် အရွယ် ကလေးတစ်ယောက် ဖြစ်သည်။သူ့ကို ချီတက်ခြင်း ယာဉ်ပေါ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။သူ၏ အမေဖြစ်သူသည် သိပ္ပံပညာရှင်ဖြစ်ပြီး အဖေဖြစ်သူမှာ ‌ယာဉ်ပေါ်ရှိ ဗိုလ်မှူး တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရှောင်ရှန်းသည် ကမ္ဘာမြေ ပေါ်တွင် ခြေမချခဲ့ဖူးပေ။ ကမ္ဘာကြီးသည် သူတို့၏အိမ်ဖြစ်သည်ကိုသာ သိ၏။သူ့မိခင်၏ ကြေကွဲဖွယ်အသံသည် ဆက်သွယ်ရေး ချန်နယ်လ် မှ ထွက်လာသည်။ 


"ရှောင်ချန်း မလုပ်နဲ့...." 


ကလေးလေးသည် ပြတင်းပေါက်အပြင်ဘက်ရှိ ကြယ်များနှင့် ရန်သူ့စစ်ယာဥ်ပျံများကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။


 “အမေ....ကျွန်တော် ကမ္ဘာကြီးကို ကြည့်ချင်တယ်....” 


ဤစကား တစ်ခွန်းသည် သူ၏ နှုတ်ဆက်စကား၊ နောက်ဆုံးဆန္ဒ ဖြစ်သည်။ ထို့နောက် သူက ခလုတ်ကို နှိပ်ချလိုက်ရာ သူ့ခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကာ ရန်သူနှင့်အတူ သေဆုံးသွားပြီး လူတိုင်းကို ကယ်တင်ခဲ့လေသည်။


🥹🥹🥹🥹


Part 182


ကျန်းယန်ရှန့် ဤဇာတ်ဝင်ခန်း ကို ရှင်းလင်းစွာ မှတ်မိနေသည်။ ရှုလီချန်မှာ ထိုဇာတ်ဝင်ခန်းကို ၁၀ကြိမ်တိတိ ပြန်ကြည့်ခဲ့ပြီး  ခွေးတစ်ကောင်လို ငိုကြွေးနေခဲ့သော်လည်း ရုပ်ရှင်ရုံမှ ထွက်လာသောအခါ ငိုခဲ့ကြောင်း ဝန်မခံခဲ့ပေ။ သူက ရုပ်ရှုင်ရုံတွင် ပိုးသတ်ရန် သုံးသည့် ဖော်မယ်လ်ဒီဟိုက်ကြောင့်  မျက်လုံးများနီရဲသွားသဖြင့် ရုပ်ရှင်ရုံ၏ တာဝန်ရှိသူကို တိုင်ကြားမည်ဟုပင် ကြုံးဝါးခဲ့သေးသည်။


နောက်ပိုင်းတွင် ထိုကလေးသရုပ်ဆောင်လေးသည်  နာမည်ကြီးလာခဲ့သည်။ 


“နာမည်ကြီး သရုပ်ဆောင်တွေ အားလုံးနီးပါးက ဧည့်သည် သရုပ်ဆောင် အဖြစ်ပဲ ပါမှာဖြစ်ပါတယ်.... အဓိက ဇာတ်ကောင်တွေ အားလုံးက နာမည်မကြီးပေမယ့် ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေပါ.... တကယ်တော့ယွမ်သန်း ၁၅၀ ရင်းနှီးမြုပ်နှံမှုဟာ သရုပ်ဆောင်‌တွေရဲ့ အနုပညာကြေးထက် ထုတ်လုပ်ရေးပိုင်းမှာ ပိုပြီးအသုံးပြုမှာ ဖြစ်ပါတယ်....." 


"ဒါက ထုတ်လုပ်မှု နောက်ပိုင်းမှာ ပါဝင်မဲ့ လုပ်ဖော်ကိုင်ဖက်ပါ....ဒါက လူထုကို တရားဝင်ချပြမဲ့ အစီအစဉ်ပါ..." 


" ရုပ်ရှင်ရဲ့ အရည်အသွေးပိုင်းနဲ့  ပတ်သက်ပြီးတော့  ဒီသရုပ်ပြဗီဒီယို(ဒီမို) ကို ကြည့်နိုင်ပါတယ်..... "


ကျန်းယန်ရှန့်သည် အဘွားကျန်းနှင့် ကျန်းဟွမ်တို့၏ မျက်နှာထားကို ဒီမိုပြနေစဉ် အကဲခတ်နေရာ နှစ်ယောက်စလုံးစိတ်ပါဝင်စားစွာ ကြည့်ခဲ့ကြပြီသဘောကျနေဟန် ရှိသည်။


 "ဒါရိုက်တာ ရှယ် က စေတနာထားပြီး အနုပညာကို ဖန်တီးတတ်တဲ့ သူပါ...." 


