အပိုင်း ၂၀၃-၂၀၄
Viewers 22k

Part 203


အဖွားပေးသောစာအိတ်အနီရောင်များက ထုံးစံအတိုင်းချက်လက်မှတ်များပင်ဖြစ်ပေသည်။ 


ကျန်းဟွမ်၏လက်ဆောင်က နာရီတစ်လုံးဖြစ်သည်။ အရမ်းကြီးမဆိုးလှပေ။ 


ကျန်းရှို့ချန်၏လက်ဆောင်က လက်ရေးဖြင့်ရေးဆွဲထားသော အမှတ်တရစာကဒ်လေးဖြစ်ပြီး 'ဟက်ပီးဘက်သ်‌ဒေး'ဟုရေးထားသော စာလုံးများမှာ ကြည့်ရဆိုးနေသည်။ ကျန်းဟွမ် သို့မဟုတ် ကျန်းဟယ်လင်း တစ်ယောက်ယောက်က သူ့အား မြှောက်ပေးထားခြင်းဖြစ်ရမည်။ 


လျန့်ယင်းယင်း၏လက်ဆောင်လည်း ဘေး‌တွင်ရောက်ရှိနေသည်။ 


လက်ဆောင်အားလှမ်းကြည့်လိုက်သောအခါ နာမည်ကြီးတံဆိပ်လက်ဝတ်ရတနာဖြစ်‌နေ လေသည်။ လျန့်ယင်းယင်း သူမအတွက်ဘယ်လိုများ လက်ဆောင်ကိုပြင်ဆင်ခဲ့သလဲဆိုတာကို သူမသဘောပေါက်သည်။ ရည်ရွယ်ပြင်ဆင်ထားခြင်းမျိုးမဟုတ်ဘဲ သူမထုံးစံအတိုင်း သွားနေကျဆိုင်တစ်ဆိုင်ဆိုင်မှ လက်ဆောင်အဖြစ်ပေးရန် တစ်ခုအားကောက်ယူခဲ့ခြင်းသာဖြစ်ရမည်။


ကျန်းဟယ်လင်း၏ လက်ဆောင်က အရမ်းလှနေပြီး ဘူးပုံစံကိုကြည့်ရုံနှင့် အမြင်ရှိသည်ကိုဖြင့် ဝန်ခံရမည်။ လက်ဆောင်များထဲမှ ကျန်းယန်ရှန့် ဤလက်ဆောင်ကိုအရမ်းမျှော်လင့်မိနေသည်။ 


ပြီးနောက် သူမဖွင့်ကြည့်လိုက်သောအခါ ဤအရာက သူမထင်ထားသည်ထက်ပိုနေသည်။ 


ကျန်းဟယ်လင်းသည် ယခု၌ အလယ်တန်းကျောင်းသူလေးသာဖြစ်သည်။ သို့သော် သူမ၏ အလှအပခံစားတတ်မှု၊သူမ၏အကြိုက်များအကြောင်းကို နားလည်နိုင်စွမ်းကဖြင့် သူမထင်ထားသည်ထက်ကိုပိုတော်နေသည်။ 


လက်ပတ်လေး၏ဒီဇိုင်းသည် အရမ်း တမူထူးခြား၍ လှပလွန်းသည်။ သေသပ်သည်လည်းမဟုတ်။ တန်ဖိုးကြီးနေသည်လည်းမဟုတ်။ အရိုင်းဆန်ဆန်ဒီဇိုင်းပုံစံလေးဖြင့်တစ်မျိုးလှနေသည်။  


ကျန်းယန်ရှန့် လက်ပတ်လေးအား သူမမျက်လုံးနားကပ်၍ အနီးကပ်ကြည့်ကြည့်လိုက်သောအခါ လက်ပတ်ထောင့်ကွေးတစ်နေရာ၌ အရာတစ်ခုကို သူမမြင်လိုက်သည်။ ထိုအရာက 'Power' ဟူသောစကားလုံးနှင့်တွဲ၍ ဒီဇိုင်နာ၏ လက်မှတ်အားထွင်းထားခြင်းဖြစ်သည်။ 


