အပိုင်း ၁၈၅-၁၈၆
Viewers 22k

Part 185


ကျန်းယန်ရှန့် စိတ်ပျော်ရွှင်နေပြီးသူမ၏ စိတ်ထားမှာ ယခင်ကနှင့် လုံးဝမတူတော့ပေ။ ယခု သူမအချိန်အတော်ကြာအောင် တွက်ချက်‌နေရသည်။ သူမ၏ ကိုယ်ပိုင်ငွေ ၄ သန်းကို မသုံးရန် ဖခင်ဖြစ်သူက ပြောထား‌သော်လည်း ထိုငွေကို  သိမ်းထားပါက အသုံးမဝင်ဟု သူမထင်သည်။ထို့ကြောင့် သူမက ယွမ်ငွေ ၄ သန်းကို 'နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း' အတွက် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။


ဤပရောဂျက်သည် အကျိုးမရှိသောရင်းနှီးမြှုပ်နှံမှု တစ်ခုဟု သူမ မယူဆပေ။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးအချက်မှာ  သူမ သေသေချာချာ အစီအစဉ် ဆွဲထားခြင်းကြောင့် ဖြစ်သည်။ ဒုတိယ အချက်မှာ ယွမ် ၄ သန်းသည် ကျန်းယန်ရှန့် အတွက် 'အပိုငွေ' မျှသာဖြစ်သည်။ အကယ်၍ ရင်းနှီးမြှုပ်နှံလိုက်၍ ဆုံးရှုံးသွားပါကလည်း  သူမအတွက် အသေးအဖွဲ့မျှသာ ဖြစ်သည်။


ယခုကိစ္စ ပြေလည်သွားပြီဖြစ်သည်။


ရှုလီချန် ပိုက်ဆံ မည်မျှရလာမည် ဆိုသည်ကို စောင့်ရန်သာ လိုတော့သည်။ ရှုလီချန်သည် အမြတ်အစွန်းရနိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ၁၀၀ %  သိထားသူ ဖြစ်သည်။ထို့အပြင် သူမ၏ ယခင်ဘဝတုန်းက သူသိပ်ကြိုက်ခဲ့သည့် ရုပ်ရှင်ကားလည်း ဖြစ်သည်။


ထို့နောက် ကျန်းယန်ရှန့် သည် သူ့မိခင်ဘက်မှ‌ တော်စပ်သည့် ဦးလေးဖြစ်သူကို စဉ်းစားမိသွားသည်။ သူမနှင့် နီးစပ်သူ အများအပြား မရှိသော်လည်း ထိုဦးလေးသည် သူမအတွက် အလွန်အရေးပါသူ ဖြစ်သည်။


ထို့နောက် ကျန်းယန်ရှန့် က သူ့ဦးလေး ကို ဖုန်းခေါ်လိုက်ပြီး နှုတ်ဆက်လိုက်ကာ အလုပ်အကြောင်း စကားစလိုက်သည်။ ထို့နောက် သူမက"နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" အကြောင်းကို ယနေ့ရုံးချုပ်၏ အစည်းအဝေးခန်းတွင် ပြောခဲ့သလို  အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်သည်။


ဦးလေး ဖြစ်သူက ပြုံးလိုက်ရင်း ပေးလိုက်သည်။


“သမီး..ဦးလေးဆီကပိုက်ဆံ တောင်းချင်လို့လား...ဟုတ်ပါပြီ...ဦးလေး က ယွမ် ၅၀၀၀၀၀  ပေးမှာပါ...” 


 “မဟုတ်ဘူး... ဒီပရောဂျက်က တစ်ကယ် ကောင်းပါတယ်... ဒါကြောင့် ဦးလေးကို သမီးနဲ့အတူတူ ရင်းနှီးမြှပ်နှံစေချင်တာ…”


ဦးလေးဖြစ်သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။


 "ယန်ယန် က တစ်ခုခု ကောင်းတာရှိရင် ဦးလေးကို တွေးမိသားပဲ... မတောင်းလည်း....ဦးလေးက သမီးကို မုန့်ဖိုးပေးမှာပါ..." 