“စာပေဇာတ်ကားဆိုရင် လူကြိုက်များမှာ မဟုတ်ပါဘူး....ဒါပေမယ့်  သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကို  ပိုလေးနက်အောင် ရိုက်ကူး‌လေလေ...ပိုနာမည် ကြီးလေပါပဲ...” 


“အတိုချုပ်ပြောရရင် ဒီရုပ်ရှင်ဟာ ရင်းနှီးမြုပ်နှံဖို့ ထိုက်တန်တယ်လို့ ကျွန်မ ထင်ပါတယ်...အဖေတို့ ဘယ်လိုထင်လဲ...." 


ကျန်းယန်ရှန့်က လူကြီးနှစ်ယောက်ကို စိုက်ကြည့်နေသည်။ လူကြီးနှစ်ယောက်ကလည်း သူမကို စိုက်ကြည့်နေသည်။ 


ဤကလေးမလေးက သူမကိုယ်သူမ ရင့်ကျက်အောင် ကြိုးစားပြီး သေသပ်စွာ ဝတ်ဆင်ထား၏။တကယ်တမ်းတွင် သူမ၏ တင်ဆက်မှုသည်  အလွန်ကောင်းမွန်သည်တော့ မဟုတ်ပေ။သို့သော်လည်း သူမကြိုးစားမှုကြောင့်အဘွားကျန်းနှင့် ကျန်းဟွမ်တို့ နှစ်ယောက်စလုံး ပရော်ဖက်ရှင်နယ်ဆန်မှု နှင့် ချီးကျူးစရာကောင်းသည့် တင်ဆက်မှုကို မြင်တွေ့ခဲ့ရသည်။


 နှိုင်းယှဉ်ကြည့်လျှင် ကျန်းယန်ရှန့်၏ တင်ပြချက်သည် အကြမ်းဖျင်းဆန်ပြီး အတွေ့အကြုံမရှိပေ။သို့သော် ကျန်းယန်ရှန့် သည် ကလေးသာရှိသေးပြီး  အထက်တန်း ကျောင်းသူ ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမက ရင်းနှီးမြှပ်နှံလိုသည်ဟု ပြောသောအခါ သူမ ဘာမှ နားမလည်သေးပေ။ရက်အနည်းငယ် ကြာပြီးနောက် သူမသည် ပရော်ဖက်ရှင်နယ် တစ်ယောက် မဖြစ်သေးသော်လည်း သူမထံတွင် အရည်အချင်းတစ်ချို့ကို မြင်တွေ့ရ၍ အနည်းဆုံး သူမသည် လူပြိန်းမဟုတ်တော့ပေ။ 


အထက်တန်းကျောင်းသူလေးသာ ရှိသေးသော ကလေး.......


မိဘတွေရဲ့ နောက်ကွယ်မှာ ဂိမ်းဆော့ဖို့ သာ သိသော ကလေးအရွယ်.....


သို့ရာတွင် ကျန်းယန်ရှန့်သည် ငွေရှာနည်းနှင့် ရင်းနှီးမြုပ်နှံရန် သတ္တိရှိရှိ စဉ်းစားထားပြီး သူမ ခွန်အားနှင့် အချိန်များကို မြှုပ်နှံရန် ဆန္ဒရှိနေသည်။


ကျန်းဟွမ် နှင့် အဘွားကျန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


ကျန်းဟွမ် က ပြုံးပြီး ပြောလိုက်သည်။ 


"ကောင်းပြီ...အဖေ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်ပြီ.... သမီးက ၁၀ သန်းရဖို့ ၆ သန်း လိုချင်တယ် ဟုတ်လား....မလုပ်ပါနဲ့....ကိုယ်ပိုင်‌ငွေကို မရင်းပါနဲ့ဦး.... အဖေက သမီးကို ယွမ် ၁၀ သန်း ပေးမယ်...." 


အဘွားကျန်းကလည်း ပြုံးလိုက်ရင်း ပြောလေသည်။


“သမီးအဖေ ပေးတဲ့ ပမာဏထက် နှစ်ဆ.....သန်း၂၀ ပေးမယ်...."