၎င်းသည် သူ့ပုံစံနှင့်သူ အရမ်းပြီးပြည့်စုံနေသည်။ 


ကျန်းယန်ရှန့်ထိုလက်ပတ်လေးအား သူမ၏လက်ကောက်ဝတ်၌ချည်နှောင်လိုက်

သည်။ ပြီးနောက် သူမလက်ကလေးအားမြှောက်ကြည့်ကာ အရမ်းကျေနပ်နေတော့သည်။ 


ကျန်းဟယ်လင်းတစ်ယောက် သူမအားလက်ဆောင်ပေးချိန်တွင် တစ်ခုခုပြန်တုန့်ပြန်ရန်မျှော်လင့်နေသောမျက်လုံးလေးများအားမြင်ယောင်လာကာ သူမထိုကလေးအား ကျေးဇူးတင်စကားပြောရန်ဆုံးဖြတ်လိုက်သည်။ 


သူမ သူမပေးသောလက်ဆောင်ကို

အရမ်းပင်ကြိုက်ကြောင်း ပြောကိုပြောရမယ်။ 


ကျန်းဟယ်လင်း၏တံခါးကဟနေသည်။ ကျန်းယန်ရှန့်ကဲ့သို့ တံခါးဖွင့်ပြီးပြန်ပိတ်ရမည့်အလေ့အကျင့် မည်သူ့မှာမှမရှိကြပေ။ ကျန်းဟယ်လင်းကဲ့သို့ တံခါးကိုမပိတ်ဘဲထားသောသူများချည်းသာဖြစ်သည်။ 


ကျန်းယန်ရှန့် တံခါးဖွင့်ပြီး သူမအားခေါ်တော့မည်ဆဲဆဲ ကျန်းဟယ်လင်းစကားပြောနေသံကိုကြား

လိုက်ရသည်။  


" ကိုကို…ခဏလေးပဲစောင့်…ညီမလေး ဓာတ်ပုံတွေယူပြမယ်…"


အစ်ကိုလား…။


ကျန်းမျိုးရိုးထဲ၌ ကျန်းဟယ်လင်းနှင့်ပတ်သက်၍အစ်ကိုတစ်ယောက်တည်းသာရှိသည်။ ထိုသူက အစ်ကိုဝမ်းကွဲဖြစ်သူ ကျန်းလင် ဖြစ်သည်။ သို့သော် ကျန်းလင်ကကျန်းဟယ်လင်းနှင့်တိတ်တဆိတ်‌ဆက်သွယ်စရာအကြောင်းမရှိပေ။ သူမကလည်း ကျန်းလင်နှင့် အဆက်အသွယ်လုပ်လေ့မရှိကြောင်း ကျန်းယန်ရှန့်သိသည်။ တွေ့ကြပြီဆိုလျှင်လည်း အဖွားအိမ်သို့မဟုတ် နှစ်သစ်ကူးပိတ်ရက်၌သာအလည်အပတ်သွားရင်းတွေ့ကြသည်။  


သူမ၏အဒေါ်ဖြစ်သူကျိုးလန်ဖန့်ကလည်း လျန့်ယင်းယင်းအားအမြင်မကြည်ပေ။ ထို့ကြောင့် သူမသားအား ကျန်းဟယ်လင်းနှင့်ကျန်းရှို့ချန်တို့နှင့် မပတ်သက်စေပေ။ 


 လျန့်မိသားစု၌တွင်လည်း ကျန်းဟယ်လင်း၌ လျန့်ကျန်း ဆိုသောအစ်ကိုဝမ်းကွဲတစ်ယောက်သာရှိသည်။ သူ့အားလည်း ကျန်းဟွမ်က အိမ်၌ခြေမချစေတော့ဘဲ သူ့မြို့သူပြန်ခိုင်းလိုက်လေပြီ။ ဤအဖြစ်အပျက်အပြီးတွင်လည်း ကျန်းဟယ်လင်းက သူ့အားတိတ်တဆိတ်ဆက်သွယ်ခြင်းမျိုးလုံးဝမရှိခဲ့ဖူးပေ။ 


ဤသို့ဆိုလျှင် ကျန်းဟယ်လင်း 'ကိုကို' ဟုခေါ်လိုက်သော ထိုလူကမည်သူနည်း ။


ကျန်းယန်ရှန့်သံသယများဖြင့်လျှောက်သွား


လိုက်သည်။ ကျန်းဟယ်လင်းတစ်ယောက်ကဖြင့် အုပ်နားကြပ်တပ်ကာ သူမကွန်ပျူတာရှေ့၌ ဂိမ်းဆော့နေပြီး ကျန်းယန်ရှန့်ဝင်လာသည်ကိုပင်သတိမထားမိချေ။ 


ထိုကောင်မလေး၏ ကွန်ပျူတာမျက်နှာပြင်ပေါ်၌ ဂိမ်းများစွာပွင့်နေသည်။ ဤသို့ဆိုလျှင် စောစောက တစ်ခုက မည်သည့်တစ်ခုဖြစ်မည်နည်း။ သူမနှစ်စက္ကန့်မျှစိုက်ကြည့်နေပြီး ကျန်းဟယ်လင်းစကားပြောနေသောတစ်ယောက်က သူမနှင့်မသိသော ဂိမ်းထဲကသူစိမ်းတစ်ယောက်ဖြစ်ရမည်ဟုနားလည်လာသည်။ 


"ဒီတစ်ခုပဲဖြစ်ရမယ်….."