ကျန်းယန်ရှန့် သည် ဦးလေးဖြစ်သူမှာ ရင်းနှီးမြုပ်နှံရန် လုံးဝ မရည်ရွယ်ထားကြောင်း သဘောပေါက်လိုက်သည်။သူမက အပျော်သဘော လုပ်နေသည်ဟု ထင်ကောင်း ထင်နိုင်သည်။ ထို့အပြင် ဦးလေးဖြစ်သူမှာ ရုပ်ရှင် နှင့် ရုပ်မြင်သံကြား နယ်ပယ်တွင် ပါဝင်ရခြင်းကိုလည်း မကြိုက်၍ ဖြစ်နိုင်သည်။


အနည်းငယ် ဝမ်းနည်းစရာကောင်းသော်လည်း ကျန်းယန်ရှန့်က ဟန်မပျက်သာ ပြောလိုက်သည်။


 "ထားလိုက်ပါ... သမီး ဦးလေးကို အနှောင့်အယှက် ပေးမိပြီ..." 


 "ခဏနေရင် ဦးလေး ပိုက်ဆံလွှဲပေးလိုက်မယ်..."


 "မဟုတ်ဘူး... ဦးလေး မရင်းနှီးချင်ရင် ပိုက်ဆံပေးစရာ မလိုပါဘူး..." 


 “ဒါ သမီးရဲ့ ပထမဆုံး ရင်းနှီးမြုပ်နှံမှု မဟုတ်လား... ဘာပဲဖြစ်ဖြစ် ဦးလေးက အားပေးရမှာပေါ့...” 


 "ဒါဆို ဦးလေးက ရင်းနှီး မြုပ်နှံ လိုက်တယ်လို့ သတ်မှတ်လိုက်ပါ့မယ်... နောက်ဆို ဦးလေးပိုက်ဆံ အများကြီး ရလာလိမ့်မယ်..." 


ဦးလေးဖြစ်သူက ရယ်မောကာ အလေးအနက်မထားလိုက်ပေ။ ဖုန်းချပြီးနောက် ဇနီးဖြစ်သူက သူ့ကို မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲ... ယွမ်  ၅၀၀၀၀၀၀ကဘာအတွက်လဲ..."


ထို့နောက် ခင်ပွန်းဖြစ်သူက သူမအား အားလုံး ပြောပြလိုက်သော်လည်း သူမ မပျော်မရွှင်ဖြစ်နေဆဲပင်။


"ရှင်က အရမ်း ရက်ရောတာပဲ..." 


 


“ ပိုက်ဆံကလည်း အများကြီး မဟုတ်ပါဘူး...” 


"ကျန်း မိသားစုရဲ့ အမြင်မှာ..ယွမ် ၅သိန်းက ပိုက်ဆံအများကြီး မဟုတ်ဘူးလေ..." 


 “ဒီငွေပမာဏဆိုရင် သူမက ရှင့်ကို တွန့်တိုတယ်လို့တောင် ထင်လိမ့်ဦးမယ်...” 


 "ယန်ယန် က အဲ့လို ကလေးမျိုး မဟုတ်ပါဘူး..." 


ဇနီးဖြစ်သူမှာ ခဏတာ စိတ်မချမ်းသာဖြစ်သွားသော်လည်း ဖြေသိမ့်လိုက်ပြီး ပြောလိုက်သည်။


"ထားလိုက်ပါ...သူမကလည်း ကျွန်မရဲ့ တူမပါပဲ...” 


 “မှန်တာပေါ့ ယန်ယန်က မင်းတူမပါပဲ...” 


"ဒါဆို ငွေထောင်ကျော်ကို နောက်တစ်ခါ လွယ်လွယ်မသုံးနဲ့နော်..." 


ဦးလေးဖြစ်သူက သူ့ဇနီးကို ချော့မော့လိုက်သည်။ 


“မသုံးတော့ပါဘူး...” 


တစ်ကယ်တမ်းတွင် ကျန်းယန်ရှန့်  ၏ ကိုယ်ပိုင် ငွေပမာဏသည် ၃ သန်းကျော် ရှိပြီး နောက်ထပ် ယွမ် ၄၀၀၀၀၀ သိန်း လိုနေသေးသည်။ယခုမူ ဦးလေး‌ ဖြစ်သူ လွှဲလိုက်သည့်  ပိုက်ဆံများကို ပေါင်းထည့် လိုက်ရာ အဆင်ပြေသွားလေ၏။


ထိုစဉ် ရှုလီချန်က ဖုန်းခေါ်လာသည်။


 "ရပြီ...ယွမ် ၁၀ သန်းလောက် ထုတ်လို့ရတယ်..." 