ဤနည်းဖြင့် ကျန်းယန်ရှန့် တွင် ရင်းနှီး မြှုပ်နှံမှုအတွက် ယွမ် သန်း ၃၀ ရရှိပြီ ဖြစ်၍ သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည့် ပမာဏ ဖြစ်သည်။ သူမသည် အထက်တန်းကျောင်းသူသာ ဖြစ်၍ သူမ ရင်းနှီးမြှုပ်နှံလိုပါက  'မြေစမ်းခရမ်းပျိုး' ရန် ငွေအနည်းငယ်သာ လူကြီးများက ပေးပေလိမ့်မည်။


သူတို့ ကိုယ်တိုင် မြှုပ်နှံထားသကဲ့သို့ ဒေါ်လာ သန်းရာနှင့် ချီ၍  ရင်းနှီး မြုပ်နှံကြမည် မဟုတ်ပေ။ ထို့ကြောင့် သူမ ခန့်မှန်းထားသည်မှာ ကျန်းဟွမ်ထံမှ ၆ သန်း၊ အဘွားကျန်း ထံမှ ၁၀ သန်း နှင့် သူမ၏ ကိုယ်ပိုင်ငွေ ကိုပါ,ပေါင်းလိုက်လျှင် သန်း ၂၀  ဖြစ်သည်။


“ဒီပရောဂျက်ရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို အဖေတို့က သဘောတူရဲ့သားနဲ့ ဘာလို့ ယွမ်သန်း၃၀ပဲ ရင်းနှီးမြှုပ်နှံကြတာလဲ....."


အဘွားကျန်းနှင့် ကျန်းဟွမ် တို့က သူမကို ကြည့်ပြီး


“လက်ရှိ ခန့်မှန်းခြေ လိုအပ်တဲ့ ရင်းနှီးငွေက ယွမ် သန်း ၂၀၀ပါ....လာမယ့်နှစ် နွေရာသီအားလပ်ရက်မှာ ဒီဇာတ်ကားကို ရုံတင်ပြသဖို့ စီစဉ်ထားတာ...ဒါပေမဲ့  ‌ဒီလို လုပ်ငန်းမျိုးမှာ ပြ‌ဿနာက အချိန်နှောင့်နှေးတာနဲ့ အသုံးစရိတ်များတာပဲ....နောက်နှစ််ကုန်အထိ ရုပ်ရှင်မထွက်နိုင်သေးဘူးလို့ ထင်တယ်.... သန်း ၂၀၀ နဲ့ မလောက်ပါဘူး....စျေးအကြီးဆုံးက ထုတ်လုပ်မှုနောက်ပိုင်းပါ....လူထုကို ကြော်ငြာတာနဲ့  ဖြန့်ဖြူးမှုပိုင်း အားလုံးအတွက် အနည်းဆုံး ယွမ် သန်း ၃၀၀ ကနေ ၄၀၀ သန်းအတွင်း လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်....”


 “ဒါပေမယ့် အားလုံး တန်ပါတယ်.... ဒီရင်းနှီး မြုပ်နှံမှုဟာ သူနဲ့ထိုက်တန်တဲ့ ရလဒ်ကို သေချာပေါက်ရမှာပါ....ကျွန်မတို့ မိသားစုဆိုရင်  ယွမ်ငွေ သန်း ၃၀၀ ကနေ သိန်း ၄၀၀ အထိ ရနိုင်တယ်....အဲ့ဒီတော့ အဖွား... ဒီပ‌ရောဂျက်ကို လုံးဝ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ထင်ပါတယ်.....” 


ကျန်းယန်ရှန့်၏ မျက်လုံးများမှာ မျှော်လင့်ချက်နှင့် ယုံကြည်မှုအပြည့် ရှိနေကြသည်။အစည်းအဝေးခန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အဘွားကျန်း နှင့် ကျန်းဟွမ်တို့က ရယ်မောလိုက်ကြသည်။ 


 "အမေ...ကြည့်ပါဦး...သူမက ငယ်ငယ် ကတည်းက ရည်မှန်းချက်ကြီးတာနော်...အမေ....ကျွန်တော်တို့ မိသားရဲ့  သမီးကြီး ပီသတယ် မဟုတ်လား..." 


အဘွားကျန်း က ပြုံးလိုက်ပြီး ပြောလိုက်သည်။


 "ဟုတ်တယ်.... သား ငယ်ငယ်ကလိုပဲ...."


ထို့နောက် ကျန်းယန်ရှန့်က မျက်နှာကျက်ကို မော့ကြည့်လိုက်ပြီး  လေးနက်စွာ ပြောလိုက်သည်။


 "အဖွားတို့ နှစ်ယောက်ရဲ့ ခွင့်ပြုချက်ကို သမီးလိုချင်တယ်...." 


"ဟင့်အင်း...အဖွားတို့က သမီးကို ပိုက်ဆံထပ်ပေးမှာ မဟုတ်ဘူး...."


ကျန်းယန်ရှန့် အံ့အားသင့်သွားရသည်။


Xxxxxx