သူမ သူ့ဆီပို့လိုက်သောလက်ပတ်ပုံလေးက သူမကိုပေးခဲ့သော လက်ပတ်လေးမဟုတ်ပါလား။


ယွဲ့စုန်လည်းကံမကောင်းခဲ့ပေ။ သူ အွန်လိုင်းတက်နေချိန်ခဏအတွင်း အလယ်တန်းကောင်မလေးက သူ့အားဖမ်းမိခဲ့သည်။ ဤအရာက လူတစ်ယောက်အားကူညီပြီးနောက် အပိုထပ်ဆောင်းဝန်ဆောင်မှုများလား။ အလယ်တန်းကျောင်းသူလေးက သူ့အား အသံမက်ဆေ့ဖြင့် သူငယ်ချင်းဖြစ်ခွင့်တောင်းလာသည်။ သူလည်းမတတ်နိုင်ဘဲလက်ခံလိုက်ရသည်။


သူ့ဘေးနားမှအခန်းဖော်က သူ့အားတွန်းကာ


"မြန်မြန်လာကြ…မြန်မြန်လာကြ…" 


ယွဲ့စုန် 


" ခဏနေဦး…" ဟုသာပြောနိုင်သည်။ 


ထို့နောက်အလယ်တန်းကျောင်းသူလေးပြော စကားကိုကြားရသည်။ 


"ကိုကို…ကိုကို…ဒီနေ့က ညီမလေးအစ်မမွေးနေ့လေ…ညီမလေး အစ်မကိုလက်ဆောင်ပေးလိုက်တယ်…အာ… ဒါနဲ့ …ကိုကို ညီမလေးဘယ်သူလဲဆိုတာကောမှတ်မိလား…"


ထိုနာမည်ဆန်းဆန်းနှင့်ဤကလေးမလေး၏အသံကမမှတ်မိစရာအကြောင်းမရှိချေ။ 


ယွဲ့စုန်ကရယ်လိုက်ပြီး


"မှတ်မိတာပေါ့…ဘယ်လိုလဲ သူမလက်ဆောင်ကိုကောကြိုက်ရဲ့လား…ဘာဝယ်ပေးလိုက်တာလဲ…"


"သူမကြိုက်လားမကြိုက်လားတော့မသိဘူး…သူမအခန်းကိုပြန်ပြီး လက်ဆောင်တွေတော့ဖွင့်ကြည့်နေတာပဲ…"


"ကိုကို ခဏလေးပဲစောင့်…ညီမလေး ဓာတ်ပုံပြမယ်…"


ဟု ကျန်းဟယ်လင်းပြောလိုက်သည်။ 


ကျန်းဟယ်လင်း သူမရွေးလာသော 'Power' ဟုထွင်းထုထားသည့် လက်ပတ်ပုံလေးအားပို့လိုက်သည်။ ယွဲ့စုန်ကြည့်လိုက်ပြီး အရမ်းအံ့ဩသွားရသည်။ 


" အရိုင်းဆန်ဆန်ဒီဇိုင်းလေးပဲ တစ်မူထူးခြားတယ်… အဲ့ဒါကို ညီမလေးအစ်မကြိုက်လား…"


အပြင်ပန်းကအရမ်း ကြမ်းတမ်းခက်ထန်ပေမယ့် ကျန်းဟယ်လင်း၏ အသံလေးကဖြင့် နူးညံ့ပြီးချစ်စရာကောင်းနေသည်။ ထို့ကြောင့် ဤကောင်မလေး၏အစ်မဖြစ်သူ အထက်တန်းကျောင်းသူလေးမှာလည်း ချိုသာနူးညံ့လိမ့်မည်ကို ယွဲ့စုန်မှန်းဆနိုင်သည်။ 


" သူမကြိုက်မယ်လို့ထင်တယ်…"


" အဲ့ဒီလက်ပတ်လေးကိုမြင်မြင်ချင်း ညီမလေးအစ်မကိုပြေးမြင်ယောင်သွားတယ်…ကိုကို…ညီမလေးအစ်မဘယ်လောက်အေးဆေးပြီးတည်ငြိမ်တယ်ဆိုတာကိုကိုမသိပါဘူး…ညီမလေးအစ်မကလေ ကိုယ်ခံပညာလည်းတတ်တယ်…သူမကလေ လူတစ်ယောက်ကို ဝှီးး ဆိုပြီးကိုင်ပေါက်ပစ်နိုင်‌တယ်…အဲ့ဒါတောင် သူမကမိန်းကလေးဖြစ်နေလို့နော်…ညီမလေးအစ်မ အရမ်းအံ့ဩဖို့ကောင်းတယ်သိလား…."