 "နင် ဆိုင်ကယ် ဝယ်ချင်လို့ လို့ ပြောလိုက်တာလား..."


"ကျန်းယန်ရှန့်...နင် ငါ့ကို အရမ်း အထင်သေးတာပဲ...ငါ အမေ့ကို ပြောလိုက်တာပေါ့..." 


  "ဂုဏ်ယူပါတယ်ဟယ်...." 


“ငါ့အမေ ဘယ်လောက်ထိ တုန်လှုပ်သွားလဲ နင်သိမှာ မဟုတ်ဘူး....”


 “ငါ သဘောပေါက် ပြီးသားပါ...ဒါဆို နင့်အမေက ဒီပရောဂျက်ကို သဘောတူရဲ့ လား ဒါမှမဟုတ် အသက်ငယ်ငယ်နဲ့ စီးပွားရေးလုပ်လို့ နင့်ကို ဆုချချင်လို့ ပိုက်ဆံပေးလိုက်တာလား....” 


ရှုလီချန် က  ခဏမျှ စဉ်းစားပြီး ဖြေလိုက်သည်။


 "တစ်ဝက်စီပဲ....တကယ်တော့ ငါ့မှာ ပိုက်ဆံက သိပ်မရှိဘူးလေ... ၅ သန်းပဲရှိတယ်...အမေက ၅ သန်းပေးတာ...အမေ့အနေနဲ့က  ၅ သန်းက သိပ်မများပါဘူး.... ရင်းနှီးမြှုပ်နှံဖို့ မဟုတ်ဘဲ ဒီတိုင်းထားလိုက်ရင်လည်း သူ့အလိုလို ကုန်သွားမှာပဲဟာ...ဒါ‌ ကြောင်း အကျိုးရှိတာလုပ်တော့ ကောင်းတာပေါ့...”


ကျန်းယန်ရှန့် က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ 


"ဒါဆို ငါ ဟိုဖက်ကို ပြောလိုက်မယ်နော်..."


"အေး..အေး...ပရောဂျက်ကို စစ်ဆေးဖို့ ကွင်းဆင်း‌ လေ့လာသင့်တယ်လို့ ငါ ထင်တယ်....”


 ကျန်းယန်ရှန့် က ဖျတ်ကနဲ အိမ်မက်မှ လန့်နိုးလာသည့်နှယ် ဖြစ်သွားရသည်။ သူမ၏ ယခင်ဘဝက ' နေအဖွဲ့အစည်း မှထွက်ခွာခြင်း ' သည် ၁၀၀% မြတ်မည်ဖြစ်ကြောင်း စိတ်ထဲတွင် သိထား၍ ပုံအပ်လိုက်ခြင်းဖြစ်သည်။ ရုပ်ရှင်ရိုက်သည့်နေရာအထိ လိုက်ကြည့်ရန် သို့မဟုတ် ကွင်းဆင်း လေ့လာရန် စိတ်ပင်မကူးမိပေ။


ဒါပေမဲ့ ရင်းနှီးမြုပ်နှံဖို့ဆိုရင် သေသေချာချာ စစ်ဆေးဖို့ မလိုအပ်ဘူးလား....


ကျန်းယန်ရှန့် က မိုလင်းကို ဖုန်းဆက်လိုက်ပြီး ကွင်းဆင်းလေ့လာလိုကြောင်း ပြောလိုက်သည်။


 “အစ်မ စီစဉ်ပေးပါ့မယ်....”


ထို့နောက် မိုလင်းကလည်း  ဒါရိုက်တာ ရှယ်ကို အမြန်ဆက်သွယ်ခဲ့သည်။ 


နောက်တစ်နေ့တွင် ကျန်းယန်ရှန့်က ကျန်းဟွမ်ကို ပြောလိုက်ပြီး ခရီးဆောင်အိတ်တစ်လုံးနှင့် ထွက်သွားလေတော့သည်။


“သမီး ဒီပရောဂျက်ကို ကွင်းဆင်းစစ်ဆေးဖို့ သွားတော့မယ်....” 