လူတစ်ယောက်ကို‌တောင်ကိုင်ပေါက်ပစ်နိုင်

သည်ဆိုပါလား… သူမမှာ ဘယ်လိုအံ့ဩစရာကောင်းတဲ့အစ်မမျိုးရှိနေတာပါလိမ့်…"


ယွဲ့စုန်၏နှုတ်ခမ်းထောင့်များကွေးညွတ်သွား

ပြီး 


"ညီမလေးပျော်နေတာတွေ့ရလို့ဝမ်းသာပါ

တယ်… ကဲ ညီမလေးရေ …အစ်ကို့အခန်းဖော်အစ်ကို့ကိုတစ်ခုခုပြောနေလို့ သွားလိုက်ဦးမယ်…"


"အိုး…ကောင်းပြီကိုကို…ဒါဆိုကိုကိုက ကောလိပ်ကျောင်းသားပေါ့…" 


" သွားတော့မယ် တာ့တာ့ ကျေးဇူးပဲကိုကို….."


"တာ့ တာ့…"


စကားပြော၍ပြီးနောက် သူမအုပ်နားကြပ်အားချွတ်လိုက်ချိန် သူမခေါင်းအား ညင်သာစွာခေါက်ခြင်းခံလိုက်ရသည်။ 


ကျန်းယန်ရှန့် ကျန်းဟယ်လင်း၏နောက်ကိုလျှောက်သွားကာ သူမမြင်ခဲ့သည့်အရာအားနားလည်လိုက်သည်။ 


ဤကောင်မလေးက အွန်လိုင်းပေါ်မှ သူစိမ်းများနှင့်စကားပြောနေရုံသာမက သူမမိသားစုအကြောင်းများ၊သူမမွေးနေ့အကြောင်းများပါပြောခဲ့သေးသည်။ 


ယင်းလက်ပတ်လေးက 30000ကျော်ကျော်ပေးရသည်။ထိုအရာအား သူမဘူးဖွင့်လိုက်စဉ် လက်ပတ်ပေါ်၌ကပ်‌ထားသောဈေးနှုန်းကိုတွေ့ခဲ့၍သိနေခြင်းဖြစ်သည်။ သူမက ဤအရာလေးတစ်ခုအတွက် ထိုမျှပေးရလောက်အောင်တန်ရဲ့လားမသိချေ။ 


သူမ မည်သည့်အရာမျှနားလည်မည့်‌ပုံလည်းမပေါ်ပေ။ ဖြစ်နိုင်ခြေရှိသည်က သူမ၌ ပိုက်ဆံဘယ်လောက်ရှိကြောင်း၊ ဤလက်ဆောင်ကဘယ်လောက်ပေးရကြောင်း  သူစိမ်းများအား ပြောပြီးနှင့်လောက်ပြီ။ သူတို့အနေနှင့် ပိုက်ဆံကိုဂရုမစိုက်ဘဲ လူကိုသာအန္တရာယ်ဖြစ်စေနိုင်လိမ့်မည်ကို သင်သိထားပြီးဖြစ်ပါလိမ့်မည်။ 


သူမက မည်မျှပင်တုံးနေပါစေ သူမအစ်မအား ပစ္စည်းများဝယ်ရန် လိမ်ရဲလိ့မ်မည်မဟုတ်ပေ။ သို့မဟုတ် သူမ၏ပိုက်ဆံများအား ခိုးခဲ့ခြင်းဖြစ်မည်လော။ 


ကျန်းယန်ရှန့် သူမ၏ခေါင်းအားရိုက်ရန် ဒေါသတကြီးလက်မြှောက်လိုက်ချိန် သူမပြောသောစကားများကိုရုတ်တရက်ကြားလိုက်ရသည်။ 


" ကိုကို… သမီးအစ်မက ဘယ်လောက်အေးဆေးတည်ငြိမ်တယ်ဆိုတာ ကိုကိုမသိပါဘူး….."


ဤအရာကတကယ်မယုံနိုင်စရာကောင်းလှသောမြှောက်ပင့်ပြောဆိုမှုပင်။ 


ကျန်းယန်ရှန့်


"..."


သူမလက်အားပြန်ရုပ်သိမ်းလိုက်ပြီး ဒေါသအားလုံးပြေလုနီးပါးဖြစ်သွားသည်။ 


ကျန်းဟယ်လင်း  နားကြပ်အားချွတ်လိုက်သောအခါ သူမ၏ ခေါင်းလေးအားငြင်သာစွာပုတ်လိုက်သည်။ 


ကျန်းဟယ်လင်း အံ့ဩတကြီး လှည့်ကြည့်လာပြီး


"မမ…ဘယ်အချိန်ကတည်းကရောက်နေတာလဲ…"


သူမ ကျန်းယန်ရှန့်လက်ကောက်ဝတ်မှ လက်ပတ်လေးအားမြင်သည့်အခါ မျက်လုံးလေးအရောင်တောက်သွားသည်။ 


" မမ အဲ့ဒါလေးကိုဝတ်ထားပြီပေါ့…မမအဲ့ဒါလှ

ကောလှရဲ့လား…"


ဟု ကျေနပ်ပီတိဖြစ်စွာမေးလိုက်သည်။


ကျန်းယန်ရှန့် တကယ်၌ သူမအားဆူရန်ရည်ရွယ်ချက်နှင့်ရောက်လာခြင်းဖြစ်သော်လည်း သူမ၏မျော်လင့်တကြီးငေးကြည့်နေသောမျက်ဝန်းတစ်စုံကြောင့် သူမအသက်ပြင်းပြင်းရှုလိုက်ကာ စိတ်ကိုတတ်နိုင်ကမျှတည်ငြိမ်အောင်ထားပြီး ပြောလိုက်သည်


" အင်း အရမ်းလှတာပဲ…ဒါကြောင့်နင့်ကိုကျေးဇူးတင်တယ်လို့ပြောမလို့ဒီကိုလာခဲ့တာ….."


Xxxxx


Part 204


ကျန်းဟယ်လင်းက ပန်းကလေးတစ်ပွင့်ပမာ လတ်ဆတ်စွာပြုံးလိုက်ပြီး 


" မလိုပါဘူး… ရပါတယ်….."


"ဒီကြောင်တောင်တောင်ပုံစံလေးကိုကြည့်ပါဦး….." 


ကျန်းယန်ရှန့် ကွန်ပြူတာကိုတစ်ချက်ကြည့်လိုက်ပြီး 


"ငါရေဆာတယ်…ရေတစ်ဘူးလောက်သွားယူပေးစမ်းပါ…"


"ကောင်းပြီ…"


ရိုးသားလွန်းလှသော သူမ၏ညီမလေးက သူမအပေါ်မည်သည့်သံသယမှ မဖြစ်မိဘဲ အောက်ထပ်သို့လျှင်မြန်စွာဆင်းပြေးသွားလေတော့သည်။ 


ကျန်းယန်ရှန့် အုပ်နားကြပ်အားတပ်ကာ မောက်စ်ကိုင်လိုက်ပြီး ဂိမ်းအတွင်းပိုင်းမှ 'သူငယ်ချင်းများ' ဆိုသည့်နေရာသို့ထောက်ကြည့်လိုက်သည်။ 


ယခု သူမရှင်းလင်းစွာမြင်နေရသည်။ ကိုကိုဟုခေါ်နေသော ထိုလူအမည်က 'ချောင်းကမ်းပါး၌ ထင်းရူးသံကိုနားထောင်ခြင်း . ဂိမ်အတွင်းဆော့ရန်ပေးထားသောနာမည်က


ဖြင့် အထက်တန်းဆန်လှသည်။ သို့သော် ထိုနာမည်၏နောက်ကွယ်‌၌လိမ်လည်လှည့်ဖျားမှုပေါင်းစုံရှိနေနိုင်သည်။ 


သူမ 'ထိုအေကာင့် နာမည်ပေါ်သို့ ထောက်လိုက်ပြီး လျို့ဝှက်စကားပြောရန်စတင်လိုက်သည်။ 


ယွဲ့စုန် ထိုကောင်မလေးနှင့်စကားပြောနေခြင်းကိုရပ်လိုက်ပြီး သူ့သူငယ်ချင်းများ၏ဂိမ်းသို့ချိတ်ဆက်နေချိန် စောစောကလျို့ဝှက်စကားပြောနေသောဂိမ်းကပြန်တက်လာသည်။ 


ယွဲ့စုန်အကူအညီမဲ့စွာပြောလိုက်သည်။  


"မင်းဘာလို့ထပ်တက်လာပြန်တာလဲ…"


"..."