 “…”


ကျန်းယန်ရှန့်နှင့် ရှုလီချန်တို့သည် ဒါရိုက်တာရှယ် ခေါ်သည့်နေရာသို့ လေယာဉ်စီး၍ သွားကြသည်။ 


မိုလင်းက သူမတို့ နှစ်ဦးမှာ ငယ်ရွယ်သူများ ဖြစ်ကြောင်း သိထားသော်လည်း ဒါရိုက်တာရှယ်မှာမူ သူမတို့နှစ်ဦးကို တွေ့ပြီး အံ့အားသင့်နေဆဲ ဖြစ်သည်။ဒါရိုက်တာရှယ်က ငွေကြေး ပံ့ပိုးပေးသည့်အတွက် သူမတို့နှစ်ယောက်အား ကောင်းမွန်စွာ ဆက်ဆံလေသည်။ ထို့သူက အစည်းအဝေး ပြုလုပ်၍ မေးခွန်းများကို ဖြေကြားပြီးနောက် ရိုက်ကူးရေး နေရာသို့ ခေါ်သွားလေသည်။ ရိုက်ကူးရေးနေရာသို့ ရောက်သောအခါ ရှုလီချန်၏ မျက်လုံးများမှာ တောက်ပနေတော့သည်။


ညနေစာ အတူတူစားချိန်တွင် ရှုလီချန် က ဝိုင်အနည်းငယ် သောက်လိုက်ပြီး  ဒါရိုက်တာ ရှယ်ကို ပြောလိုက်သည်။


“ရှုံးမှာကို မကြောက်ပါဘူး...အရေးမကြီးဘူး....တကယ်လို့ ဒီရုပ်ရှင်က ရှုံးသွားရင်လည်း ကျွန်တော်တို့ရဲ့ တရုတ်စိတ်ကူးယဉ်-သိပ္ပံ ရုပ်ရှင်တွေကို ကျွန်‌တော် ဆက်ပံ့ပိုးမယ်..." 


Xxxxxx


Part 186


ဒါရိုက်တာရှယ်၏ မျက်နှာထားမှာလေးနက်သွားရပြီး ဖန်ခွက်ကို ရှုလီချန် ဖန်ခွက်နှင့် ချွင်ကနဲ တိုက်လိုက်သည်။ 


"ရှောင်ရှု..."  (ရှုလီချန်)


 “…” 


ထို့နောက် ကျန်းယန်ရှန့် က မိုလင်းကို ဖုန်းဆက်လိုက်သည်။


 “မနက်ဖြန် ဒီမှာ နောက်ထပ်တစ်ရက် ဆက်နေမှာဆိုတော့ သူက ရိုက်ကူးရေးကို ကြည့်ချင်နေသေးလို့ပါ...မနက်ဖြန်ညကျမှ ကေမြို့ကို ပြန်မယ်လေ...”


မိုလင်းက ကျန်းယန်ရှန့်အား သူမ၏ပရိုမိုးရှင်း အစည်းအဝေးသို့ ဖိတ်ခဲ့သော်လည်း ကျန်းယန်ရှန့်က  "နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" ကိုသာ စိတ်ဝင်စားသဖြင့် အစည်းအဝေးသို့ မသွားရခြင်း ဖြစ်လေသည်။


 “အစ်မရဲ့ ပရိုမိုးရှင်းအစည်းဝေးက ပြီးသွားပြီ...မနက်​ဖြန်​ ကေမြို့ကိုပြန်မှာလေ...သဘက်ခါ ဆုံကြမလား...”


"ဟုတ်ပြီ ဆုံကြတာပေါ့..."


နောက်တစ်နေ့တွင် ကျန်းယန်ရှန့်နှင့် ရှုလီချန်တို့သည် ရိုက်ကူးရေးနေရာသို့ သွားရောက်ခဲ့ကြသည်။ ရှုလီချန်မှာကင်မရာထဲ သူပါ ဝင်မတတ် စိတ်အား ထက်သန်နေပြီး မပြန်ချင်ဘူး လုပ်နေ၍ ကျန်းယန်ရှန့် မှာ သူ့ အင်္ကျီကော်လာကို ဆွဲပြီး လေဆိပ်ကို ခေါ်လာရသည်။


လေယာဉ်ပေါ် ရောက်လျှင် သူမက မေးလိုက်သည်။


“နင့် အဖေနဲ့ အမေကရော အခြေအနေ ဘယ်လိုလဲ...” 