"ဘယ်သူလဲ…"


ဟု အခန်းဖော်များကမေးလာသည်။ 


"...စောစောက ကောင်မလေးပါပဲကွာ…"


ဟု ယွဲ့စုန်ပြောလိုက်သည်။ 


သူ၏ပါးစပ်မှပြောသော ကောင်မလေးဆိုသည်မှာ အလယ်တန်းကျောင်းသူလေးကိုဆိုလိုခြင်းဖြစ်သည်။ သို့သော် အခန်းဖော်များကဖြင့် သက်တူရွယ်တူမိန်းကလေး ဟုသာထင်ပြီး လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ 


" ဘာလဲ…ကောင်မလေးလား…ဖြေစမ်းပါ…အဲ့ဒါကောင်မလေးပဲ…မင်းလက်မခံရသေးဘူး

လား…"


ယွဲ့စုန် သူ့နှဖူးကို ကိုင်ကာ


" အဲ့ဒါ အလယ်တန်းကျောင်းသူလေးပါကွ…ခရမ်းရောင်မျက်လုံး အကြည့်စူးစူး ဆံပင်အမဲကိုအဖြူဆိုးပစ်မယ် တဲ့ 


ဤနာမည်အားကြားသည်နှင့်အခန်းဖော်များဆီမှရယ်သံများထွက်ပေါ်လာသည်။ 


" ဒါဆို ဒီကောင်မလေးက မင်းနဲ့အဆက်အသွယ်ရှိ‌တယ်ပေါ့…သူမက မင်းနဲ့လျို့ဝှက်ပြီးတောင်စကားပြောနေတာလား…"


ဟု အခန်းဖော် ချန်းဝေ့သူ၏အုပ်နားကြပ်ကိုချွတ်လိုက်ပြီး သူ့ဘေးနားလှဲချလိုက်ကာ


" မဟုတ်မှလွဲရော…မင်းအဲ့ကောင်မလေးကို လိုက်ဖို့ကြံနေတာလား…"


ယွဲ့စုန်


"အဓိပ္ပာယ်မရှိတာတွေမပြောစမ်းပါနဲ့…"


ချန်းဝေ့ကမယုံကြည်သေးဘဲ


"အိုး…လုပ်စမ်းပါ…ငါတို့နားထောင်ချင်လို့ပါ…ကလေးမလေးက မင်းကိုဘာပြောချင်နေတာလဲကွ…"


အခန်းဖော်များထိုးထိုးထောင်ထောင်ဖြစ်ကုန်ကြသည်။ ယွဲ့စုန်မဟုတ်တာလုပ်ထားတာမရှိ၍ကြောက်စရာမလိုဟုယူဆလိုက်ပြီး သူ၏အုပ်နားကြပ်အားချွတ်လိုက်ကာ စောစောကထပ်ပို့လာသော စကားပြောသံအားလက်ခံလိုက်သည်။ 


အသံဖိုင်က စပီကာဆီကူပြောင်းသွားပြီ။ 


"ဟေး…ညီမလေး…"


ယွဲ့စုန် တဖက်၌ရှိနေသော ကောင်မလေးအား ဘာတွေလုပ်နေတာလဲဟု မေးချင်နေသည်။  


သို့ရာတွင် မမျှော်လင့်ဘဲ သူ့အားတိုက်ရိုက်ပြောဆိုလာသော အေးစက်စက်အမျိုးသမီးတစ်ဦး၏အသံက စပီကာထဲမှထွက်ပေါ်လာသည်။ 


"ဘယ်လိုကောလိပ်ကျောင်းသားတစ်ယောက်က ဒီလိုမျိုးအလယ်တန်းကျောင်းသူလေးနဲ့ လျို့ဝှက်စကားပြောမှာလဲ…တခြားသူရဲ့အိမ်တွင်းရေးအကြောင်းကိုလည်းစပ်စုနေသေးတယ်…နင်ကလူလိမ်ပဲ…"


ယွဲ့စုန်


"..."


အခန်းဖော်များ


"..."


အခန်းဖော်များအားလုံးကြောင်တောင်တောင်


ဖြစ်ကုန်ကြသည်။  


ယွဲ့စုန်အသက်ပြင်းပြင်းရှူလိုက်ပြီး


"မဟုတ်ဘူး…မင်းအထင်လွဲနေပြီ…"


"တော်စမ်း အလိမ်အညာကောင်…သူမကခုမှ လေးတန်းပဲရှိသေးတာလေ…"


မိန်းကလေးက သူ၏ရှင်းပြချက်များကိုနားမထောင်ပေ။ 


သူမ၏အသံအားခန့်မှန်းကြည့်ရလျှင် ငယ်သေးပုံပေါ်သည်။ သို့သော် သွေးအေးလူသတ်သမားတစ်ယောက်နှ့င်တူနေသည်။ ထို့နောက် သူမ အေးစက်စွာသူ့အားပြောလာသည်။ 


" ငါပြောတာနားထောင်စမ်း အလိမ်အညာကောင်…ငါနင့်ကိုအခု သူမသူငယ်ချင်းစာရင်းထဲကနေဖျက်ပစ်ပြီး ဘလော့ပစ်မယ်…ဒါပေမယ့် တစ်နည်းနည်းနဲ့ ငါ့ညီမကို ဆက်သွယ်နေတာထပ်တွေ့ရင်တော့ နင့်ကိုနင်သေချာပြင်ဆင်ထားပြီး နင့်သေမင်းကိုစောင့်နေလိုက်တော့…"


ထို့နောက် သူမ အားချိတ်ဆက်၍မရတော့ပေ။ 


အခန်းထဲ၌တိတ်ဆိတ်နေ၏။


ထို့နောက် ရယ်သံကျယ်ကျယ်ဟိန်းထွက်လာသည်။ 


"အဲ့ဒါက ယောက်ျားလေးတစ်ယောက်ကိုအနိုင်လှဲပစ်နိုင်‌လောက် တဲ့ထိ သန်မာတဲ့အစ်မဖြစ်သူဆိုတာလား…"


ဟုပြောပြီး ယွဲ့စုန် သူ၏နဖူးအား ပွတ်လိုက်မိသည်။ 


သူမက သူမ၏ညီမလေးကိုအရမ်းချစ်ကြောင်း သိသာထင်ရှားနေသော်လည်း…သို့ရာတွင်…


"ဟားဟားဟားဟား…ညီလေးယွဲ့…ညီလေးယွဲ့…မင်းအဲ့ကလေးမလေးကိုဘယ်လိုလိုက်လိုက်တာလဲငါတို့ကိုပြောစမ်းပါ….."


"မင်းနဲ့ video call ခေါ်ပြီးပြောထားတာကောရှိလား…ဘယ်လိုလဲ အဲ့ဒီ့ကောင်မလေးရဲ့အသံက ချစ်စရာလေးလား…"


"မင်း သူမမိသားစုအကြောင်းကော အားလုံးစုံစမ်းပြီးသွားပြီလား…ငါတို့ကိုပြောပြစမ်းပါ…"


"သေလိုက်စမ်း…"


ယွဲ့စုန် သူ၏လက်ဖြင့် သူရှေ့၌‌ရှိနေသော ချန်းဝေ့၏မျက်နှာအားဆုပ်ကိုင်လိုက်ပြီး အဝေးတွန်းပစ်လိုက်ကာ


"ထွက်သွား…"


ကျန်းဟယ်လင်းဘာမှမသိသည့်ပုံစံနှင့် ရေဘူးကိုင်ကာပြန်ရောက်လာသည်။ 


ကျန်းယန်ရှန့်သူမမျက်နှာကိုကြည့်နေကာ ကြင်နာတတ်တဲ့သူတွေကိုကြင်ကြင်နာနာပဲဆက်ဆံရမည်ဟု သူမကိုယ်သူမပြောလိုက်သည်။ 


ထို့ကြောင့် ကျန်းယန်ရှန့် အတင်းလုပ်ပြုံးထားလိုက်ပြီး ညင်သာစွာပြောလိုက်သည်


" ဒီကိုလာပါဦး…"


ကျန်းဟယ်လင်း 


"..."


သူမအခန်းထဲမရှိစဉ်တစ်ခုခုဖြစ်သွားခဲ့သည်လော။ ရေဘူးကိုင်ထားသော ကျန်းဟယ်လင်း၏လက်များသိသိသာသာတုန်နေပေသည်။ 


 အလယ်တန်းကျောင်းသူလေးက သူမ၏  အစ်မဖြစ်သူပြောစကားကိုနာခံလျက် သူမရှေ့၌မတ်တပ်လာရပ်သည်။  


ကျန်းယန်ရှန့် သူမကိုယ်သူမ ပြန်ပြောနေလိုက်သည်။ 


" ညင်သာရမယ်…ညင်သာရမယ်…"