ရှုလီချန်က  ပြုံးလိုက်ပြီး ပြောလိုက်သည်။


"သူတို့ ဘာလုပ်နိုင်မလဲလေ...ချစ်ပြရုံပါပဲ... ဟိုတစ်လောက သူတို့မင်္ဂလာနှစ်ပတ်လည်မှာ ပါတီပွဲကြီးတစ်ခုလုပ်တယ်...ပြီး‌တော့ ကုမ္ပဏီရဲ့အဆင့်မြင့် ဝန်ထမ်းအားလုံး ဖိတ်လိုက်တယ်လေ...”


ယခင်က ရှုလီချန် မိဘများ၏ ဆက်ဆံရေးသည် အနည်းငယ် အဆင်မပြေ ဟု သူမသိထားသဖြင့် ယခု အံ့သြသွားရသည်။ လူနှစ်ယောက်အတွက် နွေးထွေးသည့် အခိုက်အတန့်ကလေးကို မသက်ဆိုင်သူများနှင့် ခမ်းနားစွာ ကျင်းပခဲ့ခြင်းကို သူမ နားမလည်နိုင်တော့ပေ။


"ငါလည်း သရုပ်ဆောင်ဖြစ်နိုင်မယ်ထင်တယ်...ငါ့မှာ သူတို့နှစ်ယောက်လုံးရဲ့ ဗီဇရှိတယ်...ငါ့သရုပ်ဆောင်စွမ်းရည်က လည်း မဆိုးပါဘူးဟာ...”


 ရှုလီချန်က ဟာသနှောပြီး ပြောလိုက်လေသည်။ဤအဖြစ်နှင့် ပတ်သက်ပြီး ရှုလီချန်၏ စိတ်ခံစားမှု နှင့် သဘောထားက ယခင်ဘဝကထက် ပိုပြီး ပေါ့ပါးနေသည်။ သို့သော် သူ့မိဘနှစ်ယောက်စလုံး ပြင်းထန်သော ပဋိပက္ခအဆင့်သို့ မရောက်သေး သောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့နောက် ကျန်းယန်ရှန့်က စကားမဆိုတော့ဘဲ  ပြတင်းပေါက် အပြင်ဘက်ရှိ တိမ်ပင်လယ်ကိုသာ ကြည့်နေလိုက်သည်။


ညနေပိုင်းတွင် သူမ ကေမြို့သို့ပြန်ရောက်သောအခါ ကျန်းဟွမ်ထံ သွားလိုက်သည်။


 “မနက်ဖြန် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီက လူတွေနဲ့ တွေ့မှာ...သမီး သတိထားသင့်တာ တစ်ခုခုများရှိလား..."


  “…” 


 “အဖေ မပြောရင် အဖွားကိုပဲ မေးလိုက်မယ်...”


ကျန်းဟွမ်က ငေါက်ငမ်းလိုက်သည်။


"ဟေ့ ပြန်လာ...ပြန်လာခဲ့...အဖေ မပြောရသေးဘူး...ဘယ်လိုဖြစ်လို့ စိတ်မရှည်ရတာလဲ..."


ကျန်းယန်ရှန့်က ဖခင်ဖြစ်သူကို အလိုမကျစွာ စိုက်ကြည့်နေသည်။


"အဟမ်း...မနက်ဖြန် ဘယ်သူနဲ့ တွေ့မှာလဲ..." 


“အစ်မမိုလေ...သမီးသူငယ်ချင်းက  ယွမ် ၁၀သန်း ရင်းနှီးမြှပ်နှံဖို့ စီစဉ်ထားတယ်...” 


"ဟင်...ယောက်ျားလေးလား မိန်းကလေးလား..." 


ကျန်းဟွမ် ရုတ်တရက် သတိဝင်လာရသည်။


"ရင်းနှီး မြှုပ်နှံတာပဲ... ဘယ်သူပဲဖြစ်ဖြစ် မရဘူးလား..." 