ထို့နောက် ကျန်းဟယ်လင်းနှင့်စကားပြောရန် သူမ မျက်နှာကိုခပ်တည်တည်ထားလိုက်ပြီး


"ငါ နင့်ဂိမ်းထဲက "ချောင်းကမ်းပါး၌ ထင်းရူးများကိုနားထောင်ခြင်း" ဆိုတာကိုဖျက်ထားလိုက်ပြီ…နင့်ကို ဂိမ်းတွေထဲမှာ တခြားလူမှုကွန်ယက်ဆော့ဖ်ဝဲလ်တွေ ပေါ် မှာ တစိမ်းတွေနဲ့မပတ်သက်ခိုင်းထားဘူးလေ…နင်ဂိမ်းကစားချင်ရင် အတန်းဖော်တွေနဲ့ပဲကစားလေ…"


ကျန်းဟယ်လင်း ကြောင်သွားသည်။ 

ဟမ်…ခေါင်းငြိမ့်မိလိုက်တာလား

ကောင်းလိုက်တဲ့အကျင့်လေး။ 


ကျန်းယန်ရှန့်မျက်နှာထားနည်းနည်းပျော့သွားပြီးပြောလိုက်သည်။ 


" အွန်လိုင်းပေါ်မှာ လူလိမ်တွေအများကြီးရှိတယ်…လူဆိုးဂိုဏ်းတွေလူကုန်ကူးတဲ့သူတွေကောပဲ…လူဆိုးတွေက သူတို့လူဆိုးပါလို့ ဘယ်သူမှနင့်ကိုပြောမှာမဟုတ်ဘူး…သူတို့ကလူကောင်းတစ်ယောက်ပုံစံနဲ့နင်တို့လို အလယ်တန်းကျောင်းသူလေးတွေကို ဘယ်လိုလိမ်ရမလဲကြံစည်နေကြတာ…"


" အခုတလော မကောင်းတဲ့သူတွေက နင်တို့လိုအလယ်တန်းကျောင်းသူလေးတွေကို ပစ်မှတ်ထားပြီး သူတို့ကိုယုံကြည်လာအောင် လှည့်ဖျားပြီးတော့ အစ်ကိုတစ်ယောက်အနေနဲ့ဟန်ဆောင်ချည်း

ကပ်…သူတို့ကိုယုံကြည်လာပြီဆိုတော့မှ အပြင်ခေါ်ထုတ်ဖို့နည်းလမ်းရှာကြမယ်…ပြီးရင် နင်တို့လက်ထဲမှာပါလာတဲ့ပိုက်ဆံတွေကိုလုမယ်…အဲ့ထက်ပိုဆိုးလာနိုင်တာက အသံမထွက်နိုင်အောင် ပါးစပ်ကိုအဝတ်နဲ့စည်း…ပြီးရင် အလုံပိတ်ကားကြီးထဲထည့်ခေါ်သွား …တောင်တက်သမားတွေရဲ့မယားလုပ်ဖို့ရောင်းစား…နောက်ဆုံး ရေ ဆယ်နှစ်လောက်မချိုးထားတဲ့ အဘိုးကြီးတွေဆီမွေးစားဖို့ပေးလိမ့်မယ်…"


ခြောက်လိုက်ပြီးနောက် ကျန်းဟယ်လင်း တစ်ယောက် သနားစရာမျက်နှာလေးဖြင့် ကတိပေးလာသည်။


"နောက်ကျရင် ဘယ်သူစိမ်းနဲ့မှ သူငယ်ချင်းမလုပ်တော့ပါဘူး…"


ဝန်ခံတတ်သောအကျင့်က ယခုချိန်ထိမပျောက်သေးပေ။ 


ကျန်းယန်ရှန့်အရမ်းပင် ကျေနပ်မိသည်။ 


သူမ ကျန်းဟယ်လင်း၏ခေါင်းကို ညင်ညင်သာသာ ပွတ်လိုက်ပြီးပြောလိုက်သည်။ 


"ကိုယ်ပြောတာကိုကိုယ်မှတ်ထားနော်…"


ပြောပြီးနောက် သူမထရပ်လိုက်ကာ သူမ၏အခန်းဘက်သို့ ပြန်သွားလိုက်သည်။ 


သူမ၏အစ်မဖြစ်သူ ထွက်သွားသည်ကိုမြင်မှသာ အလယ်တန်းကျောင်းသူလေးခမျာ နဖူးထက်မှချွေးစေးများကိုလက်ဖြင့်သပ်နိုင်တော့သည်။ 


"ဟူးး…"


Xxxxxx