“ကိစ္စတော့ မရှိပါဘူး ဒါပေမယ့်…”


 " အတန်းဖော်က ယောက်ျားလား မိန်းမလား.. အဖေမသိသင့်ဘူးလား... ကလေးတွေက စာချုပ်ထဲက အားနည်းချက်တွေကို နားလည်ပါ့မလား... ဒါမှမဟုတ် စည်းကမ်းချက်တွေ အကြောင်းရော   သိပါ့မလား...."


ကျန်းဟွမ်က စားပွဲကို လက်ဖြင့် ဖြန်းကနဲ ပုတ်လိုက်သည်။


 


" ဥပဒေရေးရာ ဝန်ထမ်းတွေကို ဘာလို့ ခန့်ထားတာလဲ သိလား...."


ကျန်းယန်ရှန့် ရုတ်တရက် သဘောပေါက် သွားရသည်။ တစ်ကယ်တမ်းတွင် သူမ ရင်းနှီးမြှပ်နှံချင်သော်လည်း ဘာလုပ်ရမှန်း မသိပေ။  သူမ ယခင်ဘဝက ကွယ်လွန်ချိန်တွင် ကောလိပ်ကျောင်းသူလေးသာ ဖြစ်၍ တချို့ကိစ္စများကို  ကိုင်တွယ်မဖြေရှင်းတတ်ပေ။ယခုလည်း ဖခင်ဖြစ်သူက သတိပေးလိုက်၍ သူမသဘောပေါက်သွားခြင်း ဖြစ်ပြီး ရင်းနှီးမြှပ်နှံမှု ‌အကြောင်း ဘာမှ မသိထားပေ။


 


ကျန်းဟွမ်က ကျန်းယန်ရှန့် ၏  စိတ်ပျက်သွားသည့် အမူအရာကို သဘောကျသဖြင့် ပြုံး၍ပြောလိုက်သည်။


 "စိတ်မပူပါနဲ့ သမီးအတွက် စီစဉ်ပေးမယ်...ဥပဒေရေးရာဌာနကို အကြောင်းကြားထားပြီးသား... တစ်ယောက်ယောက်က မနက်ဖြန် လိုက်ပို့ပေးမှာပါ...” 


"ဒါဆို သမီးမမေးရင် အဖေ သမီးကို ပြောမှာမဟုတ်ဘူး...ဟုတ်တယ် မဟုတ်လား..." 


သူမကို ဟာသလုပ်ဖို့ စောင့်နေတာ မဟုတ်လား...


  "သမီးကမှ ခရီးဆောင်အိတ် တစ်လုံးနဲ့ ပြေးသွားပြီး စကားပြောခွင့် မပေးဘဲနဲ့.."


ကျန်းယန်ရှန့် မယုံပေ။ သူမအတွက် အတွေ့အကြုံမရှိ၍ မဖြေရှင်းတတ်သော်လည်း ကျန်းဟွမ်အတွက်မူထမင်းစားရေသောက် ကိစ္စတစ်ခုပင်ဖြစ်သည်။


အဘွားကျန်းကလည်း သူမကို ဖခင်ဖြစ်သူက ပြောထားမည်ဟု ထင်သောကြောင့် ဝင်မပြောခြင်းဖြစ်နိုင်သည်။သားအဖနှစ်ယောက်မှာ တစ်မိုးအောက်တည်းတွင် အတူနေထိုင်ကြသူများဖြစ်၍ ကျန်းဟွမ်ပြောထားလိမ့်မည်ဟု ယူဆထားပုံရသည်။


ကျန်းဟွမ်အတွက်မူ ယခုကိစ္စသည် နှုတ်မှ ပြောလိုက်ရုံဖြင့် အလွယ်တကူဖြေရှင်းပေသည်။ ကျန်းဟွမ်မှာ လွန်ခဲ့သည့် နှစ်ရက်၊သုံးရက် ကတည်းက ကြိုတင်၍ မပြောပြခဲ့သဖြင့် သူမ အမြင့်ကိုတက်ရင်း ပြုတ်ကျသွားပြီး သူ့အား အကူအညီတောင်းမည့်အချိန်ကို စောင့်နေခြင်း ဖြစ်နိုင်သည်။


Xxxxxx